ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, May 16, 2015

ျမန္မာႏိုင္ငံကဝင္ေငြနဲ႕တြက္ခ်က္လာဖို႕လိုတယ္ သူငယ္ခ်င္း

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
.
သူငယ္ခ်င္းတို႕ေရ .. သူငယ္ခ်င္းလို႕ေခၚလိုက္တဲ႕အထဲမွာ ငယ္ငယ္ေက်ာင္းတုန္းကသူငယ္ခ်င္းေရာ၊ ရန္ကုန္ေရာက္လို႕ မိန္းထဲေရာ၊ လိႈင္နယ္ေျမကသူငယ္ခ်င္းေရာ၊ ပဲခူးေဆာင္က သူငယ္ခ်င္းမ်ားပါမက်န္ ကုန္သည္လုပ္လို႕ ကိုညီညီ ကို “ ဖိုက္တာ ” လို႕ သတ္မွတ္ထားၾကတဲ႕ ေစ်းေရာင္းဘက္ မိတ္ေဆြေတြနဲ႕ ေနာက္ပိုင္း စာေရးမွသိၾကတဲ႕ အြန္လိုင္း သူငယ္ခ်င္းမ်ား အားလံုး .. အားလံုးကို သိမ္းက်ံဴးေခၚလိုျခင္း ျဖစ္ပါတယ္။
.
ခင္မင္ရွိရင္းစြဲေပမုိ႕ ငယ္ဘဝခဏတာ ျမန္မာျပည္ျပန္ေရာက္ႏိုင္တဲ႕ အသံုးအႏႈန္းနဲ႕ပဲ ေရးသြားမယ္ေနာ္ .. သူငယ္ခ်င္းတုိ႕ .. ခြင္႕လႊတ္တယ္မလား ..? တစ္ခ်ိဳ႕ဆို ကြ်န္ေတာ႕ထက္အသက္ၾကီးသူေတြလည္းပါႏိုင္တာမို႕ ၾကည္႕သာေရွာင္ဖတ္ၾကပါေတာ႕ဗ်ိဳ႕။
.
.
အေမရိကားဆိုတာၾကားလိုက္တာနဲ႕ နတ္ျပည္ကိုတန္းေရာက္သြားတာလို႕ ထင္တဲ႕သူေတြရွိတယ္ဆုိတာ ၾကားဖူးၾကတယ္ မဟုတ္လား။ ငါ က ဒီႏိုင္ငံေရာက္ေတာ႕ အစ္မအိမ္မွာ တစ္ႏွစ္ေလာက္ ကပ္ေနခဲ႕ေသးတယ္ကြ။ မင္းတို႕ေတာ႕ ဘယ္သိပါ႕မလဲ။ ေနာက္ပိုင္း မိသားစုအတြက္ က်ဥ္းၾကပ္လို႕ အစ္မအိမ္ကေန ေအာ္သံၾကား ေခၚသံၾကားႏိုင္ေလာက္တဲ႕ လမ္းထိပ္တရုတ္ဆိုင္နားမွာ သြားငွားေနတယ္ေလကြာ။ အိမ္ေတာ႕အိမ္ေပါ႕ .. အမ်ားသူငါလို အိမ္ခန္း - Apartment လိုမဟုတ္ပဲ ( ၆ဝ x ၁ဝဝ ) ေလာက္မွာ တင္ေဆာက္ထားတဲ႕ ႏွစ္ထပ္တုိက္ေပါ႕ကြာ .. တစ္ထပ္ကုိ ( ၂ ) ပုိင္းခြဲထားတာ အားလံုး ( ၄ ) ပိုင္း ငါက အဲဒီထဲက ယူနစ္တစ္ခုမွာ ငွားေနတယ္ကြ။
.
တိုက္လို႕သာေခၚရတာ အေမရိကားမွာ အုတ္ နဲ႕ တုိက္ နဲ႕ေဆာက္တဲ႕အိမ္ဆိုတာရွားတယ္ .. မရွိဘူး။ ကာကြယ္မႈရဲ႕ရလဒ္လို႕ေျပာရမလားပဲ ငလ်င္ဒဏ္က်ေရာက္ရင္ေတာင္ အသက္မေသေလာက္တဲ႕ သစ္ေပါင္းသားေတြနဲ႕ေဆာက္ထားတာ ဘယ္ေလာက္ပိုင္သလဲဆုိရင္ ၾကမ္းခင္း နဲ႕ မ်က္ႏွာက်က္ကိုလည္း သစ္သားေတြနဲ႕ပဲ ေဆာက္ထားတာေလ။ ဒါေၾကာင္႕မုိ႕ မင္းေျပာရင္လည္း ခံရမွာပဲ။ အေမရိကားမွာ ပ်ဥ္ေထာင္အိမ္ပဲ ရွိတယ္ကြ။ ေတာင္ၾကီးက ငါ႕အိမ္ေတာင္ RC အုတ္ နဲ႕ေနာ္ .. သတိရလိုက္တာ။

.
.
အစ္မ နဲ႕ ေယာက္ဖတို႕အိမ္နဲ႕ဆုိ လမ္းေလ်ွာက္သြားလို႕လည္း ရတယ္။ တကယ္႕ကိုမွ နီးနီးေလးပဲ။ ဒါေပမယ္႕ ငါေရာက္ေနတာ အေမရိကားေလး မေမ႕နဲ႕ဦး။ တစ္ေယာက္ဆုိတစ္ေယာက္ ပိေတာက္ဆုိပိေတာက္ လို႕ေျပာရမေလာက္ကို တစ္ႏွစ္ေနလို႕ေတာင္ အေၾကာင္းဆံုမွ ေတြ႕ၾကတယ္။ သူတုိ႕လည္းမအားဘူး .. ငါလည္းအလုပ္တက္တယ္။ ငါ႕မိန္းမက အလုပ္သြားတယ္။ စြမ္း က ေက်ာင္းသြားတယ္။ သမီးက အေဝးမွာ။ အားလပ္ခ်ိန္ေတြက မတူဘူး။ လွစ္ကနဲ အားတာနဲ႕ အိမ္အလုပ္ လုပ္ၾကရတယ္။ အိမ္သန္႕ရွင္းေရးလုပ္တယ္။ ညစ္ႏြမ္းေနတဲ႕ေကာ္ေဇာေတြ ဖုန္စုတ္ - Vacuum       ဆြဲတယ္။ ညပိုင္းက် အမိႈက္သိမ္းကားမလာေတာ႕ ငါပဲ အမိႈက္ထြက္ သြန္ရတယ္။
.
ေျပာမယ္႕သာေျပာရတာ ငါက အေတာ္သက္သာတယ္ကြ။ ရီေလးကခ်ည္း ဒုိင္ခံလုပ္သြားတာ။ ငါက အခန္႕သား ကြန္ပ်ဳတာေလးသံုးလုိက္၊ ေဖ႕ဘုတ္က စာေတြဖတ္လိုက္၊ အဂၤလိပ္စာေတြဖတ္လိုက္၊ တရားနာလိုက္ ဒါေလာက္နဲ႕ကုိ အိပ္ခ်ိန္ကပ္ကပ္သြားတာ ညတိုင္းပဲ။ ငါက တစ္ပတ္မွာ အလုပ္ ( ၅ ) ရက္လုပ္ရတဲ႕အခါရွိတယ္။ ( ၆ ) ရက္လုပ္ရတဲ႕အခါေတြလည္းရွိတယ္။ တစ္ေန႕တစ္ေန႕ အလုပ္ျပန္လာရင္ ရီေလးခ်က္ျပဳတ္ထားတာေတြကုိ နည္းနည္းပါးပါးရွင္းတယ္ေပါ႕ကြာ။
.
.
ရီေလးက်ေတာ႕ တစ္ပတ္ကုိ ( ၆ ) ရက္ .. အခုဆုိ ( ၇ ) ရက္လုပ္ရင္း ပိတ္ရက္မရွိဘူး။ သူ႕အလုပ္ရွင္ကေတာင္းဆိုရင္ မဆင္းလို႕မရဘူး .. Mandatory တဲ႕ေလ။ အဲဒီေတာ႕ သူ႕ဘဝကိုသာ စဥ္းစားၾကည္႕ ဘယ္လိုနားခ်ိန္မွမရွိတဲ႕ၾကားက ဟင္းက ခ်က္ရေသး၊ အုိးခြက္ပန္းကန္က ေဆးရေသး၊ အိမ္သာေၾကြအိုးေတြလည္း တိုက္ရေသး၊ ေရခ်ိဳးခန္းနံရံေတြဆုိလည္း မသန္႕မွာစုိးလို႕ 409 နဲ႕ ဖိတိုက္ရေသးဆုိေတာ႕ တကယ္ကိုမလြယ္ဘူး ေမာင္ေရ႕ ..။
.
အဲဒါေျပာတာေပါ႕ လူေတြက အေမရိကားလာခ်င္တယ္။ ပါးစပ္ဖ်ားေလးနဲ႕ေျပာေတာ႕လြယ္တာေပါ႕။ ေရာက္ခါစ က အစ္မအိမ္က တင္ေကြ်းထားလို႕၊ ေယာက္ဖကလည္း ၾကည္ျဖဴကူညီလို႕။ မဟုတ္လို႕ကေတာ႕ တစ္ေယာက္ထဲရုန္းကန္ပါ ဆိုရင္ ဘယ္လြယ္ပါ႕မလဲ။ ဒါေပမယ္႕ အေမရိကားမွာ အခ်ိန္တစ္္ခုဆုိတာ ရွိတယ္။ အဲဒါ မင္းကိုငါေျပာျပမယ္။ ဆရာလုပ္တယ္လို႕ထင္ခ်င္ရင္ေတာ႕ မင္းသေဘာပဲ။ ရွင္းတယ္ေလ .. အခု ငါဒီကိုခဏေရာက္ေနတယ္။ မေရာက္ဖူးေသးသူ မင္းတို႕ကို ငါသိထားသေလာက္ေတာ႕ ေျပာျပၾကည္႕မယ္ေပါ႕ကြာ။
.
.
အခ်ိန္တစ္္ခုရွိတယ္ဆုိတာ ေျပာရင္နည္းနည္းေတာ႕ရွည္မယ္ကြ။ ငါက မင္းတို႕သိတဲ႕အတိုင္း ကုန္သည္လုပ္ခဲ႕တာေလ။ ေျပာရင္ ေစ်းသည္ေပါ႕။ ေငြရွိလွပါတယ္ဆုိတဲ႕ တရုတ္ကုန္သည္ၾကီးေတြၾကားထဲမွာ အရင္းမရွိတဲ႕ ေခ်ာင္ကေလးက ေကာင္ကေလး ညီညီေပါ႕ကြာ။ ေငြ ( ၁ ) က်ပ္ကို ( ၆ ) က်ပ္ ဘယ္လုိခြာျပီး အလုပ္လုပ္ခဲ႕တယ္ဆိုတာ ငါ႕သတင္းေတာ႕ ေတာင္ၾကီးေစ်းထဲမွာ အခုထိေျပာေနတုန္းပဲလုိ႕ ငါ မၾကာခဏ ၾကားရတယ္။
.
ဟုတ္တယ္ .. ငါက ေစ်းကြက္ကို သိတယ္။ ေရာင္းကြက္ကုိ ကြ်မ္းတယ္။ ဘယ္သူ႕ကို ေရာင္းျပီးရင္ ဘယ္သူ႕နားက ျပန္ဝယ္ရမယ္ဆိုတာ ငါသိတယ္။ ဒါေတြအားလံုးအတြက္ အားမထုတ္ရဘူးေနာ္ .. စိတ္ထဲက အလိုလုိ သိေနတာ။ ဒီလို ဆံုးျဖတ္ဖို႕ကလည္း ေန႕ကူးျပီးစဥ္းစားစရာမလိုဘူး .. တယ္လီဖုန္းေျပာေနရင္းနဲ႕ကို ဆံုးျဖတ္ျပီးသား..။
.
အေမရိကားမွာ ကုန္သည္ မရွိဘူး။ လက္လီဆိုင္ မရွိဘူး။ ကုန္စိမ္းသည္ မရွိဘူး။ လိုခ်င္ရင္ နာမည္ၾကီးကုန္စံုဆိုင္ကုမၸဏီၾကီးေတြနားပဲ ဝယ္စရာရွိတယ္။ မင္း ဆိုင္ဖြင္႕လို႕လည္း အခြန္ေဆာင္ရ၊ ဝန္ထမ္းငွားရ၊ အာမခံေၾကးေဆာင္ရနဲ႕ ဘယ္လိုမွ မရပ္တည္ႏိုင္ဘူး။ ဒီေတာ႕ မင္းလာခ်င္ရင္ ငါတစ္ခုေမးမယ္ .. မင္း “ ဝန္ထမ္းအလုပ္ လုပ္တတ္သလား? ”
.
.
ကဲ .. အခ်ိန္တစ္ခု အေၾကာင္း ျပန္ဆက္ၾကပါစို႕။ မင္း ကိုယ္တိုင္ ရုန္းရင္းကန္ရင္း အခ်ိန္တစ္ခုေရာက္တာကုိ မသိဘူးဆိုရင္ ျမန္မာႏိုင္ငံမွာဆို အေရးမၾကီးဘူးကြ။ အေမရိကားမွာေတာ႕ မရဘူး။ ဒီတုိင္းေလး ေျမွာသြားလိမ္႕မယ္။ ပတ္ဝန္းက်င္ကိုေမ႕ေနေလာက္ေအာင္ အလုပ္မ်ားတာ အေမရိကားပဲ။ အဲဒီအခ်ိန္တစ္ခုမွာ မင္း ဆံုးျဖတ္ရမယ္။ မင္း ျမန္မာႏိုင္ငံျပန္မလား ဒီေျမေပၚမွာ ဆက္ေနမလား .. ဒါကို သိဖို႕ “ အခ်ိန္ေရာက္ျပီ ” လို႕ ေျပာတာ။ ဘုိလို နည္းနည္းမႈတ္ရရင္ေတာ႕ “ Time’s Up ” အခ်ိန္ေစ႕ျပီ ဆုိပါေတာ႕။
.
.
ကစားပဲြတစ္ခုမွာ အခ်ိန္ေစ႕ရင္ မင္းဆက္ကစားလို႕ရေသးလား … ေအး .. ငါေျပာခ်င္တာ အဲဒါပဲ။ မင္းကုိယ္မင္း အခ်ိန္ေစ႕မွန္းမသိရင္ .. ကုန္ကုန္ေျပာမယ္ကြာ .. အခ်ိန္ကုန္ခါနီးမွန္း မသိရင္ ပြဲအေျဖမွာ အမွတ္ျပတ္သြားႏိုင္တာ သတိထားမိမွာ မဟုတ္ဘူး။ ငါဆိုလိုတာက မင္း ကိုယ္တိုင္လာခ်င္လို႕ အေမရိကားလာမယ္၊ မင္းမိန္းမလာခ်င္လို႕ လာတယ္ ကဲ .. ေနာက္ဆံုး ဘယ္သူမွမလာခ်င္ဘူး .. မင္း ကေလးေတြ ပညာေရးအတြက္ ရန္ကုန္မွာရွိတဲ႕လုပ္ငန္းေတြကုိ စြန္႕ျပီးလာတယ္။ ဘယ္လိုပဲလာလာ တစ္ေန႕ေတာ႕ မင္းျပန္ရမွာပဲ ျမန္မာႏိုင္ငံကို .. ဟုတ္တယ္မဟုတ္လား။
.
တစ္ခ်ိဳ႕ဆုိ ( ၆ ) လေလာက္လာေနျပီး ေသြးတုိးစမ္းၾကည္႕တယ္။ မဟန္ႏုိင္ မခံႏိုင္ေတာ႕ ခဏဆိုျပီး ျပန္သြားတယ္။ ျပန္ကုိ မေပၚလာေတာ႕ဘူး .. ဒါမ်ိဳးလည္း ရွိတယ္။ ဒီလုိလူစားေတြက ဟိုမွာ လုပ္ငန္းေကာင္းသူေတြ ျဖစ္ၾကလိမ္႕မယ္။
.
တစ္ခ်ိဳ႕က်ျပန္ေတာ႕ ေရာက္ကတည္းက ျမန္မာပါ႕စပို႕ကုိ ဂရုကိုမစုိက္ေတာ႕တာ။ သက္တမ္းလည္းမတုိးဘူး .. လွည္႕လည္း မၾကည္႕ေတာ႕ဘူး .. သူ႕က်ေတာ႕တစ္မ်ိဳး။ ဒီႏိုင္ငံ Citizen ခံျပီးတာနဲ႕ ႏိုင္ငံကူးလက္မွတ္စာအုပ္အမဲကိုင္ျပီး ျမန္မာႏိုင္ငံကလြဲရင္ အကုန္ေလွ်ာက္လည္တယ္။ သူတို႕အတြက္က ျမန္မာႏိုင္ငံမွာေနလို႕ တစ္လ ( ၂ ) သိန္း မရွာႏိုင္ေပမယ္႕ ဒီႏိုင္ႏိုင္ငံမွာ အေျခက်လာတဲ႕အခါ ( ျခိဳးျခံေခြ်တာရင္ ) ( ၁ဝ ) သိန္းဆိုတာ ( ၁ ) လ ခြဲေလာက္ ရွာရင္ ဝင္တယ္ေလ။ အဲဒီမွာ ကြာသြားတာ..။
.
.
မင္း ကေလးေတြ ေက်ာင္းတက္ေနပါျပီတဲ႕ မင္းက ဒီဖက္မွာလည္း လႊတ္လို႕မရ၊ ျမန္မာႏိုင္ငံကိုလည္း စိတ္မခ်နဲ႕ဆို ငါ႕ပံုစံလို ျဖစ္ေနမယ္။ ေခါင္းေလာင္းတီးျပီး ဘားတန္းခုိရမယ္႕အခ်ိန္ကိုေစာင္႕ေနလို႕ေတာ႕ ဘာမွျဖစ္လာမွာ မဟုတ္ဘူး။ တစ္ခုခုေတာ႕ ေရြးရေတာ႕မယ္။ ျမန္မာႏိုင္ငံမွာ ပိုင္ဆိုင္တာကိုေရာင္းျပီး အေမရိကားမွာ အိမ္ဝယ္မလား .. ဒါလည္း စဥ္းစားစရာတစ္ခုပဲ။
.
အခုလုိအခ်ိန္က်မွ မင္းပိုင္တာေတြေရာင္းရင္ ျမန္မာေငြက ေဖာင္းေနျပီးသားေလ။ ဆုိလိုတာက မင္းလက္ထဲမွာ သိန္း ( ၆ဝဝဝ ) ေလာက္တန္တဲ႕ ကြန္ဒိုတစ္လံုး ရန္ကုန္မွာရွိတယ္ဆိုရင္ ေဖ်ာျပီးေတာ႕ ဒီမွာ ေငြလက္ငင္းခ်ျပီး အိမ္ဝယ္လို႕ရတယ္။ ေရာက္တာမၾကာေသးတဲ႕ မင္းအတြက္ Credit က ဘယ္ရွိဦးမလဲ။ ဒါေပမယ္႕ အရင္ ( ၃ ) ႏွစ္ေလာက္က ရတဲ႕ေစ်းနဲ႕ေရာင္းခဲ႕ျပီး အေမရိကားမွာ အိမ္ဝယ္ထားသူေတြလည္း တြက္ေျခကိုက္ေနၾကတယ္။ အခု ဒီမွာက အိမ္ေစ်းတက္ေတာ႕ နည္းနည္းပိုတန္သြားတာေပါ႕ကြာ။
.
.
ဒါေပမယ္႕ ငါတစ္ခုေျပာျပမယ္။ ျမန္မာႏိုင္ငံကလူေတြက ပိုခ်မ္းသာတာကြ။ ဒီမွာ ကားဆိုလည္း လက္ငင္းခ်ဝယ္တယ္။ အိမ္ဆိုလည္း လက္ငင္း ဝယ္သူ ျမန္မာေတြရွိတယ္။ အေမရိကန္ေတြကေတာ႕ ဘယ္ဟုတ္မလဲ။ ဘာရရ လစဥ္ေပးစံနစ္နဲ႕ပဲ ဝယ္ခ်င္တယ္။ ဒီေတာ႕ လခတက္ရင္ ျမန္ျမန္ေခ်ႏိုင္မယ္။ အခ်ိန္ပုိ အိုဗာတိုင္ဆင္းရရင္ ေငြပိုရမယ္ .. ဒါပဲ .. က်န္တာ ဘယ္ေနရာကမွ ေငြဝင္လမ္းေၾကာင္းမရိွဘူး။ ေငြက လိုရင္း၊ ကိုယ္ပိုင္အခ်ိန္ေတြကုိ ထုတ္ေရာင္းရင္း၊ ေနာက္ဆံုး ေရာင္းစရာမက်န္ေတာ႕ အေၾကြးတင္ျပီေလ။
.
ဒါေၾကာင္႕ အေမရိကားလာခ်င္တဲ႕ မင္းတို႕တစ္ေတြကုိ ေမးခ်င္တယ္။ လာရင္ “ ဘာလာလုပ္မွာလဲ ”  ေသခ်ာစဥ္းစား။ ငါ႕ကို မလာခင္က ေျပာျပတဲ႕ မေမဝင္းေအာင္ ဆုိတဲ႕ အစ္မတစ္ေယာက္ရွိတယ္။ အခု သူက New York မွာ။  ငါအစ္မက ငါ႕ကိုေခၚလို႕ရျပီလည္းဆုိေရာ သိသိခ်င္း သူ႕ကို ( ၂ဝဝ၈ ) ခုႏွစ္ အစေလာက္က စကားတစ္ခြန္း  “ တစ္လဝင္ေငြဘယ္ေလာက္ရွိရင္ အေမရိကားမလာနဲ႕လုိ႕ေျပာမလဲ အစ္မေရ ” လို႕ ေမးခဲ႕တယ္။ အေျဖက ( ၁ဝ ) သိန္း တဲ႕။
.
ေနာက္ထပ္ ( ၁ဝ ) လ ေလာက္ ေတာင္ၾကီးကိုသူလာလည္တဲ႕အခါ ထပ္ေမးၾကည္႕တယ္ “ အစ္မေရ .. အခုေရာ ဝင္ေငြဘယ္ေလာက္ရွိရင္ အေမရိကားမလာနဲ႕လို႕ ေျပာမလဲ ” လို႕ ေပါ႕။ သူက သိန္း ( ၂ဝ ) တဲ႕။
.
.
ဒါဆို မင္း ခ်င္႕ခ်ိန္လို႕ရျပီေပါ႕။ အခု ငါဒီမွာရွာေနတာလည္း အိမ္ခန္းငွားခ နဲ႕ ကုန္က်စားရိတ္ နဲ႕ ကုန္တာက ကုန္တာပါပဲ။ မေလာက္လို႕ေတာင္ ျမန္မာႏိုင္ငံကေန ေငြျပန္မွာရတဲ႕အၾကိမ္ေတြပါ ရွိေသးတယ္။ ျပီးေတာ႕ မင္း လာခ်င္တဲ႕စိတ္ကုိ မင္း ဝင္ေငြ နဲ႕ တြက္ခ်က္လာဖို႕လုိတယ္။ ျပီးေတာ႕ အခ်ိန္တစ္ခုေရာက္ရင္ ဆံုးျဖတ္ရမယ္ .. ေတြေဝေနလို႕မရဘူး … အဲဒါ အေမရိကားပဲ သူငယ္ခ်င္း..။
.
P.S : ရီေလး က ( ၇ ) ရက္ အလုပ္လုပ္ရေတာ႕ ငါ႕ဖက္က အလိုက္သိတဲ႕အေနနဲ႕ ၾကာၾကာမွတစ္ခါ ဝင္ခ်က္တတ္တဲ႕ ငါ႕ရဲ႕ “ ဝက္သားၾကမ္မဆိုင္ဟင္း ” ပံုေလး ပို႕ေပးလိုက္တယ္ သူငယ္ခ်င္း .. အလြမ္းေျပေပါ႕။
.
ခင္တဲ႕
ညီညီ

05-16-2015
.
.
Myanmar Unicode Version:
.
.
“ မြန်မာနိုင်ငံကဝင်ငွေနဲ့တွက်ချက်လာဖို့လိုတယ် သူငယ်ချင်း ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
သူငယ်ချင်းတို့ရေ .. သူငယ်ချင်းလို့ခေါ်လိုက်တဲ့အထဲမှာ ငယ်ငယ်ကျောင်းတုန်းကသူငယ်ချင်းရော၊ ရန်ကုန်ရောက်လို့ မိန်းထဲရော၊ လှိုင်နယ်မြေကသူငယ်ချင်းရော၊ ပဲခူးဆောင်က သူငယ်ချင်းများပါမကျန် ကုန်သည်လုပ်လို့ ကိုညီညီ ကို “ ဖိုက်တာ ” လို့ သတ်မှတ်ထားကြတဲ့ ဈေးရောင်းဘက် မိတ်ဆွေတွေနဲ့ နောက်ပိုင်း စာရေးမှသိကြတဲ့ အွန်လိုင်း သူငယ်ချင်းများ အားလုံး .. အားလုံးကို သိမ်းကျူံးခေါ်လိုခြင်း ဖြစ်ပါတယ်။
.
ခင်မင်ရှိရင်းစွဲပေမို့ ငယ်ဘဝခဏတာ မြန်မာပြည်ပြန်ရောက်နိုင်တဲ့ အသုံးအနှုန်းနဲ့ပဲ ရေးသွားမယ်နော် .. သူငယ်ချင်းတို့ .. ခွင့်လွှတ်တယ်မလား ..? တစ်ချို့ဆို ကျွန်တော့ထက်အသက်ကြီးသူတွေလည်းပါနိုင်တာမို့ ကြည့်သာရှောင်ဖတ်ကြပါတော့ဗျို့။
.
.
အမေရိကားဆိုတာကြားလိုက်တာနဲ့ နတ်ပြည်ကိုတန်းရောက်သွားတာလို့ ထင်တဲ့သူတွေရှိတယ်ဆိုတာ ကြားဖူးကြတယ် မဟုတ်လား။ ငါ က ဒီနိုင်ငံရောက်တော့ အစ်မအိမ်မှာ တစ်နှစ်လောက် ကပ်နေခဲ့သေးတယ်ကွ။ မင်းတို့တော့ ဘယ်သိပါ့မလဲ။ နောက်ပိုင်း မိသားစုအတွက် ကျဉ်းကြပ်လို့ အစ်မအိမ်ကနေ အော်သံကြား ခေါ်သံကြားနိုင်လောက်တဲ့ လမ်းထိပ်တရုတ်ဆိုင်နားမှာ သွားငှားနေတယ်လေကွာ။ အိမ်တော့အိမ်ပေါ့ .. အများသူငါလို အိမ်ခန်း - Apartment လိုမဟုတ်ပဲ ( ၆ဝ x ၁ဝဝ ) လောက်မှာ တင်ဆောက်ထားတဲ့ နှစ်ထပ်တိုက်ပေါ့ကွာ .. တစ်ထပ်ကို ( ၂ ) ပိုင်းခွဲထားတာ အားလုံး ( ၄ ) ပိုင်း ငါက အဲဒီထဲက ယူနစ်တစ်ခုမှာ ငှားနေတယ်ကွ။
.
တိုက်လို့သာခေါ်ရတာ အမေရိကားမှာ အုတ် နဲ့ တိုက် နဲ့ဆောက်တဲ့အိမ်ဆိုတာရှားတယ် .. မရှိဘူး။ ကာကွယ်မှုရဲ့ရလဒ်လို့ပြောရမလားပဲ ငလျင်ဒဏ်ကျရောက်ရင်တောင် အသက်မသေလောက်တဲ့ သစ်ပေါင်းသားတွေနဲ့ဆောက်ထားတာ ဘယ်လောက်ပိုင်သလဲဆိုရင် ကြမ်းခင်း နဲ့ မျက်နှာကျက်ကိုလည်း သစ်သားတွေနဲ့ပဲ ဆောက်ထားတာလေ။ ဒါကြောင့်မို့ မင်းပြောရင်လည်း ခံရမှာပဲ။ အမေရိကားမှာ ပျဉ်ထောင်အိမ်ပဲ ရှိတယ်ကွ။ တောင်ကြီးက ငါ့အိမ်တောင် RC အုတ် နဲ့နော် .. သတိရလိုက်တာ။
.
.
အစ်မ နဲ့ ယောက်ဖတို့အိမ်နဲ့ဆို လမ်းလျှောက်သွားလို့လည်း ရတယ်။ တကယ့်ကိုမှ နီးနီးလေးပဲ။ ဒါပေမယ့် ငါရောက်နေတာ အမေရိကားလေး မမေ့နဲ့ဦး။ တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် လို့ပြောရမလောက်ကို တစ်နှစ်နေလို့တောင် အကြောင်းဆုံမှ တွေ့ကြတယ်။ သူတို့လည်းမအားဘူး .. ငါလည်းအလုပ်တက်တယ်။ ငါ့မိန်းမက အလုပ်သွားတယ်။ စွမ်း က ကျောင်းသွားတယ်။ သမီးက အဝေးမှာ။ အားလပ်ချိန်တွေက မတူဘူး။ လှစ်ကနဲ အားတာနဲ့ အိမ်အလုပ် လုပ်ကြရတယ်။ အိမ်သန့်ရှင်းရေးလုပ်တယ်။ ညစ်နွမ်းနေတဲ့ကော်ဇောတွေ ဖုန်စုတ် - Vacuum       ဆွဲတယ်။ ညပိုင်းကျ အမှိုက်သိမ်းကားမလာတော့ ငါပဲ အမှိုက်ထွက် သွန်ရတယ်။
.
ပြောမယ့်သာပြောရတာ ငါက အတော်သက်သာတယ်ကွ။ ရီလေးကချည်း ဒိုင်ခံလုပ်သွားတာ။ ငါက အခန့်သား ကွန်ပျုတာလေးသုံးလိုက်၊ ဖေ့ဘုတ်က စာတွေဖတ်လိုက်၊ အင်္ဂလိပ်စာတွေဖတ်လိုက်၊ တရားနာလိုက် ဒါလောက်နဲ့ကို အိပ်ချိန်ကပ်ကပ်သွားတာ ညတိုင်းပဲ။ ငါက တစ်ပတ်မှာ အလုပ် ( ၅ ) ရက်လုပ်ရတဲ့အခါရှိတယ်။ ( ၆ ) ရက်လုပ်ရတဲ့အခါတွေလည်းရှိတယ်။ တစ်နေ့တစ်နေ့ အလုပ်ပြန်လာရင် ရီလေးချက်ပြုတ်ထားတာတွေကို နည်းနည်းပါးပါးရှင်းတယ်ပေါ့ကွာ။
.
.
ရီလေးကျတော့ တစ်ပတ်ကို ( ၆ ) ရက် .. အခုဆို ( ၇ ) ရက်လုပ်ရင်း ပိတ်ရက်မရှိဘူး။ သူ့အလုပ်ရှင်ကတောင်းဆိုရင် မဆင်းလို့မရဘူး .. Mandatory တဲ့လေ။ အဲဒီတော့ သူ့ဘဝကိုသာ စဉ်းစားကြည့် ဘယ်လိုနားချိန်မှမရှိတဲ့ကြားက ဟင်းက ချက်ရသေး၊ အိုးခွက်ပန်းကန်က ဆေးရသေး၊ အိမ်သာကြွေအိုးတွေလည်း တိုက်ရသေး၊ ရေချိုးခန်းနံရံတွေဆိုလည်း မသန့်မှာစိုးလို့ 409 နဲ့ ဖိတိုက်ရသေးဆိုတော့ တကယ်ကိုမလွယ်ဘူး မောင်ရေ့ ..။
.
အဲဒါပြောတာပေါ့ လူတွေက အမေရိကားလာချင်တယ်။ ပါးစပ်ဖျားလေးနဲ့ပြောတော့လွယ်တာပေါ့။ ရောက်ခါစ က အစ်မအိမ်က တင်ကျွေးထားလို့၊ ယောက်ဖကလည်း ကြည်ဖြူကူညီလို့။ မဟုတ်လို့ကတော့ တစ်ယောက်ထဲရုန်းကန်ပါ ဆိုရင် ဘယ်လွယ်ပါ့မလဲ။ ဒါပေမယ့် အမေရိကားမှာ အချိန်တစ်ခုဆိုတာ ရှိတယ်။ အဲဒါ မင်းကိုငါပြောပြမယ်။ ဆရာလုပ်တယ်လို့ထင်ချင်ရင်တော့ မင်းသဘောပဲ။ ရှင်းတယ်လေ .. အခု ငါဒီကိုခဏရောက်နေတယ်။ မရောက်ဖူးသေးသူ မင်းတို့ကို ငါသိထားသလောက်တော့ ပြောပြကြည့်မယ်ပေါ့ကွာ။
.
.
အချိန်တစ်ခုရှိတယ်ဆိုတာ ပြောရင်နည်းနည်းတော့ရှည်မယ်ကွ။ ငါက မင်းတို့သိတဲ့အတိုင်း ကုန်သည်လုပ်ခဲ့တာလေ။ ပြောရင် ဈေးသည်ပေါ့။ ငွေရှိလှပါတယ်ဆိုတဲ့ တရုတ်ကုန်သည်ကြီးတွေကြားထဲမှာ အရင်းမရှိတဲ့ ချောင်ကလေးက ကောင်ကလေး ညီညီပေါ့ကွာ။ ငွေ ( ၁ ) ကျပ်ကို ( ၆ ) ကျပ် ဘယ်လိုခွာပြီး အလုပ်လုပ်ခဲ့တယ်ဆိုတာ ငါ့သတင်းတော့ တောင်ကြီးဈေးထဲမှာ အခုထိပြောနေတုန်းပဲလို့ ငါ မကြာခဏ ကြားရတယ်။
.
ဟုတ်တယ် .. ငါက ဈေးကွက်ကို သိတယ်။ ရောင်းကွက်ကို ကျွမ်းတယ်။ ဘယ်သူ့ကို ရောင်းပြီးရင် ဘယ်သူ့နားက ပြန်ဝယ်ရမယ်ဆိုတာ ငါသိတယ်။ ဒါတွေအားလုံးအတွက် အားမထုတ်ရဘူးနော် .. စိတ်ထဲက အလိုလို သိနေတာ။ ဒီလို ဆုံးဖြတ်ဖို့ကလည်း နေ့ကူးပြီးစဉ်းစားစရာမလိုဘူး .. တယ်လီဖုန်းပြောနေရင်းနဲ့ကို ဆုံးဖြတ်ပြီးသား..။
.
အမေရိကားမှာ ကုန်သည် မရှိဘူး။ လက်လီဆိုင် မရှိဘူး။ ကုန်စိမ်းသည် မရှိဘူး။ လိုချင်ရင် နာမည်ကြီးကုန်စုံဆိုင်ကုမ္ပဏီကြီးတွေနားပဲ ဝယ်စရာရှိတယ်။ မင်း ဆိုင်ဖွင့်လို့လည်း အခွန်ဆောင်ရ၊ ဝန်ထမ်းငှားရ၊ အာမခံကြေးဆောင်ရနဲ့ ဘယ်လိုမှ မရပ်တည်နိုင်ဘူး။ ဒီတော့ မင်းလာချင်ရင် ငါတစ်ခုမေးမယ် .. မင်း “ ဝန်ထမ်းအလုပ် လုပ်တတ်သလား? ”
.
.
ကဲ .. အချိန်တစ်ခု အကြောင်း ပြန်ဆက်ကြပါစို့။ မင်း ကိုယ်တိုင် ရုန်းရင်းကန်ရင်း အချိန်တစ်ခုရောက်တာကို မသိဘူးဆိုရင် မြန်မာနိုင်ငံမှာဆို အရေးမကြီးဘူးကွ။ အမေရိကားမှာတော့ မရဘူး။ ဒီတိုင်းလေး မြှောသွားလိမ့်မယ်။ ပတ်ဝန်းကျင်ကိုမေ့နေလောက်အောင် အလုပ်များတာ အမေရိကားပဲ။ အဲဒီအချိန်တစ်ခုမှာ မင်း ဆုံးဖြတ်ရမယ်။ မင်း မြန်မာနိုင်ငံပြန်မလား ဒီမြေပေါ်မှာ ဆက်နေမလား .. ဒါကို သိဖို့ “ အချိန်ရောက်ပြီ ” လို့ ပြောတာ။ ဘိုလို နည်းနည်းမှုတ်ရရင်တော့ “ Time’s Up ” အချိန်စေ့ပြီ ဆိုပါတော့။
.
.
ကစားပွဲတစ်ခုမှာ အချိန်စေ့ရင် မင်းဆက်ကစားလို့ရသေးလား … အေး .. ငါပြောချင်တာ အဲဒါပဲ။ မင်းကိုယ်မင်း အချိန်စေ့မှန်းမသိရင် .. ကုန်ကုန်ပြောမယ်ကွာ .. အချိန်ကုန်ခါနီးမှန်း မသိရင် ပွဲအဖြေမှာ အမှတ်ပြတ်သွားနိုင်တာ သတိထားမိမှာ မဟုတ်ဘူး။ ငါဆိုလိုတာက မင်း ကိုယ်တိုင်လာချင်လို့ အမေရိကားလာမယ်၊ မင်းမိန်းမလာချင်လို့ လာတယ် ကဲ .. နောက်ဆုံး ဘယ်သူမှမလာချင်ဘူး .. မင်း ကလေးတွေ ပညာရေးအတွက် ရန်ကုန်မှာရှိတဲ့လုပ်ငန်းတွေကို စွန့်ပြီးလာတယ်။ ဘယ်လိုပဲလာလာ တစ်နေ့တော့ မင်းပြန်ရမှာပဲ မြန်မာနိုင်ငံကို .. ဟုတ်တယ်မဟုတ်လား။
.
တစ်ချို့ဆို ( ၆ ) လလောက်လာနေပြီး သွေးတိုးစမ်းကြည့်တယ်။ မဟန်နိုင် မခံနိုင်တော့ ခဏဆိုပြီး ပြန်သွားတယ်။ ပြန်ကို မပေါ်လာတော့ဘူး .. ဒါမျိုးလည်း ရှိတယ်။ ဒီလိုလူစားတွေက ဟိုမှာ လုပ်ငန်းကောင်းသူတွေ ဖြစ်ကြလိမ့်မယ်။
.
တစ်ချို့ကျပြန်တော့ ရောက်ကတည်းက မြန်မာပါ့စပို့ကို ဂရုကိုမစိုက်တော့တာ။ သက်တမ်းလည်းမတိုးဘူး .. လှည့်လည်း မကြည့်တော့ဘူး .. သူ့ကျတော့တစ်မျိုး။ ဒီနိုင်ငံ Citizen ခံပြီးတာနဲ့ နိုင်ငံကူးလက်မှတ်စာအုပ်အမဲကိုင်ပြီး မြန်မာနိုင်ငံကလွဲရင် အကုန်လျှောက်လည်တယ်။ သူတို့အတွက်က မြန်မာနိုင်ငံမှာနေလို့ တစ်လ ( ၂ ) သိန်း မရှာနိုင်ပေမယ့် ဒီနိုင်နိုင်ငံမှာ အခြေကျလာတဲ့အခါ ( ခြိုးခြံချွေတာရင် ) ( ၁ဝ ) သိန်းဆိုတာ ( ၁ ) လ ခွဲလောက် ရှာရင် ဝင်တယ်လေ။ အဲဒီမှာ ကွာသွားတာ..။
.
.
မင်း ကလေးတွေ ကျောင်းတက်နေပါပြီတဲ့ မင်းက ဒီဖက်မှာလည်း လွှတ်လို့မရ၊ မြန်မာနိုင်ငံကိုလည်း စိတ်မချနဲ့ဆို ငါ့ပုံစံလို ဖြစ်နေမယ်။ ခေါင်းလောင်းတီးပြီး ဘားတန်းခိုရမယ့်အချိန်ကိုစောင့်နေလို့တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ တစ်ခုခုတော့ ရွေးရတော့မယ်။ မြန်မာနိုင်ငံမှာ ပိုင်ဆိုင်တာကိုရောင်းပြီး အမေရိကားမှာ အိမ်ဝယ်မလား .. ဒါလည်း စဉ်းစားစရာတစ်ခုပဲ။
.
အခုလိုအချိန်ကျမှ မင်းပိုင်တာတွေရောင်းရင် မြန်မာငွေက ဖောင်းနေပြီးသားလေ။ ဆိုလိုတာက မင်းလက်ထဲမှာ သိန်း ( ၆ဝဝဝ ) လောက်တန်တဲ့ ကွန်ဒိုတစ်လုံး ရန်ကုန်မှာရှိတယ်ဆိုရင် ဖျောပြီးတော့ ဒီမှာ ငွေလက်ငင်းချပြီး အိမ်ဝယ်လို့ရတယ်။ ရောက်တာမကြာသေးတဲ့ မင်းအတွက် Credit က ဘယ်ရှိဦးမလဲ။ ဒါပေမယ့် အရင် ( ၃ ) နှစ်လောက်က ရတဲ့ဈေးနဲ့ရောင်းခဲ့ပြီး အမေရိကားမှာ အိမ်ဝယ်ထားသူတွေလည်း တွက်ခြေကိုက်နေကြတယ်။ အခု ဒီမှာက အိမ်ဈေးတက်တော့ နည်းနည်းပိုတန်သွားတာပေါ့ကွာ။
.
.
ဒါပေမယ့် ငါတစ်ခုပြောပြမယ်။ မြန်မာနိုင်ငံကလူတွေက ပိုချမ်းသာတာကွ။ ဒီမှာ ကားဆိုလည်း လက်ငင်းချဝယ်တယ်။ အိမ်ဆိုလည်း လက်ငင်း ဝယ်သူ မြန်မာတွေရှိတယ်။ အမေရိကန်တွေကတော့ ဘယ်ဟုတ်မလဲ။ ဘာရရ လစဉ်ပေးစံနစ်နဲ့ပဲ ဝယ်ချင်တယ်။ ဒီတော့ လခတက်ရင် မြန်မြန်ချေနိုင်မယ်။ အချိန်ပို အိုဗာတိုင်ဆင်းရရင် ငွေပိုရမယ် .. ဒါပဲ .. ကျန်တာ ဘယ်နေရာကမှ ငွေဝင်လမ်းကြောင်းမရှိဘူး။ ငွေက လိုရင်း၊ ကိုယ်ပိုင်အချိန်တွေကို ထုတ်ရောင်းရင်း၊ နောက်ဆုံး ရောင်းစရာမကျန်တော့ အကြွေးတင်ပြီလေ။
.
ဒါကြောင့် အမေရိကားလာချင်တဲ့ မင်းတို့တစ်တွေကို မေးချင်တယ်။ လာရင် “ ဘာလာလုပ်မှာလဲ ”  သေချာစဉ်းစား။ ငါ့ကို မလာခင်က ပြောပြတဲ့ မမေဝင်းအောင် ဆိုတဲ့ အစ်မတစ်ယောက်ရှိတယ်။ အခု သူက New York မှာ။  ငါအစ်မက ငါ့ကိုခေါ်လို့ရပြီလည်းဆိုရော သိသိချင်း သူ့ကို ( ၂ဝဝ၈ ) ခုနှစ် အစလောက်က စကားတစ်ခွန်း  “ တစ်လဝင်ငွေဘယ်လောက်ရှိရင် အမေရိကားမလာနဲ့လို့ပြောမလဲ အစ်မရေ ” လို့ မေးခဲ့တယ်။ အဖြေက ( ၁ဝ ) သိန်း တဲ့။
.
နောက်ထပ် ( ၁ဝ ) လ လောက် တောင်ကြီးကိုသူလာလည်တဲ့အခါ ထပ်မေးကြည့်တယ် “ အစ်မရေ .. အခုရော ဝင်ငွေဘယ်လောက်ရှိရင် အမေရိကားမလာနဲ့လို့ ပြောမလဲ ” လို့ ပေါ့။ သူက သိန်း ( ၂ဝ ) တဲ့။
.
.
ဒါဆို မင်း ချင့်ချိန်လို့ရပြီပေါ့။ အခု ငါဒီမှာရှာနေတာလည်း အိမ်ခန်းငှားခ နဲ့ ကုန်ကျစားရိတ် နဲ့ ကုန်တာက ကုန်တာပါပဲ။ မလောက်လို့တောင် မြန်မာနိုင်ငံကနေ ငွေပြန်မှာရတဲ့အကြိမ်တွေပါ ရှိသေးတယ်။ ပြီးတော့ မင်း လာချင်တဲ့စိတ်ကို မင်း ဝင်ငွေ နဲ့ တွက်ချက်လာဖို့လိုတယ်။ ပြီးတော့ အချိန်တစ်ခုရောက်ရင် ဆုံးဖြတ်ရမယ် .. တွေဝေနေလို့မရဘူး … အဲဒါ အမေရိကားပဲ သူငယ်ချင်း..။
.
ခင်တဲ့
.
05-16-2015
.
“ ျမန္မာႏိုင္ငံကဝင္ေငြနဲ႕တြက္ခ်က္လာဖို႕လိုတယ္ သူငယ္ခ်င္း ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ မတ္လ ( ၁၂ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၂၇ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link: https://app.box.com/s/fm1dsihp1m0toez5b018rgv7nhkwq46d



No comments: