ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, July 22, 2015

စိတ္တအားပူတဲ႕ရုရွားသူ

ေဆာင္းပါးရွင္ - ကုိညီညီ ( ေတာင္ၾကီး )
.
“ ကြ်န္မအလုပ္ျဖဳတ္ခံရေတာ႕မယ္ထင္တယ္ ”
“ ဘာျဖစ္လို႕လဲ ”
.
.
“ ဟုတ္တယ္။ ဒီေန႕ေတာ႕ ကြ်န္မအလုပ္ျဖဳတ္ခံရေတာ႕မယ္။ မနက္တုန္းက ၾကီးၾကပ္ေရးမွဴး - Supervisor က တစ္ေယာက္ခ်င္း - One on One စကားေခၚေျပာတယ္ေလ ”
.
“ ဘာေတြေျပာၾကလို႕လဲ ”
.
.
“ ေျပာတာကေတာ႕စံုေနတာပါပဲ။ တစ္ေလာက ကြ်န္မအလုပ္ပ်က္တဲ႕အေၾကာင္းလည္းပါတယ္။ ဒီေန႕သင္ေနတဲ႕ ထရိန္နင္လည္းပါတယ္။ အတင္းၾကီးေျပာေနတာ .. ဘယ္လုိမွျပန္ေျပာလို႕မရဘူး ”
.
“ ခင္မ်ားေျပာခ်င္ရင္ေတာ႕ေျပာျပေလ။ မေျပာခ်င္ရင္လည္းရတယ္။ ဒါေပမယ္႕ အလုပ္ခြင္မွာေတာ႕ မငုိပါနဲ႕ဗ်ာ ”
.
.
“ ေအးပါ။ ကြ်န္မက ကိုယ္ဝန္ ( ၇ ) ပတ္ ရွိေနတာေလ။ ျပီးခဲ႕တဲ႕ ( ၂ ) ပတ္က ကေလးပ်က္က် - Miscarriage ျဖစ္ခ်င္လို႕လားမသိဘူး .. ဗုိက္နာလို႕ ေဆးရံုေရာက္သြားတယ္။ ေနာက္တစ္ေန႕မနက္က်ေတာ႕အလုပ္မတက္ႏိုင္ဘူး။ ဒါနဲ႕ သတိလည္းရေရာ ဖုန္းေခၚေတာ႕ ( ၁၁ ) နာရီ ထုိးေနျပီ။ ေနာက္ေန႕လည္း မသက္သာျပန္ဘူးေလ။ ေနာက္ေန႕က်ေတာ႕ အီးေမးလ္လိပ္စာရွာျပီး ၾကီးၾကပ္ေရးမွဴးကုိ ပို႕လုိက္တယ္။ အဲဒါကို ပထမရက္က အလုပ္မတက္ခင္ဖုန္းမဆက္လို႕ အေၾကာင္းမၾကား-အလုပ္ပ်က္ - No Call-No Show တဲ႕ေလ ”
.
“ ခင္မ်ားက မနက္ ( ၁၁ ) နာရီတုန္းက ဖုန္းဆက္ေသးတယ္ဆို ”
.
.
“ ဟုတ္တယ္ေလ။ ဒါေပမယ္႕ ဆက္တာေနာက္က်ေတာ႕ အက်ံဳးမဝင္ဘူးလို႕ေျပာတယ္။ ေနာက္ေန႕အီးေမးလ္ပို႕တာေရာပဲ .. လုပ္ရိုးလုပ္စဥ္အတိုင္းမလုပ္လို႕တဲ႕။ ေနာက္တစ္ရက္အလုပ္ျပန္တက္ေတာ႕ ေဆးရံုက ဆရာဝန္ေဆးလက္မွတ္ယူလာေသးတယ္။ အဲဒါကိုလည္း ျပလိုက္တယ္ ”
“ အဲဒီေတာ႕ ဘာေျပာလဲ ”

.
.
“ ကုမၸဏီရဲ႕စည္းမ်ဥ္းနဲ႕မကိုက္ဘူးလို႕ပဲ တြင္တြင္ေျပာေနတယ္။ အဲဒါနဲ႕ကြ်န္မလည္းဆက္ရွင္းျပတယ္ .. အဲဒီေန႕မတိုင္ခင္ ကြ်န္မက ေသမလား ရွင္မလား မသိဘူး။ ေယာက္်ားကလည္း ကြ်န္မဖုန္းထဲက အလုပ္ရဲ႕ဖုန္းနံပါတ္ကုိ မသိဘူးလို႕..။ နည္းနည္းေနေကာင္းလာလို႕ဆက္ေတာ႕ ေနာက္က်ေနတာေပါ႕။ တကယ္႕အေရးေပၚဆုိရင္ ဘယ္လိုလုပ္မလဲ ”
.
“ ေနာက္ထပ္ေရာ ဘာေျပာေသးလဲ ”
.
.
“ ကြ်န္မဒီေန႕သင္တဲ႕အလုပ္သင္တန္းမွာ ထရိန္နာရဲ႕စကားနားမေထာင္ဘူးတဲ႕။ ခုနကလာသြားတဲ႕ ေခါင္းေဆာင္ - Lead က သြားတိုင္လား မသိဘူး။ ၾကီးၾကပ္ေရးမွဴးကေျပာတယ္ .. ထရိန္နာသင္တဲ႕အတိုင္းလုိက္နားေထာင္ပါတ႕ဲ ”
.
.
ကြ်န္ေတာ္သူေျပာတာကုိ နားေထာင္ရင္း သူ႕ကိုအျပစ္မဆိုႏုိင္သလို အားေပးဖုိ႕လည္း မစြမ္းသာဘူး ျဖစ္ေနခဲ႕တယ္။ သူ႕နာမယ္က ကာတာ - Carter ၊ ခြဲထြက္ရုရွားႏိုင္ငံထဲက ဥဇဘက္ကစၥတန္ႏိုင္ငံသူတစ္ဦး၊ အေမရိကန္ေရာက္တာ ( ၁ဝ ) ႏွစ္ရွိေနျပီး အေမရိကန္ႏုိင္ငံသားတစ္ေယာက္နဲ႕လက္ထပ္ထားတယ္။
.
သူ႕ေယာက္်ားနဲ႕လက္ထပ္တဲ႕အခ်ိန္မွာ သူလည္း အေမရိကန္ႏိုင္ငံသားတစ္ေယာက္ျဖစ္ေနပါျပီ။ အလုပ္လုပ္တဲ႕ေနရာနဲ႕ သူေနတဲ႕ ဆီႏလီဆန္ဟုိေဆး - San Jose ျမိဳ႕နဲ႕ဆိုရင္ ကားတစ္နာရီေက်ာ္ေမာင္းရတယ္။ အဂၤလိပ္စကားအရာမွာ ကြ်မ္းက်င္စြာေျပာႏိုင္ျပီး ဦးေခါင္းတစ္ခုလံုးကို ဆံပင္အဝါဆုိးထားသူတစ္ေယာက္ပါ။
.
.
သူ႕ေယာက္်ားက သူ႕အိမ္နဲ႕နီးတဲ႕ ဆန္တာကလားရာ - Santa Clara ျမိဳ႕ရဲ႕ကုမၸဏီတစ္ခုမွာ ေငြရတဲ႕ လူ႕အရင္းအျမစ္႒ာန - Human Resource Department မွာ အလုပ္လုပ္ပါတယ္။ ဒါေၾကာင္႕ ကာတာ ဟာ HR စည္းမ်ဥ္းေတြကုိ သူမ်ားထက္ပိုျပီး ၾကိဳသိေနတယ္။ အခုလက္ရွိအလုပ္မွာ ကာတာ က ဝင္တာမၾကာေသးေတာ႕ အျမဲခန္႕ဝန္ထမ္း - Permanent မျဖစ္ေသးဘူး။ ဒါေၾကာင္႕ သူရဲ႕နာရီစားလစာ - Paycheck ကုိ ပြဲစားကုမၸဏီ - Agent က ကိုင္တယ္။ ဒီအေနအထားမ်ိဳးကုိ အေမရိကားမွာ ယာယီ - Temp လို႕ေခၚပါတယ္။
.
Temp တစ္ေယာက္ရဲ႕ အားနည္းခ်က္က အလုပ္အခ်ိန္မေရြးျပဳတ္ - Fired ျဖစ္ႏိုင္တယ္။ ကုမၸဏီအလုပ္မေကာင္းလို႕ လူေလွ်ာ႕ - Layoff ျဖစ္ႏိုင္သလို ကုိယ္ကမလိုက္ႏုိင္လို႕ ဒါမွမဟုတ္ အမွားတစ္ခုခုလုပ္မိရင္ အလုပ္ျပဳတ္ႏိုင္တယ္။ ေအးဂ်င္႕က  “ ခင္မ်ား မနက္ျဖန္အလုပ္မသြားနဲ႕ေတာ႕ ” ဆိုတဲ႕ဖုန္းဆက္မွာကုိ အေမရိကားမွာအေၾကာက္ဆံုးပဲ။
.
ဒါေၾကာင္႕ အလုပ္ဝင္ျပီး ( ၃ ) လတန္သည္ ( ၄ ) လတန္သည္ အခ်ိန္တစ္ခုေရာက္ရင္ ကုမၸဏီက တုိက္ရိုက္ကြပ္ကြဲတဲ႕ အျမဲတမ္းဝန္ထမ္းအဆင္႕ကို ကူးေျပာင္း - Converted ျဖစ္ဖို႕ ေမွ်ာ္လင္႕ၾကတယ္။ ဒါက အေမရိကားမွာ ထံုးစံတစ္ခုလို ျဖစ္ေနပါတယ္။
.
.
အခု ကာတာ႕ကိစၥမွာ သူ႕ဘက္ကသူေျပာတာမွန္သလို ၾကီးၾကပ္ေရးမွဴးလည္း မမွားပါဘူး။ မိန္းကေလးဘက္ကေျပာရင္ ကိုယ္ဝန္ေဆာင္ထားရတာ သူ႕ဘဝရဲ႕သားဦးဆိုေတာ႕ အေရးၾကီးလြန္းလွျပီေပါ႕။ ၾကီးၾကပ္ေရးမွဴးဘက္ကေနစဥ္းစားၾကည္႕ရင္လည္း အလုပ္တက္မမွန္တဲ႕ Temp တစ္ေယာက္ကို ထိန္းေက်ာင္းပဲ႕ျပင္ရမွာ သူ႕တာဝန္ပဲေလ။
.
အလုပ္မတက္ႏိုင္ရင္ ဖ်ားနာခြင္႕ - Sick Call ေခၚဖို႕ အလုပ္မတက္ခင္ ( ၁ ) နာရီအလုိမွာ ဖုန္းေခၚထားရမယ္။ ဒါမွ ခြင္႕တိုင္ထားတဲ႕စာရင္းထဲဝင္ျပီး သတိေပးစကားအေျပာမခံရမွာျဖစ္ပါတယ္။
.
ေနာက္တစ္ခုက ထရိန္နာစကားကိုနားမေထာင္တဲ႕ကိစၥ။ ကြ်န္ေတာ္သူ႕ကို စသင္ေပးတဲ႕အခါ သတိထားမိတယ္။ လုိက္နာရမယ္႕စာရြက္စာတမ္းေတြနဲ႔ပတ္သက္ျပီးျပသနာမရွိေပမယ္႕ ကြ်န္ေတာ္ရွင္းျပတဲ႕အခါမွာ သူကစိတ္ဝင္စားမႈမျပဘူး။ တစ္ခုခုေျပာလိုက္ရင္ သူသိျပီးသား .. တတ္ျပီးသားလို႕ စိတ္ထဲမွာအျမဲထင္ေနတယ္။ ကိုယ္ဝန္ရွိခါစဆိုေတာ႕ ပ်ိဳ႕ခ်င္၊ အန္ခ်င္ျဖစ္ျပီး စိတ္စုစည္းရခက္တယ္လုိ႕ေတာ႕ ကြ်န္ေတာ္ထင္တာပဲ။
.
ဒါေတာင္ ကြ်န္ေတာ္က ကုမၸဏီကဖြင္႕ေပးတဲ႕ ဆရာအတတ္သင္ပရိုဂရမ္ - Train the Trainer Program တက္ထားဖူးေတာ႕ ဘယ္လိုလူစားကို ဘယ္နည္းဘယ္လမ္းနဲ႕သင္ေပးရမယ္ဆိုတာကို ၾကိဳေလ႕လာခြင္႕ရထားတယ္။
.
.
ကာတာ က ကုန္ပစၥည္းနမူနာေတြကုိကုိင္တြယ္တဲ႕အခါ ကြ်န္ေတာ္ျပတဲ႕အတိုင္းမလုပ္ဘူး။ သူၾကိဳက္သလို ေျပာင္းလုပ္မယ္လို႕ေျပာတယ္။ ဒါနဲ႕ ေခါင္းေဆာင္ဝင္လာၾကည္႕သြားျပီး ၾကီးၾကပ္ေရးမွဴးကို သတင္းသြားပို႕ပံုရတယ္။ ဒီအေၾကာင္း ( ၂ ) ခု ဆံုလာရံုတင္မကဘူး .. ဆရာဝန္ရဲ႕ေဆးစာမွာ ကာတာ ကို ဓါတုေဗဒပစၥည္းေတြထိေတြ႕တဲ႕အလုပ္ပတ္ဝန္းက်င္နဲ႕ေဝးေဝးေနဖုိ႕ေျပာထားေတာ႕ အလုပ္သမားအခ်ိန္ဇယားဆြဲတဲ႕ ၾကီးၾကပ္ေရးမွဴးကုိ ႏွာေခါင္းေမႊးသြားဆြဲတာနဲ႕ တူေနတယ္ေလ။
.
အေမရိကန္မွာရွိတဲ႕ Supervisor တစ္ေယာက္ရဲ႕ဒုကၡဆိုတာ ျမန္မာႏုိင္ငံကလႊတ္ေတာ္ဥကၠ႒ေျပာေျပာေနတဲ႕ဒုကၡထက္ေတာ႕မေလ်ာ႕ပါဘူး။ ဒါေပမယ္႕ ေျပာဆိုဆက္ဆံပံု နဲ႕ တန္းတူညီမွ်ေရးေရွ႕ထားဖို႕လိုတယ္။ ဘက္လုိက္မႈ - Bias ကင္းရွင္းရမယ္။ အမ်ိဳးသမီးေတြအေပၚဆို သက္သက္ညွာညွာဆက္ဆံရမယ္။ ႏွာဘူးက်လို႕လည္းမျဖစ္ျပန္ဘူး။ အထူးသျဖင္႕ ကုိယ္ဝန္ေဆာင္အလုပ္သမားဆုိရင္ ကိုယ္႕အိမ္သူအိမ္သားကဲ႕သုိ႕ ျပဳမူဆက္ဆံရတယ္။
.
.
ကာတာ နဲ႕ စကားေျပာရင္း သူက ငိုခ်င္သလို ရိႈက္လိုက္ရႈိက္လိုက္လုပ္ေနလို႕ ကြ်န္ေတာ္က မငိုဖို႕တားလိုက္တယ္။ ေနာက္ေတာ႕ သူ႕ကို စကားတစ္ခြန္းလက္ေဆာင္ေပးဖုိ႕ ၾကိဳးစားလိုက္တယ္။ ျပီးေတာ႕ သူ႕ၾကိဳစားမႈက ေကာင္းမြန္ေၾကာင္းနဲ႕ ၾကီးၾကပ္ေရးမွဴးကို သူ ကြ်န္ေတာ႕နားကေကာင္းေကာင္းသင္ယူေၾကာင္း ခ်ီးမြမ္းစကား - Credit ေပးဖို႕ ေျပာေပးမယ္လို႕ေျပာလိုက္တယ္။
.
“ ကဲ .. ကာတာ ေရ..။ အလုပ္လာတဲ႕အခါ ကိုယ္ၾကံဳရမွာက တစ္ရက္ ( ၈ ) နာရီပဲ။ ဒီေတာ႕ အလုပ္မွာအလုပ္နဲ႕တူေအာင္လုပ္၊ ၾကိဳးစား။ အိမ္ကျပသနာလည္းအလုပ္မယူလာနဲ႕။ အလုပ္ကမေျပလည္မႈကိုလည္း အိမ္ယူသြားျပီး အိမ္သူအိမ္သားေတြကုိ မမာန္မဲနဲ႕။ အဲဒါေတြအျပင္ ဘယ္သူဘာေျပာေျပာ အလုပ္ကိစၥလုိ႕ပဲသေဘာထား။ ထစ္ကနဲဆို မခံစားလုိက္နဲ႕။ ကိုယ္႕ဘဝရဲ႕မျဖစ္မေနအေျခအေန ( ကိုယ္ေရးကိုယ္တာ ) အေနနဲ႕ လက္မခံလိုက္နဲ႕။ ဒါေတြအားလံုးကိုခ်ဳပ္ေျပာရရင္ - Don’t Take It Personal ေပါ႕ကြာ ” …  ဆိုျပီး တစ္ခ်ိန္က ကြ်န္ေတာ္အလုပ္လုပ္ခဲ႕တဲ႕ ညပိုင္းၾကီးၾကပ္ေရးမွဴး ကြ်န္ေတာ႕ကိုေျပာျပခဲ႕တာေလးကုိ လက္ဆင္႕ကမ္းလိုက္မိတယ္။
.
.
ဒီစကားၾကားျပီးတဲ႕ေနာက္မွာ ကာတာ ဟာ ငိုမယ္႕ပံုအလ်ဥ္းမရွိေတာ႕ဘူး။ ကြ်န္ေတာ္ေပ်ာ္တယ္။ သူျပံဳးလာတယ္။ ကြ်န္ေတာ္ ပိုေက်နပ္တယ္။ ကြ်န္ေတာ႕လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္ကို အားေပးစကားေျပာႏုိင္ခဲ႕တယ္။
.
အခုအခ်ိန္ေလာက္ဆို သူအိမ္ျပန္ေရာက္ျပီး သူ႕ေယာက်္ားနဲ႕ “ Don’t Take It Personal ” ဆုိတဲ႕ အက်ိဳးရွိတဲ႕စကားကို ေဆြးေႏြးေနေလာက္ပါျပီ။ ဒီလက္ေဆာင္ကေန ကာတာ ေမြးလာမယ္႕ကေလးအတြက္လည္း အက်ိဳးျပဳႏိုင္ပါေစ။ ထိုမွတဖန္ တစ္ေလာကလံုးေကာင္းက်ိဳးကို ေရွ႕ရႈေနထုိင္ႏိုင္ပါေစ။
.
ခင္မင္ျခင္းမ်ာစြာျဖင္႕
.
07-22-2015
.
Unicode Version:
.
.
“ စိတ်တအားပူတဲ့ရုရှားသူ ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
“ ကျွန်မအလုပ်ဖြုတ်ခံရတော့မယ်ထင်တယ် ”
“ ဘာဖြစ်လို့လဲ ”
.
.
“ ဟုတ်တယ်။ ဒီနေ့တော့ ကျွန်မအလုပ်ဖြုတ်ခံရတော့မယ်။ မနက်တုန်းက ကြီးကြပ်ရေးမှူး - Supervisor က တစ်ယောက်ချင်း - One on One စကားခေါ်ပြောတယ်လေ ”
.
“ ဘာတွေပြောကြလို့လဲ ”
.
.
“ ပြောတာကတော့စုံနေတာပါပဲ။ တစ်လောက ကျွန်မအလုပ်ပျက်တဲ့အကြောင်းလည်းပါတယ်။ ဒီနေ့သင်နေတဲ့ ထရိန်နင်လည်းပါတယ်။ အတင်းကြီးပြောနေတာ .. ဘယ်လိုမှပြန်ပြောလို့မရဘူး ”
.
“ ခင်များပြောချင်ရင်တော့ပြောပြလေ။ မပြောချင်ရင်လည်းရတယ်။ ဒါပေမယ့် အလုပ်ခွင်မှာတော့ မငိုပါနဲ့ဗျာ ”
.
.
“ အေးပါ။ ကျွန်မက ကိုယ်ဝန် ( ၇ ) ပတ် ရှိနေတာလေ။ ပြီးခဲ့တဲ့ ( ၂ ) ပတ်က ကလေးပျက်ကျ - Miscarriage ဖြစ်ချင်လို့လားမသိဘူး .. ဗိုက်နာလို့ ဆေးရုံရောက်သွားတယ်။ နောက်တစ်နေ့မနက်ကျတော့အလုပ်မတက်နိုင်ဘူး။ ဒါနဲ့ သတိလည်းရရော ဖုန်းခေါ်တော့ ( ၁၁ ) နာရီ ထိုးနေပြီ။ နောက်နေ့လည်း မသက်သာပြန်ဘူးလေ။ နောက်နေ့ကျတော့ အီးမေးလ်လိပ်စာရှာပြီး ကြီးကြပ်ရေးမှူးကို ပို့လိုက်တယ်။ အဲဒါကို ပထမရက်က အလုပ်မတက်ခင်ဖုန်းမဆက်လို့ အကြောင်းမကြား-အလုပ်ပျက် - No Call-No Show တဲ့လေ ”
.
“ ခင်များက မနက် ( ၁၁ ) နာရီတုန်းက ဖုန်းဆက်သေးတယ်ဆို ”
.
.
“ ဟုတ်တယ်လေ။ ဒါပေမယ့် ဆက်တာနောက်ကျတော့ အကျုံးမဝင်ဘူးလို့ပြောတယ်။ နောက်နေ့အီးမေးလ်ပို့တာရောပဲ .. လုပ်ရိုးလုပ်စဉ်အတိုင်းမလုပ်လို့တဲ့။ နောက်တစ်ရက်အလုပ်ပြန်တက်တော့ ဆေးရုံက ဆရာဝန်ဆေးလက်မှတ်ယူလာသေးတယ်။ အဲဒါကိုလည်း ပြလိုက်တယ် ”
“ အဲဒီတော့ ဘာပြောလဲ ”
.
.
“ ကုမ္ပဏီရဲ့စည်းမျဉ်းနဲ့မကိုက်ဘူးလို့ပဲ တွင်တွင်ပြောနေတယ်။ အဲဒါနဲ့ကျွန်မလည်းဆက်ရှင်းပြတယ် .. အဲဒီနေ့မတိုင်ခင် ကျွန်မက သေမလား ရှင်မလား မသိဘူး။ ယောက်ျားကလည်း ကျွန်မဖုန်းထဲက အလုပ်ရဲ့ဖုန်းနံပါတ်ကို မသိဘူးလို့..။ နည်းနည်းနေကောင်းလာလို့ဆက်တော့ နောက်ကျနေတာပေါ့။ တကယ့်အရေးပေါ်ဆိုရင် ဘယ်လိုလုပ်မလဲ ”
.
“ နောက်ထပ်ရော ဘာပြောသေးလဲ ”
.
.
“ ကျွန်မဒီနေ့သင်တဲ့အလုပ်သင်တန်းမှာ ထရိန်နာရဲ့စကားနားမထောင်ဘူးတဲ့။ ခုနကလာသွားတဲ့ ခေါင်းဆောင် - Lead က သွားတိုင်လား မသိဘူး။ ကြီးကြပ်ရေးမှူးကပြောတယ် .. ထရိန်နာသင်တဲ့အတိုင်းလိုက်နားထောင်ပါတဲ့ ”
.
.
ကျွန်တော်သူပြောတာကို နားထောင်ရင်း သူ့ကိုအပြစ်မဆိုနိုင်သလို အားပေးဖို့လည်း မစွမ်းသာဘူး ဖြစ်နေခဲ့တယ်။ သူ့နာမယ်က ကာတာ - Carter ၊ ခွဲထွက်ရုရှားနိုင်ငံထဲက ဥဇဘက်ကစ္စတန်နိုင်ငံသူတစ်ဦး၊ အမေရိကန်ရောက်တာ ( ၁ဝ ) နှစ်ရှိနေပြီး အမေရိကန်နိုင်ငံသားတစ်ယောက်နဲ့လက်ထပ်ထားတယ်။ 
.
သူ့ယောက်ျားနဲ့လက်ထပ်တဲ့အချိန်မှာ သူလည်း အမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်နေပါပြီ။ အလုပ်လုပ်တဲ့နေရာနဲ့ သူနေတဲ့ ဆီနလီဆန်ဟိုဆေး - San Jose မြို့နဲ့ဆိုရင် ကားတစ်နာရီကျော်မောင်းရတယ်။ အင်္ဂလိပ်စကားအရာမှာ ကျွမ်းကျင်စွာပြောနိုင်ပြီး ဦးခေါင်းတစ်ခုလုံးကို ဆံပင်အဝါဆိုးထားသူတစ်ယောက်ပါ။
.
.
သူ့ယောက်ျားက သူ့အိမ်နဲ့နီးတဲ့ ဆန်တာကလားရာ - Santa Clara မြို့ရဲ့ကုမ္ပဏီတစ်ခုမှာ ငွေရတဲ့ လူ့အရင်းအမြစ်ဋ္ဌာန - Human Resource Department မှာ အလုပ်လုပ်ပါတယ်။ ဒါကြောင့် ကာတာ ဟာ HR စည်းမျဉ်းတွေကို သူများထက်ပိုပြီး ကြိုသိနေတယ်။ အခုလက်ရှိအလုပ်မှာ ကာတာ က ဝင်တာမကြာသေးတော့ အမြဲခန့်ဝန်ထမ်း - Permanent မဖြစ်သေးဘူး။ ဒါကြောင့် သူရဲ့နာရီစားလစာ - Paycheck ကို ပွဲစားကုမ္ပဏီ - Agent က ကိုင်တယ်။ ဒီအနေအထားမျိုးကို အမေရိကားမှာ ယာယီ - Temp လို့ခေါ်ပါတယ်။
.
Temp တစ်ယောက်ရဲ့ အားနည်းချက်က အလုပ်အချိန်မရွေးပြုတ် - Fired ဖြစ်နိုင်တယ်။ ကုမ္ပဏီအလုပ်မကောင်းလို့ လူလျှော့ - Layoff ဖြစ်နိုင်သလို ကိုယ်ကမလိုက်နိုင်လို့ ဒါမှမဟုတ် အမှားတစ်ခုခုလုပ်မိရင် အလုပ်ပြုတ်နိုင်တယ်။ အေးဂျင့်က  “ ခင်များ မနက်ဖြန်အလုပ်မသွားနဲ့တော့ ” ဆိုတဲ့ဖုန်းဆက်မှာကို အမေရိကားမှာအကြောက်ဆုံးပဲ။ 
.
ဒါကြောင့် အလုပ်ဝင်ပြီး ( ၃ ) လတန်သည် ( ၄ ) လတန်သည် အချိန်တစ်ခုရောက်ရင် ကုမ္ပဏီက တိုက်ရိုက်ကွပ်ကွဲတဲ့ အမြဲတမ်းဝန်ထမ်းအဆင့်ကို ကူးပြောင်း - Converted ဖြစ်ဖို့ မျှော်လင့်ကြတယ်။ ဒါက အမေရိကားမှာ ထုံးစံတစ်ခုလို ဖြစ်နေပါတယ်။
.
.
အခု ကာတာ့ကိစ္စမှာ သူ့ဘက်ကသူပြောတာမှန်သလို ကြီးကြပ်ရေးမှူးလည်း မမှားပါဘူး။ မိန်းကလေးဘက်ကပြောရင် ကိုယ်ဝန်ဆောင်ထားရတာ သူ့ဘဝရဲ့သားဦးဆိုတော့ အရေးကြီးလွန်းလှပြီပေါ့။ ကြီးကြပ်ရေးမှူးဘက်ကနေစဉ်းစားကြည့်ရင်လည်း အလုပ်တက်မမှန်တဲ့ Temp တစ်ယောက်ကို ထိန်းကျောင်းပဲ့ပြင်ရမှာ သူ့တာဝန်ပဲလေ။ 
.
အလုပ်မတက်နိုင်ရင် ဖျားနာခွင့် - Sick Call ခေါ်ဖို့ အလုပ်မတက်ခင် ( ၁ ) နာရီအလိုမှာ ဖုန်းခေါ်ထားရမယ်။ ဒါမှ ခွင့်တိုင်ထားတဲ့စာရင်းထဲဝင်ပြီး သတိပေးစကားအပြောမခံရမှာဖြစ်ပါတယ်။
.
နောက်တစ်ခုက ထရိန်နာစကားကိုနားမထောင်တဲ့ကိစ္စ။ ကျွန်တော်သူ့ကို စသင်ပေးတဲ့အခါ သတိထားမိတယ်။ လိုက်နာရမယ့်စာရွက်စာတမ်းတွေနဲ့ပတ်သက်ပြီးပြသနာမရှိပေမယ့် ကျွန်တော်ရှင်းပြတဲ့အခါမှာ သူကစိတ်ဝင်စားမှုမပြဘူး။ တစ်ခုခုပြောလိုက်ရင် သူသိပြီးသား .. တတ်ပြီးသားလို့ စိတ်ထဲမှာအမြဲထင်နေတယ်။ ဒါတောင် ကျွန်တော်က ကုမ္ပဏီကဖွင့်ပေးတဲ့ ဆရာအတတ်သင်ပရိုဂရမ် - Train the Trainer Program တက်ထားဖူးတော့ ဘယ်လိုလူစားကို ဘယ်နည်းဘယ်လမ်းနဲ့သင်ပေးရမယ်ဆိုတာကို ကြိုလေ့လာခွင့်ရထားတယ်။
.
.
ကာတာ က ကုန်ပစ္စည်းနမူနာတွေကိုကိုင်တွယ်တဲ့အခါ ကျွန်တော်ပြတဲ့အတိုင်းမလုပ်ဘူး။ သူကြိုက်သလို ပြောင်းလုပ်မယ်လို့ပြောတယ်။ ဒါနဲ့ ခေါင်းဆောင်ဝင်လာကြည့်သွားပြီး ကြီးကြပ်ရေးမှူးကို သတင်းသွားပို့ပုံရတယ်။ ဒီအကြောင်း ( ၂ ) ခု ဆုံလာရုံတင်မကဘူး .. ဆရာဝန်ရဲ့ဆေးစာမှာ ကာတာ ကို ဓါတုဗေဒပစ္စည်းတွေထိတွေ့တဲ့အလုပ်ပတ်ဝန်းကျင်နဲ့ဝေးဝေးနေဖို့ပြောထားတော့ အလုပ်သမားအချိန်ဇယားဆွဲတဲ့ ကြီးကြပ်ရေးမှူးကို နှာခေါင်းမွှေးသွားဆွဲတာနဲ့ တူနေတယ်လေ။
.
အမေရိကန်မှာရှိတဲ့ Supervisor တစ်ယောက်ရဲ့ဒုက္ခဆိုတာ မြန်မာနိုင်ငံကလွှတ်တော်ဥက္ကဋ္ဌပြောပြောနေတဲ့ဒုက္ခထက်တော့မလျော့ပါဘူး။ ဒါပေမယ့် ပြောဆိုဆက်ဆံပုံ နဲ့ တန်းတူညီမျှရေးရှေ့ထားဖို့လိုတယ်။ ဘက်လိုက်မှု - Bias ကင်းရှင်းရမယ်။ အမျိုးသမီးတွေအပေါ်ဆို သက်သက်ညှာညှာဆက်ဆံရမယ်။ နှာဘူးကျလို့လည်းမဖြစ်ပြန်ဘူး။ အထူးသဖြင့် ကိုယ်ဝန်ဆောင်အလုပ်သမားဆိုရင် ကိုယ့်အိမ်သူအိမ်သားကဲ့သို့ ပြုမူဆက်ဆံရတယ်။
.
.
ကာတာ နဲ့ စကားပြောရင်း သူက ငိုချင်သလို ရှိုက်လိုက်ရှိုက်လိုက်လုပ်နေလို့ ကျွန်တော်က မငိုဖို့တားလိုက်တယ်။ နောက်တော့ သူ့ကို စကားတစ်ခွန်းလက်ဆောင်ပေးဖို့ ကြိုးစားလိုက်တယ်။ ပြီးတော့ သူ့ကြိုစားမှုက ကောင်းမွန်ကြောင်းနဲ့ ကြီးကြပ်ရေးမှူးကို သူ ကျွန်တော့နားကကောင်းကောင်းသင်ယူကြောင်း ချီးမွမ်းစကား - Credit ပေးဖို့ ပြောပေးမယ်လို့ပြောလိုက်တယ်။
.
“ ကဲ .. ကာတာ ရေ..။ အလုပ်လာတဲ့အခါ ကိုယ်ကြုံရမှာက တစ်ရက် ( ၈ ) နာရီပဲ။ ဒီတော့ အလုပ်မှာအလုပ်နဲ့တူအောင်လုပ်၊ ကြိုးစား။ အိမ်ကပြသနာလည်းအလုပ်မယူလာနဲ့။ အလုပ်ကမပြေလည်မှုကိုလည်း အိမ်ယူသွားပြီး အိမ်သူအိမ်သားတွေကို မမာန်မဲနဲ့။ အဲဒါတွေအပြင် ဘယ်သူဘာပြောပြော အလုပ်ကိစ္စလို့ပဲသဘောထား။ ထစ်ကနဲဆို မခံစားလိုက်နဲ့။ ကိုယ့်ဘဝရဲ့မဖြစ်မနေအခြေအနေ ( ကိုယ်ရေးကိုယ်တာ ) အနေနဲ့ လက်မခံလိုက်နဲ့။ ဒါတွေအားလုံးကိုချုပ်ပြောရရင် - Don’t Take It Personal ပေါ့ကွာ ” …  ဆိုပြီး တစ်ချိန်က ကျွန်တော်အလုပ်လုပ်ခဲ့တဲ့ ညပိုင်းကြီးကြပ်ရေးမှူး ကျွန်တော့ကိုပြောပြခဲ့တာလေးကို လက်ဆင့်ကမ်းလိုက်မိတယ်။
.
.
ဒီစကားကြားပြီးတဲ့နောက်မှာ ကာတာ ဟာ ငိုမယ့်ပုံအလျဉ်းမရှိတော့ဘူး။ ကျွန်တော်ပျော်တယ်။ သူပြုံးလာတယ်။ ကျွန်တော် ပိုကျေနပ်တယ်။ ကျွန်တော့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို အားပေးစကားပြောနိုင်ခဲ့တယ်။
.
အခုအချိန်လောက်ဆို သူအိမ်ပြန်ရောက်ပြီး သူ့ယောက်ျားနဲ့ “ Don’t Take It Personal ” ဆိုတဲ့ အကျိုးရှိတဲ့စကားကို ဆွေးနွှေးနေလောက်ပါပြီ။ ဒီလက်ဆောင်ကနေ ကာတာ မွေးလာမယ့်ကလေးအတွက်လည်း အကျိုးပြုနိုင်ပါစေ။ ထိုမှတဖန် တစ်လောကလုံးကောင်းကျိုးကို ရှေ့ရှုနေထိုင်နိုင်ပါစေ။
.
ခင်မင်ခြင်းမျာစွာဖြင့်
.
07-22-2015
.
“ စိတ္တအားပူတဲ႕ရုရွားသူ ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ စက္တင္ဘာလ ( ၃ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၅ဝ ) ၊ စာမ်က္ႏွာ ( ၃၇ ) တြင္ ေဖာ္ျပပါရွိသည္။






No comments: