ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, January 26, 2019

ပင္လယ္ေရဘယ္သူေသာက္ေသာက္

ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)
လက္ကိုင္ဖုန္းတစ္လံုးရွိရံုနဲ႕ လူတိုင္းစာေရးလို႕ရတယ္။ စာလံုးေပါင္းမွန္တာဂရုစိုက္လည္း ဒီစာပဲ ဂရုမစိုက္လည္း ဒီစာပဲ။ ကိုယ္႕ရဲ႕ဘာသာကုိထိန္းသိမ္းဖို႕ ကိုယ္႕မွာပဲ တာဝန္ရွိတယ္။ ကုိယ္႕လမ္းကိုကိုယ္ေလွ်ာက္ ပင္လယ္ေရဘယ္သူေသာက္ေသာက္ . .

စိတ္ကူးေကာင္းေလးရွိရင္ အျပင္ေတြဘာေတြထြက္လည္လို႕ရတယ္။ ကိုယ္႕ဆီကထြက္တဲ႕အမိႈက္ကိုပစ္ခ်လည္း ဒီကမၻာၾကီးပဲ မပစ္ခ်လည္း ဒီကမၻာၾကီးပဲ။ ကုိယ္႕ကမၻာကိုကိုယ္ အမိႈက္မပစ္ခ်ဖို႕ ႏိုင္ငံၾကီးသားတိုင္းမွာတာဝန္ရွိတယ္။ ကုိယ္႕လမ္းကိုကိုယ္ေလွ်ာက္ ပင္လယ္ေရဘယ္သူေသာက္ေသာက္ . .

အမွန္ျမင္တတ္တဲ႕အသိစိတ္ရွိရင္ လူသားေတြကိုကူညီလို႕ရတယ္။ ကုိယ္႕ဘဝရဲ႕အေတြ႕အၾကံဳေတြေျပာျပလည္း ဒီခရီးပဲ မေျပာျပလည္း ဒီခရီးပဲ။ ေနာင္လာေနာက္သားေတြကိုလက္ဆင္႕ကမ္းျခင္းက လူ႕တန္ဖိုးတက္ေစဖို႕ တာဝန္တစ္ခုလို႕ဆိုၾကတယ္။ ကုိယ္႕လမ္းကိုကိုယ္ေလွ်ာက္ ပင္လယ္ေရဘယ္သူေသာက္ေသာက္ . .

ေမြးရာကေနၾကီး၊ ၾကီးရာကေနရင္႕၊ ရင္႕ရာကေနေၾကြ တစ္ခ်ိန္မွာလူတုိင္းေသၾကရမွာမလဲြ။ လူသားထုေကာင္းက်ိဳးလုပ္လည္း ဒီတစ္သက္ပဲ ဆုိးက်ိဳးလုပ္ျပီးဖ်က္ဆီးလည္း ဒီတစ္သက္ပဲ။ ကုိယ္႕ဘဝရဲ႕အဆံုးအျဖတ္ကို ဘယ္လိုဇာတ္သိမ္းမလဲဆိုတာ ကိုယ္႕မွာပဲ တာဝန္ရွိတယ္။ ကုိယ္႕လမ္းကိုကိုယ္ေလွ်ာက္ ပင္လယ္ေရဘယ္သူေသာက္ေသာက္ . .

"ကုိယ္႕လမ္းကိုကိုယ္ေလွ်ာက္ ပင္လယ္ေရဘယ္သူေသာက္ေသာက္" ဆိုတာ ေကာင္းတဲ႕ဘက္ကယူရင္ ေကာင္းတဲ႕ရလဒ္ထြက္ႏုိင္တယ္။ မေကာင္းတဲ႕အလုပ္လုပ္ျပီး ေကာင္းခ်င္လို႕မရတဲ႕ေလာကမွာ တရားျပနားခ်မယ္႕ Facebook ေလာကၾကီးကရွိေနပါတယ္။ ဒီေတာ႕ မိတ္ေဆြ . . ထပ္ေျပာလုိက္မယ္ ကုိယ္႕လမ္းကိုကိုယ္ေလွ်ာက္ ပင္လယ္ေရဘယ္သူေသာက္ေသာက္ . . ဘယ္ပင္လယ္ ဘယ္ခရီးေပါက္ေပါက္။

ခင္လ်က္
ကုိညီညီ (ေတာင္ၾကီး)
01-26-2019

Unicode Version:

"ပင်လယ်ရေဘယ်သူသောက်သောက်"
          လက်ကိုင်ဖုန်းတစ်လုံးရှိရုံနဲ့ လူတိုင်းစာရေးလို့ရတယ်။ စာလုံးပေါင်းမှန်တာဂရုစိုက်လည်း ဒီစာပဲ ဂရုမစိုက်လည်း ဒီစာပဲ။ ကိုယ့်ရဲ့ဘာသာကိုထိန်းသိမ်းဖို့ ကိုယ့်မှာပဲ တာဝန်ရှိတယ်။ ကိုယ့်လမ်းကိုကိုယ်လျှောက် ပင်လယ်ရေဘယ်သူသောက်သောက် . . 

          စိတ်ကူးကောင်းလေးရှိရင် အပြင်တွေဘာတွေထွက်လည်လို့ရတယ်။ ကိုယ့်ဆီကထွက်တဲ့အမှိုက်ကိုပစ်ချလည်း ဒီကမ္ဘာကြီးပဲ မပစ်ချလည်း ဒီကမ္ဘာကြီးပဲ။ ကိုယ့်ကမ္ဘာကိုကိုယ် အမှိုက်မပစ်ချဖို့ နိုင်ငံကြီးသားတိုင်းမှာတာဝန်ရှိတယ်။ ကိုယ့်လမ်းကိုကိုယ်လျှောက် ပင်လယ်ရေဘယ်သူသောက်သောက် . . 

           အမှန်မြင်တတ်တဲ့အသိစိတ်ရှိရင် လူသားတွေကိုကူညီလို့ရတယ်။ ကိုယ့်ဘဝရဲ့အတွေ့အကြုံတွေပြောပြလည်း ဒီခရီးပဲ မပြောပြလည်း ဒီခရီးပဲ။ နောင်လာနောက်သားတွေကိုလက်ဆင့်ကမ်းခြင်းက လူ့တန်ဖိုးတက်စေဖို့ တာဝန်တစ်ခုလို့ဆိုကြတယ်။ ကိုယ့်လမ်းကိုကိုယ်လျှောက် ပင်လယ်ရေဘယ်သူသောက်သောက် . . 

          မွေးရာကနေကြီး၊ ကြီးရာကနေရင့်၊ ရင့်ရာကနေကြွေ တစ်ချိန်မှာလူတိုင်းသေကြရမှာမလွဲ။ လူသားထုကောင်းကျိုးလုပ်လည်း ဒီတစ်သက်ပဲ ဆိုးကျိုးလုပ်ပြီးဖျက်ဆီးလည်း ဒီတစ်သက်ပဲ။ ကိုယ့်ဘဝရဲ့အဆုံးအဖြတ်ကို ဘယ်လိုဇာတ်သိမ်းမလဲဆိုတာ ကိုယ့်မှာပဲ တာဝန်ရှိတယ်။ ကိုယ့်လမ်းကိုကိုယ်လျှောက် ပင်လယ်ရေဘယ်သူသောက်သောက် . . 

           "ကိုယ့်လမ်းကိုကိုယ်လျှောက် ပင်လယ်ရေဘယ်သူသောက်သောက်" ဆိုတာ ကောင်းတဲ့ဘက်ကယူရင် ကောင်းတဲ့ရလဒ်ထွက်နိုင်တယ်။ မကောင်းတဲ့အလုပ်လုပ်ပြီး ကောင်းချင်လို့မရတဲ့လောကမှာ တရားပြနားချမယ့် Facebook လောကကြီးကရှိနေပါတယ်။ ဒီတော့ မိတ်ဆွေ . . ထပ်ပြောလိုက်မယ် ကိုယ့်လမ်းကိုကိုယ်လျှောက် ပင်လယ်ရေဘယ်သူသောက်သောက် . . ဘယ်ပင်လယ် ဘယ်ခရီးပေါက်ပေါက်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)

01-26-2019

No comments: