ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, July 12, 2021

"https://www.talkenglish.com/" ကို နှိပ်လိုက်ပါ

 

#KNNTgi


"https://www.talkenglish.com/" ကို နှိပ်လိုက်ပါ
သာမန် အင်္ဂလိပ်စာကို စိတ်ဝင်စားသူ၊ ရထားတဲ့ဘွဲ့နဲ့ ကာလဝေးကွာ အင်္ဂလိပ်စာ ပြန်မလေ့လာဖြစ်သူ၊ မေ့နေသမျှ အင်္ဂလိပ်စကားပြော ပြန်ရချင်သူ၊ အမေရိကန်အသံထွက်နဲ့ အမေရိကန်အသုံးအနှုန်းတွေကို လူကြီး၊ လူရွယ်၊ လူငယ်ပါမကျန် လိုက်မီနိုင်မယ့် Free Web Based English Teaching Site တစ်ခုကို စမ်းသပ်ပြီး အိမ်မှာနေတဲ့ မိခင်တို့၊ ဖခင်တို့ ပြန်ကြိုးစားကြည့်ကြရအောင်။
.
ဒီစာမျက်နှာရဲ့ အားသာချက်က
-App တစ်ခုသီးသန့်အဖြစ် ဖုန်းထဲမှာ ရှိနေဖို့မလိုတာ
-ဘယ်လိုဖုန်းမျိုးမှာမဆို အင်တာနက်ရှိရုံနဲ့ ဖွင့်နိုင် လေ့ကျင့်နိုင်တာ
-အသံထွက် Player ပါဝင်လို့ လိုက်ပြောကြည့်နိုင်တာ
-Play ချင်ရင် အပြာရောင် Highlight စာကြောင်းကိုနှိပ်တာနဲ့တင် အမေရိကန်အသံနဲ့ ဖတ်ပြတာ
-အသံဖိုင်ရဲ့အောက်မှာ ဘာကိုဖတ်နေတယ်ဆိုတာ တပြိုင်တည်းလိုက်ကြည့်နိုင်တာ
-အခမဲ့ဖြစ်လို့ မကျွမ်းကျွမ်းအောင် အကြိမ်ကြိမ် ဆရာမလိုဘဲ လေ့ကျင့်နိုင်တာ
-နေ့စဉ်ဘဝရဲ့ အမေရိကားအသံတွေကို စာမျက်နှာတစ်ခုထဲမှာ ကြားနိုင်တာ တို့ဖြစ်ပါတယ်




ဒီစာမျက်နှာရဲ့ အားနည်းချက်က
-Google ပလက်ဖောင်းပေါ်မှာသုံးထားလို့ ကြော်ငြာဝင်နေတာ
-မှားယွင်းနှိပ်ပြီး သင်ခန်းစာမဟုတ်တာတွေကို ‌ရောက်သွားနိုင်တာ
-ဖုန်းသုံးနေကျမဟုတ်သူက Home Screen Shortcut မလုပ်ထားတတ်တာ
-App တစ်ခုမဟုတ်တော့ လိုချင်တဲ့အချိန် ပြန်မရှာတတ်တာ စတဲ့ ပြင်ဆင်ရလွယ်တဲ့ အခက်အခဲအသေးစားလေးတွေသာ ဖြစ်ပါတယ်။

.
ကျွန်တော့ကို အင်္ဂလိပ်စာ ဘယ်လိုလေ့လာရမလဲဆိုပြီး လာမေးတဲ့သူ ရာနဲ့ချီ ရှိပါတယ်။ ကျွန်တော်ရှာဖွေသိရှိထားတာကို ‌လိုက်လုပ်တဲ့သူက ၅% ပဲ ရှိနေတာကြောင့် ကျွန်တော်ဆက်လက်လမ်းပြပေးဖို့ တချိန်တုန်းက လက်‌ရှောင်နေခဲ့တယ်။ အခုကျတော့ အခြေအနေက မတူတော့ဘူး။




-ကပ်ရောဂါကြောင့် အိမ်ထဲမှာ နေရခြင်း
-စစ်အာဏာရှင်ကြောင့် အိမ်ထဲမှာနေရခြင်း
-သားသမီးတွေအတွက် အိမ်ထဲမှာနေရခြင်း
-အင်တာနက်ဝိုင်ဖိုင်သုံးနိုင်ဖို့ အိမ်ထဲမှာနေရခြင်း
ဒီ ခြင်း ၄ ခြင်းကြောင့်
လူ ၁ဝဝ မှာ မိခင်တို့၊ ဖခင်တို့ ၁ဝ ဦးလောက်သာ လိုက်လုပ်ကြပြီး
ဒီအခမဲ့ ဝဘ်ဆိုက်လေးကို အသုံးပြုလို့ အမေရိကန်အင်္ဂလိပ်စာကို
အဆင့်တစ်ခုမြင့်နိုင်ကြမယ်လို့ မျှော်လင့်မိတာကြောင့်
အသေးစိတ် စာနဲ့ ပုံနဲ့ ညွှန်ကြားချက်တွေနဲ့ တင်ပေးလိုက်ပါတယ်။
.
တကယ်လိုက်လုပ်မလုပ်ကတော့ ၂ လ စောင့်ကြည့်ပါမယ်။ ဒီ ၂ လ ထဲမှာ #KNNTgi လမ်းညွှန်တာ အကျိုးမရှိဘူးဆိုရင် ရပ်တန်းက ရပ်လိုက်ပါမယ်။




မျှော်မှန်းထားသလောက် အနည်းဆုံး အရည်အတွက်အထိ လိုက်လုပ်ခဲ့ရင်တော့ နောက်ပိုင်း ရှာဖွေတွေ့ကြည့်တဲ့ လွယ်ကူပြီး အတတ်မြန်တဲ့ အမေရိကန်အင်္ဂလိပ်စာ Self-Study ကုသိုလ်အလုပ်ကို ဆက်လက်လုပ်ဆောင်ချင်ပါတယ်။
.
ဆက်လက်မလုပ်ဖြစ်ကတော့ အခုကနေ နောက် ၂ လ အတွင်း မိခင်တို့၊ ဖခင်တို့ အပေါ်မှာသာ #KNNTgi ကို ဘယ်လိုပြန်ပြောပြသလဲအပေါ်မှာသာ မူတည်ပါတယ်။
.
.
"အခမဲ့" ဖြစ်လို့ မလေးစားသူတွေ အများကြီး ကျွန်တော်တွေ့ဖူးပါတယ်။ ကျွန်တော်ကတော့ "အခမဲ့ပေးတာကို ပိုလေးစားတယ်"။ ဒီ "အခမဲ့" ရဲ့နောက်ကွယ်မှာ နှောင်ကြိုးမဲ့ပြီး အများအကျိုးပြုတဲ့ ဖြူစင်တဲ့ လက် ၂ ဖက် အမြဲယှက်တွယ်ရင်း ကူညီနေသူ ရှိနေတယ်ဆိုတာကို ကျွန်တော်သိနေလို့ပါပဲ။
.
ဒီပို့စ်ကို Announcement မှာ ၂ လတိတိ Pin ချိတ်ထားပါမယ်။ ဒါမှ တိုးတက်မှုမှန်သမျှကို မှတ်ချက်လာပေးနိုင်ဖို့ မိခင်တို့၊ ဖခင်တို့ ရှာရလွယ်ဖို့ ဖြစ်ပါကြောင်း။
.
#KNNtgi
07-11-2021

No comments: