ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, April 1, 2016

လူမ်ိဳးျခားနာမယ္မ်ားနဲ႕အသံထြက္မပီျခင္းအရႈပ္ေတာ္ပံု

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး ).
ကြ်န္ေတာ္ ဒီဘက္ႏုိင္ငံမေရာက္ခင္ကတည္းက ဘုိအစစ္ေတြနဲ႕ အဆက္အသြယ္ရွိခဲ႕တယ္။ မွတ္မွတ္ရရ ဆီနိတ္တာ ဘရက္အိုဘားမား သမၼတရာထူးအတြက္ အျပင္းအထန္မဲဆြယ္ေနတုန္းကေပါ႕။ မတူတာကိုမွေရြးလုပ္တတ္တဲ႕ အေမရိကန္လူမ်ိဳးေတြ ဟုိးေရွးတစ္ခ်ိန္တုန္းက အလုပ္ၾကမ္းခိုင္းဖို႕ တင္သြင္းလာတဲ႕လူမည္းေသြးပါသူကို ႏုိင္ငံ႕အၾကီးအကဲေျမွာက္မယ္တကဲကဲလုပ္ေနတုန္းက ကြ်န္ေတာ္က သူ႕ကုိ သမၼတျဖစ္မယ္လို႕ ေျပာခဲ႕တယ္။ အမွန္က သူ႕နာမယ္ အိုဘားမား ျဖစ္ေနကတည္းက ၾကိဳက္ေနျပီးသားပါ။ “ O ” မင္း မစြမ္းျဖစ္ေနတဲ႕ “ Burma ” ကုိ ကယ္မယ္႕သူလို႕ နာမည္အရ ကြ်န္ေတာ္က တြက္ထားခဲ႕တာကိုး..။
.
.
ဒါကို အေမရိကားေရာက္ေတာ႕ ကြ်န္ေတာ္နဲ႕ တစ္သေဘာတည္းရွိတဲ႕ ဘုိ အမ်ိဳးသမီးမန္ေနဂ်ာတစ္ေယာက္နဲ႕ သြားေတြ႕တယ္။ ဒီႏုိ္င္ငံကေက်းဇူးရွိတဲ႕ ကြ်န္ေတာ႕အစ္ကေခၚသြားလို႕ အေမရိကန္ေျမဆီလႊာေပၚနင္းျပီး ပထမဦးဆံုးစကားေျပာျဖစ္တဲ႕ ဘိုမ တစ္ေယာက္ျဖစ္ပါတယ္။ အိုဘားမားကိုဘယ္ေလာက္ၾကိဳက္တယ္ဆုိတာ ကြ်န္ေတာ္နဲ႕သူနဲ႕  အားရပါးရေျပာၾကတယ္။ ဘယ္ေလာက္ပင္ေလ႕က်င္႕ထားေပမယ္႕ နဖူးေတြ႕ ဒူးေတြ႕ေျပာရတဲ႕အခါ ကြ်န္ေတာ႕ႏႈတ္ဖ်ားက က်ိဳးပဲ႕တဲ႕အဂၤလိပ္စကားေတြပဲ ထြက္လာခဲ႕ေပမယ္႕ သူက ခ်ီးက်ဴးခဲ႕တယ္။
.
ကြ်န္ေတာ္အိမ္ျပန္ေရာက္တဲ႕အခါမွာ မန္ေနဂ်ာ ကင္ဘေလ ကို အီးေမးလ္ပို႕ျပီး ေက်းဇူးစကားဆုိခဲ႕တယ္။ ( ၉ ) တန္း ( ၁ဝ ) တန္းက Letter Writing ေရးသလို Dear Madam, လို႕ အစခ်ီျပီးေရးတာေပါ႕ဗ်ာ။ ဒါကုိ သူက အသိအမွတ္ျပဳျပီး ေက်းဇူးတင္တဲ႕အေၾကာင္း အီးေမးလ္ ျပန္လာတယ္။ ကြ်န္ေတာ႕အစ္မကို အဲဒီအီးေမးလ္ ျပေတာ႕ လူၾကီးျဖစ္ေပမယ္႕ စာေရးတဲ႕အခါ Madam လို႕ မသံုးရဘူးလို႕ အစ္မက သင္ေပးပါတယ္။ ဒါဆုိရင္ ကင္ဘေလ ကို စာထဲဘယ္လုိထည္႕ေရးရမလဲဆုိေတာ႕ ကင္ဘေလ လို႕ နာမယ္တပ္ရမယ္လုိ႕ ေျပာတယ္။ ေအာ္ .. ဒါဆို လူခ်င္းေတြ႕ရင္ေရာဆုိေတာ႕ ကင္ဘေလ လို႕ပဲ ေခၚတယ္ တဲ႕..။ “ ဒါဆုိရိုင္းသြားမွာေပါ႕ ” လို႕ ကြ်န္ေတာ္က ေစာတကတက္ေတာ႕ ဒီမွာ နာမည္ကုိအဖ်ားဆြတ္ေခၚမွ ရင္းႏွီးတယ္တဲ႕။ အျပင္မွာလူခ်င္းေတြ႕ရင္ Kimberly ကုိ “ ခင္းဘေလ ” လို႕ ေခၚမွ အသံထြက္မွန္မယ္ဆုိတာကို ေနာက္ပိုင္းမွ သိလာခဲ႕တယ္။
.
.
ကြ်န္ေတာ္တုိ႕ အစ္မအိမ္ေရာက္ခါစက “ စြမ္း ” နဲ႕ သက္တူရြယ္တူ “ စင္းဒီ - Cindy  “ ဆုိတဲ႕ ျမန္မာမေလးတစ္ေယာက္လာလည္တယ္။ ဒီႏိုင္ငံကတူမေလးရဲ႕ေက်ာင္းေနဘက္ မာ႕ခ္ - Mark ဆိုတဲ႕ေကာင္ေလးကို သူ႕ထက္ ( ၁ဝ ) ႏွစ္ေလာက္ငယ္တဲ႕ စင္းဒီက ပိုင္စုိးပုိင္နင္း “ မာ႕ခ္ ” လို႕ တစ္လံုးထဲေခၚတယ္။ ကြ်န္ေတာ္ၾကားေတာ႕ ရင္႕သီးလိုက္တာ .. ဆုိျပီး စိတ္ထဲမွာ ေတာ္ေတာ္နဲ႕ဘဝင္မက်ႏုိင္ဘူး။

.
ေနာက္ေတာ႕ စြမ္း နဲ႕ စကားေျပာတဲ႕အခါ မာ႕ခ္ လုိ႕ ေပးမေခၚပဲ Brother Mark လို႕ ေလးေလးစားစားေခၚခုိင္းၾကည္႕ေတာ႕ သိပ္အဆင္မေျပတာ ေတြ႕ရတယ္။ ေလးစားသလိုေတာ႕ရွိသြားေပမယ္႕ လူမႈဆက္ဆံေရးမွာ တစ္ခုခုလုိေနသလိုပဲ .. ေထာက္ေနတယ္။ ေနာက္ဆံုးေတာ႕ သူတို႕ေခၚသလို “ မာ႕ခ္ ”  လို႕ လိုက္ေခၚရေတာ႕တာပါပဲ။
.
ဒါက ေလးေလးစားစားေခၚဖုိ႕ၾကိဳးစားရင္း နဲ႕ ေနာက္ဆံုး နာမယ္ေရွ႕စာလံုးတစ္လံုးတည္းကိုေခၚရတဲ႕ဘဝေရာက္သြားတဲ႕အေၾကာင္း ေျပာျပတာ။ အခုက ေတာ္ေသးတယ္ နာမယ္တစ္လံုးတည္းမို႕ ေခၚရတာ လြတ္တယ္ .. ကင္းတယ္။ အသိမိတ္ေဆြတစ္ေယာက္က ေျပာျပတာက ဒီလို။ သူတုိ႕အလုပ္မွာ ကရင္လူမ်ိဳးတစ္ေယာက္ရွိတယ္ .. ဒီလိုဆုိေတာ႕ သူ႕နာမယ္က “ ေစာ ” နဲ႕ စတာေပါ႕။ ထူးျခားတာက အလုပ္ထဲမွာလည္း သူ႕နာမယ္ကုိ အဂၤလိပ္နာမည္ ေပၚ - Paul နဲ႕ တြဲထားတာပါ။ ဒါဆိုေတာ႕ သူ႕နာမည္က ေစာေပါ ျဖစ္သြားတာေပါ႕။
.
.
တစ္ရက္မွာ သူ႕အလုပ္က ဘုိလို သိပ္မပီတဲ႕ နီေပါမေလးက အေဝးကလွမ္းေခၚတယ္။ ဒါကို ေစာေပါ က မၾကားဘူးေလ။ အဲဒါကို နီေပါမေလးက အက်ယ္ၾကီး ထပ္ျပီးေအာ္ေခၚတယ္။ အားလပ္ခ်ိန္ - Break အခ်ိန္ၾကီးဆုိေတာ႕ ျမန္မာေတြအမ်ားၾကီးျဖတ္သန္းသြားေနတဲ႕အခ်ိန္ .. အသံထြက္မပီတဲ႕ နီေပါမေလးက အေရးတၾကီးလွမ္းေခၚလိုက္တဲ႕အခါ “ S … A … W      P … A … U … L “ အသံကို “ Sawp Paul ” လို႕ ေခၚလိုက္တဲ႕အခါ .. ျမန္မာေတြ ဝါးလံုးကြဲရယ္လုိက္ၾကတာ .. အသံဘယ္လုိထြက္တယ္၊ ဘယ္လုိျဖစ္သြားတယ္ဆိုတာ စာဖတ္သူေတြ ကိုယ္႕ဟာကိုယ္သာ ေအာ္ဖတ္ၾကည္႕ၾကပါေတာ႕။
.
ပိုဆိုးတာက ကြ်န္ေတာ႕နာမယ္။ အဲ .. ျဖစ္တာလည္း အဲဒီ နီေပါမေလးပဲ။ “ ကိုကုိ - Ko Ko ” ကို သူတုိ႕က “ ခိုးခို ” လို႕ ေခၚတယ္။ တစ္ခ်ိဳ႕လည္း “ ကိုးကုိ ” ဒါလည္း ရတာပဲ။ တစ္ခ်ိဳ႕က နာမည္ထိပ္စည္းတပ္ေခၚတယ္ တစ္လံုးတည္း .. ဒါလည္းရတယ္ “ ကို ” ေပါ႕။ တစ္ခ်ိဳ႕က်ေတာ႕ “ ကိုကို ”  လို႕ေခၚတယ္ အသည္းယားစရာၾကီး။ ပိုဆိုးသြားတာက ကြ်န္ေတာ႕ကို နီေပါမေလးက မပီကလာနဲ႕ နာမည္အျပည္႕ေခၚလိုက္တဲ႕အခ်ိန္။ ဘယ္႕ႏွယ္႕ဗ်ာ .. ကိုကိုလြင္ ဆုိ ကိုကိုလြင္ ေပါ႕ .. မဟုတ္ဘူးလား။ သူနဲ႕က်မွ “ ကိုကိုလင္ ” တဲ႕ .. ေသေရာ။ ဒါနဲ႕ သူ႕ကိုေျပာထားရတယ္။ ေနာက္ဆို ငါ႕နာမည္ကုိ ထိပ္စီးပဲေခၚ အျပည္႕မေခၚနဲ႕လုိ႕..။
.
.
နာမယ္ေနာက္ဆံုးစာလံုးကိုေခၚတဲ႕အခက္အခဲကလည္း ေရာဂါတစ္မ်ိဳးဗ် .. ရွိေသးတယ္။ ကြ်န္ေတာ္က စြမ္းကုိ အျပင္ေတြ၊ ေက်ာင္းေတြမွာသြားၾကိဳတဲ႕အခါ စြမ္းသူငယ္ခ်င္းေတြက “ စြမ္း ရဲ႕ အေဖ - Swan’s Dad ” လို႕ ေခၚၾကတယ္။ ဒါက ေလးစားသမႈနဲ႕ ေခၚတာ .. မွန္တယ္ .. အသက္ဝင္တယ္။ ဒါေပမယ္႕ ေက်ာင္းစာရင္းသြင္းတဲ႕ေနရာတုိ႕၊ ေလးေလးစားစား မစၥတာတပ္ျပီးေခၚရတဲ႕အခါမွာ လစ္ေတာ႕တာပဲ။
.
စြမ္းရဲထြဋ္ ရဲ႕ ေနာက္ဆံုးစာလံုး “ Htut ” ကုိ သူတို႕ အသံမထြက္တတ္ဘူးေလ။ အေရးထဲ အေမရိကန္မွာၾကီးတဲ႕ကေလးေတြဆုိေတာ႕ စြမ္းရဲ႕အေဖ ကြ်န္ေတာ႕ကိုလည္း ေနာက္ဆံုးမွာ မ်ိဳးရိုးနာမည္တူတယ္လို႕ပဲ ယူဆၾကတယ္။ သူတို႕ေခၚပံုက “ မစၥတာ ဟထြတ္ - Mr. Htut ” တဲ႕။ ေရးမယ္ဆုိရင္မွန္ေပမယ္႕ ထြဋ္ စာလံုးေပါင္းေရွ႕က “ H ” ကို “ ဟ ” လို႕ ထင္ျပီး ေနာက္က “ tut ” နဲ႕ တြဲျပီးဖတ္လိုက္တာ ကြ်န္ေတာ႕သားနာမည္လည္း သူတုိ႕ပါးစပ္ဖ်ားထဲေရာက္မွ “ စြမ္းရဲဟထြတ္ ” ျဖစ္ရေတာ႕တယ္။
.
.
တစ္ကယ္လို႕ စာဖတ္သူဟာ အေမရိကားေရာက္လုိ႕ ဘိုနာမယ္ယူရင္ တစ္ခ်ိဳ႕နာမယ္ေတြက အဖ်ားဆြတ္ေခၚတာနဲ႕တင္ လုိရင္းကိုမေရာက္ဘူးျဖစ္သြားႏုိင္တယ္။ ဥပမာ - ခရစ္စတိုဖာ - Christopher ဆုိတဲ႕နာမယ္ကုိၾကိဳက္တယ္ဆုိပါေတာ႕ .. ဘယ္သူကမွ ခရစ္စတိုဖာ လုိ႕ အျပည္႕မေခၚဘူး .. “ ခရစ္စ္ - Christ ” လို႕ အဖ်ားဆြတ္ေခၚသံကိုပဲ ၾကားရမယ္။ ဒီထက္ပိုျမင္႕ျပီး သမၼတနာမယ္ ဘန္ဂ်မင္ - Benjamin လို႕ ယူလိုက္တယ္ဆုိရင္ သူတို႕က “ ဘင္း - Ben ” လို႕ တိုေကာက္ေခၚၾကလိမ္႕မယ္။ “ ဂ်က္ေကာ႕ - Jacob ” ဆိုတဲ႕နာမယ္ကုိၾကိဳက္လို႕ထားရင္လည္း သူတို႕က အသံထြက္အမွန္ “ ေဂ်းေကာ႕ဘ္ ” လို႕ ေခၚမွာ ..  ဒါကို ေျပာခ်င္တာ။
.
ဒါေၾကာင္႕ အေမရိကားေရာက္လို႕ အဂၤလိပ္နာမယ္ယူထားသူေတြကို အစပိုင္းတုန္းက အျမင္မရွင္းခဲ႕ဘူး။ နာမည္ပဲေလ .. ကုိယ္႕နာမယ္အမွန္ကို အဂၤလိပ္အသံမဟုတ္ေပမယ္႕ အမွန္ေခၚရမွာေပါ႕၊ ေခၚႏိုင္ရမွာေပါ႕လို႕ ထင္ခဲ႕တယ္။ ဒါေပမယ္႕ တစ္ခ်ိဳ႕ေနရာကလူေတြရဲ႕လွ်ာက ေဒသမတူတာနဲ႕ အသံက ကြဲသြားပါေလေရာ။ ဒါေၾကာင္႕ ျပည္ပေရာက္ျမန္မာေတြ အဲဒီႏုိင္ငံသားခံယူတဲ႕အခါ တစ္ပါတည္းနာမယ္ေျပာင္းလို႕ရတဲ႕ေဖာင္ရဲ႕အကြက္ေလးမွာ ဘို နာမည္ထည္႕ၾကတာကို ေနာက္ပိုင္းမွာ ေလ႕လာမိလာတယ္။ ေပးေျပာင္းတုန္းတစ္ပါတည္းေျပာင္းမွ။ ဒါမွမဟုတ္ စိတ္ကူးေပါက္လုိ႕ ကိုယ္ေျပာင္းခ်င္တဲ႕အခ်ိန္က်မွ အဂၤလိပ္နာမည္ေျပာင္းရင္ စာရြက္စာတမ္းျဖည္႕ရ၊ စာပို႕ရ၊ ေငြသြင္းရ နဲ႕ လြယ္တဲ႕ကိစၥေတာ႕ မဟုတ္ေပဘူး။
.
.
အလုပ္ထဲမွာ ဖဦးထုပ္လူမ်ိဳးအမ်ိဳးသမီးၾကီးတစ္ေယာက္က ျမန္မာလို လိုက္ေျပာရင္း လွ်ာလည္သြားျပီး ေတာ္ေတာ္အရသာေတြ႕လာတယ္။ ျမန္မာတစ္ေယာက္က ဘယ္လုိသင္ေပးလိုက္လဲ မသိဘူး “ ျမန္ျမန္လုပ္ ” နဲ႕ “ လပ္ယားလပ္ယား ” ဆိုတဲ႕ ႏွစ္လံုးကို ေကာင္းေကာင္းတတ္တယ္။ သူက အဲဒီစာလံုးႏွစ္လံုးကို ျမန္မာေတြ႕တုိင္းေျပာတယ္။ ေျပာလိုက္တုိင္းလည္း ကုိယ္႕ဘာသာစကားကိုေျပာတာျဖစ္လို႕ ျမန္မာေတြ ရယ္လိုက္တာ .. ၾကိဳက္ၾကတာေပါ႕။
.
အဲဒီကေန တစ္ဆင္႕တက္ျပီး ဘယ္သေကာင္႕သားက ေနာက္တစ္ခြန္းသင္ေပးလုိက္တယ္ မသိပါဘူူး .. ေနာက္ရက္က်ေတာ႕ နားေနခန္းမွာ ျမန္မာေကာင္ေလးေတြေတြ႕တုိင္း “ ႏွာဘူးၾကီး ” လို႕ လုိက္ေျပာတယ္။ အစကေတာ႕ ရုတ္တရက္ၾကားတာဆုိေတာ႕ ငါ႕ကိုဘယ္သူက ႏွာဘူးၾကီးလုိ႕ေခၚတာလဲလို႕ဆိုျပီး စိတ္တုိၾကတာေပါ႕။ ေနာက္ေတာ႕ ျမန္မာအုပ္စုထဲမွာ ဒီတစ္ခြန္းထဲကိုဘယ္ႏွစ္ခါေျပာေျပာ အားလံုးက သေဘာက်ၾကတယ္။ ဒါနဲ႕ အဲဒီအမ်ိဳးသမီးၾကီးရဲ႕နာမည္လည္း အလုိလုိေနရင္း “ ႏွာဘူးမ ” ျဖစ္သြားေရာ။
.
.
တစ္ရက္က်ေတာ႕ နာမည္ေတြကို အေပ်ာ္သေဘာလိုက္ေခၚရင္း စၾက ေနာက္ၾကတယ္။ အဲဒီေန႕တုန္းကလည္း သူပဲ .. ဟုိလူ႕နာမည္ လုိက္ေခၚလုိက္ .. ရယ္လိုက္။ ဒီလူ႕နာမည္လုိက္ေခၚလုိက္ .. ရယ္လုိက္ နဲ႕။ အဲဒီအခ်ိန္မွာ ျမန္မာတစ္ေယာက္က ထျပီး “ နယ္ရီ .. ခင္မ်ားနာမည္အျပည္႕အစံုကိုဘယ္လုိေခၚလဲ - Narri, what’s your full name?  ” လို႕ ေမးလိုက္ေတာ႕ သူေျဖလိုက္တဲ႕စကားေၾကာင္႕ ျမန္မာတစ္သိုက္ ခြက္ထုိးခြက္လွန္ရယ္ျပီး အားလံုးထြက္ေျပးသြားၾကတယ္ .. ကြ်န္ေတာ္လည္း မေနရဲေတာ႕ဘူး။ သူ႕ကုိ “ နယ္ရီ  - Narri ” လို႕ ပဲ သိတာေလ။ သူေျပာတာက “ My full name is Narri Lisa ” တဲ႕။
.
အဲဒီအခ်ိန္ကေနစျပီး သူ႕နာမည္ကို ဘယ္သူမွ ဆက္မေနာက္ရဲေတာ႕ပါဘူး။
.
ခင္လ်က္
.
04-01-2016
.
.
.
Myanmar Unicode Version:
.
.
“ လူမျိုးခြားနာမယ်များနဲ့အသံထွက်မပီခြင်းအရှုပ်တော်ပုံ ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
ကျွန်တော် ဒီဘက်နိုင်ငံမရောက်ခင်ကတည်းက ဘိုအစစ်တွေနဲ့ အဆက်အသွယ်ရှိခဲ့တယ်။ မှတ်မှတ်ရရ ဆီနိတ်တာ ဘရက်အိုဘားမား သမ္မတရာထူးအတွက် အပြင်းအထန်မဲဆွယ်နေတုန်းကပေါ့။ မတူတာကိုမှရွေးလုပ်တတ်တဲ့ အမေရိကန်လူမျိုးတွေ ဟိုးရှေးတစ်ချိန်တုန်းက အလုပ်ကြမ်းခိုင်းဖို့ တင်သွင်းလာတဲ့လူမည်းသွေးပါသူကို နိုင်ငံ့အကြီးအကဲမြှောက်မယ်တကဲကဲလုပ်နေတုန်းက ကျွန်တော်က သူ့ကို သမ္မတဖြစ်မယ်လို့ ပြောခဲ့တယ်။ အမှန်က သူ့နာမယ် အိုဘားမား ဖြစ်နေကတည်းက ကြိုက်နေပြီးသားပါ။ “ O ” မင်း မစွမ်းဖြစ်နေတဲ့ “ Burma ” ကို ကယ်မယ့်သူလို့ နာမည်အရ ကျွန်တော်က တွက်ထားခဲ့တာကိုး..။
.
.
ဒါကို အမေရိကားရောက်တော့ ကျွန်တော်နဲ့ တစ်သဘောတည်းရှိတဲ့ ဘို အမျိုးသမီးမန်နေဂျာတစ်ယောက်နဲ့ သွားတွေ့တယ်။ ဒီန်ိုင်ငံကကျေးဇူးရှိတဲ့ ကျွန်တော့အစ်ကခေါ်သွားလို့ အမေရိကန်မြေဆီလွှာပေါ်နင်းပြီး ပထမဦးဆုံးစကားပြောဖြစ်တဲ့ ဘိုမ တစ်ယောက်ဖြစ်ပါတယ်။ အိုဘားမားကိုဘယ်လောက်ကြိုက်တယ်ဆိုတာ ကျွန်တော်နဲ့သူနဲ့  အားရပါးရပြောကြတယ်။ ဘယ်လောက်ပင်လေ့ကျင့်ထားပေမယ့် နဖူးတွေ့ ဒူးတွေ့ပြောရတဲ့အခါ ကျွန်တော့နှုတ်ဖျားက ကျိုးပဲ့တဲ့အင်္ဂလိပ်စကားတွေပဲ ထွက်လာခဲ့ပေမယ့် သူက ချီးကျူးခဲ့တယ်။
.
ကျွန်တော်အိမ်ပြန်ရောက်တဲ့အခါမှာ မန်နေဂျာ ကင်ဘလေ ကို အီးမေးလ်ပို့ပြီး ကျေးဇူးစကားဆိုခဲ့တယ်။ ( ၉ ) တန်း ( ၁ဝ ) တန်းက Letter Writing ရေးသလို Dear Madam, လို့ အစချီပြီးရေးတာပေါ့ဗျာ။ ဒါကို သူက အသိအမှတ်ပြုပြီး ကျေးဇူးတင်တဲ့အကြောင်း အီးမေးလ် ပြန်လာတယ်။ ကျွန်တော့အစ်မကို အဲဒီအီးမေးလ် ပြတော့ လူကြီးဖြစ်ပေမယ့် စာရေးတဲ့အခါ Madam လို့ မသုံးရဘူးလို့ အစ်မက သင်ပေးပါတယ်။ ဒါဆိုရင် ကင်ဘလေ ကို စာထဲဘယ်လိုထည့်ရေးရမလဲဆိုတော့ ကင်ဘလေ လို့ နာမယ်တပ်ရမယ်လို့ ပြောတယ်။ အော် .. ဒါဆို လူချင်းတွေ့ရင်ရောဆိုတော့ ကင်ဘလေ လို့ပဲ ခေါ်တယ် တဲ့..။ “ ဒါဆိုရိုင်းသွားမှာပေါ့ ” လို့ ကျွန်တော်က စောတကတက်တော့ ဒီမှာ နာမည်ကိုအဖျားဆွတ်ခေါ်မှ ရင်းနှီးတယ်တဲ့။ အပြင်မှာလူချင်းတွေ့ရင် Kimberly ကို “ ခင်းဘလေ ” လို့ ခေါ်မှ အသံထွက်မှန်မယ်ဆိုတာကို နောက်ပိုင်းမှ သိလာခဲ့တယ်။
.
.
ကျွန်တော်တို့ အစ်မအိမ်ရောက်ခါစက “ စွမ်း ” နဲ့ သက်တူရွယ်တူ “ စင်းဒီ - Cindy  “ ဆိုတဲ့ မြန်မာမလေးတစ်ယောက်လာလည်တယ်။ ဒီနိုင်ငံကတူမလေးရဲ့ကျောင်းနေဘက် မာ့ခ် - Mark ဆိုတဲ့ကောင်လေးကို သူ့ထက် ( ၁ဝ ) နှစ်လောက်ငယ်တဲ့ စင်းဒီက ပိုင်စိုးပိုင်နင်း “ မာ့ခ် ” လို့ တစ်လုံးထဲခေါ်တယ်။ ကျွန်တော်ကြားတော့ ရင့်သီးလိုက်တာ .. ဆိုပြီး စိတ်ထဲမှာ တော်တော်နဲ့ဘဝင်မကျနိုင်ဘူး။
.
နောက်တော့ စွမ်း နဲ့ စကားပြောတဲ့အခါ မာ့ခ် လို့ ပေးမခေါ်ပဲ Brother Mark လို့ လေးလေးစားစားခေါ်ခိုင်းကြည့်တော့ သိပ်အဆင်မပြေတာ တွေ့ရတယ်။ လေးစားသလိုတော့ရှိသွားပေမယ့် လူမှုဆက်ဆံရေးမှာ တစ်ခုခုလိုနေသလိုပဲ .. ထောက်နေတယ်။ နောက်ဆုံးတော့ သူတို့ခေါ်သလို “ မာ့ခ် ”  လို့ လိုက်ခေါ်ရတော့တာပါပဲ။
.
ဒါက လေးလေးစားစားခေါ်ဖို့ကြိုးစားရင်း နဲ့ နောက်ဆုံး နာမယ်ရှေ့စာလုံးတစ်လုံးတည်းကိုခေါ်ရတဲ့ဘဝရောက်သွားတဲ့အကြောင်း ပြောပြတာ။ အခုက တော်သေးတယ် နာမယ်တစ်လုံးတည်းမို့ ခေါ်ရတာ လွတ်တယ် .. ကင်းတယ်။ အသိမိတ်ဆွေတစ်ယောက်က ပြောပြတာက ဒီလို။ သူတို့အလုပ်မှာ ကရင်လူမျိုးတစ်ယောက်ရှိတယ် .. ဒီလိုဆိုတော့ သူ့နာမယ်က “ စော ” နဲ့ စတာပေါ့။ ထူးခြားတာက အလုပ်ထဲမှာလည်း သူ့နာမယ်ကို အင်္ဂလိပ်နာမည် ပေါ် - Paul နဲ့ တွဲထားတာပါ။ ဒါဆိုတော့ သူ့နာမည်က စောပေါ ဖြစ်သွားတာပေါ့။
.
.
တစ်ရက်မှာ သူ့အလုပ်က ဘိုလို သိပ်မပီတဲ့ နီပေါမလေးက အဝေးကလှမ်းခေါ်တယ်။ ဒါကို စောပေါ က မကြားဘူးလေ။ အဲဒါကို နီပေါမလေးက အကျယ်ကြီး ထပ်ပြီးအော်ခေါ်တယ်။ အားလပ်ချိန် - Break အချိန်ကြီးဆိုတော့ မြန်မာတွေအများကြီးဖြတ်သန်းသွားနေတဲ့အချိန် .. အသံထွက်မပီတဲ့ နီပေါမလေးက အရေးတကြီးလှမ်းခေါ်လိုက်တဲ့အခါ “ S … A … W      P … A … U … L “ အသံကို “ Sawp Paul ” လို့ ခေါ်လိုက်တဲ့အခါ .. မြန်မာတွေ ဝါးလုံးကွဲရယ်လိုက်ကြတာ .. အသံဘယ်လိုထွက်တယ်၊ ဘယ်လိုဖြစ်သွားတယ်ဆိုတာ စာဖတ်သူတွေ ကိုယ့်ဟာကိုယ်သာ အော်ဖတ်ကြည့်ကြပါတော့။
.
ပိုဆိုးတာက ကျွန်တော့နာမယ်။ အဲ .. ဖြစ်တာလည်း အဲဒီ နီပေါမလေးပဲ။ “ ကိုကို - Ko Ko ” ကို သူတို့က “ ခိုးခို ” လို့ ခေါ်တယ်။ တစ်ချို့လည်း “ ကိုးကို ” ဒါလည်း ရတာပဲ။ တစ်ချို့က နာမည်ထိပ်စည်းတပ်ခေါ်တယ် တစ်လုံးတည်း .. ဒါလည်းရတယ် “ ကို ” ပေါ့။ တစ်ချို့ကျတော့ “ ကိုကို ”  လို့ခေါ်တယ် အသည်းယားစရာကြီး။ ပိုဆိုးသွားတာက ကျွန်တော့ကို နီပေါမလေးက မပီကလာနဲ့ နာမည်အပြည့်ခေါ်လိုက်တဲ့အချိန်။ ဘယ့်နှယ့်ဗျာ .. ကိုကိုလွင် ဆို ကိုကိုလွင် ပေါ့ .. မဟုတ်ဘူးလား။ သူနဲ့ကျမှ “ ကိုကိုလင် ” တဲ့ .. သေရော။ ဒါနဲ့ သူ့ကိုပြောထားရတယ်။ နောက်ဆို ငါ့နာမည်ကို ထိပ်စီးပဲခေါ် အပြည့်မခေါ်နဲ့လို့..။
.
.
နာမယ်နောက်ဆုံးစာလုံးကိုခေါ်တဲ့အခက်အခဲကလည်း ရောဂါတစ်မျိုးဗျ .. ရှိသေးတယ်။ ကျွန်တော်က စွမ်းကို အပြင်တွေ၊ ကျောင်းတွေမှာသွားကြိုတဲ့အခါ စွမ်းသူငယ်ချင်းတွေက “ စွမ်း ရဲ့ အဖေ - Swan’s Dad ” လို့ ခေါ်ကြတယ်။ ဒါက လေးစားသမှုနဲ့ ခေါ်တာ .. မှန်တယ် .. အသက်ဝင်တယ်။ ဒါပေမယ့် ကျောင်းစာရင်းသွင်းတဲ့နေရာတို့၊ လေးလေးစားစား မစ္စတာတပ်ပြီးခေါ်ရတဲ့အခါမှာ လစ်တော့တာပဲ။
.
စွမ်းရဲထွဋ် ရဲ့ နောက်ဆုံးစာလုံး “ Htut ” ကို သူတို့ အသံမထွက်တတ်ဘူးလေ။ အရေးထဲ အမေရိကန်မှာကြီးတဲ့ကလေးတွေဆိုတော့ စွမ်းရဲ့အဖေ ကျွန်တော့ကိုလည်း နောက်ဆုံးမှာ မျိုးရိုးနာမည်တူတယ်လို့ပဲ ယူဆကြတယ်။ သူတို့ခေါ်ပုံက “ မစ္စတာ ဟထွတ် - Mr. Htut ” တဲ့။ ရေးမယ်ဆိုရင်မှန်ပေမယ့် ထွဋ် စာလုံးပေါင်းရှေ့က “ H ” ကို “ ဟ ” လို့ ထင်ပြီး နောက်က “ tut ” နဲ့ တွဲပြီးဖတ်လိုက်တာ ကျွန်တော့သားနာမည်လည်း သူတို့ပါးစပ်ဖျားထဲရောက်မှ “ စွမ်းရဲဟထွတ် ” ဖြစ်ရတော့တယ်။
.
.
တစ်ကယ်လို့ စာဖတ်သူဟာ အမေရိကားရောက်လို့ ဘိုနာမယ်ယူရင် တစ်ချို့နာမယ်တွေက အဖျားဆွတ်ခေါ်တာနဲ့တင် လိုရင်းကိုမရောက်ဘူးဖြစ်သွားနိုင်တယ်။ ဥပမာ - ခရစ်စတိုဖာ - Christopher ဆိုတဲ့နာမယ်ကိုကြိုက်တယ်ဆိုပါတော့ .. ဘယ်သူကမှ ခရစ်စတိုဖာ လို့ အပြည့်မခေါ်ဘူး .. “ ခရစ်စ် - Christ ” လို့ အဖျားဆွတ်ခေါ်သံကိုပဲ ကြားရမယ်။ ဒီထက်ပိုမြင့်ပြီး သမ္မတနာမယ် ဘန်ဂျမင် - Benjamin လို့ ယူလိုက်တယ်ဆိုရင် သူတို့က “ ဘင်း - Ben ” လို့ တိုကောက်ခေါ်ကြလိမ့်မယ်။ “ ဂျက်ကော့ - Jacob ” ဆိုတဲ့နာမယ်ကိုကြိုက်လို့ထားရင်လည်း သူတို့က အသံထွက်အမှန် “ ဂျေးကော့ဘ် ” လို့ ခေါ်မှာ ..  ဒါကို ပြောချင်တာ။
.
ဒါကြောင့် အမေရိကားရောက်လို့ အင်္ဂလိပ်နာမယ်ယူထားသူတွေကို အစပိုင်းတုန်းက အမြင်မရှင်းခဲ့ဘူး။ နာမည်ပဲလေ .. ကိုယ့်နာမယ်အမှန်ကို အင်္ဂလိပ်အသံမဟုတ်ပေမယ့် အမှန်ခေါ်ရမှာပေါ့၊ ခေါ်နိုင်ရမှာပေါ့လို့ ထင်ခဲ့တယ်။ ဒါပေမယ့် တစ်ချို့နေရာကလူတွေရဲ့လျှာက ဒေသမတူတာနဲ့ အသံက ကွဲသွားပါလေရော။ ဒါကြောင့် ပြည်ပရောက်မြန်မာတွေ အဲဒီနိုင်ငံသားခံယူတဲ့အခါ တစ်ပါတည်းနာမယ်ပြောင်းလို့ရတဲ့ဖောင်ရဲ့အကွက်လေးမှာ ဘို နာမည်ထည့်ကြတာကို နောက်ပိုင်းမှာ လေ့လာမိလာတယ်။ ပေးပြောင်းတုန်းတစ်ပါတည်းပြောင်းမှ။ ဒါမှမဟုတ် စိတ်ကူးပေါက်လို့ ကိုယ်ပြောင်းချင်တဲ့အချိန်ကျမှ အင်္ဂလိပ်နာမည်ပြောင်းရင် စာရွက်စာတမ်းဖြည့်ရ၊ စာပို့ရ၊ ငွေသွင်းရ နဲ့ လွယ်တဲ့ကိစ္စတော့ မဟုတ်ပေဘူး။
.
.
အလုပ်ထဲမှာ ဖဦးထုပ်လူမျိုးအမျိုးသမီးကြီးတစ်ယောက်က မြန်မာလို လိုက်ပြောရင်း လျှာလည်သွားပြီး တော်တော်အရသာတွေ့လာတယ်။ မြန်မာတစ်ယောက်က ဘယ်လိုသင်ပေးလိုက်လဲ မသိဘူး “ မြန်မြန်လုပ် ” နဲ့ “ လပ်ယားလပ်ယား ” ဆိုတဲ့ နှစ်လုံးကို ကောင်းကောင်းတတ်တယ်။ သူက အဲဒီစာလုံးနှစ်လုံးကို မြန်မာတွေ့တိုင်းပြောတယ်။ ပြောလိုက်တိုင်းလည်း ကိုယ့်ဘာသာစကားကိုပြောတာဖြစ်လို့ မြန်မာတွေ ရယ်လိုက်တာ .. ကြိုက်ကြတာပေါ့။
.
အဲဒီကနေ တစ်ဆင့်တက်ပြီး ဘယ်သကောင့်သားက နောက်တစ်ခွန်းသင်ပေးလိုက်တယ် မသိပါဘူး .. နောက်ရက်ကျတော့ နားနေခန်းမှာ မြန်မာကောင်လေးတွေတွေ့တိုင်း “ နှာဘူးကြီး ” လို့ လိုက်ပြောတယ်။ အစကတော့ ရုတ်တရက်ကြားတာဆိုတော့ ငါ့ကိုဘယ်သူက နှာဘူးကြီးလို့ခေါ်တာလဲလို့ဆိုပြီး စိတ်တိုကြတာပေါ့။ နောက်တော့ မြန်မာအုပ်စုထဲမှာ ဒီတစ်ခွန်းထဲကိုဘယ်နှစ်ခါပြောပြော အားလုံးက သဘောကျကြတယ်။ ဒါနဲ့ အဲဒီအမျိုးသမီးကြီးရဲ့နာမည်လည်း အလိုလိုနေရင်း “ နှာဘူးမ ” ဖြစ်သွားရော။
.
.
တစ်ရက်ကျတော့ နာမည်တွေကို အပျော်သဘောလိုက်ခေါ်ရင်း စကြ နောက်ကြတယ်။ အဲဒီနေ့တုန်းကလည်း သူပဲ .. ဟိုလူ့နာမည် လိုက်ခေါ်လိုက် .. ရယ်လိုက်။ ဒီလူ့နာမည်လိုက်ခေါ်လိုက် .. ရယ်လိုက် နဲ့။ အဲဒီအချိန်မှာ မြန်မာတစ်ယောက်က ထပြီး “ နယ်ရီ .. ခင်များနာမည်အပြည့်အစုံကိုဘယ်လိုခေါ်လဲ - Narri, what’s your full name?  ” လို့ မေးလိုက်တော့ သူဖြေလိုက်တဲ့စကားကြောင့် မြန်မာတစ်သိုက် ခွက်ထိုးခွက်လှန်ရယ်ပြီး အားလုံးထွက်ပြေးသွားကြတယ် .. ကျွန်တော်လည်း မနေရဲတော့ဘူး။ သူ့ကို “ နယ်ရီ  - Narri ” လို့ ပဲ သိတာလေ။ သူပြောတာက “ My full name is Narri Lisa ” တဲ့။
.
အဲဒီအချိန်ကနေစပြီး သူ့နာမည်ကို ဘယ်သူမှ ဆက်မနောက်ရဲတော့ပါဘူး။
.
ခင်လျက်
.

04-01-2016

No comments: