ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး ) |
.
ဒီစာစုေလးမွာ
ေဆာင္းပါးေရးတာထက္ ျမန္မာႏုိင္ငံကေန မိမိသားသမီးကို ႏိုင္ငံျခားေက်ာင္း အဆင္႕ျမင္႕ျမင္႕ထားခ်င္သူ
မိဘမ်ားကုိေျပာျပခ်င္တဲ႕ ေစတနာ နဲ႕ ပရဟိတသုတ ေပါင္းစပ္ျပီး သတင္းစကားပါးခ်င္တယ္ဆိုရင္
ပိုမွန္ပါတယ္။ ကြ်န္ေတာ္ကုိယ္တုိင္ငယ္ငယ္က ျမန္မာဘာသာျပန္ထားတဲ႕သခ်ာၤဘာသာရပ္ကိုသင္ခဲ႕ရျပီး
လက္ရွိေက်ာင္းပညာေရးနဲ႕ အႏွစ္ ( ၃ဝ ) ေလာက္ေဝးလာခဲ႕ျပီမုိ႕ ဘာသာရပ္အေခၚအေဝၚေတြငွားယူသံုးစြဲရာမွာ
အခက္အခဲရွိလာပါတယ္။ အထူးသျဖင္႕ ဒီဘက္ႏုိင္ငံေရာက္မွတက္ခဲ႕တဲ႕ အဂၤလိပ္လိုသင္ရတဲ႕သခ်ာၤအေျခခံအနည္းငယ္ရွိရင္းစြဲျဖစ္လို႕သာ
ကိုယ္ေရးကုိယ္တာေရွ႕မထားပဲ ေရးျပပါရေစ။
.
.
အေမရိကားေရာက္ျပီး
( ၁ ) ႏွစ္ျပည္႕ျပီး ( ၁ ) ပတ္ေက်ာ္တာနဲ႕ ကြန္ျမဴနတီေကာလိပ္ကို ကြ်န္ေတာ္ စတက္ပါတယ္။
ဘာယူရမယ္ဆိုတာထက္ အေျခခံယူနစ္ျဖည္႕ဖို႕ အဂၤလိပ္ နဲ႕ သခ်ာၤေတာ႕ မျဖစ္မေနယူရတယ္။ ဒီ
( ၂ ) မ်ိဳးသင္ရတာနဲ႕တင္ အခုလုိအေမရိကားေရာက္တာတန္တယ္လို႕ ခပ္ကဲကဲေျပာႏုိင္ပါတယ္။ ဘာျဖစ္လို႕လည္းဆိုေတာ႕
ဒီလိုအဂၤလိပ္စာ နဲ႕ အဂၤလိပ္လိုသင္တဲ႕သခ်ၤာကို သင္ယူဖို႕ စိတ္ကူးယဥ္ခဲ႕တာ ကြ်န္ေတာ္
( ၁၃ ) ႏွစ္သားကတည္းကပါ။ ဒီလိုနဲ႕ ..
.
စေကာ႕တလန္လူမ်ိဴး
သခ်ာၤပါေမာကၡသင္တဲ႕ သခ်ာၤအတန္းမွာ အထက္တန္းေက်ာင္းက ( ၁၄ ) ႏွစ္သားေက်ာင္းသားေလးတစ္ေယာက္
လာတက္ေတာ႕ ကြ်န္ေတာ္အံ႕ၾသမိတယ္။ ကြ်န္ေတာ္တို႕သင္သလိုသူလိုက္သင္တယ္။ အိမ္စာလည္း ကြ်န္ေတာ္တုိ႕နဲ႕အတူတူလုိက္လုပ္တယ္။
စဥ္းစားၾကည္႕တယ္ .. သူ႕အရြယ္နဲ႕ေကာလိပ္ေက်ာင္းနဲ႕ဘာဆုိင္လို႕လဲေပါ႕။ ညပိုင္းေမွာင္ေလာက္က်မွစတဲ႕အတန္းကို
သူ႕အေဖကလာပို႕တယ္။ အတန္းျပီးတဲ႕ ည ( ၉ ) နာရီေလာက္ဆိုလည္း စိတ္ရွည္ရွည္လာၾကိဳတာပါပဲ။
.
.
ေနာက္မွသိရတာက
အထက္တန္းျပီးရင္ယူရမယ္႕ သခ်ာၤသင္တန္းေတြကို စာလုိက္ႏုိင္တဲ႕ကေလးကိုခုန္တက္ခြင္႕ေပးတဲ႕
AP – Advanced Placement Test ေအာင္လုိ႕ေရာက္လာတာျဖစ္တယ္။ ဆိုလိုတာက ဥပမာ - သူက ( ၁၂
) တန္းမွာသင္ရတဲ႕အတန္းဘာသာရပ္အားလံုးက သူ႕သူငယ္ခ်င္းေတြနဲ႕တူခ်င္တူမယ္ .. ဒါေပမယ္႕
သခ်ာၤက်ေတာ႕ ေကာလိပ္အဆင္႕ကို သူလုိက္ႏုိင္လို႕ ေက်ာင္းကသခ်ာၤအခ်ိန္မွာ အတန္းၾကီးကိုသြားတက္ရတဲ႕ပံုစံမ်ိဳးပါ။
( ၁ဝ ) တန္း၊ ( ၁၁ ) တန္း မွာ အျမင္႕သခ်ာၤ ( ၁၂ ) တန္းက ရွိေပမယ္႕ ( ၁၂ ) တန္းေရာက္လာတဲ႕ဒီေက်ာင္းသားကေတာ႕
ေကာလိပ္မွာသခ်ၤာဆက္သင္ရေတာ႕တာေပါ႕။
.
အခု
ဒီအေျခအေနကုိေရာက္လာသူက အိမ္ကအငယ္ေကာင္ေလး “ စြမ္း ” ပါ။ ( ၇ ) တန္းေရာက္ေတာ႕ ( ၈
) တန္းသခ်ာၤကို ေက်ာ္တက္ရတယ္။ ဒီ႕အတြက္ေက်ာင္းမွာ အတန္းတက္ - Placement Test တစ္ခုေျဖခဲ႕ရတယ္ဆိုတာ
သူမွတ္မိတယ္။ “ စြမ္း ” က
.
“
ေက်ာင္းမွာ သခ်ာၤတက္ျပီးၾကီဳးစားခ်င္တဲ႕သူေတြ သိပ္မမ်ားဘူး။ ျပီးေတာ႕ သခ်ာၤကို အမွတ္မေကာင္းတဲ႕
(B) ၊ (C) ၊ (D) အဆင္႕ေတြနဲ႕ ခပ္နိမ္႕နိမ္႕သြားေနသူေတြ
ေတာ္ေတာ္မ်ားမ်ားရွိတယ္ ”
.
“
တစ္ခ်ိဳ႕အာရွတိုက္ကလူေတြက တစ္အားၾကီးေတာ႕မေတာ္ဘူး။ ဒါေပမယ္႕ (A-) တုိ႕ ဘာတုိ႕ရတယ္ဆုိေတာ႕
ေတာ္တာေပါ႕။ အခုေနာက္ပိုင္း သခ်ၤာကပိုခက္လာေတာ႕ တစ္ခ်ိဳ႕ေတြဆို သခ်ၤာအခန္းမယူေတာ႕ပဲ
ထြက္ကုန္ၾကတယ္ ”
.
“
( ၈ ) တန္းတုန္းက ( ၉ ) တန္းသခ်ၤာသြားတက္တုန္းကဆုိရင္ ( ၉ ) တန္းေက်ာင္းသား နဲ႕ ( ၁ဝ
) တန္းေက်ာင္းသား ( ၉ တန္းသခ်ၤာတက္ေနတုန္း ) ေတြက ( ၈ ) တန္းေက်ာင္းသားကုိ သခ်ၤာေတြမတြက္တတ္လို႕
လာေမးၾကတယ္။ တစ္ခါတစ္ေလဆို ( ၁၁ ) တန္းကလူေတြေတာင္ပါလုိက္ေသးတယ္ ” လို႕ ကြ်န္ေတာ္စာေရးေနတုန္း
ေဘးကေန ေျပာျပပါတယ္။
.
.
အခု
သူ႕ရဲ႕ ( ၁၁ ) တန္းေက်ာင္းျပန္စဖြင္႕ေတာ႕ ေက်ာင္းကေန AP Class ေတြတက္ႏိုင္မယ္႕ေက်ာင္းသားေတြအတြက္
မိတ္ဆက္စာေပးလာတယ္။ လာမယ္႕ႏွစ္ ေမလ မွာ ေျဖရမယ္႕စာေမးပြဲအတြက္ ေက်ာင္းက Calculus ကို
ျပင္ဆင္ေပးပါမယ္။ ေကာလိပ္ေက်ာင္းမ်ားဘုတ္အဖြဲ႕ - The College Board က စီစဥ္တဲ႕ အတန္းတက္စာေမးပြဲအတြက္
အပုိင္း ( ၃ ) ပိုင္း အက်ံဴးဝင္မွာ ျဖစ္ပါတယ္။
.
ဒီႏွစ္
“ စြမ္း ” တက္ရမယ္႕ ( ၁၂ ) တန္း ရဲ႕ AP Calculus (AB) အတန္းမွာ အပုိင္း ( ၁ ) အေနနဲ႕
Functions ၊ Graphs နဲ႕ Limits အုပ္စုမွာ Analysis
of Graphs, Limits of Functions, Asymptotic and Unbounded Behavior, Continuity
as a Property of Functions စတာေတြ ပါဝင္တယ္။
.
ဒါ႕အျပင္
Derivatives အုပ္စုထဲမွာ Concepts of the Derivative at a Point, Derivative as a
Function, Second Derivative, Application of Derivatives, Computation of
Derivatives တို႕ပါေနျပန္တယ္။
.
ေနာက္ဆံုးအုပ္စု
Integrals မွာေတာ႕ Interpretation and Properties of Definite Integrals,
Application of Integrals, Fundamental Theorem of Calculus, Techniques and Applications
of Antidifferentiation, Numerical Approximation တို႕ပါဝင္ၾကတယ္။
.
.
ေက်ာင္းကေပးတဲ႕ဒုတိယစာမ်က္ႏွာမွာ
ျပီးခဲ႕တဲ႕ႏွစ္ ( ၂ဝ၁၄ - ၂ဝ၁၅ ) မွာ ဝင္ေျဖတဲ႕ေက်ာင္းသား ( ၈၅ ) ဦး မွာ ( ၆၅% ) ေအာင္ပါတယ္။
အဲဒီအထဲကမွ အျမင္႕စားအမွတ္နဲ႕ေအာင္တဲ႕ေက်ာင္းသား ( ၁၆ ) ဦး ပါတယ္လို႕ေျပာထားပါတယ္။
ဒီကိန္းကဏန္းက ဝင္ေျဖတဲဲ႕ေက်ာင္းသား ( ၁ဝဝ ) ထဲက ( ၂ဝ ) ဦး တစ္နည္းအားျဖင္႕ ( ၂ဝ
) ရာခိုင္ႏႈန္းကို သူတုိ႕ဘဝအတြက္ သခ်ၤာေတာ္တဲ႕ေက်ာင္းသားအျဖစ္ သတ္မွတ္ေပးႏိုင္တယ္ဆိုတာ
ေတြ႕ရတယ္။
.
ဒါဟာမ်ားျပားလွတဲ႕ပမာဏမဟုတ္ေသာ္လည္း
အေမရိကန္ေက်ာင္းေတြမွာ နည္းပါးတဲ႕သခ်ၤာေတာ္သူေက်ာင္းသားေတြၾကားမွာ ဂုဏ္ယူစရာပါ။ ဒီရလဒ္ေတြေပၚကေန
မိဘေတြက ေက်ာင္းသားေတြအေပၚမွာ ဘာကိုေမွ်ာ္လင္႕ႏိုင္ပါသလဲ? .. ေအာက္မွာ “ ေမွ်ာ္လင္႕ႏုိင္ေသာ
ေက်ာင္းတြင္းေလ႕လာမႈရလဒ္ - ESLT ( Expected School-Wide Learning Results ) [ ၆ ] ခ်က္
ကို ဆက္ရွင္းျပထားပါေသးတယ္။ အဲဒါေတြကေတာ႕ ..
.
.
၁..
An Effective Communicator = ထိထိေရာက္ေရာက္ေျပာဆိုဆက္ဆံႏိုင္သူ
.
၂..
An Effective User of Appropriate Technology = သင္႕တင္႕ေလ်ာက္ပတ္တဲ႕နည္းပညာေတြကို
ထိေရာက္စြာသံုးစြဲႏုိင္သူ
.
၃..
A Critical Thinker = ေဝဖန္ပိုင္းျခားစဥ္းစားႏုိင္သူ
.
၄..
An Effective Problem Solver = ျပသနာကိုထိထိေရာက္ေရာက္ေျဖရွင္းႏုိင္သူ
.
၅..
An Informed Citizen = ေခတ္ကုိသိတဲ႕ႏိုင္ငံသားတစ္ေယာက္
.
၆..
A Responsible Individual = တာဝန္ယူတတ္တဲ႕လူပုဂိၢဳလ္ … စတာေတြ ျဖစ္လာႏုိင္ပါတယ္။
.
.
အတန္းေနာက္က်ခြင္႕
( ၃ ) ၾကိမ္ရွိျပီး ထပ္တိုးလာတဲ႕ အတန္းေနာက္က်မႈေတြကုိ အတန္းမတက္ေစပဲ အေရးယူမယ္လုိ႕သိရတယ္။
တစ္ကယ္လို႕အေၾကာင္းတစ္ခုခုေၾကာင္႕ ေက်ာင္းပ်က္ခဲ႕ရင္ ေနာက္တစ္ရက္မွာ အိမ္စာကိုျပန္တင္ႏုိင္တယ္။
ဘာေမးမယ္ .. ဘယ္ပုစၦာကိုအိမ္စာတင္ရမယ္ဆိုတာကိုေတာ႕ ၾကိဳေပးသိမွာမဟုတ္ပါဘူး။ ဒါ႕အျပင္
တစ္ေယာက္ခ်င္းစစ္တဲ႕သခ်ၤာစာေမးပြဲေတြကိုလည္း ေျဖရဦးမယ္ဆိုတာ ေရးထားပါတယ္။
.
အမွတ္ေပးစံနစ္
- Grading Policy မွာ အပတ္စဥ္စစ္တဲ႕စာေမးပြဲ - Assessments ေတြကေန ( ၇ဝ% ) ရမွာျဖစ္ျပီး
ေန႕စဥ္၊ အပတ္စဥ္ အိမ္စာ နဲ႕ မွတ္စု ( Assignments and Notes ) ေတြ မွန္မွန္တင္ရင္
( ၃ဝ% ) ရႏိုင္မွာပါ။ အတန္းထဲမွာ ပုစၦာတင္ဖို႕ အခ်ိန္အခက္အခဲရွိတဲ႕ေက်ာင္းသားဆိုရင္
Calculus နားလည္တဲ႕ တစ္ျခားေက်ာင္းသားကိုေမးႏုိင္ျပီး ကူးခ်လို႕ေတာ႕မရပါ။
.
ကူးခ်တာေတြ႕ရင္ေတာ႕
( သံုည ) အမွတ္ပဲရပါလိမ္႕မယ္။ အေရးအၾကီးဆံုးက ေက်ာင္းသားကိုယ္တုိင္ဟာ ပိုမိုအဆင္႕ျမင္႕လာမယ္႕
သခ်ၤာသင္ရိုးညႊန္းတမ္းေတြအတြက္ အေျခခံက်က်ျပင္ဆင္သြားဖို႕ျဖစ္တယ္လုိ႕ ညႊန္ၾကားထားပါတယ္။
.
.
ေက်ာင္းသားေတြလုိက္နာရမယ္႕
အေျခံစည္းမ်ဥ္းေတြကုိဖတ္ၾကည္႕တာမွာ ဘာမွထူးထူးျခားျခားမေတြ႕ရပါဘူး။ ေက်ာင္းစာရြက္အရ
အခ်က္ ( ၄ ) ခ်က္ ေတာင္းဆိုတာေတြ႕ရပါတယ္။ အဲဒါေတြကေတာ႕
.
(
က ) Be Respectful = ေက်ာင္းသားအခ်င္းခ်င္းေလးစားရမယ္
.
(
ခ ) Support Others = ေက်ာင္းသားအခ်င္းခ်င္းမႏွိမ္ပဲ သူတုိ႕ရဲ႕စာသင္ၾကားမႈကို အေထာက္အကူျပဳရမယ္
.
(
ဂ ) Be Responsible = ကိုယ္႕ေက်ာင္းသံုးပစၥည္းေတြ နဲ႕ စာေမးပြဲ၊ အိမ္စာ၊ မွတ္စုေတြကုိ
တာဝန္ယူရမယ္
.
(
ဃ ) If you don’t know, ASK = တစ္ခုခုမသိရင္ ျငိမ္မေနပါနဲ႕ --- ေမးပါ --- စတာေတြပဲျဖစ္ပါတယ္။
.
.
ဒီအခ်က္ေတြကိုၾကည္႕လုိက္ရင္
ဘာထူးျခားတာေတြ႕ရပါသလဲ? ကြ်န္ေတာ္တုိ႕ျမန္မာႏုိင္ငံကေက်ာင္းသားေတြ လိုက္မလုပ္ႏုိင္တဲ႕အခ်က္တစ္ခုတစ္ေလမ်ားပါသလားဆုိတာရွာၾကည္႕မိတယ္။
အားလံုးလုိက္လုပ္ႏိုင္ပါတယ္။ အားမနာတမ္းေထာက္ျပရရင္ေတာ႕ Support Others သူမ်ားကိုလက္တြဲေခၚဖို႕က
ျမန္မာေက်ာင္းသားေတြမွာ အေလ႕အက်င္႕ေကာင္းေတြ ေမြးျမဴရပါမယ္။ ေနာက္တစ္ခုက ေမးဖို႕ပါ
.. If you don’t know, ASK ..!
.
အားလံုးထဲမွာအၾကိဳက္ဆံုးကေတာ႕
ေက်ာင္းအတြက္လုိတဲ႕ပစၥည္းမ်ားစာရင္းပါ။ ေတာင္းဆုိထားတာေတြက Pencils, Lined Paper,
Graph Paper, White Board Pens, Big Brain, Textbook, နဲ႕ Graphing Calculator တို႕ပဲ
ျဖစ္ပါတယ္။ ဖတ္ၾကည္႕လုိက္ရင္လြယ္လြယ္ေလးေပမယ္႕ အလယ္မွာေရးထားတဲ႕ “ Big Brain ” ဆိုတာ
ဘယ္လိုေက်ာင္းသံုးပစၥည္းအသစ္မ်ားျဖစ္မလဲဆိုျပီး “ စြမ္း ” ကို ေမးၾကည္႕ေတာ႕ သူက ထရယ္ပါတယ္။
သူက “ Big Brain ” ဆိုတာ ပစၥည္းကိုေျပာတာမဟုတ္ဘူး “ ဥာဏ္ေကာင္းတဲ႕ဦးေႏွာက္တစ္ခု ”
ပါလာရင္ ရျပီ လို႕ေျပာတာလို႕ ရွင္းျပတယ္။
.
.
ေကာင္းလိုက္တာ
.. ဒါဆုိ ကြ်န္ေတာ္တုိ႕ျမန္မာသားသမီးေတြ ႏိုင္ငံျခားေက်ာင္းမွာလာတက္ရင္ AP Class တက္ဖို႕ေမွ်ာ္လင္႕ခ်က္ရွိတယ္။
ျမန္မာလူငယ္ေတြမွာ “ Big Brain ” ပါလာျပီးသားပဲေလ။ ကေလးငယ္ေတြကို သာသာစကားကြ်မ္းက်င္ဖုုိ႕
နဲ႕ စည္းစံနစ္က်က်ေလ႕က်င္႕ေပးဖုိ႕ပဲလုိတာ..။
.
(
မွတ္ခ်က္ ။။။။။။။။။။ အခု အထက္တန္းေက်ာင္းမွာ AP Calculus (AB) တက္ျပီးသြားရင္ ေနာက္တစ္ဆင္႕မွာ
AP Calculus (BC) တက္ရမွာျဖစ္ပါတယ္ )
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
08-30-2015
.
.
.
Myanmar
Unicode Version:
.
.
“ ပြောပြချင်တဲ့ စွမ်း တက်မယ့်
AP Calculus (AB) အတန်းအကြောင်း ”
ဆောင်းပါးရှင်
- ကိုညီညီ ( တောင်ကြီး )
.
ဒီစာစုလေးမှာ
ဆောင်းပါးရေးတာထက် မြန်မာနိုင်ငံကနေ မိမိသားသမီးကို နိုင်ငံခြားကျောင်း အဆင့်မြင့်မြင့်ထားချင်သူ
မိဘများကိုပြောပြချင်တဲ့ စေတနာ နဲ့ ပရဟိတသုတ ပေါင်းစပ်ပြီး သတင်းစကားပါးချင်တယ်ဆိုရင်
ပိုမှန်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ငယ်ငယ်က မြန်မာဘာသာပြန်ထားတဲ့သချာၤဘာသာရပ်ကိုသင်ခဲ့ရပြီး
လက်ရှိကျောင်းပညာရေးနဲ့ အနှစ် ( ၃ဝ ) လောက်ဝေးလာခဲ့ပြီမို့ ဘာသာရပ်အခေါ်အဝေါ်တွေငှားယူသုံးစွဲရာမှာ
အခက်အခဲရှိလာပါတယ်။ အထူးသဖြင့် ဒီဘက်နိုင်ငံရောက်မှတက်ခဲ့တဲ့ အင်္ဂလိပ်လိုသင်ရတဲ့သချာၤအခြေခံအနည်းငယ်ရှိရင်းစွဲဖြစ်လို့သာ
ကိုယ်ရေးကိုယ်တာရှေ့မထားပဲ ရေးပြပါရစေ။
.
.
အမေရိကားရောက်ပြီး
( ၁ ) နှစ်ပြည့်ပြီး ( ၁ ) ပတ်ကျော်တာနဲ့ ကွန်မြူနတီကောလိပ်ကို ကျွန်တော် စတက်ပါတယ်။
ဘာယူရမယ်ဆိုတာထက် အခြေခံယူနစ်ဖြည့်ဖို့ အင်္ဂလိပ် နဲ့ သချာၤတော့ မဖြစ်မနေယူရတယ်။ ဒီ
( ၂ ) မျိုးသင်ရတာနဲ့တင် အခုလိုအမေရိကားရောက်တာတန်တယ်လို့ ခပ်ကဲကဲပြောနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့
ဒီလိုအင်္ဂလိပ်စာ နဲ့ အင်္ဂလိပ်လိုသင်တဲ့သင်္ချာကို သင်ယူဖို့ စိတ်ကူးယဉ်ခဲ့တာ ကျွန်တော်
( ၁၃ ) နှစ်သားကတည်းကပါ။ ဒီလိုနဲ့ ..
.
စကော့တလန်လူမျိူး
သချာၤပါမောက္ခသင်တဲ့ သချာၤအတန်းမှာ အထက်တန်းကျောင်းက ( ၁၄ ) နှစ်သားကျောင်းသားလေးတစ်ယောက်
လာတက်တော့ ကျွန်တော်အံ့ဩမိတယ်။ ကျွန်တော်တို့သင်သလိုသူလိုက်သင်တယ်။ အိမ်စာလည်း ကျွန်တော်တို့နဲ့အတူတူလိုက်လုပ်တယ်။
စဉ်းစားကြည့်တယ် .. သူ့အရွယ်နဲ့ကောလိပ်ကျောင်းနဲ့ဘာဆိုင်လို့လဲပေါ့။ ညပိုင်းမှောင်လောက်ကျမှစတဲ့အတန်းကို
သူ့အဖေကလာပို့တယ်။ အတန်းပြီးတဲ့ ည ( ၉ ) နာရီလောက်ဆိုလည်း စိတ်ရှည်ရှည်လာကြိုတာပါပဲ။
.
.
နောက်မှသိရတာက
အထက်တန်းပြီးရင်ယူရမယ့် သချာၤသင်တန်းတွေကို စာလိုက်နိုင်တဲ့ကလေးကိုခုန်တက်ခွင့်ပေးတဲ့
AP – Advanced Placement Test အောင်လို့ရောက်လာတာဖြစ်တယ်။ ဆိုလိုတာက ဥပမာ - သူက ( ၁၂
) တန်းမှာသင်ရတဲ့အတန်းဘာသာရပ်အားလုံးက သူ့သူငယ်ချင်းတွေနဲ့တူချင်တူမယ် .. ဒါပေမယ့်
သချာၤကျတော့ ကောလိပ်အဆင့်ကို သူလိုက်နိုင်လို့ ကျောင်းကသချာၤအချိန်မှာ အတန်းကြီးကိုသွားတက်ရတဲ့ပုံစံမျိုးပါ။
( ၁ဝ ) တန်း၊ ( ၁၁ ) တန်း မှာ အမြင့်သချာၤ ( ၁၂ ) တန်းက ရှိပေမယ့် ( ၁၂ ) တန်းရောက်လာတဲ့ဒီကျောင်းသားကတော့
ကောလိပ်မှာသင်္ချာဆက်သင်ရတော့တာပေါ့။
.
အခု
ဒီအခြေအနေကိုရောက်လာသူက အိမ်ကအငယ်ကောင်လေး “ စွမ်း ” ပါ။ ( ၇ ) တန်းရောက်တော့ ( ၈
) တန်းသချာၤကို ကျော်တက်ရတယ်။ ဒီ့အတွက်ကျောင်းမှာ အတန်းတက် - Placement Test တစ်ခုဖြေခဲ့ရတယ်ဆိုတာ
သူမှတ်မိတယ်။ “ စွမ်း ” က
.
“ ကျောင်းမှာ သချာၤတက်ပြီးကြီုးစားချင်တဲ့သူတွေ
သိပ်မများဘူး။ ပြီးတော့ သချာၤကို အမှတ်မကောင်းတဲ့ (B) ၊ (C) ၊ (D) အဆင့်တွေနဲ့ ခပ်နိမ့်နိမ့်သွားနေသူတွေ
တော်တော်များများရှိတယ် ”
.
“ တစ်ချို့အာရှတိုက်ကလူတွေက တစ်အားကြီးတော့မတော်ဘူး။
ဒါပေမယ့် (A-) တို့ ဘာတို့ရတယ်ဆိုတော့ တော်တာပေါ့။ အခုနောက်ပိုင်း သင်္ချာကပိုခက်လာတော့
တစ်ချို့တွေဆို သင်္ချာအခန်းမယူတော့ပဲ ထွက်ကုန်ကြတယ် ”
.
“ ( ၈ ) တန်းတုန်းက ( ၉ ) တန်းသင်္ချာသွားတက်တုန်းကဆိုရင်
( ၉ ) တန်းကျောင်းသား နဲ့ ( ၁ဝ ) တန်းကျောင်းသား ( ၉ တန်းသင်္ချာတက်နေတုန်း ) တွေက
( ၈ ) တန်းကျောင်းသားကို သင်္ချာတွေမတွက်တတ်လို့ လာမေးကြတယ်။ တစ်ခါတစ်လေဆို ( ၁၁ )
တန်းကလူတွေတောင်ပါလိုက်သေးတယ် ” လို့ ကျွန်တော်စာရေးနေတုန်း ဘေးကနေ ပြောပြပါတယ်။
.
.
အခု
သူ့ရဲ့ ( ၁၁ ) တန်းကျောင်းပြန်စဖွင့်တော့ ကျောင်းကနေ AP Class တွေတက်နိုင်မယ့်ကျောင်းသားတွေအတွက်
မိတ်ဆက်စာပေးလာတယ်။ လာမယ့်နှစ် မေလ မှာ ဖြေရမယ့်စာမေးပွဲအတွက် ကျောင်းက Calculus ကို
ပြင်ဆင်ပေးပါမယ်။ ကောလိပ်ကျောင်းများဘုတ်အဖွဲ့ - The College Board က စီစဉ်တဲ့ အတန်းတက်စာမေးပွဲအတွက်
အပိုင်း ( ၃ ) ပိုင်း အကျူံးဝင်မှာ ဖြစ်ပါတယ်။
.
ဒီနှစ်
“ စွမ်း ” တက်ရမယ့် ( ၁၂ ) တန်း ရဲ့ AP Calculus (AB) အတန်းမှာ အပိုင်း ( ၁ ) အနေနဲ့
Functions ၊ Graphs နဲ့ Limits အုပ်စုမှာ
Analysis of Graphs, Limits of Functions, Asymptotic and Unbounded Behavior,
Continuity as a Property of Functions စတာတွေ ပါဝင်တယ်။
.
ဒါ့အပြင်
Derivatives အုပ်စုထဲမှာ Concepts of the Derivative at a Point, Derivative as a
Function, Second Derivative, Application of Derivatives, Computation of
Derivatives တို့ပါနေပြန်တယ်။
.
နောက်ဆုံးအုပ်စု
Integrals မှာတော့ Interpretation and Properties of Definite Integrals,
Application of Integrals, Fundamental Theorem of Calculus, Techniques and
Applications of Antidifferentiation, Numerical Approximation တို့ပါဝင်ကြတယ်။
.
.
ကျောင်းကပေးတဲ့ဒုတိယစာမျက်နှာမှာ
ပြီးခဲ့တဲ့နှစ် ( ၂ဝ၁၄ - ၂ဝ၁၅ ) မှာ ဝင်ဖြေတဲ့ကျောင်းသား ( ၈၅ ) ဦး မှာ ( ၆၅% ) အောင်ပါတယ်။
အဲဒီအထဲကမှ အမြင့်စားအမှတ်နဲ့အောင်တဲ့ကျောင်းသား ( ၁၆ ) ဦး ပါတယ်လို့ပြောထားပါတယ်။
ဒီကိန်းကဏန်းက ဝင်ဖြေတဲ့ကျောင်းသား ( ၁ဝဝ ) ထဲက ( ၂ဝ ) ဦး တစ်နည်းအားဖြင့် ( ၂ဝ ) ရာခိုင်နှုန်းကို
သူတို့ဘဝအတွက် သင်္ချာတော်တဲ့ကျောင်းသားအဖြစ် သတ်မှတ်ပေးနိုင်တယ်ဆိုတာ တွေ့ရတယ်။
.
ဒါဟာများပြားလှတဲ့ပမာဏမဟုတ်သော်လည်း
အမေရိကန်ကျောင်းတွေမှာ နည်းပါးတဲ့သင်္ချာတော်သူကျောင်းသားတွေကြားမှာ ဂုဏ်ယူစရာပါ။ ဒီရလဒ်တွေပေါ်ကနေ
မိဘတွေက ကျောင်းသားတွေအပေါ်မှာ ဘာကိုမျှော်လင့်နိုင်ပါသလဲ? .. အောက်မှာ “ မျှော်လင့်နိုင်သော
ကျောင်းတွင်းလေ့လာမှုရလဒ် - ESLT ( Expected School-Wide Learning Results ) [ ၆ ]
ချက် ကို ဆက်ရှင်းပြထားပါသေးတယ်။ အဲဒါတွေကတော့ ..
.
.
၁..
An Effective Communicator = ထိထိရောက်ရောက်ပြောဆိုဆက်ဆံနိုင်သူ
.
၂..
An Effective User of Appropriate Technology = သင့်တင့်လျောက်ပတ်တဲ့နည်းပညာတွေကို
ထိရောက်စွာသုံးစွဲနိုင်သူ
.
၃..
A Critical Thinker = ဝေဖန်ပိုင်းခြားစဉ်းစားနိုင်သူ
.
၄..
An Effective Problem Solver = ပြသနာကိုထိထိရောက်ရောက်ဖြေရှင်းနိုင်သူ
.
၅..
An Informed Citizen = ခေတ်ကိုသိတဲ့နိုင်ငံသားတစ်ယောက်
.
၆..
A Responsible Individual = တာဝန်ယူတတ်တဲ့လူပုဂ္ဂိုလ် … စတာတွေ ဖြစ်လာနိုင်ပါတယ်။
.
.
အတန်းနောက်ကျခွင့်
( ၃ ) ကြိမ်ရှိပြီး ထပ်တိုးလာတဲ့ အတန်းနောက်ကျမှုတွေကို အတန်းမတက်စေပဲ အရေးယူမယ်လို့သိရတယ်။
တစ်ကယ်လို့အကြောင်းတစ်ခုခုကြောင့် ကျောင်းပျက်ခဲ့ရင် နောက်တစ်ရက်မှာ အိမ်စာကိုပြန်တင်နိုင်တယ်။
ဘာမေးမယ် .. ဘယ်ပုစ္ဆာကိုအိမ်စာတင်ရမယ်ဆိုတာကိုတော့ ကြိုပေးသိမှာမဟုတ်ပါဘူး။ ဒါ့အပြင်
တစ်ယောက်ချင်းစစ်တဲ့သင်္ချာစာမေးပွဲတွေကိုလည်း ဖြေရဦးမယ်ဆိုတာ ရေးထားပါတယ်။
.
အမှတ်ပေးစံနစ်
- Grading Policy မှာ အပတ်စဉ်စစ်တဲ့စာမေးပွဲ - Assessments တွေကနေ ( ၇ဝ% ) ရမှာဖြစ်ပြီး
နေ့စဉ်၊ အပတ်စဉ် အိမ်စာ နဲ့ မှတ်စု ( Assignments and Notes ) တွေ မှန်မှန်တင်ရင်
( ၃ဝ% ) ရနိုင်မှာပါ။ အတန်းထဲမှာ ပုစ္ဆာတင်ဖို့ အချိန်အခက်အခဲရှိတဲ့ကျောင်းသားဆိုရင်
Calculus နားလည်တဲ့ တစ်ခြားကျောင်းသားကိုမေးနိုင်ပြီး ကူးချလို့တော့မရပါ။
.
ကူးချတာတွေ့ရင်တော့
( သုံည ) အမှတ်ပဲရပါလိမ့်မယ်။ အရေးအကြီးဆုံးက ကျောင်းသားကိုယ်တိုင်ဟာ ပိုမိုအဆင့်မြင့်လာမယ့်
သင်္ချာသင်ရိုးညွှန်းတမ်းတွေအတွက် အခြေခံကျကျပြင်ဆင်သွားဖို့ဖြစ်တယ်လို့ ညွှန်ကြားထားပါတယ်။
.
.
ကျောင်းသားတွေလိုက်နာရမယ့်
အခြေံစည်းမျဉ်းတွေကိုဖတ်ကြည့်တာမှာ ဘာမှထူးထူးခြားခြားမတွေ့ရပါဘူး။ ကျောင်းစာရွက်အရ
အချက် ( ၄ ) ချက် တောင်းဆိုတာတွေ့ရပါတယ်။ အဲဒါတွေကတော့
.
(
က ) Be Respectful = ကျောင်းသားအချင်းချင်းလေးစားရမယ်
.
(
ခ ) Support Others = ကျောင်းသားအချင်းချင်းမနှိမ်ပဲ သူတို့ရဲ့စာသင်ကြားမှုကို အထောက်အကူပြုရမယ်
.
(
ဂ ) Be Responsible = ကိုယ့်ကျောင်းသုံးပစ္စည်းတွေ နဲ့ စာမေးပွဲ၊ အိမ်စာ၊ မှတ်စုတွေကို
တာဝန်ယူရမယ်
.
(
ဃ ) If you don’t know, ASK = တစ်ခုခုမသိရင် ငြိမ်မနေပါနဲ့ --- မေးပါ --- စတာတွေပဲဖြစ်ပါတယ်။
.
.
ဒီအချက်တွေကိုကြည့်လိုက်ရင်
ဘာထူးခြားတာတွေ့ရပါသလဲ? ကျွန်တော်တို့မြန်မာနိုင်ငံကကျောင်းသားတွေ လိုက်မလုပ်နိုင်တဲ့အချက်တစ်ခုတစ်လေများပါသလားဆိုတာရှာကြည့်မိတယ်။
အားလုံးလိုက်လုပ်နိုင်ပါတယ်။ အားမနာတမ်းထောက်ပြရရင်တော့ Support Others သူများကိုလက်တွဲခေါ်ဖို့က
မြန်မာကျောင်းသားတွေမှာ အလေ့အကျင့်ကောင်းတွေ မွေးမြူရပါမယ်။ နောက်တစ်ခုက မေးဖို့ပါ
.. If you don’t know, ASK ..!
.
အားလုံးထဲမှာအကြိုက်ဆုံးကတော့
ကျောင်းအတွက်လိုတဲ့ပစ္စည်းများစာရင်းပါ။ တောင်းဆိုထားတာတွေက Pencils, Lined Paper,
Graph Paper, White Board Pens, Big Brain, Textbook, နဲ့ Graphing Calculator တို့ပဲ
ဖြစ်ပါတယ်။ ဖတ်ကြည့်လိုက်ရင်လွယ်လွယ်လေးပေမယ့် အလယ်မှာရေးထားတဲ့ “ Big Brain ” ဆိုတာ
ဘယ်လိုကျောင်းသုံးပစ္စည်းအသစ်များဖြစ်မလဲဆိုပြီး “ စွမ်း ” ကို မေးကြည့်တော့ သူက ထရယ်ပါတယ်။
သူက “ Big Brain ” ဆိုတာ ပစ္စည်းကိုပြောတာမဟုတ်ဘူး “ ဥာဏ်ကောင်းတဲ့ဦးနှောက်တစ်ခု ”
ပါလာရင် ရပြီ လို့ပြောတာလို့ ရှင်းပြတယ်။
.
.
ကောင်းလိုက်တာ
.. ဒါဆို ကျွန်တော်တို့မြန်မာသားသမီးတွေ နိုင်ငံခြားကျောင်းမှာလာတက်ရင် AP Class တက်ဖို့မျှော်လင့်ချက်ရှိတယ်။
မြန်မာလူငယ်တွေမှာ “ Big Brain ” ပါလာပြီးသားပဲလေ။ ကလေးငယ်တွေကို သာသာစကားကျွမ်းကျင်ဖို့
နဲ့ စည်းစံနစ်ကျကျလေ့ကျင့်ပေးဖို့ပဲလိုတာ..။
.
(
မှတ်ချက် ။။။။။။။။။။ အခု အထက်တန်းကျောင်းမှာ AP Calculus (AB) တက်ပြီးသွားရင် နောက်တစ်ဆင့်မှာ
AP Calculus (BC) တက်ရမှာဖြစ်ပါတယ် )
.
ခင်မင်ခြင်းများစွာဖြင့်
.
08-30-2015
.
“ ေျပာျပခ်င္တဲ႕ စြမ္း တက္မယ္႕ AP Calculus (AB) အတန္းအေၾကာင္း ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ေအာက္တုိဘာလ ( ၂၂ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၅၇ ) ၊ စာမ်က္ႏွာ ( ၃၇ ) တြင္ ေဖာ္ျပပါရွိသည္။
.
“ ေျပာျပခ်င္တဲ႕ စြမ္း တက္မယ္႕ AP Calculus (AB) အတန္းအေၾကာင္း ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ေအာက္တုိဘာလ ( ၂၂ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၅၇ ) ၊ စာမ်က္ႏွာ ( ၃၇ ) တြင္ ေဖာ္ျပပါရွိသည္။
No comments:
Post a Comment