ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, August 15, 2020

ရင်ဖွင့်ချင်လို့ပါ ဦးညီရေ

 "ရင်ဖွင့်ချင်လို့ပါ ဦးညီရေ ၁"

          Hi ဦးညီ နေကောင်းလား။ ဒီမှာပြောလို့ရလားအစ်ကို။
{You can leave the voice message.}
          စာရေးလို့ရပါတယ်ရှင့်။

          ကျွန်မကြုံရတဲ့ Company နဲ့ မြန်မာတစ်ချို့အကြောင်းပြောပြချင်လို့ပါ။ ကျွန်မ ကျောက်တန်းလို့မြန်မာတွေခေါ်တဲ့ Jewelry Company မှာ ကျွန်မအလုပ်လုပ်နေတာပါ။ မြန်မာနိုင်ငံကလာတုန်းကတော့ ကလေးတွေရဲ့ပညာရေးအတွက် ဒီရောက်ရောက်ချင်းပန်းကန်ဆေးရဆေးရဆိုတဲ့စိတ်ကိုမွေးလာတာပါ။ အစ်ကို ကျောက်တန်းအကြောင်း၊ New York အကြောင်းတွေ သိလားရှင့်။


{မသိပါ}


         ကျောက်တန်းဆိုတဲ့ Jewelry Company ကြီးတွေမှာ မြန်မာတွေအများကြီးအလုပ်လုပ်ကြတယ်။ အနိမ့်ဆုံးလုပ်ခလစာနဲ့လုပ်ရပေမဲ့ Computer နဲ့စားပွဲနဲ့အလုပလုပ်ရတာပဲတော်လှပြီဆိုပြီးပျော်နေတာ။ အခု တစ်ဖြည်းဖြည်းချင်းသိလာတာက မြန်မာအချင်းချင်းကို Senior တွေက Junior တွေကို ကြီးနိုင်ငယ်ညှဉ်းလုပ်ကြတယ်။ Discrimination တွေရှိကြတယ်။


        Company ပိုင်ရှင်တွေကလည်းခွင့်ပြုထားတယ်။ တိုင်ရင် ပိုဖိပြီး ပိုလုပ်တယ်။ အမေရိကားဆိုတာဒီမိုကရေစီနိုင်ငံလို့သိထားတာ။ New York မှာပဲရှိတာလား။ အစ်ကိုတို့ဘက်တွေကောအဲဒီလိုပဲလား။ ဒီမှာနေရင် ဘယ်လိုလာအနိုင်ကျင့်ကျင့် သည်းခံပြီး နေရမှာလား။ ကိုယ့်ကိုကိုယ်ကာကွယ်ရမှာလား မသိဘူးဖြစ်နေတယ်။ ကိုယ့်ကိုကိုယ်ကာကွယ်ရင်ပိုဆိုးကုန်တာနော်။

{ဆက်ပြောပြပါ}


         ကျွန်မ အလုပ်လုပ်တဲ့ Department က ကျွန်မရောက်ကတည်းကအင်မတန်ရောင်းရတာ။ ခင်ခင်တို့က Shipping လုပ်ရတာ အစ်ကို။ အခု Covid-19 ဖြစ်တော့လည်းအလုပ်ဆင်းရတယ်။ အခု အခြား Cruise ကိုရောင်းရတဲ့လုပ်သက်နှစ်ကြာနေတဲ့ အစ်မတွေက ခင်ခင်တို့ကိုကူဖို့အလုပ်စဆင်းရတယ်။


          သူတို့က Senior ဆိုပြီး အော်ဟစ်ပြောဆိုတယ် အစ်ကို။ ခင်ခင်တို့မလုပ်ဖူးတဲ့အလုပ်တစ်ခုကိုသူတို့က နှစ်အများကြီးလုပ်ဖူးတယ်ဆိုပြီးအနိုင်ကျင့်အော်ဟစ်တယ်။ ကျွန်မ တစ်ကြိမ် သည်းခံတယ်။ နှစ်ကြိမ် သည်းခံတယ်။ သုံးကြိမ်မှာတော့ မျက်ရည်ကျတော့ . . .


          ဘာမှမဟုတ်တာကို ပုံကြီးချဲ့ပြီးမျက်ရည်ကျရမလားဆိုပြီးပြောဆိုတယ်။ အမျိုးသားကသိတော့ Supervisor ကိုစာပို့ပေးတယ်။ ကျွန်မလည်းတော်တော့ကို Depression ရတယ်။ အချင်းချင်း Respect နဲ့ Nicely ဆက်ဆံဖို့ တောင်းဆိုပြီး စာရေးခဲ့တာ။


        Supervisor က သူဌေးကိုပြောတယ်။ သူဌေးက ကျွန်မကပြသနာရှာလို့ဆိုပြီး အခြားအကြောင်းအရာတစ်ခုနဲ့ပေါင်းပြီး ဒေါသတွေထွက် အော်ဟစ်ဆဲဆိုတယ် ဆရာ။ ကျွန်မနဲ့တစ်ခြားတစ်ယောက်ကိုတည်ပြီး ကျွန်မတို့ Department ကို အပြစ်အားလုံးပုံချတယ်။ မြန်မာအားလုံးက ကျွန်မကပြဿနာရှာတယ်ဆိုပြီး ဝိုင်းပြီးပြောကြတယ်။ အခုပိုဆိုးပြီး ပိုအော်ဟစ်တယ်။


        ကျွန်မ အရင်ကပြန်မပြောတတ်ဘူး။ အခု ကျွန်မပြန်ပြောတယ်။ ကျွန်မလေအံ့ဩနေတာ။ New York မှာမို့လို့မြန်မာများလို့အဲဒီလိုရှိတာလား။ တစ်ခြားပြည်နယ်တွေကော ဘယ်လိုလဲ သိချင်မိတယ်။


{စာရေးပြပြီး မေးပေးရမလား?}
အစ်ကို့အတွေ့အကြုံကကော အစ်ကို


{ဒီဘက်မှာ ရတနာအလုပ်သိပ်မရှိပါ}


        ဟုတ်ကဲ့။ ခင်ခင်အခုလုပ်နေတဲ့ Company မှာ ဝန်ထမ်း ၂၂ဝ ကျော်ရှိတာမြန်မာတွေအများကြီးပဲ။ တစ်ဝက်နီးပါးလောက်ရှိမယ်ထင်တယ် အစ်ကို။ ဂျူး Company။ အမည်းတွေမခန့်ဘူး။ မြန်မာ၊ စပိန်၊ ဂျူး၊ အဖြူ ရှိတယ်။ ကျွန်မက အမေရိကားမို့လို့ ဒါမျိုးတွေရှိမယ်ထင်မထားဘူး။


          ကျွန်မ စာရေးချင်တယ်။ ဒီမှာ သိပ်ဟန်ဆောင်ကောင်းကြတာ အစ်ကို။ မြန်မာနိုင်ငံကလူတွေ လူအထင်ကြီးအောင်နေတဲ့နေရာမှာသိပ်တော်ကြတယ်။


         အစ်ကိုကော ဘယ်လိုအကြံပေးချင်လဲ အစ်ကို။ အဆင်ပြေအောင်သည်းခံနေသင့်လား။ ဒီပတ်ဝန်းကျင်မျိုးကို ရှောင်သင့်လား။ လုပ်နေတဲ့လူတွေက အနှစ် ၂ဝ တွေ ၁၅ နှစ်တွေက အသစ်တွေကိုစိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်ကြတာ အစ်ကို။


         ကျွန်မရေးချင်တာက ကျွန်မတို့အမြင်တွေမတူတာကိုရေးချင်တာ။ ကျွန်မအမေရိကကို သိပ်မျှော်လင့်ထားခဲ့တယ်။ ခြေစချတာနဲ့ လေယာဉ်ကွင်းတို့၊ ဘူတာတို့ Apartment တို့က သိပ်ပြီးအိုဟောင်းနေကြတာ။ စင်္ကာပူတို့ ဂျပန်တို့လောက်တောင် မသားနားဘူး။ ပညာရေး၊ အစားအသောက်၊ System တွေတော့ သိပ်ကောင်းပါတယ်။


          ကျွန်မကရေးချင်စိတ်သာရှိတာပါ။ ကျွန်မသိတာ သိပ်နည်းနေပါသေးတယ်။ အဲဒါကြောင့်မို့လို့အချိန်တော့လိုပါသေးတယ်။ အခု ကိုညီ့ကိုပြောတာက ကျွန်မအဖြေရှာကြည့်တာပါ။


{နားလည်ပါတယ်}


          ကျွန်မတစ်ချိန်လုံးခေါင်းကိုက်ပြီးအိပ်မပျော်ဘူး။ ကျွန်မနဲ့အလုပ်အတူတူလုပ်ခဲ့တဲ့ညီမတစ်ယောက်ကလည်း DV ပေါက်ပြီးရောက်လာတာ။ မြန်မာနိုင်ငံက တစ်လ ၁ဝ သိန်းတန်အလုပ်ကိုစွန့်ပြီးလာခဲ့ရလို့ တစ်ချိန်လုံးနောင်တရနေတာ။


{စရောက်ခါကပြောင်းရွှေ့မြန်မာတွေရဲ့အခက်အခဲကိုကိုယ်ချင်းစာလို့ဒီဆောင်းပါးအတွဲမှာ တစ်ယောက်ချင်းစီရဲ့ခံစားချက်တွေကိုပြန်ကူးတင်ပေးပါတယ်}


ခင်လျက်
ကိုညီညီ (တောင်ကြီး)

08-15-2020

No comments: