ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, August 17, 2016

" G "

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )

.
“ မိန္းမေရ .. ဒီမွာလာၾကည္႕ဦး။ မင္း သားေတာ႕ ေထာင္က်ေတာ႕မယ္ ”
.
“ ရွင္တုိ႕သားအဖ ဘာျဖစ္ေနတာလဲ? အလန္႕တၾကားနဲ႕ ”
.
“ ဒီမွာေလ .. ေဒၚလာ ( ၁ဝဝဝဝဝ ) ..။ သူ႕ဘဏ္စာအုပ္ထဲေရာက္တယ္ေလ။ သူ႕လို ( ၁၆ ) ႏွစ္သားေက်ာင္းသားတစ္ေယာက္က ေငြတစ္သိန္း ဘယ္ကရမွာတုန္း ”
.
.
“ သား ရွင္းျပမယ္ ပါပါ ”
.
“ လြန္ခဲ႕တဲ႕ ( ၆ ) လေလာက္ကတည္းက သားအခန္းထဲမွာ အလုပ္ေတြရႈတ္ေနတာ ျမင္တယ္မဟုတ္လား? ” လို႕ ကြ်န္ေတာ္ကေျပာေတာ႕
.
“ ဟုတ္တယ္ေလ .. ေက်ာင္းစာကိုမထိခိုက္မခ်င္း ၾကိဳက္တာလုပ္လို႕ ေျပာခဲ႕သားပဲ။ ဒါနဲ႕ ဒီေငြက ဘာဆိုင္လို႕လဲ? ” ပါပါက ရင္ဘတ္ကိုလက္နဲ႕ရိုက္ျပီး စိတ္မရွည္စြာ ဆက္ေမးပါတယ္။ ကြ်န္ေတာ္က
.
.
“ ေဒါ႕ကြန္းစီးပြားေရး - dot-com Market ကုိ သား လုပ္ေနတာၾကာျပီ ပါပါရဲ႕။ အသက္ငယ္တဲ႕ သူေ႒းေလးေတြကိုၾကည္႕ျပီး သား သိပ္အားက်တာပဲ။ သူတုိ႕ဘယ္လုိသူေ႒းျဖစ္လာတယ္ဆုိတာ လမ်ားစြာ သား ေလ႕လာခဲ႕တယ္ ”
.
“ အဲဒီမွာ ႏွစ္ခ်က္ႏွိပ္ရတဲ႕ေမာက္စ္ခလုပ္ - DoubleClick ကို သား သြားေတြ႕တယ္။ သားရဲ႕အာရံုကို သိပ္ဖမ္းစားတယ္။ ဒါနဲ႕ ဒါကိုလုပ္မယ္ဆုိျပီး အိပ္ခန္းထဲမွာ ( ၆ ) လ ၾကာေအာင္ တည္ေဆာက္ခဲ႕တယ္ ”
.
.
“ ပါပါ တုိ႕ကုိနားလည္ေအာင္ေျပာရရင္ အင္တာနက္ - World Wide Web မွာ ေၾကာ္ျငာခ်င္ရင္ ပိုက္ဆံေပးရတယ္။ အခု အင္တာနက္ကေပၚခါစ။ လူေတြက အသစ္အဆန္းျဖစ္လို႕ ပိုသံုးလာၾကတယ္။ ထပ္ျပီးလည္း တြင္က်ယ္လာလိမ္႕ဦးမယ္။
.
ဒါေၾကာင္႕ ေၾကာ္ျငာေတြလက္ခံတဲ႕အင္တာနက္ကုမၸဏီကုိ အဂၤလန္က ပရုိဂရမ္မာတစ္ေယာက္နဲ႕ေပါင္းေရးျပီး သား ေထာင္လိုက္တာ။ အခု ဒီေငြေတြက ေၾကာ္ျငာခကေနရတဲ႕ေငြေတြပါ ” လို႕ ကြ်န္ေတာ္ရွင္းျပတာနားေထာင္ျပီး ပါပါ က
.
.
“ ငါ႕မွာေတာ႕ သားသမီးေတြကို ဆရာဝန္ျဖစ္မလား? အင္ဂ်င္နီယာျဖစ္မလား? လို႕ အရိပ္တစ္ၾကည္႕ၾကည္႕နဲ႕ ” လို႕ သက္ျပင္းခ်ျပီးေျပာေတာ႕ ကြ်န္ေတာ္က
.
“ ဒါက ပိုေကာင္းတယ္ ပါပါ။ သား ဂတိေပးပါတယ္။ ဒါ ပိုေသခ်ာတယ္ ”
.
“ ဒါေပမယ္႕ သားမွာ အေဖဆီက ေတာင္းဆုိစရာတစ္ခုရွိတယ္ ” လို႕ ကြ်န္ေတာ္ကေျပာေတာ႕ အံ႕ၾသသြားတဲ႕အေဖက “ ဘာလိုခ်င္တာလဲ သား ? ” လို႕ အသက္ျပင္းျပင္းရွဳထုတ္ရင္း ေမးတယ္။ ကြ်န္ေတာ္ေျပာလိုက္တာက ..
.
“ သားကို ေက်ာင္းထုတ္ေပးပါ ပါပါ ”

.
.
“ ဘယ္လို? ”
.
“ ဟုတ္တယ္ ပါပါ။ သား DoubleClick အတြက္ အခ်ိန္ျပည္႕အလုပ္လုပ္ရမယ္။ သား ေက်ာင္းတက္ေနရင္းလုပ္လို႕ မရေတာ႕ဘူး။ ဒါေၾကာင္႕ ေက်ာင္းအုပ္ၾကီးဆီမွာ ပါပါ လိုက္ေျပာေပးရင္း သားကို ေက်ာင္းထုတ္ေပးပါေနာ္ .. ပါပါ ေနာ္ ”
.
.
အဲဒီကိစၥေပၚေပါက္သြားျပီး ေနာက္ ( ၂ ) ရက္မွာ ေက်ာင္းအုပ္ၾကီးေရွ႕မွာ ကြ်န္ေတာ႕လက္ကိုဆြဲျပီး ေက်ာင္းအုပ္ၾကီးကို ကြ်န္ေတာ႕သားေက်ာင္းစာကိုဝါသနာမပါလုိ႕ ေက်ာင္းနားခြင္႕ျပဳပါလုိ႕ ေက်ာင္းလိုက္ႏႈတ္ေပးပါတယ္။ အဲဒီကအျပန္ အေဖ႕နားက သိပ္တန္ဖိုးရွိတဲ႕စကားတစ္ခြန္းၾကားခဲ႕ရတယ္ ..
.
“ ပါပါ သားကုိ ယံုတယ္။ ဘာျဖစ္လို႕လဲဆုိေတာ႕ သားရဲ႕မ်က္လံုးထဲမွာ ကိုယ္႕ဟာကိုယ္အင္မတန္ယံုၾကည္ေနတဲ႕အလင္းေရာင္ေတြကို ျမင္ေနရလုိ႕ပဲ ”
.
.
ေႏြရာသီအလည္ကိုေရာက္လာတဲ႕အခါ ကြ်န္ေတာ္ေပးခဲ႕တဲ႕ကတိအတိုင္း ( ၆ ) လ ေနာက္ပိုင္းမွာ ကြ်န္ေတာ႕ဝင္ေငြဟာ တစ္လကို ေဒၚလာ ( ၃ဝဝဝဝဝ ) ရွိလာခဲ႕တယ္။
.
( ၂ ) ႏွစ္ေလာက္ၾကာတဲ႕အခါ တိတိက်က်ေျပာရရင္ ကြ်န္ေတာ႕ရဲ႕ အသက္ ( ၁၈ ) ႏွစ္ျပည္႕ေမြးေန႕ေက်ာ္တာနဲ႕ ကြ်န္ေတာ႕ဘဝမွာ အထင္ကရျဖစ္ေစတဲ႕ ကိစၥၾကီးတစ္ခုကိုလုပ္ႏိုင္ခဲ႕တယ္။
.
အဲဒါကေတာ႕ ( ၁၆ ) ႏွစ္သားေက်ာင္းသားကြ်န္ေတာ္ ေထာင္ထားတဲ႕ကုမၸဏီကုိ ေဒၚလာ သန္း ( ၄ဝ ) နဲ႕ ေရာင္းျပႏုိင္ခဲ႕တယ္ေလ..။
.
.
သူ႕နာမယ္က “ ကဘားရွဟား - Gurbaksh Chahal ” လို႕ေခၚပါတယ္။ အိႏိၵယႏုိင္ငံ၊ ပန္ဂ်ပ္ျပည္နယ္မွာေမြးျပီး ေမြးခ်င္း ( ၄ ) ေယာက္မွာ အငယ္ဆံုးပါ။ သမီး ( ၂ ) ေယာက္ ထိပ္ကပိတ္ေမြးခဲ႕လို႕ အမ်ိဳးေတြၾကားမွာမ်က္ႏွာမလွခဲ႕တဲ႕ သူ႕မိဘေတြဟာ သူ႕အစ္ကုိ တပ္ခ်္ - Taj ကုိေမြးမွ လူရာဝင္ခဲ႕တယ္။
.
ဒါေၾကာင္႕အငယ္ဆံုးသား “ ကဘား ” ကိုေမြးေတာ႕ ေနာက္ဆံုးပိတ္အိပ္နဲ႕လြယ္ ဆိုသလို ပန္ဂ်ာဘီဘာသာစကားနဲ႕ ဘုရားေပးတဲ႕ဆုလုိ႕ အဓိပၸာယ္ရတဲ႕ Gurbaksh လို႕ အမည္ေပးခဲ႕တယ္။ သူ႕ကို အိမ္မွာ “ G ” လို႕ေခၚရာကေန ေနာက္ပိုင္း သူေ႒းျဖစ္လာေတာ႕လည္း သူက ဒီနာမယ္ဆက္ယူခဲ႕တယ္။
.
.
G ကုိေမြးျပီး ( ၂ ) ႏွစ္ၾကာေတာ႕ အေမရိကားမွာ သူနာျပဳအလြန္အမင္းလိုအပ္ေနခ်ိန္ျဖစ္ေနတယ္။ အဲဒီအခ်ိန္မွာ G ရဲ႕အေဖက အေမရိကန္သြားဖုိ႕လုပ္ေပးတဲ႕ ကံစမ္းမဲအစီအစဥ္တစ္ခုကေန ဗီဆာေလွ်ာက္လိုက္တာ ကံေကာင္းေထာက္မစြာ ရသြားတယ္။ ဒါနဲ႕ သူတို႕မိသားစု အေမရိကန္ေရာက္ခဲ႕တယ္။ အစပိုင္း လူၾကီးႏွစ္ေယာက္အရင္သြားျပီး ဆန္ဖရန္စစၥကိုနားမွာ ေနထုိင္တယ္။
.
ေနာက္ေတာ႕ သူငယ္ခ်င္းအိမ္ကေျပာင္းလို႕ ဆီလီကြန္ေတာင္ၾကားရဲ႕ျမိဳ႕ေတာ္ ဆန္ဟုိေဆး - San Jose ျမိဳ႕မွာ အေျခခ်တယ္။ ျပီးေတာ႕ သူနာျပဳအလုပ္ဝင္ေနတဲ႕ G ရဲ႕ အေမက အိႏိၵယျပည္ကိုျပန္ျပီး ကေလးေတြကိုျပန္သြားေခၚတယ္ .. ေက်ာင္းထားတယ္။ အထက္တန္းမျပီးခင္ G က အိပ္ခန္းထဲကေနၾကိတ္ၾကံျပီး ေဒၚလာ သိန္းခ်ီရွာႏုိင္တယ္။ ဇာတ္လမ္းအတုိခ်ံဳးက ဒီေလာက္ပါပဲ..။
.
.
လူ႕ဘဝမွာ ဝန္ထမ္းဘဝ နဲ႕ သူမ်ားအလုပ္လုပ္တာကလြဲရင္ တက္လမ္းဆိုတာရွိတယ္။ အက်လမ္းဆိုတာ ရွိျပန္တယ္။ ဒါေၾကာင္႕ အသက္ငယ္ငယ္ ( ၁၆ ) ႏွစ္အရြယ္ နဲ႕ လမ္ဘိုဂီးနီျပိဳင္ကားဝယ္စီးခဲ႕ျပီး သူ႕အေဖအိမ္ေကြ်းဆပ္ေပးခဲ႕တဲ႕ G ဟာလည္း ဘယ္ေျပးလြတ္ပါ႕မလဲ..။
.
ေနာက္ပိုင္း တစ္ရွိန္ထုိးေအာင္ျမင္လာတဲ႕ G ဟာ ( ၃ ) ႏွစ္္အတြင္း BlueLithium အမည္ရတဲ႕အင္တာနက္ကုမၸဏီေထာင္ျပီး ကနဦးအင္တာနက္ကုမၸဏီၾကီး - Yahoo ကုိ ေဒၚလာ သန္း ( ၃ဝဝ ) နဲ႕ ( ၂ဝဝ၇ ) ခုႏွစ္မွာ ေရာင္းခ်ႏုိင္ခဲ႕တယ္။
.
ေနာက္ပိုင္းေအာင္ျမင္တဲ႕သက္တမ္းတစ္ေလွ်ာက္ GWallet, RadiumOne, MingleNow နဲ႕ Gravity4 စတဲ႕ ကုမၸဏီေတြ တစ္ခုျပီးတစ္ခုေထာင္ျပီး ေအာင္လံတလူလူလႊင္႕ႏုိင္ယံုမက လူအမ်ားကိုကူညီဖို႕ “ ရွဟားေဖာင္ေဒးရွင္း - Chahal Foundation  ”  ကုိေထာင္ထားျပီး ေငြကုိေရလိုသံုးႏုိ္င္ေသာ္လည္းပဲ လူ႕စည္းကမ္းေဘာင္နည္းနည္းေက်ာ္တာနဲ႕ ( -G ) ဇာတ္လမ္းစေတာ႕တာပါပဲ..။
.
.
အခုဆိုရင္ G ဟာ ခ်စ္သူမိန္းကေလးကို တစ္နာရီအတြင္း ( ၁၁၇ ) ခ်က္ ကန္ေက်ာက္မႈနဲ႕တရားစြဲဆုိခံရတာကေန ျပီးခဲ႕တဲ႕အပတ္က ျပစ္ဒဏ္ ( ၁ ) ႏွစ္ ေထာင္အက်ဥ္းက်ခံဖို႕ တရားရံုက အမိန္႕ခ်ပါတယ္။
.
G ရဲ႕ ႏိုင္ငံကူးလက္မွတ္ကိုဆိုင္းငံ႕ထားလိုက္ျပီး ေနာက္ဆံုးေထာင္တဲ႕ Gravity4  ကုမၸဏီရဲ႕ CEO ရာထူးကိုလည္း သူ႕အစ္မကိုလႊဲေပးရေတာ႕မွာပါ။
.
.
တစ္ျခားကိစၥေတြထဲမွာ အရင္က ဝန္ထမ္းတစ္ေယာက္ကို လစာမေပးပဲ မွားယြင္းစြာအလုပ္ထုတ္မိလို႕ တရားျပန္အဆြဲခံရတဲ႕အမႈကို ရင္ဆိုင္ဖို႕ ေစာင္႕ေနရတဲ႕အျဖစ္မ်ိဳးကလည္း G မွာ ရွိပါေသးတယ္။
.
သူ႕အစ္ကိုေထာင္ခဲ႕တဲ႕ Planet Bollywood စားေသာက္ဆိုင္ၾကီးဟာလည္း G ေၾကာင္႕ မီးေလာင္ျပာက်သြားခဲ႕ရတယ္။
.
အခုဆုိ ဆန္ဖရန္စစၥကိုေရွ႕ေနမ်ားရံုးက G ရဲ႕ လက္ရမ္းၾကမ္းတမ္းမႈ နဲ႕ ကိုယ္ထိလက္ေရာက္မႈေတြေၾကာင္႕ အမႈေပါင္း ( ၄၅ ) ခု ဖြင္႕ထားတယ္လို႕ ဆိုပါတယ္။
.
.
ဒီေလာက္ေအာင္ျမင္ျပီး ( ၂ဝ၁၃ ) ခုႏွစ္မွာ “ တစ္ႏွစ္တာအတြက္အေတာ္ဆံုးစြန္႕ဦးလုပ္ငန္းရွင္ဆု - Entrepreneur of the Year ဆု ” ရခဲ႕တဲ႕ အေမရိကန္ေျပာင္းေရႊ႕အာရွလူငယ္တစ္ဦးဟာ ဘာေၾကာင္႕ ေထာင္နန္းစံဖို႕ျဖစ္လာရပါသလဲ?
.
ရွင္းပါတယ္..။ ဆင္းရဲမႈဒဏ္ရဲ႕ခ်ိဳျမိန္မႈ နဲ႕ ေအာင္ျမင္မႈသုခရဲ႕ခါးသီးမႈကို မွ်ေျခမဆြဲႏုိင္တာေၾကာင္႕လို႕ ျမင္မိပါတယ္။
.
အခုဆိုရင္ ဆီလီကြန္ေတာင္ၾကားမွာ ဒီကိစၥဟာ ေဟာလီဝုဒ္စတားေတြထက္ ေျပာသမားမ်ားေနပါျပီ။
.
ခ်စ္မိတ္ေဆြမ်ားအေနနဲ႕ ေငြေၾကာင္႕လူ႕ဘဝဘယ္လိုေအာင္ျမင္တယ္ .. ဒီေငြေၾကာင္႕ပဲ သူတို႕ရဲ႕ဘဝဘယ္လိုထိခိုက္သြားႏုိင္တယ္ဆုိတာ G အေၾကာင္းကိုဖတ္ရင္း လူ႕စည္းကမ္းကိုၾကာၾကာထိန္းတတ္ဖို႕ မိမိကုိယ္တိုင္သင္ၾကားရမွာျဖစ္ေၾကာင္း သင္ခန္းစာယူႏုိင္ေၾကာင္းပါဗ်ား..။
.
ခင္လ်က္
.
ကုိညီညီ ( ေတာင္ၾကီး )
.
08-17-2016
.
ရည္ညြန္းကိုးကား:
.
The Dream: How I Learned the Risks and Rewards of Entrepreneurship and Made Millions by Gurbaksh Chahal
.
Tech Insider
.
.
.
Unicode Version:
.
.
“ G ”
.
“ မိန်းမရေ .. ဒီမှာလာကြည့်ဦး။ မင်း သားတော့ ထောင်ကျတော့မယ် ”
.
ရှင်တို့သားအဖ ဘာဖြစ်နေတာလဲ? အလန့်တကြားနဲ့ ”
.
ဒီမှာလေ .. ဒေါ်လာ ( ၁ဝဝဝဝဝ ) ..။ သူ့ဘဏ်စာအုပ်ထဲရောက်တယ်လေ။ သူ့လို ( ၁၆ ) နှစ်သားကျောင်းသားတစ်ယောက်က ငွေတစ်သိန်း ဘယ်ကရမှာတုန်း ”
.
.
သား ရှင်းပြမယ် ပါပါ ”
.
လွန်ခဲ့တဲ့ ( ၆ ) လလောက်ကတည်းက သားအခန်းထဲမှာ အလုပ်တွေရှုတ်နေတာ မြင်တယ်မဟုတ်လား? ” လို့ ကျွန်တော်ကပြောတော့
.
ဟုတ်တယ်လေ .. ကျောင်းစာကိုမထိခိုက်မချင်း ကြိုက်တာလုပ်လို့ ပြောခဲ့သားပဲ။ ဒါနဲ့ ဒီငွေက ဘာဆိုင်လို့လဲ? ” ပါပါက ရင်ဘတ်ကိုလက်နဲ့ရိုက်ပြီး စိတ်မရှည်စွာ ဆက်မေးပါတယ်။ ကျွန်တော်က
.
ဒေါ့ကွန်းစီးပွားရေး - dot-com Market ကို သား လုပ်နေတာကြာပြီ ပါပါရဲ့။ အသက်ငယ်တဲ့ သူဋ္ဌေးလေးတွေကိုကြည့်ပြီး သား သိပ်အားကျတာပဲ။ သူတို့ဘယ်လိုသူဋ္ဌေးဖြစ်လာတယ်ဆိုတာ လများစွာ သား လေ့လာခဲ့တယ် ”
.
အဲဒီမှာ နှစ်ချက်နှိပ်ရတဲ့မောက်စ်ခလုပ် - DoubleClick ကို သား သွားတွေ့တယ်။ သားရဲ့အာရုံကို သိပ်ဖမ်းစားတယ်။ ဒါနဲ့ ဒါကိုလုပ်မယ်ဆိုပြီး အိပ်ခန်းထဲမှာ ( ၆ ) လ ကြာအောင် တည်ဆောက်ခဲ့တယ် ”
.
.
ပါပါ တို့ကိုနားလည်အောင်ပြောရရင် အင်တာနက် - World Wide Web မှာ ကြော်ငြာချင်ရင် ပိုက်ဆံပေးရတယ်။ အခု အင်တာနက်ကပေါ်ခါစ။ လူတွေက အသစ်အဆန်းဖြစ်လို့ ပိုသုံးလာကြတယ်။ ထပ်ပြီးလည်း တွင်ကျယ်လာလိမ့်ဦးမယ်။
.
ဒါကြောင့် ကြော်ငြာတွေလက်ခံတဲ့အင်တာနက်ကုမ္ပဏီကို အင်္ဂလန်က ပရိုဂရမ်မာတစ်ယောက်နဲ့ပေါင်းရေးပြီး သား ထောင်လိုက်တာ။ အခု ဒီငွေတွေက ကြော်ငြာခကနေရတဲ့ငွေတွေပါ ” လို့ ကျွန်တော်ရှင်းပြတာနားထောင်ပြီး ပါပါ က
.
.
ငါ့မှာတော့ သားသမီးတွေကို ဆရာဝန်ဖြစ်မလား? အင်ဂျင်နီယာဖြစ်မလား? လို့ အရိပ်တစ်ကြည့်ကြည့်နဲ့ ” လို့ သက်ပြင်းချပြီးပြောတော့ ကျွန်တော်က
.
ဒါက ပိုကောင်းတယ် ပါပါ။ သား ဂတိပေးပါတယ်။ ဒါ ပိုသေချာတယ် ”
.
ဒါပေမယ့် သားမှာ အဖေဆီက တောင်းဆိုစရာတစ်ခုရှိတယ် ” လို့ ကျွန်တော်ကပြောတော့ အံ့ဩသွားတဲ့အဖေက “ ဘာလိုချင်တာလဲ သား ? ” လို့ အသက်ပြင်းပြင်းရှုထုတ်ရင်း မေးတယ်။ ကျွန်တော်ပြောလိုက်တာက ..
.
သားကို ကျောင်းထုတ်ပေးပါ ပါပါ ”
.
.
ဘယ်လို? ”
.
ဟုတ်တယ် ပါပါ။ သား DoubleClick အတွက် အချိန်ပြည့်အလုပ်လုပ်ရမယ်။ သား ကျောင်းတက်နေရင်းလုပ်လို့ မရတော့ဘူး။ ဒါကြောင့် ကျောင်းအုပ်ကြီးဆီမှာ ပါပါ လိုက်ပြောပေးရင်း သားကို ကျောင်းထုတ်ပေးပါနော် .. ပါပါ နော် ”
.
.
အဲဒီကိစ္စပေါ်ပေါက်သွားပြီး နောက် ( ၂ ) ရက်မှာ ကျောင်းအုပ်ကြီးရှေ့မှာ ကျွန်တော့လက်ကိုဆွဲပြီး ကျောင်းအုပ်ကြီးကို ကျွန်တော့သားကျောင်းစာကိုဝါသနာမပါလို့ ကျောင်းနားခွင့်ပြုပါလို့ ကျောင်းလိုက်နှုတ်ပေးပါတယ်။ အဲဒီကအပြန် အဖေ့နားက သိပ်တန်ဖိုးရှိတဲ့စကားတစ်ခွန်းကြားခဲ့ရတယ် ..
.
ပါပါ သားကို ယုံတယ်။ ဘာဖြစ်လို့လဲဆိုတော့ သားရဲ့မျက်လုံးထဲမှာ ကိုယ့်ဟာကိုယ်အင်မတန်ယုံကြည်နေတဲ့အလင်းရောင်တွေကို မြင်နေရလို့ပဲ ”
.
.
နွေရာသီအလည်ကိုရောက်လာတဲ့အခါ ကျွန်တော်ပေးခဲ့တဲ့ကတိအတိုင်း ( ၆ ) လ နောက်ပိုင်းမှာ ကျွန်တော့ဝင်ငွေဟာ တစ်လကို ဒေါ်လာ ( ၃ဝဝဝဝဝ ) ရှိလာခဲ့တယ်။
.
( ၂ ) နှစ်လောက်ကြာတဲ့အခါ တိတိကျကျပြောရရင် ကျွန်တော့ရဲ့ အသက် ( ၁၈ ) နှစ်ပြည့်မွေးနေ့ကျော်တာနဲ့ ကျွန်တော့ဘဝမှာ အထင်ကရဖြစ်စေတဲ့ ကိစ္စကြီးတစ်ခုကိုလုပ်နိုင်ခဲ့တယ်။
.
အဲဒါကတော့ ( ၁၆ ) နှစ်သားကျောင်းသားကျွန်တော် ထောင်ထားတဲ့ကုမ္ပဏီကို ဒေါ်လာ သန်း ( ၄ဝ ) နဲ့ ရောင်းပြနိုင်ခဲ့တယ်လေ..။
.
.
သူ့နာမယ်က “ ကဘားရှဟား - Gurbaksh Chahal ” လို့ခေါ်ပါတယ်။ အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ်မှာမွေးပြီး မွေးချင်း ( ၄ ) ယောက်မှာ အငယ်ဆုံးပါ။ သမီး ( ၂ ) ယောက် ထိပ်ကပိတ်မွေးခဲ့လို့ အမျိုးတွေကြားမှာမျက်နှာမလှခဲ့တဲ့ သူ့မိဘတွေဟာ သူ့အစ်ကို တပ်ခ်ျ - Taj ကိုမွေးမှ လူရာဝင်ခဲ့တယ်။
.
ဒါကြောင့်အငယ်ဆုံးသား “ ကဘား ” ကိုမွေးတော့ နောက်ဆုံးပိတ်အိပ်နဲ့လွယ် ဆိုသလို ပန်ဂျာဘီဘာသာစကားနဲ့ ဘုရားပေးတဲ့ဆုလို့ အဓိပ္ပာယ်ရတဲ့ Gurbaksh လို့ အမည်ပေးခဲ့တယ်။ သူ့ကို အိမ်မှာ “ G ” လို့ခေါ်ရာကနေ နောက်ပိုင်း သူဋ္ဌေးဖြစ်လာတော့လည်း သူက ဒီနာမယ်ဆက်ယူခဲ့တယ်။
.
.
G ကိုမွေးပြီး ( ၂ ) နှစ်ကြာတော့ အမေရိကားမှာ သူနာပြုအလွန်အမင်းလိုအပ်နေချိန်ဖြစ်နေတယ်။ အဲဒီအချိန်မှာ G ရဲ့အဖေက အမေရိကန်သွားဖို့လုပ်ပေးတဲ့ ကံစမ်းမဲအစီအစဉ်တစ်ခုကနေ ဗီဆာလျှောက်လိုက်တာ ကံကောင်းထောက်မစွာ ရသွားတယ်။ ဒါနဲ့ သူတို့မိသားစု အမေရိကန်ရောက်ခဲ့တယ်။ အစပိုင်း လူကြီးနှစ်ယောက်အရင်သွားပြီး ဆန်ဖရန်စစ္စကိုနားမှာ နေထိုင်တယ်။
.
နောက်တော့ သူငယ်ချင်းအိမ်ကပြောင်းလို့ ဆီလီကွန်တောင်ကြားရဲ့မြို့တော် ဆန်ဟိုဆေး - San Jose မြို့မှာ အခြေချတယ်။ ပြီးတော့ သူနာပြုအလုပ်ဝင်နေတဲ့ G ရဲ့ အမေက အိန္ဒိယပြည်ကိုပြန်ပြီး ကလေးတွေကိုပြန်သွားခေါ်တယ် .. ကျောင်းထားတယ်။ အထက်တန်းမပြီးခင် G က အိပ်ခန်းထဲကနေကြိတ်ကြံပြီး ဒေါ်လာ သိန်းချီရှာနိုင်တယ်။ ဇာတ်လမ်းအတိုချုံးက ဒီလောက်ပါပဲ..။
.
.
လူ့ဘဝမှာ ဝန်ထမ်းဘဝ နဲ့ သူများအလုပ်လုပ်တာကလွဲရင် တက်လမ်းဆိုတာရှိတယ်။ အကျလမ်းဆိုတာ ရှိပြန်တယ်။ ဒါကြောင့် အသက်ငယ်ငယ် ( ၁၆ ) နှစ်အရွယ် နဲ့ လမ်ဘိုဂီးနီပြိုင်ကားဝယ်စီးခဲ့ပြီး သူ့အဖေအိမ်ကျွေးဆပ်ပေးခဲ့တဲ့ G ဟာလည်း ဘယ်ပြေးလွတ်ပါ့မလဲ..။
.
နောက်ပိုင်း တစ်ရှိန်ထိုးအောင်မြင်လာတဲ့ G ဟာ ( ၃ ) နှစ်အတွင်း BlueLithium အမည်ရတဲ့အင်တာနက်ကုမ္ပဏီထောင်ပြီး ကနဦးအင်တာနက်ကုမ္ပဏီကြီး - Yahoo ကို ဒေါ်လာ သန်း ( ၃ဝဝ ) နဲ့ ( ၂ဝဝ၇ ) ခုနှစ်မှာ ရောင်းချနိုင်ခဲ့တယ်။
.
နောက်ပိုင်းအောင်မြင်တဲ့သက်တမ်းတစ်လျှောက် GWallet, RadiumOne, MingleNow နဲ့ Gravity4 စတဲ့ ကုမ္ပဏီတွေ တစ်ခုပြီးတစ်ခုထောင်ပြီး အောင်လံတလူလူလွှင့်နိုင်ယုံမက လူအများကိုကူညီဖို့ “ ရှဟားဖောင်ဒေးရှင်း - Chahal Foundation  ”  ကိုထောင်ထားပြီး ငွေကိုရေလိုသုံးန်ိုင်သော်လည်းပဲ လူ့စည်းကမ်းဘောင်နည်းနည်းကျော်တာနဲ့ ( -G ) ဇာတ်လမ်းစတော့တာပါပဲ..။
.
.
အခုဆိုရင် G ဟာ ချစ်သူမိန်းကလေးကို တစ်နာရီအတွင်း ( ၁၁၇ ) ချက် ကန်ကျောက်မှုနဲ့တရားစွဲဆိုခံရတာကနေ ပြီးခဲ့တဲ့အပတ်က ပြစ်ဒဏ် ( ၁ ) နှစ် ထောင်အကျဉ်းကျခံဖို့ တရားရုံက အမိန့်ချပါတယ်။
.
G ရဲ့ နိုင်ငံကူးလက်မှတ်ကိုဆိုင်းငံ့ထားလိုက်ပြီး နောက်ဆုံးထောင်တဲ့ Gravity4  ကုမ္ပဏီရဲ့ CEO ရာထူးကိုလည်း သူ့အစ်မကိုလွှဲပေးရတော့မှာပါ။
.
.
တစ်ခြားကိစ္စတွေထဲမှာ အရင်က ဝန်ထမ်းတစ်ယောက်ကို လစာမပေးပဲ မှားယွင်းစွာအလုပ်ထုတ်မိလို့ တရားပြန်အဆွဲခံရတဲ့အမှုကို ရင်ဆိုင်ဖို့ စောင့်နေရတဲ့အဖြစ်မျိုးကလည်း G မှာ ရှိပါသေးတယ်။
.
သူ့အစ်ကိုထောင်ခဲ့တဲ့ Planet Bollywood စားသောက်ဆိုင်ကြီးဟာလည်း G ကြောင့် မီးလောင်ပြာကျသွားခဲ့ရတယ်။
.
အခုဆို ဆန်ဖရန်စစ္စကိုရှေ့နေများရုံးက G ရဲ့ လက်ရမ်းကြမ်းတမ်းမှု နဲ့ ကိုယ်ထိလက်ရောက်မှုတွေကြောင့် အမှုပေါင်း ( ၄၅ ) ခု ဖွင့်ထားတယ်လို့ ဆိုပါတယ်။
.
.
ဒီလောက်အောင်မြင်ပြီး ( ၂ဝ၁၃ ) ခုနှစ်မှာ “ တစ်နှစ်တာအတွက်အတော်ဆုံးစွန့်ဦးလုပ်ငန်းရှင်ဆု - Entrepreneur of the Year ဆု ” ရခဲ့တဲ့ အမေရိကန်ပြောင်းရွှေ့အာရှလူငယ်တစ်ဦးဟာ ဘာကြောင့် ထောင်နန်းစံဖို့ဖြစ်လာရပါသလဲ?
.
ရှင်းပါတယ်..။ ဆင်းရဲမှုဒဏ်ရဲ့ချိုမြိန်မှု နဲ့ အောင်မြင်မှုသုခရဲ့ခါးသီးမှုကို မျှခြေမဆွဲနိုင်တာကြောင့်လို့ မြင်မိပါတယ်။
.
အခုဆိုရင် ဆီလီကွန်တောင်ကြားမှာ ဒီကိစ္စဟာ ဟောလီဝုဒ်စတားတွေထက် ပြောသမားများနေပါပြီ။
.
ချစ်မိတ်ဆွေများအနေနဲ့ ငွေကြောင့်လူ့ဘဝဘယ်လိုအောင်မြင်တယ် .. ဒီငွေကြောင့်ပဲ သူတို့ရဲ့ဘဝဘယ်လိုထိခိုက်သွားနိုင်တယ်ဆိုတာ G အကြောင်းကိုဖတ်ရင်း လူ့စည်းကမ်းကိုကြာကြာထိန်းတတ်ဖို့ မိမိကိုယ်တိုင်သင်ကြားရမှာဖြစ်ကြောင်း သင်ခန်းစာယူနိုင်ကြောင်းပါဗျား..။
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
.
08-17-2016
.
ရည်ညွန်းကိုးကား:
.
The Dream: How I Learned the Risks and Rewards of Entrepreneurship and Made Millions by Gurbaksh Chahal
.
Tech Insider



No comments: