ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, February 5, 2018

သုခဘံုမွာဒုကၡေရာက္တဲ႕ပါရီငရဲသားတစ္ေယာက္အေၾကာင္း။ A Prisoner in Paradise စ/ဆံုး

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
. "သုခဘံုမွာဒုကၡေရာက္တဲ႕ပါရီငရဲသားတစ္ေယာက္အေၾကာင္း။ A Prisoner in Paradise (1)"
။။။။။ ကံေကာင္းျခင္းနဲ႕ကံဆုိးျခင္းလက္ေဆာင္ ။။။။။

. "ကြ်န္ေတာ္က ဘာသာစကား (၇) မ်ိဳးတတ္တယ္ဗ်။ အစီအစဥ္အတိုင္းေျပာရရင္ ျမန္မာ၊ တရုတ္၊ ရွမ္း၊ ယိုးဒယား၊ အဂၤလိပ္၊ ဂ်ပန္ နဲ႕ ျပင္သစ္ တုိ႕ေပါ႕ဗ်ာ။ ျမန္မာႏုိ္င္ငံမွာေမြးေတာ႕ ဗမာစကားတတ္တာမဆန္းေပမဲ႕ တရုတ္က်ဴရွင္ဆရာကေမြးလို႕တရုတ္စကားမတတ္တေခါက္ျဖစ္ေနတာကေတာ႕ ဆန္းတယ္ခင္ဗ်"
.
. "အေဖ႕အေၾကာင္းဆိုရင္ ေတာင္ၾကီးေရာ၊ မုိင္းရွဴးေရာ၊ တရုတ္လူအုပ္စုအသိုင္းအဝိုင္းမွာေရာ ေနာက္ . . ကုန္သည္ေလာကမွာမက်န္ မသိသူမရွိဘူး။ ဟုိဟုိဒီဒီလက္ညိွဳးထုိးလိုက္ရင္ အေဖ႕တရုတ္စာတပည္႕တစ္ေယာက္ေလာက္ကေတာ႕ အျမဲလိုလိုေတြ႕ရတတ္တယ္။ ကြ်န္ေတာ္တုိ႕မုိင္းရွဴးမွာ စီးပြားရွာလို႕ေကာင္းေနတုန္း ျဗံဳးကနဲဆုိ မီးထေလာင္ပါေလေရာ . .။ ကြ်န္ေတာ္တုိ႕မိသားစု ကုန္းေကာက္စရာမရွိေအာင္ဆင္းရဲသြားတယ္"
.
.
. "ေျပာရဦးမယ္ . . ေျပာရဦးမယ္ . .။ ကံဆိုးလို႕မိုင္းရွဴးျမိဳ႕ၾကီးမီးေလာင္တယ္လဲဆိုေရာ ကာလတန္ဖိုးဘယ္ေလာက္ဆံုးရွံုးသြားတယ္ဆုိတာမ်ိဳးစာရင္းေကာက္ဖို႕ လူၾကီးေတြရဟတ္ယာဥ္နဲ႕ေရာက္လာတာေပါ႕။ ဒါေပမဲ႕ကံေကာင္းခ်င္ေတာ႕ အိမ္ကမီးအာမခံတင္ထားမိတယ္။ ကံဆိုးခ်င္ေတာ႕ အစုိးရဆီျပန္ေတာင္းတဲ႕မီးအာမခံကလာမယ္ ၾကာမယ္လို႕သာ အသံပဲၾကားလိုက္တယ္ . . ဘာဆိုဘာမွမရလိုက္ဘူး။ ကံေကာင္းခ်င္ေတာ႕ စာရြက္စုတ္ေလးေတြရလုိက္တယ္။ ကံဆိုးခ်င္ေတာ႕ တစ္ျမိဳ႕လံုးက ဆင္းရဲတြင္းထဲက်သြားရတယ္။ ကံေကာင္းခ်င္ေတာ႕ မုိင္းရွဴးေတာင္ကိုလွမ္းလွည္႕ၾကည္႕လိုက္တဲ႕အခါ မီးေလာင္ထားတဲ႕ဒဏ္ရာေတြေၾကာင္႕ တြင္းထြက္ေက်ာက္အနီတစ္မ်ိဳးမ်ိဳးရွိလို႕ ေတာင္ၾကီးကတလက္လက္ေတာက္ပေနတာကိုေတြ႕လာရတယ္။ ကံဆိုးခ်င္ေတာ႕ ကြ်န္ေတာ္တုိ႕မိသားစုမွာအရင္းအႏွီးမရွိေတာ႕ဘူး။ ကံေကာင္းခ်င္ေတာ႕ မုိင္းရွဴးတစ္ျမိဳ႕လံုး ပတၱျမားေက်ာက္ရွာတဲ႕အလုပ္ရလာတယ္"
.
. "ကံဆိုးျခင္း ကံေကာင္းျခင္းေတြၾကားမွာ မုိင္းရွဴးျမိဳ႕ကိုကြ်န္ေတာ္ဘယ္ထားခဲ႕ႏိုင္ပါ႕မလဲ ..။ သမုိင္းတစ္ခုကုိေဖာ္လိုက္ရင္ အားလံုးကသိၾကပါတယ္။ ၾကံဳလာတဲ႕ဘဝဟာေတာ္ေတာ္ခက္ခဲတယ္။ အေဖ နဲ႕ အေမ တို႕ ခ်မ္းသာတာကတစ္က႑။ မုိင္းရွဴးေခတ္မွာ ကြ်န္ေတာ္ဝင္လုပ္တယ္။ ဘာေက်ာက္လာမလဲ အကုန္သိတယ္။ ယိုးဒယားေရာင္းရမယ္႕ေက်ာက္လား .. ပြဲစားခင္တဲ႕ေက်ာက္လား . . တရုတ္မင္တဲ႕ေက်ာက္လား . . ပိုင္ရွင္ခ်စ္တဲ႕ေက်ာက္လား . . အျမတ္ေကာင္းေကာင္းရမယ္႕ရာခ်ီေက်ာက္လား . . အားလံုးကြ်န္ေတာ႕လက္ကလြတ္သြားတယ္ဆုိတာမရွိေစရဘူး။ ဒါ ပထမပိုင္း ျမန္မာ နဲ႕ တရုတ္ က ေမြးရပ္ေျမ နဲ႕ မိဘေတြေၾကာင္႕တတ္တာ။ ရွမ္း နဲ႕ ယုိးဒယားက လုပ္ငန္းလုပ္ရင္း ေဒသႏၱရာဗဟုသုတပထဝီအေနအထားေၾကာင္႕ကြ်မ္းလာတာကိုေျပာျပခ်င္တာ"
.
. "အဂၤလိပ္စာတတ္လာပံုေျပာရင္ေတာ႕ ေတာင္ၾကီး အ.ထ.က (၄) မွာတက္ခဲ႕တဲ႕အတူၾကီးသူငယ္ခ်င္းေတြအေၾကာင္းမပါရင္ေတာ႕ မျပည္႕စံုႏိုင္ဘူး။ တစ္ႏုိင္ငံလံုးမွာပထမရခဲ႕တဲ႕ေက်ာင္းသားက သူငယ္ခ်င္းေရာင္းရင္းၾကီး . . အခု အေမရိကားေရာက္သြားျပီ။ ေဆးထိုးအပ္ကိုင္ျပီးအဆိုေတာ္ျဖစ္လာသူဆုိရင္လည္း ဂစ္တာၾကီးကိုင္ျပီး စာေအာ္ေအာ္က်က္ေနက်ငယ္ေပါင္းၾကီး . . အခု ၾသစေတးလ်ေရာက္ေနျပီ။ ေတာင္ၾကီးမွာအတူတူၾကီးခဲ႕တဲ႕ေတးေရးဆရာတစ္ေယာက္ဆိုရင္ စားအတူ သြားအတူ ဂစ္တာေခါက္အတူတူ အခုေတာ႕ ဘဝမတူေတာ႕ဘူး။ သူက မရွိရွာေတာ႕ဘူး"
.
. "တကယ္ေတာ႕ ကြ်န္ေတာ္ေက်ာင္းတက္ခဲ႕သမွ် စာတတ္ခဲ႕တာထက္စာရင္ အခ်ိန္ေတာ္ေတာ္မ်ားမ်ားကုိ ဂီတ နဲ႕ အႏုပညာသင္ယူတဲ႕ေနရာေတြမွာသံုးျဖစ္ခဲ႕တယ္။ ကြ်န္ေတာ္သိပ္ဝါသနာပါတဲ႕ဂီတကိုအသက္ေမြးဝမ္းေက်ာင္းအလုပ္အေနနဲ႕မလုပ္ျဖစ္ခဲ႕တာကုိလက္ခံစိတ္ဆင္းရဲမဲ႕အစား ကြ်န္ေတာ္အလုပ္ဖိလုပ္တယ္။ ကြ်န္ေတာ္ စာၾကိတ္ၾကိဳးစားတယ္။ ဒီေတာ႕ စာေတာ္တယ္။ ခက္တာက အလြတ္က်က္ပညာေရး နဲ႕ အာဏာရွင္အုပ္ခ်ဳပ္ေရးကိုကြ်န္ေတာ္မၾကိဳက္ဘူး"
.
.
. "ဒါေၾကာင္႕ (၉) တန္းမွာ တစ္ခန္းလံုးအဆင္႕ (၂) ရခဲ႕တဲ႕ကြ်န္ေတာ္ဟာ (၁ဝ) တန္းမွာ ျမန္မာစာေျဖတဲ႕ေန႕ကေနစျပီး ေဘာပင္တစ္ေခ်ာင္းနဲ႕ကြ်န္ေတာ္ထုိင္ေနတယ္။ အမွန္က ဘာလာလာ၊ ဘာေမးေမး ၾကိဳက္တာကိုခ်ေရးလုိက္ရင္ကုိ ကြ်န္ေတာ္စာေမးပြဲေသခ်ာေအာင္တယ္။ ဒါေပမဲ႕ ဒီအုပ္ခ်ဳပ္သူေတြနဲ႕ သူတို႕ေပးတဲ႕ျခစားပညာေရးကုိ ကြ်န္ေတာ္ဆန္႕က်င္တယ္။ အဲဒီတုန္းက (၁ဝ) တန္းအေျဖစာရြက္မွာ ေပးထားတဲ႕ေမးခြန္းေတြကုိျပန္ကူးေပးလုိက္တဲ႕ကြ်န္ေတာ႕လက္ေရးကုိစစ္ျပီး အတန္းခ်မွင္နီျခစ္ေပးေနရရွာတဲ႕ဆရာ၊ ဆရာမတုိ႕ကုိ ကြ်န္ေတာ္မေစာ္ကားဘူးဆိုတာ ဒီေနရာကေနေျပာျပခ်င္ပါတယ္ . . ကိုညီ ေရ . ."
.
.
. "ကုိညီ႕ဆုိင္မွာ ကြ်န္ေတာ္ပစၥည္းလာဝယ္တာမွတ္မိေသးလား" လို႕ ေမးျပီး ဟုိးအတိတ္ကုန္သည္ဘဝတုန္းက သိကြ်မ္းရင္းႏွီးခဲ႕တဲ႕မိတ္ေဆြၾကီး ကုိစုိင္းသူေျပာျပသမွ် ကြ်န္ေတာ္မွင္သက္မိေနတယ္။ တစ္ဆက္တည္း သူေျပာျပေနတဲ႕ဇာတ္လမ္းဟာ နားနဲ႕ဆတ္ဆတ္သာၾကားေနရတာ ႏွလံုးသားကလက္မခံခ်င္လွဘူး။ ကုန္သည္ဆိုတာ ေငြလြယ္တဲ႕အမ်ိဳး . .။ ဒါေပမဲ႕ ေငြမလုပ္ႏုိင္တဲ႕အရာေတြအမ်ားၾကီးထဲမွာမွ ကိုစုိင္းသူလုပ္သြားသမွ် ေငြမပါ ဘာမပါ အကြက္စိတ္လွသမို႕ ေနာက္လူေတြကုိေျပာျပဖို႕ကြ်န္ေတာ္ဆက္ေရးပါဦးမယ္။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 02-05-2018
.
.
Unicode Version:
.
.
. "သုခဘုံမှာဒုက္ခရောက်တဲ့ပါရီငရဲသားတစ်ယောက်အကြောင်း။ A Prisoner in Paradise (1)"
။။။။။ ကံကောင်းခြင်းနဲ့ကံဆိုးခြင်းလက်ဆောင် ။။။။။

. "ကျွန်တော်က ဘာသာစကား (၇) မျိုးတတ်တယ်ဗျ။ အစီအစဉ်အတိုင်းပြောရရင် မြန်မာ၊ တရုတ်၊ ရှမ်း၊ ယိုးဒယား၊ အင်္ဂလိပ်၊ ဂျပန် နဲ့ ပြင်သစ် တို့ပေါ့ဗျာ။ မြန်မာနို်င်ငံမှာမွေးတော့ ဗမာစကားတတ်တာမဆန်းပေမဲ့ တရုတ်ကျူရှင်ဆရာကမွေးလို့တရုတ်စကားမတတ်တခေါက်ဖြစ်နေတာကတော့ ဆန်းတယ်ခင်ဗျ"
.
. "အဖေ့အကြောင်းဆိုရင် တောင်ကြီးရော၊ မိုင်းရှူးရော၊ တရုတ်လူအုပ်စုအသိုင်းအဝိုင်းမှာရော နောက် . . ကုန်သည်လောကမှာမကျန် မသိသူမရှိဘူး။ ဟိုဟိုဒီဒီလက်ညှိုးထိုးလိုက်ရင် အဖေ့တရုတ်စာတပည့်တစ်ယောက်လောက်ကတော့ အမြဲလိုလိုတွေ့ရတတ်တယ်။ ကျွန်တော်တို့မိုင်းရှူးမှာ စီးပွားရှာလို့ကောင်းနေတုန်း ဗြုံးကနဲဆို မီးထလောင်ပါလေရော . .။ ကျွန်တော်တို့မိသားစု ကုန်းကောက်စရာမရှိအောင်ဆင်းရဲသွားတယ်"
.
.
. "ပြောရဦးမယ် . . ပြောရဦးမယ် . .။ ကံဆိုးလို့မိုင်းရှူးမြို့ကြီးမီးလောင်တယ်လဲဆိုရော ကာလတန်ဖိုးဘယ်လောက်ဆုံးရှံုးသွားတယ်ဆိုတာမျိုးစာရင်းကောက်ဖို့ လူကြီးတွေရဟတ်ယာဉ်နဲ့ရောက်လာတာပေါ့။ ဒါပေမဲ့ကံကောင်းချင်တော့ အိမ်ကမီးအာမခံတင်ထားမိတယ်။ ကံဆိုးချင်တော့ အစိုးရဆီပြန်တောင်းတဲ့မီးအာမခံကလာမယ် ကြာမယ်လို့သာ အသံပဲကြားလိုက်တယ် . . ဘာဆိုဘာမှမရလိုက်ဘူး။ ကံကောင်းချင်တော့ စာရွက်စုတ်လေးတွေရလိုက်တယ်။ ကံဆိုးချင်တော့ တစ်မြို့လုံးက ဆင်းရဲတွင်းထဲကျသွားရတယ်။ ကံကောင်းချင်တော့ မိုင်းရှူးတောင်ကိုလှမ်းလှည့်ကြည့်လိုက်တဲ့အခါ မီးလောင်ထားတဲ့ဒဏ်ရာတွေကြောင့် တွင်းထွက်ကျောက်အနီတစ်မျိုးမျိုးရှိလို့ တောင်ကြီးကတလက်လက်တောက်ပနေတာကိုတွေ့လာရတယ်။ ကံဆိုးချင်တော့ ကျွန်တော်တို့မိသားစုမှာအရင်းအနှီးမရှိတော့ဘူး။ ကံကောင်းချင်တော့ မိုင်းရှူးတစ်မြို့လုံး ပတ္တမြားကျောက်ရှာတဲ့အလုပ်ရလာတယ်"
.
. "ကံဆိုးခြင်း ကံကောင်းခြင်းတွေကြားမှာ မိုင်းရှူးမြို့ကိုကျွန်တော်ဘယ်ထားခဲ့နိုင်ပါ့မလဲ ..။ သမိုင်းတစ်ခုကိုဖော်လိုက်ရင် အားလုံးကသိကြပါတယ်။ ကြံုလာတဲ့ဘဝဟာတော်တော်ခက်ခဲတယ်။ အဖေ နဲ့ အမေ တို့ ချမ်းသာတာကတစ်ကဏ္ဍ။ မိုင်းရှူးခေတ်မှာ ကျွန်တော်ဝင်လုပ်တယ်။ ဘာကျောက်လာမလဲ အကုန်သိတယ်။ ယိုးဒယားရောင်းရမယ့်ကျောက်လား .. ပွဲစားခင်တဲ့ကျောက်လား . . တရုတ်မင်တဲ့ကျောက်လား . . ပိုင်ရှင်ချစ်တဲ့ကျောက်လား . . အမြတ်ကောင်းကောင်းရမယ့်ရာချီကျောက်လား . . အားလုံးကျွန်တော့လက်ကလွတ်သွားတယ်ဆိုတာမရှိစေရဘူး။ ဒါ ပထမပိုင်း မြန်မာ နဲ့ တရုတ် က မွေးရပ်မြေ နဲ့ မိဘတွေကြောင့်တတ်တာ။ ရှမ်း နဲ့ ယိုးဒယားက လုပ်ငန်းလုပ်ရင်း ဒေသန္တရာဗဟုသုတပထဝီအနေအထားကြောင့်ကျွမ်းလာတာကိုပြောပြချင်တာ"
.
.
. "အင်္ဂလိပ်စာတတ်လာပုံပြောရင်တော့ တောင်ကြီး အ.ထ.က (၄) မှာတက်ခဲ့တဲ့အတူကြီးသူငယ်ချင်းတွေအကြောင်းမပါရင်တော့ မပြည့်စုံနိုင်ဘူး။ တစ်နိုင်ငံလုံးမှာပထမရခဲ့တဲ့ကျောင်းသားက သူငယ်ချင်းရောင်းရင်းကြီး . . အခု အမေရိကားရောက်သွားပြီ။ ဆေးထိုးအပ်ကိုင်ပြီးအဆိုတော်ဖြစ်လာသူဆိုရင်လည်း ဂစ်တာကြီးကိုင်ပြီး စာအော်အော်ကျက်နေကျငယ်ပေါင်းကြီး . . အခု သြစတေးလျရောက်နေပြီ။ တောင်ကြီးမှာအတူတူကြီးခဲ့တဲ့တေးရေးဆရာတစ်ယောက်ဆိုရင် စားအတူ သွားအတူ ဂစ်တာခေါက်အတူတူ အခုတော့ ဘဝမတူတော့ဘူး။ သူက မရှိရှာတော့ဘူး"
.
. "တကယ်တော့ ကျွန်တော်ကျောင်းတက်ခဲ့သမျှ စာတတ်ခဲ့တာထက်စာရင် အချိန်တော်တော်များများကို ဂီတ နဲ့ အနုပညာသင်ယူတဲ့နေရာတွေမှာသုံးဖြစ်ခဲ့တယ်။ ကျွန်တော်သိပ်ဝါသနာပါတဲ့ဂီတကိုအသက်မွေးဝမ်းကျောင်းအလုပ်အနေနဲ့မလုပ်ဖြစ်ခဲ့တာကိုလက်ခံစိတ်ဆင်းရဲမဲ့အစား ကျွန်တော်အလုပ်ဖိလုပ်တယ်။ ကျွန်တော် စာကြိတ်ကြိုးစားတယ်။ ဒီတော့ စာတော်တယ်။ ခက်တာက အလွတ်ကျက်ပညာရေး နဲ့ အာဏာရှင်အုပ်ချုပ်ရေးကိုကျွန်တော်မကြိုက်ဘူး"
.
.
. "ဒါကြောင့် (၉) တန်းမှာ တစ်ခန်းလုံးအဆင့် (၂) ရခဲ့တဲ့ကျွန်တော်ဟာ (၁ဝ) တန်းမှာ မြန်မာစာဖြေတဲ့နေ့ကနေစပြီး ဘောပင်တစ်ချောင်းနဲ့ကျွန်တော်ထိုင်နေတယ်။ အမှန်က ဘာလာလာ၊ ဘာမေးမေး ကြိုက်တာကိုချရေးလိုက်ရင်ကို ကျွန်တော်စာမေးပွဲသေချာအောင်တယ်။ ဒါပေမဲ့ ဒီအုပ်ချုပ်သူတွေနဲ့ သူတို့ပေးတဲ့ခြစားပညာရေးကို ကျွန်တော်ဆန့်ကျင်တယ်။ အဲဒီတုန်းက (၁ဝ) တန်းအဖြေစာရွက်မှာ ပေးထားတဲ့မေးခွန်းတွေကိုပြန်ကူးပေးလိုက်တဲ့ကျွန်တော့လက်ရေးကိုစစ်ပြီး အတန်းချမှင်နီခြစ်ပေးနေရရှာတဲ့ဆရာ၊ ဆရာမတို့ကို ကျွန်တော်မစော်ကားဘူးဆိုတာ ဒီနေရာကနေပြောပြချင်ပါတယ် . . ကိုညီ ရေ . ."
.
.
. "ကိုညီ့ဆိုင်မှာ ကျွန်တော်ပစ္စည်းလာဝယ်တာမှတ်မိသေးလား" လို့ မေးပြီး ဟိုးအတိတ်ကုန်သည်ဘဝတုန်းက သိကျွမ်းရင်းနှီးခဲ့တဲ့မိတ်ဆွေကြီး ကိုစိုင်းသူပြောပြသမျှ ကျွန်တော်မှင်သက်မိနေတယ်။ တစ်ဆက်တည်း သူပြောပြနေတဲ့ဇာတ်လမ်းဟာ နားနဲ့ဆတ်ဆတ်သာကြားနေရတာ နှလုံးသားကလက်မခံချင်လှဘူး။ ကုန်သည်ဆိုတာ ငွေလွယ်တဲ့အမျိုး . .။ ဒါပေမဲ့ ငွေမလုပ်နိုင်တဲ့အရာတွေအများကြီးထဲမှာမှ ကိုစိုင်းသူလုပ်သွားသမျှ ငွေမပါ ဘာမပါ အကွက်စိတ်လှသမို့ နောက်လူတွေကိုပြောပြဖို့ကျွန်တော်ဆက်ရေးပါဦးမယ်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 02-05-2018
.
.
ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)
 . "သုခဘံုမွာဒုကၡေရာက္တဲ႕ပါရီငရဲသားတစ္ေယာက္အေၾကာင္း။ A Prisoner in Paradise (2)"
။။။။။ ေမၾကီးနဲ႕သူ႕ရဲ႕အေမရိကားအိပ္မက္ ။။။။။

. "စုိင္းသူ ေရ .. မင္းဘဝကၾကမ္းလွခ်ည္လားကြ ..။ တစ္ေယာက္တည္းကြ်န္ေတာ္ဆက္တုိက္ညည္းေနတဲ႕ရင္လိႈက္သံကုိဘယ္သူမွမၾကားႏုိင္ပါဘူး။ ေက်ာင္းတက္တယ္ . . ေက်ာင္းတက္တယ္ . . ေက်ာင္းဆက္တက္တယ္ . . ဒါေပမဲ႕ ကြ်န္ေတာ္ဟာ ပညာနဲ႕လုပ္စားဖို႕ပါရမီပါလာပံုမေပၚဘူး။ ဒါေၾကာင္႕ ကြ်န္ေတာ္တတ္တဲ႕မျဖစ္စေလာက္အဂၤလိပ္စာကုိခဏထားလို႕ ကုန္သည္ဘဝနဲ႕ျပန္စဖို႕ ေက်ာင္းကိုစြန္႕ခြာခဲ႕တယ္"
.
. "ကြ်န္ေတာ္သတိရေနတာက အေမရိကားေရာက္သြားတဲ႕ ေက်ာင္းတုန္းကသူငယ္ခ်င္း ေမၾကီး။ ျဖစ္ႏို္င္ရင္ သူ႕အေၾကာင္းမေျပာရတာက အေကာင္းဆံုးနားေနျခင္းလို႕ ကြ်န္ေတာ္ထင္တယ္။ ဘာျဖစ္လို႕လည္းဆိုေတာ႕ ေမၾကီးအေၾကာင္းစဥ္းစားလုိက္တိုင္း ကြ်န္ေတာ္မ်က္ရည္မဆည္ႏို္င္ဘူး"
.
.
. "ေမၾကီးဆိုတာက မိန္းကေလးမဟုတ္ပါဘူး။ ေယာက္်ားေလးသူငယ္ခ်င္း၊ ေက်ာင္းေနဘက္၊ အိမ္နီးနားခ်င္း၊ ဝါသနာတူေရာင္းရင္း တစ္ေယာက္ပါ။ အေမရိကားသြားလို႕ ေမၾကီးလို႕ ခ်စ္စႏိုးနာမယ္ေပးထားတာ။ အရင္တုန္းက ေတာင္ၾကီးမွာေမွာင္ခုိေစ်းလုိ႕ေခၚတဲ႕ "ေအာက္ေစ်း" မွာ ေစ်းေရာင္းတဲ႕ သူ႕မိဘေတြနဲ႕ ကြ်န္ေတာ္တို႕မိသားစုတို႕က အိမ္အေပၚထပ္နဲ႕ေအာက္ထပ္ အတူတူေနခဲ႕ၾကတာ"
.
. "ေမၾကီးဟာ ကြ်န္ေတာ္တို႕စံနစ္သစ္နဲ႕ (၁ဝ) တန္းေျဖတုန္းက တစ္ႏိုင္ငံလံုး ပထမရခဲ႕တယ္။ သိပ္ေတာ္တဲ႕သူငယ္ခ်င္း။ သူ႕ပညာနဲ႕ (၁ဝ) တန္းမွာ အထြဋ္အထိပ္ေရာက္ေပမဲ႕ သူ႕အိပ္မက္ေတြေပ်ာက္ပ်က္မသြားဘူး။ ကြ်န္ေတာ္သိတာေပါ႕ . . ေမၾကီး က အိပ္မက္ဘယ္ေလာက္ၾကီးတယ္ဆုိတာ။ စာေတာ္ေတာ႕ ေဆးေက်ာင္းေရာက္ . . ပထမႏွစ္၊ ဒုတိယႏွစ္၊ ေနာက္တစ္ႏွစ္ . . ေနာက္တစ္ႏွစ္ . . ေမၾကီး မေပ်ာ္ေတာ႕ဘူး။ သူ႕အိပ္မက္အေကာင္အထည္ေဖာ္ဖို႕ သူတစ္ခုခုလုပ္ရေတာ႕မယ္လို႕ ကြ်န္ေတာ႕ကိုေျပာျပီး သူ႕ခရီးစဥ္တစ္ခုစတယ္ . . အဲဒါကေတာ႕ အေမရိကားသြားဖုိ႕ သူစီစဥ္လိုက္တာပါဘဲ"
.
.
. "စာသိပ္ေတာ္ျပီး ေဆးေက်ာင္း (၄) ႏွစ္တက္သြားတဲ႕? ျမန္မာႏုိင္ငံ (၁ဝ) တန္း စာေမးပြဲကို တစ္ႏိုင္ငံလံုးပထမအဆင္႕နဲ႕ေအာင္သြားတဲ႕ ကြ်န္ေတာ႕သူငယ္ခ်င္းဟာ အေမရိကားလည္းေရာက္ေရာ သူလုပ္ခ်င္တာေတြ အေကာင္အထည္ေဖာ္ေတာ႕တယ္။ ဒါေပမဲ႕ ဒီကိစၥေတြဟာ ေမၾကီးအတြက္ လြယ္လြယ္ေလးေတာ႕ျဖစ္မလာဘူး။ ဘာျဖစ္လို႕လည္းဆိုေတာ႕ သူက ဒီမွာ ေဆးေက်ာင္းသာတက္သြားတာ ဘြဲ႕ကမရေသးေတာ႕ အေမရိကားမွာ ေဆးေက်ာင္းကိုတစ္ခါတည္းကြ်မ္းပစ္ဝင္တက္လုိ႕မရခဲ႕ဘူး။ ဒါေၾကာင္႕ ေဆးဝါးကြ်မ္းက်င္ေမဂ်ာယူျပီးေတာ႕ သူဟာ ေဆးခန္းအကူ - Pharmacist တစ္ေယာက္ပဲျဖစ္လာခဲ႕တယ္"
.
. "ဘာလဲဗ်ာ . . ျမန္မာႏုိင္ငံကအေတာ္ဆံုးဆိုတဲ႕ပညာက အဂၤလိပ္စကားေျပာတဲ႕ႏိုင္ငံမွာ ဘယ္ေနရာမွာမွ မခ်ိတ္ပါလားဗ်။ အခုလည္းၾကည္႕ဦး . . ေဆးေက်ာင္း (၄) ႏွစ္တက္သြားတာလည္း ျမန္မာႏိုင္ငံကဆရာဝန္ေဆးခန္းေရွ႕က ကြန္ေပါင္ဒါ လုိအလုပ္မ်ိဳးပဲ သူရခဲ႕တယ္။ ဒီလိုဆို ေမၾကီးရဲ႕အိပ္မက္ေတြဘယ္လုိအေကာင္အထည္ေဖာ္ႏိုင္ပါေတာ႕မလဲ? ကြ်န္ေတာ္စဥ္းစားၾကည္႕တယ္"
.
.
. "ဒါေတာင္ သူတို႕မိသားစုက ကြ်န္ေတာ္တုိ႕လုိ အေျခပ်က္ အေနပ်က္ မဟုတ္ဘူး။ ျပီးေတာ႕ ပညာေရးကိုအားမေပးတဲ႕၊ ေငြရွာျပီး စီးပြားျဖစ္မွၾကိဳက္တဲ႕ေလာကထဲက ပညာတတ္လူငယ္ေလးတစ္ေယာက္။ အခု အေမရိကားမွာ စိတ္ကူးထဲကျမင္႕မိုရ္ေတာင္ရွိရာကုိေရာက္ေပမဲ႕ ေတာင္ေျခမွာႏြမ္းလ်စြာတစ္ဝဲလည္လည္ျဖစ္ေနရတဲ႕သူငယ္ခ်င္း ေမၾကီးတစ္ေယာက္ ဘယ္ေလာက္ေတာင္စိတ္အားငယ္ေနရွာမလဲဆုိတာ ကြ်န္ေတာ္ေတြးမိတုိင္းအျမဲစိတ္မေကာင္းျဖစ္ရတယ္"
.
. "ဒီ႕ထက္ေၾကကြဲစရာျဖစ္ရပ္တစ္ခုက ေနာက္ (၁) ႏွစ္ခြဲေလာက္မွာ ကြ်န္ေတာ္ထပ္ၾကားရတယ္။ ေမၾကီးအေၾကာင္း ကြ်န္ေတာ္မေျပာပါရေစနဲ႕ေတာ႕ . . ကြ်န္ေတာ္ငိုမိလိမ္႕မယ္။ စဥ္းစားၾကည္႕ဗ်ာ . . စာေတာ္လို႕ ကမၻာ႕ထိပ္သီးႏိုင္ငံတစ္ခုကုိအေရာက္သြားျပီး သူ႕အိပ္မက္ပန္းခ်ီကားကုိအျပီးေရးဆြဲမယ္ဆုိတဲ႕သူငယ္ခ်င္းတစ္ေယာက္ကို (၂) ႏွစ္ေလာက္အတြင္းမွာ အေရျပားကင္ဆာနဲ႕ အေမရိကားမွာဆံုးျပီဆိုတဲ႕သတင္း ဘယ္သူၾကားခ်င္မလဲဗ်ာ"
.
.
. "သူ႕ကုိကြ်န္ေတာ္သိပ္ႏွေျမာတယ္။ ဘယ္ကိစၥကိုမဆို နည္းနည္းေနာေနာဝိရိယနဲ႕မဟုတ္ပဲ အားသြန္ခြန္စိုက္လုပ္တတ္သူ၊ အင္မမတန္ဇြဲၾကီးသူ ေမၾကီး . . အခုအထိ သူသာအသက္ရွိေနဦးမယ္ဆုိရင္ သူေနတဲ႕အေမရိကားကို ကြ်န္ေတာ္လုိက္လည္ပတ္ျပီးေနသလို ကြ်န္ေတာ္ရွိတဲ႕ေနရာကိုသူအလည္လာမွာ အေသအခ်ာပဲေလ။ အခုအထိသာ သူရွိေနဦးမယ္ဆိုရင္ အင္မတန္ေအာင္ျမင္မယ္႕အရမ္းခ်စ္စရာေကာင္းတဲ႕သူငယ္ခ်င္း"
.
. "သူု႕ေၾကာင္႕ပဲ ကြ်န္ေတာ္ဟာ Rock သီခ်င္းေတြနားေထာင္တတ္ခဲ႕တယ္။ သူ႕ေၾကာင္႕ပဲ ကြ်န္ေတာ႕ေသြးထဲမွာ အႏုပညာပိုးေတြ အေထြးလုိက္ရွင္သန္ခဲ႕ရတယ္။ သူ႕ေၾကာင္႕ပဲ ေလာကၾကီးကိုအဂၤလိပ္စာနဲ႕ၾကည္႕ရမယ္ဆုိတာသိခဲ႕တယ္။ သူသာ အခုထိရွိေနေသးရင္ အေမရိကားမွာသာမက ကမၻာ႕အျပင္ခုန္ထြက္ျပီး ျမန္မာ႕ဂုဏ္ေဆာင္မယ္႕ ေဆးပညာနယ္ပယ္က ဓါတု အႏုဇီဝပညာရွင္ - Bio Chemist တစ္ေယာက္ျဖစ္ေနမွာ ကြ်န္ေတာ္အေသအခ်ာသိတယ္"
.
.
. "ကြ်န္ေတာ္စဥ္းစားလို႕မရဘူး။ ကြ်န္ေတာ္တုိ႕ဟာ ႏို္င္ငံ႕အျပင္ထြက္လုိက္တာနဲ႕ တတ္တားတဲ႕ပညာဟာ ျခင္းက်ားနဲ႕ေရခပ္သလိုပဲ ဘာမွမက်န္ခဲ႕ဘူး။ သူုမ်ားႏိုင္ငံမွာ အေျခခံကစ ျပန္ရုန္းကန္ရတယ္။ ရည္မွန္းခ်က္ပန္းတိုင္ကို အရည္ေဖ်ာ္ပစ္လိုက္ရတယ္။ အမႈန္႕ၾကိတ္ပစ္လိုက္ရတယ္။ ဒါေပမဲ႕ ေမၾကီးရဲ႕အရုိးျပာကိုေတာ႕ ျမန္မာႏုိင္ငံကမရွံဴးလုိက္ပါဘူး။ သူ႕မိဘေတြရဲ႕အစီအစဥ္နဲ႕ ျမန္မာႏုိင္ငံကို အရုိးျပာအိုးသယ္လာခဲ႕တယ္။ ရန္ကုန္ကမွ ေတာင္ၾကီးကုိ အရုိးျပာအုိးကုိေပြ႕ဖက္ျပီးသယ္လာေပးသူက ကြ်န္ေတာ႕ရဲ႕အခ်စ္ဆံုးသူငယ္ခ်င္းေနာက္တစ္ေယာက္ "ေၾသာ္ၾကီး" ပါ။ သူ႕အေၾကာင္းကိုေတာ႕ ေနာက္တစ္ေန႕မွာထပ္ေျပာျပမယ္ ကိုညီ ေရ . ."
.
. ေျပာရင္း နားရင္း၊ နားရင္း ျပန္ေျပာရင္း၊ မ်က္ရည္က်လို႕ခဏနားလုိက္ရင္း နဲ႕ ကြ်န္ေတာ္တုိ႕ရဲ႕စကားဝုိင္းေလးဟာ ဝမ္းနည္းမႈအေငြ႕အသက္ေတြနဲ႕ သံေယာဇဥ္နဂါးေငြ႕တန္းေတြေပါင္းစပ္လို႕လြင္႕ေျမာေနပါတယ္။ ဒီလိုေမ႕ေျမာေနတာကေတာ႕ အတိတ္ဘဝက ငယ္ေသြးၾကြတဲ႕ရွမ္းရုိးမကေက်ာင္းစာသင္ခန္းကေန လြတ္လပ္ေရးရုပ္ထုၾကီးရွိတဲ႕ပစိဖိတ္ကမ္းေျခ အေရွ႕ဘက္ျခမ္းတစ္ေနရာအထိ အင္တာနက္ရဲ႕ၾကမ္းျပင္တစ္ေနရာမွာျဖစ္ပါတယ္။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 02-06-2018
.
.
Unicode Version:
.
.
. "သုခဘုံမှာဒုက္ခရောက်တဲ့ပါရီငရဲသားတစ်ယောက်အကြောင်း။ A Prisoner in Paradise (2)"
။။။။။ မေကြီးနဲ့သူ့ရဲ့အမေရိကားအိပ်မက် ။။။။။

. "စိုင်းသူ ရေ .. မင်းဘဝကကြမ်းလှချည်လားကွ ..။ တစ်ယောက်တည်းကျွန်တော်ဆက်တိုက်ညည်းနေတဲ့ရင်လှိုက်သံကိုဘယ်သူမှမကြားနိုင်ပါဘူး။ ကျောင်းတက်တယ် . . ကျောင်းတက်တယ် . . ကျောင်းဆက်တက်တယ် . . ဒါပေမဲ့ ကျွန်တော်ဟာ ပညာနဲ့လုပ်စားဖို့ပါရမီပါလာပုံမပေါ်ဘူး။ ဒါကြောင့် ကျွန်တော်တတ်တဲ့မဖြစ်စလောက်အင်္ဂလိပ်စာကိုခဏထားလို့ ကုန်သည်ဘဝနဲ့ပြန်စဖို့ ကျောင်းကိုစွန့်ခွာခဲ့တယ်"
.
. "ကျွန်တော်သတိရနေတာက အမေရိကားရောက်သွားတဲ့ ကျောင်းတုန်းကသူငယ်ချင်း မေကြီး။ ဖြစ်နို်င်ရင် သူ့အကြောင်းမပြောရတာက အကောင်းဆုံးနားနေခြင်းလို့ ကျွန်တော်ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ မေကြီးအကြောင်းစဉ်းစားလိုက်တိုင်း ကျွန်တော်မျက်ရည်မဆည်နို်င်ဘူး"
.
.
. "မေကြီးဆိုတာက မိန်းကလေးမဟုတ်ပါဘူး။ ယောက်ျားလေးသူငယ်ချင်း၊ ကျောင်းနေဘက်၊ အိမ်နီးနားချင်း၊ ဝါသနာတူရောင်းရင်း တစ်ယောက်ပါ။ အမေရိကားသွားလို့ မေကြီးလို့ ချစ်စနိုးနာမယ်ပေးထားတာ။ အရင်တုန်းက တောင်ကြီးမှာမှောင်ခိုစျေးလို့ခေါ်တဲ့ "အောက်စျေး" မှာ စျေးရောင်းတဲ့ သူ့မိဘတွေနဲ့ ကျွန်တော်တို့မိသားစုတို့က အိမ်အပေါ်ထပ်နဲ့အောက်ထပ် အတူတူနေခဲ့ကြတာ"
.
. "မေကြီးဟာ ကျွန်တော်တို့စံနစ်သစ်နဲ့ (၁ဝ) တန်းဖြေတုန်းက တစ်နိုင်ငံလုံး ပထမရခဲ့တယ်။ သိပ်တော်တဲ့သူငယ်ချင်း။ သူ့ပညာနဲ့ (၁ဝ) တန်းမှာ အထွဋ်အထိပ်ရောက်ပေမဲ့ သူ့အိပ်မက်တွေပျောက်ပျက်မသွားဘူး။ ကျွန်တော်သိတာပေါ့ . . မေကြီး က အိပ်မက်ဘယ်လောက်ကြီးတယ်ဆိုတာ။ စာတော်တော့ ဆေးကျောင်းရောက် . . ပထမနှစ်၊ ဒုတိယနှစ်၊ နောက်တစ်နှစ် . . နောက်တစ်နှစ် . . မေကြီး မပျော်တော့ဘူး။ သူ့အိပ်မက်အကောင်အထည်ဖော်ဖို့ သူတစ်ခုခုလုပ်ရတော့မယ်လို့ ကျွန်တော့ကိုပြောပြီး သူ့ခရီးစဉ်တစ်ခုစတယ် . . အဲဒါကတော့ အမေရိကားသွားဖို့ သူစီစဉ်လိုက်တာပါဘဲ"
.
.
. "စာသိပ်တော်ပြီး ဆေးကျောင်း (၄) နှစ်တက်သွားတဲ့? မြန်မာနိုင်ငံ (၁ဝ) တန်း စာမေးပွဲကို တစ်နိုင်ငံလုံးပထမအဆင့်နဲ့အောင်သွားတဲ့ ကျွန်တော့သူငယ်ချင်းဟာ အမေရိကားလည်းရောက်ရော သူလုပ်ချင်တာတွေ အကောင်အထည်ဖော်တော့တယ်။ ဒါပေမဲ့ ဒီကိစ္စတွေဟာ မေကြီးအတွက် လွယ်လွယ်လေးတော့ဖြစ်မလာဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူက ဒီမှာ ဆေးကျောင်းသာတက်သွားတာ ဘွဲ့ကမရသေးတော့ အမေရိကားမှာ ဆေးကျောင်းကိုတစ်ခါတည်းကျွမ်းပစ်ဝင်တက်လို့မရခဲ့ဘူး။ ဒါကြောင့် ဆေးဝါးကျွမ်းကျင်မေဂျာယူပြီးတော့ သူဟာ ဆေးခန်းအကူ - Pharmacist တစ်ယောက်ပဲဖြစ်လာခဲ့တယ်"
.
. "ဘာလဲဗျာ . . မြန်မာနိုင်ငံကအတော်ဆုံးဆိုတဲ့ပညာက အင်္ဂလိပ်စကားပြောတဲ့နိုင်ငံမှာ ဘယ်နေရာမှာမှ မချိတ်ပါလားဗျ။ အခုလည်းကြည့်ဦး . . ဆေးကျောင်း (၄) နှစ်တက်သွားတာလည်း မြန်မာနိုင်ငံကဆရာဝန်ဆေးခန်းရှေ့က ကွန်ပေါင်ဒါ လိုအလုပ်မျိုးပဲ သူရခဲ့တယ်။ ဒီလိုဆို မေကြီးရဲ့အိပ်မက်တွေဘယ်လိုအကောင်အထည်ဖော်နိုင်ပါတော့မလဲ? ကျွန်တော်စဉ်းစားကြည့်တယ်"
.
.
. "ဒါတောင် သူတို့မိသားစုက ကျွန်တော်တို့လို အခြေပျက် အနေပျက် မဟုတ်ဘူး။ ပြီးတော့ ပညာရေးကိုအားမပေးတဲ့၊ ငွေရှာပြီး စီးပွားဖြစ်မှကြိုက်တဲ့လောကထဲက ပညာတတ်လူငယ်လေးတစ်ယောက်။ အခု အမေရိကားမှာ စိတ်ကူးထဲကမြင့်မိုရ်တောင်ရှိရာကိုရောက်ပေမဲ့ တောင်ခြေမှာနွမ်းလျစွာတစ်ဝဲလည်လည်ဖြစ်နေရတဲ့သူငယ်ချင်း မေကြီးတစ်ယောက် ဘယ်လောက်တောင်စိတ်အားငယ်နေရှာမလဲဆိုတာ ကျွန်တော်တွေးမိတိုင်းအမြဲစိတ်မကောင်းဖြစ်ရတယ်"
.
. "ဒီ့ထက်ကြေကွဲစရာဖြစ်ရပ်တစ်ခုက နောက် (၁) နှစ်ခွဲလောက်မှာ ကျွန်တော်ထပ်ကြားရတယ်။ မေကြီးအကြောင်း ကျွန်တော်မပြောပါရစေနဲ့တော့ . . ကျွန်တော်ငိုမိလိမ့်မယ်။ စဉ်းစားကြည့်ဗျာ . . စာတော်လို့ ကမ္ဘာ့ထိပ်သီးနိုင်ငံတစ်ခုကိုအရောက်သွားပြီး သူ့အိပ်မက်ပန်းချီကားကိုအပြီးရေးဆွဲမယ်ဆိုတဲ့သူငယ်ချင်းတစ်ယောက်ကို (၂) နှစ်လောက်အတွင်းမှာ အရေပြားကင်ဆာနဲ့ အမေရိကားမှာဆုံးပြီဆိုတဲ့သတင်း ဘယ်သူကြားချင်မလဲဗျာ"
.
.
. "သူ့ကိုကျွန်တော်သိပ်နှမြောတယ်။ ဘယ်ကိစ္စကိုမဆို နည်းနည်းနောနောဝိရိယနဲ့မဟုတ်ပဲ အားသွန်ခွန်စိုက်လုပ်တတ်သူ၊ အင်မမတန်ဇွဲကြီးသူ မေကြီး . . အခုအထိ သူသာအသက်ရှိနေဦးမယ်ဆိုရင် သူနေတဲ့အမေရိကားကို ကျွန်တော်လိုက်လည်ပတ်ပြီးနေသလို ကျွန်တော်ရှိတဲ့နေရာကိုသူအလည်လာမှာ အသေအချာပဲလေ။ အခုအထိသာ သူရှိနေဦးမယ်ဆိုရင် အင်မတန်အောင်မြင်မယ့်အရမ်းချစ်စရာကောင်းတဲ့သူငယ်ချင်း"
.
. "သူု့ကြောင့်ပဲ ကျွန်တော်ဟာ Rock သီချင်းတွေနားထောင်တတ်ခဲ့တယ်။ သူ့ကြောင့်ပဲ ကျွန်တော့သွေးထဲမှာ အနုပညာပိုးတွေ အထွေးလိုက်ရှင်သန်ခဲ့ရတယ်။ သူ့ကြောင့်ပဲ လောကကြီးကိုအင်္ဂလိပ်စာနဲ့ကြည့်ရမယ်ဆိုတာသိခဲ့တယ်။ သူသာ အခုထိရှိနေသေးရင် အမေရိကားမှာသာမက ကမ္ဘာ့အပြင်ခုန်ထွက်ပြီး မြန်မာ့ဂုဏ်ဆောင်မယ့် ဆေးပညာနယ်ပယ်က ဓါတု အနုဇီဝပညာရှင် - Bio Chemist တစ်ယောက်ဖြစ်နေမှာ ကျွန်တော်အသေအချာသိတယ်"
.
.
. "ကျွန်တော်စဉ်းစားလို့မရဘူး။ ကျွန်တော်တို့ဟာ နို်င်ငံ့အပြင်ထွက်လိုက်တာနဲ့ တတ်တားတဲ့ပညာဟာ ခြင်းကျားနဲ့ရေခပ်သလိုပဲ ဘာမှမကျန်ခဲ့ဘူး။ သူုများနိုင်ငံမှာ အခြေခံကစ ပြန်ရုန်းကန်ရတယ်။ ရည်မှန်းချက်ပန်းတိုင်ကို အရည်ဖျော်ပစ်လိုက်ရတယ်။ အမှုန့်ကြိတ်ပစ်လိုက်ရတယ်။ ဒါပေမဲ့ မေကြီးရဲ့အရိုးပြာကိုတော့ မြန်မာနိုင်ငံကမရှံူးလိုက်ပါဘူး။ သူ့မိဘတွေရဲ့အစီအစဉ်နဲ့ မြန်မာနိုင်ငံကို အရိုးပြာအိုးသယ်လာခဲ့တယ်။ ရန်ကုန်ကမှ တောင်ကြီးကို အရိုးပြာအိုးကိုပွေ့ဖက်ပြီးသယ်လာပေးသူက ကျွန်တော့ရဲ့အချစ်ဆုံးသူငယ်ချင်းနောက်တစ်ယောက် "သြော်ကြီး" ပါ။ သူ့အကြောင်းကိုတော့ နောက်တစ်နေ့မှာထပ်ပြောပြမယ် ကိုညီ ရေ . ."
.
. ပြောရင်း နားရင်း၊ နားရင်း ပြန်ပြောရင်း၊ မျက်ရည်ကျလို့ခဏနားလိုက်ရင်း နဲ့ ကျွန်တော်တို့ရဲ့စကားဝိုင်းလေးဟာ ဝမ်းနည်းမှုအငွေ့အသက်တွေနဲ့ သံယောဇဉ်နဂါးငွေ့တန်းတွေပေါင်းစပ်လို့လွင့်မြောနေပါတယ်။ ဒီလိုမေ့မြောနေတာကတော့ အတိတ်ဘဝက ငယ်သွေးကြွတဲ့ရှမ်းရိုးမကကျောင်းစာသင်ခန်းကနေ လွတ်လပ်ရေးရုပ်ထုကြီးရှိတဲ့ပစိဖိတ်ကမ်းခြေ အရှေ့ဘက်ခြမ်းတစ်နေရာအထိ အင်တာနက်ရဲ့ကြမ်းပြင်တစ်နေရာမှာဖြစ်ပါတယ်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 02-06-2018
.
.
ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)

. "သုခဘံုမွာဒုကၡေရာက္တဲ႕ပါရီငရဲသားတစ္ေယာက္အေၾကာင္း။ A Prisoner in Paradise (3)"
။။။။။ ေငြဘံုနိပြန္ျပည္ကုိလွမ္းခဲ႕သည္ ။။။။။

. "ကြ်န္ေတာ္အေရွ႕ပိုင္းကေျပာျပခဲ႕သလုိ အေမရိကားေရာက္သြားျပီး သူ႕အိပ္မက္ေတြကိုအေကာင္အထည္ေဖာ္ခြင္႕မရခဲ႕ပဲ ကံဇာတာလြင္႕ပါးသြားခဲ႕ရသူ အခ်စ္ဆံုးသူငယ္္ခ်င္း ေမၾကီးရဲ႕အရုိးျပာအုိးကုိ ရန္ကုန္ကေန ေတာင္ၾကီးကိုေလယာဥ္နဲ႕သယ္လာေပးသူက ၾသစေတးလ်ေရာက္သြားတဲ႕ဆရာဝန္အဆုိေတာ္ အခ်စ္ဆံုးသူငယ္ခ်င္း"ေၾသာ္ၾကီး" ပါ။
.
. "ေၾသာ္ၾကီးရဲ႕ထူးျခားခ်က္က သူက ဂစ္တာတီးတာအရမ္းေတာ္သလုိ သီခ်င္းေရးစပ္တာလည္းေတာ္ပါ႕။ ျပီးေတာ႕ (၁ဝ) တန္းတုန္းက ဂုဏ္ထူး (၄) ခု နဲ႕ ေဆးေက်ာင္းဝင္ခဲ႕တဲ႕သူ။ ေနာကျ္ပီး သူက စြယ္စံုရ - Multitasker တစ္ေယာက္။ ၾကည္႔ဦးေလ . . (၁ဝ) တန္းေျဖခါနီးစာက်က္ေနပါတယ္ဆုိမွ ထမင္းပန္ကန္ေဘးမွာ ထား၊ လက္ကဂစ္တာ ကိုင္ထား၊ ဖတ္စာအုပ္ကို ေရွ႕ခ်ထား၊ ထမင္းတလုပ္ စား၊ ဂစ္တာ Rhythm တစ္ခ်က္ေခါက္၊ စာတစ္ပုိဒ္ က်က္နဲ႕ ဆရာဝန္ျဖစ္ေအာင္လုပ္လာတာ . . သူ႕အထံုပါရမီက သူ႕ဘဝရဲ႕အလင္းေရာင္ေတာက္ပမႈစြမ္းအင္အျမင္႕ဆံုးအဆင္႕ကိုပို႕ေပးခဲ႕တယ္ေလ"
.
.
. "ကြ်န္ေတာ္က ေမၾကီးကိုသတိရလို႕ ေၾသာ္ၾကီးကိုေျပာျပတဲ႕အခါတုိင္း သူက ပုိခံစားရတယ္။ သူနဲ႕ သီခ်င္းေရးေဖာ္ေရးဘက္ သူငယ္ခ်င္းၾကီးတစ္ေယာက္ကို ေလာေလာလတ္လတ္ဆံုးရွံဴးထားရဆုိေတာ႕ ပိုဆိုးတယ္။ သူအခု ဆရာဝန္လည္းလုပ္တယ္၊ ေတးေရးဆရာလည္းလုပ္တယ္။ အဆုိေတာ္လည္းလုပ္တယ္။ စာေပပညာမွာလည္း သိပ္ေတာ္တယ္"
.
. "ေၾသာ္ၾကီးရဲ႕သိပ္ေကာင္းတဲ႕အခ်က္က သူမ်ားမွားထားတဲ႕အမွားကို အမွန္အကန္ဆံုးအေနအထားနဲ႕သင္ခန္းစာယူႏုိင္တာပဲ။ တစ္ခုခုဆို သူက အျမဲဆင္ျခင္ဥာဏ္တရားေရွ႕ထားျပီးလုပ္တယ္။ ဘယ္အခ်ိန္မဆို အျမဲၾကိဳးပမ္းျပီး တစ္ခုခုကိုအျမဲတကုတ္ကုတ္လုပ္ေနတတ္တယ္။ အခုဆိုရင္ သူနဲ႕မေတြ႕ရတာ အႏွစ္ (၂ဝ) ေက်ာ္ေနျပီ။ ေတာင္ၾကီးကသူငယ္ခ်င္းအဆုိေတာ္တစ္ေယာက္စီးရီးသစ္မိတ္ဆက္ပြဲလုပ္တုန္းက ရန္ကုန္မွာဆံုခဲ႕တာ ေနာက္ဆံုးတစ္ေခါက္ဘဲ"
.
.
. ဒီသူငယ္ခ်င္းေတြနဲ႕ကြ်န္ေတာ္ေဝးခဲ႕ေပမယ္႕ သူတုိ႕နဲ႕မတူတဲ႕ဘဝကုိကြ်န္ေတာ္စခဲ႕တယ္။ ႏုိင္ငံေရးမိႈင္းဝင္သြားတာခ်င္းအတူတူ ေက်ာင္းျပီးတဲ႕သူ နဲ႕ ေက်ာင္းမျပီးတဲ႕သူ ကြာသလုိ အလုပ္လုပ္တဲ႕သူ နဲ႕ မလုပ္မလုပ္တဲ႕သူ ကြာတယ္။ ဒီလိုပဲ ဝါသနာပါတဲ႕အလုပ္လုပ္ရသူ နဲ႕ ဝါသနာမပါတဲ႕အလုပ္လုပ္ရသူကြာသလို ႏုိင္ငံျခားေရာက္ဖူးသူ နဲ႕ ႏုိင္ငံျခားမေရာက္ဖူးသူ ကြာသြားျပန္တယ္"
.
. "အခုမွ ကိုယ္႕အေၾကာင္းကိုယ္ျပန္စဥ္းစားရတာ တခါတေလေတာ႕ ရယ္စရာလုိျဖစ္ေနေပမဲ႕ ကိုယ္ၾကံဳခဲ႕ရတာ လြယ္လြယ္ေလးေတာ႕မဟုတ္ခဲ႕ပါဘူးဗ်ာ။ ကြ်န္ေတာ္စာဖတ္တယ္ . . ခရီးထြက္တယ္ . . ကုန္သည္လုပ္တယ္ . . ေနာက္ဆံုး ကမၻာ႕အျပင္ထြက္ဖို႕လုပ္တယ္။ ဒီလိုနဲ႕ ရန္ကုန္မွာေျခဆန္႕ျပီး ကြ်န္ေတာ္ သေဘၤာသားျဖစ္လာပါတယ္။ သုိ႕ေသာ္လည္း စာအုပ္သာကိုင္ထားရတာ သေဘၤာက မထြက္ျဖစ္ေတာ႕ ကြ်န္ေတာ္သိပ္မေစာင္႕ႏုိင္ေတာ႕ဘူး။ ဒါနဲ႕ ႏုိင္ငံေရြးလိုက္တယ္ - ငါ လာျပီ - ေငြဘံုနိပြန္ . . ဂ်ပန္ ေရ . ."
.
.
. "အဲဒီေခတ္တုန္းက စာသင္မယ္ဆုိရင္ ဂ်ပန္မွာေက်ာင္းတက္ရင္းအလုပ္လုပ္လို႕ရတယ္။ ပထမ (၂) ႏွစ္ေက်ာင္းတက္ျပီးအလုပ္လုပ္မလား? (၃) ႏွစ္ အထိ ဆက္လုပ္ႏုိင္မလား? ခံႏုိင္ရည္ရွိရင္ မျဖစ္ႏုိင္တာ မရွိဘူး။ လူခံရွိျပီး ပင္ပန္းတဲ႕ဒဏ္ကိုတင္းခံနိုင္ရင္ ရပ္တည္လို႕ရတယ္။ အလုပ္ၾကမ္းဒဏ္ပိျပီးေနာက္မွျဖစ္ခ်င္တာျဖစ္ . . လူတုိင္းသြားတဲ႕ နိပြန္ဂ်ပန္ျပည္ကိုကြ်န္ေတာ္လွမ္းထြက္ခဲ႕လိုက္တယ္။ ဂ်ပန္ဆုိတဲ႕တုိင္းျပည္ကိုအဲဒီေခတ္တုန္းက ေငြဘံုနိဗၺာန္နန္းလို႕ အဲဒီေခတ္တုန္းက ထင္ခဲ႕ၾကတယ္။ ဂ်ပန္သြားရင္ပိုက္ဆံအမ်ားၾကီးရမယ္ဆုိတာလည္းအမွန္ပါပဲ"
.
. "အားတက္စရာတစ္ခုက ေဒသခံဂ်ပန္လူမ်ိဳးနဲ႕အိမ္ေထာင္ျပဳထားတဲ႕အေဒၚက အဲဒီမွာရွိတယ္။ သူ႕တုိ႕ပုိင္တဲ႕စားေသာက္ဆုိင္ေတြက နည္းနည္းေနာေနာမဟုတ္ဘူး။ သူ႕ေျမကိုနင္းလိုက္တာနဲ႕ ခရီးေရာက္မဆိုက္ ဂ်ပန္ကအလုပ္က ကြ်န္ေတာ႕ကုိေစာင္႕ၾကိဳေနပါတယ္။ ဆုိင္ခြဲေတြလွည္႕ျပီးလုပ္ရင္း (၂) ႏွစ္ဆိုတာ ခဏေလး (၃) ႏွစ္ဆိုတာ တဒဂၤေလး။ ဒီလိုနဲ႕ ဦးေလးဂ်ပန္ၾကီးက အလုပ္ၾကိဳးစားတဲ႕ကြ်န္ေတာ႕ကို ဗီဆာျပန္ေလွ်ာက္ေပးပါေတာ႕တယ္"
.
.
. "ဒီေနရာမွာေျပာျပခ်င္တာက ဂ်ပန္မွာ သက္တမ္းတိုးဗီဆာေလွ်ာက္ဖို႕ ရန္ကုန္က ပန္းဆိုးတန္းလမ္းလိုေနရာမ်ိဳးအထိ ျမိဳ႕တက္သြားလုပ္စရာမလုိပါဘူး။ ရပ္ကြက္ရံုးလုိမ်ိဳးမွာ အလုပ္ရွင္က အာမခံေၾကးတင္ေပးလုိက္တာနဲ႕ အခ်ိန္တန္ရင္ သက္တမ္း (၁) ႏွစ္ပါတဲ႕ အလုပ္ဗီဆာက်လာပါတယ္။ အဲဒီအခါက်မွ အလုပ္ရွင္က သူတင္ထားတဲ႕အာမခံေငြကုိ အစုိးရနားမွာျပန္ထုတ္ရတယ္ေလ။ ျပီးေတာ႕ အလုပ္သမားနားက ႏႈတ္ခ်င္ႏႈတ္ေပါ႕။ ကြ်န္ေတာ႕ကိုေတာ႕ျပန္မေတာင္းဘူး . . အေပၚမွာေျပာခဲ႕တယ္ေလ . . အလုပ္ရွင္က ကြ်န္ေတာ႕ကို လိုခ်င္တာဆုိေတာ႕ . .။
.
. "ဒီလုိနဲ႕ တတိယႏွစ္မွာ ကြ်န္ေတာ္ ဆူရီွစသင္တယ္။ စားေသာက္ဆိုင္အလုပ္ဆုိတာပုိက္ဆံရသေလာက္ပင္ပန္းတယ္ . . အားလံုးသိၾကတဲ႕အတိုင္း ပင္ပန္းသေလာက္လည္း ပိုက္ဆံရတယ္ေလ။ အိပ္ခ်ိန္ကလြဲရင္ တစ္ခ်ိန္လံုးနီးပါး အလုပ္လုပ္ရတယ္"
.
.
. "(၁၄) နာရီလုပ္ရတဲ႕ရက္လည္းရွိရဲ႕ . . (၁၅) နာရီလုပ္ရတဲ႕ရက္ေတြကလည္း မနည္းလွ။ ေငြကေတာ႕ရပါရဲ႕ တစ္လကို ေဒၚလာ (၂၅ဝဝ) ဆုိတာ အဲဒီေခတ္တုန္းက သိပ္မ်ားတဲ႕ေငြပမာဏ။ ေခြ်းစုိေနတဲ႕ေငြစကၠဴေတြကိုေရတြက္ေနတဲ့လက္ေခ်ာင္းေလးေတြကေႏွးေနေပမဲ့ အေျပးသန္တဲ႕ကြ်န္ေတာ႕ရဲ႕ျပည္ခ်စ္စိတ္ကေတာ့ ရွမ္းရိုးမေတာင္တန္းေတြေပၚေျခဦးလွည္႔ေနပါတယ္"
.
. "တကယ္ေတာ့ (၄) ႏွစ္ဆုိတာ ဟုိတစ္ေန႕ကလုိဘဲ။ (၅) ႏွစ္ဆုိတာ မေန႕ကလုိပါဘဲ။ သင္ခန္းစာ နဲ႕ အေတြ႕အၾကံဳေတြရတာကလြဲျပီး ဘာမွကိုျပန္မလြမ္းခ်င္ေတာ႕တာ ဂ်ပန္တုန္းကအေျခအေနေတြကိုပါ။ ဒါေပမဲ႕ လူငယ္ေတြကို ကိုယ္႕လိုထပ္တူဒုကၡမခံစားေစခ်င္လို႕ ေျပာေတာ႕ေျပာရဦးမွာပါဗ်ာ"
.
.
. ႏိုင္ငံျခားဆိုရင္ ကြ်န္ေတာ္ငယ္ငယ္တုန္းကမွတ္မိတာက ထုိင္ဝမ္ႏုိင္ငံသြားတယ္။ ေနာက္ (၁ဝ) တန္းေလာက္ေရာက္လာေတာ႕ သေဘၤာသားေခတ္ျဖစ္ျပန္တယ္။ ေနာက္ အခု ကုိစုိင္းသူေျပာျပတဲ႕ ဂ်ပန္အေၾကာင္း . . သူငယ္ခ်င္းေတြရဲ႕မိဘေတြ၊ ဦးေလးေတြ ဂ်ပန္သြားျပီး ကားသြင္းလာတယ္လို႕ ဘာတုိ႕ဆိုတာ အေပၚယံဆီလူတန္းစားေတြလုိ႕ထင္ခဲ႕တာ သူတုိ႕ရင္ဆိုင္ခဲ႕တဲ႕ဒုကၡေတြက ကြ်န္ေတာ္ငယ္ငယ္က သိမွမသိခဲ႕ပဲကိုး။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 02-09-2018
.
.
Unicode Version:
.
.
. "သုခဘုံမှာဒုက္ခရောက်တဲ့ပါရီငရဲသားတစ်ယောက်အကြောင်း။ A Prisoner in Paradise (3)"
။။။။။ ငွေဘုံနိပွန်ပြည်ကိုလှမ်းခဲ့သည် ။။။။။

. "ကျွန်တော်အရှေ့ပိုင်းကပြောပြခဲ့သလို အမေရိကားရောက်သွားပြီး သူ့အိပ်မက်တွေကိုအကောင်အထည်ဖော်ခွင့်မရခဲ့ပဲ ကံဇာတာလွင့်ပါးသွားခဲ့ရသူ အချစ်ဆုံးသူငယ််ချင်း မေကြီးရဲ့အရိုးပြာအိုးကို ရန်ကုန်ကနေ တောင်ကြီးကိုလေယာဉ်နဲ့သယ်လာပေးသူက သြစတေးလျရောက်သွားတဲ့ဆရာဝန်အဆိုတော် အချစ်ဆုံးသူငယ်ချင်း"သြော်ကြီး" ပါ။
.
. "သြော်ကြီးရဲ့ထူးခြားချက်က သူက ဂစ်တာတီးတာအရမ်းတော်သလို သီချင်းရေးစပ်တာလည်းတော်ပါ့။ ပြီးတော့ (၁ဝ) တန်းတုန်းက ဂုဏ်ထူး (၄) ခု နဲ့ ဆေးကျောင်းဝင်ခဲ့တဲ့သူ။ နောကြ်ပီး သူက စွယ်စုံရ - Multitasker တစ်ယောက်။ ကြည့်ဦးလေ . . (၁ဝ) တန်းဖြေခါနီးစာကျက်နေပါတယ်ဆိုမှ ထမင်းပန်ကန်ဘေးမှာ ထား၊ လက်ကဂစ်တာ ကိုင်ထား၊ ဖတ်စာအုပ်ကို ရှေ့ချထား၊ ထမင်းတလုပ် စား၊ ဂစ်တာ Rhythm တစ်ချက်ခေါက်၊ စာတစ်ပိုဒ် ကျက်နဲ့ ဆရာဝန်ဖြစ်အောင်လုပ်လာတာ . . သူ့အထုံပါရမီက သူ့ဘဝရဲ့အလင်းရောင်တောက်ပမှုစွမ်းအင်အမြင့်ဆုံးအဆင့်ကိုပို့ပေးခဲ့တယ်လေ"
.
.
. "ကျွန်တော်က မေကြီးကိုသတိရလို့ သြော်ကြီးကိုပြောပြတဲ့အခါတိုင်း သူက ပိုခံစားရတယ်။ သူနဲ့ သီချင်းရေးဖော်ရေးဘက် သူငယ်ချင်းကြီးတစ်ယောက်ကို လောလောလတ်လတ်ဆုံးရှံူးထားရဆိုတော့ ပိုဆိုးတယ်။ သူအခု ဆရာဝန်လည်းလုပ်တယ်၊ တေးရေးဆရာလည်းလုပ်တယ်။ အဆိုတော်လည်းလုပ်တယ်။ စာပေပညာမှာလည်း သိပ်တော်တယ်"
.
. "သြော်ကြီးရဲ့သိပ်ကောင်းတဲ့အချက်က သူများမှားထားတဲ့အမှားကို အမှန်အကန်ဆုံးအနေအထားနဲ့သင်ခန်းစာယူနိုင်တာပဲ။ တစ်ခုခုဆို သူက အမြဲဆင်ခြင်ဉာဏ်တရားရှေ့ထားပြီးလုပ်တယ်။ ဘယ်အချိန်မဆို အမြဲကြိုးပမ်းပြီး တစ်ခုခုကိုအမြဲတကုတ်ကုတ်လုပ်နေတတ်တယ်။ အခုဆိုရင် သူနဲ့မတွေ့ရတာ အနှစ် (၂ဝ) ကျော်နေပြီ။ တောင်ကြီးကသူငယ်ချင်းအဆိုတော်တစ်ယောက်စီးရီးသစ်မိတ်ဆက်ပွဲလုပ်တုန်းက ရန်ကုန်မှာဆုံခဲ့တာ နောက်ဆုံးတစ်ခေါက်ဘဲ"
.
.
. ဒီသူငယ်ချင်းတွေနဲ့ကျွန်တော်ဝေးခဲ့ပေမယ့် သူတို့နဲ့မတူတဲ့ဘဝကိုကျွန်တော်စခဲ့တယ်။ နိုင်ငံရေးမှိုင်းဝင်သွားတာချင်းအတူတူ ကျောင်းပြီးတဲ့သူ နဲ့ ကျောင်းမပြီးတဲ့သူ ကွာသလို အလုပ်လုပ်တဲ့သူ နဲ့ မလုပ်မလုပ်တဲ့သူ ကွာတယ်။ ဒီလိုပဲ ဝါသနာပါတဲ့အလုပ်လုပ်ရသူ နဲ့ ဝါသနာမပါတဲ့အလုပ်လုပ်ရသူကွာသလို နိုင်ငံခြားရောက်ဖူးသူ နဲ့ နိုင်ငံခြားမရောက်ဖူးသူ ကွာသွားပြန်တယ်"
.
. "အခုမှ ကိုယ့်အကြောင်းကိုယ်ပြန်စဉ်းစားရတာ တခါတလေတော့ ရယ်စရာလိုဖြစ်နေပေမဲ့ ကိုယ်ကြုံခဲ့ရတာ လွယ်လွယ်လေးတော့မဟုတ်ခဲ့ပါဘူးဗျာ။ ကျွန်တော်စာဖတ်တယ် . . ခရီးထွက်တယ် . . ကုန်သည်လုပ်တယ် . . နောက်ဆုံး ကမ္ဘာ့အပြင်ထွက်ဖို့လုပ်တယ်။ ဒီလိုနဲ့ ရန်ကုန်မှာခြေဆန့်ပြီး ကျွန်တော် သင်္ဘောသားဖြစ်လာပါတယ်။ သို့သော်လည်း စာအုပ်သာကိုင်ထားရတာ သင်္ဘောက မထွက်ဖြစ်တော့ ကျွန်တော်သိပ်မစောင့်နိုင်တော့ဘူး။ ဒါနဲ့ နိုင်ငံရွေးလိုက်တယ် - ငါ လာပြီ - ငွေဘုံနိပွန် . . ဂျပန် ရေ . ."
.
.
. "အဲဒီခေတ်တုန်းက စာသင်မယ်ဆိုရင် ဂျပန်မှာကျောင်းတက်ရင်းအလုပ်လုပ်လို့ရတယ်။ ပထမ (၂) နှစ်ကျောင်းတက်ပြီးအလုပ်လုပ်မလား? (၃) နှစ် အထိ ဆက်လုပ်နိုင်မလား? ခံနိုင်ရည်ရှိရင် မဖြစ်နိုင်တာ မရှိဘူး။ လူခံရှိပြီး ပင်ပန်းတဲ့ဒဏ်ကိုတင်းခံနိုင်ရင် ရပ်တည်လို့ရတယ်။ အလုပ်ကြမ်းဒဏ်ပိပြီးနောက်မှဖြစ်ချင်တာဖြစ် . . လူတိုင်းသွားတဲ့ နိပွန်ဂျပန်ပြည်ကိုကျွန်တော်လှမ်းထွက်ခဲ့လိုက်တယ်။ ဂျပန်ဆိုတဲ့တိုင်းပြည်ကိုအဲဒီခေတ်တုန်းက ငွေဘုံနိဗ္ဗာန်နန်းလို့ အဲဒီခေတ်တုန်းက ထင်ခဲ့ကြတယ်။ ဂျပန်သွားရင်ပိုက်ဆံအများကြီးရမယ်ဆိုတာလည်းအမှန်ပါပဲ"
.
. "အားတက်စရာတစ်ခုက ဒေသခံဂျပန်လူမျိုးနဲ့အိမ်ထောင်ပြုထားတဲ့အဒေါ်က အဲဒီမှာရှိတယ်။ သူ့တို့ပိုင်တဲ့စားသောက်ဆိုင်တွေက နည်းနည်းနောနောမဟုတ်ဘူး။ သူ့မြေကိုနင်းလိုက်တာနဲ့ ခရီးရောက်မဆိုက် ဂျပန်ကအလုပ်က ကျွန်တော့ကိုစောင့်ကြိုနေပါတယ်။ ဆိုင်ခွဲတွေလှည့်ပြီးလုပ်ရင်း (၂) နှစ်ဆိုတာ ခဏလေး (၃) နှစ်ဆိုတာ တဒင်္ဂလေး။ ဒီလိုနဲ့ ဦးလေးဂျပန်ကြီးက အလုပ်ကြိုးစားတဲ့ကျွန်တော့ကို ဗီဆာပြန်လျှောက်ပေးပါတော့တယ်"
.
.
. "ဒီနေရာမှာပြောပြချင်တာက ဂျပန်မှာ သက်တမ်းတိုးဗီဆာလျှောက်ဖို့ ရန်ကုန်က ပန်းဆိုးတန်းလမ်းလိုနေရာမျိုးအထိ မြို့တက်သွားလုပ်စရာမလိုပါဘူး။ ရပ်ကွက်ရုံးလိုမျိုးမှာ အလုပ်ရှင်က အာမခံကြေးတင်ပေးလိုက်တာနဲ့ အချိန်တန်ရင် သက်တမ်း (၁) နှစ်ပါတဲ့ အလုပ်ဗီဆာကျလာပါတယ်။ အဲဒီအခါကျမှ အလုပ်ရှင်က သူတင်ထားတဲ့အာမခံငွေကို အစိုးရနားမှာပြန်ထုတ်ရတယ်လေ။ ပြီးတော့ အလုပ်သမားနားက နှုတ်ချင်နှုတ်ပေါ့။ ကျွန်တော့ကိုတော့ပြန်မတောင်းဘူး . . အပေါ်မှာပြောခဲ့တယ်လေ . . အလုပ်ရှင်က ကျွန်တော့ကို လိုချင်တာဆိုတော့ . .။
.
. "ဒီလိုနဲ့ တတိယနှစ်မှာ ကျွန်တော် ဆူရှီစသင်တယ်။ စားသောက်ဆိုင်အလုပ်ဆိုတာပိုက်ဆံရသလောက်ပင်ပန်းတယ် . . အားလုံးသိကြတဲ့အတိုင်း ပင်ပန်းသလောက်လည်း ပိုက်ဆံရတယ်လေ။ အိပ်ချိန်ကလွဲရင် တစ်ချိန်လုံးနီးပါး အလုပ်လုပ်ရတယ်"
.
.
. "(၁၄) နာရီလုပ်ရတဲ့ရက်လည်းရှိရဲ့ . . (၁၅) နာရီလုပ်ရတဲ့ရက်တွေကလည်း မနည်းလှ။ ငွေကတော့ရပါရဲ့ တစ်လကို ဒေါ်လာ (၂၅ဝဝ) ဆိုတာ အဲဒီခေတ်တုန်းက သိပ်များတဲ့ငွေပမာဏ။ ချွေးစိုနေတဲ့ငွေစက္ကူတွေကိုရေတွက်နေတဲ့လက်ချောင်းလေးတွေကနှေးနေပေမဲ့ အပြေးသန်တဲ့ကျွန်တော့ရဲ့ပြည်ချစ်စိတ်ကတော့ ရှမ်းရိုးမတောင်တန်းတွေပေါ်ခြေဦးလှည့်နေပါတယ်"
.
. "တကယ်တော့ (၄) နှစ်ဆိုတာ ဟိုတစ်နေ့ကလိုဘဲ။ (၅) နှစ်ဆိုတာ မနေ့ကလိုပါဘဲ။ သင်ခန်းစာ နဲ့ အတွေ့အကြံုတွေရတာကလွဲပြီး ဘာမှကိုပြန်မလွမ်းချင်တော့တာ ဂျပန်တုန်းကအခြေအနေတွေကိုပါ။ ဒါပေမဲ့ လူငယ်တွေကို ကိုယ့်လိုထပ်တူဒုက္ခမခံစားစေချင်လို့ ပြောတော့ပြောရဦးမှာပါဗျာ"
.
.
. နိုင်ငံခြားဆိုရင် ကျွန်တော်ငယ်ငယ်တုန်းကမှတ်မိတာက ထိုင်ဝမ်နိုင်ငံသွားတယ်။ နောက် (၁ဝ) တန်းလောက်ရောက်လာတော့ သင်္ဘောသားခေတ်ဖြစ်ပြန်တယ်။ နောက် အခု ကိုစိုင်းသူပြောပြတဲ့ ဂျပန်အကြောင်း . . သူငယ်ချင်းတွေရဲ့မိဘတွေ၊ ဦးလေးတွေ ဂျပန်သွားပြီး ကားသွင်းလာတယ်လို့ ဘာတို့ဆိုတာ အပေါ်ယံဆီလူတန်းစားတွေလို့ထင်ခဲ့တာ သူတို့ရင်ဆိုင်ခဲ့တဲ့ဒုက္ခတွေက ကျွန်တော်ငယ်ငယ်က သိမှမသိခဲ့ပဲကိုး။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 02-09-2018
.
.
ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
. "သုခဘံုမွာဒုကၡေရာက္တဲ႕ပါရီငရဲသားတစ္ေယာက္အေၾကာင္း။ A Prisoner in Paradise (4)"
။။။။။ ဂ်ပန္ဆိုတာခ်ိဳနဲ႕လား? ။။။။။
. "ဂ်ပန္ဆိုတဲ႕ႏိုင္ငံကိုၾကိဳက္လြန္းလို႕ကြ်န္ေတာ္သြားခဲ႕တာမဟုတ္ဘူး။ အဓိက မေျပလည္တဲ႕စီးပြားေရးအေျခအေန နဲ႕ မိဘေတြကုိသနားတဲ႕စိတ္ေၾကာင္႕သြားခဲ႕တာပါ။ ျပည္သူေတြၾကပ္တည္းပါတယ္ဆိုမွ အေရးထဲ အစိုးရက (၇၅) က်ပ္တန္ နဲ႕ (၁ဝဝ) က်ပ္တန္ ေငြစကၠဴေတြကုိတရားဝင္ေငြေၾကးအျဖစ္ကေနရပ္စဲလုိက္တဲ႕အမိန္႕ေၾကာင္႕ ကြ်န္ေတာ္တုိ႕မိသားစုရဲ႕ စိတ္ဓါတ္ေတြၾကမ္းျပင္အထိ က်ဆင္းကုန္တယ္။ ဒါကို ကြ်န္ေတာ္ကယ္တင္မွျဖစ္ေတာ႕မယ္။ မထင္ရင္ မထင္သလို ဘဝက အင္မတန္ဆင္းရဲတယ္ဆိုတာ တစ္ခ်က္တစ္ခ်က္ေဆာင္႕တက္လာတဲ႕ ေလာကဓံလိႈင္း မူးဖူးသူတုိင္းသိၾကမွာပါ"
.
. "အလုပ္လုပ္ရင္း ဂ်ပန္ေက်ာင္းတက္သက္ (၂) ႏွစ္ရွိထားတဲ႕ကြ်န္ေတာ္ဟာ အသက္ (၅ဝ) ေက်ာ္ေလာက္ရိွတဲ႕ ဂ်ပန္စားဖိုမွဴးတစ္ေယာက္ရဲ႕ေအာက္မွာ ပညာသင္ရတယ္။ ဆိုင္ရွင္က ကြ်န္ေတာ႕ဦးေလး နဲ႕ ဦးေလးရဲ႕အစ္ကိုဆိုေတာ႕ လူရင္းေတြ။ သို႕ေပမဲ႕ ဆရာက ဆရာပဲ။ သင္ရမွာက ဆူရွီဆရာဆီက။ ဒါေပမဲ႕ ဂ်ပန္ဆရာဆုိေတာ႕ အေျပာအဆုိက ခပ္ျပတ္ျပတ္ ခပ္ၾကမ္းၾကမ္း။ သူေျပာတာကိုလည္း နားေထာင္ၾကည္႕ပါဦး . ."
.
.
. "မင္းက ဒီငါးေလးေတာင္အျဖစ္ရွိေအာင္မျဖတ္တတ္ရေအာင္ မင္းက အေျခာက္လား" တဲ႕ဗ်ာ . . ေျပာၾကည္႕ၾကပါဦး။ ဘယ္႕ႏွယ္႕ဗ်ာ . . ကြ်န္ေတာ္က ဂ်ပန္ေက်ာင္းတက္ထားေတာ႕ နားလည္တာေပါ႕။ ဒါေပမဲ႕ အဲဒီအဖိုးၾကီးက အျမဲတမ္းဆဲဆူေနခဲ႕တယ္။ ကြ်န္ေတာ္ဘာလုပ္လုပ္ လုပ္ျပန္ျပီ ဒီလုိနဲ႕အျမဲအပစ္တင္ခံရတယ္။ သူက ပါးစပ္သာဆိုးတာ မေကာင္းတဲ႕စိတ္ပုပ္စိတ္ယုတ္ေတာ႕ရွိပံုမရဘူး။ ဒါနဲ႕ ဦးေလးကိုေျပာျပေတာ႕ ဘာေျပာတယ္မွတ္သလဲ? "အတာလိမိုင္းအဲ - あたりまえ " . . ထံုးစံအတုိင္းပဲ ဒီအတိုင္္း မင္းအေျပာခံရမွာပဲတဲ႕ေလ"
.
. "တစ္ခါတစ္ခါဘာမွမလုပ္ပဲနဲ႕ကုိ "ခြန္နာရီေရာ ဘာရဂါေရာ - ばかやろ *#@+ " ဆိုျပီးဆဲေရာ။ "သူ႕ဆီကပညာကုိငါတတ္ေအာင္သင္မွအဆဲလြတ္မွာ" ဆိုျပီး ကြ်န္ေတာ္အပတ္တကုတ္ၾကိဳးစားခဲ႕တယ္။ ေနာက္ဆံုးေတာ႕ သူမ်ားေတြ (၂) လ ကေန (၆) လေလာက္မွတတ္ၾကတဲ႕ "ဆူရွီဓါးလိႈင္း ငါးပြက္သိုင္းက်မ္းၾကီး" ကို (၂) ပတ္အတြင္း ရေအာင္လုပ္ပစ္လိုက္တယ္။ သူခုိင္းတာကိုတတ္သြားတဲ႕အတြက္ ေနာက္ပိုင္းမွာ သူ႕အခ်စ္ဆံုးတပည္႕ျဖစ္လာတယ္။ သူတုိ႕လူမ်ိဳးေတြလက္ဖ်ားခါသြားေလာက္ေအာင္ ဆူရွီဓါးအစြမ္းျပလုိက္တဲ႕အခါ ကြ်န္ေတာ္လုပ္တဲ႕ဆူရွီက လက္ရာအရမ္းလွတာကို ခ်ီးက်ဴးေတာ႕ ကြ်န္ေတာ္ေပ်ာ္လိုက္တာဗ်ာ"
.
.
. "ကြ်န္ေတာ္ဟာ မ်က္ရည္က်ခဲ႕တဲ႕ဂ်ပန္ကေန႕ရက္ေတြအေၾကာင္းျပန္ေျပာျပီး လူေတြနားက ကရုဏာခ်ဴေနမယ္႕သူတစ္ေယာက္မဟုတ္ပါဘူး။ အဓိက ဂ်ပန္ေတြကြ်မ္းတဲ႕အစားအေသာက္လုပ္ငန္းကိုသိပ္တတ္ခ်င္လြန္းလို႕ သည္းခံခဲ႕တဲ႕ကြ်န္ေတာ႕စိ္တ္
ဓါတ္ကိုသိေစခ်င္တဲ႕ေစတနာက ပဓါနက်ပါတယ္။ ဦးေလးတုိ႕ကုမၸဏီမွာ ကိုးရီးယားအသားကင္ ရွိတယ္။ "ဂ်ဴးဒံုး" ဆိုတဲ႕အျမန္စား Fast Food ရွိတယ္။ အဲဒါေတြထဲက ကြ်န္ေတာ္က ပိုက္ဆံအမ်ားၾကီးရႏုိင္တဲ႕ ဆူရွီကိုပုိတတ္ခ်င္ခဲ႕တာ။ စိတ္ေတာ႕မရွိပါနဲ႕ . . အကုသိုလ္လို႕လည္းမထင္ပါနဲ႕ . . ငါးေတြကိုျဖတ္ေနရတာကို ကြ်န္ေတာ္စိတ္ဝင္စားတယ္။ ဒီထမင္းစားလက္မွတ္ကေန ဘယ္အခ်ိန္ေဟာ္တယ္တက္စားႏိုင္မလဲ? ဘယ္အခ်ိန္သက္ေတာင္႕သက္သာေနႏိုင္တဲ႕ ဘဝအတတ္ပညာျဖစ္လာမယ္မသိႏုိင္ဘူးေလ"
.
. "အဲဒီႏိုင္ငံမွာအလုပ္လုပ္တဲ႕ျမန္မာေတြကိုဂ်ပန္ေတြကၾကိဳက္တယ္။ အလုပ္ၾကိဳးစားၾကတယ္။ တကယ္လုပ္ျပီဆိုရင္ မခုိတမ္း မကပ္တမ္းလုပ္ၾကေတာ႕ ေနာက္ပိုင္းသူတုိ႕ရဲ႕လက္ေရြးစင္စားဖိုမွဴးေတြျဖစ္သြားေရာ။ တစ္ခ်ိဳ႕ ရွမ္းျပည္ တန္႕ယန္းကလူေတြ ဂ်ပန္မွာ ကြ်န္ေတာ္နဲ႕ေတြ႕တယ္။ ေန႕တုိင္းေန႕တုိင္း တကယ္႕ဘဝရဲ႕အခက္အခဲ နဲ႕ ဂ်ပန္ျပည္ရဲ႕အလွအပေတြကို ခ်ိဳငန္စပ္ခါး အျမဲတြဲဖက္ခံစားသံုးေဆာင္ရတယ္။ လူေတြက အမ်ိဳးမ်ိဳးဘဲ။ အခုလုိ တကယ္ျဖစ္ခ်င္ျပီး ကိုယ္ခ်င္းစာတရားျပည္႔ဝတဲ႕သူရွိသလို ႏွမခ်င္းမစာနာတဲ႕လူတစ္ေယာက္အေၾကာင္း ကြ်န္ေတာ္ေျပာျပဦးမယ္ ကိုညီ ေရ . ."
.
.
. "ကြ်န္ေတာ္က ေက်ာင္းသားဆုိေတာ႕ ေက်ာင္းသားကဒ္ရွိတယ္ . . ေနမေကာင္းရင္ေဆးကုတဲ႕ဂ်ပန္က်န္းမာေရးကဒ္္ရွိတယ္။ အဲဒီအတြက္ ကိုယ္႕ပိုက္ဆံနဲ႕ကိုယ္ဝယ္ထားရတယ္။ အဲဒီအခ်ိန္တုန္းက က်န္းမာေရးကဒ္ဆိုတာ ဘာဓါတ္ပံုမွပါတာမဟုတ္ဘူး။ အသက္အရြယ္ငယ္ျပီးေက်ာင္းသားပံုစံေပါက္ရင္ နာမယ္လိမ္ျပီး တစ္ေယာက္ကဒ္ကိုေနာက္တစ္ေယာက္ေျပာင္းသံုးလို႕ျဖစ္ေသးတယ္။ တစ္ေယာက္နဲ႕တစ္ေယာက္ကူညီတဲ႕အေနနဲ႕လွည္႕ပတ္ျပီးသံုးၾကတဲ႕ဓေလ႕ရွိခဲ႕တယ္"
.
. "အဲဒီမွာ ျမန္မာေခါင္းေဆာင္တစ္ေယာက္က ကြ်န္ေတာ႕ကဒ္ကိုအျမဲယူသံုးေနက်။ ကြ်န္ေတာ္ကလည္း သူအဆင္ေျပရင္ယူသံုးေပါ႕ဆိုျပီးလႊတ္ေပးထားတာ . . ျမန္မာအခ်င္းခ်င္းဆိုျပီးကူညီေနတာကုိ တစ္ေန႕ေတာ႕ သူက အေဒၚ႕ကိုသြားတုိင္တယ္ "မင္းတူက ဂ်ပန္စကားမတတ္လို႕အလုပ္ျဖဳတ္မယ္" တဲ႕ဗ်ာ။ ဘယ္လုိ . . ဘယ္လို . .? ကြ်န္ေတာ႕ကဒ္ကိုလည္းယူသံုးတယ္။ အကူအညီလည္း ရယူတယ္။ ျပီးေတာ႕ မဟုတ္တမ္းတရားေတြေျပာ၊ ကြ်န္ေတာ္ဂ်ပန္စကားမတတ္ဘူးဆိုျပီးအလုပ္ျဖဳတ္မယ္လုပ္ေနေသးတယ္။ အမွန္ ကြ်န္ေတာ္က သူ႕ထက္ဂ်ပန္စကားပိုတတ္ရံုမက သူ႕ကို ပါဆယ္ထုတ္ျပီးေရာင္းစားလိုက္လို႕ရေသးတယ္။ ဒါကုိ သူကမသိတာ"
.
.
. "အဲဒါေျပာတာေပါ႕ . . ေခတ္အဆက္ဆက္ျမန္မာေတြညီညႊြတ္ဖို႕လိုတယ္ဆိုတာ . .။ အခုက ကိုယ္နဲ႕တည္႕ရင္ ခ်စ္ခင္ဟန္ေဆာင္၊ ၾကင္နာခ်င္ေယာင္ေဆာင္၊ အကူအညီကုိေမွးယူ၊ အလြဲသံုးစားလုပ္၊ စိတ္ထဲမွာအခန္႕မသင္႕ေတာ႕ဘူးလည္းဆိုေရာ အျပစ္မဟုတ္တာကိုအျပစ္ရွာ၊ အျပစ္မရွိတာကို အကြက္ဆင္၊ ဟန္တျပင္ျပင္နဲ႕ လုပ္ေတာ႕အမွား၊ သစၥာတရားဆုိတာ ျပည္ပျမန္မာေတြၾကားမွာ ရွားသထက္ရွားလာတာကိုယ္ေတြ႕ပဲေလ"
.
. "ဒီေနရာမွာ ကြ်န္ေတာ႕ရဲ႕အေဒၚရဲ႕ရပ္တည္မႈက ျပတ္သားတယ္ "မင္းက သူ႕ကဒ္ကုိပိုက္ဆံမေပးပဲယူသံုးေသးတယ္ . . သူ႕ကိုလည္းမဟုတ္တာကုိအျပစ္ရွာျပီးအလုပ္ထုတ္ေစခ်င္တယ္။ တကယ္ထုတ္ရမွာက မင္း ကုိ" တဲ႕ . . ဟားဟားဟား . . မိုက္လိုက္တဲ႕စကား . . အဲဒီျမန္မာတစ္ခါတည္း ေကာ႕သြားတာဘဲ"
.
.
. ကုိစုိင္းသူနဲ႕စကားေျပာတဲ႕ (၂) ရက္အတြင္းမွာ ဂ်ပန္သြားတဲ႕အေၾကာင္းေျပာျပီးေတာ႕မွ သူ႕ရဲ႕အားအင္ေတြကုိအသစ္တစ္ဖန္ျပန္ျမင္လာရပါတယ္။ အားငယ္ရင္းအသံတိုးသြားတဲ႕အခ်ိန္ေလးေတြရွိသလို အားရလို႕အသံခပ္ျပင္းျပင္းျမွင္႕ေျပာတဲ႕အခါလည္းရွိပါတယ္။ ကြ်န္ေတာ္သိတယ္ . . ကိုစုိင္းသူ အနားယူဖို႕လိုေနျပီ။ ကြ်န္ေတာ္တုိ႕ေနာက္တစ္ရက္မွဆက္ေျပာၾကမယ္။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 02-11-2018
.
.
Unicode Version:
.
.
. "သုခဘုံမှာဒုက္ခရောက်တဲ့ပါရီငရဲသားတစ်ယောက်အကြောင်း။ A Prisoner in Paradise (4)"
။။။။။ ဂျပန်ဆိုတာချိုနဲ့လား? ။။။။။

. "ဂျပန်ဆိုတဲ့နိုင်ငံကိုကြိုက်လွန်းလို့ကျွန်တော်သွားခဲ့တာမဟုတ်ဘူး။ အဓိက မပြေလည်တဲ့စီးပွားရေးအခြေအနေ နဲ့ မိဘတွေကိုသနားတဲ့စိတ်ကြောင့်သွားခဲ့တာပါ။ ပြည်သူတွေကြပ်တည်းပါတယ်ဆိုမှ အရေးထဲ အစိုးရက (၇၅) ကျပ်တန် နဲ့ (၁ဝဝ) ကျပ်တန် ငွေစက္ကူတွေကိုတရားဝင်ငွေကြေးအဖြစ်ကနေရပ်စဲလိုက်တဲ့အမိန့်ကြောင့် ကျွန်တော်တို့မိသားစုရဲ့ စိတ်ဓါတ်တွေကြမ်းပြင်အထိ ကျဆင်းကုန်တယ်။ ဒါကို ကျွန်တော်ကယ်တင်မှဖြစ်တော့မယ်။ မထင်ရင် မထင်သလို ဘဝက အင်မတန်ဆင်းရဲတယ်ဆိုတာ တစ်ချက်တစ်ချက်ဆောင့်တက်လာတဲ့ လောကဓံလှိုင်း မူးဖူးသူတိုင်းသိကြမှာပါ"
.
. "အလုပ်လုပ်ရင်း ဂျပန်ကျောင်းတက်သက် (၂) နှစ်ရှိထားတဲ့ကျွန်တော်ဟာ အသက် (၅ဝ) ကျော်လောက်ရှိတဲ့ ဂျပန်စားဖိုမှူးတစ်ယောက်ရဲ့အောက်မှာ ပညာသင်ရတယ်။ ဆိုင်ရှင်က ကျွန်တော့ဦးလေး နဲ့ ဦးလေးရဲ့အစ်ကိုဆိုတော့ လူရင်းတွေ။ သို့ပေမဲ့ ဆရာက ဆရာပဲ။ သင်ရမှာက ဆူရှီဆရာဆီက။ ဒါပေမဲ့ ဂျပန်ဆရာဆိုတော့ အပြောအဆိုက ခပ်ပြတ်ပြတ် ခပ်ကြမ်းကြမ်း။ သူပြောတာကိုလည်း နားထောင်ကြည့်ပါဦး . ."
.
.
. "မင်းက ဒီငါးလေးတောင်အဖြစ်ရှိအောင်မဖြတ်တတ်ရအောင် မင်းက အခြောက်လား" တဲ့ဗျာ . . ပြောကြည့်ကြပါဦး။ ဘယ့်နှယ့်ဗျာ . . ကျွန်တော်က ဂျပန်ကျောင်းတက်ထားတော့ နားလည်တာပေါ့။ ဒါပေမဲ့ အဲဒီအဖိုးကြီးက အမြဲတမ်းဆဲဆူနေခဲ့တယ်။ ကျွန်တော်ဘာလုပ်လုပ် လုပ်ပြန်ပြီ ဒီလိုနဲ့အမြဲအပစ်တင်ခံရတယ်။ သူက ပါးစပ်သာဆိုးတာ မကောင်းတဲ့စိတ်ပုပ်စိတ်ယုတ်တော့ရှိပုံမရဘူး။ ဒါနဲ့ ဦးလေးကိုပြောပြတော့ ဘာပြောတယ်မှတ်သလဲ? "အတာလိမိုင္းအဲ - あたりまえ " . . ထုံးစံအတိုင်းပဲ ဒီအတိုင််း မင်းအပြောခံရမှာပဲတဲ့လေ"
.
. "တစ်ခါတစ်ခါဘာမှမလုပ်ပဲနဲ့ကို "ခြန္နာရီေရာ ဘာရဂါေရာ - ばかやろ *#@+ " ဆိုပြီးဆဲရော။ "သူ့ဆီကပညာကိုငါတတ်အောင်သင်မှအဆဲလွတ်မှာ" ဆိုပြီး ကျွန်တော်အပတ်တကုတ်ကြိုးစားခဲ့တယ်။ နောက်ဆုံးတော့ သူများတွေ (၂) လ ကနေ (၆) လလောက်မှတတ်ကြတဲ့ "ဆူရှီဓါးလှိုင်း ငါးပွက်သိုင်းကျမ်းကြီး" ကို (၂) ပတ်အတွင်း ရအောင်လုပ်ပစ်လိုက်တယ်။ သူခိုင်းတာကိုတတ်သွားတဲ့အတွက် နောက်ပိုင်းမှာ သူ့အချစ်ဆုံးတပည့်ဖြစ်လာတယ်။ သူတို့လူမျိုးတွေလက်ဖျားခါသွားလောက်အောင် ဆူရှီဓါးအစွမ်းပြလိုက်တဲ့အခါ ကျွန်တော်လုပ်တဲ့ဆူရှီက လက်ရာအရမ်းလှတာကို ချီးကျူးတော့ ကျွန်တော်ပျော်လိုက်တာဗျာ"
.
.
. "ကျွန်တော်ဟာ မျက်ရည်ကျခဲ့တဲ့ဂျပန်ကနေ့ရက်တွေအကြောင်းပြန်ပြောပြီး လူတွေနားက ကရုဏာချူနေမယ့်သူတစ်ယောက်မဟုတ်ပါဘူး။ အဓိက ဂျပန်တွေကျွမ်းတဲ့အစားအသောက်လုပ်ငန်းကိုသိပ်တတ်ချင်လွန်းလို့ သည်းခံခဲ့တဲ့ကျွန်တော့စိ်တ်
ဓါတ်ကိုသိစေချင်တဲ့စေတနာက ပဓါနကျပါတယ်။ ဦးလေးတို့ကုမ္ပဏီမှာ ကိုးရီးယားအသားကင် ရှိတယ်။ "ဂျူးဒုံး" ဆိုတဲ့အမြန်စား Fast Food ရှိတယ်။ အဲဒါတွေထဲက ကျွန်တော်က ပိုက်ဆံအများကြီးရနိုင်တဲ့ ဆူရှီကိုပိုတတ်ချင်ခဲ့တာ။ စိတ်တော့မရှိပါနဲ့ . . အကုသိုလ်လို့လည်းမထင်ပါနဲ့ . . ငါးတွေကိုဖြတ်နေရတာကို ကျွန်တော်စိတ်ဝင်စားတယ်။ ဒီထမင်းစားလက်မှတ်ကနေ ဘယ်အချိန်ဟော်တယ်တက်စားနိုင်မလဲ? ဘယ်အချိန်သက်တောင့်သက်သာနေနိုင်တဲ့ ဘဝအတတ်ပညာဖြစ်လာမယ်မသိနိုင်ဘူးလေ"
.
. "အဲဒီနိုင်ငံမှာအလုပ်လုပ်တဲ့မြန်မာတွေကိုဂျပန်တွေကကြိုက်တယ်။ အလုပ်ကြိုးစားကြတယ်။ တကယ်လုပ်ပြီဆိုရင် မခိုတမ်း မကပ်တမ်းလုပ်ကြတော့ နောက်ပိုင်းသူတို့ရဲ့လက်ရွေးစင်စားဖိုမှူးတွေဖြစ်သွားရော။ တစ်ချို့ ရှမ်းပြည် တန့်ယန်းကလူတွေ ဂျပန်မှာ ကျွန်တော်နဲ့တွေ့တယ်။ နေ့တိုင်းနေ့တိုင်း တကယ့်ဘဝရဲ့အခက်အခဲ နဲ့ ဂျပန်ပြည်ရဲ့အလှအပတွေကို ချိုငန်စပ်ခါး အမြဲတွဲဖက်ခံစားသုံးဆောင်ရတယ်။ လူတွေက အမျိုးမျိုးဘဲ။ အခုလို တကယ်ဖြစ်ချင်ပြီး ကိုယ်ချင်းစာတရားပြည့်ဝတဲ့သူရှိသလို နှမချင်းမစာနာတဲ့လူတစ်ယောက်အကြောင်း ကျွန်တော်ပြောပြဦးမယ် ကိုညီ ရေ . ."
.
.
. "ကျွန်တော်က ကျောင်းသားဆိုတော့ ကျောင်းသားကဒ်ရှိတယ် . . နေမကောင်းရင်ဆေးကုတဲ့ဂျပန်ကျန်းမာရေးကဒ််ရှိတယ်။ အဲဒီအတွက် ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်ထားရတယ်။ အဲဒီအချိန်တုန်းက ကျန်းမာရေးကဒ်ဆိုတာ ဘာဓါတ်ပုံမှပါတာမဟုတ်ဘူး။ အသက်အရွယ်ငယ်ပြီးကျောင်းသားပုံစံပေါက်ရင် နာမယ်လိမ်ပြီး တစ်ယောက်ကဒ်ကိုနောက်တစ်ယောက်ပြောင်းသုံးလို့ဖြစ်သေးတယ်။ တစ်ယောက်နဲ့တစ်ယောက်ကူညီတဲ့အနေနဲ့လှည့်ပတ်ပြီးသုံးကြတဲ့ဓလေ့ရှိခဲ့တယ်"
.
. "အဲဒီမှာ မြန်မာခေါင်းဆောင်တစ်ယောက်က ကျွန်တော့ကဒ်ကိုအမြဲယူသုံးနေကျ။ ကျွန်တော်ကလည်း သူအဆင်ပြေရင်ယူသုံးပေါ့ဆိုပြီးလွှတ်ပေးထားတာ . . မြန်မာအချင်းချင်းဆိုပြီးကူညီနေတာကို တစ်နေ့တော့ သူက အဒေါ့်ကိုသွားတိုင်တယ် "မင်းတူက ဂျပန်စကားမတတ်လို့အလုပ်ဖြုတ်မယ်" တဲ့ဗျာ။ ဘယ်လို . . ဘယ်လို . .? ကျွန်တော့ကဒ်ကိုလည်းယူသုံးတယ်။ အကူအညီလည်း ရယူတယ်။ ပြီးတော့ မဟုတ်တမ်းတရားတွေပြော၊ ကျွန်တော်ဂျပန်စကားမတတ်ဘူးဆိုပြီးအလုပ်ဖြုတ်မယ်လုပ်နေသေးတယ်။ အမှန် ကျွန်တော်က သူ့ထက်ဂျပန်စကားပိုတတ်ရုံမက သူ့ကို ပါဆယ်ထုတ်ပြီးရောင်းစားလိုက်လို့ရသေးတယ်။ ဒါကို သူကမသိတာ"
.
.
. "အဲဒါပြောတာပေါ့ . . ခေတ်အဆက်ဆက်မြန်မာတွေညီညွွှတ်ဖို့လိုတယ်ဆိုတာ . .။ အခုက ကိုယ်နဲ့တည့်ရင် ချစ်ခင်ဟန်ဆောင်၊ ကြင်နာချင်ယောင်ဆောင်၊ အကူအညီကိုမှေးယူ၊ အလွဲသုံးစားလုပ်၊ စိတ်ထဲမှာအခန့်မသင့်တော့ဘူးလည်းဆိုရော အပြစ်မဟုတ်တာကိုအပြစ်ရှာ၊ အပြစ်မရှိတာကို အကွက်ဆင်၊ ဟန်တပြင်ပြင်နဲ့ လုပ်တော့အမှား၊ သစ္စာတရားဆိုတာ ပြည်ပမြန်မာတွေကြားမှာ ရှားသထက်ရှားလာတာကိုယ်တွေ့ပဲလေ"
.
. "ဒီနေရာမှာ ကျွန်တော့ရဲ့အဒေါ်ရဲ့ရပ်တည်မှုက ပြတ်သားတယ် "မင်းက သူ့ကဒ်ကိုပိုက်ဆံမပေးပဲယူသုံးသေးတယ် . . သူ့ကိုလည်းမဟုတ်တာကိုအပြစ်ရှာပြီးအလုပ်ထုတ်စေချင်တယ်။ တကယ်ထုတ်ရမှာက မင်း ကို" တဲ့ . . ဟားဟားဟား . . မိုက်လိုက်တဲ့စကား . . အဲဒီမြန်မာတစ်ခါတည်း ကော့သွားတာဘဲ"
.
.
. ကိုစိုင်းသူနဲ့စကားပြောတဲ့ (၂) ရက်အတွင်းမှာ ဂျပန်သွားတဲ့အကြောင်းပြောပြီးတော့မှ သူ့ရဲ့အားအင်တွေကိုအသစ်တစ်ဖန်ပြန်မြင်လာရပါတယ်။ အားငယ်ရင်းအသံတိုးသွားတဲ့အချိန်လေးတွေရှိသလို အားရလို့အသံခပ်ပြင်းပြင်းမြှင့်ပြောတဲ့အခါလည်းရှိပါတယ်။ ကျွန်တော်သိတယ် . . ကိုစိုင်းသူ အနားယူဖို့လိုနေပြီ။ ကျွန်တော်တို့နောက်တစ်ရက်မှဆက်ပြောကြမယ်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 02-11-2018
.
.
ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)

. "သုခဘံုမွာဒုကၡေရာက္တဲ႕ပါရီငရဲသားတစ္ေယာက္အေၾကာင္း။ A Prisoner in Paradise (5)"
။။။။။ Casablanca ကုိမေရာက္ခဲ႕တဲ႕ဇာတ္လမ္းတစ္ပုဒ္ ။။။။။
. "ႏိုင္ငံျခားကိုအထင္ၾကီးတယ္ဆုိတာက ႏုိင္ငံျခားမွာက နည္းပညာေတြျမင္႕မားျပီး ဓနဥစၥာေတြက ၾကြယ္ဝတာကိုး။ ဒါေပမဲ႕ ႏုိင္ငံျခားကိုအထင္ၾကီးတာက မေကာင္းတာအမွန္ဘဲ။ ဒီ႕အစား ကိုယ္႕တတ္ထားတဲ႕ပညာနဲ႕ကိုယ္႕တုိင္းျပည္ျပန္ျပီးတည္ေဆာက္ရမွာ။ ဒီေနရာမွာ တတ္ထားတဲ႕ပညာကသံုးစားလို႕ရရင္ေကာင္းတာေပါ႕။ ရပ္တည္ႏိုင္ဖို႕ "ပညာ" ဆိုတာ ေနရာတိုင္းလုိတယ္။ အခု ျပည္ပတုိင္းျပည္တစ္ခုမွာေငြပံုေငြရင္းေလးရွာျပီးလုပ္တာ လူလိုသူလို ကြ်န္ေတာ္သိလာျပီ။ ဒါေၾကာင္႕ ျမန္မာႏိုင္ငံျပန္ျပီး အေျခတစ္ခုခ် အလုပ္ျပန္လုပ္ခ်င္တယ္။ ဂ်ပန္မွာ ကြ်န္ေတာ္မေပ်ာ္ဘူးဗ်ာ"
.
. "ျပည္ေတာ္ျပန္လာတဲ႕အခါ အစားအေသာက္လုပ္ငန္းလုပ္ဖို႕ကြ်န္ေတာ္စဥ္းစားတယ္။ ခက္တယ္ဗ်ာ။ အဲဒီအခါတုန္းက စားေသာက္ဆိုင္နဲ႕ဘယ္လုိမွ လုပ္စားလို႕ျဖစ္မယ္မထင္ဘူး။ ဂ်ပန္ကိုလည္းကြ်န္ေတာ္ျပန္မသြားခ်င္ဘူး။ အေဖ နဲ႕ အေမလည္းပင္ပန္းလြန္းလွျပီ။ ဒါနဲ႕ေမြးရပ္ေျမ မုိင္းရွဴးျပန္တယ္။ အေဖ နဲ႕ အေမကိုကန္ေတာ႕ျပီး သူတုိ႕ကုန္စံုဆုိင္လုပ္ငန္းကိုျပန္လုပ္တယ္။ မိုင္းရွဴးေက်ာက္ျပန္လုပ္တယ္။ ဆိုင္ကယ္အေရာင္းအဝယ္လုပ္ေသးတယ္။ ေတာက္ေလွ်ာက္လုပ္သမွ် ကြ်န္ေတာ္ပါလာတဲ႕ေငြေတြလည္းကုန္ ဘာတစ္ခုမွမေအာင္ျမင္ဘူး။ ကုိညီ တစ္ခုအမွတ္ရထားဖို႕က ကြ်န္ေတာ႕မွာ တစ္ကမၻာလံုးၾကိဳက္တဲ႕ေနရာကိုရြက္လႊင္႕လုိ႕ရတဲ႕သေဘၤာသားစာအုပ္ရွိေနတယ္ေလ။ ဟုိလွည္႕ ဒီလွည္႕နဲ႕ (၅) ႏွစ္ၾကာသြားတယ္။ ကြ်န္ေတာ္ေနာက္တစ္ခုေခါင္းစဥ္ထပ္ေရြးမွရေတာ႕မယ္လို႕ ကိုညီ မထင္ဘူးလား?"
.
.
. "သေဘၤာသားစာေမးပြဲမွာ ကြ်န္ေတာ္ Second Mate ျဖစ္ဖို႕ ကြ်န္ေတာ္အသည္းအသန္ၾကိဳးစားခဲ႕တယ္။ အဲဒါကို "ေၾသာ္ၾကီး" အစအဆံုးသိတယ္။ ကြ်န္ေတာ္ခ်ိတ္တဲ႕သေဘၤာကုမၸဏီက စီးပြားေရးသမားေတြ။ လိုခ်င္တာကိုၾကိဳက္တာေျပာ . . သူ႕ေစ်းနဲ႕သူရမယ္ဆိုပါလား။ ၾကိဳက္ျပီ။ ကြ်န္ေတာ္ ဥေရာပလိုင္းလိုက္မယ္လို႕ ဒဲ႕ေျပာလုိက္ပါတယ္။ ဘယ္ဟာမွအလကားမရေပမဲ႕ သူတုိ႕ကိုေပးတဲ႕ကြ်န္ေတာ႕ရဲ႕ပိုက္ဆံေတြက ဂ်ပန္ေခြ်းေစာ္နည္းနည္းနံတယ္။ ရင္းႏွီးမႈတုိင္းကိုရလဒ္ေကာင္းခ်ည္းေမွ်ာ္လင္႕လုိ႕မရေပမဲ႕ ကြ်န္ေတာ္စြန္႕စားခ်င္တယ္။ ကြ်န္ေတာ္ျဖစ္ခ်င္တဲ႕ သေဘၤာကပၸတိန္ရာထူးရေအာင္လုပ္ဦးမယ္"
.
. "သေဘၤာကုမၸဏီက ဘယ္ေတာ႕ဆက္ဆက္ဖုန္းကိုင္ျပီး အျမဲျပန္ေျပာတယ္။ ကြ်န္ေတာ္သြားခ်င္တဲ႕သေဘၤာတက္ဖို႕ ယိုးဒယားကိုအရင္လႊတ္တယ္။ အဲဒီမွာ (၂) လၾကာတယ္။ စားရင္းေသာက္ရင္း ေလရင္းလြင္႕ရင္း (၃) လေလာက္အထိ ေငြမရွိပဲေနရတယ္။ ေနာက္ေတာ႕ သေဘၤာရျပီဆိုျပီးအဆက္အသြယ္ရလို႕သြားရေတာ႕မယ္။ ဒိုးရေတာ႕မယ္အခ်စ္ေရ . . ႏႈတ္ဆက္ခဲ႕ပါတယ္"
.
.
. "I fell in love with you watching Casablanca" (https://www.youtube.com/watch?v=pyV_RDXgGUw&list=RDpyV_RDXgGUw) ဆုိတဲ႕သီခ်င္းေလးကိုၾကားဖူးၾကတယ္မဟုတ္လား? ကြ်န္ေတာ္က အဲဒီ ကယ္ဆန္ဘလန္ကာ ကုိ သြားမလို႕ဗ်။ စာသားေလးအရေတာ႕ ကယ္ဆန္ဘလန္ကာ ဟာ သိပ္ခ်စ္ဖို႕ေကာင္းသလို သီခ်င္းကလည္း သိပ္စြဲခဲ႕တာခင္ဗ်။ သို႕ေသာ္လည္း ဘဝေပးကံကမပါလို႕ပဲလားမဆိုတတ္ဘူး . . ကံေၾကာင္သြားမယ္လို႕လည္း တစ္ခါမွမထင္ခဲ႕ဘူး။ ဒီလိုနဲ႕ ပြဲစားကုမၸဏီကလက္မွတ္စီစဥ္ေပးလို႕ စပိန္ နဲ႕ ေပၚတူဂီ လုိင္းေတြထဲကသေဘၤာေပၚတက္ဖို႕ ကြ်န္ေတာ္ထြက္လာပါျပီ။ ငါ လာျပန္ျပီ . . ပါရီ ေရ . ."
.
. "ပထမသြားရမွာက ေမာ္ရိုကိုလိုင္းေၾကာင္းဆီကုိ။ ဒါနဲ႕ ကြ်န္ေတာ္နဲ႕လိုင္းတူတဲ႕သေဘၤာသား (၂) ေယာက္ နဲ႕ ဘန္ေကာက္ေလယာဥ္ကေန ျပင္သစ္ ရဲ႕ CDG ေလဆိပ္ကို စီးလာတယ္။ အဲဒီေရာက္ေတာ႕ ျပသနာကစေတာ႕တာပဲ။ ကြ်န္ေတာ္တုိ႕ကေလယာဥ္ေျပာင္းျပီး ေနာက္တစ္ျမိဳ႕ကုိသြားရမွာ။ အဲဒါကိုေလဆိပ္ရဲက ဟုိဟာစစ္ ဒီဟာစစ္ နဲ႕ အၾကာၾကီးဘဲ . . ဆက္ေပးမသြားဘူး . . ထိန္းထားတယ္။ ကြ်န္ေတာ္က အဂၤလိပ္စကားမတတ္တာလည္းမဟုတ္ဘူး။ မတတ္တာက သူတို႕။ ဗီဆာရွိတယ္ . . ႏိုင္ငံကူးလက္မွတ္ရွိတယ္။ ဒီေနရာမွာတစ္ခုခုမွားေနျပီဆိုတာသိလုိက္တယ္။ ဒါေပမဲ႕ . ."
.
.
. "ပြဲစား လုပ္ျပီကြာ . .။ ကြ်န္ေတာ္အေတာ္ေလးေဒါသထြက္တယ္။ ဒီလိုအျဖစ္မ်ိဳးတစ္ခါမွမရွိခဲ႕ဖူးဘူး။ ကုန္သည္လုပ္ခဲ႕တဲ႕သူဆိုေတာ႕ ဘာမဆိုညွိလို႕ရတယ္။ ေငြဘယ္ေလာက္လုိလဲေျပာ ျပန္ရွာလို႕ရတယ္။ အခုဟာက တိုင္းတစ္ပါးေျမေပၚမွာ ဘာသမိ ညာမသိျဖစ္ေနရတာကိုက ရင္နာရတာ။ ရဲက ေပးမသြားဘူး။ ျပင္သစ္ထဲလည္း ေပးမဝင္ဘူး။ တစ္ျခားေလယာဥ္ေပၚလည္း မေျပာင္းေပးဘူး။ သူတို႕ကို သေဘၤာစာရြက္ေတြေရာ ကုမၸဏီကစာရြက္ေတြေရာအကုန္ထုတ္ျပတယ္။ ဒါလည္းမရဘူး။ စာရြက္ထဲကျပတဲ႕ Casablanca မွာ ကြ်န္ေတာ္တက္မယ္႕သေဘၤာမရွိဘူး . . မင္း ညာေနတာ တဲ႕။. ေနာက္တစ္ခုက ကုမၸဏီကစာရြက္အရ ကြ်န္ေတာ႕ကို ျပင္သစ္ေလဆိပ္ေရာက္ရင္ျပီးေရာ လူကုန္ကူးခံထားရသူဆိုျပီး ထိန္းသိမ္းထားတဲ႕သေဘာ။ သြားျပီ . . ကြ်န္ေတာ္ေတာ႕သြားျပီ။ တကယ္ ကိုယ္က်ိဳးနည္းျပီ"
.
. "ကြ်န္ေတာ႕မ်က္စိထဲမွာ ဘာမွမျမင္ရေတာ႕ဘူး။ လူေတြလည္း မျမင္ဘူး။ အထုတ္အပိုးေတြလည္း မျမင္ဘူး။ လွည္းေတြလည္း မျမင္မိေတာ႕ဘူး။ ေသြးေတြက ဆူလာျပီ။ လူသတ္ခ်င္စိတ္ေတာင္ ေပါက္လာျပီ။ ကြ်န္ေတာ႕က်မွဘာလို႕ဒီလိုျဖစ္ရတာလဲ . . ေျပာျပၾကစမ္းပါ။ ဒါနဲ႕ ကြ်န္ေတာ္ဘာမွမသိေတာ႕ဘူး။ အဲဒီ CDG ေလဆိပ္ၾကီးထဲကမွန္ေတြ ကြ်န္ေတာ္ရိုက္ခြဲပစ္တယ္။ ေဒါသမထိန္းႏုိင္ဘူး။ ငါ႕ႏုိင္ငံမွာငါေနရင္ ဒီလိုမျဖစ္ဘူးဆိုျပီး ကြ်န္ေတာ႕ကိုယ္ကြ်န္ေတာ္ စိတ္တုိေနတာေလ"
.
.
. "ကြ်န္ေတာ္ရမ္းေနတာ ဘယ္ေလာက္ၾကာသြားတယ္မသိဘူး . . ေလဆိပ္ရဲေတြလာခ်ဳပ္ေတာ႕မွ သတိျပန္ဝင္လာတယ္။ ကြ်န္ေတာ႕ကို ဒရြက္တုိက္ဆြဲျပီး အခ်ဳပ္ခန္းထဲေခၚသြားတယ္။ အခ်ဳပ္ခန္းေတာင္မွ ရိုးရုိးအခ်ဳပ္ခန္းမဟုတ္ဘူး . . အထူးအခ်ဳပ္ခန္း။ ဘာမွလုပ္လို႕မရေတာ႕ေအာင္ ခ်ဳပ္ထားလိုက္တာ။ ေလဆိပ္မွာ အခ်ဳပ္ခန္းရွိတာ ကိုညီ ၾကားဖူးသလား? ကြ်န္ေတာ္ကေတာ႕ ေနခဲ႕ျပီးျပီဗ်"
.
. "အထူးအခ်ဳပ္ခန္းဆိုလို႕ စားေသာက္ေနထုိင္စရာ - Facility အျပည္႕နဲ႕ စပါယ္ရွယ္အခန္းလို႕မထင္လိုက္ပါနဲ႕။ အိပ္ဖို႕အိပ္ယာရွိတယ္ . . အေပါ႕သြားဖို႕ ခြက္တစ္ခုရွိတယ္ . . ဒါပဲ။ ဒီအခန္းက ရာဇဝင္ရွိတယ္။ နာမယ္ကိုက အျပည္ျပည္ဆုိင္ရာအခ်ဳပ္ခန္း။ ဟုတ္တယ္ေလ . . အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ လူေတြကိုခ်ဳပ္္တဲ႕အခ်ဳပ္ခန္းထဲကိုဝင္ရတဲ႕သူက သူ႕ျပင္သစ္ႏုိင္ငံသားနဲ႕မဆိုင္ဘူး။ သူ႕ဟာသူ အေမရိကားကလာလာ . . ဘယ္တိုင္းျပည္ကပဲလာလာ အျပည္ျပည္ဆိုင္ရာအက်ဥ္းသားက အက်ဥ္းသားဘဲ"
.
.
. "ေလဆိပ္ရဲကေျပာတယ္ ကြ်န္ေတာ႕ကိုတရားရံုးတင္မယ္ တဲ႕။ ကြ်န္ေတာ္က "မင္းတို႕ငါ႕ကိုဘာတရားရံုးမွမတင္နဲ႕။ ငါ႕ကိုအခုခ်က္ခ်င္း ျမန္မာႏုိင္ငံျပန္ပို႕။ မင္းတုိ႕ႏုိင္ငံကိုလည္း ငါတစ္နာရီ တစ္မိနစ္ တစ္စကၠန္႕မွမေနခ်င္ဘူး" လို႕ ျပန္ေျပာလိုက္တယ္။ အဲဒီလိုအေျခအတင္ျဖစ္ေနရာကအဆင္မေျပေတာ႕လို႕ ပါရီျမိဳ႕ထဲကေန ျမန္မာစကားျပန္တစ္ေယာက္ေခၚလာေပးတယ္"
.
. ကုိစိုင္းသူရဲ႕ေဒါသက ဒီဘက္ႏို္င္ငံမွာဆို ပိုမိုဆိုးရြားစြာအတုံ႕ျပန္ခံရႏုိင္တယ္ဆုိတာကိုေတြးမိတဲ႕စာေရးသူကြ်န္ေတာ္ ေရးရင္း ေဇာေခြ်းေတြျပန္ေနပါတယ္။ သူ႕အစား ရင္ေမာမိတယ္။ သူေျပာႏုိင္တဲ႕အဂၤလိပ္စကားက သူ႕ကိုအကာအကြယ္မေပးႏုိင္သလို ျပင္သစ္ႏိုင္ငံဟာ သူ႕လူမ်ိဳးကုိသိပ္ဦးစားေပးတဲ႕တုိင္းျပည္ဆိုတာသိလိုက္ရတယ္။ ခဏအေမာေျဖလိုက္ပါဦး ကိုစုိင္းသူ . . ေနာက္ေန႕ျပန္ဆံုမယ္ေနာ္။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 02-17-2018
.
.
Unicode Version:
.
. "သုခဘုံမှာဒုက္ခရောက်တဲ့ပါရီငရဲသားတစ်ယောက်အကြောင်း။ A Prisoner in Paradise (5)"
။။။။။ Casablanca ကိုမရောက်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ် ။။။။။

. "နိုင်ငံခြားကိုအထင်ကြီးတယ်ဆိုတာက နိုင်ငံခြားမှာက နည်းပညာတွေမြင့်မားပြီး ဓနဥစ္စာတွေက ကြွယ်ဝတာကိုး။ ဒါပေမဲ့ နိုင်ငံခြားကိုအထင်ကြီးတာက မကောင်းတာအမှန်ဘဲ။ ဒီ့အစား ကိုယ့်တတ်ထားတဲ့ပညာနဲ့ကိုယ့်တိုင်းပြည်ပြန်ပြီးတည်ဆောက်ရမှာ။ ဒီနေရာမှာ တတ်ထားတဲ့ပညာကသုံးစားလို့ရရင်ကောင်းတာပေါ့။ ရပ်တည်နိုင်ဖို့ "ပညာ" ဆိုတာ နေရာတိုင်းလိုတယ်။ အခု ပြည်ပတိုင်းပြည်တစ်ခုမှာငွေပုံငွေရင်းလေးရှာပြီးလုပ်တာ လူလိုသူလို ကျွန်တော်သိလာပြီ။ ဒါကြောင့် မြန်မာနိုင်ငံပြန်ပြီး အခြေတစ်ခုချ အလုပ်ပြန်လုပ်ချင်တယ်။ ဂျပန်မှာ ကျွန်တော်မပျော်ဘူးဗျာ"
.
. "ပြည်တော်ပြန်လာတဲ့အခါ အစားအသောက်လုပ်ငန်းလုပ်ဖို့ကျွန်တော်စဉ်းစားတယ်။ ခက်တယ်ဗျာ။ အဲဒီအခါတုန်းက စားသောက်ဆိုင်နဲ့ဘယ်လိုမှ လုပ်စားလို့ဖြစ်မယ်မထင်ဘူး။ ဂျပန်ကိုလည်းကျွန်တော်ပြန်မသွားချင်ဘူး။ အဖေ နဲ့ အမေလည်းပင်ပန်းလွန်းလှပြီ။ ဒါနဲ့မွေးရပ်မြေ မိုင်းရှူးပြန်တယ်။ အဖေ နဲ့ အမေကိုကန်တော့ပြီး သူတို့ကုန်စုံဆိုင်လုပ်ငန်းကိုပြန်လုပ်တယ်။ မိုင်းရှူးကျောက်ပြန်လုပ်တယ်။ ဆိုင်ကယ်အရောင်းအဝယ်လုပ်သေးတယ်။ တောက်လျှောက်လုပ်သမျှ ကျွန်တော်ပါလာတဲ့ငွေတွေလည်းကုန် ဘာတစ်ခုမှမအောင်မြင်ဘူး။ ကိုညီ တစ်ခုအမှတ်ရထားဖို့က ကျွန်တော့မှာ တစ်ကမ္ဘာလုံးကြိုက်တဲ့နေရာကိုရွက်လွှင့်လို့ရတဲ့သင်္ဘောသားစာအုပ်ရှိနေတယ်လေ။ ဟိုလှည့် ဒီလှည့်နဲ့ (၅) နှစ်ကြာသွားတယ်။ ကျွန်တော်နောက်တစ်ခုခေါင်းစဉ်ထပ်ရွေးမှရတော့မယ်လို့ ကိုညီ မထင်ဘူးလား?"
.
.
. "သင်္ဘောသားစာမေးပွဲမှာ ကျွန်တော် Second Mate ဖြစ်ဖို့ ကျွန်တော်အသည်းအသန်ကြိုးစားခဲ့တယ်။ အဲဒါကို "သြော်ကြီး" အစအဆုံးသိတယ်။ ကျွန်တော်ချိတ်တဲ့သင်္ဘောကုမ္ပဏီက စီးပွားရေးသမားတွေ။ လိုချင်တာကိုကြိုက်တာပြော . . သူ့စျေးနဲ့သူရမယ်ဆိုပါလား။ ကြိုက်ပြီ။ ကျွန်တော် ဥရောပလိုင်းလိုက်မယ်လို့ ဒဲ့ပြောလိုက်ပါတယ်။ ဘယ်ဟာမှအလကားမရပေမယဲ႕သူတို့ကိုပေးတဲ့ကျွန်တော့ရဲ့ပိုက်ဆံတွေက ဂျပန်ချွေးစော်နည်းနည်းနံတယ်။ ရင်းနှီးမှုတိုင်းကိုရလဒ်ကောင်းချည်းမျှော်လင့်လို့မရပေမဲ့ ကျွန်တော်စွန့်စားချင်တယ်။ ကျွန်တော်ဖြစ်ချင်တဲ့ သင်္ဘောကပ္ပတိန်ရာထူးရအောင်လုပ်ဦးမယ်"
.
. "သင်္ဘောကုမ္ပဏီက ဘယ်တော့ဆက်ဆက်ဖုန်းကိုင်ပြီး အမြဲပြန်ပြောတယ်။ ကျွန်တော်သွားချင်တဲ့သင်္ဘောတက်ဖို့ ယိုးဒယားကိုအရင်လွှတ်တယ်။ အဲဒီမှာ (၂) လကြာတယ်။ စားရင်းသောက်ရင်း လေရင်းလွင့်ရင်း (၃) လလောက်အထိ ငွေမရှိပဲနေရတယ်။ နောက်တော့ သင်္ဘောရပြီဆိုပြီးအဆက်အသွယ်ရလို့သွားရတော့မယ်။ ဒိုးရတော့မယ်အချစ်ရေ . . နှုတ်ဆက်ခဲ့ပါတယ်"
.
.
. "I fell in love with you watching Casablanca" (https://www.youtube.com/watch?v=pyV_RDXgGUw&list=RDpyV_RDXgGUw ) ဆိုတဲ့သီချင်းလေးကိုကြားဖူးကြတယ်မဟုတ်လား? ကျွန်တော်က အဲဒီ ကယ်ဆန်ဘလန်ကာ ကို သွားမလို့ဗျ။ စာသားလေးအရတော့ ကယ်ဆန်ဘလန်ကာ ဟာ သိပ်ချစ်ဖို့ကောင်းသလို သီချင်းကလည်း သိပ်စွဲခဲ့တာခင်ဗျ။ သို့သော်လည်း ဘဝပေးကံကမပါလို့ပဲလားမဆိုတတ်ဘူး . . ကံကြောင်သွားမယ်လို့လည်း တစ်ခါမှမထင်ခဲ့ဘူး။ ဒီလိုနဲ့ ပွဲစားကုမ္ပဏီကလက်မှတ်စီစဉ်ပေးလို့ စပိန် နဲ့ ပေါ်တူဂီ လိုင်းတွေထဲကသင်္ဘောပေါ်တက်ဖို့ ကျွန်တော်ထွက်လာပါပြီ။ ငါ လာပြန်ပြီ . . ပါရီ ရေ . ."
.
. "ပထမသွားရမှာက မော်ရိုကိုလိုင်းကြောင်းဆီကို။ ဒါနဲ့ ကျွန်တော်နဲ့လိုင်းတူတဲ့သင်္ဘောသား (၂) ယောက် နဲ့ ဘန်ကောက်လေယာဉ်ကနေ ပြင်သစ် ရဲ့ CDG လေဆိပ်ကို စီးလာတယ်။ အဲဒီရောက်တော့ ပြသနာကစတော့တာပဲ။ ကျွန်တော်တို့ကလေယာဉ်ပြောင်းပြီး နောက်တစ်မြို့ကိုသွားရမှာ။ အဲဒါကိုလေဆိပ်ရဲက ဟိုဟာစစ် ဒီဟာစစ် နဲ့ အကြာကြီးဘဲ . . ဆက်ပေးမသွားဘူး . . ထိန်းထားတယ်။ ကျွန်တော်က အင်္ဂလိပ်စကားမတတ်တာလည်းမဟုတ်ဘူး။ မတတ်တာက သူတို့။ ဗီဆာရှိတယ် . . နိုင်ငံကူးလက်မှတ်ရှိတယ်။ ဒီနေရာမှာတစ်ခုခုမှားနေပြီဆိုတာသိလိုက်တယ်။ ဒါပေမဲ့ . ."
.
.
. "ပွဲစား လုပ်ပြီကွာ . .။ ကျွန်တော်အတော်လေးဒေါသထွက်တယ်။ ဒီလိုအဖြစ်မျိုးတစ်ခါမှမရှိခဲ့ဖူးဘူး။ ကုန်သည်လုပ်ခဲ့တဲ့သူဆိုတော့ ဘာမဆိုညှိလို့ရတယ်။ ငွေဘယ်လောက်လိုလဲပြော ပြန်ရှာလို့ရတယ်။ အခုဟာက တိုင်းတစ်ပါးမြေပေါ်မှာ ဘာသမိ ညာမသိဖြစ်နေရတာကိုက ရင်နာရတာ။ ရဲက ပေးမသွားဘူး။ ပြင်သစ်ထဲလည်း ပေးမဝင်ဘူး။ တစ်ခြားလေယာဉ်ပေါ်လည်း မပြောင်းပေးဘူး။ သူတို့ကို သင်္ဘောစာရွက်တွေရော ကုမ္ပဏီကစာရွက်တွေရောအကုန်ထုတ်ပြတယ်။ ဒါလည်းမရဘူး။ စာရွက်ထဲကပြတဲ့ Casablanca မှာ ကျွန်တော်တက်မယ့်သင်္ဘောမရှိဘူး . . မင်း ညာနေတာ တဲ့။. နောက်တစ်ခုက ကုမ္ပဏီကစာရွက်အရ ကျွန်တော့ကို ပြင်သစ်လေဆိပ်ရောက်ရင်ပြီးရော လူကုန်ကူးခံထားရသူဆိုပြီး ထိန်းသိမ်းထားတဲ့သဘော။ သွားပြီ . . ကျွန်တော်တော့သွားပြီ။ တကယ် ကိုယ်ကျိုးနည်းပြီ"
.
. "ကျွန်တော့မျက်စိထဲမှာ ဘာမှမမြင်ရတော့ဘူး။ လူတွေလည်း မမြင်ဘူး။ အထုတ်အပိုးတွေလည်း မမြင်ဘူး။ လှည်းတွေလည်း မမြင်မိတော့ဘူး။ သွေးတွေက ဆူလာပြီ။ လူသတ်ချင်စိတ်တောင် ပေါက်လာပြီ။ ကျွန်တော့ကျမှဘာလို့ဒီလိုဖြစ်ရတာလဲ . . ပြောပြကြစမ်းပါ။ ဒါနဲ့ ကျွန်တော်ဘာမှမသိတော့ဘူး။ အဲဒီ CDG လေဆိပ်ကြီးထဲကမှန်တွေ ကျွန်တော်ရိုက်ခွဲပစ်တယ်။ ဒေါသမထိန္းနိုင်ဘူး။ ငါ့နိုင်ငံမှာငါနေရင် ဒီလိုမဖြစ်ဘူးဆိုပြီး ကျွန်တော့ကိုယ်ကျွန်တော် စိတ်တိုနေတာလေ"
.
.
. "ကျွန်တော်ရမ်းနေတာ ဘယ်လောက်ကြာသွားတယ်မသိဘူး . . လေဆိပ်ရဲတွေလာချုပ်တော့မှ သတိပြန်ဝင်လာတယ်။ ကျွန်တော့ကို ဒရွက်တိုက်ဆွဲပြီး အချုပ်ခန်းထဲခေါ်သွားတယ်။ အချုပ်ခန်းတောင်မှ ရိုးရိုးအချုပ်ခန်းမဟုတ်ဘူး . . အထူးအချုပ်ခန်း။ ဘာမှလုပ်လို့မရတော့အောင် ချုပ်ထားလိုက်တာ။ လေဆိပ်မှာ အချုပ်ခန်းရှိတာ ကိုညီ ကြားဖူးသလား? ကျွန်တော်ကတော့ နေခဲ့ပြီးပြီဗျ"
.
. "အထူးအချုပ်ခန်းဆိုလို့ စားသောက်နေထိုင်စရာ - Facility အပြည့်နဲ့ စပါယ်ရှယ်အခန်းလို့မထင်လိုက်ပါနဲ့။ အိပ်ဖို့အိပ်ယာရှိတယ် . . အပေါ့သွားဖို့ ခွက်တစ်ခုရှိတယ် . . ဒါပဲ။ ဒီအခန်းက ရာဇဝင်ရှိတယ်။ နာမယ်ကိုက အပြည်ပြည်ဆိုင်ရာအချုပ်ခန်း။ ဟုတ်တယ်လေ . . အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လူတွေကိုချုပ််တဲ့အချုပ်ခန်းထဲကိုဝင်ရတဲ့သူက သူ့ပြင်သစ်နိုင်ငံသားနဲ့မဆိုင်ဘူး။ သူ့ဟာသူ အမေရိကားကလာလာ . . ဘယ်တိုင်းပြည်ကပဲလာလာ အပြည်ပြည်ဆိုင်ရာအကျဉ်းသားက အကျဉ်းသားဘဲ"
.
.
. "လေဆိပ်ရဲကပြောတယ် ကျွန်တော့ကိုတရားရုံးတင်မယ် တဲ့။ ကျွန်တော်က "မင်းတို့ငါ့ကိုဘာတရားရုံးမှမတင်နဲ့။ ငါ့ကိုအခုချက်ချင်း မြန်မာနိုင်ငံပြန်ပို့။ မင်းတို့နိုင်ငံကိုလည်း ငါတစ်နာရီ တစ်မိနစ် တစ်စက္ကန့်မှမနေချင်ဘူး" လို့ ပြန်ပြောလိုက်တယ်။ အဲဒီလိုအခြေအတင်ဖြစ်နေရာကအဆင်မပြေတော့လို့ ပါရီမြို့ထဲကနေ မြန်မာစကားပြန်တစ်ယောက်ခေါ်လာပေးတယ်"
.
. ကိုစိုင်းသူရဲ့ဒေါသက ဒီဘက်နို်င်ငံမှာဆို ပိုမိုဆိုးရွားစွာအတုံ့ပြန်ခံရနိုင်တယ်ဆိုတာကိုတွေးမိတဲ့စာရေးသူကျွန်တော် ရေးရင်း ဇောချွေးတွေပြန်နေပါတယ်။ သူ့အစား ရင်မောမိတယ်။ သူပြောနိုင်တဲ့အင်္ဂလိပ်စကားက သူ့ကိုအကာအကွယ်မပေးနိုင်သလို ပြင်သစ်နိုင်ငံဟာ သူ့လူမျိုးကိုသိပ်ဦးစားပေးတဲ့တိုင်းပြည်ဆိုတာသိလိုက်ရတယ်။ ခဏအမောဖြေလိုက်ပါဦး ကိုစိုင်းသူ . . နောက်နေ့ပြန်ဆုံမယ်နော်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 02-17-2018
.
.
ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)

. "သုခဘံုမွာဒုကၡေရာက္တဲ႕ပါရီငရဲသားတစ္ေယာက္အေၾကာင္း။ A Prisoner in Paradise (6)"
။။။။။ ပံုေျပာသြားသည္ ကမၻာ႕ၾကက္ေျခနီ ။။။။။

. "ေရာက္လာတဲ႕ျပင္သစ္ - ျမန္မာစကားျပန္ဆုိတာ အသက္အားျဖင္႕ (၆ဝ) ေလာက္ရွိတဲ႕ ဦးကိုကုိေအာင္ (နာမည္လႊဲ) ျဖစ္ပါတယ္။ သူ႕ကုိျပင္သစ္အေၾကာင္းသိတဲ႕ျမန္မာေတြၾကား နဲ႕ ရုပ္ရွင္အေၾကာင္းသိတဲ႕သူေတြက မင္းသားၾကီးဦးကိုကိုေအာင္လို႕ေခၚၾကတယ္။ သူဟာ ျပင္သစ္ႏုိင္ငံမွာအေျခခ်တာ ႏွစ္ေပါင္း (၃ဝ) ေလာက္ၾကာခဲ႕ျပီး "Rangoon" နာမည္ပါတဲ႕ ရုပ္ရွင္ဇာတ္ကားၾကီးတစ္ခုကို ျမန္မာရုပ္ရွင္မင္းသမီးၾကီးတစ္လက္နဲ႕တြဲဘက္ရိုက္ကူးခဲ႕သူဆိုတာသိရပါတယ္"
.
. "သူ႕ဟာသူရုပ္ရွင္ရုိက္ရိုက္ ဘာရုိက္ရိုက္ ကြ်န္ေတာ္ေလဆိပ္ထဲကေနထြက္ရဖို႕ထက္ လတ္တေလာဘာမွအေရးမၾကီးဘူး။ ေနာက္ျပီး သေဘၤာကိုအျမန္လိုက္ရွာမွရမယ္။ ဒါမွမဟုတ္ ပြဲစားကုိအမႈန္႕ၾကိတ္ပစ္ဖို႕ အခ်ဳပ္ . . ေအာ္ . . ဒီ အျပည္ျပည္ဆိုင္ရာအခ်ဳပ္ကေနထြက္လို႕ရမွကို ျဖစ္မယ္။ ဦးကိုကိုေအာင္က ကြ်န္ေတာ္နဲ႕ ေလဆိပ္တာဝန္ခံေတြၾကားမွာ အားသြန္ခြန္စိုက္ဘာသာျပန္ေပးေသာ္လည္း ျမန္မာျဖစ္ေနလို႕၊ ျမန္မာကိုေတြ႕လို႕ဆိုျပီး ထူးျခားစြာမကူညီႏုိင္ရွာပါဘူး"
.
.
. "လူသားတုိ႕ရဲ႕သဘာဝအရ အခက္အခဲျဖစ္တဲ႕အခါ အားကုိးရွာၾကစျမဲပါ။ ဒါေၾကာင္႕ ဦးကိုကိုေအာင္ ကို ကြ်န္ေတာ္လြတ္ဖို႕ေျပာခုိင္းေပမဲ႕ ကြ်န္ေတာ္ေျပာတဲ႕အတုိင္း အတိအက်ကုိ ျပင္သစ္ဘာသာျပန္ေပးရံုကလြဲျပီး ဘယ္အက်ိဳးကုိမွမေဆာင္ေပးႏုိင္တာ ကြ်န္ေတာ္သံေဝဂရတယ္။ ဒါက သူ႕အျပစ္မဟုတ္သလို တာဝန္လည္းမရွိပါဘူး။ ဒါေပမဲ႕ သူဘာသာျပန္တုိင္း ဘာေတြေျပာခဲ႕တယ္ဆုိတာ ကြ်န္ေတာ္အေသမွတ္ထားတယ္။ သူ ဘာသာျပန္မွားရင္ ငါးပါးက ကြ်န္ေတာ္ေမွာက္မွာ . . သူက ေအး . . ေဆး"
.
. "မင္းတုိ႕ ငါ႕ကိုလႊတ္ေပးမွာလား? မလႊတ္ေပးဘူးလား? . . ငါ ရွင္းရွင္းေျပာလိုက္မယ္။ ငါဟာ သေဘၤာသား . . ငါ႕သေဘၤာသားနံပါတ္က (45135) အမွန္အကန္ရွိတယ္။ ငါ . . ဒုကၡသည္မဟုတ္ဘူး။ မင္းတို႕ႏိုင္ငံကိုလည္းလာခ်င္လို႕လာတာမဟုတ္ဘူး။ ငါ႕သေဘၤာ ငါတက္ဖို႕လာတာကိုမင္းတို႕က ဆက္ေပးမသြားဘူး။ မင္းတို႕ႏိုင္ငံမွာ ငါမေနခ်င္ဘူး။ ငါ႕ကို ရန္ကုန္ေလဆိပ္ျပန္ပို႕ေပးပါ" ဒါက ျပင္သစ္အရာရွိကုိေျပာေနတဲ႕ ကြ်န္ေတာ႕ရဲ႕အညင္သာဆံုးနဲ႕အထိေရာက္ဆံုးေပါက္ကြဲသံစဥ္ေတြပါ"
.
.
. "ျမန္မာဆိုရင္ တစ္ျခားႏုိင္ငံေတြက ဘာလို႕မယံုၾကည္တာလဲ? ငါ သေဘၤာသားဆုိတာကို မင္းတို႕က ျမန္မာႏိုင္ငံကူးလက္မွတ္ကိုၾကည္႕ျပီးဘာလို႕မယံုၾကည္တာလဲ? သေဘၤာသားဆိုျပီး ခ်ဥ္ဖတ္ထင္ေနၾကတာလား? ေျပာျပၾကစမ္းပါ။ ငါက ဘာအျပစ္လုပ္ခဲ႕လို႕ ငါ႕သေဘၤာကိုကြ်န္ေတာ္လုိက္ရွာခြင္႕မရွိတာလဲ" ဒီစကားေတြကုိေတာ႕ ဘယ္သူမွမၾကားလိုက္ပါဘူး။ ကြ်န္ေတာ႕စိတ္ထဲမွာ "မေက်နပ္ဘူး . . သိလား ဆိုတဲ႕ အဆုိေတာ္ခုိင္ထူးရဲ႕စာသား" ကုိ ကြ်န္းသားနဲ႕လုပ္ထားတဲ႕ အျပင္းစားေဟာ္လုိဂစ္တာတစ္လံုးနဲ႕ဆိုခြင္႕မရလိုက္တဲ႕ကြ်န္ေတာ႕ရင္ဘတ္ထဲက သည္းညည္းခံျပီးထြက္လာတဲ႕တစ္ကိုယ္ေရၾကား မုန္တုိင္းေခၚသံေတြပါ"
.
. "အခုဆိုရင္ စကားျပန္ေရာက္ေနျပီ။ ခ်ဳပ္ထားတာလည္း (၃) ရက္ ရွိျပီ။ ေလဆိပ္ကတရားရံုးက စီရင္ခ်က္ခ်ဖို႕စုိင္းျပင္းေနျပီ။ ဆုေတာင္းရံုကလြဲျပီး ကြ်န္ေတာ္ဘာမ်ားတတ္ႏိုင္ဦးမွာလဲ? သူတို႕စီရင္ခ်က္ခ်ျပီးရင္ ကြ်န္ေတာ႕ကိုျပန္ပို႕မလား? ျပင္သစ္ထဲမွာထားမလား? ေနာက္တစ္ေနရာက အတည္တက်ေထာင္ၾကီးကိုပို႕မလား? ဟာဗ်ာ . . ကြ်န္ေတာ႕အေတြးေတြက ရႈတ္ရွက္ကိုခတ္ေနေတာ႕တာပါဘဲ"
.
.
. "(၃) ရက္ေျမာက္တဲ႕ေန႕စီရင္ခ်က္မွာ ကြ်န္ေတာ႕ကိုတရားေသလႊတ္ေပးလုိက္တယ္။ လြတျ္ပီကြ . . ကြ်တ္ျပီကြ . . လို႕ ကြ်န္ေတာ္မေအာ္ႏုိင္ပါဘူး။ ဘယ္သြားရမလဲ? ကြ်န္ေတာ္ ဘယ္ကုိသြားရမလဲ? ေရာင္းစားခံရတဲ႕လူတစ္ေယာက္လား? ေမ်ာက္သစ္ကိုင္းလြတ္ဘဝလား? ဘာမွန္းကိုမသိေတာ႕ပါဘူး။ ျမန္မာႏိုင္ငံျပန္သြားဖုိ႕ကလဲ . . ဟာဗ်ာ . . ရွက္စရာေကာင္းတယ္ . . မျဖစ္ေသးပါဘူး"
.
. "(၄) ရက္လည္းျပည္႕ေရာ ကမၻာ႕ၾကက္ေျခနီအဖြဲ႕က ကြ်န္ေတာ႕ကိုလာေခၚတယ္ "Let's Go Mr. Sai Thu. You're free to go' တဲ႕။ ဘယ္ကိုလုိက္ရမွာလဲ? သူတို႕ကုိေမးၾကည္႕ေတာ႕ အတူလာတဲ႕ဗမာ (၂) ေယာက္လည္းလြတ္တယ္။ သူတုိ႕လည္းဒုကၡနဲ႕ဆုိေတာ႕ ခပ္စိမ္းစိမ္းပဲ။ စကားမေျပာၾကပဲ ေခါင္းငုိက္စိုက္ငိုက္စိုက္နဲ႕လမ္းခြဲသြားၾကတယ္။ ကြ်န္ေတာ္တုိ႕အားလံုးျပင္သစ္ထဲဝင္ခြင္႕ရသြားျပီ။ ဒါေပမဲ႕ ဦးကိုကိုေအာင္ေျပာသလုိ ႏုိင္ငံေရးခုိလံႈခြင္႕ ကြ်န္ေတာ္မေလွ်ာက္ခ်င္ဘူး"
.
.
. "တရားေအာင္တဲ႕အခါက်ေတာ႕ ကုိယ္႕ကုိလာၾကိဳမယ္႕သူမရွိရင္ ေလလြင္႕သူ ျဖစ္သြားမွာ ကြ်န္ေတာ္သိတယ္။ ဘဝပ်က္သူမျဖစ္ရေလေအာင္ ေဖးမကူညီေပးတဲ႕အဖြဲ႕အစည္းရွိကုိ ရွိရမယ္လို႕ ကြ်န္ေတာ္စဥ္းစားတယ္။ ကမၻာ႕ၾကက္ေျခနီအဖြဲ႕က သူတို႕မွာတာဝန္ရွိတယ္လုိ႕ေျပာလာေတာ႕ . . အုိ ေက ေပါ႕။ ဒီတစ္ခါေတာ႕ မစၥတာစိုင္းသူ စုိင္ေကာ္လုိ႕ခ်ံဳေပၚေရာက္ရေတာ႕မွာေပါ႕ . .ဟား ဟား။ ကြ်န္ေတာ္လုိက္သြားတယ္။ လာေခၚတာက ကမၻာ႕အဖြဲ႕အစည္းေလ။ ဒါဆုိ အနည္းဆံုး ၾကယ္ (၃) ပြင္႕ေဟာ္တယ္ေလာက္ နဲ႕ ေရမုိး . . ခ်ိဳး၊ အဝတ္အစား စမတ္က်က် . . ဝတ္၊ စားစရာ အျပည္႕၊ ေနစရာ အဆင္သင္႕ရေတာ႕မယ္ဆုိျပီး ကြ်န္ေတာ္ေလ . . ေပ်ာ္လိုက္တာ"
.
. "ေလဆိပ္က သူတုိ႕ၾကက္ေျခနီရံုးခန္းမွာေနရတုန္းက အစားအေသာက္ၾကိဳက္တာစား၊ အိမ္သာသန္႕သန္႕ျပန္႕ျပန္႕ နဲ႕ ေရခ်ိဳးမယ္ဆုိလည္း ေရပူ နဲ႕ အမုိက္စားေတြ။ သူတုိ႕အတြက္ ႏုိင္ငံတကာက အကုန္အေထာက္အကူေပးထားတာ။ တစ္ေနကုန္ထုိင္ေနရတာမပ်င္းတတ္ရင္ျပီးေရာ . . ဝန္ေဆာင္မႈက အျပည္႕။ ဒီလုိစိတ္ကူးနဲ႕လုိက္သြားတဲ႕ မစၥတာစိုင္းသူ ဟုိလည္းေရာက္ေရာ . . အမယ္ေလးဗ်ာ . . ကားပါကင္တစ္ခုရဲ႕အေဆာက္အဦထဲမွာ အိမ္ယာမဲ႕ေတြျပြတ္သိပ္ထည္႕ထားသလို ျဖစ္ကတတ္ဆန္းပါလား . .။ ကြြ်န္ေတာ္ေဒါသထြက္လိုက္တာဆုိတာေလ . . ေျပာကို မေျပာခ်င္ဘူး။ ေနရထုိင္ရတာလည္း အရမ္းပင္ပန္းတယ္။ ေရခ်ိဳးဖို႕ေနေနသာသာ အိမ္သာတက္ဖို႕ေတာင္ တန္းစီရတယ္။ ေနာက္ဆံုး ေခါင္းကဆံပင္မွာ သန္း ေတာင္ စြဲတယ္။ တကယ္ဆို "ေခြးလိုေနခဲ႕ရတာ"
.
.
. ဟိုးထား . . ဟုိးထား . . ကိုစိုင္းသူ။ ျဖည္းျဖည္းေျပာပါလို႕ ကြ်န္ေတာ္တားယူရတယ္။ သူ႕ခင္မ်ာလည္း တရားသူၾကီးကေျပာလို႕ စိတ္ဓါတ္တက္လာလိုက္၊ သြားစရာေနရာမရွိလို႕စိတ္ဓါတ္ျပန္က်သြားလိုက္၊ ကမၻာ႕ၾကက္ေျခနီအဖြဲ႕ေရာက္လာလိုက္ စိတ္ဓါတ္ျပန္တက္သြားလုိက္၊ ပါရီျမိဳ႕ထဲဝင္သြားလိုက္ စိတ္ဓါတ္မခိုင္ျပန္က်သြားလုိက္ နဲ႕ ေလာကဓံသေဘၤာကို ဥေရာပတုိက္မွာလာစီးမွေတာ႕ ရူးရင္ရူး မရူးရင္လိႈင္းမူးေနျပီဆိုတာကုိသိလုိ႕ ခဏနားခုိင္းလုိက္ရပါတယ္။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 02-21-2018
.
Unicode Version:
.
. "သုခဘုံမှာဒုက္ခရောက်တဲ့ပါရီငရဲသားတစ်ယောက်အကြောင်း။ A Prisoner in Paradise (6)"
။။။။။ ပုံပြောသွားသည် ကမ္ဘာ့ကြက်ခြေနီ ။။။။။

. "ရောက်လာတဲ့ပြင်သစ် - မြန်မာစကားပြန်ဆိုတာ အသက်အားဖြင့် (၆ဝ) လောက်ရှိတဲ့ ဦးကိုကိုအောင် (နာမည်လွှဲ) ဖြစ်ပါတယ်။ သူ့ကိုပြင်သစ်အကြောင်းသိတဲ့မြန်မာတွေကြား နဲ့ ရုပ်ရှင်အကြောင်းသိတဲ့သူတွေက မင်းသားကြီးဦးကိုကိုအောင်လို့ခေါ်ကြတယ်။ သူဟာ ပြင်သစ်နိုင်ငံမှာအခြေချတာ နှစ်ပေါင်း (၃ဝ) လောက်ကြာခဲ့ပြီး "Rangoon" နာမည်ပါတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုကို မြန်မာရုပ်ရှင်မင်းသမီးကြီးတစ်လက်နဲ့တွဲဘက်ရိုက်ကူးခဲ့သူဆိုတာသိရပါတယ်"
.
. "သူ့ဟာသူရုပ်ရှင်ရိုက်ရိုက် ဘာရိုက်ရိုက် ကျွန်တော်လေဆိပ်ထဲကနေထွက်ရဖို့ထက် လတ်တလောဘာမှအရေးမကြီးဘူး။ နောက်ပြီး သင်္ဘောကိုအမြန်လိုက်ရှာမှရမယ်။ ဒါမှမဟုတ် ပွဲစားကိုအမှုန့်ကြိတ်ပစ်ဖို့ အချုပ် . . အော် . . ဒီ အပြည်ပြည်ဆိုင်ရာအချုပ်ကနေထွက်လို့ရမှကို ဖြစ်မယ်။ ဦးကိုကိုအောင်က ကျွန်တော်နဲ့ လေဆိပ်တာဝန်ခံတွေကြားမှာ အားသွန်ခွန်စိုက်ဘာသာပြန်ပေးသော်လည်း မြန်မာဖြစ်နေလို့၊ မြန်မာကိုတွေ့လို့ဆိုပြီး ထူးခြားစွာမကူညီနိုင်ရှာပါဘူး"
.
.
. "လူသားတို့ရဲ့သဘာဝအရ အခက်အခဲဖြစ်တဲ့အခါ အားကိုးရှာကြစမြဲပါ။ ဒါကြောင့် ဦးကိုကိုအောင် ကို ကျွန်တော်လွတ်ဖို့ပြောခိုင်းပေမဲ့ ကျွန်တော်ပြောတဲ့အတိုင်း အတိအကျကို ပြင်သစ်ဘာသာပြန်ပေးရုံကလွဲပြီး ဘယ်အကျိုးကိုမှမဆောင်ပေးနိုင်တာ ကျွန်တော်သံဝေဂရတယ်။ ဒါက သူ့အပြစ်မဟုတ်သလို တာဝန်လည်းမရှိပါဘူး။ ဒါပေမဲ့ သူဘာသာပြန်တိုင်း ဘာတွေပြောခဲ့တယ်ဆိုတာ ကျွန်တော်အသေမှတ်ထားတယ်။ သူ ဘာသာပြန်မှားရင် ငါးပါးက ကျွန်တော်မှောက်မှာ . . သူက အေး . . ဆေး"
.
. "မင်းတို့ ငါ့ကိုလွှတ်ပေးမှာလား? မလွှတ်ပေးဘူးလား? . . ငါ ရှင်းရှင်းပြောလိုက်မယ်။ ငါဟာ သင်္ဘောသား . . ငါ့သင်္ဘောသားနံပါတ်က (45135) အမှန်အကန်ရှိတယ်။ ငါ . . ဒုက္ခသည်မဟုတ်ဘူး။ မင်းတို့နိုင်ငံကိုလည်းလာချင်လို့လာတာမဟုတ်ဘူး။ ငါ့သင်္ဘော ငါတက်ဖို့လာတာကိုမင်းတို့က ဆက်ပေးမသွားဘူး။ မင်းတို့နိုင်ငံမှာ ငါမနေချင်ဘူး။ ငါ့ကို ရန်ကုန်လေဆိပ်ပြန်ပို့ပေးပါ" ဒါက ပြင်သစ်အရာရှိကိုပြောနေတဲ့ ကျွန်တော့ရဲ့အညင်သာဆုံးနဲ့အထိရောက်ဆုံးပေါက်ကွဲသံစဉ်တွေပါ"
.
.
. "မြန်မာဆိုရင် တစ်ခြားနိုင်ငံတွေက ဘာလို့မယုံကြည်တာလဲ? ငါ သင်္ဘောသားဆိုတာကို မင်းတို့က မြန်မာနိုင်ငံကူးလက်မှတ်ကိုကြည့်ပြီးဘာလို့မယုံကြည်တာလဲ? သင်္ဘောသားဆိုပြီး ချဉ်ဖတ်ထင်နေကြတာလား? ပြောပြကြစမ်းပါ။ ငါက ဘာအပြစ်လုပ်ခဲ့လို့ ငါ့သင်္ဘောကိုကျွန်တော်လိုက်ရှာခွင့်မရှိတာလဲ" ဒီစကားတွေကိုတော့ ဘယ်သူမှမကြားလိုက်ပါဘူး။ ကျွန်တော့စိတ်ထဲမှာ "မကျေနပ်ဘူး . . သိလား ဆိုတဲ့ အဆိုတော်ခိုင်ထူးရဲ့စာသား" ကို ကျွန်းသားနဲ့လုပ်ထားတဲ့ အပြင်းစားဟော်လိုဂစ်တာတစ်လုံးနဲ့ဆိုခွင့်မရလိုက်တဲ့ကျွန်တော့ရင်ဘတ်ထဲက သည်းညည်းခံပြီးထွက်လာတဲ့တစ်ကိုယ်ရေကြား မုန်တိုင်းခေါ်သံတွေပါ"
.
. "အခုဆိုရင် စကားပြန်ရောက်နေပြီ။ ချုပ်ထားတာလည်း (၃) ရက် ရှိပြီ။ လေဆိပ်ကတရားရုံးက စီရင်ချက်ချဖို့စိုင်းပြင်းနေပြီ။ ဆုတောင်းရုံကလွဲပြီး ကျွန်တော်ဘာများတတ်နိုင်ဦးမှာလဲ? သူတို့စီရင်ချက်ချပြီးရင် ကျွန်တော့ကိုပြန်ပို့မလား? ပြင်သစ်ထဲမှာထားမလား? နောက်တစ်နေရာက အတည်တကျထောင်ကြီးကိုပို့မလား? ဟာဗျာ . . ကျွန်တော့အတွေးတွေက ရှုတ်ရှက်ကိုခတ်နေတော့တာပါဘဲ"
.
.
. "(၃) ရက်မြောက်တဲ့နေ့စီရင်ချက်မှာ ကျွန်တော့ကိုတရားသေလွှတ်ပေးလိုက်တယ်။ လွတြ်ပီကွ . . ကျွတ်ပြီကွ . . လို့ ကျွန်တော်မအော်နိုင်ပါဘူး။ ဘယ်သွားရမလဲ? ကျွန်တော် ဘယ်ကိုသွားရမလဲ? ရောင်းစားခံရတဲ့လူတစ်ယောက်လား? မျောက်သစ်ကိုင်းလွတ်ဘဝလား? ဘာမှန်းကိုမသိတော့ပါဘူး။ မြန်မာနိုင်ငံပြန်သွားဖို့ကလဲ . . ဟာဗျာ . . ရှက်စရာကောင်းတယ် . . မဖြစ်သေးပါဘူး"
.
. "(၄) ရက်လည်းပြည့်ရော ကမ္ဘာ့ကြက်ခြေနီအဖွဲ့က ကျွန်တော့ကိုလာခေါ်တယ် "Let's Go Mr. Sai Thu. You're free to go' တဲ့။ ဘယ်ကိုလိုက်ရမှာလဲ? သူတို့ကိုမေးကြည့်တော့ အတူလာတဲ့ဗမာ (၂) ယောက်လည်းလွတ်တယ်။ သူတို့လည်းဒုက္ခနဲ့ဆိုတော့ ခပ်စိမ်းစိမ်းပဲ။ စကားမပြောကြပဲ ခေါင်းငိုက်စိုက်ငိုက်စိုက်နဲ့လမ်းခွဲသွားကြတယ်။ ကျွန်တော်တို့အားလုံးပြင်သစ်ထဲဝင်ခွင့်ရသွားပြီ။ ဒါပေမဲ့ ဦးကိုကိုအောင်ပြောသလို နိုင်ငံရေးခိုလှုံခွင့် ကျွန်တော်မလျှောက်ချင်ဘူး"
.
.
. "တရားအောင်တဲ့အခါကျတော့ ကိုယ့်ကိုလာကြိုမယ့်သူမရှိရင် လေလွင့်သူ ဖြစ်သွားမှာ ကျွန်တော်သိတယ်။ ဘဝပျက်သူမဖြစ်ရလေအောင် ဖေးမကူညီပေးတဲ့အဖွဲ့အစည်းရှိကို ရှိရမယ်လို့ ကျွန်တော်စဉ်းစားတယ်။ ကမ္ဘာ့ကြက်ခြေနီအဖွဲ့က သူတို့မှာတာဝန်ရှိတယ်လို့ပြောလာတော့ . . အို ကေ ပေါ့။ ဒီတစ်ခါတော့ မစ္စတာစိုင်းသူ စိုင်ကော်လို့ချုံပေါ်ရောက်ရတော့မှာပေါ့ . .ဟား ဟား။ ကျွန်တော်လိုက်သွားတယ်။ လာခေါ်တာက ကမ္ဘာ့အဖွဲ့အစည်းလေ။ ဒါဆို အနည်းဆုံး ကြယ် (၃) ပွင့်ဟော်တယ်လောက် နဲ့ ရေမိုး . . ချိုး၊ အဝတ်အစား စမတ်ကျကျ . . ဝတ်၊ စားစရာ အပြည့်၊ နေစရာ အဆင်သင့်ရတော့မယ်ဆိုပြီး ကျွန်တော်လေ . . ပျော်လိုက်တာ"
.
. "လေဆိပ်က သူတို့ကြက်ခြေနီရုံးခန်းမှာနေရတုန်းက အစားအသောက်ကြိုက်တာစား၊ အိမ်သာသန့်သန့်ပြန့်ပြန့် နဲ့ ရေချိုးမယ်ဆိုလည်း ရေပူ နဲ့ အမိုက်စားတွေ။ သူတို့အတွက် နိုင်ငံတကာက အကုန်အထောက်အကူပေးထားတာ။ တစ်နေကုန်ထိုင်နေရတာမပျင်းတတ်ရင်ပြီးရော . . ဝန်ဆောင်မှုက အပြည့်။ ဒီလိုစိတ်ကူးနဲ့လိုက်သွားတဲ့ မစ္စတာစိုင်းသူ ဟိုလည်းရောက်ရော . . အမယ်လေးဗျာ . . ကားပါကင်တစ်ခုရဲ့အဆောက်အဦထဲမှာ အိမ်ယာမဲ့တွေပြွတ်သိပ်ထည့်ထားသလို ဖြစ်ကတတ်ဆန်းပါလား . .။ ကွျွန်တော်ဒေါသထွက်လိုက်တာဆိုတာလေ . . ပြောကို မပြောချင်ဘူး။ နေရထိုင်ရတာလည်း အရမ်းပင်ပန်းတယ်။ ရေချိုးဖို့နေနေသာသာ အိမ်သာတက်ဖို့တောင် တန်းစီရတယ်။ နောက်ဆုံး ခေါင်းကဆံပင်မှာ သန်း တောင် စွဲတယ်။ တကယ်ဆို "ခွေးလိုနေခဲ့ရတာ"
.
.
. ဟိုးထား . . ဟိုးထား . . ကိုစိုင်းသူ။ ဖြည်းဖြည်းပြောပါလို့ ကျွန်တော်တားယူရတယ်။ သူ့ခင်မျာလည်း တရားသူကြီးကပြောလို့ စိတ်ဓါတ်တက်လာလိုက်၊ သွားစရာနေရာမရှိလို့စိတ်ဓါတ်ပြန်ကျသွားလိုက်၊ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ရောက်လာလိုက် စိတ်ဓါတ်ပြန်တက်သွားလိုက်၊ ပါရီမြို့ထဲဝင်သွားလိုက် စိတ်ဓါတ်မခိုင်ပြန်ကျသွားလိုက် နဲ့ လောကဓံသင်္ဘောကို ဥရောပတိုက်မှာလာစီးမှတော့ ရူးရင်ရူး မရူးရင်လှိုင်းမူးနေပြီဆိုတာကိုသိလို့ ခဏနားခိုင်းလိုက်ရပါတယ်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 02-21-2018
.
.
ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)

. "သုခဘံုမွာဒုကၡေရာက္တဲ႕ပါရီငရဲသားတစ္ေယာက္အေၾကာင္း။ A Prisoner in Paradise (7)"
။။။။။ ငါလည္းတရုတ္လူမ်ိဳးဘဲ - 我也是中國人 ။။။။။
. "လူၾကီးလား လူငယ္လားမခြဲျခား၊ အသက္ၾကီးသူေရာ အသက္ငယ္သူေတြပါေပါင္းျပီး ကမၻာ႕ၾကက္ေျခနီကစီစဥ္ေပးထားတဲ႕အေဆာက္အဦထဲမွာ ကြ်န္ေတာ္ဟာ ဆင္းရဲစြာေနထုိင္ရတယ္။ (၃) လ ေလာက္အထိ အသက္ဘယ္နားသြားရွဴရမွန္းမသိေအာင္ျဖစ္ခဲ႕တယ္။ တစ္ေနရာနဲ႕တစ္ေနရာ ဘတ္စ္ကားစီးျပီးသြားရတယ္။ "ဒီဇာတ္လမ္းရဲ႕အစက ေလဆိပ္ရဲကေပးမထြက္လို႕ျဖစ္ရတာ။ ငါ႕သေဘၤာက Casablanca ဆုိတဲ႕ျမိဳ႕ေသးေသးေလးမွာ တကယ္ထုိးထားတာ။ ရဲေတြ . . ရဲေတြ . . မင္းတို႕ ငါ႕ကိုျပသနာရွာတာ" ဆုိျပီး လမ္းေလွ်ာက္တဲ႕အခါတုိင္း ကြ်န္ေတာ္ေတြးေနမိတယ္"
.
. "ကြ်န္ေတာ္ပုိင္ဆိုင္တာေတြထဲက အႏွေျမာဆံုးအရာက ယုိးဒယားကေနဝယ္လာတဲ႕ကင္းပတ္ရွဴးေလးတစ္ရံပါ။ ပါရီထဲေရာက္ခါစ ႏွင္းမိုးေတြရြာတုန္းကဆုိ ေအးလိုက္တာဗ်ာ . . ေျခေတြ လက္ေတြဆုိတာ ခဲေနေတာ႕တာ။ ေသသြားတာကမွ မခံစားရဘူး။ အခုဟာက အရွင္လတ္လတ္ၾကီးကို ေရခဲခန္းထဲေရာက္ေနတာ။ ဒါေပမယ္႕ အဲဒီကင္းပတ္ရွဴးေလးဟာ သခင္႕အလုိက် အရိုးေၾကေၾကအေရခမ္းခမ္း တာဝန္ေက်ပြန္ခဲ႕ပါတယ္"
.
.
. "အမိုးအကာရဲ႕အကာအကြယ္ကုိ အမိုးအကာမရွိတဲ႕ေနရာေရာက္မွ တရႈိက္မက္မက္တမ္းတမိတယ္။ လမ္းေဘးမွာ (၃) လေလာက္ၾကာေအာင္ကြ်န္ေတာ္အိပ္ရတယ္။ မနက္ဆိုရင္ အရသာမရွိတဲ႕ ခပ္မာမာျပင္သစ္ေပါင္မုန္႕တစ္ခုကိုစား၊ အလုပ္လိုက္ရွာ၊ ဟုိကျငင္းလႊတ္၊ ဒီကေငါက္လႊတ္ နဲ႕ ကြ်န္ေတာ႕ရဲ႕ကံေကာင္းျခင္းေတြဘယ္ေရာက္သြားကုန္သလဲဗ်ာ။ အျမဲတမ္းအတူတူေနရသူေတြထဲမွာ ေဆးသမားလုိခ်င္သလား? အရက္သမားလိုခ်င္သလား? ဘာအေထာက္အထားမွမရွိတဲ႕ Without သမားလိုခ်င္သလား? ၾကိဳက္တာေျပာ အကုန္ရွိတယ္"
.
. "ေနာက္ရက္ေတြက်ေတာ႕ ကြ်န္ေတာ္မရေတာ႕ဘူး။ ဘာျဖစ္လို႕လည္းဆိုေတာ႕ ရန္ကုန္ကုိမျပန္ျဖစ္ေတာ႕မယ္႕အတူတူ ျပင္သစ္မွာေနဖို႕ဘဝက ခုိင္းေစေနျပီ။ ကံတရားကုိမွီခုိလို႕မျဖစ္ေတာ႕ပဲ တစ္ခုခုလုပ္မွ လူရုပ္ျပန္ေပၚႏိုင္ေတာ႕မယ္ဆုိတာကိုေတြးမိလုိ႕ ကြ်န္ေတာ္လူမႈကယ္ဆယ္ေရးအဖြဲ႕အစည္းကိုသြားျပီး အျဖစ္အပ်က္အားလံုးကုိ တစ္လံုးမက်န္ ကြ်န္ေတာ္တိုင္တန္းတယ္။ သူတုိ႕အတြက္ ဒါက မဆန္းေပမဲ႕ ကြ်န္ေတာ႕အတြက္ သူေ႒းမျဖစ္ေသးေပမဲ႕ "ေခြး" ေတာ႕ အရင္ျဖစ္ခဲ႕ရျပီေလ"
.
.
. "သူတို႕က အမႈတြဲအစအဆံုးကိုျပန္ၾကည္႕ျပီး မွ်တစြာမေနရတဲ႕ကြ်န္ေတာ႕အတြက္ (၃) လ ေနဖို႕ ေဟာ္တယ္ကုိပို႕ေပးတယ္။ အံမယ္ . . အံမယ္ . . စိုင္းသူတုိ႕ေတာ႕ ကံဇာတာတက္လာျပီကြ . .။ ေဟာ္တယ္မွာေနရင္း စားရင္း နဲ႕ ေနာက္သိပ္မၾကာဘူး . . ဘာမွလည္းသိပ္မေလ႕လာရေသးဘူး . . (၃) လ က ျပည္႕ေတာ႕မယ္။ ဘယ္ေလာက္ေတာင္ဆုိးသလဲဆိုရင္ ျမိဳ႕ထဲမွာ ဆူရွီဆိုင္ရွိတာကိုတစ္ခါမွသတိမထားမိဘူး။ ခႏၶာ့အပူ၊ ကိုယ္အပူ၊ စိတ္အပူနဲ႕ဆိုေတာ႕ ဆူရွီလုိ ပင္လယ္ေရေအးသားအစားအစာဆုိင္ကိုေက်ာ္သြားတာမဆန္းပါဘူး။ ဒီေန႕ေတာ႕ မ်က္စိခလုတ္တိုက္ျပီး ဆူရွီဆုိင္မွာ အလုပ္သမားလိုသလားဆိုတာဝင္ေမးေတာ႕ မလိုေသးဘူး တဲ႕"
.
. "ဆူရွီဆိုတာက ဂ်ပန္အစားအစာေနာ္ . . ဒါေၾကာင္႕ ကြ်န္ေတာ္က ဂ်ပန္လုိေျပာျပီးအလုပ္ဝင္ေတာင္းတယ္။ သူတုိ႕က နားမလည္ဘူး။ ဟာကြာ . . ကမၻာၾကီးေပၚက ဘယ္လိုႏိုင္ငံမ်ိဳးကိုေရာက္ေနတာလဲ? ေနာက္မွသူတို႕အခ်င္းခ်င္းတရုတ္လုိေျပာသံၾကားေတာ႕ဝမ္းသာသြားတယ္။ ဆုိင္ရွင္ကုိ "ငါလည္းတရုတ္လူမ်ိဳးဘဲ" လို႕အဓိပၸာယ္ရတဲ႕ "我也是中國人" ကုိ တရုတ္လုိေျပာလည္း အလုပ္က မရဘူးဆုိ မရဘူးဘဲ။ ဆူရွီမင္း - Sushi Man မရဘူး . . စာရြက္မရွိရင္မရဘူး . . ဒါကိုပဲတြင္တြင္ေျပာေနတယ္"
.
.
. "အလုပ္မရလို႕မျဖစ္ဘူး။ တရားဝင္ဘာကဒ္မွလည္းမရွိေသးဘူး။ ဒီရက္ပုိင္းအတြင္းဆို ေဟာ္တယ္ကေနအျပီးထြက္ရေတာ႕မယ္ . . ကြ်န္ေတာ႕ေခါင္းထဲမွာအေတြးေတြက အိမ္ယာမဲ႕ေနတယ္။ သူမ်ားေတြရဲ႕အဖြဲ႕အစည္းက ကိုယ္႕ကုိကူညီႏုိင္တာထက္ေက်ာ္လြန္ေတာ႕မွ ကိုယ္႕မွာေနစရာအသိုက္အျမံဳမရွိရင္ သူတုိ႕အမွားမဟုတ္ေတာ႕ဘူး . . ကြ်န္ေတာ္အသံုးမက်တာျဖစ္သြားျပီ။ ဒါေၾကာင္႕ ပါရီမွာေနမလား၊ နယ္မွာေနမလား ဆံုးျဖတ္ရေတာ႕မယ္။ ပါရီ က (၁၃) ရပ္ကြက္မွာ လုိက္ေမးတယ္။ တရုတ္စကားနဲ႕အလုပ္လုိက္ေမးျပီး ဘဝကိုစခဲ႕တယ္။ ေငြဆိုလို႕ ေသာက္ျခဴးတျပားမွမရွိဘူး။ ရပ္တည္ရတဲ႕ဘဝဟာ အင္မတန္ခက္ခဲၾကမ္းတမ္းခဲ႕တယ္"
.
. "ယာယီေနထုိင္ခြင္႕မရွိရင္ အလုပ္လုပ္ခြင္႕မရွိတဲ႕တုိင္းျပည္မွာ လူလိုသူလိုအသိအမွတ္ျပဳခံရမယ္႕စာရြက္ေလးတစ္ရြက္ေတာ႕ရွိမွျဖစ္ေတာ႕မယ္။ ျပင္သစ္ထဲမွာၾကိဳက္သလုိသြားလာလို႕ရေပမယ္႕ အျပင္ကိုထြက္ျပီးရင္ေတာ႕ ျပန္ဝင္လာလုိ႕မရေတာ႕ဘူး။ အဲဒါနဲ႕ ကြ်န္ေတာ႕ခရီးေဆာင္အိတ္ထဲကုိေမႊေႏွာက္ၾကည္႕ရင္း စာရြက္စုတ္ေလးတစ္ထပ္ကုိေတြ႕ေတာ႕ အဲဒါေတြကုိယူျပီး ကြ်န္ေတာ္ ရဲစခန္းကုိသြားတယ္။ ျပီးေတာ႕ တာဝန္က်ရဲအရာရွိကုိ ပါလာတဲ႕စာရြက္ေတြကိုျပျပီး ကြ်န္ေတာ္တစ္ခြန္းထဲေျပာလိုက္တယ္ "ငါ႕ကို စီးပြားေရးခုိလံႈခြင္္႕ေပးပါ"
.
.
. စိတ္ဖိစီးမႈမ်ားစြာနဲ႕ ထြက္ေပါက္တစ္ခုကုိခ်ည္းကပ္လာရတဲ႕ သုခအက်ဥ္းသား ကိုစုိင္းသူ ဒီေန႕ေတာ႕ ပံုမွန္စကားေျပာလာႏုိင္ပါတယ္။ သူ႕ခမ်ာမွာလဲ ဘဝရဲ႕အၾကပ္အတည္း နဲ႕ က်ဆင္းေနတဲ႕စိတ္အေျခအေနေတြကုိေပါင္းစုျပီး မနည္းၾကီးျပန္စဥ္းစားပံုေဖာ္ရင္း ကြ်န္ေတာ႕ကိုေျပာျပေနတဲ႕အခ်ိန္တိုင္း အခ်ိ္န္တုိင္း အသက္ဝဝမရွဴႏုိင္၊ မရယ္ႏုိင္၊ မေမာႏုိင္ျဖစ္ေနရတာကုိ ကြ်န္ေတာ္သတိထားမိလို႕ အင္မတန္မွ ကရုဏာသက္မိပါတယ္။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 02-25-2018
.
မွတ္ခ်က္ ။။။။။။။။။။ ကုိစုိင္းသူေပးပို႕ေသာပံုကိုသံုးထားပါသည္။
.
Unicode Version:
.
. "သုခဘုံမှာဒုက္ခရောက်တဲ့ပါရီငရဲသားတစ်ယောက်အကြောင်း။ A Prisoner in Paradise (7)"
။။။။။ ငါလည်းတရုတ်လူမျိုးဘဲ - 我也是中國人 ။။။။။
. "လူကြီးလား လူငယ်လားမခွဲခြား၊ အသက်ကြီးသူရော အသက်ငယ်သူတွေပါပေါင်းပြီး ကမ္ဘာ့ကြက်ခြေနီကစီစဉ်ပေးထားတဲ့အဆောက်အဦထဲမှာ ကျွန်တော်ဟာ ဆင်းရဲစွာနေထိုင်ရတယ်။ (၃) လ လောက်အထိ အသက်ဘယ်နားသွားရှူရမှန်းမသိအောင်ဖြစ်ခဲ့တယ်။ တစ်နေရာနဲ့တစ်နေရာ ဘတ်စ်ကားစီးပြီးသွားရတယ်။ "ဒီဇာတ်လမ်းရဲ့အစက လေဆိပ်ရဲကပေးမထွက်လို့ဖြစ်ရတာ။ ငါ့သင်္ဘောက Casablanca ဆိုတဲ့မြို့သေးသေးလေးမှာ တကယ်ထိုးထားတာ။ ရဲတွေ . . ရဲတွေ . . မင်းတို့ ငါ့ကိုပြသနာရှာတာ" ဆိုပြီး လမ်းလျှောက်တဲ့အခါတိုင်း ကျွန်တော်တွေးနေမိတယ်"
.
. "ကျွန်တော်ပိုင်ဆိုင်တာတွေထဲက အနှမြောဆုံးအရာက ယိုးဒယားကနေဝယ်လာတဲ့ကင်းပတ်ရှူးလေးတစ်ရံပါ။ ပါရီထဲရောက်ခါစ နှင်းမိုးတွေရွာတုန်းကဆို အေးလိုက်တာဗျာ . . ခြေတွေ လက်တွေဆိုတာ ခဲနေတော့တာ။ သေသွားတာကမှ မခံစားရဘူး။ အခုဟာက အရှင်လတ်လတ်ကြီးကို ရေခဲခန်းထဲရောက်နေတာ။ ဒါပေမယ့် အဲဒီကင်းပတ်ရှူးလေးဟာ သခင့်အလိုကျ အရိုးကြေကြေအရေခမ်းခမ်း တာဝန်ကျေပွန်ခဲ့ပါတယ်"
.
.
. "အမိုးအကာရဲ့အကာအကွယ်ကို အမိုးအကာမရှိတဲ့နေရာရောက်မှ တရှိုက်မက်မက်တမ်းတမိတယ်။ လမ်းဘေးမှာ (၃) လလောက်ကြာအောင်ကျွန်တော်အိပ်ရတယ်။ မနက်ဆိုရင် အရသာမရှိတဲ့ ခပ်မာမာပြင်သစ်ပေါင်မုန့်တစ်ခုကိုစား၊ အလုပ်လိုက်ရှာ၊ ဟိုကငြင်းလွှတ်၊ ဒီကငေါက်လွှတ် နဲ့ ကျွန်တော့ရဲ့ကံကောင်းခြင်းတွေဘယ်ရောက်သွားကုန်သလဲဗျာ။ အမြဲတမ်းအတူတူနေရသူတွေထဲမှာ ဆေးသမားလိုချင်သလား? အရက်သမားလိုချင်သလား? ဘာအထောက်အထားမှမရှိတဲ့ Without သမားလိုချင်သလား? ကြိုက်တာပြော အကုန်ရှိတယ်"
.
. "နောက်ရက်တွေကျတော့ ကျွန်တော်မရတော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ရန်ကုန်ကိုမပြန်ဖြစ်တော့မယ့်အတူတူ ပြင်သစ်မှာနေဖို့ဘဝက ခိုင်းစေနေပြီ။ ကံတရားကိုမှီခိုလို့မဖြစ်တော့ပဲ တစ်ခုခုလုပ်မှ လူရုပ်ပြန်ပေါ်နိုင်တော့မယ်ဆိုတာကိုတွေးမိလို့ ကျွန်တော်လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းကိုသွားပြီး အဖြစ်အပျက်အားလုံးကို တစ်လုံးမကျန် ကျွန်တော်တိုင်တန်းတယ်။ သူတို့အတွက် ဒါက မဆန်းပေမဲ့ ကျွန်တော့အတွက် သူဋ္ဌေးမဖြစ်သေးပေမဲ့ "ခွေး" တော့ အရင်ဖြစ်ခဲ့ရပြီလေ"
.
.
. "သူတို့က အမှုတွဲအစအဆုံးကိုပြန်ကြည့်ပြီး မျှတစွာမနေရတဲ့ကျွန်တော့အတွက် (၃) လ နေဖို့ ဟော်တယ်ကိုပို့ပေးတယ်။ အံမယ် . . အံမယ် . . စိုင်းသူတို့တော့ ကံဇာတာတက်လာပြီကွ . .။ ဟော်တယ်မှာနေရင်း စားရင်း နဲ့ နောက်သိပ်မကြာဘူး . . ဘာမှလည်းသိပ်မလေ့လာရသေးဘူး . . (၃) လ က ပြည့်တော့မယ်။ ဘယ်လောက်တောင်ဆိုးသလဲဆိုရင် မြို့ထဲမှာ ဆူရှီဆိုင်ရှိတာကိုတစ်ခါမှသတိမထားမိဘူး။ ခန္ဓာ့အပူ၊ ကိုယ်အပူ၊ စိတ်အပူနဲ့ဆိုတော့ ဆူရှီလို ပင်လယ်ရေအေးသားအစားအစာဆိုင်ကိုကျော်သွားတာမဆန်းပါဘူး။ ဒီနေ့တော့ မျက်စိခလုတ်တိုက်ပြီး ဆူရှီဆိုင်မှာ အလုပ်သမားလိုသလားဆိုတာဝင်မေးတော့ မလိုသေးဘူး တဲ့"
.
. "ဆူရှီဆိုတာက ဂျပန်အစားအစာနော် . . ဒါကြောင့် ကျွန်တော်က ဂျပန်လိုပြောပြီးအလုပ်ဝင်တောင်းတယ်။ သူတို့က နားမလည်ဘူး။ ဟာကွာ . . ကမ္ဘာကြီးပေါ်က ဘယ်လိုနိုင်ငံမျိုးကိုရောက်နေတာလဲ? နောက်မှသူတို့အချင်းချင်းတရုတ်လိုပြောသံကြားတော့ဝမ်းသာသွားတယ်။ ဆိုင်ရှင်ကို "ငါလည်းတရုတ်လူမျိုးဘဲ" လို့အဓိပ္ပာယ်ရတဲ့ "我也是中國人" ကို တရုတ်လိုပြောလည်း အလုပ်က မရဘူးဆို မရဘူးဘဲ။ ဆူရှီမင်း - Sushi Man မရဘူး . . စာရွက်မရှိရင်မရဘူး . . ဒါကိုပဲတွင်တွင်ပြောနေတယ်"
.
.
. "အလုပ်မရလို့မဖြစ်ဘူး။ တရားဝင်ဘာကဒ်မှလည်းမရှိသေးဘူး။ ဒီရက်ပိုင်းအတွင်းဆို ဟော်တယ်ကနေအပြီးထွက်ရတော့မယ် . . ကျွန်တော့ခေါင်းထဲမှာအတွေးတွေက အိမ်ယာမဲ့နေတယ်။ သူများတွေရဲ့အဖွဲ့အစည်းက ကိုယ့်ကိုကူညီနိုင်တာထက်ကျော်လွန်တော့မှ ကိုယ့်မှာနေစရာအသိုက်အမြုံမရှိရင် သူတို့အမှားမဟုတ်တော့ဘူး . . ကျွန်တော်အသုံးမကျတာဖြစ်သွားပြီ။ ဒါကြောင့် ပါရီမှာနေမလား၊ နယ်မှာနေမလား ဆုံးဖြတ်ရတော့မယ်။ ပါရီ က (၁၃) ရပ်ကွက်မှာ လိုက်မေးတယ်။ တရုတ်စကားနဲ့အလုပ်လိုက်မေးပြီး ဘဝကိုစခဲ့တယ်။ ငွေဆိုလို့ သောက်ခြူးတပြားမှမရှိဘူး။ ရပ်တည်ရတဲ့ဘဝဟာ အင်မတန်ခက်ခဲကြမ်းတမ်းခဲ့တယ်"
.
. "ယာယီနေထိုင်ခွင့်မရှိရင် အလုပ်လုပ်ခွင့်မရှိတဲ့တိုင်းပြည်မှာ လူလိုသူလိုအသိအမှတ်ပြုခံရမယ့်စာရွက်လေးတစ်ရွက်တော့ရှိမှဖြစ်တော့မယ်။ ပြင်သစ်ထဲမှာကြိုက်သလိုသွားလာလို့ရပေမယ့် အပြင်ကိုထွက်ပြီးရင်တော့ ပြန်ဝင်လာလို့မရတော့ဘူး။ အဲဒါနဲ့ ကျွန်တော့ခရီးဆောင်အိတ်ထဲကိုမွှေနှောက်ကြည့်ရင်း စာရွက်စုတ်လေးတစ်ထပ်ကိုတွေ့တော့ အဲဒါတွေကိုယူပြီး ကျွန်တော် ရဲစခန်းကိုသွားတယ်။ ပြီးတော့ တာဝန်ကျရဲအရာရှိကို ပါလာတဲ့စာရွက်တွေကိုပြပြီး ကျွန်တော်တစ်ခွန်းထဲပြောလိုက်တယ် "ငါ့ကို စီးပွားရေးခိုလှုံခွင့််ပေးပါ"
.
.
. စိတ်ဖိစီးမှုများစွာနဲ့ ထွက်ပေါက်တစ်ခုကိုချည်းကပ်လာရတဲ့ သုခအကျဉ်းသား ကိုစိုင်းသူ ဒီနေ့တော့ ပုံမှန်စကားပြောလာနိုင်ပါတယ်။ သူ့ခမျာမှာလဲ ဘဝရဲ့အကြပ်အတည်း နဲ့ ကျဆင်းနေတဲ့စိတ်အခြေအနေတွေကိုပေါင်းစုပြီး မနည်းကြီးပြန်စဉ်းစားပုံဖော်ရင်း ကျွန်တော့ကိုပြောပြနေတဲ့အချိန်တိုင်း အချိ်န်တိုင်း အသက်ဝဝမရှူနိုင်၊ မရယ်နိုင်၊ မမောနိုင်ဖြစ်နေရတာကို ကျွန်တော်သတိထားမိလို့ အင်မတန်မှ ကရုဏာသက်မိပါတယ်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 02-25-2018
.
.
ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)

. "သုခဘံုမွာဒုကၡေရာက္တဲ႕ပါရီငရဲသားတစ္ေယာက္အေၾကာင္း။ A Prisoner in Paradise (8)"
။။။။။ ကံဆိုးျခင္းရဲ႕ကံေကာင္းျခင္းလက္ေဆာင္ ။။။။။
. "ဒါေၾကာင္႕ေျပာတာေပါ႕ . . ကံေကာင္းျခင္း နဲ႕ ကံဆုိးျခင္းဆိုတာ ဒဂၤါးတစ္ျပားရဲ႕ ေခါင္းနဲ႕ပန္းလုိပဲ။ ဒီဘက္လွည္႕ရင္ ေခါင္း . . ဟုိဘက္လွည္႕ရင္ ပန္း . . ေသခ်ာတာေပါ႕။ ဒါေပမယ္႕ ကံေကာင္းျခင္း နဲ႕ ကံဆိုးျခင္းက သခ်ၤာလို သေဘာသဘာဝအျမဲသက္ေရာက္တာမဟုတ္ဘူး။ သူက အခ်ိန္အခါ နဲ႕ အေျခအေနေပၚမူတည္ျပီး ဒြန္တြဲအက်ိဳးေပးတတ္တယ္။ အက်ိဳးေပးတဲ႕ေနရာမွာ ေကာင္းက်ိဳးေရာ ဆိုးက်ိဳးေရာ ( ၂) မ်ိဳးလံုးပါဝင္ႏုိင္တာကိုေျပာတာေနာ္"
.
. "မုိင္းရွဴးမွာတုန္းက အိမ္ကုိမီးေလာင္ျပီးျပာက်သြားတဲ႕ဆံုးရွံဴးမႈစာရြက္စာတမ္းေတြကုိ ပါရီရဲစခန္းမွာ ကြ်န္ေတာ္ျပလုိက္တယ္။ (၁၉၉၉) ခုႏွစ္က တကယ္ေလာင္ခဲ႕တာေလ။ အဲဒါနဲ႕ ဟုိစစ္ ဒီစစ္ နဲ႕ ဒုကၡသည္ကဒ္ျပားမွာ လက္ေဗြႏွိပ္ရတယ္။ တစ္ခ်ိန္တစ္ခါတုန္းက ကံဆုိးလို႕ ဒီစာရြက္ေတြရခဲ႕တယ္။ အခုပဲၾကည္႕ ကံေကာင္းလို႕ အေျခအေနမဲ႕တဲ႕ဘဝကေန ဒီစာရြက္ေတြေၾကာင္႕ပဲ ကံေကာင္းတယ္ဆိုတာျဖစ္လာလိမ္႕ဦးမယ္"
.
.
. "ဒီစာရြက္ေတြကို ကြ်န္ေတာ္မသယ္လာခဲ႕မိရင္ေရာ? ကံေကာင္းတယ္လို႕ေျပာမလား? ကံဆုိးတယ္လို႕ေျပာၾကဦးမလား? ဒါမွမဟုတ္ စီးပြားပ်က္ဒုကၡသည္အျဖစ္ေလွ်ာက္ရေကာင္းမွန္းမသိရင္ေရာ? ကံေကာင္းျခင္းလက္ေဆာင္ဆုိတာ ေခ်ာင္ထုိးထားတဲ႕ယပ္ေတာင္တစ္ေခ်ာင္းလုိ ေသေတာ႕မွ အသုဘမွာ ခပ္ဖို႕သတိရၾကမွာ"
.
. " ဒါေပမဲ႕ဗ်ာ . . မုန္တိုင္းထန္၊ ႏွင္းထူ၊ ေအးခဲ၊ ၾကမ္းၾကဳတ္တဲ႕ေလာကသစ္ပတ္ဝန္းက်င္ၾကားမွာ ကံေကာင္းတယ္ဆုိတာလည္းတစ္ခါတစ္ေလရွိဦးမွ . . သူမ်ားတကာေတြ (၆) လ ေလာက္ေစာင္႕ရတဲ႕ကဒ္ကို မစၥတာစုိင္းသူက (၆) ရက္ နဲ႕ ရလာတယ္။ မထင္ထားတာေတြက တကယ္ျဖစ္လာလို႕ ေမွ်ာ္မွန္းထားတာေတြတစ္ခုမွမျဖစ္လာတာ ဥေရာပေျမေပၚမွာလို႕ ေျပာရမလုိျဖစ္ေနတယ္"
.
.
. "ေဟာ္တယ္မွာေနတုန္းကအျဖစ္အပ်က္ေလးေတြကုိေျပာရဦးမယ္။ ပါရီက ျမန္မာေတြနဲ႕ေတြ႕ေတာ႕ သူတုိ႕က အၾကံေပးတယ္ "မင္း သံရံုးေတြေရွ႕မွာဆႏၵသြားျပ၊ ဒါဆိုရင္ မင္းကို သူတုိ႕ႏုိင္ငံသားျမန္ျမန္ေပးတယ္" တဲ႕ . .။ ကြ်န္ေတာ္လည္း အဟုတ္ထင္တာေပါ႕။ ဟုိသံရံုးဆုိလည္းသြားျပ . . ဒီသံရံုးဆုိလည္းသြားျပ နဲ႕ တစ္ခါက ေဟာ္လန္ႏိုင္ငံအထိသြားျပီးဆႏၵျပတာ အဖမ္းခံရတယ္"
.
. "အဲဒါဆႏၵျပလို႕ဖမ္းတယ္လို႕ေတာ႕မထင္နဲ႕။ စာရြက္မရွိပဲနယ္ေက်ာ္လုိ႕အဖမ္းခံရတာ။ သူမ်ားေျပာတုိင္းမယံုနဲ႕။ ကြ်န္ေတာ္ဆုိ စီးပြားေရးပ်က္သြားတဲ႕အေၾကာင္း မီးေလာင္ထားတဲ႕သက္ေသခံေတြျပလုိက္တာ ေနထုိင္ခြင္႕စာရြက္က ရမယ္ဆုိရင္ ရတာပဲ။ ႏိုင္ငံေရးမိႈင္းဝင္သြားျပီး လုပ္ခဲ႕သမွ်ေတြအားလံုးအမွားၾကီးမွားခဲ႕တာ ေနာင္မွသိရတယ္"
.
. "အခု ကြ်န္ေတာ္ဟာ အျမဲတမ္းေနထိုင္ခြင္႕ေလွ်ာက္ခြင္္႕ရသြားတဲ႕အျပင္ အလုပ္လုပ္ခြင္႕ပါမစ္က်လာျပီမို႕လို႕ ျပင္သစ္စာတတ္မွျဖစ္ေတာ႕မယ္။ ကြ်န္ေတာ္ ေလ႕လာတယ္။ ေျပာၾကည္႕တယ္။ မလြယ္ေရးခ် မလြယ္။ သူတုိ႕စကားေျပာရတာ ေရခဲျပင္မွာ ဖိနပ္မပါပဲေလွ်ာစီးရသလို ခဏခဏေခ်ာ္လဲတယ္။ ငွက္ေပ်ာသီးစားျပီး ေရမေသာက္ရသလို ပါးစပ္ထဲမွာ နင္ေနတယ္"
.
.
. "ဒါေပမဲ႕ဗ်ာ . . သတၱိရွိလို႕ ရွမ္းရုိးမေတာင္တန္းေပၚကတစ္ေယာက္တည္းဆင္းလာခဲ႕တာ . . ဘာေၾကာက္စရာရွိသလဲ . . နည္းလမ္းရွိရမယ္။ ဒါေၾကာင္႕ ျပင္သစ္အဓိပၸာယ္ေတြကုိ အဂၤလိပ္လိုတြဲမွတ္ၾကည္႕တယ္။ အစပိုင္းခက္ေပမဲ႕ ေနာက္ပိုင္းမွာ လုိက္ႏုိင္လာတယ္။ ဒါေၾကာင္႕ ေနာက္ပိုင္းမွာ ေဒသခံေတြက "မင္းေျပာတဲ႕ျပင္သစ္စကားက ဘိုသံဝဲတယ္" တဲ႕။ ဟုတ္ပါ႕ဗ်ား . . ကြ်န္ေတာ္က ျပင္သစ္စကားေျပာဖို႕အဂၤလိပ္ကေန ဘာသာျပန္သင္ယူခဲ႕တာကိုး"
.
.
. "ကဲ . . ကုိညီ ေရ . .။ အခုေလာက္ဆိုရင္ ကြ်န္ေတာ္တတ္ခဲ႕တဲ႕ဘာသာစကားေတြအေၾကာင္း နဲ႕ ကံေကာင္းျခင္း၊ ကံဆုိးျခင္းအေၾကာင္းေတြကုိ ေကာင္းေကာင္းဇာတ္ရည္လည္ေလာက္ျပီေပါ႕။ ဘယ္သူမွေခၚလို႕ လူ႕ဘဝဇာတ္ခံုေပၚ ကြ်န္ေတာ္တက္လွမ္းေနရတာမဟုတ္ဘူး။ ကြ်န္ေတာ္ကုိယ္တုိင္က နေမာ္နမဲ႕ နဲ႕ လုပ္ခ်င္တာဆုိ တဇြတ္ထုိး တေစာက္ကန္းလုပ္တတ္တယ္။ အဲဒီအက်င္႕ေၾကာင္႕လားမေျပာတတ္ဘူး ဘယ္ဟာမွ ေလာက္ေလာက္လားလား မေအာင္ျမင္ခဲ႕ဘူး"
.
. "ဘယ္လိုပင္မေအာင္မျမင္ျဖတ္သန္းခဲ႕ေစကာမူ ျပင္သစ္ျပဇာတ္ခံုေပၚမွာေတာ႕ ကြ်န္ေတာ္ စိုင္းသူ ေအာင္ျမင္မွျဖစ္ေတာ႕မယ္။ မွားယြင္းမႈနဲ႕ဘဝေပးကံေတြေၾကာင္႕ ကြ်န္ေတာ္ေက်ာင္းဆက္မတက္ျဖစ္ဘူး။ ဒါေပမဲ႕ ဘယ္သူနဲ႕ယွဥ္ေျပာေျပာ ကြ်န္ေတာ္မႊတ္ေနေအာင္ေျပာႏုိင္လာတယ္။ ကံဆိုးျခင္း ကံေကာင္းျခင္းေတြကုိခဏထား ကြ်န္ေတာ္ ဒီေန႕ (ကုိစုိင္းသူကအရင္တုန္းကထုိတစ္ေန႕ကို ဆိုလိုဟန္တူပါသည္) ျပင္သစ္ႏုိင္ငံသားခံယူတယ္။ သာမန္လူေတြေအာင္သလို ျပင္သစ္စကားကို B1 အဆင္႕နဲ႕ေတာင္မဟုတ္ဘူး . . C1 အဆင္႕နဲ႕ေအာင္တာ။ ဘာသာစကားကြ်မ္းက်င္မႈရွိိတိုင္းလည္း စာေရးတတ္ဖုိ႕မလြယ္ဘူး။ ဒါေၾကာင္႕ ကြ်န္ေတာ္ျပင္သစ္စာ မတတ္ခဲ႕တာေတာ႕ ဝန္ခံရမယ္။ အမွန္အတုိင္းေျပာရရင္ လုပ္စားလို႕ရျပီဆုိေတာ႕ စာဘက္လိုက္ဖုိ႕ အခ်ိန္မေပးႏုိင္ေတာ႕ဘူး"
.
.
. ကိုစိုင္းသူေထာက္ျပတာသိပ္စိတ္ဝင္စားဖို႕ေကာင္းပါတယ္။ စကားနဲ႕စာ၊ စာနဲ႕စကား၊ ကံဆိုးျခင္းနဲ႕ကံေကာင္းျခင္း၊ ဒဂၤါးတစ္ျပားရဲ႕ ေခါင္း နဲ႕ ပန္း၊ စာေပကြ်မ္းက်င္မႈ နဲ႕ စကားေျပာကြ်မ္းက်င္မႈ၊ လူ႕ဘဝဇာတ္ခံု နဲ႕ ျပင္သစ္ကဇာတ္ရံု . . အစကေနအဆံုး ဇာတ္လမ္းကမျပီးေသးပါဘူး။ အခုမွ စမလို႕လုပ္ေနတုန္းဆုိတာ ကိုစုိင္းသူရဲ႕စကားအသြားအလာကိုၾကည္႕ရင္း ကြ်န္ေတာ္မွန္းဆေနမိပါေတာ႕တယ္။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 02-22-2018
.
မွတ္ခ်က္ ။။။။။။။။။။ ကိုစိုင္းသူပို႕ေပးသာပံုကုိထည္႕သံုးပါသည္။
.
.
Unicode Version:
.
. "သုခဘုံမှာဒုက္ခရောက်တဲ့ပါရီငရဲသားတစ်ယောက်အကြောင်း။ A Prisoner in Paradise (8)"
။။။။။ ကံဆိုးခြင်းရဲ့ကံကောင်းခြင်းလက်ဆောင် ။။။။။

. "ဒါကြောင့်ပြောတာပေါ့ . . ကံကောင်းခြင်း နဲ့ ကံဆိုးခြင်းဆိုတာ ဒင်္ဂါးတစ်ပြားရဲ့ ခေါင်းနဲ့ပန်းလိုပဲ။ ဒီဘက်လှည့်ရင် ခေါင်း . . ဟိုဘက်လှည့်ရင် ပန်း . . သေချာတာပေါ့။ ဒါပေမယ့် ကံကောင်းခြင်း နဲ့ ကံဆိုးခြင်းက သချင်္ာလို သဘောသဘာဝအမြဲသက်ရောက်တာမဟုတ်ဘူး။ သူက အချိန်အခါ နဲ့ အခြေအနေပေါ်မူတည်ပြီး ဒွန်တွဲအကျိုးပေးတတ်တယ်။ အကျိုးပေးတဲ့နေရာမှာ ကောင်းကျိုးရော ဆိုးကျိုးရော ( ၂) မျိုးလုံးပါဝင်နိုင်တာကိုပြောတာနော်"
.
. "မိုင်းရှူးမှာတုန်းက အိမ်ကိုမီးလောင်ပြီးပြာကျသွားတဲ့ဆုံးရှံူးမှုစာရွက်စာတမ်းတွေကို ပါရီရဲစခန်းမှာ ကျွန်တော်ပြလိုက်တယ်။ (၁၉၉၉) ခုနှစ်က တကယ်လောင်ခဲ့တာလေ။ အဲဒါနဲ့ ဟိုစစ် ဒီစစ် နဲ့ ဒုက္ခသည်ကဒ်ပြားမှာ လက်ဗွေနှိပ်ရတယ်။ တစ်ချိန်တစ်ခါတုန်းက ကံဆိုးလို့ ဒီစာရွက်တွေရခဲ့တယ်။ အခုပဲကြည့် ကံကောင်းလို့ အခြေအနေမဲ့တဲ့ဘဝကနေ ဒီစာရွက်တွေကြောင့်ပဲ ကံကောင်းတယ်ဆိုတာဖြစ်လာလိမ့်ဦးမယ်"
.
.
. "ဒီစာရွက်တွေကို ကျွန်တော်မသယ်လာခဲ့မိရင်ရော? ကံကောင်းတယ်လို့ပြောမလား? ကံဆိုးတယ်လို့ပြောကြဦးမလား? ဒါမှမဟုတ် စီးပွားပျက်ဒုက္ခသည်အဖြစ်လျှောက်ရကောင်းမှန်းမသိရင်ရော? ကံကောင်းခြင်းလက်ဆောင်ဆိုတာ ချောင်ထိုးထားတဲ့ယပ်တောင်တစ်ချောင်းလို သေတော့မှ အသုဘမှာ ခပ်ဖို့သတိရကြမှာ"
.
. " ဒါပေမဲ့ဗျာ . . မုန်တိုင်းထန်၊ နှင်းထူ၊ အေးခဲ၊ ကြမ်းကြုတ်တဲ့လောကသစ်ပတ်ဝန်းကျင်ကြားမှာ ကံကောင်းတယ်ဆိုတာလည်းတစ်ခါတစ်လေရှိဦးမှ . . သူများတကာတွေ (၆) လ လောက်စောင့်ရတဲ့ကဒ်ကို မစ္စတာစိုင်းသူက (၆) ရက် နဲ့ ရလာတယ်။ မထင်ထားတာတွေက တကယ်ဖြစ်လာလို့ မျှော်မှန်းထားတာတွေတစ်ခုမှမဖြစ်လာတာ ဥရောပမြေပေါ်မှာလို့ ပြောရမလိုဖြစ်နေတယ်"
.
.
. "ဟော်တယ်မှာနေတုန်းကအဖြစ်အပျက်လေးတွေကိုပြောရဦးမယ်။ ပါရီက မြန်မာတွေနဲ့တွေ့တော့ သူတို့က အကြံပေးတယ် "မင်း သံရုံးတွေရှေ့မှာဆန္ဒသွားပြ၊ ဒါဆိုရင် မင်းကို သူတို့နိုင်ငံသားမြန်မြန်ပေးတယ်" တဲ့ . .။ ကျွန်တော်လည်း အဟုတ်ထင်တာပေါ့။ ဟိုသံရုံးဆိုလည်းသွားပြ . . ဒီသံရုံးဆိုလည်းသွားပြ နဲ့ တစ်ခါက ဟော်လန်နိုင်ငံအထိသွားပြီးဆန္ဒပြတာ အဖမ်းခံရတယ်"
.
. "အဲဒါဆန္ဒပြလို့ဖမ်းတယ်လို့တော့မထင်နဲ့။ စာရွက်မရှိပဲနယ်ကျော်လို့အဖမ်းခံရတာ။ သူများပြောတိုင်းမယုံနဲ့။ ကျွန်တော်ဆို စီးပွားရေးပျက်သွားတဲ့အကြောင်း မီးလောင်ထားတဲ့သက်သေခံတွေပြလိုက်တာ နေထိုင်ခွင့်စာရွက်က ရမယ်ဆိုရင် ရတာပဲ။ နိုင်ငံရေးမှိုင်းဝင်သွားပြီး လုပ်ခဲ့သမျှတွေအားလုံးအမှားကြီးမှားခဲ့တာ နောင်မှသိရတယ်"
.
. "အခု ကျွန်တော်ဟာ အမြဲတမ်းနေထိုင်ခွင့်လျှောက်ခွင့််ရသွားတဲ့အပြင် အလုပ်လုပ်ခွင့်ပါမစ်ကျလာပြီမို့လို့ ပြင်သစ်စာတတ်မှဖြစ်တော့မယ်။ ကျွန်တော် လေ့လာတယ်။ ပြောကြည့်တယ်။ မလွယ်ရေးချ မလွယ်။ သူတို့စကားပြောရတာ ရေခဲပြင်မှာ ဖိနပ်မပါပဲလျှောစီးရသလို ခဏခဏချော်လဲတယ်။ ငှက်ပျောသီးစားပြီး ရေမသောက်ရသလို ပါးစပ်ထဲမှာ နင်နေတယ်"
.
.
. "ဒါပေမဲ့ဗျာ . . သတ္တိရှိလို့ ရှမ်းရိုးမတောင်တန်းပေါ်ကတစ်ယောက်တည်းဆင်းလာခဲ့တာ . . ဘာကြောက်စရာရှိသလဲ . . နည်းလမ်းရှိရမယ်။ ဒါကြောင့် ပြင်သစ်အဓိပ္ပာယ်တွေကို အင်္ဂလိပ်လိုတွဲမှတ်ကြည့်တယ်။ အစပိုင်းခက်ပေမဲ့ နောက်ပိုင်းမှာ လိုက်နိုင်လာတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ဒေသခံတွေက "မင်းပြောတဲ့ပြင်သစ်စကားက ဘိုသံဝဲတယ်" တဲ့။ ဟုတ်ပါ့ဗျား . . ကျွန်တော်က ပြင်သစ်စကားပြောဖို့အင်္ဂလိပ်ကနေ ဘာသာပြန်သင်ယူခဲ့တာကိုး"
.
.
. "ကဲ . . ကိုညီ ရေ . .။ အခုလောက်ဆိုရင် ကျွန်တော်တတ်ခဲ့တဲ့ဘာသာစကားတွေအကြောင်း နဲ့ ကံကောင်းခြင်း၊ ကံဆိုးခြင်းအကြောင်းတွေကို ကောင်းကောင်းဇာတ်ရည်လည်လောက်ပြီပေါ့။ ဘယ်သူမှခေါ်လို့ လူ့ဘဝဇာတ်ခုံပေါ် ကျွန်တော်တက်လှမ်းနေရတာမဟုတ်ဘူး။ ကျွန်တော်ကိုယ်တိုင်က နမော်နမဲ့ နဲ့ လုပ်ချင်တာဆို တဇွတ်ထိုး တစောက်ကန်းလုပ်တတ်တယ်။ အဲဒီအကျင့်ကြောင့်လားမပြောတတ်ဘူး ဘယ်ဟာမှ လောက်လောက်လားလား မအောင်မြင်ခဲ့ဘူး"
.
. "ဘယ်လိုပင်မအောင်မမြင်ဖြတ်သန်းခဲ့စေကာမူ ပြင်သစ်ပြဇာတ်ခုံပေါ်မှာတော့ ကျွန်တော် စိုင်းသူ အောင်မြင်မှဖြစ်တော့မယ်။ မှားယွင်းမှုနဲ့ဘဝပေးကံတွေကြောင့် ကျွန်တော်ကျောင်းဆက်မတက်ဖြစ်ဘူး။ ဒါပေမဲ့ ဘယ်သူနဲ့ယှဉ်ပြောပြော ကျွန်တော်မွှတ်နေအောင်ပြောနိုင်လာတယ်။ ကံဆိုးခြင်း ကံကောင်းခြင်းတွေကိုခဏထား ကျွန်တော် ဒီနေ့ (ကိုစိုင်းသူကအရင်တုန်းကထိုတစ်နေ့ကို ဆိုလိုဟန်တူပါသည်) ပြင်သစ်နိုင်ငံသားခံယူတယ်။ သာမန်လူတွေအောင်သလို ပြင်သစ်စကားကို B1 အဆင့်နဲ့တောင်မဟုတ်ဘူး . . C1 အဆင့်နဲ့အောင်တာ။ ဘာသာစကားကျွမ်းကျင်မှုရှိိတိုင်းလည်း စာရေးတတ်ဖို့မလွယ်ဘူး။ ဒါကြောင့် ကျွန်တော်ပြင်သစ်စာ မတတ်ခဲ့တာတော့ ဝန်ခံရမယ်။ အမှန်အတိုင်းပြောရရင် လုပ်စားလို့ရပြီဆိုတော့ စာဘက်လိုက်ဖို့ အချိန်မပေးနိုင်တော့ဘူး"
.
.
. ကိုစိုင်းသူထောက်ပြတာသိပ်စိတ်ဝင်စားဖို့ကောင်းပါတယ်။ စကားနဲ့စာ၊ စာနဲ့စကား၊ ကံဆိုးခြင်းနဲ့ကံကောင်းခြင်း၊ ဒင်္ဂါးတစ်ပြားရဲ့ ခေါင်း နဲ့ ပန်း၊ စာပေကျွမ်းကျင်မှု နဲ့ စကားပြောကျွမ်းကျင်မှု၊ လူ့ဘဝဇာတ်ခုံ နဲ့ ပြင်သစ်ကဇာတ်ရုံ . . အစကနေအဆုံး ဇာတ်လမ်းကမပြီးသေးပါဘူး။ အခုမှ စမလို့လုပ်နေတုန်းဆိုတာ ကိုစိုင်းသူရဲ့စကားအသွားအလာကိုကြည့်ရင်း ကျွန်တော်မှန်းဆနေမိပါတော့တယ်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 02-22-2018
.
.
ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)

. "သုခဘံုမွာဒုကၡေရာက္တဲ႕ပါရီငရဲသားတစ္ေယာက္အေၾကာင္း။ A Prisoner in Paradise (9)"
။။။။။ ကြ်န္ေတာ္မသြားႏုိင္ဘူး - I can't go. ။။။။။
. "မိခင္ျမန္မာႏိုင္ငံကိုစြန္႕ခြာလာတဲ႕ ဘယ္လုိျပည္ခ်စ္သားမဆို ေငြသား ျပည္႕ျပည္႕စံုစံုမပါလာရင္သာ ရွိမယ္ . . တူညီတဲ႕အျမင္တစ္ခုေတာ႕ ကိုယ္စီပါလာၾကတယ္။ အဲဒါကေတာ႕ " ႏို္င္ငံျခားကိုသိပ္အထင္ၾကီးတဲ႕စိတ္ဓါတ္ဘဲ" တကယ္ဒီဘက္တုိင္းျပည္ကုိေရာက္လာျပီဆိုရင္ သူတုိ႕ထင္သလို အလုပ္လုပ္ရတာလြယ္သလား? မလြယ္ဘူးလား? ဆိုတာ ၾကံဳမွသိၾကပါလိမ္႕မယ္"
.
. "အထူးသျဖင္႕ ကြ်န္ေတာ႕အတြက္ပိုၾကီးမားတဲ႕စိမ္ေခၚမႈကေတာ႕ ျပင္သစ္ေျမက အဂၤလိပ္စကားမေျပာတဲ႕ႏုိင္ငံျဖစ္ေနတာက အေၾကာင္းရင္းတစ္ခုပါ။ ငယ္ငယ္တုန္းကစာထဲမွာသင္ခဲ႕ရတဲ႕ ကုိလုိနီႏုိင္ငံအမ်ားစု အေၾကာင္းစံု ေပါင္းဆံုေနတဲ႕ ဥေရာပတိုက္ဆိုရင္ ေရႊဘံုၾကီးလို႕ထင္ၾကတယ္။ အမွန္က ကြ်န္ေတာ္က ဒီကုိလာတာမဟုတ္ဘူး။ အေရွ႕ပိုင္းမွာ အခ်ိန္အၾကာၾကီးေျပာျပခဲ႕သလို သေဘၤာသားေလာင္းဘဝကေန ျပင္သစ္မွာ ေရွာဘရားသားျဖစ္သြားရတာ။ ရဲကဖမ္းေတာ႕ သေဘၤာေပၚမွာဖလမ္းဖလမ္းမထႏိုင္ေတာ႕တဲ႕ ဇာတ္ၾကမ္းတိုက္ျဖစ္ရပ္ဆန္းေတြဆိုတာ အမ်ားၾကီးမွ . . အမ်ားၾကီး . ."
.
.
. "တကယ္ေတာ႕ ႏိုင္ငံျခားသြားတယ္ဆိုတာ ကြ်န္ေတာ႕အတြက္ ကိုယ္႕ဘဝကိုကိုယ္ ရိုက္ခ်ိဳးလိုက္တာနဲ႕အတူတူပဲ။ ကုိယ္ေျပာေနက် စကား၊ ကိုယ္အိပ္ေနက် အိပ္ယာ၊ ကုိယ္စားေနက် အစားအစာ နဲ႕ ဘာ . . ညာ . . သာဓကာ ဘယ္အရာမွမရွိေတာ႕တာက အရုိက္ခ်ိဳးခံလိုက္ရတာပဲေပါ႕။ ကုန္းေကာက္စရာမရွိတဲ႕ဘဝဆုိတာ ကြ်န္ေတာ႕ရဲ႕ၾကင္ေဖာ္၊ ျပသနာၾကမ္းတဲ႕ကတၱရာလမ္းဆိုတာ ကြ်န္ေတာ႕အိပ္ယာ၊ မ်က္တြင္းေဟာက္ပက္ နဲ႕ အိပ္ကပ္ေဟာင္းေလာင္းဆိုတာ အျမဲတမ္းအေဖာ္မြန္ . . ဘယ္လိုပင္ ေရႊဘံု ေရႊနန္းျဖစ္ႏုိင္ပါေတာ႕မတုန္း . .?"
.
. "ဒီလိုအခက္အခဲအၾကပ္အတည္းကေန ဘယ္လုိရုန္းကန္ခဲ႕တယ္ဆုိတာကုိ အေသးစိတ္ေျပာျပေနရင္ ႏိုင္ငံျခားထြက္မယ္႕လူငယ္ေတြရဲ႕စိတ္ဓာတ္ကုိ ဘယ္လိုမွအားေပးႏုိင္မယ္မထင္ဘူး။ ဘာပဲေျပာေျပာ ဒါက တကယ္႕ဘဝဘဲေလ။ ေရွာင္လႊဲလို႕မွ မရတာ။ ဒါေပမဲ႕ ကြ်န္ေတာ႕မွာ ရုိးသားတဲ႕စိတ္အခံ ရွိတယ္။ ပြင္႔ပြင္႕လင္းလင္းေျပာတတ္တဲ႕ ေတာင္ေပၚသားတုိ႕ရဲ႕ေဒါသ ရွိတယ္။ အလုပ္အင္မတန္ၾကိဳးစားဖို႕ အျမဲနီေနတဲ႕ ေသြးအဆီေတြ ရွိတယ္။ သိပ္ခက္တဲ႕ျပင္သစ္စကားကို တစ္ေထာက္နားေလ႕လာဖို႕ မေဖာက္ျပားတဲ႕ဝိရိယ နဲ႕ ေတာက္ေလွ်ာက္အင္အားေတြ ရွိေနတယ္။ ဒါေတြကို ကြ်န္ေတာ္ထုတ္သံုးပစ္လိုက္တယ္"
.
.
. "ျပင္သစ္စကားတတ္ခဲ႕ပံုက ကြ်န္ေတာ႕အတြက္ ဆန္းၾကယ္တယ္။ အဓိက အဂၤလိပ္စာကုိအေျခတည္တယ္။ ေနာက္ပိုင္းမွာ ဆင္႕ပြားေတြးယူတယ္။ ျပင္သစ္ေက်ာင္းျပန္တက္ဖို႕ေတာ႕မလြယ္ခဲ႕ဘူးခင္ဗ် . .။ ေက်ာင္းတက္လိုက္ရင္ ထမင္းငတ္သြားႏုိင္တယ္။ အခုလို အေျခမဲ႕ အေနမဲ႕ ကာလတစ္ေလွ်ုာက္မွာ ထမင္းႏွပ္မွန္ေအာင္စားရဖို႕ အလုပ္လုပ္ရမယ္။ ဝင္ေငြမရွိရင္ လမ္းေပၚကေန ေျမာင္းထဲထပ္ဆင္းသြားရလိမ္႕မယ္"
.
. "ကုိညီကို ေျပာစရာတစ္ခု အခုမွသတိရတယ္။ ကြ်န္ေတာ္ ျမန္မာႏိုင္ငံကထြက္ေတာ႕ အိမ္ေထာင္နဲ႕ဗ်။ သမီးတစ္ေယာက္ နဲ႕ သားတစ္ေယာက္က်န္ခဲ႕တယ္။ သူတို႕ေတြက ျမန္မာေက်ာင္းတက္ေနတယ္။ ေနဖို႕ စားဖို႕ နဲ႕ အစစအရာအတြက္ ကြ်န္ေတာ္ေက်ာင္းစားရိတ္ပို႕ေပးရမယ္။ ကြ်န္ေတာ္ထြက္လာျပီးတဲ႕ေနာက္မွာ အေဖ နဲ႕ အေမကလည္း သိပ္ေခ်ာင္လည္တာမဟုတ္ဘူးေလ။ အခု ဒီကုိမေမွ်ာ္လင္႕ပဲ ျပင္သစ္ေျမမွာ ခြင္သစ္မေတြ႕ပဲ အစီအစဥ္ေတြလစ္သြားလို႕ဘယ္ျဖစ္မလဲ . . မဟုတ္ဘူးလား?"
.
.
. "ဒါေၾကာင္႕ ကြ်န္ေတာ႕အေနနဲ႕ ဘာသာစကားသြားသင္ဖို႕ထက္ ဝင္ေငြတစ္ခုရွိျပီး မိသားစုကိုျပန္ေထာက္ခ်င္တယ္။ ျပီးေတာ႕ ကိုယ္႕မွာပိုင္တာဘာမွမရွိ၊ ေနစရာမရွိ၊ ဘာအရင္းအႏွီးမွမရွိေပမဲ႕ ကြ်န္ေတာ႕မွာအသိဥာဏ္ရွိတယ္။ အလုပ္တစ္ခု လုပ္ကုိလုပ္ရမယ္။ ေလွခြက္ခ်ည္းက်န္ေပမဲ႕ အလံအလဲခံလို႕ဘယ္ျဖစ္ပါ႕မလဲ"
.
. "အမွန္က အျပည္ျပည္ဆိုင္ရာၾကက္ေျခနီက ကြ်န္ေတာ႕ကို နယ္ျမိဳ႕ေလးတစ္ျမိဳ႕ျဖစ္တဲ႕ မက္ဗီး - Metz ျမိဳ႕ကို ပို႕ေပးတယ္ဗ်။ သူတုိ႕ရဲ႕အစီအစဥ္ထဲမွာ ရထားလက္မွတ္ပါ ပါျပီးသား။ ပါရီ နဲ႕ လွမ္းေပမယ္႕ ေနာက္ပိုင္းကြ်န္ေတာ္ေနတဲ႕ျမိဳ႕နဲ႕သိပ္မေဝးဘူး။ ေတာေတာင္ေတြဆုိတာ သာယာလိုက္တာ။ ေတာင္ေကြ႕လမ္းေတြနဲ႕ အနိမ္႕၊ အျမင္႕၊ အတက္၊ အဆင္း ေခ်ာက္ကမ္းပါးေတြနဲ႕ ေတာင္ေပၚရွမ္းရိုးမက ကားလမ္းေတြကို သတိရလုိက္တာဗ်ာ . .။ ဒါေပမဲ႕ . ."
.
.
. "မသြားခင္တစ္ရက္အလိုမွာ ၾကက္ေျခနီရံုးခန္းကိုသြားျပီး လက္မွတ္ကို ကြ်န္ေတာ္ျပန္အပ္လိုက္တယ္။ အဲဒီအခ်ိန္ ျပင္သစ္စကားက မတတ္ေသးဘူးေနာ္။ တရားဝင္ေသာ တရားမဝင္ေသာ နားမလည္ဘူး . . စားေနတဲ႕ပါးစပ္ေတြကပိတ္ထားလို႕မရသလို အိုမင္းလာေနတဲ႕အသက္အရြယ္ကို ဖမ္းတားလို႕ရႏုိင္ေကာင္းတာမဟုတ္ဘူး။ ဒါေၾကာင္႕ ကြ်န္ေတာ႕ရဲ႕တစ္ခုတည္းေသာ ဆက္သြယ္ေရးကိရိယာျဖစ္တဲ႕ အဂၤလိပ္စကားနဲ႕ ၾကက္ေျခနီအဖြဲ႕ကိုေျပာလုိက္တယ္ " I can't go. I need to work. I need to send money to my family" ဆိုျပီးေတာ႕ေပါ႕"
.
. "သူတုိ႕ကထပ္ရွင္းျပတယ္ "စာရြက္မရွိပဲ မင္းအလုပ္လုပ္လို႕မရဘူးေနာ္" ဆိုတာကတစ္မ်ိဳး၊ "လက္မွတ္အပ္ျပီး ေဟာ္တယ္မွာ မင္း ဆက္ေနလို႕မရဘူးေနာ္" လို႕က တဖံု၊ ဒါဆို ကြ်န္ေတာ္လမ္းေဘးမွာျပန္သြားအိပ္ရေတာ႕မွာလား? ဘုရား . . ဘုရား . . ဘုရား . ."
.
.
. "အလုပ္ဟူသမွ်ဂုဏ္ရွိစြ" ၊ "အခ်ိန္နဲ႕ဒီေရသည္လူကိုမေစာင္႕" ၊ "သင္၏ေအာင္ျမင္ျခင္းသည္ ယေန႕အလုပ္တြင္ရွိသည္" ဆိုတဲ႕ စိတ္ဓါတ္ျမွင္႕တင္ေပးတဲ႕စကားပံုေတြ ကြ်န္ေတာ္ေျပာေနမိတယ္။ ကိုစုိင္းသူ မၾကားပါဘူး။ ဘာျဖစ္လို႕လည္းဆိုေတာ႕ စိတ္မေကာင္းျခင္းမ်ားစြာနဲ႕ ကြ်န္ေတာ္တစ္ေယာက္တည္းေျပာေနမိလုိ႕ပါ။ အခက္အခဲေတြၾကားထဲမွာ သူ မၾကားလုိက္ပါဘူး။ ကိုစိုင္းသူ မၾကားလိုက္မိပါဘူး။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
03-08-2018
.
.
Unicode Version:
.
. "သုခဘုံမှာဒုက္ခရောက်တဲ့ပါရီငရဲသားတစ်ယောက်အကြောင်း။ A Prisoner in Paradise (9)"
။။။။။ ကျွန်တော်မသွားနိုင်ဘူး - I can't go. ။။။။။

. "မိခင်မြန်မာနိုင်ငံကိုစွန့်ခွာလာတဲ့ ဘယ်လိုပြည်ချစ်သားမဆို ငွေသား ပြည့်ပြည့်စုံစုံမပါလာရင်သာ ရှိမယ် . . တူညီတဲ့အမြင်တစ်ခုတော့ ကိုယ်စီပါလာကြတယ်။ အဲဒါကတော့ " နို်င်ငံခြားကိုသိပ်အထင်ကြီးတဲ့စိတ်ဓါတ်ဘဲ" တကယ်ဒီဘက်တိုင်းပြည်ကိုရောက်လာပြီဆိုရင် သူတို့ထင်သလို အလုပ်လုပ်ရတာလွယ်သလား? မလွယ်ဘူးလား? ဆိုတာ ကြုံမှသိကြပါလိမ့်မယ်"
.
. "အထူးသဖြင့် ကျွန်တော့အတွက်ပိုကြီးမားတဲ့စိမ်ခေါ်မှုကတော့ ပြင်သစ်မြေက အင်္ဂလိပ်စကားမပြောတဲ့နိုင်ငံဖြစ်နေတာက အကြောင်းရင်းတစ်ခုပါ။ ငယ်ငယ်တုန်းကစာထဲမှာသင်ခဲ့ရတဲ့ ကိုလိုနီနိုင်ငံအများစု အကြောင်းစုံ ပေါင်းဆုံနေတဲ့ ဥရောပတိုက်ဆိုရင် ရွှေဘုံကြီးလို့ထင်ကြတယ်။ အမှန်က ကျွန်တော်က ဒီကိုလာတာမဟုတ်ဘူး။ အရှေ့ပိုင်းမှာ အချိန်အကြာကြီးပြောပြခဲ့သလို သင်္ဘောသားလောင်းဘဝကနေ ပြင်သစ်မှာ ရှောဘရားသားဖြစ်သွားရတာ။ ရဲကဖမ်းတော့ သင်္ဘောပေါ်မှာဖလမ်းဖလမ်းမထနိုင်တော့တဲ့ ဇာတ်ကြမ်းတိုက်ဖြစ်ရပ်ဆန်းတွေဆိုတာ အများကြီးမှ . . အများကြီး . ."
.
.
. "တကယ်တော့ နိုင်ငံခြားသွားတယ်ဆိုတာ ကျွန်တော့အတွက် ကိုယ့်ဘဝကိုကိုယ် ရိုက်ချိုးလိုက်တာနဲ့အတူတူပဲ။ ကိုယ်ပြောနေကျ စကား၊ ကိုယ်အိပ်နေကျ အိပ်ယာ၊ ကိုယ်စားနေကျ အစားအစာ နဲ့ ဘာ . . ညာ . . သာဓကာ ဘယ်အရာမှမရှိတော့တာက အရိုက်ချိုးခံလိုက်ရတာပဲပေါ့။ ကုန်းကောက်စရာမရှိတဲ့ဘဝဆိုတာ ကျွန်တော့ရဲ့ကြင်ဖော်၊ ပြသနာကြမ်းတဲ့ကတ္တရာလမ်းဆိုတာ ကျွန်တော့အိပ်ယာ၊ မျက်တွင်းဟောက်ပက် နဲ့ အိပ်ကပ်ဟောင်းလောင်းဆိုတာ အမြဲတမ်းအဖော်မွန် . . ဘယ်လိုပင် ရွှေဘုံ ရွှေနန်းဖြစ်နိုင်ပါတော့မတုန်း . .?"
.
. "ဒီလိုအခက်အခဲအကြပ်အတည်းကနေ ဘယ်လိုရုန်းကန်ခဲ့တယ်ဆိုတာကို အသေးစိတ်ပြောပြနေရင် နိုင်ငံခြားထွက်မယ့်လူငယ်တွေရဲ့စိတ်ဓာတ်ကို ဘယ်လိုမှအားပေးနိုင်မယ်မထင်ဘူး။ ဘာပဲပြောပြော ဒါက တကယ့်ဘဝဘဲလေ။ ရှောင်လွှဲလို့မှ မရတာ။ ဒါပေမဲ့ ကျွန်တော့မှာ ရိုးသားတဲ့စိတ်အခံ ရှိတယ်။ ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ တောင်ပေါ်သားတို့ရဲ့ဒေါသ ရှိတယ်။ အလုပ်အင်မတန်ကြိုးစားဖို့ အမြဲနီနေတဲ့ သွေးအဆီတွေ ရှိတယ်။ သိပ်ခက်တဲ့ပြင်သစ်စကားကို တစ်ထောက်နားလေ့လာဖို့ မဖောက်ပြားတဲ့ဝိရိယ နဲ့ တောက်လျှောက်အင်အားတွေ ရှိနေတယ်။ ဒါတွေကို ကျွန်တော်ထုတ်သုံးပစ်လိုက်တယ်"
.
.
. "ပြင်သစ်စကားတတ်ခဲ့ပုံက ကျွန်တော့အတွက် ဆန်းကြယ်တယ်။ အဓိက အင်္ဂလိပ်စာကိုအခြေတည်တယ်။ နောက်ပိုင်းမှာ ဆင့်ပွားတွေးယူတယ်။ ပြင်သစ်ကျောင်းပြန်တက်ဖို့တော့မလွယ်ခဲ့ဘူးခင်ဗျ . .။ ကျောင်းတက်လိုက်ရင် ထမင်းငတ်သွားနိုင်တယ်။ အခုလို အခြေမဲ့ အနေမဲ့ ကာလတစ်လျှေုာက်မှာ ထမင်းနှပ်မှန်အောင်စားရဖို့ အလုပ်လုပ်ရမယ်။ ဝင်ငွေမရှိရင် လမ်းပေါ်ကနေ မြောင်းထဲထပ်ဆင်းသွားရလိမ့်မယ်"
.
. "ကိုညီကို ပြောစရာတစ်ခု အခုမှသတိရတယ်။ ကျွန်တော် မြန်မာနိုင်ငံကထွက်တော့ အိမ်ထောင်နဲ့ဗျ။ သမီးတစ်ယောက် နဲ့ သားတစ်ယောက်ကျန်ခဲ့တယ်။ သူတို့တွေက မြန်မာကျောင်းတက်နေတယ်။ နေဖို့ စားဖို့ နဲ့ အစစအရာအတွက် ကျွန်တော်ကျောင်းစားရိတ်ပို့ပေးရမယ်။ ကျွန်တော်ထွက်လာပြီးတဲ့နောက်မှာ အဖေ နဲ့ အမေကလည်း သိပ်ချောင်လည်တာမဟုတ်ဘူးလေ။ အခု ဒီကိုမမျှော်လင့်ပဲ ပြင်သစ်မြေမှာ ခွင်သစ်မတွေ့ပဲ အစီအစဉ်တွေလစ်သွားလို့ဘယ်ဖြစ်မလဲ . . မဟုတ်ဘူးလား?"
.
.
. "ဒါကြောင့် ကျွန်တော့အနေနဲ့ ဘာသာစကားသွားသင်ဖို့ထက် ဝင်ငွေတစ်ခုရှိပြီး မိသားစုကိုပြန်ထောက်ချင်တယ်။ ပြီးတော့ ကိုယ့်မှာပိုင်တာဘာမှမရှိ၊ နေစရာမရှိ၊ ဘာအရင်းအနှီးမှမရှိပေမဲ့ ကျွန်တော့မှာအသိဉာဏ်ရှိတယ်။ အလုပ်တစ်ခု လုပ်ကိုလုပ်ရမယ်။ လှေခွက်ချည်းကျန်ပေမဲ့ အလံအလဲခံလို့ဘယ်ဖြစ်ပါ့မလဲ"
.
. "အမှန်က အပြည်ပြည်ဆိုင်ရာကြက်ခြေနီက ကျွန်တော့ကို နယ်မြို့လေးတစ်မြို့ဖြစ်တဲ့ မက်ဗီး - Metz မြို့ကို ပို့ပေးတယ်ဗျ။ သူတို့ရဲ့အစီအစဉ်ထဲမှာ ရထားလက်မှတ်ပါ ပါပြီးသား။ ပါရီ နဲ့ လှမ်းပေမယ့် နောက်ပိုင်းကျွန်တော်နေတဲ့မြို့နဲ့သိပ်မဝေးဘူး။ တောတောင်တွေဆိုတာ သာယာလိုက်တာ။ တောင်ကွေ့လမ်းတွေနဲ့ အနိမ့်၊ အမြင့်၊ အတက်၊ အဆင်း ချောက်ကမ်းပါးတွေနဲ့ တောင်ပေါ်ရှမ်းရိုးမက ကားလမ်းတွေကို သတိရလိုက်တာဗျာ . .။ ဒါပေမဲ့ . ."
.
.
. "မသွားခင်တစ်ရက်အလိုမှာ ကြက်ခြေနီရုံးခန်းကိုသွားပြီး လက်မှတ်ကို ကျွန်တော်ပြန်အပ်လိုက်တယ်။ အဲဒီအချိန် ပြင်သစ်စကားက မတတ်သေးဘူးနော်။ တရားဝင်သော တရားမဝင်သော နားမလည်ဘူး . . စားနေတဲ့ပါးစပ်တွေကပိတ်ထားလို့မရသလို အိုမင်းလာနေတဲ့အသက်အရွယ်ကို ဖမ်းတားလို့ရနိုင်ကောင်းတာမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော့ရဲ့တစ်ခုတည်းသော ဆက်သွယ်ရေးကိရိယာဖြစ်တဲ့ အင်္ဂလိပ်စကားနဲ့ ကြက်ခြေနီအဖွဲ့ကိုပြောလိုက်တယ် " I can't go. I need to work. I need to send money to my family" ဆိုပြီးတော့ပေါ့"
.
. "သူတို့ကထပ်ရှင်းပြတယ် "စာရွက်မရှိပဲ မင်းအလုပ်လုပ်လို့မရဘူးနော်" ဆိုတာကတစ်မျိုး၊ "လက်မှတ်အပ်ပြီး ဟော်တယ်မှာ မင်း ဆက်နေလို့မရဘူးနော်" လို့က တဖုံ၊ ဒါဆို ကျွန်တော်လမ်းဘေးမှာပြန်သွားအိပ်ရတော့မှာလား? ဘုရား . . ဘုရား . . ဘုရား . ."
.
.
. "အလုပ်ဟူသမျှဂုဏ်ရှိစွ" ၊ "အချိန်နဲ့ဒီရေသည်လူကိုမစောင့်" ၊ "သင်၏အောင်မြင်ခြင်းသည် ယနေ့အလုပ်တွင်ရှိသည်" ဆိုတဲ့ စိတ်ဓါတ်မြှင့်တင်ပေးတဲ့စကားပုံတွေ ကျွန်တော်ပြောနေမိတယ်။ ကိုစိုင်းသူ မကြားပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ စိတ်မကောင်းခြင်းများစွာနဲ့ ကျွန်တော်တစ်ယောက်တည်းပြောနေမိလို့ပါ။ အခက်အခဲတွေကြားထဲမှာ သူ မကြားလိုက်ပါဘူး။ ကိုစိုင်းသူ မကြားလိုက်မိပါဘူး။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
03-08-2018
.
.
ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)
. "သုခဘံုမွာဒုကၡေရာက္တဲ႕ပါရီငရဲသားတစ္ေယာက္အေၾကာင္း။ A Prisoner in Paradise (10)"
။။။။။ ေရာင္စံုကမၻာ ပါရီရဲ႕ေန႕ ပါရီရဲ႕ည ။။။။။

. "ဒုကၡဟာ ဘယ္ေတာ႕မွ တစ္ကိုယ္တည္းမလာဘူး" ဆုိတာ ကြ်န္ေတာ္ ေမာင္စိုင္းသူအတြက္ေတာ႕ ျပင္သစ္ေျမေပၚမွာသိပ္မွန္တယ္လို႕ေျပာရလိမ္႕မယ္။ အမွန္က ဘယ္ေျမေပၚမွာမဆုိ ကြ်န္ေတာ္ဘာလုပ္လုပ္သိပ္ကံေကာင္းခဲ႕တာမဟုတ္ပါ။ ကမၻာ႕ၾကက္ေျခနီကခ်ေပးတဲ႕ျမိဳ႕ကုိလုိက္သြားရင္ ဘာေတြဆက္ျဖစ္ေနမယ္မသိဘူး . . အခု နာမယ္ၾကီးျပီး နတ္ဘံုတမွ်ခမ္းနားလွပါတယ္ဆုိတဲ႕ ပါရီျမိဳ႕မွာေတာ႕ ေသာက္ေသာက္စားစားလူမင္းသားေတြၾကားမွာ ေမွာက္ေမွာက္မွားမွားဒုကၡေတြမ်ားတဲ႕ ျမန္မာႏုိင္ငံကလူပါးတစ္ေယာက္ရဲ႕ဘဝက ဒီလိုပါဗ်ား . ."
.
. "အေျခမဲ႕၊ အေနမဲ႕၊ အိပ္ယာမဲ႕တဲ႕ဘဝကဘယ္လုိဆုိတာ ကြ်န္ေတာ္ေကာင္းေကာင္းသိတယ္။ ဒီတစ္ေခါက္ေတာ႕ ထပ္အေရာက္မခံႏုိင္ေတာ႕တာေၾကာင္႕ ပါရီျမိဳ႕ ျမန္မာဘုန္းၾကီးေက်ာင္းက ေက်ာင္းထိုင္ဆရာေတာ္အရွင္ကုမာရ ကို အေၾကာင္းစံုေလွ်ာက္တင္ေတာ႕ ကူညီတတ္တဲ႕ျမန္မာတစ္ေယာက္ေတာ႕ရွိတယ္ . . ဖုန္းဆက္ၾကည္႕လုိက္ . . ဆုိေတာ႕ ကြ်န္ေတာ္ခ်က္ခ်င္းပဲ ဖုန္းထေခၚလိုက္တယ္"
.
.
. "ဆရာေတာ္ရဲ႕ဆက္သြယ္ေပးမႈအရ (ေက်းဇူးရွိတဲ႕) ကုိဝင္းေမာင္ဦး ကို အဆက္အသြယ္ရျပီး သူက ဖူက်င္႕တရုတ္လူမ်ိဳးေတြေနတဲ႕ တန္းလ်ားတစ္ခုကုိဖုန္းထပ္ဆက္ေပးတယ္။ အဲဒီေနရာက စာရြက္မရွိသူေတြ စုေနတဲ႕ က်ဴးေက်ာ္ရပ္ကြက္ဆန္ဆန္တုိက္ခန္းငယ္ေလးထဲမွာ "သာဖူး" လို႕ေခၚတဲ႕ Room Sharing ေနၾကတဲ႕ မီးျခစ္ဆံဗူးသာသာအခန္းေလးေတြ။ ေျခခ်ဖို႕မလြယ္တဲ႕ အခန္းက်ဥ္းေလးထဲက နံရံကပ္ေနတဲ႕ ႏွစ္ထပ္ကုတင္ (၄) လံုးကုိ ပူးပူးကပ္ကပ္ျမင္လိုက္ရေတာ႕ ခါးသီးရဦးမယ္႕ဘဝဆုိတာ ကြ်န္ေတာ္ေကာင္းေကာင္းရိပ္မိသြားတယ္"
.
. "ဘယ္တတ္ႏုိင္မလဲေလ . . ဟုိေကြ႕မွာတုန္းက ဟုိတက္နဲ႕ေလွာ္ခဲ႕သလို ဒီအေကြ႕မွာ ဒီတက္နဲ႕ေလွာ္ရေတာ႕မွာေပါ႕။ အခန္းရတာ ကံေကာင္း . .။ တစ္လကို ယူရို (၂ဝဝ) ေပးရတဲ႕အခန္းထဲက လူ (၈) ေယာက္ ကိုယ္စီကုိယ္ငွ သည္းညည္းခံေက်ာခ်ၾကရတယ္။ အိပ္ခန္း နဲ႕ မီးဖိုေခ်ာင္ရွိတဲ႕ေနရာမွာ အိမ္ရွင္မိသားစုရွိေသးတယ္ . . သူတုိ႕က (၆) ေယာက္ . . အားလံုးျပြတ္သိပ္ေနရတယ္"
.
.
. "(၁၃) ရပ္ကြက္ တရုတ္တန္းဆိုေတာ႕ သိတဲ႕အတုိင္းပဲ . . ဆူညံပြက္ေလာရုိက္သမွ် ေအာက္ကုိဆင္းလုိက္တာနဲ႕ အိုးသံ၊ ဒန္ခြက္သံ၊ ဒယ္အုိးသံေတြ စံုစံုစီစီ တုန္တုန္ရီရီ အကုန္ၾကားရျပန္ေရာ။ ေက်းဇူးတင္ရတာက ျမန္မာဘုန္းၾကီး နဲ႕ ကိုယ္ေတာ္စြန္႕လိုက္တဲ႕ တန္ဖိုးမျဖတ္ႏုိင္တဲ႕ သြားတုိက္တံ နဲ႕ သြားတုိက္ေဆး"
.
. "ျပင္သစ္ျပည္ ပါရီျမိဳ႕ရဲ႕ထူးျခားခ်က္တစ္ခုကေတာ႕ ျမိဳ႕လည္ေခါင္ပလက္ေဖာင္းေတြမွာ အေရာင္စံုလင္စြာခင္က်င္းထားတဲ႕ေျမျမွဳပ္မိုင္းေတြပါပဲ။ အမွန္က ေျမေပၚမိုင္းဗ် . .။ သူတုိ႕ကုိ ပလက္ေဖာင္းေတြေပၚမွာ အေဝးကပင္ ျမင္ႏုိင္ပါတယ္။ ကြ်န္ေတာ္ေျပာတာကုိ ဒုတိယကမၻာစစ္က က်န္ခဲ႕တဲ႕မိုင္းေတြလို႕ေတာ႕ အျမင္မေစာနဲ႕ဦး . . ေခြးေခ်းပံုေတြဗ် . . ေခြးေခ်းပံုေတြ . ."
.
.
. "အခန္႕မသင္႕ရင္ အရြယ္အစားအမ်ိဳးမ်ိဳးေခြးေတြက ေကာင္းေပ႕ သန္႕ေပ႕ဆိုတဲ႕အထူးျပဳလုပ္ထားတဲ႕ ကာလာစံုေခြးအစာေတြကုိ ပလုတ္ပေလာင္းစားျပီး နတ္ျပည္ရဲ႕လမ္းေတြေပၚမွာ ဆီမီးခြက္ထြန္းသလို ဟုိနားတစ္ကြက္၊ ဒီနားတစ္ကြက္ ပါခ်ထားလုိက္တာ . . အမ်ားအျပား . . ငယ္ငယ္တုန္းက ေျခတစ္ေပါင္က်ိဳးကစားနည္းေလ႕က်င္႕ထားခဲ႕လို႕ေတာ္ေသးတယ္။ တခါတခါမ်ားဆို လာဘ္လာဘက ေကာင္းသလားမေမးနဲ႕ . . တစ္ရက္တည္းကုိ (၃) (၄) ပံု နင္းမိခဲ႕တာ။ သိပ္ကံေကာင္းတဲ႕ေန႕ဆုိ အဲဒီလိုမ်ိဳး . ."
.
. "အဲဒီအခ်ိဳးအေကြ႕ေတြရဲ႕လမ္းေထာင္႕ကေလးကေန ပါရီေရာက္ေရႊျမန္မာေတြနဲ႕ကြ်န္ေတာ္ စသိလာခဲ႕တယ္။ ဘဝဆုိတာ ဆန္းၾကယ္တယ္။ တစ္ခုရဖို႕တစ္ခုမေပးရင္မရသလို တစ္ခုခုျဖစ္ဖို႕ တစ္စံုတစ္ခုကိုမျဖစ္မေနစြန္႕လႊတ္ခုိင္းတတ္တယ္။ ဒီအေနအထားမွာ ကြ်န္ေတ္ာဘာကိုမွအဆံုးရွံဴးမခံႏုိင္ေတာ႕ဘူးေလ"
.
.
. "ျပင္သစ္သတင္းစာမွာပါတဲ႕အလုပ္ေၾကာ္ျငာေတြကိုကြ်န္ေတာ္ဖုန္းဆက္တယ္။ အျပည္ျပည္ဆိုင္ရာတရုတ္လိုႏႈတ္ဆက္နည္း - ေနေကာင္းလား? - နီးေဟာင္ - 你好? ဆိုျပီး အလုပ္လိုက္ရွာတာေပါ႕။ ဒီလိုနဲ႕အလုပ္တစ္ခုစရတယ္။ အလုပ္က ေဆးေက်ာင္းသား၊ မ လိုက္ရတဲ႕အထုတ္ေတြဆုိတာ . . မနည္းမေနာ . .။ ျပင္သစ္ရဲ႕တရားဝင္အလုပ္သမားတစ္ေယာက္လစာက တစ္လကို ယူရုိ (၁၂ဝဝ)။ အဲဒါကုိ ကြ်န္ေတာ္ ယူရုိ (၇၅ဝ) ရတယ္"
.
. "ကြ်န္ေတာ္ကေျပာတယ္ "ငါ ဆူရွီမင္း . . ဆူရွီေကာင္းေကာင္းလိပ္တတ္တယ္" ဆိုတာကုိမရဘူး။ စားေသာက္ဆိုင္အလုပ္အကုန္လုပ္တတ္တယ္ဆုိတာကို သူတုိ႕သိတယ္။ ဒါေပမဲ႕ အလုပ္လုပ္ခြင္႕စာရြက္မရွိလို႕ ကြ်န္ေတာ႕ကုိသူတုိ႕အေရွ႕မထုတ္ရဲဘူး။ အင္မတန္ခ်ိဳးႏွိမ္ျပီး အလုပ္လုပ္ရတယ္။ ေဆးလိုက္ရတဲ႕ စားၾကြင္းစားက်န္ပန္းကန္ေတြ . . ရေတာ႕ ေသာက္ျပားမတန္တဲ႕ပိုက္ဆံ။ ဒါေတာင္ ကြ်န္ေတာ္က ဂ်ပန္မွာ ဆူရွီပညာကုိေကာင္းေကာင္းၾကီးတတ္ခဲ႕တာေနာ္"
.
.
. "အလုပ္ လုိက္ရွာရင္း၊ ပန္းကန္ ေဆးရင္း၊ ေရာင္စံုေခြးေခ်းပံုေတြကုိ ေရွာင္ရင္း၊ တရုတ္မက္ဒရင္းစကား ေျပာရင္း၊ ၾကံဳရာက်ဘမ္းေတြ႕ကရာ စားရင္း အခ်ိန္ (၆) လ ေက်ာ္တဲ႕အထိ အဲဒီအခန္းက်ဥ္းထဲမွာ မႏုိးတစ္ဝက္ အိပ္ရင္း ပါရီရဲ႕ေန႕၊ ပါရီရဲ႕ညေတြကို အိပ္မက္ဆုိးေတြနဲ႕ျဖတ္သန္းခဲ႕တယ္။ ေနာက္အပိုင္းမွာေတာ႕ အလုပ္ခြင္မွာ ျမန္မာအခ်င္းခ်င္း ဘယ္လိုက်ဥ္ၾက၊ ဘယ္လိုေခ်ာင္ထုိးထားၾကတယ္ဆုိတာကုိေျပာျပရဦးမယ္ ကုိညီ . ."
.
. "ဒီကမၻာမွာ သင္ဘယ္ေနရာမွာပဲေနေန ေရာင္စံုမီးေလးေတြထြန္းညွိထားတာျမင္ရမယ္" ဆုိတာက ကုိစုိင္းသူအတြက္မမွန္ေသးေပမဲ႕ ပါရီရဲ႕ေန႕ နဲ႕ ပါရီရဲ႕ညတို႕ဟာ သူ႕အတြက္အေရာင္စံုလင္ျပီး အနံ႕အသက္မ်ိဳးစံုတဲ႕ပလက္ေဖာင္းျဖစ္ခဲ႕တာေတာ႕အမွန္ပါပဲ။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 03-12-2018
.
.
Unicode Version:
.
. "သုခဘုံမှာဒုက္ခရောက်တဲ့ပါရီငရဲသားတစ်ယောက်အကြောင်း။ A Prisoner in Paradise (10)"
။။။။။ ရောင်စုံကမ္ဘာ ပါရီရဲ့နေ့ ပါရီရဲ့ည ။။။။။

. "ဒုက္ခဟာ ဘယ်တော့မှ တစ်ကိုယ်တည်းမလာဘူး" ဆိုတာ ကျွန်တော် မောင်စိုင်းသူအတွက်တော့ ပြင်သစ်မြေပေါ်မှာသိပ်မှန်တယ်လို့ပြောရလိမ့်မယ်။ အမှန်က ဘယ်မြေပေါ်မှာမဆို ကျွန်တော်ဘာလုပ်လုပ်သိပ်ကံကောင်းခဲ့တာမဟုတ်ပါ။ ကမ္ဘာ့ကြက်ခြေနီကချပေးတဲ့မြို့ကိုလိုက်သွားရင် ဘာတွေဆက်ဖြစ်နေမယ်မသိဘူး . . အခု နာမယ်ကြီးပြီး နတ်ဘုံတမျှခမ်းနားလှပါတယ်ဆိုတဲ့ ပါရီမြို့မှာတော့ သောက်သောက်စားစားလူမင်းသားတွေကြားမှာ မှောက်မှောက်မှားမှားဒုက္ခတွေများတဲ့ မြန်မာနိုင်ငံကလူပါးတစ်ယောက်ရဲ့ဘဝက ဒီလိုပါဗျား . ."
.
. "အခြေမဲ့၊ အနေမဲ့၊ အိပ်ယာမဲ့တဲ့ဘဝကဘယ်လိုဆိုတာ ကျွန်တော်ကောင်းကောင်းသိတယ်။ ဒီတစ်ခေါက်တော့ ထပ်အရောက်မခံနိုင်တော့တာကြောင့် ပါရီမြို့ မြန်မာဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်အရှင်ကုမာရ ကို အကြောင်းစုံလျှောက်တင်တော့ ကူညီတတ်တဲ့မြန်မာတစ်ယောက်တော့ရှိတယ် . . ဖုန်းဆက်ကြည့်လိုက် . . ဆိုတော့ ကျွန်တော်ချက်ချင်းပဲ ဖုန်းထခေါ်လိုက်တယ်"
.
.
. "ဆရာတော်ရဲ့ဆက်သွယ်ပေးမှုအရ (ကျေးဇူးရှိတဲ့) ကိုဝင်းမောင်ဦး ကို အဆက်အသွယ်ရပြီး သူက ဖူကျင့်တရုတ်လူမျိုးတွေနေတဲ့ တန်းလျားတစ်ခုကိုဖုန်းထပ်ဆက်ပေးတယ်။ အဲဒီနေရာက စာရွက်မရှိသူတွေ စုနေတဲ့ ကျူးကျော်ရပ်ကွက်ဆန်ဆန်တိုက်ခန်းငယ်လေးထဲမှာ "သာဖူး" လို့ခေါ်တဲ့ Room Sharing နေကြတဲ့ မီးခြစ်ဆံဗူးသာသာအခန်းလေးတွေ။ ခြေချဖို့မလွယ်တဲ့ အခန်းကျဉ်းလေးထဲက နံရံကပ်နေတဲ့ နှစ်ထပ်ကုတင် (၄) လုံးကို ပူးပူးကပ်ကပ်မြင်လိုက်ရတော့ ခါးသီးရဦးမယ့်ဘဝဆိုတာ ကျွန်တော်ကောင်းကောင်းရိပ်မိသွားတယ်"
.
. "ဘယ်တတ်နိုင်မလဲလေ . . ဟိုကွေ့မှာတုန်းက ဟိုတက်နဲ့လှော်ခဲ့သလို ဒီအကွေ့မှာ ဒီတက်နဲ့လှော်ရတော့မှာပေါ့။ အခန်းရတာ ကံကောင်း . .။ တစ်လကို ယူရို (၂ဝဝ) ပေးရတဲ့အခန်းထဲက လူ (၈) ယောက် ကိုယ်စီကိုယ်ငှ သည်းညည်းခံကျောချကြရတယ်။ အိပ်ခန်း နဲ့ မီးဖိုချောင်ရှိတဲ့နေရာမှာ အိမ်ရှင်မိသားစုရှိသေးတယ် . . သူတို့က (၆) ယောက် . . အားလုံးပြွတ်သိပ်နေရတယ်"
.
.
. "(၁၃) ရပ်ကွက် တရုတ်တန်းဆိုတော့ သိတဲ့အတိုင်းပဲ . . ဆူညံပွက်လောရိုက်သမျှ အောက်ကိုဆင်းလိုက်တာနဲ့ အိုးသံ၊ ဒန်ခွက်သံ၊ ဒယ်အိုးသံတွေ စုံစုံစီစီ တုန်တုန်ရီရီ အကုန်ကြားရပြန်ရော။ ကျေးဇူးတင်ရတာက မြန်မာဘုန်းကြီး နဲ့ ကိုယ်တော်စွန့်လိုက်တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သွားတိုက်တံ နဲ့ သွားတိုက်ဆေး"
.
. "ပြင်သစ်ပြည် ပါရီမြို့ရဲ့ထူးခြားချက်တစ်ခုကတော့ မြို့လည်ခေါင်ပလက်ဖောင်းတွေမှာ အရောင်စုံလင်စွာခင်ကျင်းထားတဲ့မြေမြှုပ်မိုင်းတွေပါပဲ။ အမှန်က မြေပေါ်မိုင်းဗျ . .။ သူတို့ကို ပလက်ဖောင်းတွေပေါ်မှာ အဝေးကပင် မြင်နိုင်ပါတယ်။ ကျွန်တော်ပြောတာကို ဒုတိယကမ္ဘာစစ်က ကျန်ခဲ့တဲ့မိုင်းတွေလို့တော့ အမြင်မစောနဲ့ဦး . . ခွေးချေးပုံတွေဗျ . . ခွေးချေးပုံတွေ . ."
.
.
. "အခန့်မသင့်ရင် အရွယ်အစားအမျိုးမျိုးခွေးတွေက ကောင်းပေ့ သန့်ပေ့ဆိုတဲ့အထူးပြုလုပ်ထားတဲ့ ကာလာစုံခွေးအစာတွေကို ပလုတ်ပလောင်းစားပြီး နတ်ပြည်ရဲ့လမ်းတွေပေါ်မှာ ဆီမီးခွက်ထွန်းသလို ဟိုနားတစ်ကွက်၊ ဒီနားတစ်ကွက် ပါချထားလိုက်တာ . . အများအပြား . . ငယ်ငယ်တုန်းက ခြေတစ်ပေါင်ကျိုးကစားနည်းလေ့ကျင့်ထားခဲ့လို့တော်သေးတယ်။ တခါတခါများဆို လာဘ်လာဘက ကောင်းသလားမမေးနဲ့ . . တစ်ရက်တည်းကို (၃) (၄) ပုံ နင်းမိခဲ့တာ။ သိပ်ကံကောင်းတဲ့နေ့ဆို အဲဒီလိုမျိုး . ."
.
. "အဲဒီအချိုးအကွေ့တွေရဲ့လမ်းထောင့်ကလေးကနေ ပါရီရောက်ရွှေမြန်မာတွေနဲ့ကျွန်တော် စသိလာခဲ့တယ်။ ဘဝဆိုတာ ဆန်းကြယ်တယ်။ တစ်ခုရဖို့တစ်ခုမပေးရင်မရသလို တစ်ခုခုဖြစ်ဖို့ တစ်စုံတစ်ခုကိုမဖြစ်မနေစွန့်လွှတ်ခိုင်းတတ်တယ်။ ဒီအနေအထားမှာ ကျွန်တေ်ာဘာကိုမှအဆုံးရှံူးမခံနိုင်တော့ဘူးလေ"
.
.
. "ပြင်သစ်သတင်းစာမှာပါတဲ့အလုပ်ကြော်ငြာတွေကိုကျွန်တော်ဖုန်းဆက်တယ်။ အပြည်ပြည်ဆိုင်ရာတရုတ်လိုနှုတ်ဆက်နည်း - နေကောင်းလား? - နီးဟောင် - 你好? ဆိုပြီး အလုပ်လိုက်ရှာတာပေါ့။ ဒီလိုနဲ့အလုပ်တစ်ခုစရတယ်။ အလုပ်က ဆေးကျောင်းသား၊ မ လိုက်ရတဲ့အထုတ်တွေဆိုတာ . . မနည်းမနော . .။ ပြင်သစ်ရဲ့တရားဝင်အလုပ်သမားတစ်ယောက်လစာက တစ်လကို ယူရို (၁၂ဝဝ)။ အဲဒါကို ကျွန်တော် ယူရို (၇၅ဝ) ရတယ်"
.
. "ကျွန်တော်ကပြောတယ် "ငါ ဆူရှီမင်း . . ဆူရှီကောင်းကောင်းလိပ်တတ်တယ်" ဆိုတာကိုမရဘူး။ စားသောက်ဆိုင်အလုပ်အကုန်လုပ်တတ်တယ်ဆိုတာကို သူတို့သိတယ်။ ဒါပေမဲ့ အလုပ်လုပ်ခွင့်စာရွက်မရှိလို့ ကျွန်တော့ကိုသူတို့အရှေ့မထုတ်ရဲဘူး။ အင်မတန်ချိုးနှိမ်ပြီး အလုပ်လုပ်ရတယ်။ ဆေးလိုက်ရတဲ့ စားကြွင်းစားကျန်ပန်းကန်တွေ . . ရတော့ သောက်ပြားမတန်တဲ့ပိုက်ဆံ။ ဒါတောင် ကျွန်တော်က ဂျပန်မှာ ဆူရှီပညာကိုကောင်းကောင်းကြီးတတ်ခဲ့တာနော်"
.
.
. "အလုပ် လိုက်ရှာရင်း၊ ပန်းကန် ဆေးရင်း၊ ရောင်စုံခွေးချေးပုံတွေကို ရှောင်ရင်း၊ တရုတ်မက်ဒရင်းစကား ပြောရင်း၊ ကြုံရာကျဘမ်းတွေ့ကရာ စားရင်း အချိန် (၆) လ ကျော်တဲ့အထိ အဲဒီအခန်းကျဉ်းထဲမှာ မနိုးတစ်ဝက် အိပ်ရင်း ပါရီရဲ့နေ့၊ ပါရီရဲ့ညတွေကို အိပ်မက်ဆိုးတွေနဲ့ဖြတ်သန်းခဲ့တယ်။ နောက်အပိုင်းမှာတော့ အလုပ်ခွင်မှာ မြန်မာအချင်းချင်း ဘယ်လိုကျဉ်ကြ၊ ဘယ်လိုချောင်ထိုးထားကြတယ်ဆိုတာကိုပြောပြရဦးမယ် ကိုညီ . ."
.
. "ဒီကမ္ဘာမှာ သင်ဘယ်နေရာမှာပဲနေနေ ရောင်စုံမီးလေးတွေထွန်းညှိထားတာမြင်ရမယ်" ဆိုတာက ကိုစိုင်းသူအတွက်မမှန်သေးပေမဲ့ ပါရီရဲ့နေ့ နဲ့ ပါရီရဲ့ညတို့ဟာ သူ့အတွက်အရောင်စုံလင်ပြီး အနံ့အသက်မျိုးစုံတဲ့ပလက်ဖောင်းဖြစ်ခဲ့တာတော့အမှန်ပါပဲ။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 03-12-2018
.
.
ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)
. "သုခဘံုမွာဒုကၡေရာက္တဲ႕ပါရီငရဲသားတစ္ေယာက္အေၾကာင္း။ A Prisoner in Paradise (11)"
။။။။။ လူလူခ်င္းကူညီသင္႕တာ ျမန္မာ ။။။။။

. "ပါရီမွာအလုပ္လုပ္ခဲ႕ပံုကိုေျပာရရင္ "မြန္ၾကီး" အေၾကာင္းမပါလို႕မျပီးဘူးခင္ဗ် . .။ အစပိုင္း လူရာမဝင္တဲ႕အလုပ္ကို လူစဥ္မမီွတဲ႕လစာနဲ႕လုပ္ျပီးတဲ႕ေနာက္ အလုပ္လုပ္ခြင္႕စာရြက္ရလာေတာ႕ တစ္မ်ိဳးတစ္မည္ေျပာင္းလဲလာတယ္ေပါ႕ဗ်ာ။ အလုပ္ရွင္ေတြက စိုင္းသူကုိအေရးလုပ္လာတယ္ . . စိတ္ဝင္စားလာတယ္ . . သူတုိ႕အလုပ္မွာ ကြ်န္ေတာ႕ကို လိုခ်င္လာတယ္။ ဒါေပမဲ႕ လုပ္ခလစာေပးရတာ သက္သာခ်င္တယ္"
.
. "ဘယ္လုိအေခ်ာင္လုိခ်င္တာလဲဆုိေတာ႕ စစခ်င္း တစ္လကို ယူရုိ (၁၆ဝဝ) ေပးမယ္တဲ႕။ တစ္ျခားဆိုင္မွာလုပ္ရင္ ယူရုိ (၂၃ဝဝ) နဲ႕ (၂၅ဝဝ) ၾကားရမယ္ . . ကြာျခားတာက နားရက္ . .။ တစ္ခ်ိဳ႕က တစ္ပတ္ကုိ (၅) ရက္လုပ္ရေပမယ္႕ တစ္ခ်ိဳ႕က (၆) ရက္ ခြဲ လုပ္ရမယ္။ ကြ်န္ေတာ္က ေနစရာ နဲ႕ အလုပ္လုပ္ခြင္႕ပါမစ္ရွိတာကိုသိလို႕ ကမ္းလွမ္းလာတဲ႕အထဲမွာ မြန္ၾကီးလုပ္ေနတဲ႕ Sushi Shop မွာ ယူရုိ (၁၆ဝဝ) ရတယ္ဆုိတာ ေငြအားျဖင္႕နည္းေပမယ္႕ တစ္ပတ္ကို တနဂၤေႏြ (၁) ရက္ နဲ႕ ၾကားရက္ (၁) ရက္ နားရတဲ႕အျပင္ ျမန္မာရွိတဲ႕အတြက္ ေရြးလိုက္မိတယ္"
.
.
. "ဆိုင္ပုိုင္ရွင္က အဂၤလန္ေပါက္ျပင္သစ္လူမ်ိဳး . . သူက အဂၤလိပ္လိုအျမဲေျပာတယ္ . . ဒါေၾကာင္႕ ကြ်န္ေတာ႕အတြက္ သူနဲ႕ဆက္ဆံရတာအဆင္ေခ်ာတယ္။ (၁) ရက္ကုိ ေဆာ္လမြန္ငါး (၆) ေကာင္ ျဖတ္ရတယ္ဗ်ာ . . ဒီေငြ (၁၆ဝဝ) နဲ႕ တန္သလား မတန္သလားစဥ္းစားၾကည္႕ . .။ ျပီးေတာ႕ လက္ရာလွတာလည္းလိုခ်င္ေသးတယ္။ မျဖစ္ေတာ႕ဘူး . . ကြ်န္ေတာ္နည္းလမ္းရွာတယ္။ ဒီေငြနဲ႕ေတာ႕ ကြ်န္ေတာ႕ဘဝရပ္တည္ဖို႕နဲ႕ ျမန္မာႏိုင္ငံကုိေငြျပန္ပို႕ဖုိ႕ မလြယ္ေရးခ် မလြယ္ဘူးေလ။ ဒါေၾကာင္႕ သူေ႒းကုိ တည္႕တည္႕နဲ႕ရွင္းရွင္းပဲေျပာလုိက္တယ္ . ."
.
. "I'll quit or you'll raise my salary" ဆိုျပီးေတာ႕ေပါ႕ . . သိတယ္မလား? . . ေတာင္ေပၚသား ရွင္းရွင္းနဲ႕ဘြင္းဘြင္းပဲ။ ေကြ႕တာေတြ ဝိုက္တာေတြ မရွိဘူး။ လုိရင္းကို တန္းေျပာပစ္တာ . .။ ဒါေတာင္ သူတို႕ေပးထားတဲ႕ေစ်းနဲ႕ (၂) လ လုပ္ေပးျပီးသား။ ခက္တာက အစားေသာက္ကိုအရသာရွိျပီး လွပေအာင္ျပင္ဆင္တတ္တဲ႕ကြ်န္ေတာ႕အရည္အခ်င္းကိုၾကိဳက္ေနေတာ႕ သူေ႒းက ေပးမထြက္ဘူး။ ေငြတိုးေတာင္းတဲ႕ကြ်န္ေတာ႕ကုိစိတ္မဆိုးပဲ ဆက္ေနေပးဖို႕၊ ဆက္လုပ္ေပးဖို႕ေတာင္းဆိုတယ္။ သူက စိတ္မေလွ်ာ႕ပဲ တစ္လ ယူရုိ (၁၈ဝဝ) အထိ တုိးေပးေပမယ္႕ ကြ်န္ေတာ္က ေနပါေစေတာ႕ . . (၂၃ဝဝ) ေပးတဲ႕တရုတ္သူေ႒းဆီသြားလုပ္ေတာ႕မယ္ဆိုေတာ႕ ေနာက္ဆံုး မတိုးေပးလို႕မရေတာ႕တဲ႕အခါ အလုပ္ခ်ိန္တုိးလုပ္ေပးဖို႕ညွိျပန္တယ္"
.
.
. "အသစ္ရတဲ႕လစာအရ အရင္လုပ္ေနက် (၁) ပတ္ကုိ (၃၅) နာရီလုပ္ေနရာကေန (၃၉) နာရီလုပ္ေပးရမယ္။ သူက အစားအေသာက္အျပင္အဆင္ကုိ အျမန္အား နဲ႕ လွလွပပျပင္ဆင္ႏုိင္သူကိုလိုခ်င္ေတာ႕ ကြ်န္ေတာ႕ရဲ႕လုပ္အားကို တန္ရာတန္ေၾကးေပးဝယ္ရတာ သူ မနစ္နာပါဘူး။ ကြ်န္ေတာ႕လုိလူမ်ိဳး သူဘယ္နားမွသြားရွာလို႕မရႏုိင္ဘူး။ အဲဒီမွာ စားဖိုမွဴးလုပ္ေနသူက မြန္ၾကီး"
.
. "မြန္ၾကီး က ကြ်န္ေတာ႕လုိ ဂ်ပန္ျပန္တစ္ေယာက္ပါ။ အလုပ္ကကြ်မ္းသလို အေရွ႕ဖား . . အေနာက္ဖား . . သူေ႒းကုိဖားတာ အကုန္ကြ်မ္းတယ္။ သူေ႒းကုိ အကုန္အစင္အစီရင္ခံရသလို ဦးစီးဦးေဆာင္ရတဲ႕ေနရာမွာေနရတဲ႕အတြက္ မ်က္ႏွာရတယ္။ ကြ်န္ေတာ္က အလုပ္ကုိသာမ်ားမ်ားလုပ္ခ်င္တာ စကားက် သိပ္မေျပာခ်င္ဘူး . . လက္ဝင္လို႕။ မြန္ၾကီးက်ေတာ႕ ေျပာင္းျပန္။ ကုိယ္႕ေရွ႕မွာက် ဟန္ပန္မူယာေတြလုပ္ျပီး ေနာက္ကြယ္က်ေတာ႕ သူေ႒းကို မ်က္ႏွာလိုမ်က္ႏွာရ သြားသြားတုိုင္တယ္။ ဒါ ေယာက္်ားတစ္ေယာက္ရဲ႕အလုပ္လား?"
.
.
. "ဒီ မြန္ၾကီးဆိုတဲ႕လူ အဲဒီလိုျဖစ္သြားတာက သူေ႒းကကြ်န္ေတာ႕ကို တစ္လ ယူရုိ (၂၃ဝဝ) တက္ေပးတဲ႕အခ်ိန္က စတာဘဲ။ သိတယ္မဟုတ္လား . . ျမန္မာအခ်င္းခ်င္းဆုိေတာ႕ ေငြပုိရလာရင္ ေငြတိုတယ္။ အူတိုတယ္။ အလုပ္တုိတယ္။ ေနာက္ေတာ႕ စိတ္ေရာတိုလာတာ အရွင္းၾကီးပဲ"
.
. "ခင္မ်ားဗ်ာ . . ျမန္မာအခ်င္းခ်င္းကူညီဖို႕စိတ္မကူးဘူး . . ေျခထိုးဖို႕ၾကံေနတယ္။ မနာလိုရေအာင္လည္း ခင္မ်ားလစာက က်ဳပ္ထက္ျမင္႕ေနတယ္။ ေယာက္်ားပဲဗ်ာ . . တစ္ခုခုဆုိရင္ မၾကိဳက္ရင္မၾကိဳက္ဘူးေျပာေပါ႕။ လူအခ်င္းခ်င္းကူညီတတ္တဲ႕စိတ္ဓါတ္မ်ိဳး ထားစမ္းပါ။ အခု ခင္မ်ားက မကူညီပဲ ဘာလုပ္ခ်င္တာလဲ . . ေျပာ" လို႕ အိမ္အျပန္လမ္းက ဘတ္စကားေပၚမွာ သူ႕ကုိဒဲ႕ရွင္းေတာ႕ မခံႏုိင္ဘူး . . သူ႕အိမ္မေရာက္ခင္တစ္မွတ္တိုင္အလုိမွာ ဆင္းေျပးေတာ႕တာပါဘဲ"
.
.
. "ဒီေလာက္နဲ႕ကြ်န္ေတာ္ဘယ္ရမလဲ . . သူေ႒းဆီကုိဝင္ျပီး မြန္ၾကီးေျပာတာေတြအမွန္မဟုတ္ဘူးဆိုတာ အဂၤလိပ္လိုရွင္းျပတယ္။ အမွန္က ကြ်န္ေတာ္ဟာ အလုပ္လုပ္တတ္ေနျပီ . . အားလံုးလည္းျပည္႕စံုဖို႕အခ်ိန္တန္ေနျပီ။ သူတုိ႕ေပးတဲ႕လစာေလာက္ကို ဘယ္နားသြားလုပ္လုပ္ . . သိပ္ဂရုစုိက္စရာမလုိေတာ႕ဘူး။ ဒီမွာလုပ္ေနလို႕ နားရက္သာတာပဲရွိတာ။ ကြ်န္ေတာ္ ဒီတစ္ေခါက္ေတာ႕ တကယ္ေျပာျပီ "ကြ်န္ေတာ္ထြက္ေတာ႕မယ္"
.
. စိတ္ဆင္းရဲလို႕မွမျပီးေသး အဆင္ေခ်ာခ်င္လာေတာ႕မလိုလို၊ အဆင္ေခ်ာမယ္လို႕မွမၾကံေသး အလုပ္ကျပဳတ္မလိုလို၊ အေျခက်မယ္လုို႕ၾကံကာရွိေသး အလုပ္ထြက္မလိုလို နဲ႕ ကိုစိုင္းသူရဲ႕ဘဝ၊ ကုိစုိင္းသူရဲ႕အစားအေသာက္ျပင္ဆင္ျခင္းအႏုပညာ၊ မဟုတ္မခံရွင္းလင္းပြင္႕ထြက္တတ္တဲ႕ကုိစုိင္းသူရဲ႕စိတ္သေဘာထားေတြကုိ နားလည္ေအာင္ ကြ်န္ေတာ္အမ်ားၾကီးသင္ယူရပါဦးမယ္။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 03-19-2018
.
.
Unicode Version:
.
. "သုခဘုံမှာဒုက္ခရောက်တဲ့ပါရီငရဲသားတစ်ယောက်အကြောင်း။ A Prisoner in Paradise (11)"
။။။။။ လူလူချင်းကူညီသင့်တာ မြန်မာ ။။။။။

. "ပါရီမှာအလုပ်လုပ်ခဲ့ပုံကိုပြောရရင် "မွန်ကြီး" အကြောင်းမပါလို့မပြီးဘူးခင်ဗျ . .။ အစပိုင်း လူရာမဝင်တဲ့အလုပ်ကို လူစဉ်မမှီတဲ့လစာနဲ့လုပ်ပြီးတဲ့နောက် အလုပ်လုပ်ခွင့်စာရွက်ရလာတော့ တစ်မျိုးတစ်မည်ပြောင်းလဲလာတယ်ပေါ့ဗျာ။ အလုပ်ရှင်တွေက စိုင်းသူကိုအရေးလုပ်လာတယ် . . စိတ်ဝင်စားလာတယ် . . သူတို့အလုပ်မှာ ကျွန်တော့ကို လိုချင်လာတယ်။ ဒါပေမဲ့ လုပ်ခလစာပေးရတာ သက်သာချင်တယ်"
.
. "ဘယ်လိုအချောင်လိုချင်တာလဲဆိုတော့ စစချင်း တစ်လကို ယူရို (၁၆ဝဝ) ပေးမယ်တဲ့။ တစ်ခြားဆိုင်မှာလုပ်ရင် ယူရို (၂၃ဝဝ) နဲ့ (၂၅ဝဝ) ကြားရမယ် . . ကွာျခားတာက နားရက် . .။ တစ်ချို့က တစ်ပတ်ကို (၅) ရက်လုပ်ရပေမယ့် တစ်ချို့က (၆) ရက် ခွဲ လုပ်ရမယ်။ ကျွန်တော်က နေစရာ နဲ့ အလုပ်လုပ်ခွင့်ပါမစ်ရှိတာကိုသိလို့ ကမ်းလှမ်းလာတဲ့အထဲမှာ မွန်ကြီးလုပ်နေတဲ့ Sushi Shop မှာ ယူရို (၁၆ဝဝ) ရတယ်ဆိုတာ ငွေအားဖြင့်နည်းပေမယ့် တစ်ပတ်ကို တနင်္ဂနွေ (၁) ရက် နဲ့ ကြားရက် (၁) ရက် နားရတဲ့အပြင် မြန်မာရှိတဲ့အတွက် ရွေးလိုက်မိတယ်"
.
.
. "ဆိုင်ပိုုင်ရှင်က အင်္ဂလန်ပေါက်ပြင်သစ်လူမျိုး . . သူက အင်္ဂလိပ်လိုအမြဲပြောတယ် . . ဒါကြောင့် ကျွန်တော့အတွက် သူနဲ့ဆက်ဆံရတာအဆင်ချောတယ်။ (၁) ရက်ကို ဆော်လမွန်ငါး (၆) ကောင် ဖြတ်ရတယ်ဗျာ . . ဒီငွေ (၁၆ဝဝ) နဲ့ တန်သလား မတန်သလားစဉ်းစားကြည့် . .။ ပြီးတော့ လက်ရာလှတာလည်းလိုချင်သေးတယ်။ မဖြစ်တော့ဘူး . . ကျွန်တော်နည်းလမ်းရှာတယ်။ ဒီငွေနဲ့တော့ ကျွန်တော့ဘဝရပ်တည်ဖို့နဲ့ မြန်မာနိုင်ငံကိုငွေပြန်ပို့ဖို့ မလွယ်ရေးချ မလွယ်ဘူးလေ။ ဒါကြောင့် သူဋ္ဌေးကို တည့်တည့်နဲ့ရှင်းရှင်းပဲပြောလိုက်တယ် . ."
.
. "I'll quit or you'll raise my salary" ဆိုပြီးတော့ပေါ့ . . သိတယ်မလား? . . တောင်ပေါ်သား ရှင်းရှင်းနဲ့ဘွင်းဘွင်းပဲ။ ကွေ့တာတွေ ဝိုက်တာတွေ မရှိဘူး။ လိုရင်းကို တန်းပြောပစ်တာ . .။ ဒါတောင် သူတို့ပေးထားတဲ့စျေးနဲ့ (၂) လ လုပ်ပေးပြီးသား။ ခက်တာက အစားသောက်ကိုအရသာရှိပြီး လှပအောင်ပြင်ဆင်တတ်တဲ့ကျွန်တော့အရည်အချင်းကိုကြိုက်နေတော့ သူဋ္ဌေးက ပေးမထွက်ဘူး။ ငွေတိုးတောင်းတဲ့ကျွန်တော့ကိုစိတ်မဆိုးပဲ ဆက်နေပေးဖို့၊ ဆက်လုပ်ပေးဖို့တောင်းဆိုတယ်။ သူက စိတ်မလျှော့ပဲ တစ်လ ယူရို (၁၈ဝဝ) အထိ တိုးပေးပေမယ့် ကျွန်တော်က နေပါစေတော့ . . (၂၃ဝဝ) ပေးတဲ့တရုတ်သူဋ္ဌေးဆီသွားလုပ်တော့မယ်ဆိုတော့ နောက်ဆုံး မတိုးပေးလို့မရတော့တဲ့အခါ အလုပ်ချိန်တိုးလုပ်ပေးဖို့ညှိပြန်တယ်"
.
.
. "အသစ်ရတဲ့လစာအရ အရင်လုပ်နေကျ (၁) ပတ်ကို (၃၅) နာရီလုပ်နေရာကနေ (၃၉) နာရီလုပ်ပေးရမယ်။ သူက အစားအသောက်အပြင်အဆင်ကို အမြန်အား နဲ့ လှလှပပပြင်ဆင်နိုင်သူကိုလိုချင်တော့ ကျွန်တော့ရဲ့လုပ်အားကို တန်ရာတန်ကြေးပေးဝယ်ရတာ သူ မနစ်နာပါဘူး။ ကျွန်တော့လိုလူမျိုး သူဘယ်နားမှသွားရှာလို့မရနိုင်ဘူး။ အဲဒီမှာ စားဖိုမှူးလုပ်နေသူက မွန်ကြီး"
.
. "မွန်ကြီး က ကျွန်တော့လို ဂျပန်ပြန်တစ်ယောက်ပါ။ အလုပ်ကကျွမ်းသလို အရှေ့ဖား . . အနောက်ဖား . . သူဋ္ဌေးကိုဖားတာ အကုန်ကျွမ်းတယ်။ သူဋ္ဌေးကို အကုန်အစင်အစီရင်ခံရသလို ဦးစီးဦးဆောင်ရတဲ့နေရာမှာနေရတဲ့အတွက် မျက်နှာရတယ်။ ကျွန်တော်က အလုပ်ကိုသာများများလုပ်ချင်တာ စကားကျ သိပ်မပြောချင်ဘူး . . လက်ဝင်လို့။ မွန်ကြီးကျတော့ ပြောင်းပြန်။ ကိုယ့်ရှေ့မှာကျ ဟန်ပန်မူယာတွေလုပ်ပြီး နောက်ကွယ်ကျတော့ သူဋ္ဌေးကို မျက်နှာလိုမျက်နှာရ သွားသွားတိုုင်တယ်။ ဒါ ယောက်ျားတစ်ယောက်ရဲ့အလုပ်လား?"
.
.
. "ဒီ မွန်ကြီးဆိုတဲ့လူ အဲဒီလိုဖြစ်သွားတာက သူဋ္ဌေးကကျွန်တော့ကို တစ်လ ယူရို (၂၃ဝဝ) တက်ပေးတဲ့အချိန်က စတာဘဲ။ သိတယ်မဟုတ်လား . . မြန်မာအချင်းချင်းဆိုတော့ ငွေပိုရလာရင် ငွေတိုတယ်။ အူတိုတယ်။ အလုပ်တိုတယ်။ နောက်တော့ စိတ်ရောတိုလာတာ အရှင်းကြီးပဲ"
.
. "ခင်များဗျာ . . မြန်မာအချင်းချင်းကူညီဖို့စိတ်မကူးဘူး . . ခြေထိုးဖို့ကြံနေတယ်။ မနာလိုရအောင်လည်း ခင်များလစာက ကျုပ်ထက်မြင့်နေတယ်။ ယောက်ျားပဲဗျာ . . တစ်ခုခုဆိုရင် မကြိုက်ရင်မကြိုက်ဘူးပြောပေါ့။ လူအချင်းချင်းကူညီတတ်တဲ့စိတ်ဓါတ်မျိုး ထားစမ်းပါ။ အခု ခင်များက မကူညီပဲ ဘာလုပ်ချင်တာလဲ . . ပြော" လို့ အိမ်အပြန်လမ်းက ဘတ်စကားပေါ်မှာ သူ့ကိုဒဲ့ရှင်းတော့ မခံနိုင်ဘူး . . သူ့အိမ်မရောက်ခင်တစ်မှတ်တိုင်အလိုမှာ ဆင်းပြေးတော့တာပါဘဲ"
.
.
. "ဒီလောက်နဲ့ကျွန်တော်ဘယ်ရမလဲ . . သူဋ္ဌေးဆီကိုဝင်ပြီး မွန်ကြီးပြောတာတွေအမှန်မဟုတ်ဘူးဆိုတာ အင်္ဂလိပ်လိုရှင်းပြတယ်။ အမှန်က ကျွန်တော်ဟာ အလုပ်လုပ်တတ်နေပြီ . . အားလုံးလည်းပြည့်စုံဖို့အချိန်တန်နေပြီ။ သူတို့ပေးတဲ့လစာလောက်ကို ဘယ်နားသွားလုပ်လုပ် . . သိပ်ဂရုစိုက်စရာမလိုတော့ဘူး။ ဒီမှာလုပ်နေလို့ နားရက်သာတာပဲရှိတာ။ ကျွန်တော် ဒီတစ်ခေါက်တော့ တကယ်ပြောပြီ "ကျွန်တော်ထွက်တော့မယ်"
.
. စိတ်ဆင်းရဲလို့မှမပြီးသေး အဆင်ချောချင်လာတော့မလိုလို၊ အဆင်ချောမယ်လို့မှမကြံသေး အလုပ်ကပြုတ်မလိုလို၊ အခြေကျမယ်လိုု့ကြံကာရှိသေး အလုပ်ထွက်မလိုလို နဲ့ ကိုစိုင်းသူရဲ့ဘဝ၊ ကိုစိုင်းသူရဲ့အစားအသောက်ပြင်ဆင်ခြင်းအနုပညာ၊ မဟုတ်မခံရှင်းလင်းပွင့်ထွက်တတ်တဲ့ကိုစိုင်းသူရဲ့စိတ်သဘောထားတွေကို နားလည်အောင် ကျွန်တော်အများကြီးသင်ယူရပါဦးမယ်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 03-19-2018
.
.

. "သုခဘံုမွာဒုကၡေရာက္တဲ႕ပါရီငရဲသားတစ္ေယာက္အေၾကာင္း။ A Prisoner in Paradise (12)"
။။။။။ ႏိုင္ငံျခားမွာ မျမဲတာက အလုပ္ ။။။။။

. “ဒီေလာက္ခံစားျပီးတဲ႕ေလာကဓံရဲ႕အရသာဟာ ခါးသက္သက္ ခပ္စိမ္းစိ္မ္းရွိေပမယ္႕ သူသင္ေပးတဲ႕သင္ခန္းစာက ကြ်န္ေတာ႕ဘဝကုိေရွ႕ကိုတြန္းတက္သြားဖို႕ အားျဖစ္ေစတာ ဝန္ခံပါတယ္။ အလုပ္ေတြကပင္ပန္းဆင္းရဲတယ္္ဆုိေသာ္လည္း ဘဝအသိအတြက္ေက်နပ္ရတယ္။ အက်ဥ္းအၾကပ္ထဲမွာေနရခက္ေပမယ္႕ သင္ယူရရွိတဲ႕ အတတ္ပညာေတြအတြက္ေျဖသာရျပန္တယ္။ ဒါေတြကုိလက္ေတြ႕အေျခအေနမွန္တစ္ခုမွာထည္႕သြင္းအသံုးခ်သြားရင္ တစ္ေန႕ေတာ႕ေအာင္ျမင္ေတာ႕မယ္ဆုိတာ ကြ်န္ေတာ္သိေနပါျပီ”
.
. “ျမန္မာအခ်င္းခ်င္းမကူညီတဲ႕အျပင္ေျခထုိးတတ္တဲ႕ျမန္မာစားဖိုမွဴးရွိတဲ႕အလုပ္ကေနထြက္ျပီးတဲ႕ေနာက္ ကြ်န္ေတာ႕ကုိုတရုတ္ဆိုင္ကလွမ္းေခၚတယ္။ တစ္ခါတည္း စားဖိုမွဴးေနရာ တန္းေပးတယ္။ သူတုိ႕ကလည္း ဆုိင္သစ္ေထာင္တာ . . ကြ်န္ေတာ္ကလည္း ရာထူးအသစ္နဲ႕ အတူတူတြဲဖက္လုပ္ေဆာင္သြားရဖို႕လမ္းစေပၚလာတယ္”
.
.
. “ဒီအစားအေသာက္ေလးစားေကာင္းတယ္ . . ဒီ မီ ႏ်ဴးေလးဆုိရင္ ဘယ္လိုလဲ . . စသျဖင္႕ ဆုိင္ပုိင္ရွင္နဲ႕ညွိႏိႈင္းမီႏူးဆြဲျပီး စားေသာက္ဆိုင္သစ္တစ္ခုကုိ အေျခခံအုတ္ျမစ္ကေနျပန္တည္ေဆာက္တယ္။ သူမ်ားေတြအခ်ိန္အၾကာၾကီးယူျပီးလုပ္မွေအာင္ျမင္တဲ႕လုပ္ငန္းကို တရုတ္ဆုိင္မွာ ကြ်န္ေတာ႕လက္စြမ္း၊ ကြ်န္ေတာ႕ရဲ႕စီမံမႈနဲ႕ (၆) လ ဆိုရင္ အေတာ္လူဝင္ေနျပီ။ လုပ္ငန္းလည္ပတ္ေနျပီ။ တရုတ္ၾကီးက ျပံဳးလို႕ ရႊင္လို႕။ မျပံဳးႏုိင္တာက တစ္ေယာက္ေတာ႕ ရွိေနေသးတယ္။”
.
. “ပါရီ ရဲ႕ ရပ္ကြက္ (၄) မွာ ဖ်ံက်တာခံလိုက္ရတယ္လို႕ ခံစားရတာက ကြ်န္ေတာ္ . . စုိင္းသူ။ ဘာျဖစ္လုိ႕လဲဆိုေတာ႕ ဆိုင္ရွင္တရုတ္ေတြက စာရြက္ရွိျပီးသား လုပ္ငန္းကြ်မ္းက်င္တဲ႕ကြ်န္ေတာ႕တစ္ေယာက္ကုိ တစ္လ ယူရုိ (၂၅ဝဝ) နဲ႕ ငွားျပလုိက္တာနဲ႕ ေစ်းသက္သာတဲ႕စာရြက္မရွိသူအမ်ားၾကီးကိုေခၚခိုင္းႏိုင္ဖို႕ တရားဝင္လက္မွတ္ရသလိုျဖစ္သြားတယ္ဆုိတာကုိ ကြ်န္ေတာ္ေနာက္မွသိလာတယ္။ တကယ္ဆိုရင္ေတာ႕ ဒါက သက္သက္မဲ႕ ကြ်န္ေတာ႕ကိုအသံုးခ်တာ။ ကြ်န္ေတာ႕ကုိဗန္းျပျပီး လုပ္စားတာ။ သူတုိ႕ကစားတာကိုမသိတဲ႕ကြ်န္ေတာ္ဟာ အဲဒီဆိုင္မွာ တစ္ႏွစ္ခြဲေလာက္ဆက္တုိက္လုပ္ျဖစ္သြားတယ္”
.
.
. “အဲဒါနဲ႕တစ္ဆက္တည္း ဘာျဖစ္လာသလဲဆိုေတာ႕ ျမန္မာႏုိင္ငံမွာက်န္ခဲ႕တဲ႕ကြ်န္ေတာ႕အမ်ိဳးသမီး၊ သမီး နဲ႕ သားတို႕ကုိ ျပင္သစ္ႏုိင္ငံရဲ႕မိသားစုျပန္လည္ေပါင္းစည္းေရးအစီအစဥ္အရေခၚယူျပည္ဝင္ဖို႕ ကြ်န္ေတာ္တင္ထားတာ က်လာေတာ႕မယ္။ အမႈတြဲအသက္ဝင္ျပီဆုိရင္ ရက္ (၉ဝ) အတြင္း သြားေခၚရမယ္။ ဒါေၾကာင္႕ ပုိက္ဆံစုရင္း တရုတ္သူေ႒းကုိခြင္႕တုိင္တဲ႕အခါ ခြင္႕က (၂) ပတ္ရမယ္ . . (၃) ပတ္ အလြန္ဆံုးဆိုေတာ႕ အဲဒီအလုပ္ကေန ကြ်န္ေတာ္ထြက္စာတင္ရျပန္တယ္”
.
. “ခ်ိန္းထားတဲ႕ဘန္ေကာက္ေလဆိပ္ကေနျပန္စီးလာရင္း ကြ်န္ေတာ္တို႕ (၄) ေယာက္ရဲ႕မိသားစုဘဝဟာ တစ္ဖန္ျပန္လည္သက္ဝင္လႈပ္ရွားလာတယ္။ ရွိတဲ႕ပုိက္ဆံေတြအကုန္ကုန္သြားေပမယ္႕ မိသားစုဘဝနဲ႕ေပးရတဲ႕အခ်ိန္ေတြကုိမလဲႏုိင္ဘူး။ ဒါေပမဲ႕ ပါရီကုိျပန္ေရာက္ေတာ႕ ကြ်န္ေတာ႕မွာ အလုပ္မရွိေတာ႕ဘူး။ အဲဒီအခ်ိန္မွာ အသံသဲ႕သဲ႕ၾကားလိုက္တယ္ . . အာရပ္ဆိုင္မွာအလုပ္ေခၚေနတယ္”
.
.
. “ေန႕ခင္းမွာမိသားစုနဲ႕ေနျပီး ညပုိင္းအလုပ္ဆင္းလုိ႕ရတဲ႕အခြင္႕အေရးနဲ႕ကုိက္ညီစြာကြ်န္ေတာ႕ကိုအလုပ္ခန္႕လုိက္တာကေတာ႕ အီတလီစားေသာက္ဆုိင္ပါ။ လုပ္ရကိုင္ရတာသိပ္မရွိပဲ ေအးေအးေဆးေဆးေငြရတဲ႕ဆုိင္မ်ိဳး။ စားဖိုေဆာင္မွာလုပ္ေနသူေတြက ဘဂၤလားေဒ႕ရွ္လူမ်ိဳးေတြ။ သူတုိ႕လုပ္တဲ႕ဆူရွီက သိပ္ညစ္ပတ္တယ္။ သူတုိ႕လူမ်ိဳးေတြကဖိအားကိုမခံႏိုင္ဘူး။ ကြ်န္ေတာ္က ဒီထက္ဘာပိုလုပ္ႏုိင္မလဲဆုိတာ အျမဲစဥ္းစားတယ္။ ဘာလုပ္လုပ္ ေစတနာေရွ႕ထားတယ္။ ဘာခ်က္ခ်က္ ေမတၱာဟင္းခတ္မႈန္႕ အျမဲထည္႕ခ်က္တယ္။ ဧည္႕သည္စားမေကာင္းရင္ ကြ်န္ေတာ္စိတ္မေကာင္းဘူး”
.
. “ကေလးေတြေရာက္လာေတာ႕ ကြ်န္ေတာ႕အသံုးစားရိတ္ကတက္လာတယ္။ လကုန္က်ရင္ ကေလးေတြရဲ႕ေမြးေန႕ပြဲလုပ္ေပးခ်င္ေပမယ္႕ လက္ထဲမွာေငြမရွိဘူး။ ဒါေၾကာင္႕ လစာၾကိဳထုတ္တယ္။ ၾကိဳထုတ္ထားတဲ႕လစာျပည္႕တဲ႕အေရွ႕ရက္မွာ စိတ္မေကာင္းစြာပဲ ကြ်န္ေတာ္အလုပ္ထြက္ရျပန္ပါတယ္”
.
. နိမ္႕တံု ျမင္႕တံု သုခဘံုမွာ ေျချငိမ္ေပမယ္႕ ေလမျငိမ္ေသးတဲ႕အလား ေရြ႕လ်ားေနတဲ႕ ဘဝရပ္ဝန္းၾကီးထဲမွာ ကိုစုိင္းသူကုိ ဂရုဏာသက္မိတယ္။ ကြ်န္ေတာ္သူ႕အရည္အခ်င္းကုိယံုတယ္။ သူ႕ရဲ႕ကြ်မ္းက်င္တဲ႕အစားအေသာက္ခ်က္ျပဳတ္ျခင္းအတတ္ပညာက သူ႕ကုိတစ္ရက္ေတာ႕ ေအာင္ျမင္မႈအထြဋ္အထိပ္ကုိပို႕ေပးႏုိင္ရမယ္လို႕ ကြ်န္ေတာ္ျမင္ေနပါတယ္။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 05-03-2018
.
.
Unicode Version:
.
."သုခဘုံမှာဒုက္ခရောက်တဲ့ပါရီငရဲသားတစ်ယောက်အကြောင်း။ A Prisoner in Paradise (12)"
။။။။။ နိုင်ငံခြားမှာ မမြဲတာက အလုပ် ။။။။။

. “ဒီလောက်ခံစားပြီးတဲ့လောကဓံရဲ့အရသာဟာ ခါးသက်သက် ခပ်စိမ်းစိ်မ်းရှိပေမယ့် သူသင်ပေးတဲ့သင်ခန်းစာက ကျွန်တော့ဘဝကိုရှေ့ကိုတွန်းတက်သွားဖို့ အားဖြစ်စေတာ ဝန်ခံပါတယ်။ အလုပ်တွေကပင်ပန်းဆင်းရဲတယ််ဆိုသော်လည်း ဘဝအသိအတွက်ကျေနပ်ရတယ်။ အကျဉ်းအကြပ်ထဲမှာနေရခက်ပေမယ့် သင်ယူရရှိတဲ့ အတတ်ပညာတွေအတွက်ဖြေသာရပြန်တယ်။ ဒါတွေကိုလက်တွေ့အခြေအနေမှန်တစ်ခုမှာထည့်သွင်းအသုံးချသွားရင် တစ်နေ့တော့အောင်မြင်တော့မယ်ဆိုတာ ကျွန်တော်သိနေပါပြီ”
.
. “မြန်မာအချင်းချင်းမကူညီတဲ့အပြင်ခြေထိုးတတ်တဲ့မြန်မာစားဖိုမှူးရှိတဲ့အလုပ်ကနေထွက်ပြီးတဲ့နောက် ကျွန်တော့ကိုုတရုတ်ဆိုင်ကလှမ်းခေါ်တယ်။ တစ်ခါတည်း စားဖိုမှူးနေရာ တန်းပေးတယ်။ သူတို့ကလည်း ဆိုင်သစ်ထောင်တာ . . ကျွန်တော်ကလည်း ရာထူးအသစ်နဲ့ အတူတူတွဲဖက်လုပ်ဆောင်သွားရဖို့လမ်းစပေါ်လာတယ်”
.
.
. “ဒီအစားအသောက်လေးစားကောင်းတယ် . . ဒီ မီ နျူးလေးဆိုရင် ဘယ်လိုလဲ . . စသဖြင့် ဆိုင်ပိုင်ရှင်နဲ့ညှိနှိုင်းမီနူးဆွဲပြီး စားသောက်ဆိုင်သစ်တစ်ခုကို အခြေခံအုတ်မြစ်ကနေပြန်တည်ဆောက်တယ်။ သူများတွေအချိန်အကြာကြီးယူပြီးလုပ်မှအောင်မြင်တဲ့လုပ်ငန်းကို တရုတ်ဆိုင်မှာ ကျွန်တော့လက်စွမ်း၊ ကျွန်တော့ရဲ့စီမံမှုနဲ့ (၆) လ ဆိုရင် အတော်လူဝင်နေပြီ။ လုပ်ငန်းလည်ပတ်နေပြီ။ တရုတ်ကြီးက ပြုံးလို့ ရွှင်လို့။ မပြံုးနိုင်တာက တစ်ယောက်တော့ ရှိနေသေးတယ်။”
.
. “ပါရီ ရဲ့ ရပ်ကွက် (၄) မှာ ဖျံကျတာခံလိုက်ရတယ်လို့ ခံစားရတာက ကျွန်တော် . . စိုင်းသူ။ ဘာဖြစ်လို့လဲဆိုတော့ ဆိုင်ရှင်တရုတ်တွေက စာရွက်ရှိပြီးသား လုပ်ငန်းကျွမ်းကျင်တဲ့ကျွန်တော့တစ်ယောက်ကို တစ်လ ယူရို (၂၅ဝဝ) နဲ့ ငှားပြလိုက်တာနဲ့ စျေးသက်သာတဲ့စာရွက်မရှိသူအများကြီးကိုခေါ်ခိုင်းနိုင်ဖို့ တရားဝင်လက်မှတ်ရသလိုဖြစ်သွားတယ်ဆိုတာကို ကျွန်တော်နောက်မှသိလာတယ်။ တကယ်ဆိုရင်တော့ ဒါက သက်သက်မဲ့ ကျွန်တော့ကိုအသုံးချတာ။ ကျွန်တော့ကိုဗန်းပြပြီး လုပ်စားတာ။ သူတို့ကစားတာကိုမသိတဲ့ကျွန်တော်ဟာ အဲဒီဆိုင်မှာ တစ်နှစ်ခွဲလောက်ဆက်တိုက်လုပ်ဖြစ်သွားတယ်”
.
.
. “အဲဒါနဲ့တစ်ဆက်တည်း ဘာဖြစ်လာသလဲဆိုတော့ မြန်မာနိုင်ငံမှာကျန်ခဲ့တဲ့ကျွန်တော့အမျိုးသမီး၊ သမီး နဲ့ သားတို့ကို ပြင်သစ်နိုင်ငံရဲ့မိသားစုပြန်လည်ပေါင်းစည်းရေးအစီအစဉ်အရခေါ်ယူပြည်ဝင်ဖို့ ကျွန်တော်တင်ထားတာ ကျလာတော့မယ်။ အမှုတွဲအသက်ဝင်ပြီဆိုရင် ရက် (၉ဝ) အတွင်း သွားခေါ်ရမယ်။ ဒါကြောင့် ပိုက်ဆံစုရင်း တရုတ်သူဋ္ဌေးကိုခွင့်တိုင်တဲ့အခါ ခွင့်က (၂) ပတ်ရမယ် . . (၃) ပတ် အလွန်ဆုံးဆိုတော့ အဲဒီအလုပ်ကနေ ကျွန်တော်ထွက်စာတင်ရပြန်တယ်”
.
. “ချိန်းထားတဲ့ဘန်ကောက်လေဆိပ်ကနေပြန်စီးလာရင်း ကျွန်တော်တို့ (၄) ယောက်ရဲ့မိသားစုဘဝဟာ တစ်ဖန်ပြန်လည်သက်ဝင်လှုပ်ရှားလာတယ်။ ရှိတဲ့ပိုက်ဆံတွေအကုန်ကုန်သွားပေမယ့် မိသားစုဘဝနဲ့ပေးရတဲ့အချိန်တွေကိုမလဲနိုင်ဘူး။ ဒါပေမဲ့ ပါရီကိုပြန်ရောက်တော့ ကျွန်တော့မှာ အလုပ်မရှိတော့ဘူး။ အဲဒီအချိန်မှာ အသံသဲ့သဲ့ကြားလိုက်တယ် . . အာရပ်ဆိုင်မှာအလုပ်ခေါ်နေတယ်”
.
.
. “နေ့ခင်းမှာမိသားစုနဲ့နေပြီး ညပိုင်းအလုပ်ဆင်းလို့ရတဲ့အခွင့်အရေးနဲ့ကိုက်ညီစွာကျွန်တော့ကိုအလုပ်ခန့်လိုက်တာကတော့ အီတလီစားသောက်ဆိုင်ပါ။ လုပ်ရကိုင်ရတာသိပ်မရှိပဲ အေးအေးဆေးဆေးငွေရတဲ့ဆိုင်မျိုး။ စားဖိုဆောင်မှာလုပ်နေသူတွေက ဘင်္ဂလားဒေ့ရှ်လူမျိုးတွေ။ သူတို့လုပ်တဲ့ဆူရှီက သိပ်ညစ်ပတ်တယ်။ သူတို့လူမျိုးတွေကဖိအားကိုမခံနိုင်ဘူး။ ကျွန်တော်က ဒီထက်ဘာပိုလုပ်နိုင်မလဲဆိုတာ အမြဲစဉ်းစားတယ်။ ဘာလုပ်လုပ် စေတနာရှေ့ထားတယ်။ ဘာချက်ချက် မေတ္တာဟင်းခတ်မှုန့် အမြဲထည့်ချက်တယ်။ ဧည့်သည်စားမကောင်းရင် ကျွန်တော်စိတ်မကောင်းဘူး”
.
. “ကလေးတွေရောက်လာတော့ ကျွန်တော့အသုံးစားရိတ်ကတက်လာတယ်။ လကုန်ကျရင် ကလေးတွေရဲ့မွေးနေ့ပွဲလုပ်ပေးချင်ပေမယ့် လက်ထဲမှာငွေမရှိဘူး။ ဒါကြောင့် လစာကြိုထုတ်တယ်။ ကြိုထုတ်ထားတဲ့လစာပြည့်တဲ့အရှေ့ရက်မှာ စိတ်မကောင်းစွာပဲ ကျွန်တော်အလုပ်ထွက်ရပြန်ပါတယ်”
.
. နိမ့်တုံ မြင့်တုံ သုခဘုံမှာ ခြေငြိမ်ပေမယ့် လေမငြိမ်သေးတဲ့အလား ရွေ့လျားနေတဲ့ ဘဝရပ်ဝန်းကြီးထဲမှာ ကိုစိုင်းသူကို ဂရုဏာသက်မိတယ်။ ကျွန်တော်သူ့အရည်အချင်းကိုယုံတယ်။ သူ့ရဲ့ကျွမ်းကျင်တဲ့အစားအသောက်ချက်ပြုတ်ခြင်းအတတ်ပညာက သူ့ကိုတစ်ရက်တော့ အောင်မြင်မှုအထွဋ်အထိပ်ကိုပို့ပေးနိုင်ရမယ်လို့ ကျွန်တော်မြင်နေပါတယ်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 05-03-2018









































No comments: