ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, March 19, 2016

အတုယူႏုိင္စရာ အေမရိကန္ႏုိင္ငံ၏ ကူသန္းေရာင္းဝယ္ေရးဝန္ၾကီး႒ာနအေၾကာင္း

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ဒီမိုကေရစီေခတ္ဦးမွာ စံနစ္နဲ႕အုပ္ခ်ဳပ္သူေတြဘယ္လုိေျပာင္းေျပာင္း ခုိင္ခိုင္ျမဲျမဲရွိေနရရံုမက တုိင္းျပည္အတြက္အမာခံအလုပ္လုပ္ေပးမယ္႕ဝန္ၾကီး႒ာနေတြလိုအပ္ပါတယ္။ ဒီထဲမွာ လူေျပာအမ်ားဆံုးနဲ႕ ျပည္သူေတြဒုကၡအေရာက္ဆံုးက ျမန္မာႏုိင္ငံတြင္းကိုလွမ္းၾကည္႕လိုက္ရင္ က်န္းမာေရးဝန္ၾကီး႒ာန နဲ႕ ပညာေရးဝန္ၾကီး႒ာနတုိ႕ရဲ႕အားနည္းခ်က္ေတြက ေအာက္ေျခလူထုကိုအလႈပ္ခတ္ဆုံးျဖစ္သလုိ အမွားမလုပ္လိုက္နဲ႕ တစ္ခုခုဆုိ လူမႈကြန္ယက္ေတြမွာ အတိမ္းအေစာင္းမခံတဲ႕ အေၾကာင္းအရာေတြအျဖစ္ ျမင္လာရပါတယ္။
.
ဒါေပမယ္႕ အခုအခ်ိန္မွာ ႏိုင္ငံတကာ နဲ႕ ႏုိင္ငံအတြင္း ျပည္သူေတြၾကား လူထုရဲ႕စားဝတ္ေနေရးေျပလည္မႈကို ဦးေဆာင္ေမာင္းရြက္ထမ္းတင္ေပးေနတဲ႕ ကူးသန္းေရာင္းဝယ္ေရးအလုပ္အေၾကာင္းကို ထဲထဲဝင္ဝင္ေလ႕လာၾကည္႕ဖို႕ အေရးၾကီးတဲ႕အခ်ိန္ကိုေရာက္လာေနပါျပီ။ ဒီေနရာမွာ သာမန္ျပည္သူေတြအတြက္ မ်က္စိဖြင္႕ နားပြင္႕ေစဖုိ႕ ဖတ္စရာ နဲ႕ ေလ႕လာစရာေနရာေတြနဲ႕ လမ္းညႊန္ခ်က္ေတြကို သိဖို႕ပိုမိုလိုအပ္တာကို သတိျပဳလာမိတဲ႕အခါ အေမရိကန္ႏုိင္ငံရဲ႕ဝန္ၾကီး႒ာန  - Department ေတြထဲက ကူးသန္းေရာင္းဝယ္ေရးဝန္ၾကီး႒ာနအေၾကာင္းကို ေဖာက္သည္ခ်လိုပါတယ္။ ( အေခၚအေဝၚေတြကို အမ်ားဗဟုသုတရေစရန္အလို႕ငွာ အဂၤလိပ္လိုသာ အေလးေပးေရးသားသြားမွာျဖစ္ေၾကာင္း ၾကိဳတင္အသိေပးအပ္ပါတယ္ )

.
.
အေမရိကန္ႏုိင္ငံရဲ႕ ကူးသန္းေရာင္းဝယ္ေရးဝန္ၾကီး႒ာန - Department of Commerce ရဲ႕ အဓိကရည္မွန္းခ်က္အဓိပၸာယ္ဖြင္႕ဆုိခ်က္ - Mission Statement ကေတာ႕ “ စီးပြားေရးတိုးတက္ႏုိင္တဲ႕အခြင္႕အေရးမွန္သမွ်ကိုဖန္တည္းရန္ႏွင္႕လုပ္ပိုင္ႏိုင္ေရးအခြင္႕အလမ္းမ်ားကိုေဖာ္ထုတ္ရန္ ” ဆုိျပီး စထားပါတယ္။ အိုဘာမားအစုိးရမွာ ကူးသန္းေရာင္းဝယ္ေရးဝန္ၾကီး ( အေမရိကားမွာေတာ႕ the Secretary of Commerce လို႕ သံုးပါတယ္ ) က အေမရိကန္ႏုိင္ငံစီးပြားေရးတစ္ခုလံုးရဲ႕ကိုယ္စားျပဳအသံ - the Voice ျဖစ္ပါတယ္။
.
ဒီဝန္ၾကီး႒ာနဟာ စီးပြားေရးလုပ္ငန္းမ်ိဳးစံု၊ တကၠသိုလ္မ်ား၊ လူမႈအဖြဲ႕အစည္းမ်ား နဲ႕ လုပ္သားျပည္သူမ်ားတုိ႕နဲ႕ထိေတြ႕ျပီး အလုပ္အကိုင္မ်ားတိုးတက္လာေစေရးအတြက္ အျမဲဆက္သြယ္မႈရွိပါတယ္။ စီးပြားေရးတိုးတက္ဖို႕သာမက မွန္ကန္ေနတဲ႕စီးပြားေရးလမ္းေၾကာင္းကို အျပစ္အနာအဆာမရွိေအာင္ နဲ႕ အေမရိကန္ျပည္သူေတြ လူတန္းေစ႕ေနထုိင္ႏိုင္တဲ႕ အဆင္႕တစ္ခုမွာ ျမဲျမံေနႏိုင္ေအာင္ ၾကံဆေနတာက ကူးသန္းေရာင္းဝန္ၾကီး႒ာန ျဖစ္ပါတယ္။
.
.
သူ႕မွာ ႒ာနစိတ္ - Bureaus ေပါင္း ( ၁၂ ) ခုရွိျပီး ႏုိင္ငံတြင္းျပည္နယ္ ( ၅ဝ ) ေက်ာ္ နဲ႕ အျပည္ျပည္ဆုိင္ရာႏိုင္ငံေပါင္း ( ၈၆ ) ခု အတြင္းမွာ ဝန္ထမ္းေပါင္း ( ၄၇ဝဝဝ ) ခန္႕အပ္လုပ္ကိုင္ေစပါတယ္။ ဝန္ၾကီး႒ာနမွာလုပ္ကိုင္ေနတဲ႕ လူမ်ိဳး၊ ဘာသာ၊ ေရေျမ၊ အသားအေရ ဘယ္လုိပင္ကြဲျပားေပမယ္႕ အားလံုးတူညီတဲ႕အခ်က္တစ္ခုက အေမရိကန္လူမ်ိဳးတစ္ဦးတစ္ေယာက္ခ်င္းစီရဲ႕အသက္အုိးအိမ္ နဲ႕ အက်ိဳးစီးပြားအတြက္ ပူးေပါင္းေဆာင္ရြက္ေနတယ္လို႕ ဆုိပါတယ္။
.
လူေပါင္းမ်ားစြာထဲမွာ စီးပြားေရးပညာရွင္၊ စီးပြားေရးႏိုဗယ္ဆုရသိပၸံပညာရွင္၊ ႏုိင္ငံရပ္ျခားပညာရွင္၊ မူပိုင္ခြင္႕ေရွ႕ေနေရွ႕ရပ္မ်ား၊ အစိုးရတရားဥပေဒစုိးမုိးေရးအရာရွိမ်ား သာမက အထူးကြ်မ္းက်င္တဲ႕ အျပည္ျပည္ဆုိင္ရာကုန္သြယ္မႈနယ္ပယ္ နဲ႕ အာကာသသိပၸံအင္ဂ်င္နီယာ တို႕ စတဲ႕ ကြဲျပားတဲ႕နယ္ပယ္အသီးသီးက ဆရာ႕ ဆရာ ထိပ္သီးေတြနဲ႕ဖြဲ႕စည္းထားတာျဖစ္ပါတယ္။
.
.
မဟာဗ်ဴဟာရည္မွန္းခ်က္မ်ား - Strategic Goals မွာ အဓိက အလုပ္႒ာန ( ၅ ) ခု ခြဲထားျပန္ပါတယ္။ အဲဒါေတြကေတာ႕ …
.
၁.. ကုန္သြယ္ေရးႏွင္႕ရင္းႏွီးျမွဳပ္ႏွံမႈ - Trade and Investment
.
၂.. ဆန္းသစ္တီထြင္မႈ - Innovation
.
၃.. ပတ္ဝန္းက်င္ - Environment
.
၄.. အခ်က္အလက္မ်ား - Data နဲ႕
.
၅.. လုပ္ငန္းလည္ပတ္မႈဆိုင္ရာစြမ္းရည္ထက္ျမက္မႈ - Operational Excellence စတာတို႕ ျဖစ္ၾကပါတယ္။
အေသးစိတ္ဆက္ေျပာရရင္ ..
.
.
။။။။။။။။။။ -------- ။။။။။။။။။။
Trade and Investment
။။။။။။။။။။ -------- ။။။။။။။။။။
ဒီက႑ရဲ႕အဓိကလုပ္ေဆာင္ခ်က္ေတြက အေမရိကန္စီးပြားေရးကိုခ်ဲ႕ထြင္ဖို႕ျဖစ္ပါတယ္။ ပို႕ႏုိင္သမွ်ပို႕ကုန္ေတြကေန ႏိုင္ငံျခားေငြရွာဖို႕ နဲ႕ တိုက္ရိုက္ရင္းႏွီးျမွဳပ္ႏွံသူ - Direct Investment သမားေတြကိုဖိတ္ေခၚျပီး အေမရိကန္ႏုိင္ငံသားေတြ အလုပ္အကိုင္ပိုမုိရရွိေအာင္ ေဆာင္ရြက္ေနတာ ျဖစ္ပါတယ္။
.
သူတုိ႕ လက္ရွိလုပ္ေနတဲ႕ လုပ္ငန္းေဆာင္တာ ( ၄ ) ခု က ျမန္မာႏုိင္ငံအစုိးရသစ္အတြက္ အတုယူစရာပါ။ အဲဒီအခ်က္ေတြကေတာ႕ ( က ) ေစ်းကြက္ကို ကမၻာအထိဖြင္႕ပါ - Open Markets Globally ( ခ ) ပုိ႕ကုန္မ်ားေအာင္လုပ္ပါ - Increase Exports ( ဂ ) တုိးတက္မႈျမန္ဆန္ျပီးထိေရာက္မႈရွိတဲ႕ႏုိင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈကိုျမင္႕တင္ပါ - Increase High-Impact Foreign Direct Investment ( ဃ ) မွ်တတဲ႕ယွဥ္ျပိဳင္မႈနဲ႕ႏုိင္ငံတကာကုန္သြယ္ေရးကိုအားေကာင္းေအာင္လုပ္ပါ - Strengthen Fair Competition in International Trade တုိ႕ကို ေလ႕လာႏိုင္ပါတယ္။
.
.
။။။။။ --- ။။။။။
Innovation
။။။။။ --- ။။။။။
ဒီေနရာမွာ Innovation ရဲ႕အဓိပၸာယ္ကို အနည္းငယ္ရွင္းျပလိုပါတယ္။ တီထြင္တာကုိ Invent လို႕သံုးျပီး အေဟာင္းေတြထဲကမွ ထူးျခားတဲ႕နည္းပညာေတြေပါင္းစပ္ျပီး လမ္းေၾကာင္းအသစ္နဲ႕အဆင္႕ျမင္႕တင္တာကုိ Innovate လုပ္တယ္လို႕ အလြယ္တကူနားလည္ႏိုင္ပါတယ္။
.
သူတုိ႕အစုအဖဲြ႕ရဲ႕အဓိကလုပ္ေဆာင္ခ်က္ေတြကေတာ႕ ဆန္းသစ္တီထြင္တဲ႕အေမရိကန္စီးပြားေရးစံနစ္ကို အျမဲေမြးစားေနရန္၊ အျမဲတီထြင္ေနျပီး ပိုေကာင္းတဲ႕၊ ပိုသစ္လြင္တဲ႕ စီးပြားေရးသံုးကုန္ပစၥည္းေတြ နဲ႕ ကုန္ပစၥည္းပုိထြက္ႏုိင္ျပီး ျပိဳင္ဘက္ေတြကို ပုခံုးခ်င္းယွဥ္ႏုိင္တဲ႕ နည္းပညာေတြထည္႕သြင္းအသံုးျပဳရန္ စတာတုိ႕ ထူးျခားပါတယ္။
.
သူတုိ႕မွာ မူဝါဒ ( ၄ ) ခု ထပ္ခြဲထားျပီး ျမန္မာအစုိးရသစ္အတြက္ အတုယူစရာအခ်က္ေတြ ပါဝင္ပါတယ္။ အဲဒါေတြကေတာ႕ ( က ) ကုန္ပစၥည္းထုတ္လုပ္မႈကိုအရွိန္ျမင္႕ေဆာင္ရြက္ရန္ - Accelerate Advanced Manufacturing ( ခ ) ႏိုင္ငံရဲ႕ဒစ္ဂ်စ္တယ္စီးပြားေရးကိုအားေကာင္းေအာင္ေဆာင္ရြက္ရန္ - Strengthen the Nation’s Digital Economy ( ဂ ) ဆင္႕ပြားတီထြင္မႈေဂဟစံနစ္မ်ားကိုခ်ိတ္ဆက္ေပးရန္ - Catalyze Innovation Ecosystems နဲ႕ ( ဃ ) အရည္အေသြးျမွင္႕တင္ေရးႏွင္႕လုပ္ငန္းခြင္အင္အားတုိးတက္မႈကိုခ်ဲ႕ထြင္ရန္ - Spread Best Practices in Skills and Workforce Development တုိ႕ကို အေသးစိတ္ထည္႕သြင္းစဥ္းစားႏုိင္ပါတယ္။
.
.
။။။။။။ ----- ။။။။။။
Environment
။။။။။။ ----- ။။။။။။
ဒီ႒ာနရဲ႕ေခါင္းစဥ္ေအာက္မွာ ကမၻာၾကီးကုိမျဖစ္မေနကာကြယ္ရမယ္လို႕ သူတို႕မဆိုလုိပါဘူး။ ဒါေပမယ္႕ တတ္ႏို္င္သေလာက္ စႏုိင္တဲ႕ေနရာကေန စျပီးကာကြယ္ရမယ္ဆုိတဲ႕ အဓိပၸာယ္ ပါပါတယ္။ သူတို႕ဟာ လူမႈအဖြဲ႕အစည္းမ်ားနဲ႕ စီးပြားေရးအသိုင္းအဝုိင္းေတြအတြက္ လုိအပ္တဲ႕သတင္းအခ်က္အလက္ေတြရရွိဖို႕၊ ထြက္ကုန္ေတြဟာ ပတ္ဝန္းက်င္ကုိအက်ိဳးျပဳဖုိ႕ နဲ႕ ထုတ္ေပးလိုက္တဲ႕ဝန္ေဆာင္မႈလုပ္ငန္းေတြဟာ မိမိပတ္ဝန္းက်င္ကိုထိန္းသိမ္းတတ္ေစဖို႕ ထိန္းေက်ာင္းေပးမွာပါ။
.
သူတုိ႕ရဲ႕ရည္မွန္းခ်က္ေတြထဲမွာ သံယံဇာတ ျပဳတ္ျပဳတ္ျပဳန္းေနျပီျဖစ္တဲ႕ ျမန္မာႏိုင္ငံအတြက္ ရင္နာစရာအခ်က္ေတြပါပါတယ္။ အေသးစိတ္ဆိုရင္ေတာ႕  ( က ) ပတ္ဝန္းက်င္ေျပာင္းလဲမႈကုိ အဆင္႕ျမင္႕စြာနားလည္ေစရန္ - Advance Understanding of Environment Change ( ခ ) ရာသီဥတုကုိၾကိဳတင္ရင္ဆုိင္ႏုိင္တဲ႕တိုင္းျပည္အျဖစ္ထူေထာင္ရန္ -  Build A Weather-Ready Nation ( ဂ ) တံု႕ျပန္ရန္အသင္႕ျဖစ္ေသာလူမႈအဖဲြ႕အစည္းႏွင္႕ေဒသမ်ားကိုအားေကာင္းေအာင္ေဆာင္ရြက္ရန္ - Strengthen the Resiliency of Communities and Regions ( ဃ ) ေရအရင္းအျမစ္ဆုိင္ရာမ်ားကိုထိန္းသိမ္းေစာင္႕ေရွာက္ရန္ - Foster Sustainable Marine Resources ( င ) သဘာဝပတ္ဝန္းက်င္ေကာင္းမြန္ေအာင္လုပ္ေဆာင္ေရး ႏွင္႕ ရာသီဥတုကုိတည္မွီသည္႕စီးပြားေရးေဆာင္တာမ်ားလုပ္ေဆာင္ရန္ - Develop Environment and Climate Informed Business Solutions စတာေတြမွာ သင္ခန္းစာယူစရာေတြ အမ်ားၾကီးပါပါတယ္။
.
.
။။။ --- ။။။
Data
။။။ --- ။။။
အစုိးရတုိးတက္ဖုိ႕၊ စီးပြားေရးနလံထူဖို႕ နဲ႕ လူမႈ / စီးပြားေရးအသင္းအဖြဲ႕ေတြအဆင္႕ျမင္႕ဖို႕ဆုိရင္ အခ်က္အလက္ေတြမမွန္ကန္လို႕မရပါဘူး။ ေဒတာေတြေပၚမွာအေျခခံျပီးခ်မွတ္ရမယ္႕ဆံုးျဖတ္ခ်က္ေတြက အေမရိကန္ႏုိင္ငံတစ္ခုလံုးရဲ႕ဝန္ၾကီး႒ာနအသီးသီးအတြက္ အင္မတန္အေရးၾကီးပါတယ္။ ဒါေၾကာင္႕ အခ်က္အလက္မွန္ကန္စြာရရွိေစေရးဟာ ေဒတာစံနစ္အသံုးျပဳတဲ႕စီးပြားေရးတစ္ခု ဘယ္ေလာက္အထိလုပ္ေဆာင္ႏုိင္တယ္ဆုိတာအေပၚမွာ စကားေျပာသြားပါတယ္။
.
အခုတက္လာမယ္႕ ျမန္မာႏုိင္ငံအစုိးရသစ္မွာ ေခါင္းေဆာင္ပိုင္းေတြသာမက နယ္ပယ္အသီးသီးရဲ႕နည္းပညာရွင္ေတြပါဝင္လာတာဟာ အခုေျပာျပမယ္႕ အေမရိကန္ကုန္သြယ္ေရး႒ာနရဲ႕ေဒတာက႑ နဲ႕ အင္မတန္ကိုက္ညီမႈရွိတာကို ေတြ႕ႏိုင္ပါတယ္။
.
အဲဒါေတြကိုေရးျပရရင္ ( က ) ပိုမိုမ်ားျပားတဲ႕သတင္းအခ်က္အလက္ေတြကိုေပးပုိ႕ရန္ - Deliver Increasing Amounts of Data ( ခ ) ျပည္သူလူထုရဲ႕လိုအပ္တဲ႕အနာဂါတ္ေဒတာေတြကိုျပည္႕မီွေအာင္ထုတ္လႊတ္ေပးရန္ - Meet Society’s Future Data Needs ( ဂ ) ကိန္းဂဏန္းသတင္းအခ်က္အလက္ေပၚတြင္ေမာင္းႏွင္ေသာအစုိးရတည္ေဆာက္ရန္ - Crate A Data-Driven Government တို႕ထဲမွာ ကြ်န္ေတာ္တုိ႕ႏုိင္ငံရဲ႕အသစ္ျဖစ္လာမယ္႕ ကူးသန္းေရာင္းဝယ္ေရးဝန္ၾကီး႒ာနက အသြင္ေျပာင္းလုပ္ယူႏုိင္တာေတြ အမ်ားၾကီးပါဝင္ပါတယ္။
.
.
။။။။။။။။။။ ------- ။။။။။။။။။။
Operational Excellence
။။။။။။။။။။ ------- ။။။။။။။။။။
ဒီ႒ာနက ဝန္ၾကီး႒ာနဝန္ထမ္းေတြရဲ႕လုပ္ရည္ကိုင္ရည္ျမွင္႕တင္ဖို႕အဓိကထား လုပ္ေဆာင္ပါတယ္။ ေနာက္ေၾကာင္းျပန္လွည္႕ျပီး ျပန္လုပ္ရတဲ႕အလုပ္ နည္းႏုိင္သမွ်နည္းေအာင္ ရင္းႏွီးျမဳပ္ႏံွမႈပရုိဂရမ္ေတြကုိ ခ်မွတ္ေဆာင္ရြက္ပါတယ္။ ဒီအခ်ိတ္အဆက္ေတြကေန အရည္အေသြးျပည္႕ဝတဲ႕လုပ္ငန္းခြင္ကြ်မ္းက်င္မႈ နဲ႕ အခ်ိန္မွန္ျပီးေျမာက္မႈလုပ္ငန္းစဥ္တုိ႕ကို ထုတ္လုပ္ေပးပါတယ္။
.
သူတုိ႕ရဲ႕လုပ္ေဆာင္ခ်က္ေတြထဲမွာ အခုတက္မယ္႕ ဒီမိုကေရစီအစိုးရသစ္က ျမန္မာ႕လႊတ္ေတာ္အမတ္ေတြကို သင္တန္းေတြစေပးျပီးသားမို႕လုိ႕ ဝန္ၾကီး႒ာနအသီးသိးကို ထိန္းမတ္ေပးသြားရန္သာ လုိပါေတာ႕တယ္။
.
အားျဖည္႕စရာ ရည္ရြယ္ခ်က္ေတြပါဝင္တဲ႕ လုပ္ေဆာင္ခ်က္ေတြကိုၾကည္႕လိုက္ပါဦး။ ( က ) စီးပြားေရးကုန္သြယ္မႈဝန္ထမ္းမ်ားရဲ႕အင္အားကိုျမွင္႕တင္ေပးရန္ ႏွင္႕ အခ်ိတ္အဆက္ေကာင္းမ်ားရွာေဖြေပးရန္ - Empower and Engage Commerce Employees ( ခ ) သံုးစြဲသူဝန္ေဆာင္မႈကိုအေျခခံသည္႕ယဥ္ေက်းမႈ ( အေလ႕အထ ) ကို အေထာက္အကူေပးရန္ - Support A Customer Service-Oriented Culture ( ဂ ) ရလဒ္မ်ားကိုစီမံခန္႕ခြဲရန္ - Manage for Results ( ဃ ) ရံုးအေဆာက္အဦ၊ အေထာက္အကူျပဳဝန္ေဆာင္မႈ၊ အိုင္တီထုတ္ကုန္မ်ား ႏွင္႕ ဝန္ေဆာင္ႏုိင္သမွ်တို႕ကို ဝန္ေဆာင္မႈေပးရန္ - Improve Facilities, Support Services, and IT Products and Services တို႕ ျဖစ္ၾကပါတယ္။
.
.
အခ်ဳပ္အားျဖင္႕ဆုိရရင္ အစုိးရဟာ ကုမၸဏီမဟုတ္ပါ။ ကုမၸဏီသည္လည္း အုပ္ခ်ဳပ္မႈအလုပ္ကို မလုပ္ပါ။ ႏုိင္ငံ႕ဥေသွ်ာင္ရဲ႕ ေခါင္းေဆာင္မႈေအာက္မွာ အားလံုးဟာ သူ႕အလုပ္သူလုပ္ၾကပါတယ္။ ဒါေၾကာင္႕ အေမရိကားမွာေနသူေတြဟာ ရံုးကိစၥလုပ္ရာမွာ အစုိုးရရံုးေသာ၊ ပုဂၢလိကကုမၸဏီေသာ မခြဲျခားပါဘူး .. အားလံုးနဲ႕ ဆက္ဆံအလုပ္လုပ္ပါတယ္။ ဝန္ေဆာင္မႈမ်ားမွာလည္း လူမ်ားရင္နည္းနည္းပိုေစာင္႕ရတာကလြဲျပီး တန္းတူညီမွ်မႈရွိပါတယ္။
.
ဒါဟာ တိုင္းျပည္ရဲ႕ကူးသန္းေရာင္းဝယ္ေရးမူဝါဒကို အလုပ္သမား၊ ျပည္သူ နဲ႕ လုပ္ငန္းရွင္ကုမၸဏီမ်ားပါ ဝန္ၾကီး႒ာနရဲ႕မူဝါဒေတြကို မက်ဴးလြန္ မေဖာက္ဖ်က္ တစ္ေျပးညီလုိက္နာၾကလို႕ဆိုတာ ယံုမွားသံသယရွိစရာမလုိေတာ႕ပါဘူး။ တစ္ခါတစ္ခါမွာ ဝန္ထမ္းတစ္ေယာက္ဟာ သူ႕အလုပ္သူလုပ္ေနရင္း အုပ္ခ်ဳပ္သူအစိုးရဆုိတာကို ေမ႕ေနပါတယ္။ ဘာလို႕လည္းဆိုေတာ႕ အစုိးရက သူတို႕ခ်မွတ္ထားတဲ႕မူဝါဒေတြကို ျပည္သူအားလံုးဖတ္ရႈႏုိင္ေအာင္ ခ်ျပထားတဲ႕အျပင္ ျပည္သူကို ဒုကၡမေပးလို႕ပါ။
.
.
သူတို႕စိတ္ထဲမွာ သူ႕မိသားစုစီးပြားေရးေျပလည္ေနေတာ႕ ဘယ္သူ႕ကိုမွလည္း ရန္မလုပ္ပါဘူး။ အလုိလုိေနရင္းလည္း စိတ္တိုေနတာမ်ိဳးလည္း မျဖစ္ေတာ႕ပါဘူး။ ဒါဟာ ကူးသန္းေရာင္းဝယ္ေရးဝန္ၾကီး႒ာန ရဲ႕ စီးပြားေရးမူဝါဒေတြမွာ ျပည္သူတစ္ဦးတစ္ေယာက္ခ်င္းစီရဲ႕အက်ိဳးစီးပြားကို ထည္႕သြင္းစဥ္းစားေရးဆြဲထားလုိ႕ လူေနမႈဘဝဖူလံုရပါတယ္ဆုိတဲ႕အေၾကာင္း ေနာက္တက္လာတဲ႕ဒီမုိကေရစီအစုိးရရဲ႕မူဝါေရးဆြဲေရးအဖြဲ႕ၾကားသိေစရန္ အေသးစိတ္ေရးသားတင္ျပလိုက္ရပါတယ္။
.
ျမန္မာအစိုးရသစ္ကို ျပည္သူကိုအလုပ္အေကြ်းျပဳတဲ႕အစုိးရအျဖစ္၊ စီးပြားေရးမူဝါဒကိုပိုင္ပိုင္ႏုိင္ႏုိင္ကိုင္တြယ္ႏုိင္တဲ႕အစုိးရသစ္အျဖစ္ အထူးျမင္လုိလွပါတယ္။ ျပည္သူကုိစံထားတဲ႕၊ ခ်စ္ျခင္းၾကင္နာ စာနာမႈျဖင္႕ဦးေဆာင္မႈေပးတဲ႕အစုိးရအသစ္အျဖစ္ ေတြ႕ျမင္သြားပါရေစ။
.
ခင္လ်က္
.
03-19-2016
.
Ref: www.commerce.gov
.
.
Myanmar Unicode Version:
.
.
“ အတုယူနိုင်စရာ အမေရိကန်နိုင်ငံ၏ ကူသန်းရောင်းဝယ်ရေးဝန်ကြီးဋ္ဌာနအကြောင်း ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
ဒီမိုကရေစီခေတ်ဦးမှာ စံနစ်နဲ့အုပ်ချုပ်သူတွေဘယ်လိုပြောင်းပြောင်း ခိုင်ခိုင်မြဲမြဲရှိနေရရုံမက တိုင်းပြည်အတွက်အမာခံအလုပ်လုပ်ပေးမယ့်ဝန်ကြီးဋ္ဌာနတွေလိုအပ်ပါတယ်။ ဒီထဲမှာ လူပြောအများဆုံးနဲ့ ပြည်သူတွေဒုက္ခအရောက်ဆုံးက မြန်မာနိုင်ငံတွင်းကိုလှမ်းကြည့်လိုက်ရင် ကျန်းမာရေးဝန်ကြီးဋ္ဌာန နဲ့ ပညာရေးဝန်ကြီးဋ္ဌာနတို့ရဲ့အားနည်းချက်တွေက အောက်ခြေလူထုကိုအလှုပ်ခတ်ဆုံးဖြစ်သလို အမှားမလုပ်လိုက်နဲ့ တစ်ခုခုဆို လူမှုကွန်ယက်တွေမှာ အတိမ်းအစောင်းမခံတဲ့ အကြောင်းအရာတွေအဖြစ် မြင်လာရပါတယ်။
.
ဒါပေမယ့် အခုအချိန်မှာ နိုင်ငံတကာ နဲ့ နိုင်ငံအတွင်း ပြည်သူတွေကြား လူထုရဲ့စားဝတ်နေရေးပြေလည်မှုကို ဦးဆောင်မောင်းရွက်ထမ်းတင်ပေးနေတဲ့ ကူးသန်းရောင်းဝယ်ရေးအလုပ်အကြောင်းကို ထဲထဲဝင်ဝင်လေ့လာကြည့်ဖို့ အရေးကြီးတဲ့အချိန်ကိုရောက်လာနေပါပြီ။ ဒီနေရာမှာ သာမန်ပြည်သူတွေအတွက် မျက်စိဖွင့် နားပွင့်စေဖို့ ဖတ်စရာ နဲ့ လေ့လာစရာနေရာတွေနဲ့ လမ်းညွှန်ချက်တွေကို သိဖို့ပိုမိုလိုအပ်တာကို သတိပြုလာမိတဲ့အခါ အမေရိကန်နိုင်ငံရဲ့ဝန်ကြီးဋ္ဌာန  - Department တွေထဲက ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဋ္ဌာနအကြောင်းကို ဖောက်သည်ချလိုပါတယ်။ ( အခေါ်အဝေါ်တွေကို အများဗဟုသုတရစေရန်အလို့ငှာ အင်္ဂလိပ်လိုသာ အလေးပေးရေးသားသွားမှာဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ် )
.
.
အမေရိကန်နိုင်ငံရဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဋ္ဌာန - Department of Commerce ရဲ့ အဓိကရည်မှန်းချက်အဓိပ္ပာယ်ဖွင့်ဆိုချက် - Mission Statement ကတော့ “ စီးပွားရေးတိုးတက်နိုင်တဲ့အခွင့်အရေးမှန်သမျှကိုဖန်တည်းရန်နှင့်လုပ်ပိုင်နိုင်ရေးအခွင့်အလမ်းများကိုဖော်ထုတ်ရန် ” ဆိုပြီး စထားပါတယ်။ အိုဘာမားအစိုးရမှာ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ( အမေရိကားမှာတော့ the Secretary of Commerce လို့ သုံးပါတယ် ) က အမေရိကန်နိုင်ငံစီးပွားရေးတစ်ခုလုံးရဲ့ကိုယ်စားပြုအသံ - the Voice ဖြစ်ပါတယ်။
.
ဒီဝန်ကြီးဋ္ဌာနဟာ စီးပွားရေးလုပ်ငန်းမျိုးစုံ၊ တက္ကသိုလ်များ၊ လူမှုအဖွဲ့အစည်းများ နဲ့ လုပ်သားပြည်သူများတို့နဲ့ထိတွေ့ပြီး အလုပ်အကိုင်များတိုးတက်လာစေရေးအတွက် အမြဲဆက်သွယ်မှုရှိပါတယ်။ စီးပွားရေးတိုးတက်ဖို့သာမက မှန်ကန်နေတဲ့စီးပွားရေးလမ်းကြောင်းကို အပြစ်အနာအဆာမရှိအောင် နဲ့ အမေရိကန်ပြည်သူတွေ လူတန်းစေ့နေထိုင်နိုင်တဲ့ အဆင့်တစ်ခုမှာ မြဲမြံနေနိုင်အောင် ကြံဆနေတာက ကူးသန်းရောင်းဝန်ကြီးဋ္ဌာန ဖြစ်ပါတယ်။
.
.
သူ့မှာ ဋ္ဌာနစိတ် - Bureaus ပေါင်း ( ၁၂ ) ခုရှိပြီး နိုင်ငံတွင်းပြည်နယ် ( ၅ဝ ) ကျော် နဲ့ အပြည်ပြည်ဆိုင်ရာနိုင်ငံပေါင်း ( ၈၆ ) ခု အတွင်းမှာ ဝန်ထမ်းပေါင်း ( ၄၇ဝဝဝ ) ခန့်အပ်လုပ်ကိုင်စေပါတယ်။ ဝန်ကြီးဋ္ဌာနမှာလုပ်ကိုင်နေတဲ့ လူမျိုး၊ ဘာသာ၊ ရေမြေ၊ အသားအရေ ဘယ်လိုပင်ကွဲပြားပေမယ့် အားလုံးတူညီတဲ့အချက်တစ်ခုက အမေရိကန်လူမျိုးတစ်ဦးတစ်ယောက်ချင်းစီရဲ့အသက်အိုးအိမ် နဲ့ အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
.
လူပေါင်းများစွာထဲမှာ စီးပွားရေးပညာရှင်၊ စီးပွားရေးနိုဗယ်ဆုရသိပ္ပံပညာရှင်၊ နိုင်ငံရပ်ခြားပညာရှင်၊ မူပိုင်ခွင့်ရှေ့နေရှေ့ရပ်များ၊ အစိုးရတရားဥပဒေစိုးမိုးရေးအရာရှိများ သာမက အထူးကျွမ်းကျင်တဲ့ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနယ်ပယ် နဲ့ အာကာသသိပ္ပံအင်ဂျင်နီယာ တို့ စတဲ့ ကွဲပြားတဲ့နယ်ပယ်အသီးသီးက ဆရာ့ ဆရာ ထိပ်သီးတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။
.
.
မဟာဗျူဟာရည်မှန်းချက်များ - Strategic Goals မှာ အဓိက အလုပ်ဋ္ဌာန ( ၅ ) ခု ခွဲထားပြန်ပါတယ်။ အဲဒါတွေကတော့ …
.
၁.. ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု - Trade and Investment
.
၂.. ဆန်းသစ်တီထွင်မှု - Innovation
.
၃.. ပတ်ဝန်းကျင် - Environment
.
၄.. အချက်အလက်များ - Data နဲ့
.
၅.. လုပ်ငန်းလည်ပတ်မှုဆိုင်ရာစွမ်းရည်ထက်မြက်မှု - Operational Excellence စတာတို့ ဖြစ်ကြပါတယ်။
အသေးစိတ်ဆက်ပြောရရင် ..
.
.
။။။။။။။။။။ -------- ။။။။။။။။။။
Trade and Investment
။။။။။။။။။။ -------- ။။။။။။။။။။
ဒီကဏ္ဍရဲ့အဓိကလုပ်ဆောင်ချက်တွေက အမေရိကန်စီးပွားရေးကိုချဲ့ထွင်ဖို့ဖြစ်ပါတယ်။ ပို့နိုင်သမျှပို့ကုန်တွေကနေ နိုင်ငံခြားငွေရှာဖို့ နဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံသူ - Direct Investment သမားတွေကိုဖိတ်ခေါ်ပြီး အမေရိကန်နိုင်ငံသားတွေ အလုပ်အကိုင်ပိုမိုရရှိအောင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
.
သူတို့ လက်ရှိလုပ်နေတဲ့ လုပ်ငန်းဆောင်တာ ( ၄ ) ခု က မြန်မာနိုင်ငံအစိုးရသစ်အတွက် အတုယူစရာပါ။ အဲဒီအချက်တွေကတော့ ( က ) ဈေးကွက်ကို ကမ္ဘာအထိဖွင့်ပါ - Open Markets Globally ( ခ ) ပို့ကုန်များအောင်လုပ်ပါ - Increase Exports ( ဂ ) တိုးတက်မှုမြန်ဆန်ပြီးထိရောက်မှုရှိတဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုမြင့်တင်ပါ - Increase High-Impact Foreign Direct Investment ( ဃ ) မျှတတဲ့ယှဉ်ပြိုင်မှုနဲ့နိုင်ငံတကာကုန်သွယ်ရေးကိုအားကောင်းအောင်လုပ်ပါ - Strengthen Fair Competition in International Trade တို့ကို လေ့လာနိုင်ပါတယ်။
.
.
။။။။။။ --- ။။။။။။
Innovation
။။။။။။ --- ။။။။။။
ဒီနေရာမှာ Innovation ရဲ့အဓိပ္ပာယ်ကို အနည်းငယ်ရှင်းပြလိုပါတယ်။ တီထွင်တာကို Invent လို့သုံးပြီး အဟောင်းတွေထဲကမှ ထူးခြားတဲ့နည်းပညာတွေပေါင်းစပ်ပြီး လမ်းကြောင်းအသစ်နဲ့အဆင့်မြင့်တင်တာကို Innovate လုပ်တယ်လို့ အလွယ်တကူနားလည်နိုင်ပါတယ်။
.
သူတို့အစုအဖွဲ့ရဲ့အဓိကလုပ်ဆောင်ချက်တွေကတော့ ဆန်းသစ်တီထွင်တဲ့အမေရိကန်စီးပွားရေးစံနစ်ကို အမြဲမွေးစားနေရန်၊ အမြဲတီထွင်နေပြီး ပိုကောင်းတဲ့၊ ပိုသစ်လွင်တဲ့ စီးပွားရေးသုံးကုန်ပစ္စည်းတွေ နဲ့ ကုန်ပစ္စည်းပိုထွက်နိုင်ပြီး ပြိုင်ဘက်တွေကို ပုခုံးချင်းယှဉ်နိုင်တဲ့ နည်းပညာတွေထည့်သွင်းအသုံးပြုရန် စတာတို့ ထူးခြားပါတယ်။
.
သူတို့မှာ မူဝါဒ ( ၄ ) ခု ထပ်ခွဲထားပြီး မြန်မာအစိုးရသစ်အတွက် အတုယူစရာအချက်တွေ ပါဝင်ပါတယ်။ အဲဒါတွေကတော့ ( က ) ကုန်ပစ္စည်းထုတ်လုပ်မှုကိုအရှိန်မြင့်ဆောင်ရွက်ရန် - Accelerate Advanced Manufacturing ( ခ ) နိုင်ငံရဲ့ဒစ်ဂျစ်တယ်စီးပွားရေးကိုအားကောင်းအောင်ဆောင်ရွက်ရန် - Strengthen the Nation’s Digital Economy ( ဂ ) ဆင့်ပွားတီထွင်မှုဂေဟစံနစ်များကိုချိတ်ဆက်ပေးရန် - Catalyze Innovation Ecosystems နဲ့ ( ဃ ) အရည်အသွေးမြှင့်တင်ရေးနှင့်လုပ်ငန်းခွင်အင်အားတိုးတက်မှုကိုချဲ့ထွင်ရန် - Spread Best Practices in Skills and Workforce Development တို့ကို အသေးစိတ်ထည့်သွင်းစဉ်းစားနိုင်ပါတယ်။
.
.
။။။။။။ --- ။။။။။။
Environment
။။။။။။ --- ။။။။။။
ဒီဋ္ဌာနရဲ့ခေါင်းစဉ်အောက်မှာ ကမ္ဘာကြီးကိုမဖြစ်မနေကာကွယ်ရမယ်လို့ သူတို့မဆိုလိုပါဘူး။ ဒါပေမယ့် တတ်န်ိုင်သလောက် စနိုင်တဲ့နေရာကနေ စပြီးကာကွယ်ရမယ်ဆိုတဲ့ အဓိပ္ပာယ် ပါပါတယ်။ သူတို့ဟာ လူမှုအဖွဲ့အစည်းများနဲ့ စီးပွားရေးအသိုင်းအဝိုင်းတွေအတွက် လိုအပ်တဲ့သတင်းအချက်အလက်တွေရရှိဖို့၊ ထွက်ကုန်တွေဟာ ပတ်ဝန်းကျင်ကိုအကျိုးပြုဖို့ နဲ့ ထုတ်ပေးလိုက်တဲ့ဝန်ဆောင်မှုလုပ်ငန်းတွေဟာ မိမိပတ်ဝန်းကျင်ကိုထိန်းသိမ်းတတ်စေဖို့ ထိန်းကျောင်းပေးမှာပါ။
.
သူတို့ရဲ့ရည်မှန်းချက်တွေထဲမှာ သံယံဇာတ ပြုတ်ပြုတ်ပြုန်းနေပြီဖြစ်တဲ့ မြန်မာနိုင်ငံအတွက် ရင်နာစရာအချက်တွေပါပါတယ်။ အသေးစိတ်ဆိုရင်တော့  ( က ) ပတ်ဝန်းကျင်ပြောင်းလဲမှုကို အဆင့်မြင့်စွာနားလည်စေရန် - Advance Understanding of Environment Change ( ခ ) ရာသီဥတုကိုကြိုတင်ရင်ဆိုင်နိုင်တဲ့တိုင်းပြည်အဖြစ်ထူထောင်ရန် -  Build A Weather-Ready Nation ( ဂ ) တုံ့ပြန်ရန်အသင့်ဖြစ်သောလူမှုအဖွဲ့အစည်းနှင့်ဒေသများကိုအားကောင်းအောင်ဆောင်ရွက်ရန် - Strengthen the Resiliency of Communities and Regions ( ဃ ) ရေအရင်းအမြစ်ဆိုင်ရာများကိုထိန်းသိမ်းစောင့်ရှောက်ရန် - Foster Sustainable Marine Resources ( င ) သဘာဝပတ်ဝန်းကျင်ကောင်းမွန်အောင်လုပ်ဆောင်ရေး နှင့် ရာသီဥတုကိုတည်မှီသည့်စီးပွားရေးဆောင်တာများလုပ်ဆောင်ရန် - Develop Environment and Climate Informed Business Solutions စတာတွေမှာ သင်ခန်းစာယူစရာတွေ အများကြီးပါပါတယ်။
.
.
။။။ --- ။။။
Data
။။။ --- ။။။
အစိုးရတိုးတက်ဖို့၊ စီးပွားရေးနလံထူဖို့ နဲ့ လူမှု / စီးပွားရေးအသင်းအဖွဲ့တွေအဆင့်မြင့်ဖို့ဆိုရင် အချက်အလက်တွေမမှန်ကန်လို့မရပါဘူး။ ဒေတာတွေပေါ်မှာအခြေခံပြီးချမှတ်ရမယ့်ဆုံးဖြတ်ချက်တွေက အမေရိကန်နိုင်ငံတစ်ခုလုံးရဲ့ဝန်ကြီးဋ္ဌာနအသီးသီးအတွက် အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့် အချက်အလက်မှန်ကန်စွာရရှိစေရေးဟာ ဒေတာစံနစ်အသုံးပြုတဲ့စီးပွားရေးတစ်ခု ဘယ်လောက်အထိလုပ်ဆောင်နိုင်တယ်ဆိုတာအပေါ်မှာ စကားပြောသွားပါတယ်။
.
အခုတက်လာမယ့် မြန်မာနိုင်ငံအစိုးရသစ်မှာ ခေါင်းဆောင်ပိုင်းတွေသာမက နယ်ပယ်အသီးသီးရဲ့နည်းပညာရှင်တွေပါဝင်လာတာဟာ အခုပြောပြမယ့် အမေရိကန်ကုန်သွယ်ရေးဋ္ဌာနရဲ့ဒေတာကဏ္ဍ နဲ့ အင်မတန်ကိုက်ညီမှုရှိတာကို တွေ့နိုင်ပါတယ်။
.
အဲဒါတွေကိုရေးပြရရင် ( က ) ပိုမိုများပြားတဲ့သတင်းအချက်အလက်တွေကိုပေးပို့ရန် - Deliver Increasing Amounts of Data ( ခ ) ပြည်သူလူထုရဲ့လိုအပ်တဲ့အနာဂါတ်ဒေတာတွေကိုပြည့်မှီအောင်ထုတ်လွှတ်ပေးရန် - Meet Society’s Future Data Needs ( ဂ ) ကိန်းဂဏန်းသတင်းအချက်အလက်ပေါ်တွင်မောင်းနှင်သောအစိုးရတည်ဆောက်ရန် - Crate A Data-Driven Government တို့ထဲမှာ ကျွန်တော်တို့နိုင်ငံရဲ့အသစ်ဖြစ်လာမယ့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဋ္ဌာနက အသွင်ပြောင်းလုပ်ယူနိုင်တာတွေ အများကြီးပါဝင်ပါတယ်။
.
.
။။။။။။။။။။ ------- ။။။။။။။။။။
Operational Excellence
။။။။။။။။။။ ------- ။။။။။။။။။။
ဒီဋ္ဌာနက ဝန်ကြီးဋ္ဌာနဝန်ထမ်းတွေရဲ့လုပ်ရည်ကိုင်ရည်မြှင့်တင်ဖို့အဓိကထား လုပ်ဆောင်ပါတယ်။ နောက်ကြောင်းပြန်လှည့်ပြီး ပြန်လုပ်ရတဲ့အလုပ် နည်းနိုင်သမျှနည်းအောင် ရင်းနှီးမြုပ်နှံမှုပရိုဂရမ်တွေကို ချမှတ်ဆောင်ရွက်ပါတယ်။ ဒီအချိတ်အဆက်တွေကနေ အရည်အသွေးပြည့်ဝတဲ့လုပ်ငန်းခွင်ကျွမ်းကျင်မှု နဲ့ အချိန်မှန်ပြီးမြောက်မှုလုပ်ငန်းစဉ်တို့ကို ထုတ်လုပ်ပေးပါတယ်။
.
သူတို့ရဲ့လုပ်ဆောင်ချက်တွေထဲမှာ အခုတက်မယ့် ဒီမိုကရေစီအစိုးရသစ်က မြန်မာ့လွှတ်တော်အမတ်တွေကို သင်တန်းတွေစပေးပြီးသားမို့လို့ ဝန်ကြီးဋ္ဌာနအသီးသိးကို ထိန်းမတ်ပေးသွားရန်သာ လိုပါတော့တယ်။
.
အားဖြည့်စရာ ရည်ရွယ်ချက်တွေပါဝင်တဲ့ လုပ်ဆောင်ချက်တွေကိုကြည့်လိုက်ပါဦး။ ( က ) စီးပွားရေးကုန်သွယ်မှုဝန်ထမ်းများရဲ့အင်အားကိုမြှင့်တင်ပေးရန် နှင့် အချိတ်အဆက်ကောင်းများရှာဖွေပေးရန် - Empower and Engage Commerce Employees ( ခ ) သုံးစွဲသူဝန်ဆောင်မှုကိုအခြေခံသည့်ယဉ်ကျေးမှု ( အလေ့အထ ) ကို အထောက်အကူပေးရန် - Support A Customer Service-Oriented Culture ( ဂ ) ရလဒ်များကိုစီမံခန့်ခွဲရန် - Manage for Results ( ဃ ) ရုံးအဆောက်အဦ၊ အထောက်အကူပြုဝန်ဆောင်မှု၊ အိုင်တီထုတ်ကုန်များ နှင့် ဝန်ဆောင်နိုင်သမျှတို့ကို ဝန်ဆောင်မှုပေးရန် - Improve Facilities, Support Services, and IT Products and Services တို့ ဖြစ်ကြပါတယ်။
.
.
အချုပ်အားဖြင့်ဆိုရရင် အစိုးရဟာ ကုမ္ပဏီမဟုတ်ပါ။ ကုမ္ပဏီသည်လည်း အုပ်ချုပ်မှုအလုပ်ကို မလုပ်ပါ။ နိုင်ငံ့ဥသျှောင်ရဲ့ ခေါင်းဆောင်မှုအောက်မှာ အားလုံးဟာ သူ့အလုပ်သူလုပ်ကြပါတယ်။ ဒါကြောင့် အမေရိကားမှာနေသူတွေဟာ ရုံးကိစ္စလုပ်ရာမှာ အစိုးရရုံးသော၊ ပုဂ္ဂလိကကုမ္ပဏီသော မခွဲခြားပါဘူး .. အားလုံးနဲ့ ဆက်ဆံအလုပ်လုပ်ပါတယ်။ ဝန်ဆောင်မှုများမှာလည်း လူများရင်နည်းနည်းပိုစောင့်ရတာကလွဲပြီး တန်းတူညီမျှမှုရှိပါတယ်။
.
ဒါဟာ တိုင်းပြည်ရဲ့ကူးသန်းရောင်းဝယ်ရေးမူဝါဒကို အလုပ်သမား၊ ပြည်သူ နဲ့ လုပ်ငန်းရှင်ကုမ္ပဏီများပါ ဝန်ကြီးဋ္ဌာနရဲ့မူဝါဒတွေကို မကျူးလွန် မဖောက်ဖျက် တစ်ပြေးညီလိုက်နာကြလို့ဆိုတာ ယုံမှားသံသယရှိစရာမလိုတော့ပါဘူး။ တစ်ခါတစ်ခါမှာ ဝန်ထမ်းတစ်ယောက်ဟာ သူ့အလုပ်သူလုပ်နေရင်း အုပ်ချုပ်သူအစိုးရဆိုတာကို မေ့နေပါတယ်။ ဘာလို့လည်းဆိုတော့ အစိုးရက သူတို့ချမှတ်ထားတဲ့မူဝါဒတွေကို ပြည်သူအားလုံးဖတ်ရှုနိုင်အောင် ချပြထားတဲ့အပြင် ပြည်သူကို ဒုက္ခမပေးလို့ပါ။
.
.
သူတို့စိတ်ထဲမှာ သူ့မိသားစုစီးပွားရေးပြေလည်နေတော့ ဘယ်သူ့ကိုမှလည်း ရန်မလုပ်ပါဘူး။ အလိုလိုနေရင်းလည်း စိတ်တိုနေတာမျိုးလည်း မဖြစ်တော့ပါဘူး။ ဒါဟာ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဋ္ဌာန ရဲ့ စီးပွားရေးမူဝါဒတွေမှာ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီရဲ့အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားရေးဆွဲထားလို့ လူနေမှုဘဝဖူလုံရပါတယ်ဆိုတဲ့အကြောင်း နောက်တက်လာတဲ့ဒီမိုကရေစီအစိုးရရဲ့မူဝါရေးဆွဲရေးအဖွဲ့ကြားသိစေရန် အသေးစိတ်ရေးသားတင်ပြလိုက်ရပါတယ်။
.
မြန်မာအစိုးရသစ်ကို ပြည်သူကိုအလုပ်အကျွေးပြုတဲ့အစိုးရအဖြစ်၊ စီးပွားရေးမူဝါဒကိုပိုင်ပိုင်နိုင်နိုင်ကိုင်တွယ်နိုင်တဲ့အစိုးရသစ်အဖြစ် အထူးမြင်လိုလှပါတယ်။ ပြည်သူကိုစံထားတဲ့၊ ချစ်ခြင်းကြင်နာ စာနာမှုဖြင့်ဦးဆောင်မှုပေးတဲ့အစိုးရအသစ်အဖြစ် တွေ့မြင်သွားပါရစေ။
.
ခင်လျက်
.
03-19-2016
.

No comments: