|
ခရီးသြားေနသူ - ကုိညီညီ ( ေတာင္ၾကီး ) |
.
လက္ရွိေခတ္မွာ လူေတြအၾကည္႕ဆံုးက လက္ကိုင္ဖုန္းျဖစ္ျပီး
အေရာက္ခ်င္ဆံုးေလာကဘံုက အင္တာနက္ဆိုရင္ နည္းနည္းမ်ားလြန္သြားမလားမဆိုႏုိင္ဘူး။ အိပ္ယာထ
ဖုန္းကိုလုိက္ရွာ၊ မနက္စာရွာစား ဖုန္းကိုေရွ႕ခ်ထား၊ အလုပ္သြား ေက်ာင္းျပန္ အသံုးေတာ္ခံ
.. စသျဖင္႕ မိမိအနားကခ်စ္သူ ခင္သူေတြထက္ လက္ကိုင္ဖုန္းကိုခင္တြယ္ေနတဲ႕လူသားမ်ားဟာ ဖန္သားမ်က္ႏွာျပင္ကပံုေဖာ္ေပးတဲ႕
အင္တာနက္က ရုပ္ပံုလႊာေတြကုိ အျမင္ခ်င္ဆံုး၊ အရွာေဖြခ်င္ဆံုးပါ။
.
ဒါေၾကာင္႕ ျဖတ္လမ္းနည္းနဲ႕ အျမန္ဆံုးပြင္႕လင္းလာတဲ႕
ျမန္မာ႕ဆက္သြယ္ေရးနယ္ပယ္သစ္မွာ Facebook ဟာ အင္တာနက္၊ အင္တာနက္ဟာ Facebook လို႕ ဆိုရျခင္းျဖစ္ပါတယ္။
ေရာက္တဲ႕ေနရာမွာ ဖုန္းရဲ႕ညာဘက္ထိပ္နားက Wi-Fi ဘားေလးမိမမိရွာရတာလည္း အေမာ။ အခမဲ႕ရတဲ႕
Free Wi-Fi ဆိုရင္ ေႏွးခ်င္ေႏွးမယ္ .. အနည္းနဲ႕အမ်ားေတာ႕ အလုပ္ျဖစ္ၾကမယ္ေလ။ ဒီလိုနဲ႕
ဒီတစ္ေခါက္ခရီးသြားေတာ႕ ဘယ္ေလဆိပ္မွာ ဘယ္အထာရွိတယ္ဆုိတဲ႕ ဝိုင္ဖုိင္ရွာပံုေတာ္ဖြင္႕ၾကည္႕ပါတယ္။
.
.
ပထမဦးဆံုးျဖတ္သန္းရတဲ႕ ဆန္ဖရန္စစၥကိုေလဆိပ္မွာ
ေရာက္ရွိျပ Check In ဝင္ခ်ိန္ နဲ႕ အမွန္တကယ္ေလယာဥ္တက္မယ္႕အခ်ိန္က ( ၁ ) နာရီခြဲေလာက္ျခားနားပါတယ္။
ဒါေၾကာင္႕ ေခတၱနားမယ္႕ ထုိင္ခံုေတြရွိရာ Lobby ခန္းမွာနားေနတုန္း လက္ကုိင္ဖုန္းကို
ထုတ္သံုးၾကည္႕ပါတယ္။ အေမရိကားက 4G LTEေဒတာပါတဲ႕လက္ကိုင္ဖုန္းရွိတာမို႕ အင္တာနက္သံုးရတာအခက္အခဲမရွိပါဘူး။
ဖုန္းဓါတ္ခဲအားအသက္ဆက္ဖို႕ အားသြင္းခလုတ္ရွာရတာက ျပသနာပါ။ ကုိယ္႕လုိအၾကံတူသူေတြမ်ားလွတာမို႕
ပလပ္ေပါက္ရွိတဲ႕ေနရာမွာ ေနရာလြတ္မက်န္တတ္ပါဘူး။
.
.
ေနာက္ဆံုးမွာ ေတာသားေလးကြ်န္ေတာ္ဟာ ခရီးသြားေဆာင္းပါးတုိေလးေရးခ်င္လွသမို႕
အမိႈက္ပံုးနားက ပလပ္ေပါက္ကိုထုိးရင္း သမန္သလင္းေပၚ ေျခဆင္းထုိင္ခ် စာရိုက္ေနမိပါေတာ႕တယ္။
ေရးျပီးေတာ႕စာလံုးေပါင္းစစ္ေနတုန္း လက္ကိုင္ဖုန္းကအင္တာနက္ကုိ လက္ေတာ႕ဆီကုိ
Tethering လႊတ္ျပီး ပံုနဲ႕စာတြဲတင္လုိက္ပါတယ္။ တစ္ကယ္ကိုယ္႕အလွည္႕လည္းေရာက္ေရာ ေလယာဥ္ထြက္ဖုိ႕အခ်ိန္
အရမ္းနီးကပ္ေနပါျပီ။ ေတာ္ပါေသးတယ္ .. ဒီလိုၾကာပံုမ်ိဳးနဲ႕ ေလဆိပ္က Free Wi-Fi ကုိသံုးရင္း
ပံုတစ္ပံုတင္ဖို႕အေရး ေလယာဥ္ကကြ်န္ေတာ႕ကုိ ေလဆိပ္မွာထားခဲ႕ေလာက္တယ္။
.
.
ေလယာဥ္ဦးခန္း - Cockpit က လက္ကိုင္ဖုန္းေတြပိတ္ပါလို႕မေျပာမခ်င္း
မိသားစုကိုႏႈတ္ဆက္၊ စာပို႕၊ မြ စ္စ္ ေလးေတြလုပ္ရင္း ေနာက္ဆံုးစကၠန္႕အထိအရသာရွိေအာင္သံုးရတာကေတာ႕
အေမရိကန္ေျမဆီလႊာေပၚကေန ေလယာဥ္ဘီးေျမွာက္မတက္ခင္အထိပါပဲ။
ေလယာဥ္တက္တဲ႕အခါ ထိန္းခ်ဳပ္ခန္းရဲ႕ဆက္သြယ္ေရးကိရိယာေတြအေႏွာင္႕အယွက္မျဖစ္ရေအာင္
Airplane Mode ကုိထားေပးရပါတယ္။ သူမ်ားတကာ ေရွ႕ထုိင္ခံုက တက္ဘလက္ေပၚက ရုပ္ရွင္အမ်ိဳးမ်ိဳးနဲ႕ညိမ္႕ေနတဲ႕အခ်ိန္မွာ
ေလယာဥ္ေပၚမွာ အင္တာနက္ရွာေနသူက ေတာင္ေပၚသား ကြ်န္ေတာ္ပါ။
.
.
ထုိင္ခံုေရွ႕ကကဒ္ျပားတစ္ခုမွာ ေလယာဥ္ေပၚမွာအင္တာနက္အသံုးျပဳဖုိ႕ညႊန္ၾကားခ်က္ကဒ္ျပားေလးကုိဖတ္ၾကည္႕ေနမိတယ္။
အမေလး ေစ်းမ်ားလိုက္တာ..။ ( ၁ ) နာရီကုိ ( ၁၂ ) ေဒၚလာ၊ ( ၃ ) နာရီကို ( ၁၇ ) ေဒၚလာ
နဲ႕ တစ္ရက္လံုး ( ၂၄ ) နာရီသံုးရင္ ( ၂၂ ) ေဒၚလာဆုိေတာ႕ ကမၻာေပၚမွာ ဒီထက္ေစ်းၾကီးတဲ႕အင္တာနက္ေစ်းႏႈန္းကိုသိသူမ်ားရွိရင္
ေျပာျပၾကပါဦး။
.
.
ေရာင္းတဲ႕ကုမၸဏီက အေမရိကန္အင္တာနက္လက္ကိုင္ဖုန္းအဆင္႕
( ၃ ) ရွိတဲ႕ T-Mobile ကုမၸဏီျဖစ္ပါတယ္။ ေလယာဥ္ပုိင္ရွင္ China Airlines နဲ႕ ပူးေပါင္းေရာင္းစားတာပါ။
သူ႕ကုမၸဏီက တစ္နာရီအင္တာနက္သံုးခြင္႕ 1 HOUR HOTSPOT PASS SKY ကဒ္ျပားရွိရင္လည္း နံပါတ္ထည္႕သြင္းလိုက္ရံုပါပဲ။
ဝယ္ခ်င္သူအေနနဲ႕ ဘဏ္ကဒ္ ( ၆ ) မ်ိဳး နဲ႕ အြန္လုိင္းေငြေပးေခ်မႈ PayPal နဲ႕လည္း ရိုက္သြင္းဝယ္ယူႏုိင္ပါတယ္။
ေစ်းၾကီးေပမယ္႕ အခုစံနစ္ဟာ တစ္ခ်ိန္လံုးေလယာဥ္နဲ႕ခရီးသြားေနရတဲ႕စီးပြားေရးသမားအတြက္
ေတာ္ေတာ္အဆင္ေျပတဲ႕စံနစ္ျဖစ္ပါတယ္။
.
အေမွာင္ခ်ထားတဲ႕ေလယာဥ္ခန္းထဲမွာ သူတကာေတြ
ရုပ္ရွင္ၾကည္႕သူကၾကည္႕၊ ကေလးပါတဲ႕မိသားစုေတြက ဂိမ္းကစားသူက ကစား၊ တီဗီြစီးရီးၾကည္႕သူကၾကည္႕ေနခ်ိန္မွာ
ကြ်န္ေတာ္က Facebook မွ Facebook ပါပဲ။ ဒါေၾကာင္႕ ေနာက္ဆံုးဖြင္႕ထားတဲ႕ Facebook စာမ်က္ႏွာကုိ
လက္ကိုင္ဖုန္းေပၚမွာ အင္တာနက္မပါ Offline ဖတ္ရင္း ငံု႕လုိက္တာမွာ အားသြင္းပလပ္ေပါက္ကုိေတြ႕လုိက္ေတာ႕
အရမ္းေပ်ာ္သြားပါတယ္။ ဒါနဲ႕ အားရဝမ္းသာ လက္ေတာ႕ကုိထုတ္၊ စာတစ္ပုဒ္ေရးျပီးအဆင္႕သင္႕လုပ္ျပီးခါစ
မၾကာပါဘူး .. ထုိင္ဝမ္ေလဆိပ္ကိုဆင္းသက္ရပါေတာ႕တယ္။
.
.
အသံုးျပဳရလြယ္သေလာက္ လိုင္းဆြဲအားေကာင္းတာက
ထုိင္ဝမ္ေလဆိပ္က အခမဲ႕အင္တာနက္ပါ။ ဒါနဲ႕ နားခ်ိန္ လက္က်န္နာရီဝက္အတြင္း ေဘးကင္းစြာဆင္းသက္ေၾကာင္း
မိသားစုဆီကုိ Viber နဲ႕ Facebook Messenger ကေန သတင္းပို႕၊ ျပီးတာနဲ႕ ေရးျပီးသားေဆာင္းပါးကို
ဒေရာေသာပါး စာလံုးေပါင္းစစ္၊ ေလယာဥ္ေပၚမွာရိုက္ခဲ႕တဲ႕ဓါတ္ပံုကိုလက္ကုိင္ဖုန္းကေန လက္ေတာ႕ထဲကုိပုိ႕၊
ပို႕စ္ အသစ္တင္ .. စတာေတြလုပ္ေဆာင္ျပီးေတာ႕ ေကာင္တာက လက္မွတ္စစ္ဖို႕ေခၚေနပါျပီ။
.
အဲဒီကေန ရန္ကုန္ေလဆိပ္ကိုေရာက္၊ ေလဆိပ္ကအင္တာနက္ကုိလွမ္းခ်ိတ္၊
အမိေျမကိုေခ်ာေမာစြာေရာက္ရွိေၾကာင္းသတင္းပို႕ .. ဒီလုိနဲ႕ အေမရိကားကေန ရန္ကုန္ကုိျပန္ေရာက္တဲ႕အထိ
ေျမျပင္ နဲ႕ ေဝဟင္မျခား အင္တာနက္ကမ္းပါးကေန လံုးဝမခြဲခြာႏုိင္ေအာင္ျဖစ္ရပါတယ္။ ဒီလုိနဲ႕
Locked က်ေနတဲ႕ အေမရိကန္ AT&T ဖုန္းပါလာသူကြ်န္ေတာ႕မွာ SIM ကဒ္ ထည္႕မရျပဳမရျဖစ္ေနေပမယ္႕
တူမေလးရဲ႕ဖုန္းကေန ထပ္ဆင္႕လႊင္႕ေပးတဲ႕အင္တာနက္ကို ရန္ကုန္ျမိဳ႕ထဲျပည္ေတာ္ျပန္ဝင္ေနတဲ႕ကားလမ္းၾကပ္ေတြၾကားထဲမွာ
ေပ်ာ္ေပ်ာ္ပါးပါး ေမာ္ေတာ္ကားေလးေပၚမွာသံုးရင္း အခန္႕သားလိုက္ပါလာခဲ႕ပါေတာ႕တယ္။
.
ခင္လ်က္
.
01-28-2016
.
.
.
Myanmar Unicode Version:
.
.
“ ဘယ်သူခွဲခွဲတို့မကွဲ အင်တာနက်အမြဲသုံးမည် ”
ခရီးသွားနေသူ - ကိုညီညီ ( တောင်ကြီး
)
.
လက်ရှိခေတ်မှာ လူတွေအကြည့်ဆုံးက လက်ကိုင်ဖုန်းဖြစ်ပြီး
အရောက်ချင်ဆုံးလောကဘုံက အင်တာနက်ဆိုရင် နည်းနည်းများလွန်သွားမလားမဆိုနိုင်ဘူး။ အိပ်ယာထ
ဖုန်းကိုလိုက်ရှာ၊ မနက်စာရှာစား ဖုန်းကိုရှေ့ချထား၊ အလုပ်သွား ကျောင်းပြန် အသုံးတော်ခံ
.. စသဖြင့် မိမိအနားကချစ်သူ ခင်သူတွေထက် လက်ကိုင်ဖုန်းကိုခင်တွယ်နေတဲ့လူသားများဟာ ဖန်သားမျက်နှာပြင်ကပုံဖော်ပေးတဲ့
အင်တာနက်က ရုပ်ပုံလွှာတွေကို အမြင်ချင်ဆုံး၊ အရှာဖွေချင်ဆုံးပါ။
.
ဒါကြောင့် ဖြတ်လမ်းနည်းနဲ့ အမြန်ဆုံးပွင့်လင်းလာတဲ့
မြန်မာ့ဆက်သွယ်ရေးနယ်ပယ်သစ်မှာ Facebook ဟာ အင်တာနက်၊ အင်တာနက်ဟာ Facebook လို့ ဆိုရခြင်းဖြစ်ပါတယ်။
ရောက်တဲ့နေရာမှာ ဖုန်းရဲ့ညာဘက်ထိပ်နားက Wi-Fi ဘားလေးမိမမိရှာရတာလည်း အမော။ အခမဲ့ရတဲ့
Free Wi-Fi ဆိုရင် နှေးချင်နှေးမယ် .. အနည်းနဲ့အများတော့ အလုပ်ဖြစ်ကြမယ်လေ။ ဒီလိုနဲ့
ဒီတစ်ခေါက်ခရီးသွားတော့ ဘယ်လေဆိပ်မှာ ဘယ်အထာရှိတယ်ဆိုတဲ့ ဝိုင်ဖိုင်ရှာပုံတော်ဖွင့်ကြည့်ပါတယ်။
.
.
ပထမဦးဆုံးဖြတ်သန်းရတဲ့ ဆန်ဖရန်စစ္စကိုလေဆိပ်မှာ
ရောက်ရှိပြ Check In ဝင်ချိန် နဲ့ အမှန်တကယ်လေယာဉ်တက်မယ့်အချိန်က ( ၁ ) နာရီခွဲလောက်ခြားနားပါတယ်။
ဒါကြောင့် ခေတ္တနားမယ့် ထိုင်ခုံတွေရှိရာ Lobby ခန်းမှာနားနေတုန်း လက်ကိုင်ဖုန်းကို
ထုတ်သုံးကြည့်ပါတယ်။ အမေရိကားက 4G LTEဒေတာပါတဲ့လက်ကိုင်ဖုန်းရှိတာမို့ အင်တာနက်သုံးရတာအခက်အခဲမရှိပါဘူး။
ဖုန်းဓါတ်ခဲအားအသက်ဆက်ဖို့ အားသွင်းခလုတ်ရှာရတာက ပြသနာပါ။ ကိုယ့်လိုအကြံတူသူတွေများလှတာမို့
ပလပ်ပေါက်ရှိတဲ့နေရာမှာ နေရာလွတ်မကျန်တတ်ပါဘူး။
.
နောက်ဆုံးမှာ တောသားလေးကျွန်တော်ဟာ ခရီးသွားဆောင်းပါးတိုလေးရေးချင်လှသမို့
အမှိုက်ပုံးနားက ပလပ်ပေါက်ကိုထိုးရင်း သမန်သလင်းပေါ် ခြေဆင်းထိုင်ချ စာရိုက်နေမိပါတော့တယ်။
ရေးပြီးတော့စာလုံးပေါင်းစစ်နေတုန်း လက်ကိုင်ဖုန်းကအင်တာနက်ကို လက်တော့ဆီကို
Tethering လွှတ်ပြီး ပုံနဲ့စာတွဲတင်လိုက်ပါတယ်။ တစ်ကယ်ကိုယ့်အလှည့်လည်းရောက်ရော လေယာဉ်ထွက်ဖို့အချိန်
အရမ်းနီးကပ်နေပါပြီ။ တော်ပါသေးတယ် .. ဒီလိုကြာပုံမျိုးနဲ့ လေဆိပ်က Free Wi-Fi ကိုသုံးရင်း
ပုံတစ်ပုံတင်ဖို့အရေး လေယာဉ်ကကျွန်တော့ကို လေဆိပ်မှာထားခဲ့လောက်တယ်။
.
.
လေယာဉ်ဦးခန်း - Cockpit က လက်ကိုင်ဖုန်းတွေပိတ်ပါလို့မပြောမချင်း
မိသားစုကိုနှုတ်ဆက်၊ စာပို့၊ မွ စ်စ် လေးတွေလုပ်ရင်း နောက်ဆုံးစက္ကန့်အထိအရသာရှိအောင်သုံးရတာကတော့
အမေရိကန်မြေဆီလွှာပေါ်ကနေ လေယာဉ်ဘီးမြှောက်မတက်ခင်အထိပါပဲ။
လေယာဉ်တက်တဲ့အခါ ထိန်းချုပ်ခန်းရဲ့ဆက်သွယ်ရေးကိရိယာတွေအနှောင့်အယှက်မဖြစ်ရအောင်
Airplane Mode ကိုထားပေးရပါတယ်။ သူများတကာ ရှေ့ထိုင်ခုံက တက်ဘလက်ပေါ်က ရုပ်ရှင်အမျိုးမျိုးနဲ့ညိမ့်နေတဲ့အချိန်မှာ
လေယာဉ်ပေါ်မှာ အင်တာနက်ရှာနေသူက တောင်ပေါ်သား ကျွန်တော်ပါ။
.
ထိုင်ခုံရှေ့ကကဒ်ပြားတစ်ခုမှာ လေယာဉ်ပေါ်မှာအင်တာနက်အသုံးပြုဖို့ညွှန်ကြားချက်ကဒ်ပြားလေးကိုဖတ်ကြည့်နေမိတယ်။
အမလေး ဈေးများလိုက်တာ..။ ( ၁ ) နာရီကို ( ၁၂ ) ဒေါ်လာ၊ ( ၃ ) နာရီကို ( ၁၇ ) ဒေါ်လာ
နဲ့ တစ်ရက်လုံး ( ၂၄ ) နာရီသုံးရင် ( ၂၂ ) ဒေါ်လာဆိုတော့ ကမ္ဘာပေါ်မှာ ဒီထက်ဈေးကြီးတဲ့အင်တာနက်ဈေးနှုန်းကိုသိသူများရှိရင်
ပြောပြကြပါဦး။
.
.
ရောင်းတဲ့ကုမ္ပဏီက အမေရိကန်အင်တာနက်လက်ကိုင်ဖုန်းအဆင့်
( ၃ ) ရှိတဲ့ T-Mobile ကုမ္ပဏီဖြစ်ပါတယ်။ လေယာဉ်ပိုင်ရှင် China Airlines နဲ့ ပူးပေါင်းရောင်းစားတာပါ။
သူ့ကုမ္ပဏီက တစ်နာရီအင်တာနက်သုံးခွင့် 1 HOUR HOTSPOT PASS SKY ကဒ်ပြားရှိရင်လည်း နံပါတ်ထည့်သွင်းလိုက်ရုံပါပဲ။
ဝယ်ချင်သူအနေနဲ့ ဘဏ်ကဒ် ( ၆ ) မျိုး နဲ့ အွန်လိုင်းငွေပေးချေမှု PayPal နဲ့လည်း ရိုက်သွင်းဝယ်ယူနိုင်ပါတယ်။
ဈေးကြီးပေမယ့် အခုစံနစ်ဟာ တစ်ချိန်လုံးလေယာဉ်နဲ့ခရီးသွားနေရတဲ့စီးပွားရေးသမားအတွက်
တော်တော်အဆင်ပြေတဲ့စံနစ်ဖြစ်ပါတယ်။
.
အမှောင်ချထားတဲ့လေယာဉ်ခန်းထဲမှာ သူတကာတွေ
ရုပ်ရှင်ကြည့်သူကကြည့်၊ ကလေးပါတဲ့မိသားစုတွေက ဂိမ်းကစားသူက ကစား၊ တီဗွီစီးရီးကြည့်သူကကြည့်နေချိန်မှာ
ကျွန်တော်က Facebook မှ Facebook ပါပဲ။ ဒါကြောင့် နောက်ဆုံးဖွင့်ထားတဲ့ Facebook စာမျက်နှာကို
လက်ကိုင်ဖုန်းပေါ်မှာ အင်တာနက်မပါ Offline ဖတ်ရင်း ငုံ့လိုက်တာမှာ အားသွင်းပလပ်ပေါက်ကိုတွေ့လိုက်တော့
အရမ်းပျော်သွားပါတယ်။ ဒါနဲ့ အားရဝမ်းသာ လက်တော့ကိုထုတ်၊ စာတစ်ပုဒ်ရေးပြီးအဆင့်သင့်လုပ်ပြီးခါစ
မကြာပါဘူး .. ထိုင်ဝမ်လေဆိပ်ကိုဆင်းသက်ရပါတော့တယ်။
.
.
အသုံးပြုရလွယ်သလောက် လိုင်းဆွဲအားကောင်းတာက
ထိုင်ဝမ်လေဆိပ်က အခမဲ့အင်တာနက်ပါ။ ဒါနဲ့ နားချိန် လက်ကျန်နာရီဝက်အတွင်း ဘေးကင်းစွာဆင်းသက်ကြောင်း
မိသားစုဆီကို Viber နဲ့ Facebook Messenger ကနေ သတင်းပို့၊ ပြီးတာနဲ့ ရေးပြီးသားဆောင်းပါးကို
ဒရောသောပါး စာလုံးပေါင်းစစ်၊ လေယာဉ်ပေါ်မှာရိုက်ခဲ့တဲ့ဓါတ်ပုံကိုလက်ကိုင်ဖုန်းကနေ လက်တော့ထဲကိုပို့၊
ပို့စ် အသစ်တင် .. စတာတွေလုပ်ဆောင်ပြီးတော့ ကောင်တာက လက်မှတ်စစ်ဖို့ခေါ်နေပါပြီ။
.
အဲဒီကနေ ရန်ကုန်လေဆိပ်ကိုရောက်၊ လေဆိပ်ကအင်တာနက်ကိုလှမ်းချိတ်၊
အမိမြေကိုချောမောစွာရောက်ရှိကြောင်းသတင်းပို့ .. ဒီလိုနဲ့ အမေရိကားကနေ ရန်ကုန်ကိုပြန်ရောက်တဲ့အထိ
မြေပြင် နဲ့ ဝေဟင်မခြား အင်တာနက်ကမ်းပါးကနေ လုံးဝမခွဲခွာနိုင်အောင်ဖြစ်ရပါတယ်။ ဒီလိုနဲ့
Locked ကျနေတဲ့ အမေရိကန် AT&T ဖုန်းပါလာသူကျွန်တော့မှာ SIM ကဒ် ထည့်မရပြုမရဖြစ်နေပေမယ့်
တူမလေးရဲ့ဖုန်းကနေ ထပ်ဆင့်လွှင့်ပေးတဲ့အင်တာနက်ကို ရန်ကုန်မြို့ထဲပြည်တော်ပြန်ဝင်နေတဲ့ကားလမ်းကြပ်တွေကြားထဲမှာ
ပျော်ပျော်ပါးပါး မော်တော်ကားလေးပေါ်မှာသုံးရင်း အခန့်သားလိုက်ပါလာခဲ့ပါတော့တယ်။
.
ခင်လျက်
.
01-28-2016
.
“ ဘယ္သူခြဲခြဲတုိ႕မကြဲ အင္တာနက္အျမဲသံုးမည္ ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ဒီဇင္ဘာလ ( ၁၇ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၆၅ ) ၊ စာမ်က္ႏွာ ( ၃၇ ) တြင္ ေဖာ္ျပပါရွိသည္။