ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, March 14, 2017

ကေလးေက်ာင္းအတြက္စိတ္မပူနဲ႕

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )


" ကေလးေတြေက်ာင္းထားရေတာ႕မယ္ .. စိတ္ညစ္တယ္ "
ဒီလိုစိတ္ပူမႈမ်ိဳးကုိ သားသမီးရွိတဲ႕မိဘတုိင္း ၾကံဳဖူးၾကမွာပါ။ မူလတန္းလည္း မူလတန္းအေလ်ာက္၊ တကၠသုိလ္လည္း တကၠသိုလ္အေလ်ာက္ သူ႕ေနရာနဲ႕သူေတာ႕ပူေနရတာပါပဲ။ ဒီလိုအခက္အခဲမ်ိဳးကို အေမရိကားကိုေျပာင္းလာၾကတဲ႕ျမန္မာမိသားစုေတြမွာလည္း ရွိၾကပါတယ္။
.
မိသားတစ္စုဟာ အေမရိကားကိုလာေတာ႕မယ္ဆုိရင္ ဘယ္အရြယ္ကေလးငယ္ေတြပါလာမလဲဆိုတဲ႕အေပၚမွာမူတည္ျပီး ေက်ာင္းကိစၥေတြက မတူႏုိင္ပါဘူး။ ကြ်န္ေတာ႕စာေတြဖတ္မိသူေနေတြထဲမွာ ဒီႏုိင္ငံကိုလတ္တေလာလာမယ္႕သူေတြေမးေလ႕ရွိတာက စားဝတ္ေနေရးအခက္အခဲရင္ဆိုင္ပံု နဲ႕ ကေလးေက်ာင္းထားတဲ႕ကိစၥေတြက အမ်ားဆံုးပါ။
.
.
အၾကမ္းအားျဖင္႕ ကေလးရဲ႕အသက္အရြယ္အရ က်ာင္းတက္ရပံုကုိ ကြ်န္ေတာ္က ( ၃ ) မ်ိဳး ခြဲေျပာခ်င္ပါတယ္။
.
အထက္တန္းေက်ာင္း - High School
------------------------------------------------
.
ဒီအုပ္စုထဲမွာ ရင္ခြင္ပိုက္ - Infant နဲ႕ မူၾကိဳ - Pre-School ( Kindergarten ) တို႕ထက္ၾကီးတာ တစ္နည္းအားျဖင္႕ အတန္းၾကီးေရာက္တဲ႕အရြယ္အားလံုးကိုဆုိလုိပါတယ္။ ဒါေၾကာင္႕ ( ၁ ) တန္း - 1st Grader ကေန ( ၁၂ ) တန္း - Senior အထိ အေမရိကားမွာ အခမဲ႕တက္ႏို္င္ပါတယ္။ ဒီအတြက္ ေရာက္လာတဲ႕ျမန္မာမိသားစုထဲမွာ ကေလးမိဘက အျမဲတမ္းေနထိုင္ခြင္႕ - Permanent Residence ( Green Card ) ရရွိထားရပါမယ္။
.
တစ္ဆက္တည္း အပ္ရမယ္႕ေက်ာင္းကို မိမိေနတဲ႕ျမိဳ႕နယ္ေပၚမူတည္ျပီးခြဲတာျဖစ္လို႕ ေက်ာင္းအုပ္ခ်ဳပ္ေရးရံုး - School District က ခ်ေပးတဲ႕ေက်ာင္းကိုတက္ရမယ္။ ဒီအတြက္ မိဘေတြဟာ ဒီရပ္ကြက္ထဲက ဒီအိမ္လိပ္စာမွာ အမွန္တကယ္ေနတယ္ဆုိတဲ႕ Proof of Residence ျပရပါမယ္။
.
.
ေက်ာင္းတြင္းေလ႕လာေရး - Orientation သြားတဲ႕အခါလည္း အခက္အခဲမရွိႏုိင္ပါဘူး။ ေက်ာင္းအပ္တဲ႕ေန႕မွာ ဘာလုပ္ ဘယ္သြား ဆုိတာမ်ိဳးနဲ႕ အျမဲကူညီေနတဲ႕ လုပ္အားေပးေက်ာင္းသားေတြကုိ ေက်ာင္းက ေလက်င္႕ - Train ေပးျပီးသားပါ။ ဒါေၾကာင္႕ အိမ္စာမွတ္ခ်က္ နဲ႕ မိဘနဲ႕ဆရာအခ်ိတ္အဆက္ရွိေစဖို႕ တစ္ႏွစ္စာအစီအစဥ္ဇယား - Planner တစ္အုပ္ဝယ္ဖို႕ ေဒၚလာ ဆယ္ဂဏန္းနဲ႕ ျပီးသြားပါျပီ။ ( စားေရးကိရိယာေတြ ကိုယ္တိုင္ဝယ္ရဦးမွာ )


.
အခက္အခဲကေတာ႕ ေရာက္ခါစကေလးကုိေက်ာင္းဘယ္သူပို႕မလဲဆုိတာပါပဲ။ ဒါကလည္း မိဘႏွစ္ေယာက္ထဲမွာ တစ္ေယာက္က ဝင္ေငြရွိိတဲ႕အလုပ္တစ္ခုရွာျပီး ေနာက္တစ္ေယာက္က ကေလးကိစၥကိုင္တြယ္ေျဖရွင္းႏိုင္ပါတယ္။ ေနာက္ပုိင္း ကေလးက ေက်ာင္းမွာလည္းေပ်ာ္၊ လူေတာ္လူေကာင္းေလးေတြနဲ႕ေတြ႕ျပီး ေနသားက်လာတဲ႕အခါ မိဘေတြမွာ သူတုိ႕လိုအပ္ခ်က္ေတြကိုၾကည္႕ျပီး သူတုိ႕အနာဂါတ္ကုိ စိတ္ကူးယဥ္ႏိုင္ပါျပီ။
.
.
ေကာလိပ္နဲ႕တကၠသိုလ္
----------------------------
.
အေမရိကန္ရဲ႕ျပည္နယ္ေတြေပၚလုိက္ျပီး အထက္တန္းေက်ာင္းျပီးတဲ႕ေက်ာင္းသားေတြကုိေထာက္ပံ႕ေပးတဲ႕ရံပံုေငြဆုိတာ ရွိပါတယ္။ ေက်ာင္းသားေထာက္ပံ႕ေငြလုိ႕အသိမ်ားတဲ႕ Financial Aid ဒီႏုိင္ငံမွာ " ႏုိင္ငံသားျဖစ္သူ နဲ႕ အျမဲတန္းေနထုိင္ခြင္႕ရွိသူ " ဘယ္သူမဆိုေလွ်ာက္ခြင္႕ရတာခ်င္း တူပါတယ္။ သုိ႕ေပမယ္႕ ခ်ေပးလိုက္တဲ႕ Financial Aid မွာ ေက်ာင္းစားရိတ္ကုိစုိက္ထုတ္ေပးျခင္း - Cover ျဖစ္ျခင္း မျဖစ္ျခင္းကေတာ႕ မတူႏုိင္ပါဘူး။
.
ဒါဆို ဘယ္လုိလူေတြက ေက်ာင္းစားရိတ္ကာမိလုိ႕ အပိုေငြရျပီး ဘယ္လိုလူေတြက ကိုယ္႕စားရိတ္နဲ႕ကုိယ္ ေကာလိပ္တက္ရမလဲဆိုတာ ေမးစရာရွိပါတယ္။ ဒါက လူတစ္ဦးခ်င္္းလား? မိသားစုနဲ႕လား? အိမ္ေထာင္နဲ႕လား? ကေလးရွိလား? အိမ္ေထာင္စုထဲမွာေက်ာင္းၾကီးတက္ေနသူဘယ္ႏွစ္ေယာက္ရွိသလဲ? အလုပ္လုပ္ရင္းေက်ာင္းတက္မွာလား? ဆိုတဲ႕အေပၚေတြမွာ ကြဲျပားပါတယ္။
.
.
တစ္ဆက္တည္း ဝင္ေငြနည္းသူေတြကုိေပးတဲ႕ကူေငြျဖစ္တာမုိ႕လုိ႕ ဝင္ေငြနည္းသူ - Low Income သမားေတြကုိ ျပည္နယ္ေတြက ကယ္တင္ၾကပါတယ္။ ဒါေၾကာင္႕ ျမန္မာႏုိင္ငံကေန ေက်ာင္းလာတက္သူေတြက Green Card မရွိလုိ႕ Financial Aid ေလွ်ာက္ခြင္႕မရွိပါဘူး။ ပညာသင္ဆုလို႕ေခၚၾကတဲ႕ Scholarship ကိုေတာ႕ ကြ်န္ေတာ႕တစ္ဦးတည္းအျမင္အရ ေစ်းေရာင္းတဲ႕ပရုိမုိးရွင္း လို႕ အျမဲေျဖမိတယ္။
.
ေနာက္ထပ္ေမွ်ာ္လင္႕စရာရွိတာက ေက်ာင္းကလည္းအစုိးရေက်ာင္း - Public School ျဖစ္ဦးမယ္ဆိုရင္ အစုိးရေပးတဲ႕ေထာက္ပံ႕ေငြအျပင္ ျပည္နယ္ကေပးတဲ႕ေထာက္ပံ႕ေငြ နဲ႕ ေက်ာင္းကိုယ္တုိင္ကေပးတဲ႕ေလွ်ာ႕ေပးေငြေတြ ရႏိုင္ပါေသးတယ္။ ဒီထဲမွာ မိမိကေလးရတဲ႕ ပရုိဂရမ္ေပၚမူတည္ျပီး အမည္နာမကြဲျပားသလို ေငြပမာဏလည္း မတူႏုိင္ပါဘူး။ ဒါေပမယ္႕ ကေလးက သူ " Grant " ရတယ္လို႕ဆုိရင္ေတာ႕ တစ္ႏွစ္စာလံုးမွာ " တစ္ၾကိမ္သာ " ရျပီး ျပန္ဆပ္စရာမလိုဘူးဆိုတာ သိရပါတယ္။
.
.
တကၠသိုလ္
-------------
.
အထက္ကအပိုဒ္မွာ ေကာလိပ္နဲ႕တကၠသိုလ္ကိုေပါင္းထားရတာ အေၾကာင္းရွိပါတယ္။ အေမရိကန္ေက်ာင္းသားေတြရဲ႕စိ္တ္ထဲမွာ ေကာလိပ္သည္လည္း တကၠသိုလ္၊ တကၠသိုလ္သည္လည္းေ ကာလိပ္ လို႕ ( အမ်ားအားျဖင္႕ ) ယူဆထားတဲ႕အတြက္ေၾကာင္႕ျဖစ္တယ္။ သင္ၾကားျပီးစီးမႈအတိုင္းအတာကို အခန္း - Unit ( အပုိင္း ) ေတြနဲ႕တြက္တာေၾကာင္႕ စာတူရင္ ေကာလိပ္မွာတက္ျပီးထားရင္ တကၠသိုလ္မွာ ေရွ႕ဆက္သြားရံုဆုိေတာ႕ ကေလးအတြက္ သိပ္ထမ္းစရာမလိုေတာ႕ပါဘူး။
.
ဆိုလိုတာက အင္ဂ်င္နီယာလိုင္း ( တစ္ခုခု ) တက္မယ္႕ေက်ာင္းသားဟာ သူ႕ေမဂ်ာဝင္ဖို႕လုိအပ္ခ်က္ - Requirement ဘာသာရပ္ေတြထဲက ဥပမာ - သခ်ာၤဆိုရင္ Algebra, Trigonometry တို႕လုိ အေပါ႕စားေလးကို ေကာလိပ္မွာသင္ထားျပီး Statistics ကိုပါအခ်ိန္စုျပီး ျပီးေအာင္လုပ္ထားမယ္ဆုိရင္ တကၠသိုလ္ေျပာင္းတဲ႕အခါ အဲဒီယူနစ္ေတြကို ကဲ႕ယူ - Transfer လုပ္သြားရင္ ေက်ာင္းက ေပးယူပါတယ္။ ဒီလိုနည္းလမ္းအားျဖင္႕ ျမန္မာႏုိင္ငံကေန ေငြကုန္ေၾကးက်ခံျပီး ဒီႏုိင္ငံက နာမည္ၾကီးေက်ာင္းကိုေရာက္မွ အေျခခံကေနျပန္တက္ရတဲ႕အဂၤလိပ္စာ၊ ေအာက္သက္မေၾကလို႕နားလည္ေအာင္လုပ္ေနရတဲ႕သခ်ာၤ၊ သိျပီး တတ္ျပီးသားျဖစ္ေပမယ္႕ ဒီႏိုင္ငံက အေခၚအေဝၚေတြကိုအကြ်မ္းဝင္ေအာင္လုပ္ေနရတဲ႕တစ္ခ်ိဳ႕ Professional Major ေတြအေပၚမွာ အခ်ိန္ျဖဳန္း ေငြျဖဳန္းေနတဲ႕ဒုကၡကေန ေရွာင္ကြင္းႏုိင္ပါတယ္။
.
.
တကၠသိုလ္တက္ဖို႕အတြက္ ေက်ာင္းသားဟာ ေက်ာင္းဝင္ခြင္႕ကဲ႕သုိ႕အာဏာရွိတဲ႕ SAT နဲ႕ ACT တို႕ကိုေျဖရပါမယ္။ ေက်ာင္းေကာင္းရင္ ကုိယ္႕ကေလးက ဒီစာေမးပြဲေတြမွာ အမွတ္မ်ားမ်ားရထားဖို႕ ဆုေတာင္းထားႏုိင္ရင္ ပိုစိတ္ခ်ရတယ္။ ဒီအတြက္ အထက္တန္းမျပီးခင္ ( ၁ဝ ) တန္းကတည္းက ေက်ာင္းကေလ႕က်င္႕ေပးတဲ႕ပရုိဂရမ္ေတြရွိတယ္။ စာေမးပြဲေျဖရရင္ ကိုယ္႕ကေလးေျဖခ်င္ရင္ေငြသြင္းျပီး ေျဖရမွာျဖစ္ပါတယ္။
.
ေက်ာင္းေရြးျပီးသြားတဲ႕ေက်ာင္းသားအတြက္ အေဆာင္စဥ္းစားရပါမယ္။ အိမ္ကေနတကၠသိုလ္ အသြားအျပန္တက္မယ္႕ကေလးအတြက္က ကား၊ ရထားစီစဥ္ေပးရမယ္။ တစ္နယ္တစ္ေက်းမွာတက္ရင္ ေက်ာင္းသားဟာ သြားလာ စားေသာက္ အိမ္စာ ေက်ာင္းကိစၥ အားလံုး သူ႕ဟာသူလုပ္ႏုိင္ရပါမယ္။ ဒီေနရာမွာ အခမဲ႕ဆိုျပီးအုတ္ျမစ္ခ်ခဲ႕တဲ႕အေမရိကန္ပညာေရးဟာ ေသာက္ေသာက္လဲေငြစကုန္ပါျပီ။ မိဘကေထာက္ပံ႕ေပးႏုိင္သူေတြအတြက္အေရးမၾကီးတဲ႕ဘ႑ာေရးအေျခအေနဟာ မတတ္ႏုိင္သူေတြအတြက္က်ျပန္ေတာ႕ ေခ်းေငြ - Student Loan နဲ႕ ႏွစ္ပါးသြားရပါမယ္။
.
.
အလုပ္ခြင္ဝင္ျပီးခါမွ ေက်ာင္းတက္တုန္းကေခ်းခဲ႕တဲ႕ေငြကုိ ( ၃ ) ႏွစ္တန္သည္ ( ၅ ) ႏွစ္တန္သည္ ျပန္ဆပ္ၾကတဲ႕ဇာတ္လမ္းမ်ိဳးက ဒီဘက္မွာ မဆန္းလွတဲ႕ေက်ာင္းသားနဲ႕ေငြေၾကး စိမ္ေျပးတမ္းလိုက္တမ္းကစားနည္းတစ္မ်ိဳးလို႕ ကြ်န္ေတာ္က ေျပာခ်င္တယ္။
.
ခ်ဳပ္ျပီးဆိုရရင္ အေမရိကားပညာေရးဟာ ( တတ္ႏုိင္ရင္ ) တစ္သက္မွာတစ္ခါေတာ႕ ယူထားသင္႕တဲ႕ " အသိဥာဏ္ဥစၥာအိုး " လို႕ ကြွန္ေတာ္ယူဆတယ္။ အဲဒါအတြက္ေရာက္လာတဲ႕ ကြ်န္ေတာ႕ရဲ႕အေမရိကားဘဝမွာလည္း အလဲအလွယ္တစ္ခ်ိဳ႕လုပ္ခဲ႕ရသမို႕ အခုလုိ သိသေလာက္ျပန္ေျပာျပခြင္႕ရတာကိုပဲ အလြန္အမင္းေက်နပ္မိပါတယ္။
.
.
ခင္လ်က္
.
ကိုညီညီ ( ေတာင္ၾကီး )
02-07-2017
.
.
.
Unicode Version:
.
.
. " ကလေးကျောင်းအတွက်စိတ်မပူနဲ့ "
" ကလေးတွေကျောင်းထားရတော့မယ် .. စိတ္ညစ္တယ္ "
ဒီလိုစိတ်ပူမှုမျိုးကို သားသမီးရှိတဲ့မိဘတိုင်း ကြုံဖူးကြမှာပါ။ မူလတန်းလည်း မူလတန်းအလျောက်၊ တက္ကသိုလ်လည်း တက္ကသိုလ်အလျောက် သူ့နေရာနဲ့သူတော့ပူနေရတာပါပဲ။ ဒီလိုအခက်အခဲမျိုးကို အမေရိကားကိုပြောင်းလာကြတဲ့မြန်မာမိသားစုတွေမှာလည်း ရှိကြပါတယ်။
.
မိသားတစ်စုဟာ အမေရိကားကိုလာတော့မယ်ဆိုရင် ဘယ်အရွယ်ကလေးငယ်တွေပါလာမလဲဆိုတဲ့အပေါ်မှာမူတည်ပြီး ကျောင်းကိစ္စတွေက မတူနိုင်ပါဘူး။ ကျွန်တော့စာတွေဖတ်မိသူနေတွေထဲမှာ ဒီနိုင်ငံကိုလတ်တလောလာမယ့်သူတွေမေးလေ့ရှိတာက စားဝတ်နေရေးအခက်အခဲရင်ဆိုင်ပုံ နဲ့ ကလေးကျောင်းထားတဲ့ကိစ္စတွေက အများဆုံးပါ။
.
.
အကြမ်းအားဖြင့် ကလေးရဲ့အသက်အရွယ်အရ ကျာင်းတက်ရပုံကို ကျွန်တော်က ( ၃ ) မျိုး ခွဲပြောချင်ပါတယ်။
.
အထက်တန်းကျောင်း - High School
------------------------------------------------
.
ဒီအုပ်စုထဲမှာ ရင်ခွင်ပိုက် - Infant နဲ့ မူကြို - Pre-School ( Kindergarten ) တို့ထက်ကြီးတာ တစ်နည်းအားဖြင့် အတန်းကြီးရောက်တဲ့အရွယ်အားလုံးကိုဆိုလိုပါတယ်။ ဒါကြောင့် ( ၁ ) တန်း - 1st Grader ကနေ ( ၁၂ ) တန်း - Senior အထိ အမေရိကားမှာ အခမဲ့တက်နို်င်ပါတယ်။ ဒီအတွက် ရောက်လာတဲ့မြန်မာမိသားစုထဲမှာ ကလေးမိဘက အမြဲတမ်းနေထိုင်ခွင့် - Permanent Residence ( Green Card ) ရရှိထားရပါမယ်။
.
တစ်ဆက်တည်း အပ်ရမယ့်ကျောင်းကို မိမိနေတဲ့မြို့နယ်ပေါ်မူတည်ပြီးခွဲတာဖြစ်လို့ ကျောင်းအုပ်ချုပ်ရေးရုံး - School District က ချပေးတဲ့ကျောင်းကိုတက်ရမယ်။ ဒီအတွက် မိဘတွေဟာ ဒီရပ်ကွက်ထဲက ဒီအိမ်လိပ်စာမှာ အမှန်တကယ်နေတယ်ဆိုတဲ့ Proof of Residence ပြရပါမယ်။
.
.
ကျောင်းတွင်းလေ့လာရေး - Orientation သွားတဲ့အခါလည်း အခက်အခဲမရှိနိုင်ပါဘူး။ ကျောင်းအပ်တဲ့နေ့မှာ ဘာလုပ် ဘယ်သွား ဆိုတာမျိုးနဲ့ အမြဲကူညီနေတဲ့ လုပ်အားပေးကျောင်းသားတွေကို ကျောင်းက လေကျင့် - Train ပေးပြီးသားပါ။ ဒါကြောင့် အိမ်စာမှတ်ချက် နဲ့ မိဘနဲ့ဆရာအချိတ်အဆက်ရှိစေဖို့ တစ်နှစ်စာအစီအစဉ်ဇယား - Planner တစ်အုပ်ဝယ်ဖို့ ဒေါ်လာ ဆယ်ဂဏန်းနဲ့ ပြီးသွားပါပြီ။ ( စားရေးကိရိယာတွေ ကိုယ်တိုင်ဝယ်ရဦးမှာ )
.
အခက်အခဲကတော့ ရောက်ခါစကလေးကိုကျောင်းဘယ်သူပို့မလဲဆိုတာပါပဲ။ ဒါကလည်း မိဘနှစ်ယောက်ထဲမှာ တစ်ယောက်က ဝင်ငွေရှိိတဲ့အလုပ်တစ်ခုရှာပြီး နောက်တစ်ယောက်က ကလေးကိစ္စကိုယ်တိုင်ဖြေရှင်းနိုင်ပါတယ်။ နောက်ပိုင်း ကလေးက ကျောင်းမှာလည်းပျော်၊ လူတော်လူကောင်းလေးတွေနဲ့တွေ့ပြီး နေသားကျလာတဲ့အခါ မိဘတွေမှာ သူတို့လိုအပ်ချက်တွေကိုကြည့်ပြီး သူတို့အနာဂါတ်ကို စိတ်ကူးယဉ်နိုင်ပါပြီ။
.
.
ကောလိပ်နဲ့တက္ကသိုလ်
------------------------------
.
အမေရိကန်ရဲ့ပြည်နယ်တွေပေါ်လိုက်ပြီး အထက်တန်းကျောင်းပြီးတဲ့ကျောင်းသားတွေကိုထောက်ပံ့ပေးတဲ့ရံပုံငွေဆိုတာ ရှိပါတယ်။ ကျောင်းသားထောက်ပံ့ငွေလို့အသိများတဲ့ Financial Aid ဒီနိုင်ငံမှာ " နိုင်ငံသားဖြစ်သူ နဲ့ အမြဲတန်းနေထိုင်ခွင့်ရှိသူ " ဘယ်သူမဆိုလျှောက်ခွင့်ရတာချင်း တူပါတယ်။ သို့ပေမယ့် ချပေးလိုက်တဲ့ Financial Aid မှာ ကျောင်းစားရိတ်ကိုစိုက်ထုတ်ပေးခြင်း - Cover ဖြစ်ခြင်း မဖြစ်ခြင်းကတော့ မတူနိုင်ပါဘူး။
.
ဒါဆို ဘယ်လိုလူတွေက ကျောျင်းစားရိတ်ကာမိလို့ အပိုငွေရပြီး ဘယ်လိုလူတွေက ကိုယ့်စားရိတ်နဲ့ကိုယ် ကောလိပ်တက်ရမလဲဆိုတာ မေးစရာရှိပါတယ်။ ဒါက လူတစ်ဦးချင််းလား? မိသားစုနဲ့လား? အိမ်ထောင်နဲ့လား? ကလေးရှိလား? အိမ်ထောင်စုထဲမှာကျောင်းကြီးတက်နေသူဘယ်နှစ်ယောက်ရှိသလဲ? အလုပ်လုပ်ရင်းကျောင်းတက်မှာလား? ဆိုတဲ့အပေါ်တွေမှာ ကွဲပြားပါတယ်။
.
.
တစ်ဆက်တည်း ဝင်ငွေနည်းသူတွေကိုပေးတဲ့ကူငွေဖြစ်တာမို့လို့ ဝင်ငွေနည်းသူ - Low Income သမားတွေကို ပြည်နယ်တွေက ကယ်တင်ကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကနေ ကျောင်းလာတက်သူတွေက Green Card မရှိလို့ Financial Aid လျှောက်ခွင့်မရှိပါဘူး။ ပညာသင်ဆုလို့ခေါ်ကြတဲ့ Scholarship ကိုတော့ ကျွန်တော့တစ်ဦးတည်းအမြင်အရ စျေးရောင်းတဲ့ပရိုမိုးရှင်း လို့ အမြဲဖြေမိတယ်။
.
နောက်ထပ်မျှော်လင့်စရာရှိတာက ကျောင်းကလည်းအစိုးရကျောင်း - Public School ဖြစ်ဦးမယ်ဆိုရင် အစိုးရပေးတဲ့ထောက်ပံ့ငွေအပြင် ပြည်နယ်ကပေးတဲ့ထောက်ပံ့ငွေ နဲ့ ကျောင်းကိုယ်တိုင်ကပေးတဲ့လျှော့ပေးငွေတွေ ရနိုင်ပါသေးတယ်။ ဒီထဲမှာ မိမိကလေးရတဲ့ ပရိုဂရမ်ပေါ်မူတည်ပြီး အမည်နာမကွဲပြားသလို ငွေပမာဏလည်း မတူနိုင်ပါဘူး။ ဒါပေမယ့် ကလေးက သူ " Grant " ရတယ်လို့ဆိုရင်တော့ တစ်နှစ်စာလုံးမှာ " တစ်ကြိမ်သာ " ရပြီး ပြန်ဆပ်စရာမလိုဘူးဆိုတာ သိရပါတယ်။
.
.
တက္ကသိုလ်
----------------
.
အထက်ကအပိုဒ်မှာ ကောလိပ်နဲ့တက္ကသိုလ်ကိုပေါင်းထားရတာ အကြောင်းရှိပါတယ်။ အမေရိကန်ကျောင်းသားတွေရဲ့စိ်တ်ထဲမှာ ကောလိပ်သည်လည်း တက္ကသိုလ်၊ တက္ကသိုလ်သည်လည်းေ ကာလိပ် လို့ ( အများအားဖြင့် ) ယူဆထားတဲ့အတွက်ကြောင့်ဖြစ်တယ်။ သင်ကြားပြီးစီးမှုအတိုင်းအတာကို အခန်း - Unit ( အပိုင်း ) တွေနဲ့တွက်တာကြောင့် စာတူရင် ကောလိပ်မှာတက်ပြီးထားရင် တက္ကသိုလ်မှာ ရှေ့ဆက်သွားရုံဆိုတော့ ကလေးအတွက် သိပ်ထမ်းစရာမလိုတော့ပါဘူး။
.
ဆိုလိုတာက အင်ဂျင်နီယာလိုင်း ( တစ်ခုခု ) တက်မယ့်ကျောင်းသားဟာ သူ့မေဂျာဝင်ဖို့လိုအပ်ချက် - Requirement ဘာသာရပ်တွေထဲက ဥပမာ - သချာင်္ဆိုရင် Algebra, Trigonometry တို့လို အပေါ့စားလေးကို ကောလိပ်မှာသင်ထားပြီး Statistics ကိုပါအချိန်စုပြီး ပြီးအောင်လုပ်ထားမယ်ဆိုရင် တက္ကသိုလ်ပြောင်းတဲ့အခါ အဲဒီယူနစ်တွေကို ကဲ့ယူ - Transfer လုပ်သွားရင် ကျောင်းက ပေးယူပါတယ်။ ဒီလိုနည်းလမ်းအားဖြင့် မြန်မာနိုင်ငံကနေ ငွေကုန်ကြေးကျခံပြီး ဒီနိုင်ငံက နာမည်ကြီးကျောင်းကိုရောက်မှ အခြေခံကနေပြန်တက်ရတဲ့အင်္ဂလိပ်စာ၊ အောက်သက်မကြေလို့နားလည်အောင်လုပ်နေရတဲ့သချာင်္၊ သိပြီး တတ်ပြီးသားဖြစ်ပေမယ့် ဒီနိုင်ငံက အခေါ်အဝေါ်တွေကိုအကျွမ်းဝင်အောင်လုပ်နေရတဲ့တစ်ချို့ Professional Major တွေအပေါ်မှာ အချိန်ဖြုန်း ငွေဖြုန်းနေတဲ့ဒုက္ခကနေ ရှောင်ကွင်းနိုင်ပါတယ်။
.
.
တက္ကသိုလ်တက်ဖို့အတွက် ကျောင်းသားဟာ ကျောင်းဝင်ခွင့်ကဲ့သို့အာဏရှိတဲ့ SAT နဲ့ ACT တို့ကိုဖြေရပါမယ်။ ကျောင်းကောင်းရင် ကိုယ့်ကလေးက ဒီစာမေးပွဲတွေမှာ အမှတ်များများရထားဖို့ ဆုတောင်းထားနိုင်ရင် ပိုစိတ်ချရတယ်။ ဒီအတွက် အထက်တန်းမပြီးခင် ( ၁ဝ ) တန်းကတည်းက ကျောင်းကလေ့ကျင့်ပေးတဲ့ပရိုဂရမ်တွေရှိတယ်။ စာမေးပွဲဖြေရရင် ကိုယ့်ကလေးဖြေချင်ရင်ငွေသွင်းပြီး ဖြေရမှာဖြစ်ပါတယ်။
.
ကျောင်းရွေးပြီးသွားတဲ့ကျောင်းသားအတွက် အဆောင်စဉ်းစားရပါမယ်။ အိမ်ကနေတက္ကသိုလ် အသွားအပြန်တက်မယ့်ကလေးအတွက်က ကား၊ ရထားစီစဉ်ပေးရမယ်။ တစ်နယ်တစ်ကျေးမှာတက်ရင် ကျောင်းသားဟာ သွားလာ စားသောက် အိမ်စာ ကျောင်းကိစ္စ အားလုံး သူ့ဟာသူလုပ်နိုင်ရပါမယ်။ ဒီနေရာမှာ အခမဲ့ဆိုပြီးအုတ်မြစ်ချခဲ့တဲ့အမေရိကန်ပညာရေးဟာ သောက်သောက်လဲငွေစကုန်ပါပြီ။ မိဘကထောက်ပံ့ပေးနိုင်သူတွေအတွက်အရေးမကြီးတဲ့ဘဏ္ဍာရေးအခြေအနေဟာ မတတ်နိုင်သူတွေအတွက်ကျပြန်တော့ ချေးငွေ - Student Loan နဲ့ နှစ်ပါးသွားရပါမယ်။
.
.
အလုပ်ခွင်ဝင်ပြီးခါမှ ကျောင်းတက်တုန်းကချေးခဲ့တဲ့ငွေကို ( ၃ ) နှစ်တန်သည် ( ၅ ) နှစ်တန်သည် ပြန်ဆပ်ကြတဲ့ဇာတ်လမ်းမျိုးက ဒီဘက်မှာ မဆန်းလှတဲ့ကျောင်းသားနဲ့ငွေကြေး စိမ်ပြေးတမ်းလိုက်တမ်းကစားနည်းတစ်မျိုးလို့ ကျွန်တော်က ပြောချင်တယ်။
.
ချုပ်ပြီးဆိုရရင် အမေရိကားပညာရေးဟာ ( တတ်နိုင်ရင် ) တစ်သက်မှာတစ်ခါတော့ ယူထားသင့်တဲ့ " အသိဉာဏ်ဥစ္စာအိုး " လို့ ကွှန်တော်ယူဆတယ်။ အဲဒါအတွက်ရောက်လာတဲ့ ကျွန်တော့ရဲ့အမေရိကားဘဝမှာလည်း အလဲအလှယ်တစ်ချို့လုပ်ခဲ့ရသမို့ အခုလို သိသလောက်ပြန်ပြောပြခွင့်ရတာကပဲ အလွန်အမင်းကျေနပ်မိပါတယ်။
.
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
02-07-2017

No comments: