ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, August 14, 2016

အားေအာင္လည္း ေနပါ။ နားလည္း နားပါ

ေဆာင္းပါးရွင္ - ကုိညီညီ ( ေတာင္ၾကီး )
.
နယ္ေျမျခား နယ္ေျမသစ္ကိုေရာက္တဲ႕အခါ စားဝတ္ေနေရးအတြက္ အလုပ္လုပ္ေနရသူမ်ား နဲ႕ အလုပ္လုပ္စရာမလိုသူမ်ားအတြက္ အေမရိကားမွာ အားလပ္ခ်ိန္မတူညီၾကပါဘူး။ မယံုမရွိပါနဲ႕ .. တစ္ခ်ိဳ႕ျမန္မာႏုိင္ငံကလာသူေတြ ဒီႏိုင္ငံမွာအလုပ္လုပ္ေနသူေတြထက္ခ်မ္းသာၾကတယ္။
.
ပစၥည္းတစ္ခုဝယ္ခ်င္ရင္ ခ်က္လက္မွတ္ - Paycheck က ေသာၾကာေန႕မွာ ဘဏ္စာရင္းထဲကိုဘယ္ေလာက္ဝင္လာမယ္ဆိုတာ ထည္႕တြက္ေနစရာမလုိပဲ စိတ္ထင္သလို ဝယ္ျခမ္းပစ္လိုက္ႏုိင္တာကိုပဲ ၾကည္႕ပါေတာ႕ေလ..။
.
.
တစ္ပတ္ကုိ နာရီ ( ၄ဝ ) ၊ တစ္လ ( ၄ ) ပတ္ အလုပ္စက္ဝုိင္းထဲမွာက်င္လည္ရသူအဖို႕ ေသာၾကာေန႕ဟာ လူတိုင္း ေမွ်ာ္လင္႕ရလြန္းရံုမက စေန တနဂၤေႏြရံုးပိတ္ရက္ဟာ မ်ားျပားလွတဲ႕အဓိပၸာယ္ကို ေဖာ္က်ဴးေပးပါတယ္။
.
တစ္ပတ္လံုးညစ္ေပစြာဝတ္ထားသမွ်အဝတ္ေတြကုိ ေသာၾကာေန႕ညေန ရံုးဆင္းလာရင္ စက္နဲ႕အကုန္ေလွ်ာ္ထား၊ အိမ္သူသက္ထား ( သို႕မဟုတ္ ) အိမ္ရွင္ထီး နဲ႕ ခ်ိန္းျပီး တစ္ပတ္စာ ေစ်းသံုးသြားထား၊ ညေနေစာင္းလို႕ အားေနေသးရင္ အိမ္သန္႕ရွင္းေရးပါ လုပ္ထား၊ အဲဒါထက္မွ အခ်ိန္ပိုေသးရင္ တစ္ပတ္စာ ထမင္းဗူးထည္႕ဖို႕ အုိးကင္းေလးနဲ႕ အျဖဴထည္ေၾကာ္ေလး ( ၃ ) ( ၄ ) ခြက္ေလာက္ခ်က္ထား .. ဒီလိုေတြစီမံႏိုင္ရင္ စေန လည္မလား? တနဂၤေႏြ နားမလား? စိတ္ၾကိဳက္စီမံခန္႕ခြဲႏုိင္ပါတယ္။
.
.
တစ္ခ်ိဳ႕က်ေတာ႕  အိမ္မွာေလွ်ာ္ေလွ်ာ္ ဆိုင္မွာသြားေလွ်ာ္ေလွ်ာ္ ေမာင္ကေလွ်ာ္ထား..။ အိမ္မွာအေၾကာ္အေလွာ္ေလးခ်က္ခ်က္ ဆိုင္မွာပဲ သြားဝယ္စားစား မယ္ကဝယ္ထား ..။ ဒီလုိ ကြ်မ္းက်င္ရာ အလိမၼာ တာဝန္ကိုယ္စီခြဲလိုက္တဲ႕အခါ ပင္ပန္းသမွ်ေတြေက်ာ္လြန္သြားေတာ႕ ဆက္တိုက္နားရက္ ( ၂ ) ရက္ ရရွိႏုိင္ပါတယ္။
.
ဒါေပမယ္႕ တစ္ခ်ိဳ႕တစ္ခ်ိဳ႕ေတြရဲ႕ အိမ္ေထာင္စီမံခန္႕ခြဲမႈက အိမ္အလုပ္ေတြ မျပီး၊ အဝတ္အစားေတြ မေလွ်ာ္၊ ထမင္းဗူးအဆင္သင္႕ မရွိ၊ တစ္အိမ္လံုး ပြစိရႈတ္၊ ကေလးေတြအိမ္စာ မၾကည္႕ႏုိင္၊ ဟင္းတစ္ခါဝယ္ ( ၃ ) ရက္ ဆက္တိုက္စား၊ ကေလးေက်ာင္းကို အိမ္နီးနားခ်င္းမိတ္ေဆြေတြကုိ ေငြေပးပို႕ခိုင္း စတဲ႕ ေျပာင္းေရႊ႕အေမရိကန္ေတြဆိုတာလည္း ရွိၾကပါတယ္။

.
.
အမ်ိဳးေတြစံုတဲ႕အခါ တူေတြ တူမေတြရဲ႕ ပညာေရးေတြ၊ အိမ္ေထာင္သည္ေတြရဲ႕ အိမ္မႈကိစၥေတြ၊ ညီအစ္ကိုေမာင္ႏွမခ်င္းတိုင္ပင္ရမယ္႕ စတိုရီေတြ၊ အလုပ္ေဟာင္းမွာအဆင္မေျပလို႕ အလုပ္သစ္ရွာခ်င္ၾကတဲ႕ Job Opening ေတြ၊ ျမန္မာႏိုင္ငံမွာ တိုးတက္ေျပာင္းလဲလာေနတဲ႕အေၾကာင္းေတြ၊ အားလပ္ခ်ိန္ကို ဘယ္လိုအက်ိဳးရွိရွိအသံုးခ်ျပီး ခရီးသြားဖို႕ ဘယ္လိုအစီအစဥ္ေတြရွိတယ္ဆုိတဲ႕စီမံကိန္းေတြ ေရွးေဟာင္းေႏွာင္းျဖစ္ေတြေျပာရင္း စားၾက ေသာက္ၾကပါတယ္။
.
ဒီေနရာမွာေျပာစရာရွိတာက လူစုတဲ႕အိမ္ပါ။ အိမ္ရွင္က လာသမွ်ဧည္႕သည္ေတြကို ဒိုင္ခံတည္ခင္းေပးရသလို သူတို႕ျပန္သြားရင္လည္း ေသးေသးမႊားမႊားအမိႈက္ကအစ လုိက္သိမ္းရတာမို႕ လြယ္ကူေပါ႕ပါးတဲ႕တာဝန္ေတာ႕မဟုတ္ပါဘူး။
.
.
ဒါေၾကာင္႕ တစ္ေယာက္စားစရာတစ္မ်ိဳးယူလာတဲ႕ Potluck ဆုိတာ အေလ႕အထတစ္ခုအေနနဲ႕လုပ္လာၾကတယ္။ ကိုယ္ႏုိင္တာ ကိုယ္ယူမလား? မခ်က္ခ်င္ရင္လည္း ဆိုင္ကတစ္ခုခု ဝယ္လာမလား? မဟုတ္ရင္လည္း အာလူးေၾကာ္လို၊ ဘိလပ္ရည္ - Soda လို ဝင္ဝယ္လာမလား? အားလံုးဝုိင္းကူလိုက္တဲ႕အခါ စားေကာင္းေသာက္ဖြယ္ပနံသင္႕တဲ႕ အရံသင္႕စကားဝုိင္းေလးတစ္ခု ျဖစ္လာျပီေပါ႕ဗ်ာ..။
.
မိတ္ေဆြေတြစံုတဲ႕ပြဲဆုိရင္ေတာ႕ ပံုစံခန္႕ညားျပီး ဟန္မ်ားတတ္ပါတယ္။ အလုပ္ကဘယ္ေလာက္ေကာင္းေၾကာင္း၊ သားသမီးေတြဘယ္ေလာက္ေတာ္ေၾကာင္း၊ အပန္းေျဖခရီးဘယ္လိုသြားမွာျဖစ္ေၾကာင္း နဲ႕ သူ႕အလုပ္ခြင္မွာ သူဘယ္ေလာက္အေရးပါတဲ႕အေၾကာင္းေတြကုိ နားေထာင္တတ္ရင္ အဆင္ေျပႏုိင္ပါတယ္။ ဒီအထဲမွာ မိမိနဲ႕သိတဲ႕သူေရာ မ်က္ႏွာစိမ္းေတြေရာ ပါႏုိင္တာသိထားရင္ အေနခက္စရာမရွိေလာက္ပါဘူး။
.
.
ေဆြမ်ိဳးေတြစုစားတဲ႕ Gathering ဆိုရင္ ဟုိဟင္းခြက္ႏိႈက္လိုက္၊ ဒီဟင္းခြက္ႏိႈက္လိုက္၊ ဟုိတစ္စု ဒီတစ္စု တီဗီၾကည္႕သူကၾကည္႕၊ အားကစားပြဲၾကည္႕သူကၾကည္႕၊ ရံုးအေၾကာင္း၊ ဘဏ္စာရင္းအေၾကာင္း၊ ကုမၸဏီအေၾကာင္း၊ ေက်ာင္းအေၾကာင္း၊ ကားအေၾကာင္းေျပာသူကေျပာ၊ အဲဒီထဲကမွ ေဆြမ်ိဳးထဲမွာတစ္ေယာက္ေယာက္ကို ဆံုးမစရာရွိရင္ သီးသန္႕အခန္းထဲေခၚသြားျပီး အၾကီးအကဲလုိျဖစ္ေနသူက ဆုိ .. ဆံုးမ နဲ႕ သိပ္ကိုလွပတဲ႕ သီတင္းပတ္အားလပ္ရက္တစ္ခု ျဖစ္ေအာင္က်င္းပႏိုင္ပါတယ္။
.
ဒီထဲမွာ တစ္ပတ္ကို စေနေန႕အလုပ္ဆင္းရသူေတြမလာႏုိင္သလို ညေနပိုင္း - Swing Shift အလုပ္လုပ္ရသူေတြ အိပ္ယာထျပီးအေရာက္လာႏုိင္ဖို႕လည္း မေသခ်ာႏုိင္တာကို ဖိတ္ကတည္းက ထည္႕တြက္ထားႏုိင္ပါတယ္။
.
.
တစ္ခ်ိဳ႕ လူပ်ိဳၾကီးဝုိင္း၊ လူအိုၾကီးဝုိင္းေတြမွာ ပုဆိန္နဲ႕လမ္းေလွ်ာက္ျပီး ကာရာ မွာ အုိေက တာလည္း ရွိတတ္ပါတယ္။ အခုလို ေတြ႕ဆံုတဲ႕ပြဲမွာ အရက္ေသစာပါလာရင္ေတာ႕ အိမ္အျပန္ ကားဘယ္သူေမာင္းမလဲ ဆိုတာ သိပ္အေရးၾကီးပါတယ္။
.
ခ်စ္စရာေကာင္းတဲ႕ဓေလ႕တစ္ခုက အားလံုးစားျပီးလို႕ ထမင္းလံုးစီေနခ်ိန္၊ အိပ္ျပန္ခ်ိန္လည္း ေနာက္က်ေနခ်ိန္မွာ စုရပ္အိမ္ရွင္က ပိုလွ်ံတဲ႕စားစရာေတြကို ဗူးၾကီး၊ ဗူးေသးေလးေတြနဲ႕ ပါဆယ္ထည္႕ေပးလိုက္တတ္ၾကတာပါပဲ။ ဒါဆို အိမ္ေရာက္ရင္ ထမင္း ( ၂ ) လံုးတည္၊ ေနာက္တစ္ရက္ ရံုးဖြင္႕ခ်ိန္ တနလၤာေန႕ မနက္၊ ညေန ( ၂ ) ႏွပ္စာ မပူရေတာ႕တာလည္း အားလပ္ရက္ကံေကာင္းျခင္းတစ္မ်ိဳးပါပဲ။
.
.
ဒါေၾကာင္႕ အေမရိကားမွာ ျဖဴျဖဴမည္းမည္း အလုပ္လုပ္တဲ႕အခါ အလုပ္လုပ္ နားတဲ႕အခါ အပီနားၾကတယ္။ သမၼတလို အလုပ္မ်ားလြန္းတဲ႕သူေတာင္ သူ႕အခ်ိန္နဲ႕သူ နားခ်ိန္ရေအာင္ အခ်ိန္ဇယားဆြဲတယ္။ ေက်ာင္းသားလည္း ေက်ာင္းသားအေလ်ာက္ သူ႕သူငယ္ခ်င္းေတြ အတန္းေဖာ္ေတြနဲ႕ေတြ႕ဆံုမႈရွိမယ္ အပန္းေျဖမႈဆုိတာ ရွိၾကလိမ္႕မယ္။
.
ဆယ္ေက်ာ္သက္ဆုိလည္း ခ်စ္သူျဖစ္တာမျဖစ္တာအပထား Hang Out ဆုိတာရွိတယ္။ အရြယ္ေရာက္သူေတြအတြက္ ခ်ိန္းေတြ႕တဲ႕ Dating ဆုိတာလည္း လက္ခံသင္႕တယ္။ မနက္ ( ၉ ) နာရီ ညေန ( ၅ ) နာရီအလုပ္လုပ္တဲ႕ ေကာ္လာျဖဴ - 9 to 5 ( White Collar Job ) အလုပ္ခြင္ဆိုရင္လည္း ရံဖန္ရံခါပြဲလမ္းသဘင္တက္တဲ႕ အိမ္ေထာင္ဘက္နဲ႕လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေပါင္းသင္းဆက္ဆံသင္႕တယ္။
.
.
ဒါေၾကာင္႕ အလုပ္ဘယ္ေလာက္မ်ားမ်ား သင္အားဖုိ႕သာလုိပါတယ္။ မအားတာက မိမိရဲ႕အလုပ္အကိုင္ နဲ႕ အားလပ္ခ်ိန္ကို ဘယ္လိုကိုင္တြယ္သလဲဆုိတဲ႕ နည္းဗ်ဴဟာနဲ႕သာသက္ဆုိင္ျပီး ကမၻာ႕ေျမပံုေပၚမွာ ဘယ္ေနရာမွာပဲေနေန ေဒသႏၱရ ေနရာ႒ာနနဲ႕ တိုက္ရိုက္မပတ္သက္ဘူးလို႕ ေျပာခ်င္ပါတယ္။
.
ေနတတ္္ရင္ ေက်နပ္စရာအျပည္႕နဲ႕ လူ႕ေလာကၾကီးမွာ
ျဖည္းျဖည္သြားလည္း ဒီခရီးပါပဲ
ျမန္ျမန္သြားလည္း ဒီခရီးပါပဲ
ဒါေၾကာင္႕ အလုပ္ခြင္ နဲ႕ ဘဝ မွ်ေျခ - Work-Life Balance အရ ..
အားေအာင္လည္းေနပါ .. နားလည္း နားပါလို႕
ေစတနာေရွ႕ရႈလုိ႕ တုိက္တြန္းတဲ႕အမႈကို
ျပဳလုိက္ရပါတယ္။
.
ခင္လ်က္
.
ကိုညီညီ ( ေတာင္ၾကီး )
.
08-14-2016
.
( မေတြ႕ရတာၾကာျပီျဖစ္ေသာ အမ်ိဳးမ်ားဆံုတုန္း တန္ဖိုးရွိသည္႕အခိုက္အတန္႕ဓါတ္ပံုကုိ အသံုးျပဳပါသည္ )
.
.
.
Unicode Version:
.
.
“ အားအောင်လည်း နေပါ။ နားလည်း နားပါ ”
.
နယ်မြေခြား နယ်မြေသစ်ကိုရောက်တဲ့အခါ စားဝတ်နေရေးအတွက် အလုပ်လုပ်နေရသူများ နဲ့ အလုပ်လုပ်စရာမလိုသူများအတွက် အမေရိကားမှာ အားလပ်ချိန်မတူညီကြပါဘူး။ မယုံမရှိပါနဲ့ .. တစ်ချို့မြန်မာနိုင်ငံကလာသူတွေ ဒီနိုင်ငံမှာအလုပ်လုပ်နေသူတွေထက်ချမ်းသာကြတယ်။
.
ပစ္စည်းတစ်ခုဝယ်ချင်ရင် ချက်လက်မှတ် - Paycheck က သောကြာနေ့မှာ ဘဏ်စာရင်းထဲကိုဘယ်လောက်ဝင်လာမယ်ဆိုတာ ထည့်တွက်နေစရာမလိုပဲ စိတ်ထင်သလို ဝယ်ခြမ်းပစ်လိုက်နိုင်တာကိုပဲ ကြည့်ပါတော့လေ..။
.
.
တစ်ပတ်ကို နာရီ ( ၄ဝ ) ၊ တစ်လ ( ၄ ) ပတ် အလုပ်စက်ဝိုင်းထဲမှာကျင်လည်ရသူအဖို့ သောကြာနေ့ဟာ လူတိုင်း မျှော်လင့်ရလွန်းရုံမက စနေ တနင်္ဂနွေရုံးပိတ်ရက်ဟာ များပြားလှတဲ့အဓိပ္ပာယ်ကို ဖော်ကျူးပေးပါတယ်။
.
တစ်ပတ်လုံးညစ်ပေစွာဝတ်ထားသမျှအဝတ်တွေကို သောကြာနေ့ညနေ ရုံးဆင်းလာရင် စက်နဲ့အကုန်လျှော်ထား၊ အိမ်သူသက်ထား ( သို့မဟုတ် ) အိမ်ရှင်ထီး နဲ့ ချိန်းပြီး တစ်ပတ်စာ ဈေးသုံးသွားထား၊ ညနေစောင်းလို့ အားနေသေးရင် အိမ်သန့်ရှင်းရေးပါ လုပ်ထား၊ အဲဒါထက်မှ အချိန်ပိုသေးရင် တစ်ပတ်စာ ထမင်းဗူးထည့်ဖို့ အိုးကင်းလေးနဲ့ အဖြူထည်ကြော်လေး ( ၃ ) ( ၄ ) ခွက်လောက်ချက်ထား .. ဒီလိုတွေစီမံနိုင်ရင် စနေ လည်မလား? တနင်္ဂနွေ နားမလား? စိတ်ကြိုက်စီမံခန့်ခွဲနိုင်ပါတယ်။
.
.
တစ်ချို့ကျတော့  အိမ်မှာလျှော်လျှော် ဆိုင်မှာသွားလျှော်လျှော် မောင်ကလျှော်ထား..။ အိမ်မှာအကြော်အလှော်လေးချက်ချက် ဆိုင်မှာပဲ သွားဝယ်စားစား မယ်ကဝယ်ထား ..။ ဒီလို ကျွမ်းကျင်ရာ အလိမ္မာ တာဝန်ကိုယ်စီခွဲလိုက်တဲ့အခါ ပင်ပန်းသမျှတွေကျော်လွန်သွားတော့ ဆက်တိုက်နားရက် ( ၂ ) ရက် ရရှိနိုင်ပါတယ်။
.
ဒါပေမယ့် တစ်ချို့တစ်ချို့တွေရဲ့ အိမ်ထောင်စီမံခန့်ခွဲမှုက အိမ်အလုပ်တွေ မပြီး၊ အဝတ်အစားတွေ မလျှော်၊ ထမင်းဗူးအဆင်သင့် မရှိ၊ တစ်အိမ်လုံး ပွစိရှုတ်၊ ကလေးတွေအိမ်စာ မကြည့်နိုင်၊ ဟင်းတစ်ခါဝယ် ( ၃ ) ရက် ဆက်တိုက်စား၊ ကလေးကျောင်းကို အိမ်နီးနားချင်းမိတ်ဆွေတွေကို ငွေပေးပို့ခိုင်း စတဲ့ ပြောင်းရွှေ့အမေရိကန်တွေဆိုတာလည်း ရှိကြပါတယ်။
.
.
အမျိုးတွေစုံတဲ့အခါ တူတွေ တူမတွေရဲ့ ပညာရေးတွေ၊ အိမ်ထောင်သည်တွေရဲ့ အိမ်မှုကိစ္စတွေ၊ ညီအစ်ကိုမောင်နှမချင်းတိုင်ပင်ရမယ့် စတိုရီတွေ၊ အလုပ်ဟောင်းမှာအဆင်မပြေလို့ အလုပ်သစ်ရှာချင်ကြတဲ့ Job Opening တွေ၊ မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲလာနေတဲ့အကြောင်းတွေ၊ အားလပ်ချိန်ကို ဘယ်လိုအကျိုးရှိရှိအသုံးချပြီး ခရီးသွားဖို့ ဘယ်လိုအစီအစဉ်တွေရှိတယ်ဆိုတဲ့စီမံကိန်းတွေ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း စားကြ သောက်ကြပါတယ်။
.
ဒီနေရာမှာပြောစရာရှိတာက လူစုတဲ့အိမ်ပါ။ အိမ်ရှင်က လာသမျှဧည့်သည်တွေကို ဒိုင်ခံတည်ခင်းပေးရသလို သူတို့ပြန်သွားရင်လည်း သေးသေးမွှားမွှားအမှိုက်ကအစ လိုက်သိမ်းရတာမို့ လွယ်ကူပေါ့ပါးတဲ့တာဝန်တော့မဟုတ်ပါဘူး။
.
.
ဒါကြောင့် တစ်ယောက်စားစရာတစ်မျိုးယူလာတဲ့ Potluck ဆိုတာ အလေ့အထတစ်ခုအနေနဲ့လုပ်လာကြတယ်။ ကိုယ်နိုင်တာ ကိုယ်ယူမလား? မချက်ချင်ရင်လည်း ဆိုင်ကတစ်ခုခု ဝယ်လာမလား? မဟုတ်ရင်လည်း အာလူးကြော်လို၊ ဘိလပ်ရည် - Soda လို ဝင်ဝယ်လာမလား? အားလုံးဝိုင်းကူလိုက်တဲ့အခါ စားကောင်းသောက်ဖွယ်ပနံသင့်တဲ့ အရံသင့်စကားဝိုင်းလေးတစ်ခု ဖြစ်လာပြီပေါ့ဗျာ..။
.
မိတ်ဆွေတွေစုံတဲ့ပွဲဆိုရင်တော့ ပုံစံခန့်ညားပြီး ဟန်များတတ်ပါတယ်။ အလုပ်ကဘယ်လောက်ကောင်းကြောင်း၊ သားသမီးတွေဘယ်လောက်တော်ကြောင်း၊ အပန်းဖြေခရီးဘယ်လိုသွားမှာဖြစ်ကြောင်း နဲ့ သူ့အလုပ်ခွင်မှာ သူဘယ်လောက်အရေးပါတဲ့အကြောင်းတွေကို နားထောင်တတ်ရင် အဆင်ပြေနိုင်ပါတယ်။ ဒီအထဲမှာ မိမိနဲ့သိတဲ့သူရော မျက်နှာစိမ်းတွေရော ပါနိုင်တာသိထားရင် အနေခက်စရာမရှိလောက်ပါဘူး။
.
.
ဆွေမျိုးတွေစုစားတဲ့ Gathering ဆိုရင် ဟိုဟင်းခွက်နှိုက်လိုက်၊ ဒီဟင်းခွက်နှိုက်လိုက်၊ ဟိုတစ်စု ဒီတစ်စု တီဗီကြည့်သူကကြည့်၊ အားကစားပွဲကြည့်သူကကြည့်၊ ရုံးအကြောင်း၊ ဘဏ်စာရင်းအကြောင်း၊ ကုမ္ပဏီအကြောင်း၊ ကျောင်းအကြောင်း၊ ကားအကြောင်းပြောသူကပြော၊ အဲဒီထဲကမှ ဆွေမျိုးထဲမှာတစ်ယောက်ယောက်ကို ဆုံးမစရာရှိရင် သီးသန့်အခန်းထဲခေါ်သွားပြီး အကြီးအကဲလိုဖြစ်နေသူက ဆို .. ဆုံးမ နဲ့ သိပ်ကိုလှပတဲ့ သီတင်းပတ်အားလပ်ရက်တစ်ခု ဖြစ်အောင်ကျင်းပနိုင်ပါတယ်။
.
ဒီထဲမှာ တစ်ပတ်ကို စနေနေ့အလုပ်ဆင်းရသူတွေမလာနိုင်သလို ညနေပိုင်း - Swing Shift အလုပ်လုပ်ရသူတွေ အိပ်ယာထပြီးအရောက်လာနိုင်ဖို့လည်း မသေချာနိုင်တာကို ဖိတ်ကတည်းက ထည့်တွက်ထားနိုင်ပါတယ်။
.
.
တစ်ချို့ လူပျိုကြီးဝိုင်း၊ လူအိုကြီးဝိုင်းတွေမှာ ပုဆိန်နဲ့လမ်းလျှောက်ပြီး ကာရာ မှာ အိုကေ တာလည်း ရှိတတ်ပါတယ်။ အခုလို တွေ့ဆုံတဲ့ပွဲမှာ အရက်သေစာပါလာရင်တော့ အိမ်အပြန် ကားဘယ်သူမောင်းမလဲ ဆိုတာ သိပ်အရေးကြီးပါတယ်။
.
ချစ်စရာကောင်းတဲ့ဓလေ့တစ်ခုက အားလုံးစားပြီးလို့ ထမင်းလုံးစီနေချိန်၊ အိပ်ပြန်ချိန်လည်း နောက်ကျနေချိန်မှာ စုရပ်အိမ်ရှင်က ပိုလျှံတဲ့စားစရာတွေကို ဗူးကြီး၊ ဗူးသေးလေးတွေနဲ့ ပါဆယ်ထည့်ပေးလိုက်တတ်ကြတာပါပဲ။ ဒါဆို အိမ်ရောက်ရင် ထမင်း ( ၂ ) လုံးတည်၊ နောက်တစ်ရက် ရုံးဖွင့်ချိန် တနင်္လာနေ့ မနက်၊ ညနေ ( ၂ ) နှပ်စာ မပူရတော့တာလည်း အားလပ်ရက်ကံကောင်းခြင်းတစ်မျိုးပါပဲ။
.
.
ဒါကြောင့် အမေရိကားမှာ ဖြူဖြူမည်းမည်း အလုပ်လုပ်တဲ့အခါ အလုပ်လုပ် နားတဲ့အခါ အပီနားကြတယ်။ သမ္မတလို အလုပ်များလွန်းတဲ့သူတောင် သူ့အချိန်နဲ့သူ နားချိန်ရအောင် အချိန်ဇယားဆွဲတယ်။ ကျောင်းသားလည်း ကျောင်းသားအလျောက် သူ့သူငယ်ချင်းတွေ အတန်းဖော်တွေနဲ့တွေ့ဆုံမှုရှိမယ် အပန်းဖြေမှုဆိုတာ ရှိကြလိမ့်မယ်။
.
ဆယ်ကျော်သက်ဆိုလည်း ချစ်သူဖြစ်တာမဖြစ်တာအပထား Hang Out ဆိုတာရှိတယ်။ အရွယ်ရောက်သူတွေအတွက် ချိန်းတွေ့တဲ့ Dating ဆိုတာလည်း လက်ခံသင့်တယ်။ မနက် ( ၉ ) နာရီ ညနေ ( ၅ ) နာရီအလုပ်လုပ်တဲ့ ကော်လာဖြူ - 9 to 5 ( White Collar Job ) အလုပ်ခွင်ဆိုရင်လည်း ရံဖန်ရံခါပွဲလမ်းသဘင်တက်တဲ့ အိမ်ထောင်ဘက်နဲ့လိုက်လျောညီထွေဖြစ်အောင် ပေါင်းသင်းဆက်ဆံသင့်တယ်။
.
.
ဒါကြောင့် အလုပ်ဘယ်လောက်များများ သင်အားဖို့သာလိုပါတယ်။ မအားတာက မိမိရဲ့အလုပ်အကိုင် နဲ့ အားလပ်ချိန်ကို ဘယ်လိုကိုင်တွယ်သလဲဆိုတဲ့ နည်းဗျူဟာနဲ့သာသက်ဆိုင်ပြီး ကမ္ဘာ့မြေပုံပေါ်မှာ ဘယ်နေရာမှာပဲနေနေ ဒေသန္တရ နေရာဋ္ဌာနနဲ့ တိုက်ရိုက်မပတ်သက်ဘူးလို့ ပြောချင်ပါတယ်။
.
နေတတ်ရင် ကျေနပ်စရာအပြည့်နဲ့ လူ့လောကကြီးမှာ
ဖြည်းဖြည်သွားလည်း ဒီခရီးပါပဲ
မြန်မြန်သွားလည်း ဒီခရီးပါပဲ
ဒါကြောင့် အလုပ်ခွင် နဲ့ ဘဝ မျှခြေ - Work-Life Balance အရ ..
အားအောင်လည်းနေပါ .. နားလည်း နားပါလို့
စေတနာရှေ့ရှုလို့ တိုက်တွန်းတဲ့အမှုကို
ပြုလိုက်ရပါတယ်။
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
.
08-14-2016
.

( မတွေ့ရတာကြာပြီဖြစ်သော အမျိုးများဆုံတုန်း တန်ဖိုးရှိသည္႕အခိုက်အတန့်ဓါတ်ပုံကို အသုံးပြုပါသည် )

No comments: