ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, October 3, 2017

ေရးခ်င္ေနတဲ႕ UCLA Review

ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)

. သားသမီးေတြအေဝးေက်ာင္းသြားတက္တဲ႕အခါ အေဆာင္မွာေနမွာလား? အမ်ိဳးအိမ္မွာေနမွာလား? ဆိုတာ စတင္စဥ္းစားရပါတယ္။ ေက်ာင္းကေပးတဲ႕ဝန္ေဆာင္မႈအရ လူေနေဆာင္ - Housing ေတြက ေက်ာင္းေတြေပၚမူတည္ျပီး ေကာင္းတတ္တယ္၊ တခါတရံ ညံ႕တတ္ပါတယ္။
.
.
. စြမ္း ကုိ ေရြးခ်ယ္တဲ႕ေက်ာင္း (၅) ေက်ာင္းထဲက အိမ္နဲ႕နီးတဲ႕ UC Davis နဲ႕ UC Berkeley ကို သူက မသြားတဲ႕အခါ အိမ္ကေနေက်ာင္းကိုကားေမာင္းတက္ေစခ်င္တဲ႕မိဘေတြရဲ႕စိတ္ကူးဟာ အေကာင္အထည္မေပၚခဲ႕ပါဘူး။ အမွန္က UC Davis ဆုိရင္ေဝးလို႕ ေက်ာင္းအိပ္ေက်ာင္းစားသြားရမွာျဖစ္သလို UC Berkeley က်ျပန္ေတာ႕ နီးလို႕အိမ္ကေနတက္ရင္လည္း လူငယ္တစ္ေယာက္ရဲ႕အခ်ိန္ေတြကို ရထားေပၚမွာ၊ ကားေပၚမွာ ကုန္ေအာင္သံုးခုိင္းလုိက္သလိုျဖစ္သြားမွာကို မိဘေတြကစိုိးရိမ္မိျပန္တယ္။
.
. ေနာက္ဆံုး စြမ္း ေရြးလိုက္တာက ေလာ႕အိန္းဂ်လိစ္ျမိဳ႕က UCLA တကၠသိုလ္ျဖစ္ပါတယ္။ ဒီလိုဆုိေတာ႕ ကြ်န္ေတာ္တို႕မိဘေတြက သားကုိစိတ္မခ်လို႕ ကိုယ္တုိင္ကုိယ္က်လိုက္ပို႕ေပးဖို႕စီစဥ္ရတယ္။ ေလယာဥ္နဲ႕သြားမယ္႕အစား ကားငွားရတယ္။ အိမ္ေထာင္တစ္ခုေျပာင္းေရႊ႕သလို လိုေလေသးမရွိ အလံုးစံုျပည္႕စံုေအာင္စဥ္းစားရတယ္။ အဲဒီလိုစုိးရိမ္တဲ႕အထဲမွာ အခံစားရဆံုးနဲ႕စိတ္အပူရဆံုးကေတာ႕ သူ႕အေမပါဘဲ။
.
.
. အေမဆိုေတာ႕ အကုန္ပူတယ္။ စားတာဘယ္လိုစားမလဲ? အိပ္ယာကႏူးညံ႕ေပ်ာ႕ေျပာင္းရဲ႕လား? ေရခ်ိဳးခန္းအိမ္သာေရာ သန္႕ရဲ႕လား? ဆိုျပီး ေမးခြန္းေပါင္းမ်ားစြာ သူ႕ေခါင္းထဲမွာတန္းစီေနတာေပါ႕ဗ်ာ။ ဒါေၾကာင္႕လားမသိဘူး . . သူမၾကာခဏေျပာတဲ႕ "အေဖ နဲ႕ အေမ ဒါေတြကြာတယ္လို႕ ေျပာတာ" ဆုိတဲ႕အသံကုိ ဒီစာေရးရင္းနဲ႕ျပန္ၾကားေယာင္မိျပန္တယ္။


.
. အေဆာင္ဝင္ရမယ္႕ရက္ကို ေစာေစာမေၾကျငာပဲ ကပ္ျပီးေျပာေတာ႕ UCLA ကေတာ႕ ညစ္ထားျပန္ျပီလို႕အစကထင္ခဲ႕တာရွိတယ္။ ဒါေပမယ္႕ ေနာက္ပုိင္းကိုယ္တိုင္ကိုယ္က်ေရာက္သြားတဲ႕အခါက်မွ ျပန္နားလည္မိတာက ရြာၾကီးတမွ်ၾကီးမားတဲ႕အေဆာင္ေတြထဲကအခန္းေတြထဲအေရာက္ ကမၻာ႕ေနရာအသီးသီးက အထုပ္ေတြ အပိုးေတြတိုးလို႕တြဲေလာင္းေက်ာင္းသားေတြကုိ သူ႕ရက္နဲ႕သူ အေဆာင္ဝင္ေစတာက ပုိစံနစ္က်ျပီးျမန္ျမန္ဆန္ဆန္အလုပ္ျပီးတာကုိ ႏွစ္သက္မိတယ္။
.
.
. ေရာက္ေရာက္ခ်င္း ပစၥည္းဝုိင္းသယ္တဲ႕လုပ္အားေပးေက်ာင္းသားေတြက ျပံဳးျပံဳးရႊင္ရႊင္ဆီးၾကိဳၾကတယ္။ ဓါတ္ေလွခါးနဲ႕ ေထြလာၾကီး (၃) ခုနဲ႕တြန္းတင္ေပးရံုမက အခန္းဝအထိ ျပန္သယ္ ျပန္ခ်ေပးၾကတယ္။ ဒါေတာင္ မိန္းကေလးေတြေနာ္ . . လမ္းမွာ ကားရွင္းေပးတာလည္း သူတုိ႕ဘဲ . . ဒီလူငယ္ေတြပဲ . . ေတာ္ေတာ္အားရဖို႕ေကာင္းတယ္။
.
. တစ္ေယာက္ခန္း၊ ႏွစ္ေယာက္ခန္း၊ ႏွစ္ထပ္ကုတင္နဲ႕သံုးေယာက္ခန္းအျပင္ စုေပါင္းေနရတဲ႕ခမ္းမမ်ိဳးလည္းရွိတယ္။ လူအမ်ားနဲ႕မို႕ ေရခ်ိဳးခန္း၊ အိမ္သာ မွ်သံုးရေပမယ္႕ သန္႕ရွင္းတာ၊ အနံ႕အသက္ကင္းတာ ခ်ီးက်ဴးမိတယ္။ အုပ္ခ်ဳပ္ေရးရံုးက ေက်ာင္းသားေတြနဲ႕ဆက္သြယ္ေရးေကာင္းေစဖို႕ အခန္းတိုင္းမွာ ၾကိဳးဖုန္းတစ္လံုးထားေပးတယ္
.
.
. အခန္းထဲဝင္ဝင္ျပီးခ်င္း ရွင္းရင္း ျပဳရင္း ေနရာခ်ထားရင္းနဲ႕ ဗိုက္ကဆာလာေတာ႕ စြမ္း ကို အစားသြားစားရေအာင္လို႕ေျပာေတာ႕ ကြ်န္ေတာ္တုိ႕အုပ္စုဟာ စားဖိုေဆာင္ကုိထြက္ခဲ႕ၾကတယ္။ ေက်ာင္းသားအတြက္ UCLA ေက်ာင္းသားကဒ္ျပားဆြဲဝင္ရျပီး အခုလို အေဆာင္ဝင္တဲ႕ Move In Weekend မွာ ေက်ာင္းသားနဲ႕ပါလာတဲ႕ဧည္႕သည္ေတြကုိ တစ္ၾကိမ္အခမဲ႕ေကြ်းေမြးပါတယ္။
.
.
. ကေလးေတြကုိေကြ်းတာက စားေသာက္တန္း ကင္တင္းနဲ႕မတူပဲ ဘာယူယူ ဘာစားစား အဝစား ဘူေဖးပံုစံပါ။ ကိုယ္ထုိင္မယ္႕ေနရာေရြးျပီးရင္ စားခ်င္တာကို စားႏုိင္သေလာက္ အကန္႕အသတ္မရွိ တန္းစီယူငင္စားေသာက္ႏုိင္တယ္။ ေကြ်းတဲ႕မီႏူးကုိလည္း ဝဘ္ဆုိဒ္မွာ ေန႕အလုိက္တင္ထားေပးျပီး တစ္ရက္နဲ႕တစ္ရက္မထပ္ေအာင္ စီစဥ္ေပးတယ္။ ဒီအခ်က္ေၾကာင္႕ . . ဒီအစားအေသာက္စံနစ္ေၾကာင္႕ ကြ်န္ေတာ္တို႕မိဘေတြဟာကေလးအတြက္ပူေနတဲ႕စိတ္ကုိ ဟုိးေအာက္ေျခအထိခ်ပစ္ႏုိင္ခဲ႕တယ္လို႕ ေျပာရပါလိမ္႕မယ္။
.
. သတင္းေတြမွာျပန္ၾကည္႕လိုက္ေတာ႕ ကယ္လီဖုိးနီးယားျပည္နယ္မွာ UC Berkeley နဲ႕ UCLA တို႕ဟာ ပထမေနရာလုေနသလို - Tie ျဖစ္ေနတယ္လို႕ေရးထားတာဖတ္ရတယ္။ တကယ္ ေစ႕ေစ႕စပ္စပ္ေလ႕လာၾကည္႕ေတာ႕ UCLA ရဲ႕ အစားအေသာက္ေကြ်းတဲ႕ဘူေဖးစံနစ္က အေမရိကန္္တစ္ႏုိင္ငံလံုးမွာ တိုက္တိုက္ဆိုင္ဆိုင္ နံပါတ္ (၁) ျဖစ္ေနျပန္တယ္။
.
.
. ကြ်န္ေတာ႕တစ္သက္လံုးမွာ ဒီလိုအစားေသာက္ေကြ်းတဲ႕ေက်ာင္းကိုမေတြ႕ခဲ႕ဖူးပါ (ကြ်န္ေတာ္ငယ္ငယ္က ပဲခူးေဆာင္မွာေနခဲ႕တုန္းနဲ႕ေတာ႕ တျခားစီ)။ ဒါေၾကာင္႕လည္း L.A မွာေနခဲ႕တဲ႕ေန႕ေတြအားလံုး ျမိဳ႕ထဲကိုအစားထြက္မစားရဘူး။ တစ္ခ်ိန္လံုး UCLA ရဲ႕ ဘူေဖးမွာ သားနဲ႕အတူတူစားခဲ႕တယ္ (ပထမအၾကိမ္အခမဲ႕ျဖစ္ျပီး ေနာက္အၾကိမ္ေတြမွာ ဧည္႕သည္တစ္ေယာက္ကုိဝင္ေၾကးဘယ္ေလာက္ဆုိျပီး ဝယ္စားခဲ႕ပါတယ္)
.
.
. စိတ္ညစ္ရတာကေတာ႕ ကိုယ္ပိုင္ကားေမာင္းသြားသူအဖို႕ ကားပါကင္ကုိ စံနစ္အတိုင္းရပ္ဖို႕ညႊန္ၾကားထားတာပါ။ ေက်ာင္းအတြင္းေတာ႕ လံုျခံဳေရး၊ ေကာလိပ္ပတ္ဝန္းက်င္ထိန္းသိမ္းေရးနဲ႕ ေကာလိပ္ရဲကားေတြကလြဲရင္ အားလံုးကားပါကင္မွာရပ္ရတယ္။ သြားရလာရလြယ္ကူေအာင္ ေက်ာင္းကိုအျမဲပတ္ေနတဲ႕ ဖယ္ရီ - Shuttle ကား အစီး (၂ဝ) ေက်ာ္နဲ႕ ကားလမ္းမပိတ္ေအာင္ စီစဥ္ေပးထားတယ္။
.
. အမွန္က L.A ျမိဳ႕ဟာ အေမရိကားရဲ႕ ကားၾကပ္တဲ႔ထိပ္သီးျမိဳ႕တစ္ျမိဳ႕ဆိုတာ ကမၻာ႕သတင္းနဲ႕မဆက္မျပတ္သူတိုင္း သိျပီးသားပါ။ ဒါေၾကာင္႕ အနယ္နယ္အရပ္ရပ္ကေက်ာင္းသားမိဘေတြရဲ႕ကားေတြဟာ ေက်ာင္းပုရဝုဏ္ရဲ႕စည္းကမ္းကို ပိုတယ္လို႔မယူဆရံုမက စိတ္အေႏွာင္႕အယွက္မျဖစ္ၾကပါဘူး။
.
.
. အေကာင္းဆံုးထဲက အေကာင္းဆံုးအခ်က္က L.A ရဲတပ္ဖြဲ႕ - LAPD က ေက်ာင္းအတြက္သီးသန္႔ အခ်ိန္ျပည္႔ရဲဝန္ထမ္းေတြခ်ထားေပးရံုက UCLA ရဲ ႔ ကားစည္းကမ္းထိန္းသိမ္းေရးကားငယ္ေလးေတြက တစ္ခ်ိန္လံုးပတ္ေနေတာ့ ကိစၥတစ္ခုစိတ္ေအးရျပန္ပါတယ္
.
. ေက်ာင္းနဲ႕အေဆာင္ - Housing ေတြရဲ႕အေနအထားကလည္း တစ္ခုနဲ႕တစ္ခု အညမညျပဳျပီး ညီညြတ္မႈကုိျပသေနသကဲ႕သုိ႕ရွိေနပါတယ္။ ဒါကေတာ႕ ေက်ာင္းကုိအလယ္မွာထားျပီး အေဆာင္၊ စားေသာက္ေဆာင္၊ ျပဇာတ္ရံု၊ လူငယ္လႈပ္ရွားမႈရံုး နဲ႕ ကားပါကင္ေတြက ဝန္းရံထားတယ္။ ဒါေတြအားလံုးကို လမ္းတစ္လမ္းသာျခားျပီး ေက်ာင္းသားေတြက လမ္းကူးရံု၊ ေလွခါးထစ္ေတြတက္ရံု၊ ဓါတ္ေလွခါးေတြတက္ရံုနဲ႕ျဖတ္သန္းသြားလာလို႕ရေနတာက ေက်ာင္းရဲ႕ေန႕စဥ္လႈပ္ရွားမႈပန္းခ်ီကားကို အသက္ဝင္ေစပါတယ္။
.
.
. ေက်ာင္းသား ေက်ာင္းသူေလးေတြကိုၾကည့္ရတာ သမန္ကာလွွ်ံကာေက်ာင္းတက္ေနတာနဲ႔မတူပဲ ကုမၸဏီၾကီးတစ္ခုမွာ မိမိပန္းတိုင္အတြက္ အတူတကြပူးေပါင္းလုပ္ေဆာင္ေနတာနဲ႔သ႑န္တူေနပါတယ္။ ပိုၿပီး ထင္သာျမင္သာရွိေစတာကေတာ႔ သူတို႔ေလးေတြနားတိုင္း အစားအေသာက္ေကာင္းေကာင္းစားရေတာ႕ ေက်ာင္းသားမိဘေတြရင္ထဲမွာ ေက်နပ္ပီတိျဖစ္ရပါတယ္။
.
. စားေသာက္ေဆာင္ အားလံုး (၄) ေဆာင္ရွိတယ္။ တစ္ရက္ကုိ (၃) ႏွပ္ေကြ်းတယ္။ မနက္စာ၊ ေန႕လည္စာ နဲ႕ ညစာ စားေသာက္ရံုေတြက မတူၾကဘူး။ တရုတ္စာ၊ ဘုိစာ၊ မကၠဆီကန္စာ၊ ကုိးရီးယားစာ၊ အိႏိၵယမ္းစာ၊ ဗီယက္နမ္စာအျပင္ ဂ်ပန္အစားအစာေတြကို လွည္႕ပတ္ကာ စီစဥ္ေပးတယ္။ စားေတာ႕မယ္ဆုိရင္ လက္ကိုင္ဖုန္းမွာၾကည္႕လိုက္ . . ကိုယ္ဘာစားခ်င္သလဲဆုိတာ မိနစ္ပိုင္းအတြင္း ေရြးခ်ယ္ႏိုင္တယ္။ ျပီးရင္ ခ်ီတက္ . . ဗိုက္ျဖည္႕ . . ဒါပဲ။ မိဘေတြလိုခ်င္တာလဲ ဒါပါပဲ။
.
.
. UCLA ကေနအျပန္ ပညာေရးနဲ႕လူငယ္တစ္ေယာက္ရဲ႕ေနာင္ေရးအတြက္ထားခဲ႕ရတဲ႕သားကုိ လြမ္းလွတယ္။
အေဖေရာ အေမေရာ အမ်ိဳးေတြအားလံုးေရာ သူ႕ကုိခ်စ္ၾကေတာ႕ ပိုပိုသာသာလြမ္းရတယ္။
အရင္တုန္းက L.A ျမိဳ႕ကို တစ္ၾကိမ္မကေရာက္္ဖူးေပမယ္႕ အမွတ္ရစရာသိပ္မက်န္ခဲ႕ဘူး။
အခုေတာ႕ ခ်စ္ရေသာ သား "စြမ္း" အျပင္ သတိရဖို႕ထပ္တိုးလာတာက "UCLA က အစားေသာက္ (ဘူးေဖး)" လို႕ေျပာရင္ သိပ္လြမ္းေမာစရာေတြျဖစ္ကုန္ၾကျပီေပါ႕ဗ်ာ . .။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 09-29-2017
.
.
Unicode Version:
.
.
. "ရေးချင်နေတဲ့ UCLA Review"
. သားသမီးတွေအဝေးကျောင်းသွားတက်တဲ့အခါ အဆောင်မှာနေမှာလား? အမျိုးအိမ်မှာနေမှာလား? ဆိုတာ စတင်စဉ်းစားရပါတယ်။ ကျောင်းကပေးတဲ့ဝန်ဆောင်မှုအရ လူနေဆောင် - Housing တွေက ကျောင်းတွေပေါ်မူတည်ပြီး ကောင်းတတ်တယ်၊ တခါတရံ ညံ့တတ်ပါတယ်။
.
.
. စွမ်း ကို ရွေးချယ်တဲ့ကျောင်း (၅) ကျောင်းထဲက အိမ်နဲ့နီးတဲ့ UC Davis နဲ့ UC Berkeley ကို သူက မသွားတဲ့အခါ အိမ်ကနေကျောင်းကိုကားမောင်းတက်စေချင်တဲ့မိဘတွေရဲ့စိတ်ကူးဟာ အကောင်အထည်မပေါ်ခဲ့ပါဘူး။ အမှန်က UC Davis ဆိုရင်ဝေးလို့ ကျောင်းအိပ်ကျောင်းစားသွားရမှာဖြစ်သလို UC Berkeley ကျပြန်တော့ နီးလို့အိမ်ကနေတက်ရင်လည်း လူငယ်တစ်ယောက်ရဲ့အချိန်တွေကို ရထားပေါ်မှာ၊ ကားပေါ်မှာ ကုန်အောင်သုံးခိုင်းလိုက်သလိုဖြစ်သွားမှာကို မိဘတွေကစိိုးရိမ်မိပြန်တယ်။
.
. နောက်ဆုံး စွမ်း ရွေးလိုက်တာက လော့အိန်းဂျလိစ်မြို့က UCLA တက္ကသိုလ်ဖြစ်ပါတယ်။ ဒီလိုဆိုတော့ ကျွန်တော်တို့မိဘတွေက သားကိုစိတ်မချလို့ ကိုယ်တိုင်ကိုယ်ကျလိုက်ပို့ပေးဖို့စီစဉ်ရတယ်။ လေယာဉ်နဲ့သွားမယ့်အစား ကားငှားရတယ်။ အိမ်ထောင်တစ်ခုပြောင်းရွှေ့သလို လိုလေသေးမရှိ အလုံးစုံပြည့်စုံအောင်စဉ်းစားရတယ်။ အဲဒီလိုစိုးရိမ်တဲ့အထဲမှာ အခံစားရဆုံးနဲ့စိတ်အပူရဆုံးကတော့ သူ့အမေပါဘဲ။
.
.
. အမေဆိုတော့ အကုန်ပူတယ်။ စားတာဘယ်လိုစားမလဲ? အိပ်ယာကနူးညံ့ပျော့ပြောင်းရဲ့လား? ရေချိုးခန်းအိမ်သာရော သန့်ရဲ့လား? ဆိုပြီး မေးခွန်းပေါင်းများစွာ သူ့ခေါင်းထဲမှာတန်းစီနေတာပေါ့ဗျာ။ ဒါကြောင့်လားမသိဘူး . . သူမကြာခဏပြောတဲ့ "အဖေ နဲ့ အမေ ဒါတွေကွာတယ်လို့ ပြောတာ" ဆိုတဲ့အသံကို ဒီစာရေးရင်းနဲ့ပြန်ကြားယောင်မိပြန်တယ်။
.
. အဆောင်ဝင်ရမယ့်ရက်ကို စောစောမကြေငြာပဲ ကပ်ပြီးပြောတော့ UCLA ကတော့ ညစ်ထားပြန်ပြီလို့အစကထင်ခဲ့တာရှိတယ်။ ဒါပေမယ့် နောက်ပိုင်းကိုယ်တိုင်ကိုယ်ကျရောက်သွားတဲ့အခါကျမှ ပြန်နားလည်မိတာက ရွာကြီးတမျှကြီးမားတဲ့အဆောင်တွေထဲကအခန်းတွေထဲအရောက် ကမ္ဘာ့နေရာအသီးသီးက အထုပ်တွေ အပိုးတွေတိုးလို့တွဲလောင်းကျောင်းသားတွေကို သူ့ရက်နဲ့သူ အဆောင်ဝင်စေတာက ပိုစံနစ်ကျပြီးမြန်မြန်ဆန်ဆန်အလုပ်ပြီးတာကို နှစ်သက်မိတယ်။
.
.
. ရောက်ရောက်ချင်း ပစ္စည်းဝိုင်းသယ်တဲ့လုပ်အားပေးကျောင်းသားတွေက ပြုံးပြံုးရွှင်ရွှင်ဆီးကြိုကြတယ်။ ဓါတ်လှေခါးနဲ့ ထွေလာကြီး (၃) ခုနဲ့တွန်းတင်ပေးရုံမက အခန်းဝအထိ ပြန်သယ် ပြန်ချပေးကြတယ်။ ဒါတောင် မိန်းကလေးတွေနော် . . လမ်းမှာ ကားရှင်းပေးတာလည်း သူတို့ဘဲ . . ဒီလူငယ်တွေပဲ . . တော်တော်အားရဖို့ကောင်းတယ်။
.
. တစ်ယောက်ခန်း၊ နှစ်ယောက်ခန်း၊ နှစ်ထပ်ကုတင်နဲ့သုံးယောက်ခန်းအပြင် စုပေါင်းနေရတဲ့ခမ်းမမျိုးလည်းရှိတယ်။ လူအများနဲ့မို့ ရေချိုးခန်း၊ အိမ်သာ မျှသုံးရပေမယ့် သန့်ရှင်းတာ၊ အနံ့အသက်ကင်းတာ ချီးကျူးမိတယ်။ အုပ်ချုပ်ရေးရုံးက ကျောင်းသားတွေနဲ့ဆက်သွယ်ရေးကောင်းစေဖို့ အခန်းတိုင်းမှာ ကြိုးဖုန်းတစ်လုံးထားပေးတယ်
.
.
. အခန်းထဲဝင်ဝင်ပြီးချင်း ရှင်းရင်း ပြုရင်း နေရာချထားရင်းနဲ့ ဗိုက်ကဆာလာတော့ စွမ်း ကို အစားသွားစားရအောင်လို့ပြောတော့ ကျွန်တော်တို့အုပ်စုဟာ စားဖိုဆောင်ကိုထွက်ခဲ့ကြတယ်။ ကျောင်းသားအတွက် UCLA ကျောင်းသားကဒ်ပြားဆွဲဝင်ရပြီး အခုလို အဆောင်ဝင်တဲ့ Move In Weekend မှာ ကျောင်းသားနဲ့ပါလာတဲ့ဧည့်သည်တွေကို တစ်ကြိမ်အခမဲ့ကျွေးမွေးပါတယ်။
.
.
. ကလေးတွေကိုကျွေးတာက စားသောက်တန်း ကင်တင်းနဲ့မတူပဲ ဘာယူယူ ဘာစားစား အဝစား ဘူဖေးပုံစံပါ။ ကိုယ်ထိုင်မယ့်နေရာရွေးပြီးရင် စားချင်တာကို စားနိုင်သလောက် အကန့်အသတ်မရှိ တန်းစီယူငင်စားသောက်နိုင်တယ်။ ကျွေးတဲ့မီနူးကိုလည်း ဝဘ်ဆိုဒ်မှာ နေ့အလိုက်တင်ထားပေးပြီး တစ်ရက်နဲ့တစ်ရက်မထပ်အောင် စီစဉ်ပေးတယ်။ ဒီအချက်ကြောင့် . . ဒီအစားအသောက်စံနစ်ကြောင့် ကျွန်တော်တို့မိဘတွေဟာကလေးအတွက်ပူနေတဲ့စိတ်ကို ဟိုးအောက်ခြေအထိချပစ်နိုင်ခဲ့တယ်လို့ ပြောရပါလိမ့်မယ်။
.
. သတင်းတွေမှာပြန်ကြည့်လိုက်တော့ ကယ်လီဖိုးနီးယားပြည်နယ်မှာ UC Berkeley နဲ့ UCLA တို့ဟာ ပထမနေရာလုနေသလို - Tie ဖြစ်နေတယ်လို့ရေးထားတာဖတ်ရတယ်။ တကယ် စေ့စေ့စပ်စပ်လေ့လာကြည့်တော့ UCLA ရဲ့ အစားအသောက်ကျွေးတဲ့ဘူဖေးစံနစ်က အမေရိကန််တစ်နိုင်ငံလုံးမှာ တိုက်တိုက်ဆိုင်ဆိုင် နံပါတ် (၁) ဖြစ်နေပြန်တယ်။
.
.
. ကျွန်တော့တစ်သက်လုံးမှာ ဒီလိုအစားသောက်ကျွေးတဲ့ကျောင်းကိုမတွေ့ခဲ့ဖူးပါ (ကျွန်တော်ငယ်ငယ်က ပဲခူးဆောင်မှာနေခဲ့တုန်းနဲ့တော့ တခြားစီ)။ ဒါကြောင့်လည်း L.A မှာနေခဲ့တဲ့နေ့တွေအားလုံး မြို့ထဲကိုအစားထွက်မစားရဘူး။ တစ်ချိန်လုံး UCLA ရဲ့ ဘူဖေးမှာ သားနဲ့အတူတူစားခဲ့တယ် (ပထမအကြိမ်အခမဲ့ဖြစ်ပြီး နောက်အကြိမ်တွေမှာ ဧည့်သည်တစ်ယောက်ကိုဝင်ကြေးဘယ်လောက်ဆိုပြီး ဝယ်စားခဲ့ပါတယ်)
.
.
. စိတ်ညစ်ရတာကတော့ ကိုယ်ပိုင်ကားမောင်းသွားသူအဖို့ ကားပါကင်ကို စံနစ်အတိုင်းရပ်ဖို့ညွှန်ကြားထားတာပါ။ ကျောင်းအတွင်းတော့ လုံခြံုရေး၊ ကောလိပ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ကောလိပ်ရဲကားတွေကလွဲရင် အားလုံးကားပါကင်မှာရပ်ရတယ်။ သွားရလာရလွယ်ကူအောင် ကျောင်းကိုအမြဲပတ်နေတဲ့ ဖယ်ရီ - Shuttle ကား အစီး (၂ဝ) ကျော်နဲ့ ကားလမ်းမပိတ်အောင် စီစဉ်ပေးထားတယ်။
.
. အမှန်က L.A မြို့ဟာ အမေရိကားရဲ့ ကားကြပ်တဲ့ထိပ်သီးမြို့တစ်မြို့ဆိုတာ ကမ္ဘာ့သတင်းနဲ့မဆက်မပြတ်သူတိုင်း သိပြီးသားပါ။ ဒါကြောင့် အနယ်နယ်အရပ်ရပ်ကကျောင်းသားမိဘတွေရဲ့ကားတွေဟာ ကျောင်းပုရဝုဏ်ရဲ့စည်းကမ်းကို ပိုတယ်လို့မယူဆရုံမက စိတ်အနှောင့်အယှက်မဖြစ်ကြပါဘူး။
.
.
. အကောင်းဆုံးထဲက အကောင်းဆုံးအချက်က L.A ရဲတပ်ဖွဲ့ - LAPD က ကျောင်းအတွက်သီးသန့် အချိန်ပြည့်ရဲဝန်ထမ်းတွေချထားပေးရုံက UCLA ရဲ ့ ကားစည်းကမ်းထိန်းသိမ်းရေးကားငယ်လေးတွေက တစ်ချိန်လုံးပတ်နေတော့ ကိစ္စတစ်ခုစိတ်အေးရပြန်ပါတယ်။
.
. ကျောင်းနဲ့အဆောင် - Housing တွေရဲ့အနေအထားကလည်း တစ်ခုနဲ့တစ်ခု အညမညပြုပြီး ညီညွတ်မှုကိုပြသနေသကဲ့သို့ရှိနေပါတယ်။ ဒါကတော့ ကျောင်းကိုအလယ်မှာထားပြီး အဆောင်၊ စားသောက်ဆောင်၊ ပြဇာတ်ရုံ၊ လူငယ်လှုပ်ရှားမှုရုံး နဲ့ ကားပါကင်တွေက ဝန်းရံထားတယ်။ ဒါတွေအားလုံးကို လမ်းတစ်လမ်းသာခြားပြီး ကျောင်းသားတွေက လမ်းကူးရုံ၊ လှေခါးထစ်တွေတက်ရုံ၊ ဓါတ်လှေခါးတွေတက်ရုံနဲ့ဖြတ်သန်းသွားလာလို့ရနေတာက ကျောင်းရဲ့နေ့စဉ်လှုပ်ရှားမှုပန်းချီကားကို အသက်ဝင်စေပါတယ်။
.
.
. ကျောင်းသား ကျောင်းသူလေးတွေကိုကြည့်ရတာ သမန်ကာလျှှံကာကျောင်းတက်နေတာနဲ့မတူပဲ ကုမ္ပဏီကြီးတစ်ခုမှာ မိမိပန်းတိုင်အတွက် အတူတကွပူးပေါင်းလုပ်ဆောင်နေတာနဲ့သဏ္ဍန်တူနေပါတယ်။ ပိုပြီး ထင်သာမြင်သာရှိစေတာကတော့ သူတို့လေးတွေနားတိုင်း အစားအသောက်ကောင်းကောင်းစားရတော့ ကျောင်းသားမိဘတွေရင်ထဲမှာ ကျေနပ်ပီတိဖြစ်ရပါတယ်။
.
. စားသောက်ဆောင် အားလုံး (၄) ဆောင်ရှိတယ်။ တစ်ရက်ကို (၃) နှပ်ကျွေးတယ်။ မနက်စာ၊ နေ့လည်စာ နဲ့ ညစာ စားသောက်ရုံတွေက မတူကြဘူး။ တရုတ်စာ၊ ဘိုစာ၊ မက္ကဆီကန်စာ၊ ကိုးရီးယားစာ၊ အိန္ဒိယမ်းစာ၊ ဗီယက်နမ်စာအပြင် ဂျပန်အစားအစာတွေကို လှည့်ပတ်ကာ စီစဉ်ပေးတယ်။ စားတော့မယ်ဆိုရင် လက်ကိုင်ဖုန်းမှာကြည့်လိုက် . . ကိုယ်ဘာစားချင်သလဲဆိုတာ မိနစ်ပိုင်းအတွင်း ရွေးချယ်နိုင်တယ်။ ပြီးရင် ချီတက် . . ဗိုက်ဖြည့် . . ဒါပဲ။ မိဘတွေလိုချင်တာလဲ ဒါပါပဲ။
.
.
. UCLA ကနေအပြန် ပညာရေးနဲ့လူငယ်တစ်ယောက်ရဲ့နောင်ရေးအတွက်ထားခဲ့ရတဲ့သားကို လွမ်းလှတယ်။
အဖေရော အမေရော အမျိုးတွေအားလုံးရော သူ့ကိုချစ်ကြတော့ ပိုပိုသာသာလွမ်းရတယ်။
အရင်တုန်းက L.A မြို့ကို တစ်ကြိမ်မကရောက််ဖူးပေမယ့် အမှတ်ရစရာသိပ်မကျန်ခဲ့ဘူး။
အခုတော့ ချစ်ရသော သား "စွမ်း" အပြင် သတိရဖို့ထပ်တိုးလာတာက "UCLA က အစားသောက် (ဘူးဖေး)" လို့ပြောရင် သိပ်လွမ်းမောစရာတွေဖြစ်ကုန်ကြပြီပေါ့ဗျာ . .။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 09-29-2017

No comments: