ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, May 2, 2018

ကြ်န္ေတာ္ Vlog လုပ္ရတဲ႕အေၾကာင္းရင္း

.
. ထိပ္ဆံုးေျပာခ်င္တာက ကြ်န္ေတာ္ Vlog ကို လုပ္ခ်င္လုိ႕လုပ္တာပါ။ အေျဖက ရွင္းသလို ရည္ရြယ္ခ်က္ကလည္း ရွင္းလင္းပါတယ္။ မိတ္ေဆြေတြကုိေပးခ်င္တဲ႕သတင္းစကားရဲ႕ပလက္ေဖာင္းဟာ မသိမသာေျပာင္းလဲလာတာနဲ႕အညီ Live လႊင္႕တဲ႕အလုပ္ကုိ အနည္းငယ္တိုးလုပ္ျဖစ္လာတာ ဝန္ခံပါတယ္။
.
. ေရးတဲ႕ေဆာင္းပါးအပုဒ္ေရ ေလ်ာ႕သြားႏုိင္ပါေသာ္လည္း အျခားတစ္ဖက္မွာ ေပးခ်င္တဲ႕ အသိပညာလက္ေဆာင္တန္ဖိုးကေတာ႕ ေလ်ာ႕သြားမွာမဟုတ္ပါဘူး။ ကြ်န္ေတာ္နားလည္သေလာက္က စာေရးသားခ်င္သူတစ္ေယာက္ရဲ႕စိတ္ထဲမွာ ကနဦး နဲ႕ အဓိကအခ်က္က "မိမိစိတ္ထဲကေတြးေတာထားတဲ႕ မ်ားျပားလွတဲ႕အခ်က္အလက္ေတြကို ဘယ္လိုသိမ္းဆည္းရမလဲ? ဘယ္လုိအက်ိဳးရွိေအာင္ ရွင္းထုတ္ပစ္ရမလဲ?" ဆိုတာကို အေျဖထုတ္ႏုိင္ဖို႕လုိပါတယ္။
.
.
. ဒါေၾကာင္႕ စာေရးရတာအားသန္တဲ႕သူက စာေရးတယ္။ ပံုျပင္ ဇာတ္လမ္းေျပာတတ္သူေတြက သူ႕နည္းသူ႕ဟန္နဲ႕ေျပာျပၾကတယ္။ ရုပ္ျပျပီး လူေရွ႕ထြက္ႏုိင္သူေတြက ဗီဒီယုိေတြ တည္းျဖတ္ျပီး တင္ၾကတယ္။ တစ္ခ်ိဳ႕နည္းပညာထူးခြ်န္သူေတြဆုိ အင္မတန္ေကာင္းမြန္တဲ႕ ဗီဒီယုိတင္ဆက္မႈေတြ နဲ႕ ေက်ာ္ၾကားမႈကုိလက္ယပ္ေခၚႏုိင္ၾကတာ ေတြ႕ရမွာ ျဖစ္ပါတယ္။
.
. "အင္တာဗ်ဴးလုပ္ျခင္း - Interviewing" က အထက္ကေျပာခဲ႕တဲ႕နည္းလမ္းေတြနဲ႕မတူပဲ တမူထူးျခားပါတယ္။ ဒီအလုပ္ကိုလုပ္ႏုိင္ဖို႕ သူမ်ားေျပာတာကို နည္းလမ္းက်က်နားေထာာင္တတ္ဖို႕ လိုတယ္ဆုိတာေလ႕လာမိတယ္။ ကြ်န္ေတာ္ဟာ အက်ိဳးရွိရွိနားေထာင္တတ္ေအာင္ၾကိဳးစားေနသူတစ္ေယာက္ျဖစ္ျပီး စာဖတ္ခ်ိန္နည္းတာနဲ႕အညီ ဒီလမ္းကုိ အမွတ္တမဲ႕ေတြ႕ရွိလို႕ ကိုယ္နဲ႕ကိုက္ညီတဲ႕အလုပ္တစ္ခုလုိယူဆတာေၾကာင္႕ အသိပညာၾကြယ္တဲ႕မိတ္ေဆြေတြကုိ ခ်ည္းကပ္အကူအညီေတာင္းျပီး အနာဂါတ္မ်ိဳးဆက္သစ္လူငယ္ေတြအတြက္ တဆင္႕ျပန္ၾကားေရးအလုပ္ကုိ လုပ္ေနတာျဖစ္ပါတယ္။
.
.
. ပင္လယ္ကမ္းေျခကခရုခြံေလးအဖို႕ ကမ္းစပ္ဟာ နားခိုရာ-သုခ နဲ႕ ဘဝပ်က္ရာ-ဒုကၡ တုိ႕ေပါင္းစပ္ထားတဲ႕စိမ္ေခၚမႈရင္ျပင္ၾကီးတစ္ခုပါ။ လိႈင္းလံုးၾကီးတုိက္လို႕ ခရုေလးဟာ ဟန္ခ်က္ပ်က္ျပီး ေရထဲျပန္ပါသြားႏုိင္သလို အပို႕ၾကမ္းတဲ႕လိႈင္းလံုးၾကီးေတြေၾကာင္႕ပဲ ဘယ္ကုိမွမေရာက္ ေရခမ္းေျခာက္တဲ႕ကမ္းေျခမွာ ေသာင္တင္သြားႏုိင္ပါတယ္။ မွ်မွ်တတ-ကမ္းေျခမွာ လွလွပပ-ၾကာၾကာေနႏုိင္ဖို႕က ကံတရားရဲ႕ငံ႕ညာမႈေၾကာင္႕သာ ျဖစ္တည္လာႏုိင္မွာ အေသအခ်ာပါပဲ။
.
. မိတ္ေဆြတို႕ရဲ႕အားေပးမႈေၾကာင္႕ ဒီလုိအသိပညာဆင္႕ပြားမႈေတြကို ထပ္ဆင္႕လုပ္ႏုိင္မွာျဖစ္တာေၾကာင္႕ တိုးတက္မ်ားျပားတဲ႕ပရိသတ္အေရအတြက္ နဲ႕ စိတ္ဓါတ္ျမွင္႕တင္မႈအင္အားကုိ လုိအပ္ေနပါတယ္။ တစ္ခ်ိန္ထဲမွာ ကုန္ဆံုးရတဲ႕အခ်ိန္ နဲ႕ ထုတ္ရုန္းရတဲ႕ လံု႕လ ဝိရိယေတြေၾကာင္႕ ျပန္ရမယ္႕ မ်ားျပားတဲ႕ၾကည္႕ရႈသူ - Viewers ေတြရဖို႕ မိတ္ေဆြတို႕က ကူညီေပးၾကပါ။
.
.
. ဒါေၾကာင္႕ ကုိညီညီ (ေတာင္ၾကီး) ခ်န္နယ္ ရဲ႕
အြန္လိုင္း - Live အင္တာဗ်ဴးေတြလာတုိင္း
ျမင္ေတြ႕ရတဲ႕အမွားေတြကုိသည္းခံေပးရင္း . .
.
ထပ္ဆင္႕ၾကည္႕ရႈေစခ်င္သူေတြကုိ
Invite လုပ္ျပီး ဖိတ္ေခၚေပးၾကပါ။
.
ၾကိဳက္ႏွစ္သက္မႈကုိျပသခ်င္ရင္
Live အတြင္း Like ေတြ ေပးပါ။
.
Live လႊင္႕ေနတုန္း Comment မွာ ေမးခြန္းေတြခ်န္ေပးခဲ႕ပါ။
ေျဖဆုိသူကုိ အခ်ိန္နဲ႕တေျပးညီေမးသြာေပးပါမယ္။
.
ဒါေတြအားလံုးကုိ မိတ္ေဆြတို႕ရဲ႕အသိအမွတ္ျပဳမႈကုိရဖို႕
ရဲရဲဝံ႕ဝံ႕ေတာင္းခံတာျဖစ္ပါတဲ႕အေၾကာင္း
ရုိးသားစြာ တုိက္တြန္းလုိက္ရပါတယ္။
.
. ေက်းဇူးတင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 05-02-2018
.
.
Unicode Version:
.
.
. "ကျွန်တော် Vlog လုပ်ရတဲ့အကြောင်းရင်း"
. ထိပ်ဆုံးပြောချင်တာက ကျွန်တော် Vlog ကို လုပ်ချင်လို့လုပ်တာပါ။ အဖြေက ရှင်းသလို ရည်ရွယ်ချက်ကလည်း ရှင်းလင်းပါတယ်။ မိတ်ဆွေတွေကိုပေးချင်တဲ့သတင်းစကားရဲ့ပလက်ဖောင်းဟာ မသိမသာပြောင်းလဲလာတာနဲ့အညီ Live လွှင့်တဲ့အလုပ်ကို အနည်းငယ်တိုးလုပ်ဖြစ်လာတာ ဝန်ခံပါတယ်။
.
. ရေးတဲ့ဆောင်းပါးအပုဒ်ရေ လျော့သွားနိုင်ပါသော်လည်း အခြားတစ်ဖက်မှာ ပေးချင်တဲ့ အသိပညာလက်ဆောင်တန်ဖိုးကတော့ လျော့သွားမှာမဟုတ်ပါဘူး။ ကျွန်တော်နားလည်သလောက်က စာရေးသားချင်သူတစ်ယောက်ရဲ့စိတ်ထဲမှာ ကနဦး နဲ့ အဓိကအချက်က "မိမိစိတ်ထဲကတွေးတောထားတဲ့ များပြားလှတဲ့အချက်အလက်တွေကို ဘယ်လိုသိမ်းဆည်းရမလဲ? ဘယ်လိုအကျိုးရှိအောင် ရှင်းထုတ်ပစ်ရမလဲ?" ဆိုတာကို အဖြေထုတ်နိုင်ဖို့လိုပါတယ်။
.
.
. ဒါကြောင့် စာရေးရတာအားသန်တဲ့သူက စာရေးတယ်။ ပုံပြင် ဇာတ်လမ်းပြောတတ်သူတွေက သူ့နည်းသူ့ဟန်နဲ့ပြောပြကြတယ်။ ရုပ်ပြပြီး လူရှေ့ထွက်နိုင်သူတွေက ဗီဒီယိုတွေ တည်းဖြတ်ပြီး တင်ကြတယ်။ တစ်ချို့နည်းပညာထူးချွန်သူတွေဆို အင်မတန်ကောင်းမွန်တဲ့ ဗီဒီယိုတင်ဆက်မှုတွေ နဲ့ ကျော်ကြားမှုကိုလက်ယပ်ခေါ်နိုင်ကြတာ တွေ့ရမှာ ဖြစ်ပါတယ်။
.
. "အင်တာဗျူးလုပ်ခြင်း - Interviewing" က အထက်ကပြောခဲ့တဲ့နည်းလမ်းတွေနဲ့မတူပဲ တမူထူးခြားပါတယ်။ ဒီအလုပ်ကိုလုပ်နိုင်ဖို့ သူများပြောတာကို နည်းလမ်းကျကျနားထောာင်တတ်ဖို့ လိုတယ်ဆိုတာလေ့လာမိတယ်။ ကျွန်တော်ဟာ အကျိုးရှိရှိနားထောင်တတ်အောင်ကြိုးစားနေသူတစ်ယောက်ဖြစ်ပြီး စာဖတ်ချိန်နည်းတာနဲ့အညီ ဒီလမ်းကို အမှတ်တမဲ့တွေ့ရှိလို့ ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်တစ်ခုလိုယူဆတာကြောင့် အသိပညာကြွယ်တဲ့မိတ်ဆွေတွေကို ချည်းကပ်အကူအညီတောင်းပြီး အနာဂါတ်မျိုးဆက်သစ်လူငယ်တွေအတွက် တဆင့်ပြန်ကြားရေးအလုပ်ကို လုပ်နေတာဖြစ်ပါတယ်။
.
.
. ပင်လယ်ကမ်းခြေကခရုခွံလေးအဖို့ ကမ်းစပ်ဟာ နားခိုရာ-သုခ နဲ့ ဘဝပျက်ရာ-ဒုက္ခ တို့ပေါင်းစပ်ထားတဲ့စိမ်ခေါ်မှုရင်ပြင်ကြီးတစ်ခုပါ။ လှိုင်းလုံးကြီးတိုက်လို့ ခရုလေးဟာ ဟန်ချက်ပျက်ပြီး ရေထဲပြန်ပါသွားနိုင်သလို အပို့ကြမ်းတဲ့လှိုင်းလုံးကြီးတွေကြောင့်ပဲ ဘယ်ကိုမှမရောက် ရေခမ်းခြောက်တဲ့ကမ်းခြေမှာ သောင်တင်သွားနိုင်ပါတယ်။ မျှမျှတတ-ကမ်းခြေမှာ လှလှပပ-ကြာကြာနေနိုင်ဖို့က ကံတရားရဲ့ငံ့ညာမှုကြောင့်သာ ဖြစ်တည်လာနိုင်မှာ အသေအချာပါပဲ။
.
. မိတ်ဆွေတို့ရဲ့အားပေးမှုကြောင့် ဒီလိုအသိပညာဆင့်ပွားမှုတွေကို ထပ်ဆင့်လုပ်နိုင်မှာဖြစ်တာကြောင့် တိုးတက်များပြားတဲ့ပရိသတ်အရေအတွက် နဲ့ စိတ်ဓါတ်မြှင့်တင်မှုအင်အားကို လိုအပ်နေပါတယ်။ တစ်ချိန်ထဲမှာ ကုန်ဆုံးရတဲ့အချိန် နဲ့ ထုတ်ရုန်းရတဲ့ လုံ့လ ဝိရိယတွေကြောင့် ပြန်ရမယ့် များပြားတဲ့ကြည့်ရှုသူ - Viewers တွေရဖို့ မိတ်ဆွေတို့က ကူညီပေးကြပါ။
.
.
. ဒါကြောင့် ကိုညီညီ (တောင်ကြီး) ချန်နယ် ရဲ့
အွန်လိုင်း - Live အင်တာဗျူးတွေလာတိုင်း
မြင်တွေ့ရတဲ့အမှားတွေကိုသည်းခံပေးရင်း . .
.
ထပ်ဆင့်ကြည့်ရှုစေချင်သူတွေကို
Invite လုပ်ပြီး ဖိတ်ခေါ်ပေးကြပါ။
.
ကြိုက်နှစ်သက်မှုကိုပြသချင်ရင်
Live အတွင်း Like တွေ ပေးပါ။
.
Live လႊင္႕ေနတုန္း Comment မွာ ေမးခြန္းေတြခ်န္ေပးခဲ႕ပါ။
ဖြေဆိုသူကို အချိန်နဲ့တပြေးညီမေးသွာပေးပါမယ်။
.
ဒါတွေအားလုံးကို မိတ်ဆွေတို့ရဲ့အသိအမှတ်ပြုမှုကိုရဖို့
ရဲရဲဝံ့ဝံ့တောင်းခံတာဖြစ်ပါတဲ့အကြောင်း
ရိုးသားစွာ တိုက်တွန်းလိုက်ရပါတယ်။
.
. ကျေးဇူးတင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 05-02-2018

No comments: