ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, March 14, 2017

အေမရိကားမွာ အေမရိကန္လူငယ္ေတြေက်ာင္းမျပီးရတဲ႕အေၾကာင္းရင္း

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )

. " ရြာနားကျမက္ ရြာႏြားမစား " ဆုိတဲ႕စကားပံုရဲ႕အဓိပၸာယ္ကို အေမရိကန္လိုအတိအက်ဘာသာမျပန္တတ္ေပမယ္႕ အဲဒီအကိ်ဳးသက္ေရာက္မႈနဲ႕ဆင္တူတဲ႕ သင္ခန္းစာတစ္ခ်ိဳ႕ကို အေမရိကန္လူငယ္ေတြၾကားကေန သင္ယူခဲ႕ဖူးပါတယ္။
.
. ႏိုင္ငံတကာကေထာင္ေပါင္းမ်ားစြာေသာလူငယ္ေတြဟာ အေမရိကားရဲ႕စာသင္စံနစ္၊ ျမိဳ႕ျပဖြံ႕ျဖိဳးမႈ နဲ႕ နည္းပညာတုိးတက္မႈတုိ႕ကုိ မက္ေမာၾကတယ္။ တတ္ႏိုင္သူလူၾကီးမိဘေတြက ဒီႏိုင္ငံမွာ ေက်ာင္းတက္ဖို႕ ေငြကုန္ေၾကးက်ခံျပီး သားသမီးေတြကုိပို႕ၾကတယ္။ ဒါေပမယ္႕ တစ္ခ်ိဳ႕ေသာ ဒီႏုိင္ငံသားေတြကိုယ္တိုင္ နဲ႕ ေျပာင္းေရႊ႕လာသူေတြရဲ႕သားသမီးေတြက်ေတာ႕ ဘာလို႕ေက်ာင္းျပီးေအာင္မတက္ၾကတာလဲဆိုတာ စိတ္ဝင္စားစရာပါ။
.
.
. အေၾကာင္းရင္းစစ္ေတာ႕ သူတုိ႕တစ္ေတြ ( အားလံုးကိုမဆိုလိုပါ ) ေက်ာင္းမျပီးရတဲ႕အေၾကာင္းရင္းဟာ " ေက်ာင္းျပီးေအာင္မတက္ႏုိင္လို႕ပါ " လို႕ပဲ ခပ္ရွင္းရွင္းေျဖရပါလိမ္႕မယ္။ အဲဒီအထဲမွာ ေငြကိစၥ၊ မိသားစုကိစၥ၊ စီးပြားေရးကိစၥ၊ အိမ္ေထာင္ေရးကိစၥ စသျဖင္႕ ကံအက်ိဳးေပးမေကာင္းတဲ႕အရင္းခံအေၾကာင္းေတြ ရွိပါတယ္။
.
. အမ်ားသိတဲ႕အတုိင္း မူလတန္းကေန အထက္တန္းအထိ အေျခခံပညာဟာ အေမရိကားမွာ အခမဲ႕ပါ။ ကေလးအတြက္ကုန္က်စရာမရွိမဟုတ္ ရွိေပမယ္႕ ေက်ာင္းလခလို ဝန္ထုတ္ဝန္ပိုး မျဖစ္တာကို ဆိုလိုပါတယ္။ ဒီလိုနဲ႕ ဆယ္ေက်ာ္သက္အရြယ္ေရာက္လာတဲ႕ေက်ာင္းသားဟာ လူမႈအသိုင္းအဝိုင္းက်ယ္ျပန္႕လာသလို အသစ္ျဖစ္တဲ႕သူငယ္ခ်င္းေတြ နဲ႕ စရိုက္အစံုရွိတဲ႕ အထက္တန္းေက်ာင္းမွာ အဖက္ဖက္က စမ္းသပ္လာတဲ႕စိမ္ေခၚမႈေတြကိုေက်ာ္လႊားျပီး ေကာလိပ္ေက်ာင္းသားဘဝကိုတက္လွမ္းတဲ႕ေလွခါးရဲ႕အထစ္ေတြဟာ အျမဲခိုင္ခန္႕တယ္ရယ္လို႕ ဘယ္ရွိပါ႕မလဲ။
.
.
. ေက်ာင္းသားအရြယ္ကတည္းက အလုပ္ဘယ္လိုလုပ္ရတယ္၊ အလုပ္ေလွ်ာက္လႊာ - Resume ဘယ္လိုေရးရတယ္ဆုိတာကိုသင္ေပးလုိက္တဲ႕ေနာက္မွာ မိဘရဲ႕ဝင္ေငြနည္းပါးမႈအရေသာ္၄င္း၊ ကိုယ္ပိုင္သံုးစြဲဖို႕ေငြေၾကးလိုအပ္လုိ႕ေသာ္၄င္း လူငယ္ေလးေတြဟာ အခ်ိန္ပိုင္းအလုပ္ေတြကို ဝင္စမ္းလုပ္ၾကပါတယ္။
.
. အဲဒီအခါ ေက်ာင္းစာဘက္ကိုလြတ္လာတာ၊ အိပ္ခ်ိန္နည္းတာ၊ ေက်ာင္းတက္ခ်ိန္မမွန္တာ နဲ႕ အိမ္စာမလုပ္ႏုိင္တဲ႕အခ်က္ေတြရဲ႕ ေနာက္ဆက္တြဲအက်ိဳးသက္ေရာက္မႈအေနနဲ႕ လူငယ္ဟာ ေက်ာင္းတက္မယ္႕အစား ေငြရမယ္႕အလုပ္ကိုသာ လုပ္ခ်င္လာပါတယ္။
.
.
. အပ်က္အပ်က္နဲ႕ စာကိုစိတ္ဝင္စားမႈနည္းလာသလုိ တစ္ဖက္မွာလည္း မအားလပ္တဲ႕မိဘေတြရဲ႕အခ်ိန္မေပးႏိုင္မႈေၾကာင္႕ ေက်ာင္းပ်က္ရက္မ်ားတာတုိ႕၊ အိမ္စာမျပီးတာတို႕ကုိ ေက်ာင္းအုပ္ခ်ဳပ္ေရးက စာပို႕မွသိရတာမ်ိဳးဆို လူငယ္ရဲ႕စိတ္ကုိျပန္လည္ေျပာင္းလဲေစဖို႕ သိပ္ေနာက္က်ေနပါျပီ။
.
. တစ္ဆက္တည္း လူငယ္ရဲ႕စိတ္ထဲမွာ ေကာလိပ္ေက်ာင္းျပီးလို႕ ဘြဲ႕ပါလာရင္ အလုပ္ေကာင္းေကာင္းရျပီး မက္ေလာက္တဲ႕ နာရီစားလစာေငြရႏိုင္မွန္းသိေပမယ္႕ " ငါ႕ဘဝအတြက္ေတာ႕မထူးပါဘူး . . အခုလည္း ဒီေလာက္ရေနတာပဲ " ဆိုျပီး စိတ္ေလွ်ာ႕လုိက္တတ္ၾကတယ္။ ဒီလုိနဲ႕ စာသင္ခန္းေတြကေန စက္ရံုေတြဆီ၊ ေကာလိပ္ဂ်င္ဘဝကေန ဝန္ေဆာင္မႈလုပ္ငန္းေတြဆီ မေယာင္မလည္ေရာက္သြားသူလူငယ္ေတြ အေမရိကားမွာ ဘယ္ေလာက္ေတာင္မ်ားေနျပီလဲဆိုတာ စဥ္းစားစရာပါ။
.
.
. တစ္ခ်ိဳ႕ကဘယ္လုိေတြးသလဲဆုိေတာ႕ " အခု ေငြရေအာင္ အလုပ္ဝင္ထားမယ္။ ေနာက္ အလုပ္လုပ္ရင္း ေက်ာင္းျပန္တက္မယ္ " ဆုိျပီး " တစ္ဆင္႕ေလွ်ာ႕ရည္မွန္းခ်က္ - Alternative Goal " ကုိ ထားလာခဲ႕ၾကတယ္။ ဒါေပမယ္႕ တစ္ရက္ကို ( ၄ ) နာရီပဲအိပ္ရတာ၊ လိုခ်င္တဲ႕ေမဂ်ာရဲ႕ယူနစ္ ( အခန္း ) - Unit ျပည္႕ဖို႕ေက်ာင္းရဲ႕အခ်ိန္ဇယားအၾကပ္အတည္းကို ၾကံဳရတာ နဲ႕ မေမွ်ာ္လင္႕ပဲ အိမ္ေထာင္က်လို႕ ဗာဟီရမ်ားရတာတုိ႕ကုိ . . ၾကံဳရတဲ႕အခါ ေက်ာင္းတက္ဖို႕ဆုိတာ ကာယကံရွင္ေတြအတြက္အလြန္ခက္ခဲလာပါတယ္။
.
. ဒီၾကားထဲ ကားအသစ္ဝယ္ရတာ နဲ႕၊ အိမ္ဝယ္ရတာနဲ႕၊ က်တဲ႕အိမ္ေထာင္က ဗုစုခရုေလးေတြက မူၾကိဳတက္ဖို႕အရြယ္ေရာက္တာနဲ႕၊ အိုးနဲ႕၊ အိမ္နဲ႕ . . တာဝန္ေတြေၾကာင္႕ ေက်ာင္း ဆုိတာနဲ႕ ေဝးမွန္းမသိ ေဝးလာပါတယ္။ ေနာက္ဆံုး အြန္လိုင္းကေန ေက်ာင္းတက္ဖို႕ၾကိဳးစားၾကည္႕တဲ႕အခါ လူငယ္ရဲ႕ဝင္ေငြ နဲ႕ အိမ္ေထာင္ဘက္ရဲ႕ဝင္ေငြျမင္႕လာတာေၾကာင္႕ ျပည္နယ္ကေလွွ်ာ႕ေပါ႕ခြင္႕ေပးတဲ႕ Financial Aid လုိအခြင္႕အေရးမ်ိဳးကိုဆံုးရွံဴးရျပန္တဲ႕အခါ ေကာလိပ္ေက်ာင္းကို စားရိတ္ၾကီးမားစြာတက္ဖို႕ သိပ္ဝန္ေလးသြားပါတယ္။
.
.
. ဒီလိုနဲ႕ ဘယ္သူက အင္ဂ်င္နီယာဘြဲ႕ရမုိ႕ ဘယ္ေလာက္ရတာ၊ ဘယ္သူက ဘယ္ကုမၸဏီမွာ ဘာရာထူးၾကီးရသြားတာဆိုတာမ်ိဳးကို ရင္ထဲမွာနာေပမယ္႕ အလုပ္သြားဖို႕ မနက္ေစာၾကီးေမာ္ေတာ္ကားစက္ႏိႈးေနသူ လူငယ္ ( မိန္းကေလး နဲ႕ ေယာက္်ားေလး ) ေတြကို အေမရိကားေရာက္ျပီး အေျခခ်ေနထုိင္ေနသူ လူစံု၊ အမ်ိဳးစံုၾကားမွာ ေတြ႕ေနရတာ အဆန္းမဟုတ္ေတာ႕ပါဘူး။
.
. လူေပါင္းမွားျပီး မူးယစ္ေဆးဝါနဲ႕ျငိတြယ္သြားသူေတြ၊ နယ္ေျပာင္း ေျမေျပာင္းလုိ႕ ေဖာက္ေဖာက္ထြက္ထြက္ေကာင္းစားသြားသူေတြ၊ မိမိစိတ္ မိမိပို္င္ရံုမက အပီအျပင္သူေ႒းလုပ္ခ်င္လို႕ ေက်ာင္းဆက္မတတ္ေတာ႕တဲ႕ စြန္႕ဦးလုပ္ငန္းရွင္ - Entrepreneur ေတြ၊ ေစာလြန္းမကအိမ္ေထာင္က်လုိ႕ ျပန္ကြဲၾကတဲ႕တစ္ျခမ္းပဲ႕အိမ္္ေထာင္သည္ - Single Mother ၊ Single Father ေတြ၊ မိမိစိတ္မပါတဲ႕ေမဂ်ာေရြးမိျပီး အလုပ္နဲ႕ဝါသနာတစ္ထပ္တည္းမက်လို႕ ေက်ာင္းေလာကကိုစိတ္ပ်က္သြားသူေတြ၊ ညကလပ္ နဲ႕ ကာစီႏုိဖိုးထက္ ေက်ာင္းလခကိုႏွေျမာသူေတြအေၾကာင္းကုိ စာရွည္သြားမွာစိုးလို႕ ဒီေနရာမွာဆက္မေဆြေႏြးပဲ ခ်န္လွပ္ထားပါရေစ။
.
.
. ဒါနဲ႕ပဲ " အမ်ားမိုးခါးေရေသာက္ ငါလည္းဝင္ေသာက္ရင္း "
အဂၤလိပ္စကားေကာင္းေပမယ္႕ စာမရသူ၊
အုပ္ခ်ဳပ္ေရးေကာင္းေပမယ္႕ အဂၤလိပ္စာလံုးေပါင္းမမွန္သူ
လုပ္ငန္းကြ်မ္းက်င္ေပမယ္႕ အီးေမးလ္မပို႕တတ္သူ၊
တစ္ခုခုေမးလိုက္ရင္ သိသလိုလိုနဲ႕ ဖုန္းထဲမွာ Google ေခါက္ၾကည္႕ဖို႕ေျပာေနသူေတြဟ
အမွန္တကယ္ေတာ႕ အေမရိကားမွာေနျပီး ေကာလိပ္ေက်ာင္းမျပီးတဲ႕ ပညာေရးအားနည္းခ်က္ရလဒ္အေနနဲ႕ ပင္ပင္ပန္းပန္း လႈပ္ရွားရုန္းကန္ေနရတာေတြကုိၾကည္႕ျပီး သင္ခန္းစာယူႏုိင္ၾကပါေစေၾကာင္း..။
.
. ခင္လ်က္
.
. ကိုညီညီ ( ေတာင္ၾကီး )
. 02-22-2017
.
.
.
Unicode Version:
.
.
. " အမေရိကားမှာ အမေရိကန်လူငယ်တွေကျောင်းမပြီးရတဲ့အကြောင်းရင်း "
. " ရွာနားကမြက် ရွာနွားမစား " ဆိုတဲ့စကားပုံရဲ့အဓိပ္ပာယ်ကို အမေရိကန်လိုအတိအကျဘာသာမပြန်တတ်ပေမယ့် အဲဒီအကျိုးသက်ရောက်မှုနဲ့ဆင်တူတဲ့ သင်ခန်းစာတစ်ချို့ကို အမေရိကန်လူငယ်တွေကြားကနေ သင်ယူခဲ့ဖူးပါတယ်။
.
. နိုင်ငံတကာကထောင်ပေါင်းများစွာသောလူငယ်တွေဟာ အမေရိကားရဲ့စာသင်စံနစ်၊ မြို့ပြဖွံ့ဖြိုးမှု နဲ့ နည်းပညာတိုးတက်မှုတို့ကို မက်မောကြတယ်။ တတ်နိုင်သူလူကြီးမိဘတွေက ဒီနိုင်ငံမှာ ကျောင်းတက်ဖို့ ငွေကုန်ကြေးကျခံပြီး သားသမီးတွေကိုပို့ကြတယ်။ ဒါပေမယ့် တစ်ချို့သော ဒီနိုင်ငံသားတွေကိုယ်တိုင် နဲ့ ပြောင်းရွှေ့လာသူတွေရဲ့သားသမီးတွေကျတော့ ဘာလို့ကျောင်းပြီးအောင်မတက်ကြတာလဲဆိုတာ စိတ်ဝင်စားစရာပါ။
.
.
. အကြောင်းရင်းစစ်တော့ သူတို့တစ်တွေ ( အားလုံးကိုမဆိုလိုပါ ) ကျောင်းမပြီးရတဲ့အကြောင်းရင်းဟာ " ကျောင်းပြီးအောင်မတက်နိုင်လို့ပါ " လို့ပဲ ခပ်ရှင်းရှင်းဖြေရပါလိမ့်မယ်။ အဲဒီအထဲမှာ ငွေကိစ္စ၊ မိသားစုကိစ္စ၊ စီးပွားရေးကိစ္စ၊ အိမ်ထောင်ရေးကိစ္စ စသဖြင့် ကံအကျိုးပေးမကောင်းတဲ့အရင်းခံအကြောင်းတွေ ရှိပါတယ်။
.
. အများသိတဲ့အတိုင်း မူလတန်းကနေ အထက်တန်းအထိ အခြေခံပညာဟာ အမေရိကားမှာ အခမဲ့ပါ။ ကလေးအတွက်ကုန်ကျစရာမရှိမဟုတ် ရှိပေမယ့် ကျောင်းလခလို ဝန်ထုတ်ဝန်ပိုး မဖြစ်တာကို ဆိုလိုပါတယ်။ ဒီလိုနဲ့ ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့ကျောင်းသားဟာ လူမှုအသိုင်းအဝိုင်းကျယ်ပြန့်လာသလို အသစ်ဖြစ်တဲ့သူငယ်ချင်းတွေ နဲ့ စရိုက်အစုံရှိတဲ့ အထက်တန်းကျောင်းမှာ အဖက်ဖက်က စမ်းသပ်လာတဲ့စိမ်ခေါ်မှုတွေကိုကျော်လွှားပြီး ကောလိပ်ကျောင်းသားဘဝကိုတက်လှမ်းတဲ့လှေခါးရဲ့အထစ်တွေဟာ အမြဲခိုင်ခန့်တယ်ရယ်လို့ ဘယ်ရှိပါ့မလဲ။
.
.
. ကျောင်းသားအရွယ်ကတည်းက အလုပ်ဘယ်လိုလုပ်ရတယ်၊ အလုပ်လျှောက်လွှာ - Resume ဘယ်လိုရေးရတယ်ဆိုတာကိုသင်ပေးလိုက်တဲ့နောက်မှာ မိဘရဲ့ဝင်ငွေနည်းပါးမှုအရသော်၄င်း၊ ကိုယ်ပိုင်သုံးစွဲဖို့ငွေကြေးလိုအပ်လို့သော်၄င်း လူငယ်လေးတွေဟာ အချိန်ပိုင်းအလုပ်တွေကို ဝင်စမ်းလုပ်ကြပါတယ်။
.
. အဲဒီအခါ ကျောင်းစာဘက်ကိုလွတ်လာတာ၊ အိပ်ချိန်နည်းတာ၊ ကျောင်းတက်ချိန်မမှန်တာ နဲ့ အိမ်စာမလုပ်နိုင်တဲ့အချက်တွေရဲ့ နောက်ဆက်တွဲအကျိုးသက်ရောက်မှုအနေနဲ့ လူငယ်ဟာ ကျောင်းတက်မယ့်အစား ငွေရမယ့်အလုပ်ကိုသာ လုပ်ချင်လာပါတယ်။
.
.
. အပျက်အပျက်နဲ့ စာကိုစိတ်ဝင်စားမှုနည်းလာသလို တစ်ဖက်မှာလည်း မအားလပ်တဲ့မိဘတွေရဲ့အချိန်မပေးနိုင်မှုကြောင့် ကျောင်းပျက်ရက်များတာတို့၊ အိမ်စာမပြီးတာတို့ကို ကျောင်းအုပ်ချုပ်ရေးက စာပို့မှသိရတာမျိုးဆို လူငယ်ရဲ့စိတ်ကိုပြန်လည်ပြောင်းလဲစေဖို့ သိပ်နောက်ကျနေပါပြီ။
.
. တစ်ဆက်တည်း လူငယ်ရဲ့စိတ်ထဲမှာ ကောလိပ်ကျောင်းပြီးလို့ ဘွဲ့ပါလာရင် အလုပ်ကောင်းကောင်းရပြီး မက်လောက်တဲ့ နာရီစားလစာငွေရနိုင်မှန်းသိပေမယ့် " ငါ့ဘဝအတွက်တော့မထူးပါဘူး . . အခုလည်း ဒီလောက်ရနေတာပဲ " ဆိုပြီး စိတ်လျှော့လိုက်တတ်ကြတယ်။ ဒီလိုနဲ့ စာသင်ခန်းတွေကနေ စက်ရုံတွေဆီ၊ ကောလိပ်ဂျင်ဘဝကနေ ဝန်ဆောင်မှုလုပ်ငန်းတွေဆီ မယောင်မလည်ရောက်သွားသူလူငယ်တွေ အမေရိကားမှာ ဘယ်လောက်တောင်များနေပြီလဲဆိုတာ စဉ်းစားစရာပါ။
.
.
. တစ်ချို့ကဘယ်လိုတွေးသလဲဆိုတော့ " အခု ငွေရအောင် အလုပ်ဝင်ထားမယ်။ နောက် အလုပ်လုပ်ရင်း ကျောင်းပြန်တက်မယ် " ဆိုပြီး " တစ်ဆင့်လျှော့ရည်မှန်းချက် - Alternative Goal " ကို ထားလာခဲ့ကြတယ်။ ဒါပေမယ့် တစ်ရက်ကို ( ၄ ) နာရီပဲအိပ်ရတာ၊ လိုချင်တဲ့မေဂျာရဲ့ယူနစ် ( အခန်း ) - Unit ပြည့်ဖို့ကျောင်းရဲ့အချိန်ဇယားအကြပ်အတည်းကို ကြုံရတာ နဲ့ မမျှော်လင့်ပဲ အိမ်ထောင်ကျလို့ ဗာဟီရများရတာတို့ကို . . ကြုံရတဲ့အခါ ကျောင်းတက်ဖို့ဆိုတာ ကာယကံရှင်တွေအတွက်အလွန်ခက်ခဲလာပါတယ်။
.
. ဒီကြားထဲ ကားအသစ်ဝယ်ရတာ နဲ့၊ အိမ်ဝယ်ရတာနဲ့၊ ကျတဲ့အိမ်ထောင်က ဗုစုခရုလေးတွေက မူကြိုတက်ဖို့အရွယ်ရောက်တာနဲ့၊ အိုးနဲ့၊ အိမ်နဲ့ . . တာဝန်တွေကြောင့် ကျောင်း ဆိုတာနဲ့ ဝေးမှန်းမသိ ဝေးလာပါတယ်။ နောက်ဆုံး အွန်လိုင်းကနေ ကျောင်းတက်ဖို့ကြိုးစားကြည့်တဲ့အခါ လူငယ်ရဲ့ဝင်ငွေ နဲ့ အိမ်ထောင်ဘက်ရဲ့ဝင်ငွေမြင့်လာတာကြောင့် ပြည်နယ်ကလျှှော့ပေါ့ခွင့်ပေးတဲ့ Financial Aid လိုအခွင့်အရေးမျိုးကိုဆုံးရှံူးရပြန်တဲ့အခါ ကောလိပ်ကျောင်းကို စားရိတ်ကြီးမားစွာတက်ဖို့ သိပ်ဝန်လေးသွားပါတယ်။
.
.
. ဒီလိုနဲ့ ဘယ်သူက အင်ဂျင်နီယာဘွဲ့ရမို့ ဘယ်လောက်ရတာ၊ ဘယ်သူက ဘယ်ကုမ္ပဏီမှာ ဘာရာထူးကြီးရသွားတာဆိုတာမျိုးကို ရင်ထဲမှာနာပေမယ့် အလုပ်သွားဖို့ မနက်စောကြီးမော်တော်ကားစက်နှိုးနေသူ လူငယ် ( မိန်းကလေး နဲ့ ယောက်ျားလေး ) တွေကို အမေရိကားရောက်ပြီး အခြေချနေထိုင်နေသူ လူစုံ၊ အမျိုးစုံကြားမှာ တွေ့နေရတာ အဆန်းမဟုတ်တော့ပါဘူး။
.
. လူပေါင်းမှားပြီး မူးယစ်ဆေးဝါနဲ့ငြိတွယ်သွားသူတွေ၊ နယ်ပြောင်း မြေပြောင်းလို့ ဖောက်ဖောက်ထွက်ထွက်ကောင်းစားသွားသူတွေ၊ မိမိစိတ် မိမိပို်င်ရုံမက အပီအပြင်သူဋ္ဌေးလုပ်ချင်လို့ ကျောင်းဆက်မတတ်တော့တဲ့ စွန့်ဦးလုပ်ငန်းရှင် - Entrepreneur တွေ၊ စောလွန်းမကအိမ်ထောင်ကျလို့ ပြန်ကွဲကြတဲ့တစ်ခြမ်းပဲ့အိမ််ထောင်သည် - Single Mother ၊ Single Father တွေ၊ မိမိစိတ်မပါတဲ့မေဂျာရွေးမိပြီး အလုပ်နဲ့ဝါသနာတစ်ထပ်တည်းမကျလို့ ကျောင်းလောကကိုစိတ်ပျက်သွားသူတွေ၊ ညကလပ် နဲ့ ကာစီနိုဖိုးထက် ကျောင်းလခကိုနှမြောသူတွေအကြောင်းကို စာရှည်သွားမှာစိုးလို့ ဒီနေရာမှာဆက်မဆွေနွေးပဲ ချန်လှပ်ထားပါရစေ။
.
.
. ဒါနဲ့ပဲ " အများမိုးခါးရေသောက် ငါလည်းဝင်သောက်ရင်း "
အင်္ဂလိပ်စကားကောင်းပေမယ့် စာမရသူ၊
အုပ်ချုပ်ရေးကောင်းပေမယ့် အင်္ဂလိပ်စာလုံးပေါင်းမမှန်သူ၊
လုပ်ငန်းကျွမ်းကျင်ပေမယ့် အီးမေးလ်မပို့တတ်သူ၊
တစ်ခုခုမေးလိုက်ရင် သိသလိုလိုနဲ့ ဖုန်းထဲမှာ Google ခေါက်ကြည့်ဖို့ပြောနေသူတွေဟ
အမှန်တကယ်တော့ အမေရိကားမှာနေပြီး ကောလိပ်ကျောင်းမပြီးတဲ့ ပညာရေးအားနည်းချက်ရလဒ်အနေနဲ့ ပင်ပင်ပန်းပန်း လှုပ်ရှားရုန်းကန်နေရတာတွေကိုကြည့်ပြီး သင်ခန်းစာယူနိုင်ကြပါစေကြောင်း..။
.
. ခင်လျက်
.
. ကိုညီညီ ( တောင်ကြီး )
. 02-22-2017

No comments: