ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, May 31, 2021

တော်လှန်ရေးနှင့်လူသားဆန်မှု

 



ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

ကျွန်တော် #Refugee အကြောင်း အရေးကောင်းလို့ လာလာမေးကြတယ်။ နယ်စပ်မှာရောက်နေတဲ့ တော်လှန်‌ရေးလူငယ်လေးတွေကို ဘယ်လိုမြင်သလဲ တဲ့။ ဒီကိစ္စက လူသားဆန်ဆန် စဉ်းစားမှရမယ်။ စီးပွားရေးလို စဉ်းစားရင် ခရိုနီ ဖြစ်သွားမယ်။ ပေါ်လစီနဲ့ စဉ်းစားရင် မြန်မာ့လမ်းစဉ်ပါတီလို ဖြစ်သွားမယ်။ နိုင်ငံရေးလို စဉ်းစားရင် တကိုယ်တော်ကောင်းစားရေးအတွက် အာဏာသိမ်းတဲ့ စိဥစုတ်လို ဖြစ်သွားမယ်။

မေးပါရစေအုံး။ ဘယ်သူက အာဏာပိုင်လို့ ဘယ်သူက အာဏာလုသွားတာတုန်း။ ရှင်းရှင်းကြီးနော်။ လုံးဝ အရှင်းကြီး။ ပြည်သူပိုင်တဲ့ အာဏာကို စိဥစုပ်က လုသွားတာ။ စိဥစုပ်က မတရားတဲ့ ဥပဒေတွေ ထုတ်ပြီး လူတွေကို လိုက်ဖမ်းတာ။ ပြေးနေရတာတွေက ပြည့်သူ့အာဏာသက်ရောက်တဲ့ ပြည်သူထဲက ပြည်သူတွေ။ အာဏာကိုတကယ်ပိုင်တဲ့ "အာဏာအရှင်သခင်" တွေ။

ဒါကို လှန်ထားတဲ့ပန်းကန်ပြားထဲက အမှန်တရားကို မှောက်လိုမှောက်၊ ပြည်သူပေးထားတဲ့ ရွေးကောက်ပွဲမဲပြားတွေကို ပွဲရှုံးလို့ လှန်ချင်သလိုလှန်၊ လူတွေလိုက်သတ်၊ အလောင်းဖျောက်၊ ရင်ဘတ်ကို Zip တပ်၊ ဝရမ်းပါသူ အိမ်မှာ မမိရင် အိမ်မှာရှိတဲ့ ထီးထီးမမ အကုန်မချသွားတာ ဘယ်သူမှ မလိုချင်တဲ့ "အသားလွတ်ကောင်တွေ"

ပြောပါအုံး။ ဒီလို ဘာသမာဓိ၊ ဘာသိက္ခာ၊ ဘာကျင့်ဝတ်၊ ဘယ်လူ့အခွင့်အရေးကိုမှ မလေးစား "ဘာမဆိုလုပ်ရဲတယ်" ဆိုတဲ့ စိဥစုပ် ချီးဘိနပ်အောက်မှာ အနင်းခံ အဖိခံနေရရုံမက သူတို့ မတရားဖမ်းချင်သပ လာဖမ်းကြဆိုပြီး လေသာဆောင်မှာ စွပ်ကျယ်ချိုင်းပြတ်လေးနဲ့ ထိုင်စောင့်နေခိုင်းရမှာလား။

ဒီမှာ ဂျန်းမျိုးဆက် မျိုးစုံ၊ အွန်လိုင်းက ကီးဘုတ်ရဲဘော်အလွှာစုံ၊ ပညာတတ်မျိုးရိုး၊ အနုပညာမျိုးရိုး၊ ဆေးလောက၊ ပညာရှင်လောက . . ကဲကွာ . . စိဥစုပ်ကို ဆန့်ကျင်တဲ့ တော်လှန်ဖော် တော်လှန်ဖက်တွေ ဘယ်ပြေး‌ပြေး လွတ်အောင်သာ ပြေး။ ပြေးနေသမျှ ဝမ်းသာတယ်။



ဖမ်းလို့ မမိသမျှ စိဥစုပ် လုပ်နေတာတွေဟာ လူသား မဆန်ဘူး၊ တရားမျှတမှု မရှိဘူး၊ မျှတစာနာမှု မရှိဘူး၊ ငရဲ မကြောက်ဘူး၊ ဘုရား မကြိုက်ဘူး (ဘုန်းကြီးတွေတော့ ကြိုက်သဟ) ဒါတွေကို ပြန် ဖော်ပြနိုင်မှာ၊ သင်တန်းတွေတက်ပြီး ပြန်လည် တိုက်ခိုက်နိုင်ကြမှာ မဟုတ်လား။

ဒါကိုများ ဒီလူတွေက ပြေးသွားရက်တယ်၊ ပုန်းနေရက်တယ်လို့ ပြောရက်ကြတယ်။ မြေပြင်တိုက်ပွဲသမားတွေက EAO တွေနဲ့ပေါင်းပြီး ပြန်တိုက်မယ်။ ကီးဘုတ်သမားတွေက အွန်လိုင်းပေါ်မှာ ချက်ကျ လက်ကျ ပြန်ချမယ်။ ပြည်သူလူထုက ပြောက်ကျားတပ်နဲ့ စိဥစုပ်ကို ချုံခို ဖြုတ်ကြမယ်။ ဒါပဲပေါ့။

ပြည်ပက မြန်မာတွေကရော။ ဒီစာကိုဖတ်နေပြီဆိုကတည်းက ပြည်ပကလူ‌တွေ ဘာလုပ်နေသလဲဆိုတာ ၈ဝ% လောက်သိပြီသားဆိုတာ လာငြင်းမနေနဲ့။ လှူစရာရှိ လှူတယ်၊ ဆန္ဒပြစရာရှိ ပြတယ်၊ စာထုတ်စရာရှိ ထုတ်တယ်၊ CDMers တွေကို အဝေးက ထောက်ပံ့တယ်။ စိဥစုပ်ပြုသမျှ နုခံနေရတဲ့ ဘုစုခရုကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေပါမကျန် တိုင်းရင်းသားစစ်ပြေးပြည်သူဆီကို အထောက်အပံ့တွေ ပို့တယ်။ အားလုံး အဖက်ဖက်က လုပ်နေကြတယ်။

ဒီမှာ ထပ်ပြောလိုက်အုံးမယ်။ Gen-Z တွေ၊ ဆယ်လီတွေ၊ အနုပညာရှင်တွေ၊ သတင်းထောက်တွေ၊ ပညာရှင်တွေ အို . . အစုံ အစုံကွာ . .။ နယ်စပ်ကနေ တတိယနိုင်ငံကို ပြေးလာကြစေအုံး၊ ကြိုဆိုတယ်ကွာ။ သူတို့ရဲ့ ခံစားမှုဟာ အဝေးက တော်လှန်ရေးသမားတွေကို မျက်ရည်ကျစေတယ်။ သူတို့ရဲ့ မိခွဲ၊ ဖခွဲ၊ သားခွဲ၊ သမီးခွဲ ဘဝတွေဟာ အဝေးက တော်လှန်ရေးသမားတွေကို ပိုမို စိတ်အားတက်ကြွစေတယ်။ သူတို့သာ ပြည်ပရောက်အင်အားစုနဲ့ ထပ်မံပေါင်းစည်းလိုက်ရင် "ဘုံရန်သူ" ကိုတိုက်ဖို့ Clear Picture တောင် ဖြစ်သွားသေးတယ်။

အမေရိကန်အစိုးရကပေးတဲ့ ခိုလှုံခွင့်ဆိုတာ လူတိုင်းကို ပေးတာ၊ စစ်ပြေးအားလုံးကို ပေးတာ၊ ခိုလှုံလိုသူအားလုံးကို ပေးတာ၊ မူရင်း တိုင်းပြည်ကိုပြန်လို့ အသက်အန္တရာယ်ကျရောက်နိုင်သူအားလုံးကို ပေးတာ၊ "မတရားတဲ့အာဏာရှင်" ကလွဲရင် မတရားမှုကိုဆန့်ကျင်သူတိုင်းကို ပေးတာ။

ဒီတော့ မိမိတိုင်းပြည်က သတ်ပါတော့မယ်၊ ဖြတ်ပါတော့မယ်ဆိုတဲ့ တော်လှန်ရေးသမားတွေ အမေရိကားလာရင်လည်း ကြိုဆိုတယ်။ ဒီနိုင်ငံက လူဖြူ၊ လူမည်း၊ လူဝါ၊ လူနီ အကုန်ပေးတဲ့ ခိုလှုံခွင့်တွေ ရနိုင်မယ်ဆိုရင် လက်ခံကြ၊ ဒီမှာ ဘဝသစ်ပြန်စကြ၊ ပြည်ပရောက်မြန်မာတွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်ကြလို့ ပြောချင်တယ်။ အမေရိကန်ပြည်သူတွေထမ်းတဲ့အခွန်ငွေတွေမှာ ဘာမတရားမှုမှ မပါဘူး၊ ဘယ်လူသားမဆန်မှုမှ မပါဘူး၊ ဘယ်ဘုန်းကြီးကြိုက်တဲ့ငွေမှ မပါဘူး၊ အားလုံးသန့်ရှင်းတယ်။

အရေးတော်ပုံ မကြာမီ မုချ အောင်မည်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
05-26-2021

No comments: