ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, June 11, 2015

တိတ္တိတ္ေလးဝမ္းဗုိက္ထဲဝင္သြားတဲ႕ရန္သူ

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
.
လူေတြေန႕တိုင္း ေရစင္ေရသန္႕အျပင္ ဘာကိုေသာက္သံုးေနပါသလဲ? ခ်ဥ္တဲ႕အရည္၊ ခါးတဲ႕အရည္ေတြမဟုတ္တာေတာ႕ေသခ်ာပါတယ္။ ဒါဆုိရင္ “ အခ်ိဳ ” အေၾကာင္းဆက္ေျပာၾကည္႕ၾကမယ္။ မနက္အလုပ္မတက္ခင္ RFA ေရဒီယုိဖြင္႕ထားရင္း လက္ဘက္ရည္ေသာက္ၾကတယ္။ အေနာက္ႏုိင္ငံေတြမွာဆုိ မနက္ေစာသတင္းစာကိုင္ထားရင္း ေကာ္ဖီေသာက္ၾကတယ္။ ဒီေတာ႕ မနက္ခင္းကို အခ်ိဳနဲ႕ႏႈတ္ဆက္တယ္လုိ႕ဆိုရင္ မမွားပါဘူး။
.
အနည္းငယ္ပြင္႕လင္းလာတဲ႕ ျမန္မာႏိုင္ငံတြင္းကုိ အေနာက္တိုင္းက အခ်ိဳရည္ေတြ ျမန္မာႏုိင္ငံထဲကိုဝင္လာတယ္။ သိတဲ႕အတုိင္း ဒီဘက္ႏိုင္ငံေတြမွာ အစားအေသာက္မွာပါဝင္တဲ႕ အသံုးျပဳပစၥည္း - Nutrition Facts မွာ ေရးထားတာ အမ်ားၾကီးပါ။ ဒါကိုမဖတ္ပဲ ဒါမွမဟုတ္ ဖတ္ရေကာင္းမွန္းမသိပဲ အဖံုးကိုဖြင္႕ေသာက္ခ်လုိက္တဲ႕အခါ ခႏၶာကိုယ္ကို တတိတိဒုကၡေပးမယ္႕ သၾကားဓါတ္က ဝမ္းဗိုက္ထဲဲကိုေရာက္သြားၾကျပီ။ အခ်ိဳဓါတ္ကေန အဝလြန္တယ္။ ဆီးခ်ိဳေရာဂါျဖစ္တယ္။ အျမင္သာဆံုးေျပာရရင္ ဗိုက္ရႊဲတယ္။
.
ေနာက္ပိုင္းစာေစာင္ေတြမွာ ေယာက္်ား၊ မိန္းမေတြဗုိက္ေခါက္ထူ၊ ဗုိက္ရႊဲလာျခင္းက အဆီေၾကာင္႕ထက္စာရင္ သၾကားဓါတ္ေၾကာင္႕ဆိုတာ မီးေမာင္းထုိးျပလာၾကတယ္။ ေရးသားလာၾကတယ္။ သုေတသနေတြကိုးကားရွာေဖြျပီး အခ်ိဳစားသံုးမႈ - Sugar Intake ေလွ်ာ႕ခ်လာေအာင္ ပညာေပးလာၾကတယ္။
.
.
အနီးကပ္ဆံုးဥပမာကိုျပရရင္ ဆန္ဖရန္စစၥကိုရဲ႕ ျမိဳ႕ေတာ္ေထြ/အုပ္ အမတ္ေတြဟာ သူ႕ေဒသမွာေရာင္းေကာင္းေနတဲ႕ အခ်ိဳရည္ေတြမွာ သၾကားပါဝင္မႈကို ခြင္႕ျပဳထားတာထက္ ပိုထည္႕ေနလို႕ တားျမစ္ဖို႕ ျပင္ဆင္ေနပါတယ္။ ဘယ္ဘိလပ္ရည္ နဲ႕ ဘယ္အားျဖည္႕အခ်ိဳရည္မွာမဆုိ ခြင္႕ျပဳထားတဲ႕ ( ၂၅ ) ကယ္လုိရီ နဲ႕ သၾကား - Sugar ( သို႕မဟုတ္ ) သၾကားတု - Sweetener ( ၁၂ ) ေအာင္စ အထက္ ပါဝင္ရင္ ကုန္ပစၥည္းေပၚမွာ သတိေပးစာတမ္း ကပ္ေပးရေတာ႕မွာပါ။

.
ဒီအထဲမွာ အားကစားလုပ္ဖို႕ေသာက္ရတဲ႕ Sport Drinks ေတြလည္းပါသလို အလကားေနရင္း မေသာက္ေသာက္ခ်င္ေအာင္ ေဖ်ာ္စပ္ထားတဲ႕ သဘာဝသတၳဳေဖ်ာ္ရည္ - Vitamin Water ေတြလည္း မလြတ္ကင္းပါဘူး။ လက္ဘက္ရည္ေအး - Iced Tea ေတြမွာလည္း သဘာဝလက္ဘက္ ကေနလုပ္ထားတယ္ေျပာျပီး သၾကားပါဝင္မႈကိုတိုင္းၾကည္႕ရင္ ( ၂၅ ) ကယ္လိုရီေက်ာ္ေနတာ ေတြ႕ရပါမယ္။
.
ဒါဆိုအကုန္လံုးပဲ ျဖစ္ေနတာပဲလားလို႕ ေလ႕လာၾကည္႕တဲ႕အခါ တစ္ခ်ိဳ႕အရည္ ( အခ်ိဳရည္ ) ေတြကေတာ႕ ခြ်င္းခ်က္အေနနဲ႕ ရပ္တည္ေနပါတယ္။ ႏြားႏို႕ ( အဆီထုတ္ျပီး နဲ႕ အဆီပါ ၂ မ်ိဳးရွိ ) ၊ ( ၁ဝဝ% ) သစ္သီးေဖ်ာ္ရည္ နဲ႕ သံဗူးအခ်ိဳရည္ထဲမွာဆိုရင္ ကိုကာကိုလာဇီးရိုး နဲ႕ နရိုကတည္းက ကယ္လိုရီမပါဝင္ေအာင္ထုတ္လုပ္ထားတဲ႕ အခ်ိဳရည္ေတြက လြတ္ကင္းခြင္႕ရၾကမွာပါ။
.
.
သတိေပးစာတမ္း “ WARNING: Drinking beverages with added sugar(s) contributes to obesity, diabetes, and tooth decay. This is a message from the City and County of San Francisco ” ကုိ သံဗူးေကာ္ဗူးေတြေပၚမွ စေတြ႕ျပီဆိုရင္ အေမရိကန္ႏုိင္ငံမွာ ပထမဦးဆံုးျဖစ္တဲ႕ ဆန္ဖရန္စစၥကို ရဲ႕ ၾကိဳးပမ္းမႈေအာင္ျမင္ျပီးဆံုးလို႕ ခြင္႕ျပဳခ်က္ထြက္လာျပီလို႕ မွတ္ယူႏိုင္မွာျဖစ္ပါတယ္။
.
ျမိဳ႕ေတာ္အုပ္ခ်ဳပ္ေရးမွဴး Supervisor တစ္ေယာက္က “ အရသာေကာင္းတုိင္း က်န္းမာေရးနဲ႕ညီညြတ္တယ္လို႕ ေျပာလို႕မရပါဘူး။ အခ်ိဳမ်ားပစၥည္းေတြဟာ လူကိုေကာင္းက်ိဳးမျပဳတဲ႕အျပင္ ဖ်ားနာမႈကိုျဖစ္ေစပါတယ္။ ဒါကို အေရးယူမွျဖစ္မယ္ ” လို႕ ထုတ္ေျပာထားပါတယ္။
.
.
ပံုမွန္ ကိုကာကုိလာသံဗူးတစ္ဗူးမွာ ကယ္လုိရီ ( ၁၄ဝ ) ပါဝင္တယ္။ ဒါေတြအားလံုးက သၾကားရဲ႕ပို႕ခ်မႈေၾကာင္႕ျဖစ္လာရတာပါ။ အဲဒီသံဗူးထဲမွာ စုေပါင္းကာဗြန္နိတ္ ( ၃၉ ) ဂရမ္ပါဝင္တယ္ဆုိတာ သၾကား ( ၃၉ ) ဂရမ္ လို႕ေျပာတာ ျဖစ္တယ္။ လက္ဘက္ရည္ခြက္ေခါက္တဲ႕ ဇြန္းတစ္ေခ်ာင္းနဲ႕ခပ္လုိက္တဲ႕ သၾကားမွာ ( ၁၆ ) ကယ္လုိရီ ပါဝင္တယ္ဆုိတာဖတ္ထားဖူးမွ အသိရွိရွိဆင္ျခင္ႏိုင္မွာ ျဖစ္ပါတယ္။
.
ေကာ္ဗူးေတြမွာဆုိရင္ ( ၁၇ ) ေအာင္စဗူးမွာ ကယ္လုိရီ ( ၂ဝဝ ) / သၾကား ( ၅၅ ) ဂရမ္ ဆုိတာက အခ်ိဳရည္တစ္ဗူးလံုးရဲ႕ ( ၅ ) ပံု မွာ ( ၁ ) ပံုက သၾကား ျဖစ္ပါတယ္။ ၂ လီတာ - 2 Liter ဗူးမွာေတာ႕ ကုမၸဏီေတြက တစ္မ်ိဳးေျပာင္းေရးျပန္တယ္။ 150 Calories and 41g of Sugar Per 12 FL OZ Serving ဆိုတာက တစ္ဗူးလံုးမွာ ကယ္လုိရီ ( ၁၅ဝ ) ပဲ ပါတာမဟုတ္ပါ .. ( ၆ ) ဗူးစာရွိလို႕ ( ၆ ) နဲ႕ ေျမွာက္ရမွာျဖစ္ပါတယ္။
.
.
ဒါဆို ၂ လီတာအခ်ိဳရည္တစ္လံုးရဲ႕ သၾကားပါဝင္မႈဟာ ( ၉ဝဝ ) ကယ္လုိရီ နဲ႕ သၾကား ( ၂၆၄ ) ဂရမ္ ျဖစ္ပါတယ္။ ဒီလိုနည္းနဲ႕ လူေတြကုိ အဝလြန္ေစေအာင္ အခ်ိဳရည္ကုမၸဏီေတြ ဘယ္ေလာက္အထိ ေရာင္းစားထားျပီးျပီလဲဆိုတာ သတိဝင္ စဥ္းစားဖုိ႕အခ်ိန္ေရာက္ျပီလို႕ ဆိုခ်င္ပါတယ္။
.
သၾကားရည္ - Liquid Sugar ဟာ ေနာက္ဆံုးေပၚေဆးရြက္ၾကီးလို လူထုထံခ်ည္းကပ္ျပီး အသံုးမ်ားလာလို႕ စိုးရိမ္စရာအဆင္႕အထိ တက္လွမ္းလာေနပါတယ္။ ဒါေၾကာင္႕ ကယ္လီဖိုးနီးယားျမိဳ႕ေတာ္ ဆန္ခရမ္မန္းတို - Sacramento အနီးကေကာလိပ္ရြာ ၊ ေဒးဗစ္စ္ - Davis ေက်ာင္းသားရပ္ကြက္မွာေတာ႕ စားေသာက္ဆုိင္ေတြကို သတ္မွတ္ခ်က္ထုတ္ထားတာ ရွိပါတယ္။ အဲဒါကေတာ႕ အစားလာစားတဲ႕ကေလးေတြပါတဲ႕အခါ ႏြားႏို႕ နဲ႕ ေရသန္႕ကို မပါမျဖစ္ ထည္႕သြင္းေရာင္းခ်ေစတာပဲ ျဖစ္ပါတယ္။
.
.
ျမန္မာႏိုင္ငံစီးပြားေရးတံခါးဖြင္႕ျပီဆုိတာနဲ႕ ဘာစားစား ဝေစမယ္႕ အစားအေသာက္ေတြ ဝင္လာမစဲ မ်ားျပားလွတယ္။ ပထမဦးဆံုး ကုိကာကိုလာ - Coca-Cola ၊ ပက္စီ - Pepsi နဲ႕ ေနာက္ပိုင္း ကင္တပ္ကီၾကက္ေၾကာ္ - KFC တို႕ဟာလည္း အခ်ိဳ နဲ႕ အဆီကဲတဲ႕ အစားအေသာက္ဆုိတာ သိၾကမွာပါ။ ျပီးေတာ႕ ေခတ္အရ လူေတြက ေကာ္ဖီေကာင္းေကာင္းေသာက္ခ်င္လာတယ္။ လူတိုင္းၾကိဳက္တဲ႕ေကာ္ဖီဆိုင္ Starbucks ဝင္လာျပီဆိုရင္ေတာ႕ မဆင္ျခင္တဲ႕ အခ်ိဳစားသူေတြ ပိုထိခိုက္လာႏုိင္ပါတယ္။
.
ကမၻာအရပ္ရပ္က Starbucks ေကာ္ဖီဆိုင္ေတြမွာ မီႏ်ဴးအသစ္ ( ၆ ) မ်ိဳး ထပ္ထြက္ပါတယ္။ ေကာ္ဖီေအး ဖရပယ္ခ်ီးႏုိ - Frappuccino အရသာ ( ၆ ) မ်ိဳး ျဖစ္ပါတယ္။ ခပ္ဆင္ဆင္ေျပာရရင္ ေကာ္ဖီမစ္ရွိတ္ ပံုစံမ်ိဳးပါ။ အသစ္ၾကိဳက္သူမ်ားအတြက္ သက္ဆုိင္ရာခြက္ေတြမွာပါဝင္တဲ႕ သၾကားအေလးခ်ိန္နဲ႕အတူ ေဖာ္ျပလိုက္ပါတယ္။
.
1.. Cinnamon Roll Frappuccino ( သၾကား ၁ဝ၂ ဂရမ္ )
.
2.. Caramel Cocoa Cluster ( သၾကား ၉၇ ဂရမ္ )
.
3.. Red Velvet Cake Crème Frappuccino ( သၾကား ၈၇ ဂရမ္ )
.
4.. Cotton Candy Crème Frappuccino ( သၾကား ၈၃ ဂရမ္ )
.
5.. Cupcake Crème Frappuccino ( သၾကား ၇၉ ဂရမ္ )
.
6.. Lemon Bar Crème Frappuccino ( သၾကား ၇၁ ဂရမ္ )
.
.
ဒီေကာ္ဖီေတြထဲမွာ အခ်ိဳပါဝင္မႈဟာ ေခ်ာ႕ကလက္ထက္ပိုမ်ားတာကုိ က်န္းမာေရးဘေလာ႕ဂ္ေတြမွာ တြင္တြင္က်ယ္က်ယ္ေရးလာၾကတယ္။ ဒါေပမယ္႕ လူေတြက Starbucks ေကာ္ဖီလည္း လက္မလႊတ္သလို Hershey’s ေခ်ာ႕ကလက္ကိုလည္း လက္ကမခ်ႏုိင္ျဖစ္ေနၾကပါတယ္။ ဒါေၾကာင္႕ လူေတြအခ်ိဳၾကိဳက္တာ အျပစ္ေျပာစရာလားလို႕ ေမးစရာျဖစ္လာပါေတာ႕တယ္။
.
မွန္ကန္တဲ႕သံုးသပ္ခ်က္တစ္ခုထဲမွာ ( ၂.၅ ) ေအာင္စရွိတဲ႕ ေခ်ာ႕ကလက္တစ္ခုရဲ႕ သၾကားပါဝင္မႈက ပ်မ္းမွ် ( ၂၇ ) ဂရမ္ပါ။ ဒါေၾကာင္႕ အဆင္႕ျမင္႕ေကာ္ဖီတစ္ခြက္ေသာက္မိသူတိုင္းမွာ အနည္းဆံုး ေခ်ာ႕ကလက္ ( ၃ ) ေတာင္႕ - 3 Bars စားျပီးတာနဲ႕တူညီတဲ႕ အက်ိဳးသက္ေရာက္မႈကို ခႏၶာကိုယ္က ပုိက္ထားရပါတယ္။ တစ္ခ်ိဳ႕အစားအစာေတြမွာ ဒီထက္ပိုမ်ားတဲ႕အခ်ိဳေတြပါဝင္တာ ေတြ႕ႏိုင္ပါေသးတယ္။
.
.
ျမန္မာ႕ေပတံနဲ႕တုိင္းၾကည္႕ရင္ သၾကားဘယ္ေလာက္ထည္႕လို႕ထည္႕မွန္းမသိတဲ႕ ရိုးရာအစားအေသာက္ေတြျဖစ္တဲ႕ သာကူၾကိဳ၊ မုန္႕ၾကာစိ၊ ကေရကရာ၊ ထုိးမုန္႕၊ ေက်ာက္ေက်ာ တို႕အျပင္ ေမြးစားအခ်ိဳတည္ေတြျဖစ္တဲ႕ ေရႊရင္ေအး၊ ဖါလူဒါ နဲ႕ ကာရီဝါလား လက္ဘက္ရည္ စတာေတြမွာ သၾကားအျပင္ အတိုင္းအဆမရွိ ႏို႕ဆီကို တစ္ေကာ္၊ ႏွစ္ေကာ္၊ တစ္ဇြန္း၊ ႏွစ္ဇြန္း စသျဖင္႕ စားသံုးၾကပံုမွာ ရင္ေလးစရာေကာင္းလွပါတယ္။ လွ်ာအလိုလိုက္ အခ်ိဳၾကိဳက္သူမ်ားက စိတ္တုိင္းက်သေလာက္သာ သၾကားဓါတ္ေတြကို ျမိဳခ်ေနမယ္ဆိုရင္ ပိုေနတဲ႕အခ်ိဳရည္အပ်စ္ေတြဟာ မေက်ပ်က္ႏုိင္ေတာ႕ပဲ စုစည္းႏိုင္ေနတာကေတာ႕ ဝမ္းဗုိက္ေနရာမွာပဲ ျဖစ္ပါတယ္။
.
ဆီးခ်ိဳျဖစ္မယ္။ ႏွလံုးေရာဂါျဖစ္မယ္။ လူဝလာမယ္။ ကိုယ္အေလးခ်ိန္အရမ္းတုိးလာမယ္။ ေနာက္ဆံုးမွာ ေယာက္်ား မိန္းမမေရြး ဗိုက္ရႊဲလာမယ္။ ခႏၶာကုိယ္မွာ အခ်ိဳမ်ားလာေလေလ လူက လႈပ္ရွားမႈမလုပ္ခ်င္ေလေလပါ။ ဒါေၾကာင္႕မုိ႕ ပိုစား၊ ပိုဝ၊ ပိုအေလးခ်ိန္တိုး နဲ႕ တစ္ျခားအဆီအစိမ္႕၊ ဆီေၾကာ္စာေတြအျပင္ အထူးျပဳျပင္ထားတဲ႕ အခ်ိဳသားေရစာေတြကုိ ပိုမုိမွီဝဲလာမိၾကပါေတာ႕တယ္။
.
ဒါေၾကာင္႕မုိ႕ မိဘျပည္သူမ်ားဟာ ေရမခ်ိဳးခင္အခ်ိန္မ်ိဳးမွာ ကိုယ္အေလးခ်ိန္ေပါင္ခ်ိန္သင္႕တယ္။ အခ်ိဳမ်ားတာ နဲ႕ အဆီမ်ားတာက ကုိုယ္အေလးခ်ိန္တိုးလာဖို႕ အဆိုးဖက္သက္ေရာက္ေစတဲ႕ အဓိကအေၾကာင္းရင္းေတြျဖစ္ပါတယ္။ အသက္အရြယ္အရ ခႏၶာကုိယ္အခ်ိဳးအဆစ္ၾကီးထြားလာတဲ႕ ကိုယ္အေလးခ်ိန္တိုးမႈကိုေတာ႕ ၾကိဳဆိုရမွာျဖစ္ပါတယ္။
.
.
ေလ႕လာမိသမ်ွ အခ်ိဳမ်ားလာတဲ႕ ထူးျခားျဖစ္စဥ္မ်ားထဲက တစ္ခ်ိဳ႕ကို ေျပာျပၾကည္႕ပါမယ္။ တက္ေနက်အိမ္ကအိမ္သာ ( အမ်ားသံုးအိမ္သာမဟုတ္ပါ ) မွာ ပုရြက္ဆိပ္အံုတတ္ပါသလား? တစ္ေကာင္စ ႏွစ္ေကာင္စေတြ႕ျပီဆိုရင္ ဒီအိမ္မွာ ဆီးခ်ိဳသမားရွိတယ္လို႕ သတိေပးရာေရာက္ပါတယ္။
.
အလုပ္လုပ္ႏုိင္ဖုိ႕၊ ရံုးတက္ႏိုင္ဖို႕ ေကာ္ဖီေလးတစ္ခြက္မွမေသာက္ရရင္ မ်က္လံုးမပြင္႕ဘူး ဆိုတာမ်ိဳး ျဖစ္ေနပါသလား?
.
ဒါမွမဟုတ္ ငါတုိ႕က အိပ္ရာထရင္ လက္ဘက္ရည္ခ်ိဳစိမ္႕ပါဆယ္ေလးတစ္ခြက္မွ မေသာက္ရရင္ အဆင္မေျပဘူးဆုိတဲ႕လူတစ္ေယာက္ ကိုယ္ကိုယ္တိုင္ ျဖစ္ေနျပီလား? ၾကည္လင္လန္းဆန္းဖို႕ အခ်ိဳ လုိအပ္တယ္ဆိုတာ လက္ခံပါတယ္။ ဒါေပမယ္႕ မျဖစ္မေနေသာက္ရမွဆိုတဲ႕အေနအထားမ်ိဳးေရာက္လာရင္ မိဘျပည္သူေတြရဲ႕ခႏၶာကုိယ္မွာ အခ်ိဳဓါတ္လြန္ကဲေနမယ္လို႕ ခန္႕မွန္းၾကည္႕ႏိုင္ပါတယ္။
.
.
ဒီေတာ႕ ပိုလွ်ံအခ်ိဳေတြကိုျပန္စြန္႕ပစ္ဖို႕ရာ ေရးမ်ားမ်ားေရာေပးမွ ရပါေတာ႕မယ္။ ဒါေတာင္ အလ်င္မီွေအာင္ ေတာ္ေတာ္လုပ္ယူရဦးမယ္။ ဒီ႕အတြက္ေရေသာက္ရပါမယ္။ မ်ားမ်ားေသာက္မွ နည္းနည္းပဲေလ်ာ႕မယ္ဆုိတာကို ၾကိဳတင္သတိေပးလိုပါတယ္။ ေလ႕က်င္႕ခန္းလုပ္ျပီး ကယ္လိုရီေတြ ကင္ထုတ္ပစ္ရပါမယ္။ ေလာင္ကြ်မ္းကုန္ဆုံုးေစႏုိင္ပါမယ္။
.
အမ်ားနဲ႕သင္႕ေတာ္သလား မေတာ္သလားေတာ႕မသိေပမယ္႕ မျဖစ္မေနအခ်ိဳစားခ်င္သူေတြအတြက္ နည္းလမ္းတစ္ခုေတာ႕ ရွိပါတယ္။ ဒီနည္းကို ငယ္ငယ္တုန္းက အစ္မတစ္ေယာက္ကေျပာျပဖူးတာ အမွတ္ရေနလို႕ လက္ေတြ႕မွာ အသံုးတည္႕ေနတာမုိ႕ ျပန္မွ်ေဝပါမယ္။ အနည္းငယ္ရြံတတ္သူမ်ား လုိက္မလုပ္ေစလိုပါ။
.
သူေျပာျပတာက ခ်ိဳခ်ဥ္၊ သၾကားလံုး၊ အခ်ိဳရည္၊ ေခ်ာကလက္၊ အဆီအစိမ္႕ စတဲ႕ လွ်ာေပၚဝဲ အေကာင္းစားေတြ အကုန္စား၊ ၾကိဳက္တာစား .. စားျပီးရင္ .. အဲဒီအစ္မက ဗုိက္ထဲကို မျမိဳခ်ပါဘူး။ ပါးစပ္ထဲမွာ ပလုပ္ပေလာင္းအရသာခံျပီး ျပန္ေထြးထုတ္ပါတယ္။ ဟုတ္တယ္ေလ .. လွ်ာက အရသာသိရင္ ဦးေႏွာက္က ေက်နပ္သြားပါျပီ။ ဝမ္းဗုိက္ထဲကိုျမိဳခ်ျပီး အခ်ိဳ နဲ႕ အစိမ္႕စာေတြကုိ စုထားဖုိ႕မလိုေတာ႕ပါဘူး။ ဒါဆုိ ကိုယ္႕ခႏၶာကိုယ္ကိုလဲ တိတ္တိတ္ေလးဒုကၡမေပးေတာ႕ဘူးေပါ႕..။
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
06-11-2015
.
ရည္ညႊန္းကိုးကား - Yahoo News
.
.
.
Myanmar Unicode Version:
.
.
“ တိတ်တိတ်လေးဝမ်းဗိုက်ထဲဝင်သွားတဲ့ရန်သူ ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
လူတွေနေ့တိုင်း ရေစင်ရေသန့်အပြင် ဘာကိုသောက်သုံးနေပါသလဲ? ချဉ်တဲ့အရည်၊ ခါးတဲ့အရည်တွေမဟုတ်တာတော့သေချာပါတယ်။ ဒါဆိုရင် “ အချို ” အကြောင်းဆက်ပြောကြည့်ကြမယ်။ မနက်အလုပ်မတက်ခင် RFA ရေဒီယိုဖွင့်ထားရင်း လက်ဘက်ရည်သောက်ကြတယ်။ အနောက်နိုင်ငံတွေမှာဆို မနက်စောသတင်းစာကိုင်ထားရင်း ကော်ဖီသောက်ကြတယ်။ ဒီတော့ မနက်ခင်းကို အချိုနဲ့နှုတ်ဆက်တယ်လို့ဆိုရင် မမှားပါဘူး။
.
အနည်းငယ်ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံတွင်းကို အနောက်တိုင်းက အချိုရည်တွေ မြန်မာနိုင်ငံထဲကိုဝင်လာတယ်။ သိတဲ့အတိုင်း ဒီဘက်နိုင်ငံတွေမှာ အစားအသောက်မှာပါဝင်တဲ့ အသုံးပြုပစ္စည်း - Nutrition Facts မှာ ရေးထားတာ အများကြီးပါ။ ဒါကိုမဖတ်ပဲ ဒါမှမဟုတ် ဖတ်ရကောင်းမှန်းမသိပဲ အဖုံးကိုဖွင့်သောက်ချလိုက်တဲ့အခါ ခန္ဓာကိုယ်ကို တတိတိဒုက္ခပေးမယ့် သကြားဓါတ်က ဝမ်းဗိုက်ထဲကိုရောက်သွားကြပြီ။ အချိုဓါတ်ကနေ အဝလွန်တယ်။ ဆီးချိုရောဂါဖြစ်တယ်။ အမြင်သာဆုံးပြောရရင် ဗိုက်ရွှဲတယ်။
.
နောက်ပိုင်းစာစောင်တွေမှာ ယောက်ျား၊ မိန်းမတွေဗိုက်ခေါက်ထူ၊ ဗိုက်ရွှဲလာခြင်းက အဆီကြောင့်ထက်စာရင် သကြားဓါတ်ကြောင့်ဆိုတာ မီးမောင်းထိုးပြလာကြတယ်။ ရေးသားလာကြတယ်။ သုတေသနတွေကိုးကားရှာဖွေပြီး အချိုစားသုံးမှု - Sugar Intake လျှော့ချလာအောင် ပညာပေးလာကြတယ်။
.
.
အနီးကပ်ဆုံးဥပမာကိုပြရရင် ဆန်ဖရန်စစ္စကိုရဲ့ မြို့တော်ထွေ/အုပ် အမတ်တွေဟာ သူ့ဒေသမှာရောင်းကောင်းနေတဲ့ အချိုရည်တွေမှာ သကြားပါဝင်မှုကို ခွင့်ပြုထားတာထက် ပိုထည့်နေလို့ တားမြစ်ဖို့ ပြင်ဆင်နေပါတယ်။ ဘယ်ဘိလပ်ရည် နဲ့ ဘယ်အားဖြည့်အချိုရည်မှာမဆို ခွင့်ပြုထားတဲ့ ( ၂၅ ) ကယ်လိုရီ နဲ့ သကြား - Sugar ( သို့မဟုတ် ) သကြားတု - Sweetener ( ၁၂ ) အောင်စ အထက် ပါဝင်ရင် ကုန်ပစ္စည်းပေါ်မှာ သတိပေးစာတမ်း ကပ်ပေးရတော့မှာပါ။
.
ဒီအထဲမှာ အားကစားလုပ်ဖို့သောက်ရတဲ့ Sport Drinks တွေလည်းပါသလို အလကားနေရင်း မသောက်သောက်ချင်အောင် ဖျော်စပ်ထားတဲ့ သဘာဝသတ္ထုဖျော်ရည် - Vitamin Water တွေလည်း မလွတ်ကင်းပါဘူး။ လက်ဘက်ရည်အေး - Iced Tea တွေမှာလည်း သဘာဝလက်ဘက် ကနေလုပ်ထားတယ်ပြောပြီး သကြားပါဝင်မှုကိုတိုင်းကြည့်ရင် ( ၂၅ ) ကယ်လိုရီကျော်နေတာ တွေ့ရပါမယ်။
.
ဒါဆိုအကုန်လုံးပဲ ဖြစ်နေတာပဲလားလို့ လေ့လာကြည့်တဲ့အခါ တစ်ချို့အရည် ( အချိုရည် ) တွေကတော့ ချွင်းချက်အနေနဲ့ ရပ်တည်နေပါတယ်။ နွားနို့ ( အဆီထုတ်ပြီး နဲ့ အဆီပါ ၂ မျိုးရှိ ) ၊ ( ၁ဝဝ% ) သစ်သီးဖျော်ရည် နဲ့ သံဗူးအချိုရည်ထဲမှာဆိုရင် ကိုကာကိုလာဇီးရိုး နဲ့ နရိုကတည်းက ကယ်လိုရီမပါဝင်အောင်ထုတ်လုပ်ထားတဲ့ အချိုရည်တွေက လွတ်ကင်းခွင့်ရကြမှာပါ။
.
.
သတိပေးစာတမ်း “ WARNING: Drinking beverages with added sugar(s) contributes to obesity, diabetes, and tooth decay. This is a message from the City and County of San Francisco ” ကို သံဗူးကော်ဗူးတွေပေါ်မှ စတွေ့ပြီဆိုရင် အမေရိကန်နိုင်ငံမှာ ပထမဦးဆုံးဖြစ်တဲ့ ဆန်ဖရန်စစ္စကို ရဲ့ ကြိုးပမ်းမှုအောင်မြင်ပြီးဆုံးလို့ ခွင့်ပြုချက်ထွက်လာပြီလို့ မှတ်ယူနိုင်မှာဖြစ်ပါတယ်။
.
မြို့တော်အုပ်ချုပ်ရေးမှူး Supervisor တစ်ယောက်က “ အရသာကောင်းတိုင်း ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ ပြောလို့မရပါဘူး။ အချိုများပစ္စည်းတွေဟာ လူကိုကောင်းကျိုးမပြုတဲ့အပြင် ဖျားနာမှုကိုဖြစ်စေပါတယ်။ ဒါကို အရေးယူမှဖြစ်မယ် ” လို့ ထုတ်ပြောထားပါတယ်။
.
.
ပုံမှန် ကိုကာကိုလာသံဗူးတစ်ဗူးမှာ ကယ်လိုရီ ( ၁၄ဝ ) ပါဝင်တယ်။ ဒါတွေအားလုံးက သကြားရဲ့ပို့ချမှုကြောင့်ဖြစ်လာရတာပါ။ အဲဒီသံဗူးထဲမှာ စုပေါင်းကာဗွန်နိတ် ( ၃၉ ) ဂရမ်ပါဝင်တယ်ဆိုတာ သကြား ( ၃၉ ) ဂရမ် လို့ပြောတာ ဖြစ်တယ်။ လက်ဘက်ရည်ခွက်ခေါက်တဲ့ ဇွန်းတစ်ချောင်းနဲ့ခပ်လိုက်တဲ့ သကြားမှာ ( ၁၆ ) ကယ်လိုရီ ပါဝင်တယ်ဆိုတာဖတ်ထားဖူးမှ အသိရှိရှိဆင်ခြင်နိုင်မှာ ဖြစ်ပါတယ်။
.
ကော်ဗူးတွေမှာဆိုရင် ( ၁၇ ) အောင်စဗူးမှာ ကယ်လိုရီ ( ၂ဝဝ ) / သကြား ( ၅၅ ) ဂရမ် ဆိုတာက အချိုရည်တစ်ဗူးလုံးရဲ့ ( ၅ ) ပုံ မှာ ( ၁ ) ပုံက သကြား ဖြစ်ပါတယ်။ ၂ လီတာ - 2 Liter ဗူးမှာတော့ ကုမ္ပဏီတွေက တစ်မျိုးပြောင်းရေးပြန်တယ်။ 150 Calories and 41g of Sugar Per 12 FL OZ Serving ဆိုတာက တစ်ဗူးလုံးမှာ ကယ်လိုရီ ( ၁၅ဝ ) ပဲ ပါတာမဟုတ်ပါ .. ( ၆ ) ဗူးစာရှိလို့ ( ၆ ) နဲ့ မြှောက်ရမှာဖြစ်ပါတယ်။
.
.
ဒါဆို ၂ လီတာအချိုရည်တစ်လုံးရဲ့ သကြားပါဝင်မှုဟာ ( ၉ဝဝ ) ကယ်လိုရီ နဲ့ သကြား ( ၂၆၄ ) ဂရမ် ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ လူတွေကို အဝလွန်စေအောင် အချိုရည်ကုမ္ပဏီတွေ ဘယ်လောက်အထိ ရောင်းစားထားပြီးပြီလဲဆိုတာ သတိဝင် စဉ်းစားဖို့အချိန်ရောက်ပြီလို့ ဆိုချင်ပါတယ်။
.
သကြားရည် - Liquid Sugar ဟာ နောက်ဆုံးပေါ်ဆေးရွက်ကြီးလို လူထုထံချည်းကပ်ပြီး အသုံးများလာလို့ စိုးရိမ်စရာအဆင့်အထိ တက်လှမ်းလာနေပါတယ်။ ဒါကြောင့် ကယ်လီဖိုးနီးယားမြို့တော် ဆန်ခရမ်မန်းတို - Sacramento အနီးကကောလိပ်ရွာ ၊ ဒေးဗစ်စ် - Davis ကျောင်းသားရပ်ကွက်မှာတော့ စားသောက်ဆိုင်တွေကို သတ်မှတ်ချက်ထုတ်ထားတာ ရှိပါတယ်။ အဲဒါကတော့ အစားလာစားတဲ့ကလေးတွေပါတဲ့အခါ နွားနို့ နဲ့ ရေသန့်ကို မပါမဖြစ် ထည့်သွင်းရောင်းချစေတာပဲ ဖြစ်ပါတယ်။
.
.
မြန်မာနိုင်ငံစီးပွားရေးတံခါးဖွင့်ပြီဆိုတာနဲ့ ဘာစားစား ဝစေမယ့် အစားအသောက်တွေ ဝင်လာမစဲ များပြားလှတယ်။ ပထမဦးဆုံး ကိုကာကိုလာ - Coca-Cola ၊ ပက်စီ - Pepsi နဲ့ နောက်ပိုင်း ကင်တပ်ကီကြက်ကြော် - KFC တို့ဟာလည်း အချို နဲ့ အဆီကဲတဲ့ အစားအသောက်ဆိုတာ သိကြမှာပါ။ ပြီးတော့ ခေတ်အရ လူတွေက ကော်ဖီကောင်းကောင်းသောက်ချင်လာတယ်။ လူတိုင်းကြိုက်တဲ့ကော်ဖီဆိုင် Starbucks ဝင်လာပြီဆိုရင်တော့ မဆင်ခြင်တဲ့ အချိုစားသူတွေ ပိုထိခိုက်လာနိုင်ပါတယ်။
.
ကမ္ဘာအရပ်ရပ်က Starbucks ကော်ဖီဆိုင်တွေမှာ မီနျူးအသစ် ( ၆ ) မျိုး ထပ်ထွက်ပါတယ်။ ကော်ဖီအေး ဖရပယ်ချီးနို - Frappuccino အရသာ ( ၆ ) မျိုး ဖြစ်ပါတယ်။ ခပ်ဆင်ဆင်ပြောရရင် ကော်ဖီမစ်ရှိတ် ပုံစံမျိုးပါ။ အသစ်ကြိုက်သူများအတွက် သက်ဆိုင်ရာခွက်တွေမှာပါဝင်တဲ့ သကြားအလေးချိန်နဲ့အတူ ဖော်ပြလိုက်ပါတယ်။
.
1.. Cinnamon Roll Frappuccino ( သကြား ၁ဝ၂ ဂရမ် )
.
2.. Caramel Cocoa Cluster ( သကြား ၉၇ ဂရမ် )
.
3.. Red Velvet Cake Crème Frappuccino ( သကြား ၈၇ ဂရမ် )
.
4.. Cotton Candy Crème Frappuccino ( သကြား ၈၃ ဂရမ် )
.
5.. Cupcake Crème Frappuccino ( သကြား ၇၉ ဂရမ် )
.
6.. Lemon Bar Crème Frappuccino ( သကြား ၇၁ ဂရမ် )
.
.
ဒီကော်ဖီတွေထဲမှာ အချိုပါဝင်မှုဟာ ချော့ကလက်ထက်ပိုများတာကို ကျန်းမာရေးဘလော့ဂ်တွေမှာ တွင်တွင်ကျယ်ကျယ်ရေးလာကြတယ်။ ဒါပေမယ့် လူတွေက Starbucks ကော်ဖီလည်း လက်မလွှတ်သလို Hershey’s ချော့ကလက်ကိုလည်း လက်ကမချနိုင်ဖြစ်နေကြပါတယ်။ ဒါကြောင့် လူတွေအချိုကြိုက်တာ အပြစ်ပြောစရာလားလို့ မေးစရာဖြစ်လာပါတော့တယ်။
.
မှန်ကန်တဲ့သုံးသပ်ချက်တစ်ခုထဲမှာ ( ၂.၅ ) အောင်စရှိတဲ့ ချော့ကလက်တစ်ခုရဲ့ သကြားပါဝင်မှုက ပျမ်းမျှ ( ၂၇ ) ဂရမ်ပါ။ ဒါကြောင့် အဆင့်မြင့်ကော်ဖီတစ်ခွက်သောက်မိသူတိုင်းမှာ အနည်းဆုံး ချော့ကလက် ( ၃ ) တောင့် - 3 Bars စားပြီးတာနဲ့တူညီတဲ့ အကျိုးသက်ရောက်မှုကို ခန္ဓာကိုယ်က ပိုက်ထားရပါတယ်။ တစ်ချို့အစားအစာတွေမှာ ဒီထက်ပိုများတဲ့အချိုတွေပါဝင်တာ တွေ့နိုင်ပါသေးတယ်။
.
.
မြန်မာ့ပေတံနဲ့တိုင်းကြည့်ရင် သကြားဘယ်လောက်ထည့်လို့ထည့်မှန်းမသိတဲ့ ရိုးရာအစားအသောက်တွေဖြစ်တဲ့ သာကူကြို၊ မုန့်ကြာစိ၊ ကရေကရာ၊ ထိုးမုန့်၊ ကျောက်ကျော တို့အပြင် မွေးစားအချိုတည်တွေဖြစ်တဲ့ ရွှေရင်အေး၊ ဖါလူဒါ နဲ့ ကာရီဝါလား လက်ဘက်ရည် စတာတွေမှာ သကြားအပြင် အတိုင်းအဆမရှိ နို့ဆီကို တစ်ကော်၊ နှစ်ကော်၊ တစ်ဇွန်း၊ နှစ်ဇွန်း စသဖြင့် စားသုံးကြပုံမှာ ရင်လေးစရာကောင်းလှပါတယ်။ လျှာအလိုလိုက် အချိုကြိုက်သူများက စိတ်တိုင်းကျသလောက်သာ သကြားဓါတ်တွေကို မြိုချနေမယ်ဆိုရင် ပိုနေတဲ့အချိုရည်အပျစ်တွေဟာ မကျေပျက်နိုင်တော့ပဲ စုစည်းနိုင်နေတာကတော့ ဝမ်းဗိုက်နေရာမှာပဲ ဖြစ်ပါတယ်။
.
ဆီးချိုဖြစ်မယ်။ နှလုံးရောဂါဖြစ်မယ်။ လူဝလာမယ်။ ကိုယ်အလေးချိန်အရမ်းတိုးလာမယ်။ နောက်ဆုံးမှာ ယောက်ျား မိန်းမမရွေး ဗိုက်ရွှဲလာမယ်။ ခန္ဓာကိုယ်မှာ အချိုများလာလေလေ လူက လှုပ်ရှားမှုမလုပ်ချင်လေလေပါ။ ဒါကြောင့်မို့ ပိုစား၊ ပိုဝ၊ ပိုအလေးချိန်တိုး နဲ့ တစ်ခြားအဆီအစိမ့်၊ ဆီကြော်စာတွေအပြင် အထူးပြုပြင်ထားတဲ့ အချိုသားရေစာတွေကို ပိုမိုမှီဝဲလာမိကြပါတော့တယ်။
.
ဒါကြောင့်မို့ မိဘပြည်သူများဟာ ရေမချိုးခင်အချိန်မျိုးမှာ ကိုယ်အလေးချိန်ပေါင်ချိန်သင့်တယ်။ အချိုများတာ နဲ့ အဆီများတာက ကိုယ်အလေးချိန်တိုးလာဖို့ အဆိုးဖက်သက်ရောက်စေတဲ့ အဓိကအကြောင်းရင်းတွေဖြစ်ပါတယ်။ အသက်အရွယ်အရ ခန္ဓာကိုယ်အချိုးအဆစ်ကြီးထွားလာတဲ့ ကိုယ်အလေးချိန်တိုးမှုကိုတော့ ကြိုဆိုရမှာဖြစ်ပါတယ်။
.
.
လေ့လာမိသမျှ အချိုများလာတဲ့ ထူးခြားဖြစ်စဉ်များထဲက တစ်ချို့ကို ပြောပြကြည့်ပါမယ်။ တက်နေကျအိမ်ကအိမ်သာ ( အများသုံးအိမ်သာမဟုတ်ပါ ) မှာ ပုရွက်ဆိပ်အုံတတ်ပါသလား? တစ်ကောင်စ နှစ်ကောင်စတွေ့ပြီဆိုရင် ဒီအိမ်မှာ ဆီးချိုသမားရှိတယ်လို့ သတိပေးရာရောက်ပါတယ်။
.
အလုပ်လုပ်နိုင်ဖို့၊ ရုံးတက်နိုင်ဖို့ ကော်ဖီလေးတစ်ခွက်မှမသောက်ရရင် မျက်လုံးမပွင့်ဘူး ဆိုတာမျိုး ဖြစ်နေပါသလား?
.
ဒါမှမဟုတ် ငါတို့က အိပ်ရာထရင် လက်ဘက်ရည်ချိုစိမ့်ပါဆယ်လေးတစ်ခွက်မှ မသောက်ရရင် အဆင်မပြေဘူးဆိုတဲ့လူတစ်ယောက် ကိုယ်ကိုယ်တိုင် ဖြစ်နေပြီလား? ကြည်လင်လန်းဆန်းဖို့ အချို လိုအပ်တယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် မဖြစ်မနေသောက်ရမှဆိုတဲ့အနေအထားမျိုးရောက်လာရင် မိဘပြည်သူတွေရဲ့ခန္ဓာကိုယ်မှာ အချိုဓါတ်လွန်ကဲနေမယ်လို့ ခန့်မှန်းကြည့်နိုင်ပါတယ်။
.
.
ဒီတော့ ပိုလျှံအချိုတွေကိုပြန်စွန့်ပစ်ဖို့ရာ ရေးများများရောပေးမှ ရပါတော့မယ်။ ဒါတောင် အလျင်မှီအောင် တော်တော်လုပ်ယူရဦးမယ်။ ဒီ့အတွက်ရေသောက်ရပါမယ်။ များများသောက်မှ နည်းနည်းပဲလျော့မယ်ဆိုတာကို ကြိုတင်သတိပေးလိုပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး ကယ်လိုရီတွေ ကင်ထုတ်ပစ်ရပါမယ်။ လောင်ကျွမ်းကုန်ဆုံးစေနိုင်ပါမယ်။
.
အများနဲ့သင့်တော်သလား မတော်သလားတော့မသိပေမယ့် မဖြစ်မနေအချိုစားချင်သူတွေအတွက် နည်းလမ်းတစ်ခုတော့ ရှိပါတယ်။ ဒီနည်းကို ငယ်ငယ်တုန်းက အစ်မတစ်ယောက်ကပြောပြဖူးတာ အမှတ်ရနေလို့ လက်တွေ့မှာ အသုံးတည့်နေတာမို့ ပြန်မျှဝေပါမယ်။ အနည်းငယ်ရွံတတ်သူများ လိုက်မလုပ်စေလိုပါ။
.
သူပြောပြတာက ချိုချဉ်၊ သကြားလုံး၊ အချိုရည်၊ ချောကလက်၊ အဆီအစိမ့် စတဲ့ လျှာပေါ်ဝဲ အကောင်းစားတွေ အကုန်စား၊ ကြိုက်တာစား .. စားပြီးရင် .. အဲဒီအစ်မက ဗိုက်ထဲကို မမြိုချပါဘူး။ ပါးစပ်ထဲမှာ ပလုပ်ပလောင်းအရသာခံပြီး ပြန်ထွေးထုတ်ပါတယ်။ ဟုတ်တယ်လေ .. လျှာက အရသာသိရင် ဦးနှောက်က ကျေနပ်သွားပါပြီ။ ဝမ်းဗိုက်ထဲကိုမြိုချပြီး အချို နဲ့ အစိမ့်စာတွေကို စုထားဖို့မလိုတော့ပါဘူး။ ဒါဆို ကိုယ့်ခန္ဓာကိုယ်ကိုလဲ တိတ်တိတ်လေးဒုက္ခမပေးတော့ဘူးပေါ့..။
.
ခင်မင်ခြင်းများစွာဖြင့်
.
06-11-2015
.

ရည်ညွှန်းကိုးကား - Yahoo News
.
“ တိတ္တိတ္ေလးဝမ္းဗုိက္ထဲဝင္သြားတဲ႕ရန္သူ ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ဧပရယ္လ ( ၃ဝ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၃၂ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link : http://www.mediafire.com/download/7e3om2dblykk0ms/NetGuide+Vol.4%2C+No.32%282%29.pdf





No comments: