ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး) |
. “ဟဲ႕ . . ကေလး
. . မလုပ္နဲ႕။ လူၾကီးေတြ လုပ္ေပးလိမ္႕မယ္” ဒါက ငယ္ငယ္တုန္းက ကိုယ္႕ကုိထိန္းခဲ႕တဲ႕ လူၾကီးေတြရဲ႕ေဟာက္ငန္းငန္းေလသံ
နဲ႕ ဘာမဆိုေပးမလုပ္တဲ႕ စံနစ္မ်ိဳး။ ကုိယ္႕သားသမီးအလွည္႕က်ေတာ႕ ျပန္စဥ္းစားတယ္ . .
.
. “ေအာ္ . . ငါငယ္ငယ္တုန္းက
ဘာမွေပးမလုပ္ဘူး . . ဒါေၾကာင္႕ ကေလးေတြလိုအပ္တာကုိ ဘာမဆို အဆင္သင္႕အကုန္လုပ္ေပးရမယ္”
ဆုိတဲ႕ အေတြးေတြဝင္ျပီး မနက္ေက်ာင္းသြားေတာ႕မယ္႕ မူလတန္းေက်ာင္းသားဟာ သနပ္ခါးကုိ မ်က္ႏွာမွာခပ္ပါးပါးလိမ္း၊
ေျဖာင္႕စင္းေနတဲ႕ေက်ာင္းစိမ္းေလးဝတ္ရင္း၊ အိမ္ကခိုင္းသမားက ေက်ာပိုးအိတ္ကုိ ေက်ာင္းကားတံခါးဝအထိလိုက္ပို႕၊
ဒါကုိမွစိတ္မခ်တဲ႕ မိဘက လူပိုခထပ္ေပးျပီး ေက်ာင္းကားနဲ႕လုိက္ . . ေက်ာင္းေပါက္ဝအထိလိုက္ပို႕ . . ဒီလိုနဲ႕ သားသမီးရဲ႕အလုိကို
ေျပာယူရတယ္မရွိရေလေအာင္ အတတ္ႏိုင္ဆံုး အခ်ိန္ကုန္ခံ၊ ေငြကုန္ခံ၊ အပင္ပန္းခံျဖည္႕ဆည္းေပးၾကတယ္။
.
.
. ဒီလိုကေလးေတြၾကီးလာေတာ႕
စာေတာ္ေပမယ္႕ လူေတာမတုိးတာမ်ိဳး တုိ႕၊ လူေတာထဲေရာက္ေသာ္လည္း တစ္ခုခုဆိုရင္ အေဖာ္ရွိမွလုပ္တတ္တာမ်ိဳး
တုိ႕၊ သိသူကိုေမးခြန္းေမး . . ကိုယ္႕ဟာကိုယ္ေလ႕လာ ဆန္းစစ္ေဖြရွာ က်င္လည္ရာမွကြ်မ္းက်င္တာမ်ိဳးမဟုတ္ပဲ
တစ္ေယာက္ေယာက္က စာသင္သလိုသင္ေပးမွ လုပ္တတ္တာမ်ိဳးတို႕ဟာ အာရွတိုက္က မိဘေတြမွာ အျဖစ္အမ်ားဆံုးလို႕
ေျပာစမွတ္ျပဳလာၾကပါတယ္။
.
. အေမရိကန္ေတြက်ေတာ႕
ဒီလိုမဟုတ္ျပန္ဘူး။ (၁၈) ႏွစ္ဆိုရင္ အသက္ျပည္႕ျပီ။ သူ႕ဟာသူ စာေတာ္ေတာ္ မေတာ္ေတာ္၊ လူ႕ေလာကအေၾကာင္းသိသိမသိသိ
“ေရကူးတတ္ေစခ်င္ရင္ ေရကူးကန္ထဲတြန္းခ်” ဆိုသလို အတင္းအက်ပ္ၾကီး လႊတ္လိုက္တတ္ၾကတယ္။
ဘယ္တစ္ခုက မွန္တယ္လုိ႕ မိတ္ေဆြထင္ပါသလဲ?
.
.
. ဒီေမးခြန္းရဲ႕အေျဖမွန္ကိုရဖို႕
သင္တန္းေပးျခင္း - Training ဆိုတဲ႕ စကားရပ္ကို အရင္ဆံုးေဆြးေႏြးရပါလိမ္႕မယ္။ အလုပ္သမားလူတန္းစားနဲ႕
ျမင္႕မားတဲ႕ဝင္ေငြအတြက္ေရးဆြဲထားတဲ႕ အေမရိကားအလုပ္သမားေစ်းကြက္မွာ ထရိန္နင္မပါပဲ၊ မသင္ေပးပါပဲ
အလုပ္မခန္႕တတ္ပါဘူး။
.
.
. အလုပ္သစ္ကိုေရာက္လာသူတစ္ေယာက္ကုိ
ကြ်မ္းက်င္တဲ႕ လုပ္သက္ရင္႕ပုဂၢိဳလ္က လုပ္ငန္းအခ်က္အလက္ညႊန္ၾကားခ်က္ေတြအျပင္ သူ႕ရဲ႕အဆင္႕နဲ႕ကိုက္ညီတဲ႕လုပ္ငန္းျပီးေျမာက္မႈအျမန္ႏႈန္း
- Productivity ကုိ ျပည္႕မွီေအာင္ သင္တန္းေပးၾကတယ္။
. အၾကမ္းအားျဖင္႕
မတတ္ေသးသူကုိ ကုမၸဏီက ပံုေသစာညႊန္း လုပ္ပံုလုပ္နည္းေတြကုိ စာဖတ္ရာကေန လုပ္နည္းသိ၊ တစ္ဆက္တည္း
ကြ်မ္းက်င္သူနားကေန အျမန္လုပ္နည္းခံယူ၊ ျမန္ျမန္ဆန္ဆန္လုပ္ရင္း အမွားနည္းေအာင္ၾကိဳးစား
. . စတဲ႕ လုပ္ေဆာင္ခ်က္အဆင္႕ဆင္႕ကိုျဖတ္ျပီး သင္ၾကားေပးတာကုိ Training လို႕ ေခၚပါတယ္။
.
.
. ဒီဘက္ေျမမွာေတာ႕
မိဘနဲ႕သားသမီးေတြဆက္ဆံေရးမွာလည္း ဒီ Training ရဲ႕ လိုအပ္ခ်က္ေတြကုိေတြ႕ရတယ္။ လုပ္ပံုလုပ္နည္းသိတယ္ဆုိတာ
ေက်ာင္းတက္တာကိုေျပာတာ၊ ကြ်မ္းက်င္သူနားကေနသိတယ္ဆိုတာ မိဘေတြက သားသမီးကိုသင္ေပးတာ၊
အမွားနည္းေအာင္ဆုိတာက အရည္အေသြးျပည္႕မွီတဲ႕ Quality Control ကုိ ေျပာၾကတာ ျဖစ္ပါတယ္။
.
. မိတ္ေဆြရဲ႕ကေလး
ဒူးျပဲမွာစုိးလို႕ စက္ဘီးစီးသင္မေပးပဲပစ္ထားမယ္႕အစား နားလည္သူက ဒူးစြပ္၊ တံေတာင္ဆစ္စြပ္၊
ဆိုင္ကယ္ဦးထုတ္နဲ႕အတူ ေလ႕က်င္႕ေပးေတာ႕ ကေလးက ေအာင္ေအာင္ျမင္ျမင္စက္ဘီးစီးတတ္တယ္။
.
.
. “ငါသင္ေပးမယ္
. . ဒီလို” ဆုိတဲ႕ ဆရာ-စာခ် စံနစ္ကေန “ဒီအလုပ္ကို ကိုယ္တုိင္သြားလုပ္လာခဲ႕။ မသိရင္လာေမး၊
အိမ္စာအခ်ိန္မီွျပီးေအာင္တင္” ဆုိတဲ႕အဆင္႕ေရာက္တဲ႕ေက်ာင္းသားဟာ စာေမးပြဲနီးေတာ႕ စာထပ္က်က္စရာမလုိေတာ႕သလိုေပါ႕။
.
. ေနာက္ဆံုးတစ္ခုက
လူ႕ေလာကလုပ္ငန္းခြင္ထဲကိုဝင္တဲ႕အခါ “အရည္အေသြးမွီ - Skillful” ျဖစ္တဲ႕ ဘာသာစကားကြ်မ္းက်င္မႈ၊
လုပ္ငန္းကြ်မ္းက်င္မႈ နဲ႕ ကိုယ္ပုိင္တဲ႕ေနရာမွာကိုယ္ အထြဋ္အထိပ္ေရာက္ဖို႕အျပင္ “ဘယ္အခါထုတ္ထုတ္
ဒီအရည္အခ်င္းထြက္တယ္” ဆုိတဲ႕အေနအထားရလာတဲ႕ေနာက္မွာ မိဘနဲ႕သားသမီးအျမင္မွန္ရလို႕ ဘယ္လိုမွအဆင္မေျပျဖစ္စရာအေၾကာင္းကုိ
မရွိေတာ႕ပါ။
.
.
. ဒါေၾကာင္႕မိတ္ေဆြတုိ႕ရဲ႕သားသမီးေတြကုိ
“ပညာတတ္” ျဖစ္ျပီးရင္ေတာင္မွ “လုပ္တတ္ ကုိင္တတ္”
ျဖစ္ေစဖို႕ အလုပ္ခုိင္းရပါလိမ္႕မယ္။ ဒါမွ “ဘာေမးေမးသိတဲ႕အလြတ္က်က္ပညာရွင္” ကေန ဘယ္အရာကိုဘယ္ေနရာကေနရွာရမယ္ဆုိတာကိုသိတဲ႕
“စြန္႕ဦးလုပ္ငန္းရွင္” ေတြျဖစ္လာၾကမွာပါ။
ဒီကေနမွ သူသိ သူတတ္ထားတဲ႕ပညာကုိ လူမွန္၊ ေနရာ႒ာနမွန္၊ အခ်ိန္အခါမွန္ . . ေနာက္ဆံုး
ပစၥည္းမွန္၊ ေစ်းမွန္ ကုန္သည္ဘဝသက္ဆင္းရရင္ေတာင္မွ “မလုပ္တတ္ မကိုင္တတ္ဘူး” ဆုိတာ ဘယ္ေတာ႕မွျဖစ္လာမွာ မဟုတ္ေတာ႕ပါဘူး။
.
. ဒီတာဝန္ကုိ
မိတ္ေဆြက မိဘေနရာက မေက်ပြန္ရင္၊ မျပီးျပတ္ မျပတ္သားရင္ ေနာက္လူတစ္ေယာက္ေယာက္က ဆက္လုပ္ရပါလိမ္႕မယ္။
ကုိယ္ဘာသိထားသလဲဆိုတာကို ေနာက္မ်ိဳးဆက္ကိုေပးဖို႕ေနာက္က်ေနရင္ “အတန္းေရွ႕မွာ စာလာသင္ေပးတဲ႕ဆရာရွိမွ
တတ္ေျမာက္မယ္႕ သင္-က်က္-ေျဖ ေက်ာင္းသားဘဝ” ကုိ တဖန္ ျပန္သက္ဆင္းရမွာမလြဲမေသြပါ။
.
.
. ခ်မ္းသာျခင္းက
သင္ရလြယ္ပါတယ္။ ေငြေတြ၊ ဂုဏ္ေတြ၊ ရာထူးအာဏာေတြဟာ ခ်မ္းသာျခင္းကုိအားေပးတဲ႕ေလာင္စာေတြပါပဲ။
အားေပးအားေျမွာက္ျပဳတဲ႕ေလာင္စာရွိလို႕ကေတာ႕ေအာက္စီဂ်င္ကမၻာမွာ အရာရာတုိင္းဟာ အလြယ္တကူေလာင္ကြ်မ္းႏိုင္ပါတယ္။
ဒါေပမယ္႕ သူ႕ရဲ႕ဆန္႕က်င္ဘက္က်ေတာ႕ မတူျပန္ပါဘူး။
.
. “ဆင္းရဲျခင္းက
သင္ရခက္ပါတယ္” အေၾကာင္းရင္းကေတာ႕ ဘယ္သူတစ္ဦးတစ္ေယာက္ကမွ ဆင္းရဲျခင္းကို နက္နက္နဲနဲမရွာေဖြခ်င္တာနဲ႕
လူအမ်ားက မေတာင္႕မတပဲ ရေနတဲ႕ဘဝျဖစ္ေနၾကလို႕ပါ။ ဆုိလုိတာက ခ်မ္းသာတဲ႕သူမေျပာနဲ႕ အလယ္အလတ္ပစၥည္းဥစၥာျပည္႔စံုသူတစ္ဦးတစ္ေယာက္ကို
ဆင္းရဲျခင္းအတြက္ ဒုကၡခံခုိင္းရင္ ဘယ္သူၾကိဳက္ႏွစ္သက္ပါ႕မလဲ?
.
.
. ဒါေပမယ္႕ ဘဝရဲ႕အလွည္႕အေျပာင္းေတြက
အျမဲလိုလို ဆင္းရဲျခင္းဘက္ ပုိပိုသဲသဲ တြန္းပို႕တတ္တယ္။ ဒါေၾကာင္႕ မိတ္ေဆြဟာ လက္ရွိပိုင္ဆိုင္ေနတဲ႕ဘဝကေန
နိမ္႕ပါးတဲ႕အဆင္႕တစ္ခုကိုေလွ်ာက်သြားေစဖို႕ ဘယ္သူ႕အကူအညီမွရယူဖို႕ မလိုအပ္ပါဘူး။ လက္ဝယ္ရွိတဲ႕ရုပ္ပစၥည္းေတြေလ်ာ႕ပါးသြားတာနဲ႕
ဆင္းရဲျခင္းက အသင္႕ေစာင္႕ဆုိင္းၾကိဳဆိုေနမွာပါ။
.
. သုိ႕ေသာ္လည္း
ေအာင္ျမင္မႈရဖို႕ေတာ႕ ဒုကၡအမ်ိဳးမ်ိဳးကုိ ၾကံ႕ၾကံ႕ခံေက်ာ္လႊားႏုိင္သူေတြကသာ ထိပ္ဆံုးပုိင္းကုိေရာက္လာတတ္ၾကတာ
ကမၻာ႕စာအုပ္အသီးသီးမွာဖတ္ၾကည္႕ႏိုင္ပါတယ္။
.
.
. ထူးျခားခ်က္အေနနဲ႕
ဆင္းရဲျခင္းရဲ႕လ်ိဳ႕ဝွက္ခ်က္ကုိသိမွသာ ေအာင္ျမင္ဖို႕ရာ လမ္းစေပၚသလိုပဲ ကိုယ္႕သားသမီးကိုအလိုလိုက္အၾကိဳက္ေဆာင္
. . ပိုင္ဆိုင္မႈဥစၥာေတြအဆင္သင္႕ထုတ္ပိုးထားျပီး မန္းေနဂ်င္းဒါရုိက္တာရာထူးအဆင္သင္႕ေဆာင္းထားေပးလိုက္လို႕
သားသမီးဟာ ေတာ္-ေကာင္း-ကြ်မ္းက်င္အဆင္႕ကုိ အလုိလိုေရာက္ရွိသြားႏိုင္ဖို႕ဆိုတာ လူအမ်ားနဲ႕ကိုက္ညီတဲ႕ပံုေသနည္းတစ္ခု
မျဖစ္လာႏုိင္ပါဘူး။
.
.
. ေရကန္အသင္႕ၾကာအသင္႕ျဖစ္တဲ႕
စီးပြားေရး၊ ဥစၥာဓန နဲ႕ ေအာင္ျမင္မႈတုိ႕ရဲ႕ ေနနဲ႕လ ေရႊနဲ႕ျမ ပနံရေနတာဟာ တစ္သိန္းမွာတစ္ေယာက္
ထြန္းထြန္းေပါက္ေပါက္ ခရီးေရာက္မယ္႕ လူ႕ဓနရွင္တို႕ရဲ႕ေဖာ္ျမဴလာတစ္ခြက္ပါ။
.
. ပညာကုိ ဦးထိပ္ထား၊
အရာရာကုိ ေဖြရွာပိုင္းျခား၊ ေရာက္ေလရာမွာ ျပသနာေတြကိုေျဖရွင္းထားတတ္ျပီး လူသားအက်ိဳးျပဳအျမတ္အစြန္းေတြကုိရွာေဖြတတ္ဖို႕
မိတ္ေဆြတုိ႕ သားသမီးေတြရဲ႕စိတ္ထဲမွာ “ေအာင္ျမင္ျခင္းအေတြးအေခၚေတြ” နဲ႕ “ဆင္းရဲျခင္းရဲ႕အႏွစ္သာရအက်ပ္အတည္းေက်ာ္လႊားပံုေတြ” ကုိ သိထားမွ “ဘဝဝမ္းစာျပည္႕တယ္” လို႕ ေခၚဆိုႏိုင္မွာျဖစ္ပါတယ္။
.
. ဒီလိုဆိုရင္
မိတ္ေဆြတို႕ရဲ႕သားသမီးကုိ ဆင္းရဲျခင္းနဲ႕ဘယ္ပံုဘယ္နည္းမိတ္ဆက္ေပးျပီး ဘဝေအာင္ျမင္မႈကိုဘယ္လိုယူေဆာင္လာခုိင္းမလဲ?
ရွင္းပါတယ္ . .
.
၁.. အတန္းပညာ သင္ေပးပါ
.
၂.. အတတ္ပညာကို ေဖြရွာခုိင္းပါ
.
၃.. အလုပ္တစ္ခုခု ျဖစ္ေျမာက္ေအာင္လုပ္ခုိင္းပါ
.
၄.. စိတ္ဓါတ္ျမွင္႕တင္ေရး လုပ္ေပးပါ
.
၅.. ေအာက္ေျခပိုင္းဘဝေတြရဲ႕ျပသနာေတြေျဖရွင္းတတ္ေအာင္ သင္ေပးပါ
.
၆.. (၄) ကေန (၅) အထိ ျပန္ေက်ာ႕ေပးပါ
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 07-04-2018
.
.
Unicode Version:
.
.
. “ဆင်းရဲခြင်းက သင်လို့မလွယ်”
. “ဟဲ့ . . ကလေး
. . မလုပ်နဲ့။ လူကြီးတွေ လုပ်ပေးလိမ့်မယ်” ဒါက ငယ်ငယ်တုန်းက ကိုယ့်ကိုထိန်းခဲ့တဲ့
လူကြီးတွေရဲ့ဟောက်ငန်းငန်းလေသံ နဲ့ ဘာမဆိုပေးမလုပ်တဲ့ စံနစ်မျိုး။ ကိုယ့်သားသမီးအလှည့်ကျတော့ ပြန်စဉ်းစားတယ် .
.
.
. “အော် . . ငါငယ်ငယ်တုန်းက
ဘာမှပေးမလုပ်ဘူး . . ဒါကြောင့်
ကလေးတွေလိုအပ်တာကို ဘာမဆို အဆင်သင့်အကုန်လုပ်ပေးရမယ်”
ဆိုတဲ့ အတွေးတွေဝင်ပြီး မနက်ကျောင်းသွားတော့မယ့် မူလတန်းကျောင်းသားဟာ သနပ်ခါးကို မျက်နှာမှာခပ်ပါးပါးလိမ်း၊ ဖြောင့်စင်းနေတဲ့ကျောင်းစိမ်းလေးဝတ်ရင်း၊
အိမ်ကခိုင်းသမားက ကျောပိုးအိတ်ကို ကျောင်းကားတံခါးဝအထိလိုက်ပို့၊ ဒါကိုမှစိတ်မချတဲ့ မိဘက လူပိုခထပ်ပေးပြီး
ကျောင်းကားနဲ့လိုက် . . ကျောင်းပေါက်ဝအထိလိုက်ပို့
. . ဒီလိုနဲ့ သားသမီးရဲ့အလိုကို ပြောယူရတယ်မရှိရလေအောင် အတတ်နိုင်ဆုံး အချိန်ကုန်ခံ၊ ငွေကုန်ခံ၊ အပင်ပန်းခံဖြည့်ဆည်းပေးကြတယ်။
.
.
. ဒီလိုကလေးတွေကြီးလာတော့
စာတော်ပေမယ့် လူတောမတိုးတာမျိုး တို့၊ လူတောထဲရောက်သော်လည်း တစ်ခုခုဆိုရင် အဖော်ရှိမှလုပ်တတ်တာမျိုး တို့၊ သိသူကိုမေးခွန်းမေး
. . ကိုယ့်ဟာကိုယ်လေ့လာ ဆန်းစစ်ဖွေရှာ
ကျင်လည်ရာမှကျွမ်းကျင်တာမျိုးမဟုတ်ပဲ
တစ်ယောက်ယောက်က စာသင်သလိုသင်ပေးမှ
လုပ်တတ်တာမျိုးတို့ဟာ အာရှတိုက်က
မိဘတွေမှာ အဖြစ်အများဆုံးလို့
ပြောစမှတ်ပြုလာကြပါတယ်။
.
. အမေရိကန်တွေကျတော့
ဒီလိုမဟုတ်ပြန်ဘူး။ (၁၈) နှစ်ဆိုရင်
အသက်ပြည့်ပြီ။ သူ့ဟာသူ စာတော်တော် မတော်တော်၊ လူ့လောကအကြောင်းသိသိမသိသိ “ရေကူးတတ်စေချင်ရင်
ရေကူးကန်ထဲတွန်းချ” ဆိုသလို အတင်းအကျပ်ကြီး လွှတ်လိုက်တတ်ကြတယ်။ ဘယ်တစ်ခုက မှန်တယ်လို့ မိတ်ဆွေထင်ပါသလဲ?
.
.
. ဒီမေးခွန်းရဲ့အဖြေမှန်ကိုရဖို့ သင်တန်းပေးခြင်း -
Training ဆိုတဲ့ စကားရပ်ကို အရင်ဆုံးဆွေးနွေးရပါလိမ့်မယ်။ အလုပ်သမားလူတန်းစားနဲ့ မြင့်မားတဲ့ဝင်ငွေအတွက်ရေးဆွဲထားတဲ့
အမေရိကားအလုပ်သမားစျေးကွက်မှာ
ထရိန်နင်မပါပဲ၊ မသင်ပေးပါပဲ အလုပ်မခန့်တတ်ပါဘူး။
.
.
. အလုပ်သစ်ကိုရောက်လာသူတစ်ယောက်ကို
ကျွမ်းကျင်တဲ့ လုပ်သက်ရင့်ပုဂ္ဂိုလ်က လုပ်ငန်းအချက်အလက်ညွှန်ကြားချက်တွေအပြင် သူ့ရဲ့အဆင့်နဲ့ကိုက်ညီတဲ့လုပ်ငန်းပြီးမြောက်မှုအမြန်နှုန်း - Productivity ကို
ပြည့်မှီအောင် သင်တန်းပေးကြတယ်။
.
. အကြမ်းအားဖြင့်
မတတ်သေးသူကို ကုမ္ပဏီက ပုံသေစာညွှန်း
လုပ်ပုံလုပ်နည်းတွေကို စာဖတ်ရာကနေ လုပ်နည်းသိ၊ တစ်ဆက်တည်း ကျွမ်းကျင်သူနားကနေ အမြန်လုပ်နည်းခံယူ၊
မြန်မြန်ဆန်ဆန်လုပ်ရင်း အမှားနည်းအောင်ကြိုးစား
. . စတဲ့ လုပ်ဆောင်ချက်အဆင့်ဆင့်ကိုဖြတ်ပြီး သင်ကြားပေးတာကို Training လို့ ခေါ်ပါတယ်။
.
.
. ဒီဘက်မြေမှာတော့ မိဘနဲ့သားသမီးတွေဆက်ဆံရေးမှာလည်း ဒီ Training ရဲ့ လိုအပ်ချက်တွေကိုတွေ့ရတယ်။
လုပ်ပုံလုပ်နည်းသိတယ်ဆိုတာ ကျောင်းတက်တာကိုပြောတာ၊ ကျွမ်းကျင်သူနားကနေသိတယ်ဆိုတာ မိဘတွေက
သားသမီးကိုသင်ပေးတာ၊ အမှားနည်းအောင်ဆိုတာက
အရည်အသွေးပြည့်မှီတဲ့
Quality Control ကို ပြောကြတာ ဖြစ်ပါတယ်။
.
. မိတ်ဆွေရဲ့ကလေး
ဒူးပြဲမှာစိုးလို့ စက်ဘီးစီးသင်မပေးပဲပစ်ထားမယ့်အစား
နားလည်သူက ဒူးစွပ်၊ တံတောင်ဆစ်စွပ်၊ ဆိုင်ကယ်ဦးထုတ်နဲ့အတူ လေ့ကျင့်ပေးတော့ ကလေးက အောင်အောင်မြင်မြင်စက်ဘီးစီးတတ်တယ်။
.
.
. “ငါသင်ပေးမယ်
. . ဒီလို” ဆိုတဲ့ ဆရာ-စာချ စံနစ်ကနေ “ဒီအလုပ်ကို ကိုယ်တိုင်သွားလုပ်လာခဲ့။
မသိရင်လာမေး၊ အိမ်စာအချိန်မှီပြီးအောင်တင်” ဆိုတဲ့အဆင့်ရောက်တဲ့ကျောင်းသားဟာ စာမေးပွဲနီးတော့
စာထပ်ကျက်စရာမလိုတော့သလိုပေါ့။
.
. နောက်ဆုံးတစ်ခုက
လူ့လောကလုပ်ငန်းခွင်ထဲကိုဝင်တဲ့အခါ “အရည်အသွေးမှီ - Skillful” ဖြစ်တဲ့ ဘာသာစကားကျွမ်းကျင်မှု၊ လုပ်ငန်းကျွမ်းကျင်မှု နဲ့ ကိုယ်ပိုင်တဲ့နေရာမှာကိုယ် အထွဋ်အထိပ်ရောက်ဖို့အပြင်
“ဘယ်အခါထုတ်ထုတ် ဒီအရည်အချင်းထွက်တယ်” ဆိုတဲ့အနေအထားရလာတဲ့နောက်မှာ မိဘနဲ့သားသမီးအမြင်မှန်ရလို့ ဘယ်လိုမှအဆင်မပြေဖြစ်စရာအကြောင်းကို မရှိတော့ပါ။
.
.
. ဒါကြောင့်မိတ်ဆွေတို့ရဲ့သားသမီးတွေကို
“ပညာတတ်”
ဖြစ်ပြီးရင်တောင်မှ
“လုပ်တတ် ကိုင်တတ်” ဖြစ်စေဖို့ အလုပ်ခိုင်းရပါလိမ့်မယ်။ ဒါမှ “ဘာမေးမေးသိတဲ့အလွတ်ကျက်ပညာရှင်”
ကနေ ဘယ်အရာကိုဘယ်နေရာကနေရှာရမယ်ဆိုတာကိုသိတဲ့
“စွန့်ဦးလုပ်ငန်းရှင်”
တွေဖြစ်လာကြမှာပါ။ ဒီကနေမှ သူသိ သူတတ်ထားတဲ့ပညာကို လူမှန်၊ နေရာဋ္ဌာနမှန်၊ အချိန်အခါမှန် . . နောက်ဆုံး ပစ္စည်းမှန်၊ စျေးမှန် ကုန်သည်ဘဝသက်ဆင်းရရင်တောင်မှ “မလုပ်တတ် မကိုင်တတ်ဘူး”
ဆိုတာ ဘယ်တော့မှဖြစ်လာမှာ
မဟုတ်တော့ပါဘူး။
.
. ဒီတာဝန်ကို
မိတ်ဆွေက မိဘနေရာက မကျေပွန်ရင်၊ မပြီးပြတ် မပြတ်သားရင် နောက်လူတစ်ယောက်ယောက်က ဆက်လုပ်ရပါလိမ့်မယ်။
ကိုယ်ဘာသိထားသလဲဆိုတာကို နောက်မျိုးဆက်ကိုပေးဖို့နောက်ကျနေရင် “အတန်းရှေ့မှာ စာလာသင်ပေးတဲ့ဆရာရှိမှ တတ်မြောက်မယ့် သင်-ကျက်-ဖြေ ကျောင်းသားဘဝ” ကို တဖန် ပြန်သက်ဆင်းရမှာမလွဲမသွေပါ။
.
.
. ချမ်းသာခြင်းက
သင်ရလွယ်ပါတယ်။ ငွေတွေ၊ ဂုဏ်တွေ၊ ရာထူးအာဏာတွေဟာ ချမ်းသာခြင်းကိုအားပေးတဲ့လောင်စာတွေပါပဲ။
အားပေးအားမြှောက်ပြုတဲ့လောင်စာရှိလို့ကတော့အောက်စီဂျင်ကမ္ဘာမှာ
အရာရာတိုင်းဟာ အလွယ်တကူလောင်ကျွမ်းနိုင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ဆန့်ကျင်ဘက်ကျတော့ မတူပြန်ပါဘူး။
.
. “ဆင်းရဲခြင်းက
သင်ရခက်ပါတယ်” အကြောင်းရင်းကတော့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဆင်းရဲခြင်းကို နက်နက်နဲနဲမရှာဖွေချင်တာနဲ့ လူအများက မတောင့်မတပဲ
ရနေတဲ့ဘဝဖြစ်နေကြလို့ပါ။ ဆိုလိုတာက ချမ်းသာတဲ့သူမပြောနဲ့ အလယ်အလတ်ပစ္စည်းဥစ္စာပြည့်စုံသူတစ်ဦးတစ်ယောက်ကို
ဆင်းရဲခြင်းအတွက် ဒုက္ခခံခိုင်းရင် ဘယ်သူကြိုက်နှစ်သက်ပါ့မလဲ?
.
.
. ဒါပေမယ့် ဘဝရဲ့အလှည့်အပြောင်းတွေက အမြဲလိုလို ဆင်းရဲခြင်းဘက်
ပိုပိုသဲသဲ တွန်းပို့တတ်တယ်။ ဒါကြောင့် မိတ်ဆွေဟာ လက်ရှိပိုင်ဆိုင်နေတဲ့ဘဝကနေ နိမ့်ပါးတဲ့အဆင့်တစ်ခုကိုလျှောကျသွားစေဖို့ ဘယ်သူ့အကူအညီမှရယူဖို့ မလိုအပ်ပါဘူး။ လက်ဝယ်ရှိတဲ့ရုပ်ပစ္စည်းတွေလျော့ပါးသွားတာနဲ့
ဆင်းရဲခြင်းက အသင့်စောင့်ဆိုင်းကြိုဆိုနေမှာပါ။
.
. သို့သော်လည်း
အောင်မြင်မှုရဖို့တော့ ဒုက္ခအမျိုးမျိုးကို
ကြံ့ကြံ့ခံကျော်လွှားနိုင်သူတွေကသာ
ထိပ်ဆုံးပိုင်းကိုရောက်လာတတ်ကြတာ ကမ္ဘာ့စာအုပ်အသီးသီးမှာဖတ်ကြည့်နိုင်ပါတယ်။
.
.
. ထူးခြားချက်အနေနဲ့
ဆင်းရဲခြင်းရဲ့လျို့ဝှက်ချက်ကိုသိမှသာ
အောင်မြင်ဖို့ရာ လမ်းစပေါ်သလိုပဲ ကိုယ့်သားသမီးကိုအလိုလိုက်အကြိုက်ဆောင် . . ပိုင်ဆိုင်မှုဥစ္စာတွေအဆင်သင့်ထုတ်ပိုးထားပြီး
မန်းနေဂျင်းဒါရိုက်တာရာထူးအဆင်သင့်ဆောင်းထားပေးလိုက်လို့ သားသမီးဟာ တော်-ကောင်း-ကျွမ်းကျင်အဆင့်ကို
အလိုလိုရောက်ရှိသွားနိုင်ဖို့ဆိုတာ
လူအများနဲ့ကိုက်ညီတဲ့ပုံသေနည်းတစ်ခု မဖြစ်လာနိုင်ပါဘူး။
.
.
. ရေကန်အသင့်ကြာအသင့်ဖြစ်တဲ့
စီးပွားရေး၊ ဥစ္စာဓန နဲ့ အောင်မြင်မှုတို့ရဲ့
နေနဲ့လ ရွှေနဲ့မြ ပနံရနေတာဟာ
တစ်သိန်းမှာတစ်ယောက် ထွန်းထွန်းပေါက်ပေါက်
ခရီးရောက်မယ့် လူ့ဓနရှင်တို့ရဲ့ဖော်မြူလာတစ်ခွက်ပါ။
.
. ပညာကို ဦးထိပ်ထား၊
အရာရာကို ဖွေရှာပိုင်းခြား၊
ရောက်လေရာမှာ ပြသနာတွေကိုဖြေရှင်းထားတတ်ပြီး လူသားအကျိုးပြုအမြတ်အစွန်းတွေကိုရှာဖွေတတ်ဖို့ မိတ်ဆွေတို့ သားသမီးတွေရဲ့စိတ်ထဲမှာ “အောင်မြင်ခြင်းအတွေးအခေါ်တွေ” နဲ့ “ဆင်းရဲခြင်းရဲ့အနှစ်သာရအကျပ်အတည်းကျော်လွှားပုံတွေ”
ကို သိထားမှ “ဘဝဝမ်းစာပြည့်တယ်” လို့ ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။
.
. ဒီလိုဆိုရင်
မိတ်ဆွေတို့ရဲ့သားသမီးကို ဆင်းရဲခြင်းနဲ့ဘယ်ပုံဘယ်နည်းမိတ်ဆက်ပေးပြီး ဘဝအောင်မြင်မှုကိုဘယ်လိုယူဆောင်လာခိုင်းမလဲ? ရှင်းပါတယ် . .
.
၁.. အတန်းပညာ သင်ပေးပါ
.
၂.. အတတ်ပညာကို ဖွေရှာခိုင်းပါ
.
၃.. အလုပ်တစ်ခုခု ဖြစ်မြောက်အောင်လုပ်ခိုင်းပါ
.
၄.. စိတ်ဓါတ်မြှင့်တင်ရေး
လုပ်ပေးပါ
.
၅.. အောက်ခြေပိုင်းဘဝတွေရဲ့ပြသနာတွေဖြေရှင်းတတ်အောင် သင်ပေးပါ
.
၆.. (၄) ကနေ (၅) အထိ ပြန်ကျော့ပေးပါ
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 07-04-2018
No comments:
Post a Comment