ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, August 21, 2017

Q&A U Win Zaw Myint

ကုိညီညီ (ေတာင္ၾကီး)
ကုိညီညီခင္ဗ်ား...
က်ေနာ္က ကုိညီညီရဲ႕စာဖတ္ပရိသတ္တစ္ေယာက္ပါပဲ...
ကုိညီညီေရးတဲ့ အေမရိကန္ႏုိင္ငံနဲ႔ပတ္သက္တဲ့ ဗဟုသုေတြ
ဗီဇာကံစမ္းမဲ နဲ႔ ပညာေရးနဲ႔ပတ္သက္တဲ့ ဗဟုသုတေတြကုိ
မၾကာခဏဆုိသလုိ ဝင္ဖတ္ျဖစ္ပါတယ္...။
ခု ဒီစာကုိ ေရးလုိက္ရတာကေတာ့ ကုိညီညီဆီကေန
သိခ်င္တာေလး ရွိေနလုိ႔ပါ။

တေလာက ဗီအုိေအစာမ်က္ႏွာကေန အေမရိကန္မွာ ေျပာင္းေရႊ႕
အေျခခ် ေနထုိင္ၾကတဲ့ ျမန္မာမိသားစုေတြထဲက အေမရိကန္
တကၠသုိလ္ေတြကုိ တက္ေရာက္ၾကတဲ့ရာခုိင္ႏႈန္းက က်န္ခဲ့တဲ့
ႏွစ္ေတြထက္စာရင္ အမ်ားႀကီးတုိးလာတယ္လုိ႔ သိရပါတယ္...
https://burmese.voanews.com/a/myanmar-population-in-us-increase-college-enrollment-in-recent-years/3973869.html
အင္ဒီယာနာမွာရွိတဲ့ BACI အဖြဲ႕က သုေတသနလုပ္ထားတာကုိ
ဗီအုိေအသတင္းက ေဖာ္ျပခဲ့တာပါ။ က်ေနာ္သိခ်င္တာက
အဲဒီလုိ ပညာေရးအတြက္ တကၠသုိလ္ဆက္တက္ၾကတဲ့ထဲမွာ
ေငြေရးေၾကးေရး ခ်ဳိ႕တဲ့ တဲ့ ေက်ာင္းသားေတြအတြက္
တစ္စုံတစ္ရာ ကူညီေထာက္ပ့ံေပးတာမ်ဳိး နဲ႔ လုိအပ္တဲ့
ေက်ာင္းစရိတ္အတြက္ ကူညီေထာက္ပံ႔ေပးၾကတာမ်ဳိးလုိ
လူပုဂၢဳိလ္၊ အဖြဲ႕အစည္း တစ္ခုခုမ်ား ရွိေနပါသလားလုိ႔
က်ေနာ္က သိခ်င္တာပါ။



ေျပာရမယ္ဆုိရင္ အဲဒီမွာ ပညာသင္ဖုိ႔အတြက္ အကူအညီ
လုိအပ္ေကာင္း လုိအပ္ေနမယ့္သူတစ္ေယာက္ က်ေနာ့္မွာ
ရွိေနလုိ႔ပါ... ဒီကိစၥနဲ႔ပတ္သက္ၿပီး ကုိညီညီအေနနဲ႔ ကူညီ
လမ္းညႊန္ျပေပးႏုိင္မယ္ဆုိရင္ အဲဒီအေၾကာင္းကုိ က်ေနာ္
ထပ္ၿပီးေျပာျပပါ႔မယ္...

က်ေနာ္က ရန္ကုန္မွာေနတာျဖစ္ၿပီး အသက္ကေတာ့
ေျခာက္ဆယ္နီးေနၿပီမုိ႔ ကုိညီညီထက္ေတာ့ ပုိၿပီး
အသက္ႀကီးေနမယ္ထင္ပါတယ္... ကုိညီညီ႔စာေတြမွာ
ဒီလိပ္စာနဲ႔ ေမးျမန္းႏုိင္ေၾကာင္းေတြ႕လုိ႔ ဒီလိပ္စာနဲ႔
ေရးသားေမျမန္းလုိက္တာပါ...

ခင္မင္စြာျဖင့္ -
( ဦးဝင္းေဇာ္ျမင့္ )
.
.
.မဂၤလာပါ ဦးဝင္းေဇာ္ျမင္႕
အခုလို စာေရးျပီးေမးျမန္းတဲ႕အတြက္ ဝမ္းေျမာက္မိပါတယ္။
“က်ေနာ္က ကုိညီညီရဲ႕စာဖတ္ပရိသတ္တစ္ေယာက္ပါပဲ...
ကုိညီညီေရးတဲ့ အေမရိကန္ႏုိင္ငံနဲ႔ပတ္သက္တဲ့ ဗဟုသုေတြ
ဗီဇာကံစမ္းမဲ နဲ႔ ပညာေရးနဲ႔ပတ္သက္တဲ့ ဗဟုသုတေတြကုိ
မၾကာခဏဆုိသလုိ ဝင္ဖတ္ျဖစ္ပါတယ္...။
” ဒီအတြက္ အထူးေက်းဇူးတင္ပါတယ္။
.
. “ေငြေရးေၾကးေရး ခ်ဳိ႕တဲ့ တဲ့ ေက်ာင္းသားေတြ “ ဆုိတဲ႕ေနရာမွာ ဒီဘက္ႏိုင္ငံမွာ ဝင္ေငြရွိေပေသာ္ျငားလည္း 
ဝင္ေငြနည္းသူ - Low Incomer ေတြကုိ အေျခခံလူထုၾကားမွာ ေတြ႕ႏုိင္ပါတယ္။ (ေျပာင္းေရႊ႕မိသားစုအမ်ားစုက Low Income အေနနဲ႕ ေနထုိင္ျပီး အခမဲ႕ေစာင္႕ေရွာက္ခြင္႕မ်ိဳးစံုကို ေလွ်ာက္ယူခံစားပါတယ္)
.
. “ တစ္စုံတစ္ရာ ကူညီေထာက္ပ့ံေပးတာမ်ဳိး နဲ႔ လုိအပ္တဲ့ေက်ာင္းစရိတ္အတြက္ ကူညီေထာက္ပံ႔ေပးၾကတာမ်ဳိးလုိ လူပုဂၢဳိလ္၊ အဖြဲ႕အစည္း တစ္ခုခုမ်ား ရွိေနပါသလား “ ရွိပါတယ္။ အဓိက ျပည္နယ္အစိုးရ ရဲ႕ ေက်ာင္းသားဆုိင္ရာကူညီေငြ - Financial Aid (Fafsa - https://fafsa.ed.gov/ ) ရွိပါတယ္။ ဒါကို တစ္ခ်ိဳ႕ေနရာေတြမွာ အစုိးရကိုယ္တိုင္ေထာက္ပံ႕ျပီး ျပည္နယ္ရဲ႕ဘတ္ဂ်က္နဲ႕အျပည္႕အဝေထာက္ပံ႕တဲ႕ (ခ်မ္းသာတဲ႕ဖယ္ဒရယ္) ျပည္နယ္ေတြ ရွိၾကပါတယ္။
.
. ဒါကိုေအာင္ျမင္စြာ ေလွ်ာက္ထားႏိုင္ဖို႕ ေက်ာင္းသားဟာ ဒီႏိုင္ငံသား (သို႕) အျမဲတမ္းေနထုိင္ခြင္႕ရွိသူ - Green Card Holder ျဖစ္ရပါမယ္။
.
. ဒါ႕အျပင္ သီးျခားအဖြဲ႕အစည္းေတြအေနနဲ႕ ပညာေရးေထာက္ပံ႕မႈေငြေၾကး - Scholarship ေပးတဲ႕ အက်ိဳးအျမတ္မယူတဲ႕အဖြဲ႕အစည္း၊ ေဖာင္ေဒးရွင္း၊ အထိမ္းအမွတ္/လူပုဂၢိဳလ္/သမုိင္းေနာက္ခံ စတာေတြကုိအမွတ္ရေစဖို႕ခ်ီးေျမွာက္ေပးကမ္းတဲ႕ စာသင္ဆုအမ်ိဳးမ်ိဳးေတြက ေငြပမာဏအကန္႕အသတ္မ်ိဳးစံု နဲ႕ လူကုံထံတစ္ခ်ိဳ႕ကေပးကမ္းတာေတြကလည္း တုိင္းျပည္အႏွံ႕မွာ အမ်ားၾကီးပါ။
.
.
. ဒါေၾကာင္႕ “ ေျပာရမယ္ဆုိရင္ အဲဒီမွာ ပညာသင္ဖုိ႔အတြက္ အကူအညီလုိအပ္ေကာင္း လုိအပ္ေနမယ့္သူတစ္ေယာက္ က်ေနာ့္မွာရွိေနလုိ႔ပါ” စာသားအရ အကူအညီယူျပီး စာသင္ဆုလိုခ်င္သူတစ္ေယာက္ဟာ သူတုိ႕သတ္မွတ္္ထားတဲ႕ အဂၤလိပ္စာအရည္အခ်င္း၊ ကိုယ္ပုိင္ေတြးေခၚမႈျပသႏုိင္တဲ႕စာစီစာကံုး၊ ထုိးေဖာက္တီထြင္ႏုိင္မယ္႕စိတ္ကူးဥာဏ္ စတဲ႕က႑ေတြမွာ အဂၤလိပ္စာကုိ ဘာခုတ္ခုတ္ျပတ္ႏိုင္တဲ႕ဓါးတစ္ေခ်ာင္းလို ခြ်န္ျမေနေအာင္ေသြးထားဖို႕ အၾကံေပး ေျဖၾကားလိုက္ပါတယ္ . . ေလးစားရပါေသာ ဦးဝင္းေဇာ္ျမင္႕ခင္ဗ်ား။
.
. တစ္ဆက္တည္းမွာ ဒီေမးခြန္းနဲ႕အေျဖကုိ ကြ်န္ေတာ႕ရဲ႕ Facebook စာမ်က္ႏွာမွာ အမ်ားေလ႕လာႏုိင္ဖို႕တင္ထားမွာျဖစ္ေၾကာင္းခြင္႕ေတာင္းအပ္ပါတယ္။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 08-21-2017
.
.
Unicode Version:
.
.
ကိုညီညီခင်ဗျား...
ကျနော်က ကိုညီညီရဲ့စာဖတ်ပရိသတ်တစ်ယောက်ပါပဲ...
ကိုညီညီရေးတဲ့ အမေရိကန်နိုင်ငံနဲ့ပတ်သက်တဲ့ ဗဟုသုတွေ
ဗီဇာကံစမ်းမဲ နဲ့ ပညာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို
မကြာခဏဆိုသလို ဝင်ဖတ်ဖြစ်ပါတယ်...။
ခု ဒီစာကို ရေးလိုက်ရတာကတော့ ကိုညီညီဆီကနေ
သိချင်တာလေး ရှိနေလို့ပါ။

တလောက ဗီအိုအေစာမျက်နှာကနေ အမေရိကန်မှာ ပြောင်းရွှေ့
အခြေချ နေထိုင်ကြတဲ့ မြန်မာမိသားစုတွေထဲက အမေရိကန်
တက္ကသိုလ်တွေကို တက်ရောက်ကြတဲ့ရာခိုင်နှုန်းက ကျန်ခဲ့တဲ့
နှစ်တွေထက်စာရင် အများကြီးတိုးလာတယ်လို့ သိရပါတယ်...
https://burmese.voanews.com/a/myanmar-population-in-us-increase-college-enrollment-in-recent-years/3973869.html
အင်ဒီယာနာမှာရှိတဲ့ BACI အဖွဲ့က သုတေသနလုပ်ထားတာကို
ဗီအိုအေသတင်းက ဖော်ပြခဲ့တာပါ။ ကျနော်သိချင်တာက
အဲဒီလို ပညာရေးအတွက် တက္ကသိုလ်ဆက်တက်ကြတဲ့ထဲမှာ
ငွေရေးကြေးရေး ချို့တဲ့ တဲ့ ကျောင်းသားတွေအတွက်
တစ်စုံတစ်ရာ ကူညီထောက်ပ့ံပေးတာမျိုး နဲ့ လိုအပ်တဲ့
ကျောင်းစရိတ်အတွက် ကူညီထောက်ပံ့ပေးကြတာမျိုးလို
လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း တစ်ခုခုများ ရှိနေပါသလားလို့
ကျနော်က သိချင်တာပါ။

ပြောရမယ်ဆိုရင် အဲဒီမှာ ပညာသင်ဖို့အတွက် အကူအညီ
လိုအပ်ကောင်း လိုအပ်နေမယ့်သူတစ်ယောက် ကျနော့်မှာ
ရှိနေလို့ပါ... ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုညီညီအနေနဲ့ ကူညီ
လမ်းညွှန်ပြပေးနိုင်မယ်ဆိုရင် အဲဒီအကြောင်းကို ကျနော်
ထပ်ပြီးပြောပြပါ့မယ်...

ကျနော်က ရန်ကုန်မှာနေတာဖြစ်ပြီး အသက်ကတော့
ခြောက်ဆယ်နီးနေပြီမို့ ကိုညီညီထက်တော့ ပိုပြီး
အသက်ကြီးနေမယ်ထင်ပါတယ်... ကိုညီညီ့စာတွေမှာ
ဒီလိပ်စာနဲ့ မေးမြန်းနိုင်ကြောင်းတွေ့လို့ ဒီလိပ်စာနဲ့
ရေးသားမေမြန်းလိုက်တာပါ...

ခင်မင်စွာဖြင့် -
( ဦးဝင်းဇော်မြင့် )
.
.
.
မင်္ဂလာပါ ဦးဝင်းဇော်မြင့်
အခုလို စာရေးပြီးမေးမြန်းတဲ့အတွက် ဝမ်းမြောက်မိပါတယ်။
“ကျနော်က ကိုညီညီရဲ့စာဖတ်ပရိသတ်တစ်ယောက်ပါပဲ...
ကိုညီညီရေးတဲ့ အမေရိကန်နိုင်ငံနဲ့ပတ်သက်တဲ့ ဗဟုသုတွေ
ဗီဇာကံစမ်းမဲ နဲ့ ပညာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို
မကြာခဏဆိုသလို ဝင်ဖတ်ဖြစ်ပါတယ်...။
” ဒီအတွက် အထူးကျေးဇူးတင်ပါတယ်။
.
. “ငွေရေးကြေးရေး ချို့တဲ့ တဲ့ ကျောင်းသားတွေ “ ဆိုတဲ့နေရာမှာ ဒီဘက်နိုင်ငံမှာ ဝင်ငွေရှိပေသော်ငြားလည်း
ဝင္ေငြနည္းသူ - Low Incomer တွေကို အခြေခံလူထုကြားမှာ တွေ့နိုင်ပါတယ်။ (ပြောင်းရွှေ့မိသားစုအများစုက Low Income အနေနဲ့ နေထိုင်ပြီး အခမဲ့စောင့်ရှောက်ခွင့်မျိုးစုံကို လျှောက်ယူခံစားပါတယ်)
.
. “ တစ်စုံတစ်ရာ ကူညီထောက်ပ့ံပေးတာမျိုး နဲ့ လိုအပ်တဲ့ကျောင်းစရိတ်အတွက် ကူညီထောက်ပံ့ပေးကြတာမျိုးလို လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း တစ်ခုခုများ ရှိနေပါသလား “ ရှိပါတယ်။ အဓိက ပြည်နယ်အစိုးရ ရဲ့ ကျောင်းသားဆိုင်ရာကူညီငွေ - Financial Aid (Fafsa - https://fafsa.ed.gov/ ) ရှိပါတယ်။ ဒါကို တစ်ချို့နေရာတွေမှာ အစိုးရကိုယ်တိုင်ထောက်ပံ့ပြီး ပြည်နယ်ရဲ့ဘတ်ဂျက်နဲ့အပြည့်အဝထောက်ပံ့တဲ့ (ချမ်းသာတဲ့ဖယ်ဒရယ်) ပြည်နယ်တွေ ရှိကြပါတယ်။
.
. ဒါကိုအောင်မြင်စွာ လျှောက်ထားနိုင်ဖို့ ကျောင်းသားဟာ ဒီနိုင်ငံသား (သို့) အမြဲတမ်းနေထိုင်ခွင့်ရှိသူ - Green Card Holder ဖြစ်ရပါမယ်။
.
. ဒါ့အပြင် သီးခြားအဖွဲ့အစည်းတွေအနေနဲ့ ပညာရေးထောက်ပံ့မှုငွေကြေး - Scholarship ပေးတဲ့ အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်း၊ ဖောင်ဒေးရှင်း၊ အထိမ်းအမှတ်/လူပုဂ္ဂိုလ်/သမိုင်းနောက်ခံ စတာတွေကိုအမှတ်ရစေဖို့ချီးမြှောက်ပေးကမ်းတဲ့ စာသင်ဆုအမျိုးမျိုးတွေက ငွေပမာဏအကန့်အသတ်မျိုးစုံ နဲ့ လူကုံထံတစ်ချို့ကပေးကမ်းတာတွေကလည်း တိုင်းပြည်အနှံ့မှာ အများကြီးပါ။
.
.
. ဒါကြောင့် “ ပြောရမယ်ဆိုရင် အဲဒီမှာ ပညာသင်ဖို့အတွက် အကူအညီလိုအပ်ကောင်း လိုအပ်နေမယ့်သူတစ်ယောက် ကျနော့်မှာရှိနေလို့ပါ” စာသားအရ အကူအညီယူပြီး စာသင်ဆုလိုချင်သူတစ်ယောက်ဟာ သူတို့သတ်မှတ််ထားတဲ့ အင်္ဂလိပ်စာအရည်အချင်း၊ ကိုယ်ပိုင်တွေးခေါ်မှုပြသနိုင်တဲ့စာစီစာကုံး၊ ထိုးဖောက်တီထွင်နိုင်မယ့်စိတ်ကူးဉာဏ် စတဲ့ကဏ္ဍတွေမှာ အင်္ဂလိပ်စာကို ဘာခုတ်ခုတ်ပြတ်နိုင်တဲ့ဓါးတစ်ချောင်းလို ချွန်မြနေအောင်သွေးထားဖို့ အကြံပေး ဖြေကြားလိုက်ပါတယ် . . လေးစားရပါသော ဦးဝင်းဇော်မြင့်ခင်ဗျား။
.
. တစ်ဆက်တည်းမှာ ဒီမေးခွန်းနဲ့အဖြေကို ကျွန်တော့ရဲ့ Facebook စာမျက်နှာမှာ အများလေ့လာနိုင်ဖို့တင်ထားမှာဖြစ်ကြောင်းခွင့်တောင်းအပ်ပါတယ်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 08-21-2017

No comments: