ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, June 14, 2016

( ၁၆ ) ႏွစ္သား ( ၁၁ ) တန္းေက်ာင္းသား ( ၃ ) ေယာက္ရဲ႕ အေမရိကန္အိပ္မက္မ်ား

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
အီတာလ်ံႏြယ္ဘြား စပိန္ႏို္င္ငံသား ခရစ္စတိုဖာကိုလံဘတ္ဟာ ပင္လယ္ခရီး ( ၄ ) ၾကိမ္ထြက္ခဲ႕ျပီး အိႏိၵယတိုက္ကိုအရွာေကာင္းခဲ႕တာ အေမရိကားတိုက္ကို မထင္မွတ္ပဲေတြ႕ခဲ႕တယ္။ သူေတြ႕ဖို႕မွန္းထားတဲ႕ အိႏိၵယကြ်န္းဆြယ္အစား ကုန္မည္းမည္းေလး ျမင္တာနဲ႕ သူဟာ ဂ်ပန္ကြ်န္းစုကုိေတြ႕ျပီလို႕ထင္ခဲ႕တယ္။ အမွန္တစ္ကယ္ ကမ္းကိုေလွကပ္တဲ႕အခါ အိႏၵိယ မဟုတ္၊ ဂ်ပန္ မဟုတ္တဲ႕ ဟင္းလင္းျပင္ေျမကိုသာ ေတြ႕ခဲ႕ရတယ္။ ဒါဆုိ ကိုလံဘတ္စ္ မက္ခဲ႕တဲ႕အိပ္မက္ဟာ မွားမ်ားမွားသြားျပီလား?
.
ဒီလိုေျပာရတာ နည္းနည္းေတာ႕ အကဲျဖတ္ေစာတယ္လို႕ ထင္မိပါတယ္။ ဒါေပမယ္႕ ကိုလံဘတ္စ္ဟာ သူေတြ႕ခ်င္တဲ႕လူမ်ိဳးစုၾကီးကုိမေတြ႕ရလို႕ဆုိျပီး ေလွေပၚျပန္တက္ ျပန္မလွည္႕သြားပါဘူး။ ေရာက္တဲ႕ေနရာမွာ လုပ္သင္႕ရာကိုလုပ္ျပီး တုိက္ၾကီတစ္တုိက္ - Continent တစ္ခုကို ကမၻာသူ ကမၻာသားေတြကို လက္ေဆာင္ေပးခဲ႕တယ္။ တစ္နည္းအားျဖင္႕ အေျခခ်မိတဲ႕ေနရာကုိ အပင္ေတြေပါက္၊ ေနျခည္ေရာက္လို႕ လူေျခေပါက္ေအာင္ ခရီးေဖါက္ေပးခဲ႕သူ သမိုင္းလူသားတစ္ဦးအေနနဲ႕ေပါ႕..။
.
.
ကြ်န္ေတာ္တို႕မိသားစု အေမရိကားေရာက္ျပီး ( ၇ ) ႏွစ္ျပည္႕တဲ႕ေန႕မွာ ႏွစ္ပတ္လည္တို႕ အထိမ္းအမွတ္လုပ္ဖို႕ ဘာအစီအစဥ္မွ မရွိခဲ႕ပါဘူး။ ဒါေပမယ္႕ မထင္မွတ္ပဲ အဲဒီေန႕မွာ ( ၁၁ ) တန္း ေက်ာင္းသား ( ၃ ) ေယာက္က သူတုိ႕ရဲ႕အေမရိကန္အိပ္မက္ -   My American Dream ေခါင္းစဥ္နဲ႕ အတန္းတင္စာေမးပြဲေျဖဖို႕ လုံုးပန္းေနရပါတယ္။
.
ၾကံဳတုန္းျပန္ေျပာရရင္ ဒီဘက္ေျမမွာ အတန္းတင္စာေမးပြဲဆုိတာ မည္ကာမတၱပဲရွိပါတယ္။ တက္ခဲ႕တဲ႕ ေက်ာင္းေခၚခ်ိန္အားလံုးမွာ အိမ္စာက ဘယ္ႏွစ္ရာခုိင္ႏႈန္း၊ အခန္းတြင္းအဆုိင္းမင္႕ - Assignment တင္တာက ဘယ္ႏွစ္ရာခုိင္ႏႈန္း၊ ေက်ာင္းခန္းျပင္ပဖတ္စာ - Reading က ဘယ္ႏွစ္ရာခိုင္ႏႈန္း၊ အုပ္စုဖြဲ႕လူေရွ႕တင္ျပခ်က္ - Group Presentation က ဘယ္ေလာက္ဆိုျပီး သူ႕အပိုင္းနဲ႕သူ အမွတ္ ( ၁ဝဝ ) ကို ဝုိင္းျဖည္႕ရတာဆုိေတာ႕ တစ္ေန႕အိမ္စာတစ္ေန႕မွန္မွန္လုပ္တဲ႕ ေက်ာင္းသားေတြအတြက္က စာသင္ႏွစ္ရဲ႕ေက်ာင္းေနာက္ဆံုးရက္ကို ေအးေအးေဆးေဆး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းႏႈတ္ဆက္ရံုပါပဲ။
.
.
ဆရာမက အလွည္႕က်ျပီေျပာတဲ႕အခါ ဗီယက္နမ္ႏုိင္ငံေသြး မိန္းကေလးေက်ာင္းသူကသမီးအေမဟာ အေမရိကန္-ဗီယက္နမ္စစ္ပြဲအတြင္းမွာ ေမြးခဲ႕တယ္။ စစ္ကျဖစ္ေနတာဆုိတာ႕ အေမ႕ဘဝဟာ သိပ္ကိုဆိုးပါတယ္

.
မိမိဝမ္းကိုမိမိေက်ာင္းဖို႕ေနေနသာသာ အသက္မေသေရးကိုဦးစားေပးရတဲ႕အခါ အေမဟာအသက္ငယ္ငယ္ လူမမယ္ကေလးဘဝနဲ႕ ေဟာင္ေကာင္းနယ္စပ္မွာရွိတဲ႕ စစ္ေရွာင္စခန္းမွာၾကီးျပင္းရတယ္။ အဲဒီမွာ ေနာင္တစ္ခ်ိန္မွာ သမီးအေဖျဖစ္လာမယ္႕လူတစ္ေယာက္နဲ႕ေတြ႕တယ္။ ဒါနဲ႕ စစ္ၾကီးျပီးလို႕ ဒုကၡသည္စာရင္းမွာ အမည္ေတြတင္သြင္းရင္း စစ္ျပာသလင္းေျမမွာ ကြန္ျမဴနစ္အတြင္းေၾကဘဝကို ကုန္ဆံုးခဲ႕ရတယ္
.
.
သမီးကိုေတာ႕ ဒီ အေမရိကားေရာက္မွ ေမြးတာပါ။ အစ္မကိုေတာ႕ ေဟာင္ေကာင္းမွာ ေမြးခဲ႕တယ္။ သမီးတို႕အခု အထက္တန္းေက်ာင္းျပီးဖုိ႕ ( ၁ ) ႏွစ္ပဲလုိေတာ႕တယ္။ ဒီမွာက ဘာဒုကၡမွမခံရဘူး။ အားလံုးလိုေလေသးမရွိေအာင္ ျပည္႕စံုတယ္။  သမီး တစ္ခါတစ္ေလစဥ္းစားတယ္ .. အေမရိကားမွာ ဘာလာလုပ္တာလဲ လို႕ေပါ႕..။
.
အေဖ နဲ႕ အေမတုိ႕ကိုျပန္ေမးရင္ သူတို႕ငယ္စဥ္ဘဝ စစ္ေျပးခဲ႕ရတာေတြ၊ ဒုကၡသည္စခန္းမွာ အနစ္နာခံခဲ႕ရတာေတြကို စိတ္လိုလက္ရျပန္ေျပာျပၾကတယ္။ သူတုိ႕ဘဝေတြက မိခင္ဗီယက္နမ္မွာ ဘယ္လုိမွရပ္တည္လို႕မရခဲ႕ဘူး။ ဒါေၾကာင္႕ သမီးက အေဖ နဲ႕ အေမတို႕အတြက္ ဒီ အခြင္႕အေရးနယ္ေျမ - the Land of Opportunity မွာ ပညာေရးနဲ႕တည္ေဆာက္မယ္႕ အနာဂါတ္တစ္ခုတည္ေဆာက္မယ္။ ဒါက သမီးရဲ႕ အေမရိကန္အိပ္မက္ျဖစ္ျပီး အေဖ နဲ႕ အေမတုိ႕ရဲ႕ မ်က္ရည္စုိ႕ေနတဲ႕မ်က္လံုးေတြကို ျပန္လည္ေတာက္ပေစမယ္ လို႕ စတင္ျပီး Group Presentation ေလးကုိ စလုိက္ပါတယ္။
.
.
ဒုတိယတစ္ေယာက္က တရုတ္ႏုိင္ငံက အေမရိကားကုိအေျခခ်ေျပာင္းေရႊ႕လာတဲ႕မိသားစုကျဖစ္ျပီးသမီးရဲ႕ဦးေလးဟာ အလုပ္အင္မတန္လုပ္တယ္။ လူကတစ္ေယာက္တည္း ရက္သတၱပတ္ ( ၁ ) ပတ္အတြင္း အလုပ္ ( ၃ ) ခု ေျပာင္းလုပ္တယ္
.
သူ႕မွာ အားလပ္ခ်ိန္ဆိုတာမရွိဘူး .. စဥ္ဆက္မျပတ္အလုပ္လုပ္ေနတယ္။ ေငြရွိဖို႕၊ အိမ္ဝယ္ဖို႕၊ သူေမ်ွာ္မွန္းတဲ႕ဘဝအေကာင္အထည္ေပၚဖို႕ ေငြနဲ႕မွ လုပ္ငန္းစႏုိင္မယ္ လုိ႕ အျမဲေျပာတယ္
.
.
အမွန္က သမီးတုိ႕မိသားစုက ေနႏိုင္ ထုိင္ႏုိင္ စားေသာက္ႏုိင္ပါတယ္။ အားလံုးသိၾကတဲ႕အတိုင္းပဲ အေမရိကားမွာ လူတန္းစားခြဲျခားမႈမရွိေတာ႕ လုပ္အားရွိရင္ လူတိုင္းေငြရတဲ႕သေဘာရွိပါတယ္။ ဒါေပမယ္႕ ဦးေလးရဲ႕အျဖစ္က လူ ( ၃ ) ေယာက္စာဘဝထက္ ပိုၾကမ္းတမ္းတယ္
.
သမီးက ဦးေလးကိုၾကည္႕ျပီး သမီးမိဘေတြကို ကိုယ္ခ်င္းစာတယ္။ သူ႕ေလာက္ ပါပါး နဲ႕ မာမားက မပင္ပန္းတာ ကံေကာင္းတယ္လုိ႕ ေျပာရမယ္။ ဒါေၾကာင္႕ သမီးရဲ႕ အေမရိကန္အိပ္မက္က ဘာလဲလို႕ေမးရင္ ဒုကၡအားလံုးကိုေက်ာ္လႊားဖို႕ ေငြေကာင္းေကာင္းရတဲ႕ အသိပညာရွင္ အတတ္ပညာရွင္တစ္ေယာက္ျဖစ္ဖို႕ပါပဲ
.
.
ေနာက္ဆံုးပိတ္အိတ္နဲ႕လြယ္ေျဖၾကားသူကေတာ႕ ျမန္မာႏုိင္ငံဘြား ကြ်န္ေတာ္တုိ႕ရဲ႕ဇာတ္လုိက္ေက်ာ္ၾကီးပါ။ဒီေန႕ Presentation နဲ႕တိုက္တုိက္ဆိုင္ဆိုင္ သားတုိ႕မိသာစု ဒီႏုိင္ငံကိုေရာက္တာ ( ၇ ) ႏွစ္ျပည္႕တဲ႕ေန႕ပါ။ သားတုိ႕မိသားစုက ျမန္မာႏုိင္ငံမွာဆုိရင္ အလယ္အလတ္တန္းမိသားစုျဖစ္တဲ႕အျပင္ ခ်မ္းသာတယ္လို႕ေတာင္ေျပာလို႕ရတယ္
.
ဒါေပမယ္႕ အေဖ နဲ႕ အေမဟာ သား နဲ႕ သားအစ္မတုိ႕ရဲ႕ပညာေရးအတြက္ အခ်ိန္တစ္ခုေရာက္တဲ႕အခ်ိန္မွာ အေဖဘက္ကအေဒၚကေခၚလို႕ အေမရိကားကိုေျပာင္းေရႊ႕အေျခခ်ျခင္း - New Immigrant ဆိုတာကုိေရြးခ်ယ္ခဲ႕တယ္
.
.
ဒီလမ္းကိုေရြးခဲ႕ေတာ႕ ဘာျဖစ္သြားသလဲ? အေဖ နဲ႕ အေမတုိ႕ ပင္ပန္းၾကတာေပါ႕။ လူတစ္ဦးတစ္ေယာက္၊ မိသားစုတစ္ခုအတြက္ ( ၇ ) ႏွစ္ဆုိတာ ဆယ္စုႏွစ္ - Decade တစ္ခုျပည္႕ဖို႕သိပ္မလုိဘူး .. အခိ်န္သိပ္ကုန္ခဲ႕တာေပါ႕
.
အေဖဆုိရင္ ကုန္သည္ျဖစ္လ်က္နဲ႕ ဒီႏုိင္ငံမွာ ဝန္ထမ္းလုပ္ရတယ္။ အေမဆုိရင္လည္း ျမန္မာႏုိင္ငံမွာ ေအးေဆးသက္သာစြာေနႏိုင္ေပမယ္႕ ဒီမွာ ေအာက္ေျခသိမ္းလုပ္ရတယ္ .. သားကုိ ေန႕တုိင္း ေက်ာင္းပို႕ / ေက်ာင္းၾကိဳ လုပ္ရတယ္။ အခု ဒီေျမေပၚမွာ သားတုိ႕ကပင္ပန္းလုိ႕ေခြ်းထြက္တယ္ဆုိရင္ ဒါဟာ အေဖ နဲ႕ အေမတို႕ရဲ႕မ်က္ရည္စက္ေတြ ျဖစ္ေနမွာ အမွန္ပါပဲ
.
.
သားလည္း သူငယ္ခ်င္းတုိ႕လုိပဲ အျမဲစဥ္းစားတယ္ ..ငါ ဘာလို႕ အေမရိကားလာရတာလဲဆုိျပီးလုိ႕ေပါ႕ ။ သားက အေဖ နဲ႕ အေမတုိ႕ရဲ႕ အနစ္နာခံျခင္း နဲ႕ ေပးဆပ္ျခင္းေတြကို အမ်ားဆံုးျမင္ရတယ္။ ဘာျဖစ္လို႕လည္းဆုိေတာ႕ သားက ( ၉ ) ႏွစ္သားကတည္းက အေဖ နဲ႕ အေမကကေလးထိန္းခဲ႕ ရတာေလ
.
ဒါေၾကာင္႕ အေဖ နဲ႕ အေမတုိ႕ကို ေက်ာင္းျပီးသြားရင္ ျပန္အလုပ္အေကြ်းျပဳရမယ္ဆုိတဲ႕အသိဟာ သား နဲ႕ အစ္မတုိ႕ႏွစ္ေယာက္လံုးရဲ႕စိတ္ထဲမွာ ရွိၾကတယ္
.
.
ေက်ာင္းစာေတြကုိ အေၾကြးမထားဘူး။ ေလ႕က်င္႕ခန္းေတြ ျပီးေအာင္ လုပ္တယ္။ အားကစားလည္း မလစ္လပ္ဘူး။ သူငယ္ခ်င္းေတြနဲ႕လည္း အဆက္အသြယ္မျပတ္ဘူး။ လမ္းမွားဟာ ဘာဆုိတာကို သားရဲ႕ေရွ႕မွာလုပ္ျပသြားသူေတြဆီကေန သင္ခန္းစာယူတယ္။ လူမႈက်င္႕ဝတ္အသင္းအဖြဲ႕ေတြကို သားကူညီတယ္ .. လုပ္အားေပးတယ္ .. ေက်ာင္းသားကိစၥေတြမွာ စိတ္ေရာကိုယ္ပါ အားတိုက္အင္တုိက္ ေဆာင္ရြက္တယ္
.
အဲဒီေနရာ႒ာနေတြကေန သင္ယူခဲ႕တဲ႕ ေက်ာင္းသင္ခန္းစာ၊ ဘဝသင္ခန္းစာေတြက သားဘဝအတြက္ အေျဖထြက္ပါလိမ္႕မယ္။ ဒီကတစ္ဆင္႕တက္ျပီး သားဘဝတုိးတက္ေအာင္ လုပ္မယ္။ ပညာတတ္တစ္ေယာက္အေနနဲ႕ မိဘေတြကိုလုပ္ေကြ်းမယ္။ သားပိုျပီးလုပ္ႏုိင္ရင္ ျမန္မာႏုိင္ငံက လူငယ္ေတြကို ျပန္ကူညီမယ္။ ဒါက သားေျပာခ်င္တဲ႕ အေမရိကန္အိပ္မက္ ပါပဲ
.
.
ကေလး ( ၃ ) ေယာက္ ရဲ႕ Group Presentation မွာ တစ္ျခားဘယ္သူေတြကုိမွ မေျပာျပေစလုိတဲ႕သေဘာ ဆရာမက ေျပာထားပါတယ္။ ဒါေၾကာင္႕ သူတုိ႕ရဲ႕ နာမယ္ေတြကို အေၾကာင္းအားေလွ်ာ္စြာ ထည္႕မေရးလုိပါ။
.
တစ္ခု ဝန္ခံစရာရွိတာက အဲဒီေက်ာင္းသား ( ၃ ) ေယာက္လံုးဟာ အတန္းေရွ႕မွာ ထမေျပာခင္ အေရွ႕ရက္ပိုင္းေတြက ၾကိဳတင္ျပင္ဆင္မႈေတြလုပ္တဲ႕အခါ ဘယ္မိဘမွ အတင္းအၾကပ္ဖိအားမေပးရပဲ၊ ဘယ္သူငယ္ခ်င္းမွၾကိဳမသိရပဲ ေလ႕က်င္႕ၾကတယ္ဆုိတာကုိပါ
.
.
ျပီးေတာ႕ သူတို႕ေတြဟာ စာေမးပဲြေတြေတာက္ေလ်ွာက္ေျဖေနရေတာ႕ အုပ္စုထဲမွာပါသူအခ်င္းခ်င္းၾကိဳညွိဖို႕အခ်ိန္မရပဲ အသင္းလုိက္စုစည္းလုပ္ေဆာင္မႈ - Teamwork ကို အသင္းေက်ာင္းသား - Team Player အခ်င္းခ်င္း စကားေျပာပြဲ - Presentation မွာ အဝင္ / အထြက္ ေတြကို အင္တာနက္ - Skype ေပၚကေနသာ အစည္းအေဝးလုပ္ ေလ႕က်င္႕ခဲ႕ရပါေၾကာင္း ( ၁၁ ) တန္းေက်ာင္းသား ( ၃ ) ေယာက္ရဲ႕ အေမရိကန္အိပ္မက္ေတြကို ႏွလံုးသားနဲ႕နားေထာင္ခဲ႕ျပီး ျပန္လည္တင္ျပလုိက္ရပါတယ္။
.
.
ခင္လ်က္
.
06-14-2016
.
.
.
Myanmar Unicode Version:
.
.
“ ( ၁၆ ) နှစ်သား ( ၁၁ ) တန်းကျောင်းသား ( ၃ ) ယောက်ရဲ့ အမေရိကန်အိပ်မက်များ
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
အီတာလျံနွယ်ဘွား စပိန်န်ိုင်ငံသား ခရစ်စတိုဖာကိုလံဘတ်ဟာ ပင်လယ်ခရီး ( ၄ ) ကြိမ်ထွက်ခဲ့ပြီး အိန္ဒိယတိုက်ကိုအရှာကောင်းခဲ့တာ အမေရိကားတိုက်ကို မထင်မှတ်ပဲတွေ့ခဲ့တယ်။ သူတွေ့ဖို့မှန်းထားတဲ့ အိန္ဒိယကျွန်းဆွယ်အစား ကုန်းမည်းမည်းလေး မြင်တာနဲ့ သူဟာ ဂျပန်ကျွန်းစုကိုတွေ့ပြီလို့ထင်ခဲ့တယ်။ အမှန်တစ်ကယ် ကမ်းကိုလှေကပ်တဲ့အခါ အိန္ဒိယ မဟုတ်၊ ဂျပန် မဟုတ်တဲ့ ဟင်းလင်းပြင်မြေကိုသာ တွေ့ခဲ့ရတယ်။ ဒါဆို ကိုလံဘတ်စ် မက်ခဲ့တဲ့အိပ်မက်ဟာ မှားများမှားသွားပြီလား?
.
ဒီလိုပြောရတာ နည်းနည်းတော့ အကဲဖြတ်စောတယ်လို့ ထင်မိပါတယ်။ ဒါပေမယ့် ကိုလံဘတ်စ်ဟာ သူတွေ့ချင်တဲ့လူမျိုးစုကြီးကိုမတွေ့ရလို့ဆိုပြီး လှေပေါ်ပြန်တက် ပြန်မလှည့်သွားပါဘူး။ ရောက်တဲ့နေရာမှာ လုပ်သင့်ရာကိုလုပ်ပြီး တိုက်ကြီးတစ်တိုက် - Continent တစ်ခုကို ကမ္ဘာသူ ကမ္ဘာသားတွေကို လက်ဆောင်ပေးခဲ့တယ်။ တစ်နည်းအားဖြင့် အခြေချမိတဲ့နေရာကို အပင်တွေပေါက်၊ နေခြည်ရောက်လို့ လူခြေပေါက်အောင် ခရီးဖေါက်ပေးခဲ့သူ သမိုင်းလူသားတစ်ဦးအနေနဲ့ပေါ့..။
.
.
ကျွန်တော်တို့မိသားစု အမေရိကားရောက်ပြီး ( ၇ ) နှစ်ပြည့်တဲ့နေ့မှာ နှစ်ပတ်လည်တို့ အထိမ်းအမှတ်လုပ်ဖို့ ဘာအစီအစဉ်မှ မရှိခဲ့ပါဘူး။ ဒါပေမယ့် မထင်မှတ်ပဲ အဲဒီနေ့မှာ ( ၁၁ ) တန်း ကျောင်းသား ( ၃ ) ယောက်က သူတို့ရဲ့အမေရိကန်အိပ်မက် -   My American Dream ခေါင်းစဉ်နဲ့ အတန်းတင်စာမေးပွဲဖြေဖို့ လုံးပန်းနေရပါတယ်။
.
ကြုံတုန်းပြန်ပြောရရင် ဒီဘက်မြေမှာ အတန်းတင်စာမေးပွဲဆိုတာ မည်ကာမတ္တပဲရှိပါတယ်။ တက်ခဲ့တဲ့ ကျောင်းခေါ်ချိန်အားလုံးမှာ အိမ်စာက ဘယ်နှစ်ရာခိုင်နှုန်း၊ အခန်းတွင်းအဆိုင်းမင့် - Assignment တင်တာက ဘယ်နှစ်ရာခိုင်နှုန်း၊ ကျောင်းခန်းပြင်ပဖတ်စာ - Reading က ဘယ်နှစ်ရာခိုင်နှုန်း၊ အုပ်စုဖွဲ့လူရှေ့တင်ပြချက် - Group Presentation က ဘယ်လောက်ဆိုပြီး သူ့အပိုင်းနဲ့သူ အမှတ် ( ၁ဝဝ ) ကို ဝိုင်းဖြည့်ရတာဆိုတော့ တစ်နေ့အိမ်စာတစ်နေ့မှန်မှန်လုပ်တဲ့ ကျောင်းသားတွေအတွက်က စာသင်နှစ်ရဲ့ကျောင်းနောက်ဆုံးရက်ကို အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနှုတ်ဆက်ရုံပါပဲ။
.
.
ဆရာမက အလှည့်ကျပြီပြောတဲ့အခါ ဗီယက်နမ်နိုင်ငံသွေး မိန်းကလေးကျောင်းသူက သမီးအမေဟာ အမေရိကန်-ဗီယက်နမ်စစ်ပွဲအတွင်းမှာ မွေးခဲ့တယ်။ စစ်ကဖြစ်နေတာဆိုတာ့ အမေ့ဘဝဟာ သိပ်ကိုဆိုးပါတယ်
.
မိမိဝမ်းကိုမိမိကျောင်းဖို့နေနေသာသာ အသက်မသေရေးကိုဦးစားပေးရတဲ့အခါ အမေဟာအသက်ငယ်ငယ် လူမမယ်ကလေးဘဝနဲ့ ဟောင်ကောင်းနယ်စပ်မှာရှိတဲ့ စစ်ရှောင်စခန်းမှာကြီးပြင်းရတယ်။ အဲဒီမှာ နောင်တစ်ချိန်မှာ သမီးအဖေဖြစ်လာမယ့်လူတစ်ယောက်နဲ့တွေ့တယ်။ ဒါနဲ့ စစ်ကြီးပြီးလို့ ဒုက္ခသည်စာရင်းမှာ အမည်တွေတင်သွင်းရင်း စစ်ပြာသလင်းမြေမှာ ကွန်မြူနစ်အတွင်းကြေဘဝကို ကုန်ဆုံးခဲ့ရတယ်
.
.
သမီးကိုတော့ ဒီ အမေရိကားရောက်မှ မွေးတာပါ။ အစ်မကိုတော့ ဟောင်ကောင်းမှာ မွေးခဲ့တယ်။ သမီးတို့အခု အထက်တန်းကျောင်းပြီးဖို့ ( ၁ ) နှစ်ပဲလိုတော့တယ်။ ဒီမှာက ဘာဒုက္ခမှမခံရဘူး။ အားလုံးလိုလေသေးမရှိအောင် ပြည့်စုံတယ်။  သမီး တစ်ခါတစ်လေစဉ်းစားတယ် .. အမေရိကားမှာ ဘာလာလုပ်တာလဲ လို့ပေါ့..။
.
အဖေ နဲ့ အမေတို့ကိုပြန်မေးရင် သူတို့ငယ်စဉ်ဘဝ စစ်ပြေးခဲ့ရတာတွေ၊ ဒုက္ခသည်စခန်းမှာ အနစ်နာခံခဲ့ရတာတွေကို စိတ်လိုလက်ရပြန်ပြောပြကြတယ်။ သူတို့ဘဝတွေက မိခင်ဗီယက်နမ်မှာ ဘယ်လိုမှရပ်တည်လို့မရခဲ့ဘူး။ ဒါကြောင့် သမီးက အဖေ နဲ့ အမေတို့အတွက် ဒီ အခွင့်အရေးနယ်မြေ - the Land of Opportunity မှာ ပညာရေးနဲ့တည်ဆောက်မယ့် အနာဂါတ်တစ်ခုတည်ဆောက်မယ်။ ဒါက သမီးရဲ့ အမေရိကန်အိပ်မက်ဖြစ်ပြီး အဖေ နဲ့ အမေတို့ရဲ့ မျက်ရည်စို့နေတဲ့မျက်လုံးတွေကို ပြန်လည်တောက်ပစေရမယ် လို့ စတင်ပြီး Group Presentation လေးကို စလိုက်ပါတယ်။
.
.
ဒုတိယတစ်ယောက်က တရုတ်နိုင်ငံက အမေရိကားကိုအခြေချပြောင်းရွှေ့လာတဲ့မိသားစုကဖြစ်ပြီး သမီးရဲ့ဦးလေးဟာ အလုပ်အင်မတန်လုပ်တယ်။ လူကတစ်ယောက်တည်း ရက်သတ္တပတ် ( ၁ ) ပတ်အတွင်း အလုပ် ( ၃ ) ခု ပြောင်းလုပ်တယ်
.
သူ့မှာ အားလပ်ချိန်ဆိုတာမရှိဘူး .. စဉ်ဆက်မပြတ်အလုပ်လုပ်နေတယ်။ ငွေရှိဖို့၊ အိမ်ဝယ်ဖို့၊ သူမျှော်မှန်းတဲ့ဘဝအကောင်အထည်ပေါ်ဖို့ ငွေနဲ့မှ လုပ်ငန်းစနိုင်မယ် လို့ အမြဲပြောတယ်
.
.
အမှန်က သမီးတို့မိသားစုက နေနိုင်၊ ထိုင်နိုင်၊ စားသောက်နိုင်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ အမေရိကားမှာ လူတန်းစားခွဲခြားမှုမရှိတော့ လုပ်အားရှိရင် လူတိုင်းငွေရတဲ့သဘောရှိပါတယ်။ ဒါပေမယ့် ဦးလေးရဲ့အဖြစ်က လူ ( ၃ ) ယောက်စာဘဝထက် ပိုကြမ်းတမ်းတယ်
.
သမီးက ဦးလေးကိုကြည့်ပြီး သမီးမိဘတွေကို ကိုယ်ချင်းစာတယ်။ သူ့လောက် ပါပါး နဲ့ မာမားက မပင်ပန်းတာ ကံကောင်းတယ်လို့ ပြောရမယ်။ ဒါကြောင့် သမီးရဲ့ အမေရိကန်အိပ်မက်က ဘာလဲလို့မေးရင် ဒုက္ခအားလုံးကိုကျော်လွှားဖို့ ငွေကောင်းကောင်းရတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တစ်ယောက်ဖြစ်ဖို့ပါပဲ
.
.
နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဖြေကြားသူကတော့ မြန်မာနိုင်ငံဘွား ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီးပါ။ ဒီနေ့ Presentation နဲ့တိုက်တိုက်ဆိုင်ဆိုင် သားတို့မိသားစု ဒီနိုင်ငံကိုရောက်တာ ( ၇ ) နှစ်ပြည့်တဲ့နေ့ပါ။ သားတို့မိသားစုက မြန်မာနိုင်ငံမှာဆိုရင် အလယ်အလတ်တန်းမိသားစုဖြစ်တဲ့အပြင် ချမ်းသာတယ်လို့တောင်ပြောလို့ရတယ်
.
ဒါပေမယ့် အဖေ နဲ့ အမေဟာ သား နဲ့ သားအစ်မတို့ရဲ့ပညာရေးအတွက် အချိန်တစ်ခုရောက်တဲ့အချိန်မှာ အဖေဘက်ကအဒေါ်ကခေါ်လို့ အမေရိကားကိုပြောင်းရွှေ့အခြေချခြင်း - New Immigrant ဆိုတာကိုရွေးချယ်ခဲ့တယ်
.
.
ဒီလမ်းကိုရွေးခဲ့တော့ ဘာဖြစ်သွားသလဲ? အဖေ နဲ့ အမေတို့ ပင်ပန်းကြတာပေါ့။ လူတစ်ဦးတစ်ယောက်၊ မိသားစုတစ်ခုအတွက် ( ၇ ) နှစ်ဆိုတာ ဆယ်စုနှစ် - Decade တစ်ခုပြည့်ဖို့သိပ်မလိုဘူး .. အချိန်သိပ်ကုန်ခဲ့တာပေါ့
.
အဖေဆိုရင် ကုန်သည်ဖြစ်လျက်နဲ့ ဒီနိုင်ငံမှာ ဝန်ထမ်းလုပ်ရတယ်။ အမေဆိုရင်လည်း မြန်မာနိုင်ငံမှာ အေးဆေးသက်သာစွာနေနိုင်ပေမယ့် ဒီမှာ အောက်ခြေသိမ်းလုပ်ရတယ် .. သားကို နေ့တိုင်း ကျောင်းပို့ / ကျောင်းကြို လုပ်ရတယ်။ အခု ဒီမြေပေါ်မှာ သားတို့ကပင်ပန်းလို့ ချွေး ထွက်တယ်ဆိုရင် ဒါဟာ အဖေ နဲ့ အမေတို့ရဲ့ မျက်ရည်စက် တွေ ဖြစ်နေမှာ အမှန်ပါပဲ
.
.
သားလည်း သူငယ်ချင်းတို့လိုပဲ အမြဲစဉ်းစားတယ် .. ငါ ဘာလို့ အမေရိကားလာရတာလဲ ဆိုပြီးလို့ပေါ့ ။ သားက အဖေ နဲ့ အမေတို့ရဲ့ အနစ်နာခံခြင်း နဲ့ ပေးဆပ်ခြင်းတွေကို အများဆုံးမြင်ရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သားက ( ၉ ) နှစ်သားကတည်းက အဖေ နဲ့ အမေက ကလေးထိန်း ခဲ့ ရတာလေ
.
ဒါကြောင့် အဖေ နဲ့ အမေတို့ကို ကျောင်းပြီးသွားရင် ပြန်အလုပ်အကျွေးပြုရမယ်ဆိုတဲ့အသိဟာ သား နဲ့ အစ်မတို့နှစ်ယောက်လုံးရဲ့စိတ်ထဲမှာ ရှိကြတယ်
.
.
ကျောင်းစာတွေကို အကြွေးမထားဘူး။ လေ့ကျင့်ခန်းတွေ ပြီးအောင် လုပ်တယ်။ အားကစားလည်း မလစ်လပ်ဘူး။ သူငယ်ချင်းတွေနဲ့လည်း အဆက်အသွယ်မပြတ်ဘူး။ လမ်းမှားဟာ ဘာဆိုတာကို သားရဲ့ရှေ့မှာလုပ်ပြသွားသူတွေဆီကနေ သင်ခန်းစာယူတယ်။ လူမှုကျင့်ဝတ်အသင်းအဖွဲ့တွေကို သားကူညီတယ် .. လုပ်အားပေးတယ် .. ကျောင်းသားကိစ္စတွေမှာ စိတ်ရောကိုယ်ပါ အားတိုက်အင်တိုက် ဆောင်ရွက်တယ်
.
အဲဒီနေရာဋ္ဌာနတွေကနေ သင်ယူခဲ့တဲ့ ကျောင်းသင်ခန်းစာ၊ ဘဝသင်ခန်းစာတွေက သားဘဝအတွက် အဖြေထွက်ပါလိမ့်မယ်။ ဒီကတစ်ဆင့်တက်ပြီး သားဘဝတိုးတက်အောင် လုပ်မယ်။ ပညာတတ်တစ်ယောက်အနေနဲ့ မိဘတွေကိုလုပ်ကျွေးမယ်။ သားပိုပြီးလုပ်နိုင်ရင် မြန်မာနိုင်ငံက လူငယ်တွေကို ပြန်ကူညီမယ်။ ဒါက သားပြောချင်တဲ့ အမေရိကန်အိပ်မက် ပါပဲ
.
.
ကလေး ( ၃ ) ယောက် ရဲ့ Group Presentation မှာ တစ်ခြားဘယ်သူတွေကိုမှ မပြောပြစေလိုတဲ့သဘော ဆရာမက ပြောထားပါတယ်။ ဒါကြောင့် သူတို့ရဲ့ နာမယ်တွေကို အကြောင်းအားလျှော်စွာ ထည့်မရေးလိုပါ။
.
တစ်ခု ဝန်ခံစရာရှိတာက အဲဒီကျောင်းသား ( ၃ ) ယောက်လုံးဟာ အတန်းရှေ့မှာ ထမပြောခင် အရှေ့ရက်ပိုင်းတွေက ကြိုတင်ပြင်ဆင်မှုတွေလုပ်တဲ့အခါ ဘယ်မိဘမှ အတင်းအကြပ်ဖိအားမပေးရပဲ၊ ဘယ်သူငယ်ချင်းမှကြိုမသိရပဲ လေ့ကျင့်ကြတယ်ဆိုတာကိုပါ။
.
.
ပြီးတော့ သူတို့တွေဟာ စာမေးပွဲတွေတောက်လျှောက်ဖြေနေရတော့ အုပ်စုထဲမှာပါသူအချင်းချင်းကြိုညှိဖို့အချိန်မရပဲ အသင်းလိုက်စုစည်းလုပ်ဆောင်မှု - Teamwork ကို အသင်းကျောင်းသား - Team Player အချင်းချင်း စကားပြောပွဲ - Presentation မှာ အဝင် / အထွက် တွေကို အင်တာနက် - Skype ပေါ်ကနေသာ အစည်းအဝေးလုပ် လေ့ကျင့်ခဲ့ရပါကြောင်း ( ၁၁ ) တန်းကျောင်းသား ( ၃ ) ယောက်ရဲ့ အမေရိကန်အိပ်မက်တွေကို နှလုံးသားနဲ့နားထောင်ခဲ့ပြီး ပြန်လည်တင်ပြလိုက်ရပါတယ်။
.
.
ခင်လျက်
.
06-14-2016


No comments: