ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး ) |
.
.
ပန်းသီးစက္ကူလိပ်
( ၁ဝ ) လိပ် ဘယ်ဈေးဖြစ်နေပါပြီလဲ? ရွှေဝါးစက္ကူလိပ် ရော သုံးနေကြပါသေးလား? လန်ဒန်စက္ကူလိပ်
ရော အလိပ်သေးသွားပြီလား? မသုံးတာကြာလို့မေးကြည့်မိတာပါ။ ခက်တာက အိမ်မှာ ရေအိမ်သွားတဲ့
ဒီစက္ကူဟာ စားသောက်ဆိုင်ရောက်တော့ London စီးကရက်ကြော်ငြာဗူးထဲမှာ၊ Grand Royal အရက်ကြော်ငြာစက္ကူလိပ်ဗူးထဲမှာ
တွေ့နေရ မြင်နေရတယ်။
.
ဘယ်နေရာမှာ
ဘာစက္ကူသုံးဆိုတာ မခွဲထားတော့ နေရာတကာသုံးတဲ့ စက္ကူလိပ်ဘဝ ရောက်ကြရတာပေါ့။ ဈေးပိုယူတဲ့
အဆင့်မြင့်စားသောက်ဆိုင်တွေမှာ ပါးစပ်သုပ်တဲ့ စက္ကူခေါက်လေးတွေနဲ့ အဆင်ပြေနိုင်ပေမယ့်
တစ်ချို့လက်ဘက်ရည်ဆိုင်တွေမှာဆို ညစ်ထေးနေတဲ့ လက်သုတ်ပုဝါ ကိုသာ မြင်ခဲ့ရသူအဖို့ အမြင်မဆန်းတော့ပါဘူး။
.
နယ်မြေခြားကို
စရောက်ချိန် ကိုယ့်ချွေးနည်စာမြန်မာကျပ်ငွေကို ဒေါ်လာဖွဲ့ပြီးသုံးရတဲ့အခါ ဘယ်ပစ္စည်းကိုမှ
မထိရက် မတို့ရက် ဖြစ်ရပါတယ်။ အထူးသဖြင့် ငါတို့
မြန်မာနိုင်ငံမှာ ပါးစပ်သုတ်တဲ့ စက္ကူလိပ်ကို ဒီမှာ ရေအိမ်မှာသုံးတယ်ဆိုပြီး နှမြောလိုက်တဲ့ဖြစ်ခြင်း။
နောက်ပိုင်း ကိုယ်လည်းမနေသာတော့ သုံးရင်းကနေ ပါလာတဲ့ ငွေလည်း လုံးပါးပါးလာတဲ့အချိန်ကျမှ
ကိုယ့်ပိုက်ဆံနဲ့ကိုယ် မဖြစ်မနေ ဝယ်ရပါတော့တယ်။ ဒီအခါကျမှ စက္ကူလိပ်ရဲ့ အခေါ်အဝေါ်သုံးစွဲပုံကို
အသေးစိတ်လေ့လာမိတော့တယ်။