ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, January 4, 2015

ၾကိဳဆုိပါသည္ Jenny Lee

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
အေမရိကားမွာ ကေလးေမြးျပီးရင္ မွတ္တမ္းရံုး - Clark-Recorder’s Office မွာ ေမြးစာရင္းထုတ္ယူရပါတယ္။ လိုအပ္တဲ႕အခ်က္အလက္ေတြကို လက္ခံဖြားျမင္ေပးတဲ႕ေဆးရံုကေန လွ်ပ္စစ္နည္း - Electronic System နဲ႕ ပုိ႕ထားေပးတာကို မိဘေတြက အသင္႕သြားထုတ္ယူရံုပါပဲ။
.
ရံုးေရာက္ရင္ ေရာက္ရွိေၾကာင္း နာမည္စာရင္းေပးသြင္း - Register ျပီး သူတို႕ေပးလာမည္႕ေဖာင္မွာ မိဘ ( ၂ ) ပါးနာမည္၊ တစ္ခ်ိဳ႕ အေဖမရွိရင္ တစ္ဦးတည္းေနမိခင္ - Single Mother ရဲ႕ ကိုယ္ေရးအခ်က္အလက္နဲ႕ ကေလးငယ္ရဲ႕ ေမြးေန႕၊ ေမြးတဲ႕ေနရာ၊ ေဆးရံု စတာေတြကို ထည္႕သြင္းျပီးတဲ႕အခါ စာရြက္ေတြကို ေကာင္တာမွာ ျပန္္ထပ္ေပးရတယ္။
.
စာရင္းကိုင္ေကာင္တာ - Front Desk ကေန ကိုယ္႕အလွည္႕က်လို႕ နာမည္ေခၚတဲ႕အခါ အခုတင္လိုက္တဲ႕အခ်က္အလက္နဲ႕ ေမြးဖြားရာေဆးရံုက ၾကိဳေရာက္ျပီးသားအခ်က္အလက္ေတြကို တုိက္ဆုိင္စစ္ေဆးပါတယ္။ ဒီလို ဆိုရွယ္ရံုးေတြက လူမ်ားလို႕ ေစာင္႕ရတာ ၾကာတတ္ေပမယ္႕ အမွားအယြင္းမရွိတဲ႕ လုပ္ငန္းေဆာင္တာတစ္ခုကို ( ၅ ) မိနစ္ေလာက္အတြင္းမွာ ကိစၥျပီးျပတ္ႏိုင္ပါတယ္။
.
ေမြးစာရင္းတစ္ေစာင္အတြက္ မိခင္ကိုယ္တုိင္လာယူဖို႕မလိုပါဘူး။ ကေလးအေဖလာရင္လည္း ရံုးက အဆင္ေျပေအာင္ လုပ္ေပးတတ္စျမဲပါ။ စာရြက္စာတမ္းေၾကး ( ကယ္လီဖိုးနီးယား၊ ဆန္ဖရန္စစၥကိုေဒသ၊ အုတ္ကလန္ျမိဳ႕မွာ ) - ၂၅ ေဒၚလာ ေပးသြင္းျပီးရင္ တစ္သက္လံုးအက်ံံဴးဝင္တဲ႕ အေမရိကန္သားျဖစ္ေၾကာင္း သက္ေသအေထာက္အထား ေမြးစာရင္း - Birth Certificate တစ္ေစာင္ရပါျပီ။ ဒါကေတာ႕ အားလံုးအဆင္ေျပျပီး ဘယ္လိုအထစ္အေငါ႕မွမရွိတဲ႕ လုပ္ရိုးလုပ္စဥ္ အစိုးအရ ရံုးလုပ္ငန္းပံုစံပါ။

.
.
ျမန္မာလင္မယား ကုိေမာင္ရိုး နဲ႕ မမကြမ္းတုိ႕ရဲ႕ဇာတ္လမ္းေလးက ခပ္ဆန္းဆန္းပါ။ သူတို႕ ဒီႏုိင္ငံကိုေရာက္တာ ( ၁ဝ ) ႏွစ္ေက်ာ္ရွိေပမယ္႕ ေနမႈထုိင္မႈလုပ္ကိုင္မႈမွာ ျမန္မာ႕ဟန္မေပ်ာက္ေသးပါဘူး။ ဒီေျမကိုနင္းေတာ႕ သားအၾကီး ပါလာတယ္။ သားအငယ္ကို ဒီေျမေပၚမွာေမြးတယ္။ ( ၇ ) ႏွစ္ေလာက္ၾကာေတာ႕မွ ကိုယ္ဝန္ရွိလာတယ္။ ေမြးထားတာက သား ( ၂ ) ေယာက္ ထပ္ေမြးမွာက သမီးေလးဆိုေတာ႕ သူတို႕ေတြ ေပ်ာ္ရႊင္ေနၾကတာေပါ႕။
.
မမကြမ္း အလုပ္မွာေဆးခြင္႕တင္ျပီး ေမြးဖြားရက္မတိုင္ခင္ ( ၂ ) လ မွာ ခြင္႕စ,ယူတယ္။ နဂိုကတည္းက အလုပ္နဲ႕လက္နဲ႕ မျပတ္တဲ႕ မမကြမ္း တစ္ေယာက္ အိမ္မွာေနရင္း ဟုိရွင္း ဒီရွင္းနဲ႕ တရစပ္လႈပ္ရွားလာတာ ကေလးေမြးတဲ႕ေန႕အထိပါပဲ။
.
ကိုေရႊရုိး နဲ႕ မမကြမ္းတို႕ ဗုိက္အပ္ထားတဲ႕ေဆးရံုမွာ တစ္လ တစ္ၾကိမ္ က်န္းမာေရးစစ္တယ္။ ေဆးရံုက ေနာက္ဆံုးစစ္ျပီးတဲ႕ သီတင္းပတ္မွာ သားငယ္ေလးကိုေခၚျပီး ကစားကြင္း - Park လိုက္ပို႕တဲ႕အခါ မမကြမ္းက ပန္းျခံထဲမွာ သူ႕ထံုးစံအတိုင္း မနားမေန လမ္းေလ်ွာက္ပါတယ္။ အဲဒီကေန ျပန္အလာ သူတို႕ရဲ႕ Sienna Van ( Town Ace ) ကားေပၚမွာ ထုိင္မလိုက္ႏုိင္လို႕ ေနာက္ဆံုးခံုမွာ လွဲအိပ္လုိက္ျပီး အိမ္ျပန္လာခဲ႕တယ္။ ဗိုက္က နည္းနည္းနာလာလို႕ ေနာက္တစ္ရက္ ေဆးရံုသြားျပေတာ႕ “ ေမြးဖို႕ ( ၂ ) ပတ္လိုေသးတယ္၊ သာမန္ ေရၾကည္ဆင္းတာ၊ စိတ္ပူစရာမရွိဘူး ” ဆုိျပီး မမကြမ္းကို အိမ္ျပန္လႊတ္လိုက္ပါေတာ႕တယ္။
.
.
ျမန္မာ႕အထာနဲ႕ဆုိ ဒီလကၡဏာဟာ ေမြးခ်င္တယ္ဆုိတာသိေတာ႕ ေနာက္တစ္ရက္ ဗိုက္ထပ္နာတဲ႕အခါ ေရအျမန္ခ်ိဳးျပီး ေဆးရံုထပ္သြားဖို႕ မမကြမ္းဟာ ေပါင္မႈန္႕ကားေပၚမွာလွဲအိပ္ရင္း ဒရိုင္ဘာကိုေရႊရိုးကုိ  ေစာင္႕ေနတယ္။ အဲဒီေန႕မွ ကိုေရႊရိုးကလည္း အိမ္ထဲကေန ေတာ္ေတာ္နဲ႕ထြက္မလာပဲ ၾကာေနပါတယ္။ ( ၂၅ ) မိနစ္ေလာက္ေမာင္းရတဲ႕ ေဆးရံုကို အျမန္သြားမွရမယ္ဆုိျပီး မမကြမ္းက စိတ္ပူေနပါတယ္။ “ ကုိေရြရိုးကလည္း ၾကာလိုက္တာ .. ဒင္းလက္ခ်က္ေၾကာင္႕ … ဟင္း .. ” မမကြမ္း ဆက္တုိက္ ရြတ္ဖတ္ေနပါေတာ႕တယ္။ ဒီအခ်ိန္မွာ ဗိုက္ထဲက ကေလးက မေနေတာ႕ျပီ။ အဲဒါနဲ႕ ..
.
ကိုေရႊရိုးက ကားကို အရွိန္ျမင္႕ေမာင္းတယ္။ မမကြမ္းက ကားေပၚကေန ေဆးရံုကို လက္ကိုင္ဖုန္းနဲ႕ဆက္ျပီး “ ငါက မေန႕ကလာသြားတဲ႕လူနာပါ။ အခုဗိုက္အရမ္းနာေနလို႕ ေဆးရံုကို ကားနဲ႕လာေနတယ္။ ေနာက္ထပ္ မိနစ္ ( ၂ဝ ) ဆိုရင္ ေရာက္မယ္။ အဲဒါ အေရးေပၚ လူနာထမ္းစင္ ကို အဆင္သင္႕လုပ္ျပီး ကားပါကင္မွာေစာင္႕ေနေပးပါ ” လို႕ လွမ္းေျပာတယ္။ ဗိုက္နာေနတာကတစ္္ေၾကာင္း၊ ဘုိ လိုေျပာရတာ စကားအရာမွာလည္း သိပ္အကြ်မ္းၾကီးမဟုတ္တာကတစ္ေၾကာင္း၊ မီးေနမီးတြင္းစိတ္ဒုကၡကတစ္ေၾကာင္း ဟုိဘက္က အေမရိကန္စာေရးမက နားလည္လား မလည္လားေတာ႕မသိပါဘူး .. မမကြမ္းက ေျပာခ်လိုက္တာပါပဲ။
.
.
ေဆးရံုဝန္းထဲ ကားေကြ႕ဝင္လိုက္တဲ႕အခ်ိန္မွာ သူမွာထားတဲ႕လူနာတင္စင္နဲ႕သူနာျပဳဆရာမေတြကို  မ်က္စိကစားျပီး မမကြမ္း လိုက္ရွာေနမိတယ္။ ထင္ထားသလို ဘယ္သူမွ ရွိမေနပါဘူး။ ဒါနဲ႕ ကားရပ္ျပီး ကိုေရႊရိုး ဆင္းေခၚေတာ႕မွ ဘီးတပ္ထုိင္ခံုလွည္း နဲ႕ သူနာျပဳေတြေရာက္လာတယ္။ မမကြမ္းက ထုိင္မွမထုိင္ႏိုင္တာ .. ဒါနဲ႕ သူတို႕က ထုိင္္ခံုကိုျပန္ယူသြားျပီး လူနာတင္စင္ျပန္သြားယူတာကို Sienna Van ကားေပၚမွာ ေစာင္႕ရျပန္တယ္။ သိပ္မၾကာလိုက္ပါဘူး .. မမကြမ္းေအာ္သံက ကားပါကင္တစ္ခုလံုးကို စူးစူးရွရွ လႊမ္မိုးသြားပါေတာ႕တယ္ .. “ အမေလး .. ေမြးျပီေတာ႕ … ”
.
ကားနားမွာရပ္ေစာင္႕ေနတဲ႕ Nurse က အလုိက္သင္႕ေလးဝင္သြားျပီး ကားၾကမ္းျပင္ေပၚမွာ ညွစ္ေနတဲ႕ မမကြမ္းရဲ႕ သမီးေလးကို ေအာင္ျမင္စြာ မီးဖြားေပးလုိက္တယ္။ အခ်င္းကို ကားေပၚမွာတင္ ညွပ္ေပးရံုမက ကေလးနဲ႕အေမကို ေဆးရံုထဲေခၚသြားျပီး သန္႕စင္ေပးပါတယ္။ ကေလးေရာ လူၾကီးေရာ က်န္းမာေရးေကာင္းၾကလုိ႕ အေမရိကားေရာက္ မမကြမ္းတို႕လင္မယားရဲ႕ ဂ်မ္းေတာစြန္႕စားခန္းဟာ ေအာင္ေအာင္ျမင္ျမင္နဲ႕ သမီးေလး Jenny Lee ကို လူ႕ေလာကထဲ ေခ်ာေမြ႕စြာ ၾကိဳဆုိႏုိင္ခဲ႕ၾကပါတယ္။
.
.
Jenny Lee ကို မ်က္ႏွာျမင္တဲ႕ကိစၥ ဒီမွာတင္မျပီးေသးပါဘူး။ အေမရိကားမွာ ဗြ်တ္ကနဲ ကေလးေမြးရံုနဲ႕ လူတစ္ေယာက္ျဖစ္ျပီလို႕မဆုိႏိုင္ေသးပါ။ ေမြးစာရင္း လက္ထဲေရာက္မွ တရားဝင္မယ္ .. ဒါမွ ဒီႏိုင္ငံသားျဖစ္ေၾကာင္း အာမခံခ်က္ရွိမယ္ေလ။ မမကြမ္းက မီးတြင္းထဲမို႕ ကိုေရႊရိုးကို Clark-Recorder’s Office မွာ ေမြးစာရင္းသြားထုတ္ခိုင္းပါတယ္။ ရံုးေရာက္ေတာ႕ Jenny Lee ရဲ႕ အခ်က္အလက္ေတြက စာေရးမရဲ႕ ကြန္ပ်ဴတာ စစၥတမ္ထဲမွာ မရွိဘူးျဖစ္ေနတယ္။ ကိုေရႊရုိး ခက္ေခ်ျပီ။ မမကြမ္းကိုျပန္ေျပာျပလို႕ မ်က္ႏွာမလွျဖစ္ျပီ။ ဘယ္လိုပဲရွင္းျပရွင္းျပ ေဆးရံုက မပို႕ေပးတဲ႕အတြက္ ဒီေနရာ ဒီ႒ာနမွာေမြးေၾကာင္း သက္ေသမခံႏိုင္ဘူးျဖစ္ေနျပီေတာ႕ ကိုေရႊရိုး အၾကံအုိက္ေနပါျပီ။ ဒါေပမယ္႕ စာေရးမ က သူေပးတဲ႕ လိပ္စာမွာ သြားရွာၾကည္႕ဖုိ႕ အၾကံေပးတယ္။
.
“ Public Health ” ဆိုတဲ႕႒ာနကိုေရာက္သြားေတာ႕ Jenny Lee ရဲ႕ ေမြးဖြားေၾကာင္း အခ်က္အလက္ေတြက အဲဒီေနရာကိုေရာက္ေနေလရဲ႕ …. ။ ဒါေပမယ္႕ ဒါကိုထုတ္ယူဖို႕ မိစံု ဖစံု နဲ႕ ကေလးကိုပါ ျပန္ျပရတယ္။ သူတို႕ေပးတဲ႕ေဖာင္ေတြျဖည္႕ျပီး မၾကာခင္ ေမြးစာရင္းထြက္လာေတာ႕မွ ဒီလင္ ဒီမယား သက္ျပင္းခ်ႏိုင္ပါေတာ႕တယ္။ ဘာေၾကာင္႕ဒီလိုျဖစ္ရသလဲဆုိတဲဲ႕ ေမးခြန္းကို မမကြမ္း က မေက်မနပ္ေမးလိုက္တဲ႕အခါ ..
.
ေကာင္တာက ရွင္းျပတာက Jenny Lee ဟာ ေဆးရံုက အာမခံဝယ္ထားျပီး ေဆးရံုမွာဗိုက္အပ္ထားရံုမက ေဆးရံုဝန္းအတြင္းမွာ ေမြးခဲ႕တယ္။ ဒါေပမယ္႕ ေဆးရံုထဲမွာ စာရင္းသြင္းျပီးေမြးဖြားခဲ႕ ( ေဆးရံုတက္ခဲ႕ ) တာမဟုတ္ေတာ႕ ( ေဆးရံုေရာက္ရွိ ) စာရင္းမဝင္ဘူး ျဖစ္သြားတယ္။ အေရးေပၚအေနနဲ႕ အေမနဲ႕ကေလးကို မီးတြင္းသန္႕ရွင္းေရးလုပ္ေပးလိုက္ရေပမယ္႕ ေဆးရံုျပင္ပ ( ကားပါကင္ ) မွာ ေမြးခဲ႕တာမုိ႕ ျပင္ပေမြးစာရင္းဝင္သြားျပီး လုပ္ရိုးလုပ္စဥ္ေမြးစာရင္း႒ာနကို ပို႕ခြင္႕မရွိလို႕ “ Public Health ” ႒ာနကို ေရာက္ေနရတဲ႕အေၾကာင္း ေကာင္းမြန္စြာရွင္းျပပါတယ္။ ဒါေၾကာင္႕ “ အေမရိကားမွာ ကေလးေမြးရင္ တံခါးဝေရာက္မွ ေမြးေစခ်င္တယ္ ” .. ။ ေမြးစာရင္းရွာရလြယ္ေအာင္ ျမန္မာမိသားစုက ခ်စ္စရာ Jenny Lee ရဲ႕  တစ္ကယ္႕အျဖစ္အပ်က္ နဲ႕ သတိေပးစကား လက္ေဆာင္ပါးလိုက္ပါတယ္။
.
.
.
.
Myanmar Unicode Version:
.
.
“ ကြိုဆိုပါသည် Jenny Lee “
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
အမေရိကားမှာ ကလေးမွေးပြီးရင် မှတ်တမ်းရုံး - Clark-Recorder’s Office မှာ မွေးစာရင်းထုတ်ယူရပါတယ်။ လိုအပ်တဲ့အချက်အလက်တွေကို လက်ခံဖွားမြင်ပေးတဲ့ဆေးရုံကနေ လျှပ်စစ်နည်း - Electronic System နဲ့ ပို့ထားပေးတာကို မိဘတွေက အသင့်သွားထုတ်ယူရုံပါပဲ။
.
ရုံးရောက်ရင် ရောက်ရှိကြောင်း နာမည်စာရင်းပေးသွင်း - Register ပြီး သူတို့ပေးလာမည့်ဖောင်မှာ မိဘ ( ၂ ) ပါးနာမည်၊ တစ်ချို့ အဖေမရှိရင် တစ်ဦးတည်းနေမိခင် - Single Mother ရဲ့ ကိုယ်ရေးအချက်အလက်နဲ့ ကလေးငယ်ရဲ့ မွေးနေ့၊ မွေးတဲ့နေရာ၊ ဆေးရုံ စတာတွေကို ထည့်သွင်းပြီးတဲ့အခါ စာရွက်တွေကို ကောင်တာမှာ ပြန်ထပ်ပေးရတယ်။
.
စာရင်းကိုင်ကောင်တာ - Front Desk ကနေ ကိုယ့်အလှည့်ကျလို့ နာမည်ခေါ်တဲ့အခါ အခုတင်လိုက်တဲ့အချက်အလက်နဲ့ မွေးဖွားရာဆေးရုံက ကြိုရောက်ပြီးသားအချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးပါတယ်။ ဒီလို ဆိုရှယ်ရုံးတွေက လူများလို့ စောင့်ရတာ ကြာတတ်ပေမယ့် အမှားအယွင်းမရှိတဲ့ လုပ်ငန်းဆောင်တာတစ်ခုကို ( ၅ ) မိနစ်လောက်အတွင်းမှာ ကိစ္စပြီးပြတ်နိုင်ပါတယ်။
.
မွေးစာရင်းတစ်စောင်အတွက် မိခင်ကိုယ်တိုင်လာယူဖို့မလိုပါဘူး။ ကလေးအဖေလာရင်လည်း ရုံးက အဆင်ပြေအောင် လုပ်ပေးတတ်စမြဲပါ။ စာရွက်စာတမ်းကြေး ( ကယ်လီဖိုးနီးယား၊ ဆန်ဖရန်စစ္စကိုဒေသ၊ အုတ်ကလန်မြို့မှာ ) - ၂၅ ဒေါ်လာ ပေးသွင်းပြီးရင် တစ်သက်လုံးအကျံံဴးဝင်တဲ့ အမေရိကန်သားဖြစ်ကြောင်း သက်သေအထောက်အထား မွေးစာရင်း - Birth Certificate တစ်စောင်ရပါပြီ။ ဒါကတော့ အားလုံးအဆင်ပြေပြီး ဘယ်လိုအထစ်အငေါ့မှမရှိတဲ့ လုပ်ရိုးလုပ်စဉ် အစိုးအရ ရုံးလုပ်ငန်းပုံစံပါ။
.
.
မြန်မာလင်မယား ကိုမောင်ရိုး နဲ့ မမကွမ်းတို့ရဲ့ဇာတ်လမ်းလေးက ခပ်ဆန်းဆန်းပါ။ သူတို့ ဒီနိုင်ငံကိုရောက်တာ ( ၁ဝ ) နှစ်ကျော်ရှိပေမယ့် နေမှုထိုင်မှုလုပ်ကိုင်မှုမှာ မြန်မာ့ဟန်မပျောက်သေးပါဘူး။ ဒီမြေကိုနင်းတော့ သားအကြီး ပါလာတယ်။ သားအငယ်ကို ဒီမြေပေါ်မှာမွေးတယ်။ ( ၇ ) နှစ်လောက်ကြာတော့မှ ကိုယ်ဝန်ရှိလာတယ်။ မွေးထားတာက သား ( ၂ ) ယောက် ထပ်မွေးမှာက သမီးလေးဆိုတော့ သူတို့တွေ ပျော်ရွှင်နေကြတာပေါ့။
.
မမကွမ်း အလုပ်မှာဆေးခွင့်တင်ပြီး မွေးဖွားရက်မတိုင်ခင် ( ၂ ) လ မှာ ခွင့်စ,ယူတယ်။ နဂိုကတည်းက အလုပ်နဲ့လက်နဲ့ မပြတ်တဲ့ မမကွမ်း တစ်ယောက် အိမ်မှာနေရင်း ဟိုရှင်း ဒီရှင်းနဲ့ တရစပ်လှုပ်ရှားလာတာ ကလေးမွေးတဲ့နေ့အထိပါပဲ။
.
ကိုရွှေရိုး နဲ့ မမကွမ်းတို့ ဗိုက်အပ်ထားတဲ့ဆေးရုံမှာ တစ်လ တစ်ကြိမ် ကျန်းမာရေးစစ်တယ်။ ဆေးရုံက နောက်ဆုံးစစ်ပြီးတဲ့ သီတင်းပတ်မှာ သားငယ်လေးကိုခေါ်ပြီး ကစားကွင်း - Park လိုက်ပို့တဲ့အခါ မမကွမ်းက ပန်းခြံထဲမှာ သူ့ထုံးစံအတိုင်း မနားမနေ လမ်းလျှောက်ပါတယ်။ အဲဒီကနေ ပြန်အလာ သူတို့ရဲ့ Sienna Van ( Town Ace ) ကားပေါ်မှာ ထိုင်မလိုက်နိုင်လို့ နောက်ဆုံးခုံမှာ လှဲအိပ်လိုက်ပြီး အိမ်ပြန်လာခဲ့တယ်။ ဗိုက်က နည်းနည်းနာလာလို့ နောက်တစ်ရက် ဆေးရုံသွားပြတော့ “ မွေးဖို့ ( ၂ ) ပတ်လိုသေးတယ်၊ သာမန် ရေကြည်ဆင်းတာ၊ စိတ်ပူစရာမရှိဘူး ” ဆိုပြီး မမကွမ်းကို အိမ်ပြန်လွှတ်လိုက်ပါတော့တယ်။
.
.
မြန်မာ့အထာနဲ့ဆို ဒီလက္ခဏာဟာ မွေးချင်တယ်ဆိုတာသိတော့ နောက်တစ်ရက် ဗိုက်ထပ်နာတဲ့အခါ ရေအမြန်ချိုးပြီး ဆေးရုံထပ်သွားဖို့ မမကွမ်းဟာ ပေါင်မှုန့်ကားပေါ်မှာလှဲအိပ်ရင်း ဒရိုင်ဘာကိုရွှေရိုးကို  စောင့်နေတယ်။ အဲဒီနေ့မှ ကိုရွှေရိုးကလည်း အိမ်ထဲကနေ တော်တော်နဲ့ထွက်မလာပဲ ကြာနေပါတယ်။ ( ၂၅ ) မိနစ်လောက်မောင်းရတဲ့ ဆေးရုံကို အမြန်သွားမှရမယ်ဆိုပြီး မမကွမ်းက စိတ်ပူနေပါတယ်။ “ ကိုရွေရိုးကလည်း ကြာလိုက်တာ .. ဒင်းလက်ချက်ကြောင့် … ဟင်း .. ” မမကွမ်း ဆက်တိုက် ရွတ်ဖတ်နေပါတော့တယ်။ ဒီအချိန်မှာ ဗိုက်ထဲက ကလေးက မနေတော့ပြီ။ အဲဒါနဲ့ ..
.
ကိုရွှေရိုးက ကားကို အရှိန်မြင့်မောင်းတယ်။ မမကွမ်းက ကားပေါ်ကနေ ဆေးရုံကို လက်ကိုင်ဖုန်းနဲ့ဆက်ပြီး “ ငါက မနေ့ကလာသွားတဲ့လူနာပါ။ အခုဗိုက်အရမ်းနာနေလို့ ဆေးရုံကို ကားနဲ့လာနေတယ်။ နောက်ထပ် မိနစ် ( ၂ဝ ) ဆိုရင် ရောက်မယ်။ အဲဒါ အရေးပေါ် လူနာထမ်းစင် ကို အဆင်သင့်လုပ်ပြီး ကားပါကင်မှာစောင့်နေပေးပါ ” လို့ လှမ်းပြောတယ်။ ဗိုက်နာနေတာကတစ်ကြောင်း၊ ဘို လိုပြောရတာ စကားအရာမှာလည်း သိပ်အကျွမ်းကြီးမဟုတ်တာကတစ်ကြောင်း၊ မီးနေမီးတွင်းစိတ်ဒုက္ခကတစ်ကြောင်း ဟိုဘက်က အမေရိကန်စာရေးမက နားလည်လား မလည်လားတော့မသိပါဘူး .. မမကွမ်းက ပြောချလိုက်တာပါပဲ။
.
.
ဆေးရုံဝန်းထဲ ကားကွေ့ဝင်လိုက်တဲ့အချိန်မှာ သူမှာထားတဲ့လူနာတင်စင်နဲ့သူနာပြုဆရာမတွေကို  မျက်စိကစားပြီး မမကွမ်း လိုက်ရှာနေမိတယ်။ ထင်ထားသလို ဘယ်သူမှ ရှိမနေပါဘူး။ ဒါနဲ့ ကားရပ်ပြီး ကိုရွှေရိုး ဆင်းခေါ်တော့မှ ဘီးတပ်ထိုင်ခုံလှည်း နဲ့ သူနာပြုတွေရောက်လာတယ်။ မမကွမ်းက ထိုင်မှမထိုင်နိုင်တာ .. ဒါနဲ့ သူတို့က ထိုင်ခုံကိုပြန်ယူသွားပြီး လူနာတင်စင်ပြန်သွားယူတာကို Sienna Van ကားပေါ်မှာ စောင့်ရပြန်တယ်။ သိပ်မကြာလိုက်ပါဘူး .. မမကွမ်းအော်သံက ကားပါကင်တစ်ခုလုံးကို စူးစူးရှရှ လွှမ်မိုးသွားပါတော့တယ် .. “ အမလေး .. မွေးပြီတော့ … ”
.
ကားနားမှာရပ်စောင့်နေတဲ့ Nurse က အလိုက်သင့်လေးဝင်သွားပြီး ကားကြမ်းပြင်ပေါ်မှာ ညှစ်နေတဲ့ မမကွမ်းရဲ့ သမီးလေးကို အောင်မြင်စွာ မီးဖွားပေးလိုက်တယ်။ အချင်းကို ကားပေါ်မှာတင် ညှပ်ပေးရုံမက ကလေးနဲ့အမေကို ဆေးရုံထဲခေါ်သွားပြီး သန့်စင်ပေးပါတယ်။ ကလေးရော လူကြီးရော ကျန်းမာရေးကောင်းကြလို့ အမေရိကားရောက် မမကွမ်းတို့လင်မယားရဲ့ ဂျမ်းတောစွန့်စားခန်းဟာ အောင်အောင်မြင်မြင်နဲ့ သမီးလေး Jenny Lee ကို လူ့လောကထဲ ချောမွေ့စွာ ကြိုဆိုနိုင်ခဲ့ကြပါတယ်။
.
.
Jenny Lee ကို မျက်နှာမြင်တဲ့ကိစ္စ ဒီမှာတင်မပြီးသေးပါဘူး။ အမေရိကားမှာ ဗျွတ်ကနဲ ကလေးမွေးရုံနဲ့ လူတစ်ယောက်ဖြစ်ပြီလို့မဆိုနိုင်သေးပါ။ မွေးစာရင်း လက်ထဲရောက်မှ တရားဝင်မယ် .. ဒါမှ ဒီနိုင်ငံသားဖြစ်ကြောင်း အာမခံချက်ရှိမယ်လေ။ မမကွမ်းက မီးတွင်းထဲမို့ ကိုရွှေရိုးကို Clark-Recorder’s Office မှာ မွေးစာရင်းသွားထုတ်ခိုင်းပါတယ်။ ရုံးရောက်တော့ Jenny Lee ရဲ့ အချက်အလက်တွေက စာရေးမရဲ့ ကွန်ပျူတာ စစ္စတမ်ထဲမှာ မရှိဘူးဖြစ်နေတယ်။ ကိုရွှေရိုး ခက်ချေပြီ။ မမကွမ်းကိုပြန်ပြောပြလို့ မျက်နှာမလှဖြစ်ပြီ။ ဘယ်လိုပဲရှင်းပြရှင်းပြ ဆေးရုံက မပို့ပေးတဲ့အတွက် ဒီနေရာ ဒီဋ္ဌာနမှာမွေးကြောင်း သက်သေမခံနိုင်ဘူးဖြစ်နေပြီတော့ ကိုရွှေရိုး အကြံအိုက်နေပါပြီ။ ဒါပေမယ့် စာရေးမ က သူပေးတဲ့ လိပ်စာမှာ သွားရှာကြည့်ဖို့ အကြံပေးတယ်။
.
“ Public Health ” ဆိုတဲ့ဋ္ဌာနကိုရောက်သွားတော့ Jenny Lee ရဲ့ မွေးဖွားကြောင်း အချက်အလက်တွေက အဲဒီနေရာကိုရောက်နေလေရဲ့ …. ။ ဒါပေမယ့် ဒါကိုထုတ်ယူဖို့ မိစုံ ဖစုံ နဲ့ ကလေးကိုပါ ပြန်ပြရတယ်။ သူတို့ပေးတဲ့ဖောင်တွေဖြည့်ပြီး မကြာခင် မွေးစာရင်းထွက်လာတော့မှ ဒီလင် ဒီမယား သက်ပြင်းချနိုင်ပါတော့တယ်။ ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတဲ့ မေးခွန်းကို မမကွမ်း က မကျေမနပ်မေးလိုက်တဲ့အခါ ..
.
ကောင်တာက ရှင်းပြတာက Jenny Lee ဟာ ဆေးရုံက အာမခံဝယ်ထားပြီး ဆေးရုံမှာဗိုက်အပ်ထားရုံမက ဆေးရုံဝန်းအတွင်းမှာ မွေးခဲ့တယ်။ ဒါပေမယ့် ဆေးရုံထဲမှာ စာရင်းသွင်းပြီးမွေးဖွားခဲ့ ( ဆေးရုံတက်ခဲ့ ) တာမဟုတ်တော့ ( ဆေးရုံရောက်ရှိ ) စာရင်းမဝင်ဘူး ဖြစ်သွားတယ်။ အရေးပေါ်အနေနဲ့ အမေနဲ့ကလေးကို မီးတွင်းသန့်ရှင်းရေးလုပ်ပေးလိုက်ရပေမယ့် ဆေးရုံပြင်ပ ( ကားပါကင် ) မှာ မွေးခဲ့တာမို့ ပြင်ပမွေးစာရင်းဝင်သွားပြီး လုပ်ရိုးလုပ်စဉ်မွေးစာရင်းဋ္ဌာနကို ပို့ခွင့်မရှိလို့ “ Public Health ” ဋ္ဌာနကို ရောက်နေရတဲ့အကြောင်း ကောင်းမွန်စွာရှင်းပြပါတယ်။ ဒါကြောင့် “ အမေရိကားမှာ ကလေးမွေးရင် တံခါးဝရောက်မှ မွေးစေချင်တယ် ” .. ။ မွေးစာရင်းရှာရလွယ်အောင် မြန်မာမိသားစုက ချစ်စရာ Jenny Lee ရဲ့  တစ်ကယ့်အဖြစ်အပျက် နဲ့ သတိပေးစကား လက်ဆောင်ပါးလိုက်ပါတယ်။
.
koko2yeye@gmail.com
.
“ ၾကိဳဆုိပါသည္ Jenny Lee ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ဧပရယ္လ ( ၉ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၃၁ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link : http://www.mediafire.com/download/kfb4xlu86b9hp6v/NetGuide+Vol.4%2C+No.31.pdf







No comments: