ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, July 11, 2016

သူငယ္ခ်င္း ေရ .. ( ၃ ) + ( ၄ )

သူငယ္ခ်င္း ေရ .. ( ၃ )

သူငယ္ခ်င္းတုိ႕ေရ ..
မင္းတို႕ဆီကို စာမေရးရတာၾကာေတာ႕ ေရးခ်င္လာတယ္
ဒါေပမယ္႕ ေရးမယ္ၾကံလုိက္တုိင္း ဒီအဂၤလိပ္စာကပဲ ေခါင္းထဲမွာ လာလာၾကပ္ေနတယ္
ဒါကို ထပ္ေရးျပီးေျပာရင္ မင္းတို႕ငါ႕ကိုသတ္ခ်င္ေနမလား ပဲ ..။

မတတ္ႏုိင္ဘူးေလ ေျပာသင္႕တာေတာ႕ ေျပာရမွာပဲ .. မဟုတ္ဘူးလား?
ဒီတစ္ေခါက္ ငါ ရန္ကုန္ေရာက္တုန္းကေျပာခဲ႕သလို
မင္းတို႕ ရန္ကုန္မွာေနေန .. နယ္မွာေနေန .. ျမန္မာႏုိင္ငံတြင္းမွာေနေန .. ဟုိနားဒီနားသြားသြား ..ျပသနာမရွိဘူး။
ငါတုိ႕ရဲ႕အဂၤလိပ္စာက ျပည္ပႏုိင္ငံမထြက္မခ်င္း ျပသနာမရွိေသးဘူး။

ေအး .. ကမၻာ႕အေနာက္ဘက္ျခမ္းဘက္ ေျခတစ္လွမ္းခြာျပီဆိုတာနဲ႕ ထုိင္ဝမ္ေလဆိပ္က ဇာတ္လမ္းစျပီ။ တစ္ဆက္တည္း မင္းတို႕သြားခ်င္တဲ႕၊ သြားမယ္လို႕ရည္ရြယ္ထားတဲ႕
အေနာက္ဘက္ အဂၤလိပ္စကားေျပာတဲ႕ႏုိင္ငံတစ္ခုခုေရာက္ျပီဆုိရင္ နည္းနည္းေတာ႕ ျပင္ရေတာ႕တာပဲကြ..။

အခုပဲၾကည္႕ ..
ငါ႕မွာ ငယ္ငယ္ေလးကတည္းက ငါ႕လုိ အဂၤလိပ္စာ အရမ္းရူးတဲ႕တူတစ္ေယာက္ရွိတယ္ကြ..။ အခု သူ ဒီဘက္ႏုိင္ငံေရာက္ေတာ႕ သိတယ္ေနာ္ .. တတ္တယ္ေနာ္ .. ေျပာဖို႕စိတ္ထဲမွာ ရွိတယ္ေနာ္ .. တစ္ကယ္တန္း လူခ်င္းေတြ႕ေတာ႕ စကားက မထြက္ဘူး။ ဖုန္းထဲမွာ ဘယ္လုိေျပာရမွန္းကို မသိဘူး .. အဲဒါ ငါ႕ေရွ႕တင္..။


သူ႕ကိုခ်ည္းေျပာေနလို႕ ငါကေရာလို႕ မင္းတို႕ေမးခ်င္ေနတယ္ မလား?

ငါ႕တုနး္ကလည္း ေရာက္ခါစ ( ၂ ) လေလာက္မွာကြာ .. အလုပ္ဝင္ရတယ္လည္းဆိုေရာ " ဘုိ " လို တစ္ကယ္ေျပာရေတာ႕မယ္ေပါ႕ ..။ ဘယ္ဟုတ္မလဲ အိႏၵိယသားေတြ နဲ႕ ဒီဘက္က ပဲစားေတြက စကားကို ရိုင္းရိုင္းစိုင္းစိုင္းေျပာ၊ အက်ိဳးအပဲ႕အဂၤလိပ္စကားေတြနဲ႕ .. ဒါတင္ဘယ္ကေသးမလဲ .. အုပ္ခ်ဳပ္သူၾကီးၾကပ္ေရးမွဴးကုိယ္တိုင္က တစ္ခုခုျဖစ္ျပီဆို ေ - ာက္ဂရုမစုိက္ဘူး ဆုိတာကို " I Don't Care " တစ္ခြန္းေျပာျပီး ေျဖရွင္းခြင္႕ကို မေပးဘူးေလ။

အဲဒီမွာ ငါ အႏွစ္ႏွစ္အလလက ေလ႕က်င္႕ထားတဲ႕ ဘုိစကားလည္း ၾကြေတာ႕တာပဲ။ စကားက ထစ္၊ ေျပာရင္ စာလံုးက လည္ပင္းက ညွစ္မထြက္ခ်င္၊ သိေပမယ္႕ တစ္ခုခုေျပာခ်င္ရင္ ျမန္မာကေန အဂၤလိပ္လို ျပန္ေနရတယ္ မလြယ္ေၾကာပါေမာင္ ..။

မင္းစဥ္းစားၾကည္႕ .. မင္းတုိ႕ရဲ႕သားသမီးေတြအသက္က ရပ္ေနတာ မဟုတ္သလို အေနာက္ႏုိင္ငံကိုသြားေနတဲ႕ ျမန္မာလူငယ္ေတြက ေလ်ာ႕သြားတာမဟုတ္ဘူး။ သူုတို႕ကိုကုိေစာင္႕ေရွာက္ဖို႕ ေငြြရွာတဲ႕ မင္းတုိ႕ရဲ႕လုပ္ငန္းက တစ္ျဖည္းျဖည္းၾကီးလာတာနဲ႕အမွ် မင္းတို႕ရဲ႕ အဂၤလိပ္စာကိုေလ႕လာခ်င္စိတ္ - Interest ၊ အဂၤလိပ္စာကိုေလ႕လာႏုိင္စြမ္း - Capability အဲဒါေတြကို မေလ်ာ႕ေစခ်င္ဘူးကြ..။

ဒီတစ္ခါေတာ႕ ငါ႕ကိုဆရာလုပ္တယ္မထင္ပါနဲ႕ေတာ႕။ အေရး - အဖတ္ - အေျပာ ဘယ္ေလာက္ေကာင္းေကာင္း နားေထာင္တာမေကာင္းရင္ လုိက္မမွီဘူး .. ေမာင္ ..။

တစ္ခုေတာ႕ သတိေပးရဦးမယ္။ မင္းတို႕သားသမီးေတြ အဂၤလိပ္ေက်ာင္းထားတာေကာင္းတယ္။ အဂၤလိပ္လိုေျပာတာလည္း ေကာင္းတာပဲ။ ျမန္မာစာလည္း မလြတ္ေစနဲ႕ကြ။ အေရးၾကီးတယ္။

အခါခါ အဆက္ဆက္ ေနာင္တမရဖုိ႕ ငါတုိ႕တစ္သက္တိုက္ပြဲေတြဝင္ခဲ႕ၾကတယ္။ တစ္ကယ္လုိ႕ ကံပါရင္ ေနာင္တစ္ခ်ိန္က်ရင္ မင္းတို႕ ငါတုိ႕ အဘုိးၾကီး အဖြားၾကီးေတြျဖစ္မွ ေနာက္ေကာက္မက်ေစခ်င္ဘူးကြာ..။

အခု အခ်ိန္သိပ္မရလို႕ စာတိုေလးပဲေရးလုိက္တယ္။ ဘာအေရးၾကီးဆံုးလည္းဆိုတာ မင္တို႕သိရင္ ေက်နပ္ပါျပီကြာ။
ခင္တဲ႕
မင္းတုိ႕ရဲ႕
ကုိညီညီ ( ေတာင္ၾကီး )
07-11-2016

Unicode Version:

သူငယ်ချင်း ရေ .. ( ၃ )
 သူငယ်ချင်းတို့ရေ ..
မင်းတို့ဆီကို စာမရေးရတာကြာတော့ ရေးချင်လာတယ်
ဒါပေမယ့် ရေးမယ်ကြံလိုက်တိုင်း ဒီအင်္ဂလိပ်စာကပဲ ခေါင်းထဲမှာ လာလာကြပ်နေတယ်
ဒါကို ထပ်ရေးပြီးပြောရင် မင်းတို့ငါ့ကိုသတ်ချင်နေမလား ပဲ ..။

မတတ်နိုင်ဘူးလေ ပြောသင့်တာတော့ ပြောရမှာပဲ .. မဟုတ်ဘူးလား?
ဒီတစ်ခေါက် ငါ ရန်ကုန်ရောက်တုန်းကပြောခဲ့သလို
မင်းတို့ ရန်ကုန်မှာနေနေ .. နယ်မှာနေနေ .. မြန်မာနိုင်ငံတွင်းမှာနေနေ .. ဟိုနားဒီနားသွားသွား ..ပြသနာမရှိဘူး။
ငါတို့ရဲ့အင်္ဂလိပ်စာက ပြည်ပနိုင်ငံမထွက်မချင်း ပြသနာမရှိသေးဘူး။

အေး .. ကမ္ဘာ့အနောက်ဘက်ခြမ်းဘက် ခြေတစ်လှမ်းခွာပြီဆိုတာနဲ့ ထိုင်ဝမ်လေဆိပ်က ဇာတ်လမ်းစပြီ။ တစ်ဆက်တည်း မင်းတို့သွားချင်တဲ့၊ သွားမယ်လို့ရည်ရွယ်ထားတဲ့
အနောက်ဘက် အင်္ဂလိပ်စကားပြောတဲ့နိုင်ငံတစ်ခုခုရောက်ပြီဆိုရင် နည်းနည်းတော့ ပြင်ရတော့တာပဲကွ..။

အခုပဲကြည့် ..
ငါ့မှာ ငယ်ငယ်လေးကတည်းက ငါ့လို အင်္ဂလိပ်စာ အရမ်းရူးတဲ့တူတစ်ယောက်ရှိတယ်ကွ..။ အခု သူ ဒီဘက်နိုင်ငံရောက်တော့ သိတယ်နော် .. တတ်တယ်နော် .. ပြောဖို့စိတ်ထဲမှာ ရှိတယ်နော် .. တစ်ကယ်တန်း လူချင်းတွေ့တော့ စကားက မထွက်ဘူး။ ဖုန်းထဲမှာ ဘယ်လိုပြောရမှန်းကို မသိဘူး .. အဲဒါ ငါ့ရှေ့တင်..။

သူ့ကိုချည်းပြောနေလို့ ငါကရောလို့ မင်းတို့မေးချင်နေတယ် မလား?

ငါ့တုန်းကလည်း ရောက်ခါစ ( ၂ ) လလောက်မှာကွာ .. အလုပ်ဝင်ရတယ်လည်းဆိုရော " ဘို " လို တစ်ကယ်ပြောရတော့မယ်ပေါ့ ..။ ဘယ်ဟုတ်မလဲ အိန္ဒိယသားတွေ နဲ့ ဒီဘက်က ပဲစားတွေက စကားကို ရိုင်းရိုင်းစိုင်းစိုင်းပြော၊ အကျိုးအပဲ့အင်္ဂလိပ်စကားတွေနဲ့ .. ဒါတင်ဘယ်ကသေးမလဲ .. အုပ်ချုပ်သူကြီးကြပ်ရေးမှူးကိုယ်တိုင်က တစ်ခုခုဖြစ်ပြီဆို ေ - ာက်ဂရုမစိုက်ဘူး ဆိုတာကို " I Don't Care " တစ်ခွန်းပြောပြီး ဖြေရှင်းခွင့်ကို မပေးဘူးလေ။

အဲဒီမှာ ငါ အနှစ်နှစ်အလလက လေ့ကျင့်ထားတဲ့ ဘိုစကားလည်း ကြွတော့တာပဲ။ စကားက ထစ်၊ ပြောရင် စာလုံးက လည်ပင်းက ညှစ်မထွက်ချင်၊ သိပေမယ့် တစ်ခုခုပြောချင်ရင် မြန်မာကနေ အင်္ဂလိပ်လို ပြန်နေရတယ် မလွယ်ကြောပါမောင် ..။

မင်းစဉ်းစားကြည့် .. မင်းတို့ရဲ့သားသမီးတွေအသက်က ရပ်နေတာ မဟုတ်သလို အနောက်နိုင်ငံကိုသွားနေတဲ့ မြန်မာလူငယ်တွေက လျော့သွားတာမဟုတ်ဘူး။ သုတို့ကိုကိုစောင့်ရှောက်ဖို့ ငွေရှာတဲ့ မင်းတို့ရဲ့လုပ်ငန်းက တစ်ဖြည်းဖြည်းကြီးလာတာနဲ့အမျှ မင်းတို့ရဲ့ အင်္ဂလိပ်စာကိုလေ့လာချင်စိတ် - Interest ၊ အင်္ဂလိပ်စာကိုလေ့လာနိုင်စွမ်း - Capability အဲဒါတွေကို မလျော့စေချင်ဘူးကွ..။

ဒီတစ်ခါတော့ ငါ့ကိုဆရာလုပ်တယ်မထင်ပါနဲ့တော့။ အရေး - အဖတ် - အပြော ဘယ်လောက်ကောင်းကောင်း နားထောင်တာမကောင်းရင် လိုက်မမှီဘူး .. မောင် ..။

တစ်ခုတော့ သတိပေးရဦးမယ်။ မင်းတို့သားသမီးတွေ အင်္ဂလိပ်ကျောင်းထားတာကောင်းတယ်။ အင်္ဂလိပ်လိုပြောတာလည်း ကောင်းတာပဲ။ မြန်မာစာလည်း မလွတ်စေနဲ့ကွ။ အရေးကြီးတယ်။

အခါခါ အဆက်ဆက် နောင်တမရဖို့ ငါတို့တစ်သက်တိုက်ပွဲတွေဝင်ခဲ့ကြတယ်။ တစ်ကယ်လို့ ကံပါရင် နောင်တစ်ချိန်ကျရင် မင်းတို့ ငါတို့ အဘိုးကြီး အဖွားကြီးတွေဖြစ်မှ နောက်ကောက်မကျစေချင်ဘူးကွာ..။

အခု အချိန်သိပ်မရလို့ စာတိုလေးပဲရေးလိုက်တယ်။ ဘာအရေးကြီးဆုံးလည်းဆိုတာ မင်တို့သိရင် ကျေနပ်ပါပြီကွာ။

ခင်တဲ့

မင်းတို့ရဲ့

ကိုညီညီ ( တောင်ကြီး )

07-11-2016
.
.
. “ ေျဖေပးပါ သူငယ္ခ်င္းေရ ( ၄ ) ”
. သူငယ္ခ်င္း ေရ ..။ စာမေရးတာၾကာျပီေနာ္။ အခု
Facebook ေပၚလာတဲ႕ေနာက္ပိုင္း ငါတုိ႕တစ္ေယာက္နဲ႕တစ္ေယာက္ အရင္လို ဖုန္းဆက္ဦးဟ၊ သူ႕အိမ္မွာလူရွိလား စက္ဘီးစီးသြားၾကည္႕ဦးဟ ဆုိတာမ်ိဳးမလုိေတာ႕ဘူး။ မင္းတို႕ပံုေတြငါေတြ႕လို႕ Like ခ်င္လည္း Like မယ္။ မ Like ခ်င္လည္း မ Like ဘူး . . မင္းလည္းမသိဘူးေလ။ ဒီေတာ႕ တစ္ေယာက္နဲ႕တစ္ေယာက္ ဒါမွမဟုတ္ အဖြဲ႕လုိက္ လူခ်င္းေတြ႕ဆံုဖို႕ဆုိတာ ခက္လာၾကတယ္မဟုတ္လား . .။
.
. အခု ငါျဖစ္ေနတာက အရင္က မင္းတို႕ကိုေျပာခဲ႕သလို သားသမီးေတြအေျခက်ရင္ ရန္ကုန္ျပန္လာျပီးအလုပ္လုပ္ဖို႕ဆိုတာေလ . . အဲဒါ မင္းတို႕ဆီမွာ အေျခအေနဘယ္လုိရွိသလဲဆုိတာ ငါသိခ်င္တယ္။ ငါတစ္ေခါက္ျပန္တုန္းက ( တစ္ေခါက္မကေတာ႕ပါဘူး ) ငါ႕ကိုအလုပ္တြဲလုပ္ဖို႕ေခၚတဲ႕သူေတြရွိတယ္။ သူတုိ႕က ငါဟာ အိမ္ႏုိင္ငံျပန္အလုပ္လုပ္ဖို႕ ေနာက္ေတာင္က်ေနျပီလို႕ ေျပာတယ္ကြ။
.
.
. ဟုတ္ေတာ႕လည္း ဟုတ္ပါတယ္ေလ။ အခုပဲ ( ၄ဝ ) ေက်ာ္ ေနာက္က်ပိုင္းေရာက္ေနျပီ။ ဒီအသက္အရြယ္နဲ႕ ငါက ဘယ္သူနဲ႕ဘယ္လိုသြားျပိဳင္ႏုိင္မွာလဲလို႕ သူတို႕ေတြးျမင္ၾကတယ္ထင္ပါတယ္။ ဒါေပမယ္႕ မင္းကိုတစ္ခုေမးၾကည္႕မယ္။ အခုေခတ္စစ္ေတြျဖစ္တာ စီးခ်င္းထုိးသလား? လူလူခ်င္းမ်က္ႏွာခ်င္းဆိုင္ပစ္ေသးလား? ပစ္တဲ႕ေနရာေတာ႕ပစ္ေနတယ္ဆုိတာ ငါသိပါတယ္။
.
. ဒါေပမယ္႕ ငါေျပာခ်င္တာက အေဝးကေနလွမ္းလုပ္လုိ႕ရတဲ႕အလုပ္တို႕၊ အီးေမးလ္ကေန ျပီးတဲ႕အလုပ္ကိုလွမ္းတင္လို႕ရတဲ႕အေနအထားတို႕ ရွိလာျပီဆိုေတာ႕ ငါ႕အတြက္ “ ေနရာက်န္ေသးလား ” ဆိုတာ သိခ်င္မိတယ္။ ဦးေႏွာက္သံုးျပီးလုပ္လုိ႕ရတဲ႕အလုပ္မ်ိဴး ငါလုပ္ႏုိင္ေသးတယ္။
.
.
. မင္းသိတဲ႕အတိုင္း ငါက အလုပ္လုပ္ရင္ ျပတ္သားတယ္။ ရဲရင္႕တယ္။ အျမတ္အစြန္းထက္ တစ္ဖက္သားအက်ိဳးမယုတ္ေအာင္ အျမဲၾကံေဆာင္တယ္။ ဒါေၾကာင္႕ပဲလားေတာ႕မေျပာတတ္ဘူး . . အခုထိ ငါ သူေ႒းမျဖစ္ခဲ႕ဘူးေလကြယ္။ ဒါေပမယ္႕ ငါလုပ္ခဲ႕သမွ်ေတြမွာ ငါေျပာရဲတယ္ . . ရာဇဝတ္မႈ မလုပ္ခဲ႕ဘူး။ မူးယစ္ေဆးဝါး မလုပ္ခဲ႕ဘူး။ သက္ရွိသတၱဝါေတ ြကုန္မကူးခဲ႕ဘူး။ သူတပါးကို ဖ်ံမက်ခဲ႕ဘူး။ ေနာက္ဆံုး ေလာင္းကစားပါ မလုပ္ခဲ႕ဘူးကြာ။ ဒါေတြအားလံုးက ဘုရားတားထားတဲ႕အထဲကအနည္းအက်ဥ္းေလးပါ။ ခ်ဲ႕မယ္ဆုိရင္ ေနာက္ထပ္အမ်ားၾကီးက်န္ေသးတယ္။
.
. ဒီဘက္ႏုိင္ငံမွာ ေခတၱေသာင္တင္ေနတဲ႕ငါ႕ဘဝကို “ မင္း ဘာလုပ္ေနတာလဲ ” လို႕ ငါ႕ကိုယ္ငါ မၾကာမၾကာေမးမိတယ္။ တစ္ကယ္တမ္းေတာ႕ ငါ အေျဖမရဘူးကြာ။ မင္း နဲ႕ မင္းသူငယ္ခ်င္းတုိ႕ လုပ္ငန္းအသစ္ေတြ၊ အိမ္အသစ္ေတြ ခ်ဲ႕ေန . . တက္ေနတဲ႕အခ်ိန္မွာ ငါက ဒီမွာ အိမ္ငွားကေန မတက္ဘူးကြ။ ဒီမွာရတဲ႕ေငြေၾကးကလည္း အသံုးစားရိတ္ထဲ ပါသြားတာမ်ားတယ္။
.
.
. ျပီးေတာ႕ မင္းကေမးဦးမယ္ “ ငါတုိ႕ ဆင္းရဲသလား ” လို႕ေပါ႕။ အခုလို လုပ္လုပ္စားစားျဖစ္ေနလို႕ ဆင္းရဲလား ဆိုေတာ႕ မဆင္းရဲျပန္ဘူး။ ဟုိး ဆန္ဖရန္ တို႕ ဟုိး နယူးေယာက္တုိ႕ ျမိဳ႕ၾကီးေတြရဲ႕ မျမင္ခ်င္မွအဆံုးအိမ္ေျခမဲ႕ေတြလိုေတာ႕ ဘယ္ဆင္းရဲပါ႕မလဲ။ ဒါေပမယ္႕ ေငြမပိုဘူးလို႕ေျပာခ်င္တာ။
.
. ဒါဆုိ မင္းကို ငါတစ္ခုေမးခ်င္တယ္ “ ငါ အလုပ္ျပန္လာလုပ္ရင္ ရဦးမလား သူငယ္ခ်င္း ” ။ မင္းက အျမင္ရွိတယ္ဆုိေတာ႕ ငါ႕ရင္ထဲမွာ မတင္မက်ျဖစ္ေနတဲ႕ အၾကပ္အတည္းကို သိသေလာက္ ေျဖေပးၾကည္႕ပါဦး။ ဒါေပမယ္႕ ေငြဘယ္ေလာက္ယူလာမွာလဲ တုိ႕၊ ဘာလုပ္ငန္းလုပ္မွာလဲ တုိ႕ မေမးေၾကး။ မင္းသိတဲ႕အတိုင္း ငါက ဘာလုပ္မယ္ဆုိတာ ၾကိဳေျပာတတ္တဲ႕လူတစ္ေယာက္မဟုတ္ဘူးေနာ္။
.
.
. ဘာပဲျဖစ္ျဖစ္ မင္းတို႕မိသားစုေတြအားလံုး စီးပြားခ်မ္းသာစည္ပင္ဝေျပာေနတာၾကားရေတြ႕ရလို႕ ငါကုိယ္တုိင္ခ်မ္းသာတာထက္ ပီတိျဖစ္ရပါတယ္။ ဆက္လက္ျပီးလည္း အဆင္ေျပမယ္ဆုိတာ ငါသိတယ္။ ဒါနဲ႕ စကားမစပ္ မင္း ရဲ႕ သား နဲ႕ သမီးတုိ႕ အေမရိကားေက်ာင္းလာထားမယ္ဆိုတာ နီးျပီလား? ငါ႕သမီးနဲ႕သားက တစ္ေယာက္ကေက်ာင္းျပီးခါနီးလို႕ ေနာက္တစ္ေယာက္က ေက်ာင္းၾကီးတက္ရေတာ႕မယ္။ မင္းနဲ႕အဆက္ျပတ္ေနလို႕ေျပာျပတာ။
.
. သတိရရင္ စာေရးဦးကြာ . .။
.
. ခင္လ်က္
.
. ကိုညီညီ ( ေတာင္ၾကီး )
. 03-14-2017
.
.
Unicode Version:
.
.
. “ ဖြေပေးပါ သူငယ်ချင်းရေ ( ၄ ) ”
. သူငယ်ချင်း ရေ ..။ စာမရေးတာကြာပြီနော်။ အခု Facebook ပေါ်လာတဲ့နောက်ပိုင်း ငါတို့တစ်ယောက်နဲ့တစ်ယောက် အရင်လို ဖုန်းဆက်ဦးဟ၊ သူ့အိမ်မှာလူရှိလား စက်ဘီးစီးသွားကြည့်ဦးဟ ဆိုတာမျိုးမလိုတော့ဘူး။ မင်းတို့ပုံတွေငါတွေ့လို့ Like ချင်လည်း Like မယ်။ မ Like ချင်လည်း မ Like ဘူး . . မင်းလည်းမသိဘူးလေ။ ဒီတော့ တစ်ယောက်နဲ့တစ်ယောက် ဒါမှမဟုတ် အဖွဲ့လိုက် လူချင်းတွေ့ဆုံဖို့ဆိုတာ ခက်လာကြတယ်မဟုတ်လား . .။
.
. အခု ငါဖြစ်နေတာက အရင်က မင်းတို့ကိုပြောခဲ့သလို သားသမီးတွေအခြေကျရင် ရန်ကုန်ပြန်လာပြီးအလုပ်လုပ်ဖို့ဆိုတာလေ . . အဲဒါ မင်းတို့ဆီမှာ အခြေအနေဘယ်လိုရှိသလဲဆိုတာ ငါသိချင်တယ်။ ငါတစ်ခေါက်ပြန်တုန်းက ( တစ်ခေါက်မကတော့ပါဘူး ) ငါ့ကိုအလုပ်တွဲလုပ်ဖို့ခေါ်တဲ့သူတွေရှိတယ်။ သူတို့က ငါဟာ အိမ်နိုင်ငံပြန်အလုပ်လုပ်ဖို့ နောက်တောင်ကျနေပြီလို့ ပြောတယ်ကွ။
.
.
. ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ အခုပဲ ( ၄ဝ ) ကျော် နောက်ကျပိုင်းရောက်နေပြီ။ ဒီအသက်အရွယ်နဲ့ ငါက ဘယ်သူနဲ့ဘယ်လိုသွားပြိုင်နိုင်မှာလဲလို့ သူတို့တွေးမြင်ကြတယ်ထင်ပါတယ်။ ဒါပေမယ့် မင်းကိုတစ်ခုမေးကြည့်မယ်။ အခုခေတ်စစ်တွေဖြစ်တာ စီးချင်းထိုးသလား? လူလူချင်းမျက်နှာချင်းဆိုင်ပစ်သေးလား? ပစ်တဲ့နေရာတော့ပစ်နေတယ်ဆိုတာ ငါသိပါတယ်။
.
. ဒါပေမယ့် ငါပြောချင်တာက အဝေးကနေလှမ်းလုပ်လို့ရတဲ့အလုပ်တို့၊ အီးမေးလ်ကနေ ပြီးတဲ့အလုပ်ကိုလှမ်းတင်လို့ရတဲ့အနေအထားတို့ ရှိလာပြီဆိုတော့ ငါ့အတွက် “ နေရာကျန်သေးလား ” ဆိုတာ သိချင်မိတယ်။ ဦးနှောက်သုံးပြီးလုပ်လို့ရတဲ့အလုပ်မျိူး ငါလုပ်နိုင်သေးတယ်။
.
.
. မင်းသိတဲ့အတိုင်း ငါက အလုပ်လုပ်ရင် ပြတ်သားတယ်။ ရဲရင့်တယ်။ အမြတ်အစွန်းထက် တစ်ဖက်သားအကျိုးမယုတ်အောင် အမြဲကြံဆောင်တယ်။ ဒါကြောင့်ပဲလားတော့မပြောတတ်ဘူး . . အခုထိ ငါ သူဋ္ဌေးမဖြစ်ခဲ့ဘူးလေကွယ်။ ဒါပေမယ့် ငါလုပ်ခဲ့သမျှတွေမှာ ငါပြောရဲတယ် . . ရာဇဝတ်မှု မလုပ်ခဲ့ဘူး။ မူးယစ်ဆေးဝါး မလုပ်ခဲ့ဘူး။ သက်ရှိသတ္တဝါတေ ွကုန်မကူးခဲ့ဘူး။ သူတပါးကို ဖျံမကျခဲ့ဘူး။ နောက်ဆုံး လောင်းကစားပါ မလုပ်ခဲ့ဘူးကွာ။ ဒါတွေအားလုံးက ဘုရားတားထားတဲ့အထဲကအနည်းအကျဉ်းလေးပါ။ ချဲ့မယ်ဆိုရင် နောက်ထပ်အများကြီးကျန်သေးတယ်။
.
. ဒီဘက်နိုင်ငံမှာ ခေတ္တသောင်တင်နေတဲ့ငါ့ဘဝကို “ မင်း ဘာလုပ်နေတာလဲ ” လို့ ငါ့ကိုယ်ငါ မကြာမကြာမေးမိတယ်။ တစ်ကယ်တမ်းတော့ ငါ အဖြေမရဘူးကွာ။ မင်း နဲ့ မင်းသူငယ်ချင်းတို့ လုပ်ငန်းအသစ်တွေ၊ အိမ်အသစ်တွေ ချဲ့နေ . . တက်နေတဲ့အချိန်မှာ ငါက ဒီမှာ အိမ်ငှားကနေ မတက်ဘူးကွ။ ဒီမှာရတဲ့ငွေကြေးကလည်း အသုံးစားရိတ်ထဲ ပါသွားတာများတယ်။
.
.
. ပြီးတော့ မင်းကမေးဦးမယ် “ ငါတို့ ဆင်းရဲသလား ” လို့ပေါ့။ အခုလို လုပ်လုပ်စားစားဖြစ်နေလို့ ဆင်းရဲလား ဆိုတော့ မဆင်းရဲပြန်ဘူး။ ဟိုး ဆန်ဖရန် တို့ ဟိုး နယူးယောက်တို့ မြို့ကြီးတွေရဲ့ မမြင်ချင်မှအဆုံးအိမ်ခြေမဲ့တွေလိုတော့ ဘယ်ဆင်းရဲပါ့မလဲ။ ဒါပေမယ့် ငွေမပိုဘူးလို့ပြောချင်တာ။
.
. ဒါဆို မင်းကို ငါတစ်ခုမေးချင်တယ် “ ငါ အလုပ်ပြန်လာလုပ်ရင် ရဦးမလား သူငယ်ချင်း ” ။ မင်းက အမြင်ရှိတယ်ဆိုတော့ ငါ့ရင်ထဲမှာ မတင်မကျဖြစ်နေတဲ့ အကြပ်အတည်းကို သိသလောက် ဖြေပေးကြည့်ပါဦး။ ဒါပေမယ့် ငွေဘယ်လောက်ယူလာမှာလဲ တို့၊ ဘာလုပ်ငန်းလုပ်မှာလဲ တို့ မမေးကြေး။ မင်းသိတဲ့အတိုင်း ငါက ဘာလုပ်မယ်ဆိုတာ ကြိုပြောတတ်တဲ့လူတစ်ယောက်မဟုတ်ဘူးနော်။
.
.
. ဘာပဲဖြစ်ဖြစ် မင်းတို့မိသားစုတွေအားလုံး စီးပွားချမ်းသာစည်ပင်ဝပြောနေတာကြားရတွေ့ရလို့ ငါကိုယ်တိုင်ချမ်းသာတာထက် ပီတိဖြစ်ရပါတယ်။ ဆက်လက်ပြီးလည်း အဆင်ပြေမယ်ဆိုတာ ငါသိတယ်။ ဒါနဲ့ စကားမစပ် မင်း ရဲ့ သား နဲ့ သမီးတို့ အမေရိကားကျောင်းလာထားမယ်ဆိုတာ နီးပြီလား? ငါ့သမီးနဲ့သားက တစ်ယောက်ကကျောင်းပြီးခါနီးလို့ နောက်တစ်ယောက်က ကျောင်းကြီးတက်ရတော့မယ်။ မင္းနဲ႕အဆက္ျပတ္ေနလို႕ေျပာျပတာ။
.
. သတိရရင် စာရေးဦးကွာ . .။
.
. ခင်လျက်
.
. ကိုညီညီ ( တောင်ကြီး )
. 03-14-2017


No comments: