ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, May 14, 2017

အေမရိကားေရာက္ မကၠဆီကန္ၾကီးရဲ႕ အေမမ်ားေန႕သဲကႏၱာရခရီး

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )

. ျမန္မာႏိုင္ငံတစ္ခုလံုးရဲ ႔ဧရိယာစတုရန္းမိုင္ထက္ႀကီးမားက်ယ္ျပန္႔တဲ့ ကယ္လီဖိုးနီးယားျပည္နယ္ဟာ တစ္ခ်ိန္က မကၠဆီကိုႏိုင္ငံပိုင္ေျမလို႔ေျပာၾကတယ္။ ဒါေၾကာင့္ အေမရိကန္ နဲ႔ မကၠဆီကိုအၾကား အိမ္ဦးနဲ႔ၾကမ္းျပင္လိုျဖစ္ေနတဲ့ မကၠဆီကန္ေတြအတြက္ေတာ႔ အရီဇိုးနားျပည္နယ္ဟာ အိမ္ဦး၊ ေလာ႔အိမ္႔ဂ်လိစ္ျမိဳ႕ေလးဟာ ၾကမ္းျပင္ပါပဲ။
.
. ႏွစ္စဥ္ ေမလ ရဲ ႔ ဒုတိယပတ္ တနဂၤေႏြေန႔ေရာက္တိုင္း အေမရိကားမွာ အေမမ်ားေန႔ - Mother's Day ကို အေမရိကန္လူမ်ိဳးေတြကိုယ္စီကိုယ္င ပါဝင္ဆင္ႏႊဲၾကေပမယ့္ မကၠဆီကန္ေတြက သူတို႔ႏိုင္ငံမွာ ရက္မေျပာင္းလဲပဲက်ေရာက္တဲ႔ ေမလ ( ၁ဝ ) ရက္ေန႔ကို အျမတ္တႏိုးတန္ဖိုးထားၾကတယ္။ ခက္တာက တနဂၤေႏြေန႔မဟုတ္ေတာ့ အလုပ္မပိတ္ၾကတာပါ။ 
.
.
. ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ မကၠဆီကန္အေမမ်ားေန႔မွာ လူငယ္တစ္ေယာက္ လက္ထဲမွာ ပန္းစည္းၾကီးကိုင္ထားတာျမင္မိေတာ့ ဘယ္ေလာက္ေပးရသလဲလို႔ ေမးမိတယ္။ " $9 " လဲဆိုေရာ ေတာ္ေတာ္သက္သာတာေပါ႔ လို႔ မွတ္ခ်က္ျပဳမိေတာ႔ " ကြၽန္ေတာ္က ေဟာ္တယ္မွာ အလုပ္လုပ္တယ္။ မနက္အေစာႀကီးကတည္းက ေရာင္းဖို႔ပန္းေတြျပင္ထားရတာ။ ဦးဦးဖ်ားဖ်ား လွေပ႔ဆိုတဲ့ ပန္းစည္းၾကီးကိုေရြးဝယ္ထားျပီး အေမ႔ကို Surprise , Surprise လုပ္ဖို႔ အခုထြက္လာတာ။ သင္တန္းရွိတာကိုဖ်က္ၿပီး အေမမသိေအာင္ အိမ္ျပန္ၿပီး အံ့ၾသေအာင္ လုပ္မလို႔ " ဆိုၿပီး ျပန္ေျဖပါတယ္။ 

.
. တကယ္ေတြးၾကည္႔ေတာ႔ အေမရိကားမွာက်င္းပတဲ႔ ဘယ္လိုအမွတ္တရပြဲ မဆို " ေစ်းေရာင္း ေစ်းဝယ္ - Shopping " မပါလို႔မရဘူးဆိုတာ ေသခ်ာေနတယ္ေလ။ ေလွ်ာ႔ေစ်းဆိုၿပီး ေရာင္းတယ္ . . ေစ်းသက္သာလို႔ ဝယ္တယ္ . . အခ်ိန္အခါလိုက္ၿပီး စီးပြားရွာၾကတယ္။ ဒီၾကားထဲမွာ အေမေတြက အသိအမွတ္ျပဳခံရတယ္။ Win-Win-Win ဆုိတဲ႕ အေမရိကန္စကားအတုိင္း အားလံုးနိုင္တဲ႔ ကိစၥတစ္ခုပါပဲ။ 
.
.
. အရင္းစစ္ေတာ႕ အေၾကာင္းရင္းကအေျခခံ ဆိုသလို ဒီေျမေပၚကလူေတြကအလုပ္မ်ားၾကေတာ႕ ရွာရွာၾကံၾကံ အားလပ္ရက္လိုခ်င္ၾကတယ္။ ( ၅ ) ရက္လံုးလံုးပင္ပန္းထားသမွ် စေန၊ တနဂၤေႏြ ( ၂ ) ရက္မွာ အိပ္ယာေပၚမွာ ေျခပစ္လက္ပစ္အိပ္ခ်င္အိပ္၊ ဒီလိုမွမဟုတ္ရင္ လိုခ်င္တာအကုန္လံုးကားေပၚတင္ မနက္ ( ၈ ) နာရီေလာက္ကို တစ္အိမ္လံုးအကုန္လိုက္ႏိႈးျပီး ဖရီးေဝးလမ္းေပၚတက္၊ ေမာင္းၾက၊ ရပ္ၾက၊ အိမ္သာတက္ၾက၊ စားၾက ေသာက္ၾက နဲ႕ အေဝးဆံုးကိုကားေမာင္းျပီးထြက္ၾကတယ္။ 
.
. ကြ်န္ေတာ္သိတဲ႕ မကၠဆီကန္တစ္ေယာက္ကေတာ႕ မကၠဆီကုိႏိုင္ငံက အေမ႕အိမ္ကုိမျပန္တာ ( ၅ ) ႏွစ္ရွိပါျပီလို႕ ဆုိတယ္။ ဒီႏွစ္ေတာ႕ အေမ႕ကိုအေၾကာင္းျပဳျပီး ေလာ႔အိမ္႔ဂ်လိစ္ျမိဳ႕ကေန နယ္စပ္အထိကုိ ( ၅ ) နာရီၾကာေအာင္ ကားေမာင္းျပီး သြားခ်င္ပါသတဲ႕ . .။ 
.
.
. ကြ်န္ေတာ္တို႕ငယ္ငယ္က ေကာင္းဘြိဳင္ရုပ္ရွင္ထဲမွာၾကည္႕ရတဲ႕ လမ္းတစ္ဖက္တစ္ခ်က္မွာ ေလတဟူးဟူးတုိက္ေနတဲ႕ သဲကႏၱာရအလယ္မွာ ခံတံမ်ဥ္းႏွစ္ေၾကာင္းအျပိဳင္ဆြဲထားသလို ကားလမ္းမွ်င္မွ်င္ေလးတစ္ေလွ်ာက္ ရွားေစာင္းပင္နဲ႕ခပ္ဆင္ဆင္ Elephant Tree ရဲ႕ ပုခံုးသားနားေပၚမွာလွမ္းၾကိဳေနတဲ႕ အေမ႕မ်က္ႏွာေလးကိုမွန္းျမင္ျပီးေမာင္းရတာ သူ႕ဘဝမွာ ဘာနဲ႕မွမလဲႏိုင္ပါဘူးတဲ႕ေလ။
.
. တစ္နယ္စီျခားေနေပမယ္႕ ရင္တြင္းကစကားေတြကို အေမ႕အပါး ဖြင္႕ဟထားဖို႕အေရးေတြးျပီး သူေမာင္းေနမယ္႕ကားေလးဟာ ဖုန္လံုးထုၾကီးထဲမွာ ဟုိဘက္တလွိမ္႕လွိမ္႕ ဒီဘက္တလွိမ္႕လွိမ္႕ နဲ႕ ပုခက္သံညံေနမွာျဖင္႕ ကြ်န္ေတာ႕နားထဲမွာ ၾကားေယာင္ေနပါေတာ႕တယ္။
.
.
. ခင္လ်က္
.
. ကိုညီညီ ( ေတာင္ၾကီး )
. 05-14-2017
.
.
Unicode Version:
.
.
. " အမေရိကားရောက် မက္ကဆီကန်ကြီးရဲ့ အမေများနေ့သဲကန္တာရခရီး "
. မြန်မာနိုင်ငံတစ်ခုလုံးရဲ့ဧရိယာစတုရန်းမိုင်ထက်ကြီးမားကျယ်ပြန့်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်ဟာ တစ်ချိန်က မက္ကဆီကိုနိုင်ငံပိုင်မြေလို့ပြောကြတယ်။ ဒါကြောင့် အမေရိကန် နဲ့ မက္ကဆီကိုအကြား အိမ်ဦးနဲ့ကြမ်းပြင်လိုဖြစ်နေတဲ့ မက္ကဆီကန်တွေအတွက်တော့ အရီဇိုးနားပြည်နယ်ဟာ အိမ်ဦး၊ လော့အိမ့်ဂျလိစ်မြို့လေးဟာ ကြမ်းပြင်ပါပဲ။
.
. နှစ်စဉ် မေလ ရဲ့ ဒုတိယပတ် တနင်္ဂနွေနေ့ရောက်တိုင်း အမေရိကားမှာ အမေများနေ့ - Mother's Day ကို အမေရိကန်လူမျိုးတွေကိုယ်စီကိုယ်င ပါဝင်ဆင်နွှဲကြပေမယ့် မက္ကဆီကန်တွေက သူတို့နိုင်ငံမှာ ရက်မပြောင်းလဲပဲကျရောက်တဲ့ မေလ ( ၁ဝ ) ရက်နေ့ကို အမြတ်တနိုးတန်ဖိုးထားကြတယ်။ ခက်တာက တနင်္ဂနွေနေ့မဟုတ်တော့ အလုပ်မပိတ်ကြတာပါ။ 
.
.
. ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ မက္ကဆီကန်အမေများနေ့မှာ လူငယ်တစ်ယောက် လက်ထဲမှာ ပန်းစည်းကြီးကိုင်ထားတာမြင်မိတော့ ဘယ်လောက်ပေးရသလဲလို့ မေးမိတယ်။ " $9 " လဲဆိုရော တော်တော်သက်သာတာပေါ့ လို့ မှတ်ချက်ပြုမိတော့ " ကျွန်တော်က ဟော်တယ်မှာ အလုပ်လုပ်တယ်။ မနက်အစောကြီးကတည်းက ရောင်းဖို့ပန်းတွေပြင်ထားရတာ။ ဦးဦးဖျားဖျား လှပေ့ဆိုတဲ့ ပန်းစည်းကြီးကိုရွေးဝယ်ထားပြီး အမေ့ကို Surprise , Surprise လုပ်ဖို့ အခုထွက်လာတာ။ သင်တန်းရှိတာကိုဖျက်ပြီး အမေမသိအောင် အိမ်ပြန်ပြီး အံ့ဩအောင် လုပ်မလို့ " ဆိုပြီး ပြန်ဖြေပါတယ်။ 
.
. တကယ်တွေးကြည့်တော့ အမေရိကားမှာကျင်းပတဲ့ ဘယ်လိုအမှတ်တရပွဲ မဆို " ဈေးရောင်း ဈေးဝယ် - Shopping " မပါလို့မရဘူးဆိုတာ သေချာနေတယ်လေ။ လျှော့ဈေးဆိုပြီး ရောင်းတယ် . . ဈေးသက်သာလို့ ဝယ်တယ် . . အချိန်အခါလိုက်ပြီး စီးပွားရှာကြတယ်။ ဒီကြားထဲမှာ အမေတွေက အသိအမှတ်ပြုခံရတယ်။ Win-Win-Win ဆိုတဲ့ အမေရိကန်စကားအတိုင်း အားလုံးနိုင်တဲ့ ကိစ္စတစ်ခုပါပဲ။ 
.
.
. အရင်းစစ်တော့ အကြောင်းရင်းကအခြေခံ ဆိုသလို ဒီမြေပေါ်ကလူတွေကအလုပ်များကြတော့ ရှာရှာကြံကြံ အားလပ်ရက်လိုချင်ကြတယ်။ ( ၅ ) ရက်လုံးလုံးပင်ပန်းထားသမျှ စနေ၊ တနင်္ဂနွေ ( ၂ ) ရက်မှာ အိပ်ယာပေါ်မှာ ခြေပစ်လက်ပစ်အိပ်ချင်အိပ်၊ ဒီလိုမှမဟုတ်ရင် လိုချင်တာအကုန်လုံးကားပေါ်တင် မနက် ( ၈ ) နာရီလောက်ကို တစ်အိမ်လုံးအကုန်လိုက်နှိုးပြီး ဖရီးဝေးလမ်းပေါ်တက်၊ မောင်းကြ၊ ရပ်ကြ၊ အိမ်သာတက်ကြ၊ စားကြ သောက်ကြ နဲ့ အဝေးဆုံးကိုကားမောင်းပြီးထွက်ကြတယ်။ 
.
. ကျွန်တော်သိတဲ့ မက္ကဆီကန်တစ်ယောက်ကတော့ မက္ကဆီကိုနိုင်ငံက အမေ့အိမ်ကိုမပြန်တာ ( ၅ ) နှစ်ရှိပါပြီလို့ ဆိုတယ်။ ဒီနှစ်တော့ အမေ့ကိုအကြောင်းပြုပြီး လော့အိမ့်ဂျလိစ်မြို့ကနေ နယ်စပ်အထိကို ( ၅ ) နာရီကြာအောင် ကားမောင်းပြီး သွားချင်ပါသတဲ့ . .။ 
.
.
. ကျွန်တော်တို့ငယ်ငယ်က ကောင်းဘွိုင်ရုပ်ရှင်ထဲမှာကြည့်ရတဲ့ လမ်းတစ်ဖက်တစ်ချက်မှာ လေတဟူးဟူးတိုက်နေတဲ့ သဲကန္တာရအလယ်မှာ ခံတံမျဉ်းနှစ်ကြောင်းအပြိုင်ဆွဲထားသလို ကားလမ်းမျှင်မျှင်လေးတစ်လျှောက် ရှားစောင်းပင်နဲ့ခပ်ဆင်ဆင် Elephant Tree ရဲ့ ပုခုံးသားနားပေါ်မှာလှမ်းကြိုနေတဲ့ အမေ့မျက်နှာလေးကိုမှန်းမြင်ပြီးမောင်းရတာ သူ့ဘဝမှာ ဘာနဲ့မှမလဲနိုင်ပါဘူးတဲ့လေ။
.
. တစ်နယ်စီခြားနေပေမယ့် ရင်တွင်းကစကားတွေကို အမေ့အပါး ဖွင့်ဟထားဖို့အရေးတွေးပြီး သူမောင်းနေမယ့်ကားလေးဟာ ဖုန်လုံးထုကြီးထဲမှာ ဟိုဘက်တလှိမ့်လှိမ့် ဒီဘက်တလှိမ့်လှိမ့် နဲ့ ပုခက်သံညံနေမှာဖြင့် ကျွန်တော့နားထဲမှာ ကြားယောင်နေပါတော့တယ်။
.
.
. ခင်လျက်
.
. ကိုညီညီ ( တောင်ကြီး )
. 05-14-2017

No comments: