ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, September 22, 2018

L.A (သို႕မဟုတ္) I-405 က်ိမ္စာ

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)

.
. ေလာ႕အိမ္႕ဂ်လိစ္ျမိဳ႕ကို အခုတစ္ခါနဲ႕ပါဆိုရင္ ေရာက္ဖူးတာ (၅) ၾကိမ္ေလာက္ရွိေတာ႕မယ္ . . မေျပာင္းလဲတာကေတာ႕ ကားလမ္းပိတ္မႈ - Traffic ပါပဲ။ ျမိဳ႕တစ္ျမိဳ႕မွာ ျမိဳ႕ေနလူထုရဲ႕စိတ္အေျခအေနကုိသိခ်င္ရင္ ျမိဳ႕ခံေတြရင္ဆုိင္ေနရတဲ႕ ေန႕စဥ္လမ္းေတြေပၚမွာ ကားေတြရဲ႕စီးဆင္းမႈကိုထည္႕တြက္ၾကည္႕ဖို႕လိုပါတယ္။ ဒီစာစုေလးက ကြ်န္ေတာ႕လုိဧည္႕သည္တစ္ေယာက္ရဲ႕ အေမရိကန္ႏုိင္ငံ၊ ကယ္လီဖိုးနီးယားျပည္နယ္ရဲ႕ အစည္ကားဆံုးထဲကတစ္ျမိဳ႕ျဖစ္တဲ႕ Los Angeles ျမိဳ႕ရဲ႕ ရီဗ်ဴးလို႕ေတာ႕ မမွတ္ယူေစခ်င္ပါဘူး။
.
. ဆန္ဖရန္စစၥကုိျမိဳ႕ပင္လယ္ေအာ္ေဒသ - Bay Area ဘက္ကေန L.A ကုိ ကားေမာင္းျပီးသြားမယ္ဆိုရင္ ထင္ရွားတဲ႕ အျမန္လမ္းနာမယ္က US Interstate 5 ပါ။ ဒီေနရာမွာ အင္တာစတိတ္ဆိုတဲ႕စကားကိုရွင္းျပခ်င္ပါတယ္။ ကားလမ္းေတြ အျမန္လမ္းေတြေမာင္းသြားရင္ တစ္ျပည္နယ္နဲ႕တစ္ျပည္နယ္ကူးသန္းသြားလာဖို႕ေဖာက္ထားတဲ႕အျမန္လမ္း - Freeway ေတြကုိ Interstate လုိ႕ေခၚပါတယ္။ ျမန္မာႏိုင္ငံရဲ႕ေနျပည္ေတာ္အျမန္လမ္းဟာလည္း ျပည္နယ္တစ္ခုထက္မကဆက္သြယ္ေပးထားလို႕ Interstate Freeway တစ္ခုျဖစ္ပါတယ္။
.
.
. သနားစရာေကာင္းတာက US Interstate 5 ဟာ တစ္ဘက္တစ္ခ်က္မွာ ကား (၂) စီးသာသြားလို႕ရမယ္႕ ျမန္မာႏိုင္ငံကလမ္းနဲ႕ဆင္တူေနတာပါပဲ။ ဒါေၾကာင္႕ အျမန္ႏႈန္းနည္းတဲ႕ကားကညာဘက္ကေမာင္းေနရင္း ေက်ာ္ခ်င္တဲ႕ကားက ဘယ္ဘက္ကေန ေက်ာ္တက္ေနၾကတာေတြ႕ေနရတာေပါ႕။ ဒါေပမယ္႕ သိေတာ္မူၾကတဲ႕အတုိင္း ေက်ာ္တက္ဖို႕အျမဲစိတ္ကူးေနၾကတဲ႕ ကားေမာင္းသမားေတြက ဘယ္ဘက္အေၾကာမွာေမာင္းေနၾကေလေတာ႕ ကားေတြကုိ ညာဘက္ေၾကာကေနေက်ာ္တက္တာေတြေတြ႕လာရတဲ႕အခါ ငယ္ငယ္တုန္းကေမာင္းခဲ႕တဲ႕ မိတၱီလာ-ရန္ကုန္ကားလမ္းကိုအျမဲလိုလုိသတိရမိပါတယ္။
.
. ကားလမ္းေျဖာင္႕တဲ႕အခါ ေမာင္းသူက အိပ္ငိုက္တတ္တယ္။ ေနာက္ျပီး ေျပာင္းစရာလမ္းနည္းတဲ႕အခါ လမ္းခ်ိန္းစရာမလိုအပ္တဲ႕အတြက္ သတိနည္းတတ္ျပီး လမ္းရွင္းေပမယ္႕ အႏၱရာယ္ဆုိတာ အျမဲက်ေရာက္တတ္တယ္။ ဒီဘက္ႏုိင္ငံအေမရိကားမွာေတာ႕ အျမန္လမ္းေမာင္းတဲ႕အခါ ကြန္ပ်ဴတာနဲ႕ထိန္းခ်ဳပ္တဲ႕ တသမတ္အရွိန္ႏႈန္းစံနစ္ပါတဲ႕ Cruise Control ခလုပ္ကိုသံုးၾကပါတယ္။
.
.
. အမွတ္ (၅) အျမန္လမ္းဟာ ကြ်န္ေတာ္တို႕ကုိ အိပ္ငိုက္ေအာင္တစ္မိ်ဳး၊ အိပ္ခ်င္ေျပေအာင္တစ္မ်ိဳး မရုိးရေလေအာင္ ပုတ္ႏိႈးရင္း L.A ျမိဳ႕ဆီကုိေခၚသြားေနပါတယ္။ တစ္ခါတစ္ခါဆုိ ေျမျပန္႕ကေန ရွမ္းျပည္နယ္ေတာင္တန္းေတြဆီေရာက္ဖို႕ ဘုရားငါးဆူ-ယင္းမာပါအတက္က ေတာင္ကတံုးေလးကုိသြယ္ဖက္ထားတဲ႕ ေတာင္ဆင္းေတာင္တက္လမ္းေလးကိုသတိရမိတယ္။ ကားအမ်ိဳးအစားနဲ႕အျမန္ႏႈန္းေတြကလြဲရင္ အပူခ်ိန္၊ ေျခာက္ေသြ႕မႈ နဲ႕ ရႈခင္းေတြကဆင္တူေနပါတယ္။

.
. L.A အေၾကာင္းေျပာရင္ မပါမျဖစ္က လည္ပတ္ရမယ္႕ ေဟာလီဝုဒ္၊ ယူနယ္ဗာဆယ္စတူဒီယုိ၊ ဒစၥေနလင္း စတဲ႕ ျမန္မာေတြအသိမ်ားတဲ႕အထင္ကရေနရာေတြကုိ I-405 ဆိုတဲ႕အျမန္လမ္းက အဓိကပို႕ေဆာင္ေပးႏုိင္ပါတယ္။ ဒီလမ္းဟာ ဆန္ဒီေယးဂုိအျမန္လမ္းမၾကီး Interstate 405 ရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္တဲဲ႕အျပင္ ေျမာက္ပုိင္းအျခမ္းဘက္မွာ L.A ျမိဳ႕ၾကီးက ပူစပ္ပူေလာင္လဲေလ်ာင္းေနတယ္လို႕
မ်က္စိထဲျမင္ေအာင္ၾကည္႕ႏုိင္ရင္ ပုိအသက္ဝင္သြားမွာပါ။ ( I က Interstate ရဲ႕အတုိေကာက္ပါ)
.
.
. ဆန္ဖရန္ဘက္ကေန L.A ဘက္ကုိကားနဲ႕လာဖို႕ I-5 ကေနေမာင္းေမာင္း၊ ပစိဖိတ္ပင္လယ္ကမ္းေျခကို ခါးပတ္ၾကီးလုိပတ္ထားတဲ႕ US-101 အျမန္လမ္းကေနလာလာ ျမိဳ႕ထဲဝင္ေတာ႕မယ္ဆုိတာနဲ႕ မၾကံဳမျဖစ္ၾကံဳရတာက I-405 ရဲ႕ ကားလမ္းၾကပ္မႈပါပဲ။
.
. မေန႕ကဆို စြမ္း ရဲ႕ တကၠသိုလ္ UCLA ကေန တည္းမယ္႕ေဟာ္တယ္ကို (ငွားဖို႕အင္တာနက္မွာၾကည္႕တုန္းက) (၁၉) မိနစ္ခရီးကုိ လမ္းျပေျမပံုက I-405 လမ္းပိတ္ေနတယ္ဆုိျပီး ျမိဳ႕တြင္း - Local လမ္းေတြကေန ပတ္ေခၚသြားလုိက္တာ (၅၁) မိနစ္ၾကာသြားတဲ႕ အျဖစ္အပ်က္က အခုဒီေဆာင္းပါးကိုေရးဖို႕တြန္းအားတစ္ခုျဖစ္ေစခဲ႕တာ ဝန္ခံပါတယ္။ ဒီခရီးကုိပဲ ည (၁၁) နာရီမွာ I-405 ကေန ေမာင္းျပန္တဲ႕အခါ မိနစ္ (၂ဝ) နဲ႕ ေရာက္ခဲ႕တာက Google Map မမွားဘူးဆိုတာသက္ေသခံျပလိုက္တာပါပဲ။
.
.
. ဒီ I-405 ေၾကာင္႕လည္း L.A ျမိဳ႕ဟာ ကမၻာမွာနာမယ္ပ်က္ရတယ္။ ဒီ I-405 ကပဲ L.A ျမိဳ႕ကုိ အေမရိကားရဲ႕ျပည္နယ္ (၅ဝ) ၾကားမွာ ကားလမ္းပိတ္မႈအဆုိးဆံုးအဆင္႕ကုိပို႕ေပးေပမယ္႕ သူမရွိရင္ပိုဆုိးသြားလိမ္႕မယ္။ လမ္းေပၚက ယာဥ္မေတာ္တဆမႈ၊ အေရးအေၾကာင္းလမ္းေတာင္းတဲ႕ ရဲကားေတြေၾကာင္႕
စိတ္မရွည္ ေဒါသထြက္ေနတဲ႕ ကားပိုင္ရွင္ေတြဟာ L.A ျမိဳ႕ရဲ႕ေနအပူေအာက္မွာ အရွင္လတ္လတ္အဖုတ္အကင္ခံရင္း (၆၅) မိုင္ေမာင္းရတဲ႕လမ္းမွာ တစ္နာရီကုိ (၁၆) မိုင္အထိေလွ်ာ႕ခ်ျပီး စိတ္ရွည္ရပါေတာ႕တယ္။ (ကုိယ္ေတြ႕)
.
. ဒီလိုမျဖစ္ . . ခံႏုိင္ရိုးလား . .? အလုပ္သြား အလုပ္ျပန္ အမ်ားျပည္သူကား၊ ဘတ္စကား၊ ကုန္တင္ကား၊ ေလဆိပ္သြားတဲ႕ကား၊ အလည္အပတ္လာတဲ႕ကား၊ တစ္ျခားျပည္နယ္ကကား၊ လမ္းၾကံဳျဖတ္သြားတဲ႕ကားေတြနဲ႕ ေနာက္တြဲပါတဲ႕ကားေတြက I-405 ရဲ႕ တစ္ဘက္ဆီမွာ (၇) စီးယွဥ္တြဲ စုျပံဳတုိးေနၾကတယ္။ အမွန္က သူတုိ႕ဘဝရဲ႕အခ်ိန္ေတြကို ကားလမ္းေပၚမွာအခ်ိန္ျဖဳန္းေနၾကတာကေတာ႕ ကြ်န္ေတာ္တို႕ရဲ႕ရန္ကုန္ျမိဳ႕ၾကီးသူ ျမိဳ႕ၾကီးသားေတြနည္းတူေခတ္မီတယ္လို႕ ၾကံၾကံဖန္ဖန္ဂုဏ္ယူႏုိင္ပါတယ္။
.
.
. သုိ႕ေသာ္ အလည္လာမယ္႕မိတ္ေဆြေတြ L.A ျမိိဳ႕ကိုစိတ္မပ်က္ေစခ်င္ပါဘူး။ သူမ်ားကားၾကပ္ရင္ ကိုယ္က မနက္ (၄) နာရီေလာက္ထေမာင္းသြား၊ စေန တနဂၤေႏြလူမ်ားတဲ႕ေန႕အစား တနလၤာ-ေသာၾကာ ၾကားရက္သြား၊ ကိုယ္ပိုင္ကားေမာင္းမဲ႕အစား ေလယာဥ္စီးသြား၊ ကားထဲမွာထမင္းအုိးတည္မယ္႕အစား ကားထားခဲ႕ Uber သို႕မဟုတ္ Lyft စီးသြား၊ ခရီးတစ္ခုစီစဥ္ရင္ တစ္ရက္သြားၾကိဳအိပ္ဖို႕လုပ္ႏုိင္တယ္ဆုိရင္ေတာ႕ သိပ္လွတဲ႕ L.A ျမိဳ႕ၾကီးလို႕ ေျပာျပခ်င္တယ္။
.
. ကမၻာမွာတစ္ေနရာတည္းသာရွိတဲ႕ ေဟာလီဝုဒ္က L.A မွာရွိေနတာ၊ ဘယ္သူမွလိုက္မမွီတဲ႕ေတးဂီတ၊ ရုပ္ရွင္နယ္ပယ္စတဲ႕ အေမရိကားရဲ႕ဝင္ေငြေတြသဲ႕ယူေနတဲ႕ Film Industry က L.A မွာ ရွိေနတာ၊ အေအးလြန္ အပူလြန္ အေမရိကားရဲ႕အေရွ႕ပိုင္းျမိဳ႕ေတြထက္စာရင္ မနက္ေအး-ေန႕လည္ပူ-ညေနေႏြး ရာသီဥတုမ်ိဳးရွိတာ၊ အထည္ခ်ဳပ္ဒီဇုိင္းေတြရဲ႕ဖက္ရွင္သစ္ေတြေမြးဖြားရာေဒသျဖစ္တာတုိ႕အျပင္ အိမ္နီးနားခ်င္းႏိုင္ငံေတြက ေစ်းသက္သာတဲ႕အသံုးအေဆာင္ေတြအစံုရႏုိင္တာတို႕က L.A ျမိဳ႕ရဲ႕အားသာခ်က္ျဖစ္ပါတယ္။
.
.
. သုိ႕ပါေသာ္လည္း ဘယ္ျမိဳ႕မဆို ေကာင္းတာေရာ ဆုိးတာေရာ တြဲျပီး အမည္ေက်ာ္ၾကားေလ႕ရွိပါတယ္။ ဒါေၾကာင္႕ L.A ေရာက္ရင္ ဘယ္အခ်က္ေတြကိုသတိထားရမယ္ဆုိတာကုိေတာ႕ ဒီဘက္ေရာက္ေတာ႕မွ ျမိဳ႕ခံေတြကိုသာေမးၾကည္႕ၾကပါလို႕ေျပာရင္း ခရီးသြားေနတဲ႕ မျဖစ္မေနေဆာင္းပါးေလးတစ္ပုဒ္ကို မနက္အေစာၾကီးထေရးလိုက္ပါတယ္။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 09-22-2018
.
.
Unicode Version:
.
.
. "L.A (သို့မဟုတ်) I-405 ကျိမ်စာ"
. လော့အိမ့်ဂျလိစ်မြို့ကို အခုတစ်ခါနဲ့ပါဆိုရင် ရောက်ဖူးတာ (၅) ကြိမ်လောက်ရှိတော့မယ် . . မပြောင်းလဲတာကတော့ ကားလမ်းပိတ်မှု - Traffic ပါပဲ။ မြို့တစ်မြို့မှာ မြို့နေလူထုရဲ့စိတ်အခြေအနေကိုသိချင်ရင် မြို့ခံတွေရင်ဆိုင်နေရတဲ့ နေ့စဉ်လမ်းတွေပေါ်မှာ ကားတွေရဲ့စီးဆင်းမှုကိုထည့်တွက်ကြည့်ဖို့လိုပါတယ်။ ဒီစာစုလေးက ကျွန်တော့လိုဧည့်သည်တစ်ယောက်ရဲ့ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အစည်ကားဆုံးထဲကတစ်မြို့ဖြစ်တဲ့ Los Angeles မြို့ရဲ့ ရီဗျူးလို့တော့ မမှတ်ယူစေချင်ပါဘူး။
.
. ဆန်ဖရန်စစ္စကိုမြို့ပင်လယ်အော်ဒေသ - Bay Area ဘက်ကနေ L.A ကို ကားမောင်းပြီးသွားမယ်ဆိုရင် ထင်ရှားတဲ့ အမြန်လမ်းနာမယ်က US Interstate 5 ပါ။ ဒီနေရာမှာ အင်တာစတိတ်ဆိုတဲ့စကားကိုရှင်းပြချင်ပါတယ်။ ကားလမ်းတွေ အမြန်လမ်းတွေမောင်းသွားရင် တစ်ပြည်နယ်နဲ့တစ်ပြည်နယ်ကူးသန်းသွားလာဖို့ဖောက်ထားတဲ့အမြန်လမ်း - Freeway တွေကို Interstate လို့ခေါ်ပါတယ်။ မြန်မာနိုင်ငံရဲ့နေပြည်တော်အမြန်လမ်းဟာလည်း ပြည်နယ်တစ်ခုထက်မကဆက်သွယ်ပေးထားလို့ Interstate Freeway တစ်ခုဖြစ်ပါတယ်။
.
.
. သနားစရာကောင်းတာက US Interstate 5 ဟာ တစ်ဘက်တစ်ချက်မှာ ကား (၂) စီးသာသွားလို့ရမယ့် မြန်မာနိုင်ငံကလမ်းနဲ့ဆင်တူနေတာပါပဲ။ ဒါကြောင့် အမြန်နှုန်းနည်းတဲ့ကားကညာဘက်ကမောင်းနေရင်း ကျော်ချင်တဲ့ကားက ဘယ်ဘက်ကနေ ကျော်တက်နေကြတာတွေ့နေရတာပေါ့။ ဒါပေမယ့် သိတော်မူကြတဲ့အတိုင်း ကျော်တက်ဖို့အမြဲစိတ်ကူးနေကြတဲ့ ကားမောင်းသမားတွေက ဘယ်ဘက်အကြောမှာမောင်းနေကြလေတော့ ကားတွေကို ညာဘက်ကြောကနေကျော်တက်တာတွေတွေ့လာရတဲ့အခါ ငယ်ငယ်တုန်းကမောင်းခဲ့တဲ့ မိတ္တီလာ-ရန်ကုန်ကားလမ်းကိုအမြဲလိုလိုသတိရမိပါတယ်။
.
. ကားလမ်းဖြောင့်တဲ့အခါ မောင်းသူက အိပ်ငိုက်တတ်တယ်။ နောက်ပြီး ပြောင်းစရာလမ်းနည်းတဲ့အခါ လမ်းချိန်းစရာမလိုအပ်တဲ့အတွက် သတိနည်းတတ်ပြီး လမ်းရှင်းပေမယ့် အန္တရာယ်ဆိုတာ အမြဲကျရောက်တတ်တယ်။ ဒီဘက်နိုင်ငံအမေရိကားမှာတော့ အမြန်လမ်းမောင်းတဲ့အခါ ကွန်ပျူတာနဲ့ထိန်းချုပ်တဲ့ တသမတ်အရှိန်နှုန်းစံနစ်ပါတဲ့ Cruise Control ခလုပ်ကိုသုံးကြပါတယ်။
.
.
. အမှတ် (၅) အမြန်လမ်းဟာ ကျွန်တော်တို့ကို အိပ်ငိုက်အောင်တစ်မျိုး၊ အိပ်ချင်ပြေအောင်တစ်မျိုး မရိုးရလေအောင် ပုတ်နှိုးရင်း L.A မြို့ဆီကိုခေါ်သွားနေပါတယ်။ တစ်ခါတစ်ခါဆို မြေပြန့်ကနေ ရှမ်းပြည်နယ်တောင်တန်းတွေဆီရောက်ဖို့ ဘုရားငါးဆူ-ယင်းမာပါအတက်က တောင်ကတုံးလေးကိုသွယ်ဖက်ထားတဲ့ တောင်ဆင်းတောင်တက်လမ်းလေးကိုသတိရမိတယ်။ ကားအမျိုးအစားနဲ့အမြန်နှုန်းတွေကလွဲရင် အပူချိန်၊ ခြောက်သွေ့မှု နဲ့ ရှုခင်းတွေကဆင်တူနေပါတယ်
.
. L.A အကြောင်းပြောရင် မပါမဖြစ်က လည်ပတ်ရမယ့် ဟောလီဝုဒ်၊ ယူနယ်ဗာဆယ်စတူဒီယို၊ ဒစ္စနေလင်း စတဲ့ မြန်မာတွေအသိများတဲ့အထင်ကရနေရာတွေကို I-405 ဆိုတဲ့အမြန်လမ်းက အဓိကပို့ဆောင်ပေးနိုင်ပါတယ်။ ဒီလမ်းဟာ ဆန်ဒီယေးဂိုအမြန်လမ်းမကြီး Interstate 405 ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲဲ့အပြင် မြောက်ပိုင်းအခြမ်းဘက်မှာ L.A မြို့ကြီးက ပူစပ်ပူလောင်လဲလျောင်းနေတယ်လို့
မျက်စိထဲမြင်အောင်ကြည့်နိုင်ရင် ပိုအသက်ဝင်သွားမှာပါ။ ( I က Interstate ရဲ့အတိုကောက်ပါ)
.
.
. ဆန်ဖရန်ဘက်ကနေ L.A ဘက်ကိုကားနဲ့လာဖို့ I-5 ကနေမောင်းမောင်း၊ ပစိဖိတ်ပင်လယ်ကမ်းခြေကို ခါးပတ်ကြီးလိုပတ်ထားတဲ့ US-101 အမြန်လမ်းကနေလာလာ မြို့ထဲဝင်တော့မယ်ဆိုတာနဲ့ မကြုံမဖြစ်ကြုံရတာက I-405 ရဲ့ ကားလမ်းကြပ်မှုပါပဲ
.
. မနေ့ကဆို စွမ်း ရဲ့ တက္ကသိုလ် UCLA ကနေ တည်းမယ့်ဟော်တယ်ကို (ငှားဖို့အင်တာနက်မှာကြည့်တုန်းက) (၁၉) မိနစ်ခရီးကို လမ်းပြမြေပုံက I-405 လမ်းပိတ်နေတယ်ဆိုပြီး မြို့တွင်း - Local လမ်းတွေကနေ ပတ်ခေါ်သွားလိုက်တာ (၅၁) မိနစ်ကြာသွားတဲ့ အဖြစ်အပျက်က အခုဒီဆောင်းပါးကိုရေးဖို့တွန်းအားတစ်ခုဖြစ်စေခဲ့တာ ဝန်ခံပါတယ်။ ဒီခရီးကိုပဲ ည (၁၁) နာရီမှာ I-405 ကနေ မောင်းပြန်တဲ့အခါ မိနစ် (၂ဝ) နဲ့ ရောက်ခဲ့တာက Google Map မမှားဘူးဆိုတာသက်သေခံပြလိုက်တာပါပဲ
.
.
. ဒီ I-405 ကြောင့်လည်း L.A မြို့ဟာ ကမ္ဘာမှာနာမယ်ပျက်ရတယ်။ ဒီ I-405 ကပဲ L.A မြို့ကို အမေရိကားရဲ့ပြည်နယ် (၅ဝ) ကြားမှာ ကားလမ်းပိတ်မှုအဆိုးဆုံးအဆင့်ကိုပို့ပေးပေမယ့် သူမရှိရင်ပိုဆိုးသွားလိမ့်မယ်။ လမ်းပေါ်က ယာဉ်မတော်တဆမှု၊ အရေးအကြောင်းလမ်းတောင်းတဲ့ ရဲကားတွေကြောင့်
စိတ်မရှည် ဒေါသထွက်နေတဲ့ ကားပိုင်ရှင်တွေဟာ L.A မြို့ရဲ့နေအပူအောက်မှာ အရှင်လတ်လတ်အဖုတ်အကင်ခံရင်း (၆၅) မိုင်မောင်းရတဲ့လမ်းမှာ တစ်နာရီကို (၁၆) မိုင်အထိလျှော့ချပြီး စိတ်ရှည်ရပါတော့တယ်။ (ကိုယ်တွေ့)
.
. ဒီလိုမဖြစ် . . ခံနိုင်ရိုးလား . .? အလုပ်သွား အလုပ်ပြန် အများပြည်သူကား၊ ဘတ်စကား၊ ကုန်တင်ကား၊ လေဆိပ်သွားတဲ့ကား၊ အလည်အပတ်လာတဲ့ကား၊ တစ်ခြားပြည်နယ်ကကား၊ လမ်းကြုံဖြတ်သွားတဲ့ကားတွေနဲ့ နောက်တွဲပါတဲ့ကားတွေက I-405 ရဲ့ တစ်ဘက်ဆီမှာ (၇) စီးယှဉ်တွဲ စုပြုံတိုးနေကြတယ်။ အမှန်က သူတို့ဘဝရဲ့အချိန်တွေကို ကားလမ်းပေါ်မှာအချိန်ဖြုန်းနေကြတာကတော့ ကျွန်တော်တို့ရဲ့ရန်ကုန်မြို့ကြီးသူ မြို့ကြီးသားတွေနည်းတူခေတ်မီတယ်လို့ ကြံကြံဖန်ဖန်ဂုဏ်ယူနိုင်ပါတယ်။
.
.
. သို့သော် အလည်လာမယ့်မိတ်ဆွေတွေ L.A မြိို့ကိုစိတ်မပျက်စေချင်ပါဘူး။ သူများကားကြပ်ရင် ကိုယ်က မနက် (၄) နာရီလောက်ထမောင်းသွား၊ စနေ တနင်္ဂနွေလူများတဲ့နေ့အစား တနင်္လာ-သောကြာ ကြားရက်သွား၊ ကိုယ်ပိုင်ကားမောင်းမဲ့အစား လေယာဉ်စီးသွား၊ ကားထဲမှာထမင်းအိုးတည်မယ့်အစား ကားထားခဲ့ Uber သို့မဟုတ် Lyft စီးသွား၊ ခရီးတစ်ခုစီစဉ်ရင် တစ်ရက်သွားကြိုအိပ်ဖို့လုပ်နိုင်တယ်ဆိုရင်တော့ သိပ်လှတဲ့ L.A မြို့ကြီးလို့ ပြောပြချင်တယ်။
.
. ကမ္ဘာမှာတစ်နေရာတည်းသာရှိတဲ့ ဟောလီဝုဒ်က L.A မှာရှိနေတာ၊ ဘယ်သူမှလိုက်မမှီတဲ့တေးဂီတ၊ ရုပ်ရှင်နယ်ပယ်စတဲ့ အမေရိကားရဲ့ဝင်ငွေတွေသဲ့ယူနေတဲ့ Film Industry က L.A မှာှိနေတာ၊ အအေးလွန် အပူလွန် အမေရိကားရဲ့အရှေ့ပိုင်းမြို့တွေထက်စာရင် မနက်အေး-နေ့လည်ပူ-ညနေနွေး ရာသီဥတုမျိုးရှိတာ၊ အထည်ချုပ်ဒီဇိုင်းတွေရဲ့ဖက်ရှင်သစ်တွေမွေးဖွားရာဒေသဖြစ်တာတို့အပြင် အိမ်နီးနားချင်းနိုင်ငံတွေက စျေးသက်သာတဲ့အသုံးအဆောင်တွေအစုံရနိုင်တာတို့က L.A မြို့ရဲ့အားသာချက်ဖြစ်ပါတယ်။
.
.
. သို့ပါသော်လည်း ဘယ်မြို့မဆို ကောင်းတာရော ဆိုးတာရော တွဲပြီး အမည်ကျော်ကြားလေ့ရှိပါတယ်။ ဒါကြောင့် L.A ရောက်ရင် ဘယ်အချက်တွေကိုသတိထားရမယ်ဆိုတာကိုတော့ ဒီဘက်ရောက်တော့မ မြို့ခံတွေကိုသာမေးကြည့်ကြပါလို့ပြောရင်း ခရီးသွားနေတဲ့ မဖြစ်မနေဆောင်းပါးလေးတစ်ပုဒ်ကို မနက်အစောကြီးထရေးလိုက်ပါတယ်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 09-22-2018

No comments: