ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး ) |
အဖက်ဖက်က လိုလေသေးမရှိ ပြီးပြည့်စုံသူတွေမှာ
လိုအပ်ချက်တစ်ခုရှိနေပါသေးတယ် ၊ ဒါကတော့ မဖြစ်ချင်တာဖြစ်ရ ဖြစ်ချင်တာမဖြစ်ရ လို့ ယျေဘုယျဆိုနိုင်တဲ့
ညှင်ညှင်သာသာလောကဓံ နဲ့ ခေတ်သစ်စိတ်ဖိစီးမှု-Moral Stress တွေဖြစ်တယ် ၊ လိုတိုင်းတ ရပေမယ့်
စိတ်ဖိစီးမှုကို မလွဲမရှောင်သာခံစားရလေ့ရှိကြတာ ဓမ္မတာတစ်ခုဖြစ်တာ ငြင်းဆိုလို့မရတဲ့အချက်တစ်ခုပါ
၊ ကိုယ်မကြားချင်တာ ခပ်သဲ့သဲ့လေးကြားနေတာကအစ မမြင်ချင်ပါဘူးဆိုမှ ထိပ်တိုက်တိုးနေတတ်တာ
ဘယ်လိုအကြောင်းတရားတွေက စီမံမှုပေးနေတာပါလဲ ၊ စဉ်းစားရင်း အဖြေမရ တစ်ခုမပြေလည်ခင် နောက်တစ်ခုဆက်
ဒီလိုနဲ့ပဲ ရှုတ်ထွေးသွားလိုက်တဲ့ချည်ခင် တစ်ခိုင်လုံးရွှေဖြစ်နေရတာ စိတ်ဖိစီးမှုပါ ၊
လူသားအလင်းရောင် လူသားအမှောင်အရင်းအမြစ် လူသားကမ္ဘာ တို့ကို အရောင်တစ်မျိုးနဲ့ လွှမ်းခြုံထားလိုက်တဲ့
ဒီစိတ်ဖိစီးမှုလက်က ဘယ်လိုအလွှာအသီးသီးလူတန်းစားမှ လွတ်မြောက်ရန်မတတ်နိုင်ဖြစ်နေပါတယ်
၊ ဒီ စိတ်ကို ဘယ်လိုဖြေပျောက်နိုင်ပါသလဲ ၊ ဘယ်ကဲ့သို့သော ဒိုးဇက်တုံးလေးများနဲ့ မိမိဘဝကို
သွယ်ဆက်ဖြောင့်တန်းနိုင်စေပါသလဲဆိုတဲ့အမေးကိုဖြေကြားနိုင်ဖို့ မူဝါဒ တစ်ခုကို အကူအညီတောင်းပြီး
ဆွေးနွေးအကြံပေးခွင့်ပြုပါ ၊ အဲဒီဝါဒက ရဲဘော်ကြီး “ ဒီမိုကရေစီ ” ပါ ။