ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, February 1, 2016

အင္တာဗ်ဴးမွာ ထူးခဲ႕တယ္

ခရီးသြားေနသူ - ကုိညီညီ ( ေတာင္ၾကီး )
.
ျမန္မာႏုိင္ငံမွာလႊတ္ေတာ္အသစ္စတက္တဲ႕ေန႕ - ဒီေန႕နဲ႕တုိက္တုိက္ဆုိင္ဆိုင္ ျမန္မာႏုိင္ငံဆိုင္ရာအေမရိကန္သံရံုးကို ေရာက္ခဲ႕တယ္။ ကြ်န္ေတာ႕အတြက္ဆုိရင္ အေမရိကန္သံရံုးကိုလာစရာမလိုပါ။ ဘာျဖစ္လို႕လည္းဆိုေတာ႕ ကြ်န္ေတာ္က အေမရိကန္ႏုိင္ငံသားခံယူထားသူမဟုတ္လို႕ပါ။ ဟုိတစ္ခ်ိန္ မထြက္လာခင္တုန္းက ကိုယ္တိုင္ကိုယ္က်အင္တာဗ်ဴးအတြက္ ဒီေနရာကိုေရာက္ခဲ႕ဖူးပါေသးတယ္။
.
အေမရိကန္ကိုထြက္ဖို႕ မျဖစ္မေနက်န္းမာေရးေဆးစစ္ရပါတယ္။ ဒါကိုလက္ခံေဆာင္ရြက္ေပးတဲ႕ သံရံုးအသိအမွတ္ျပဳေဆးခန္းကို ညြန္တဲ႕အတုိင္းသြားရပါတယ္။ ဒါေၾကာင္႕ တစ္ဆင္႕မျပီးရင္ ေနာက္တစ္ဆင္႕မေရာက္ႏုိင္တဲ႕သေဘာရွိပါတယ္။ အင္ယားကန္ေဟာ္တယ္မွာရွိတဲ႕ ေဆးခန္းက Panel Physician ဆရာဝန္ကမီးစိမ္းမျပမခ်င္း အင္တာဗ်ဴးလက္ခံမေပးပါဘူး။ သူတို႕ဆီမွာ ရက္ခ်ိန္းယူ ေဆးစစ္ျပီးတိုင္းလည္း ေလာလို႕မရျပန္ဘူး။ အေျဖကိုကိုယ္တိုင္ယူသြားလို႕မရသလို သူတုိ႕အစီအစဥ္နဲ႕သာ ပို႕ေဆာင္ေပးတယ္လို႕သိရတယ္။
.
.
သံရံုးကျဖည္႕ဖို႕ေပးထားတဲ႕စာရြက္စာတမ္းေတြကို ရံုးအေပါက္ဝေထာင္႕က စာတုိက္ပံုးအဝါထဲကို အထုတ္လိုက္ထည္႕ျပီးျပီဆုိရင္ေတာ႕ မိမိကုိဆက္သြယ္ဖို႕အခ်က္အလက္ေတြ သူတုိ႕ဆီမွာအဆင္သင္႕ျဖစ္ပါျပီ။  ဒီၾကားထဲ ဆရာဝန္ေဆးလက္မွတ္ကပါ သံရံုးဆီေရာက္ျပီဆိုရင္ေတာ႕ အင္တာဗ်ဴးလာဖို႕ရက္ခ်ိန္းေပးတဲ႕တယ္လီဖုန္းကိုေစာင္႕ေနဖို႕သာလိုပါေတာ႕တယ္။ တစ္ခ်ိဳ႕ကိစၥေတြက ျမန္ခ်င္တယ္ဆုိမွ ပိုၾကာတတ္ပါတယ္။ ကုိယ္႕က်မွကံဆိုးရတယ္ဆုိတဲ႕ ရိုးမယ္ဖြဲ႕အျပစ္ပံုတာကိုလည္း ကြ်န္ေတာ္လုပ္ခဲ႕ဖူးတယ္။ တစ္ျခားေဆြမ်ိဳးေတြအင္တာဗ်ဴးျမန္ျမန္ဆန္ဆန္ေအာင္ျပီး ခရီးထြက္သြားရခ်ိန္မွာ ကြ်န္ေတာ္က တီဘီေဆးေသာက္ျပီး ေနာက္က်န္ရစ္ခဲ႕တယ္ေလ..။

.
မနက္ေစာ ( ၇ ) နာရီအျပီး ခရီးထြက္ဖို႕ျပင္ဆင္ရင္း အစ္မလာအေခၚကိုေစာင္႕ေနမိတယ္။ ခဏေနက်ေတာ႕ ကားနဲ႕ အင္တာဗ်ဴးေျဖမယ္႕တူေလးေရာက္လာျပီး ကြ်န္ေတာ႕အထုတ္ေတြကိုဝိုင္းတင္ၾကပါတယ္။ သံရံုးကိုေရာက္ေတာ႕ ကားဝင္ေပါက္တံခါးေတာင္မဖြင္႕ေသးပါဘူး။ ရက္ခ်ိန္းရထားသူတစ္ခ်ိဳ႕ေရာက္ေနတာေတြ႕ရတယ္။ နံပါတ္တုတ္ နဲ႕ စကားေျပာစက္ေဆာင္ထားတဲ႕ အေပါက္ေစာင္႕ဝန္ထမ္းက အင္တာဗ်ဴးေခၚစာ နဲ႕ မွတ္ပံုတင္ပါရင္ အထဲက ခံုတန္းရွည္မွာ ဝင္ေစာင္႕ခုိင္းပါတယ္။
.
.
ကြ်န္ေတာ္တုိ႕ထက္အရင္ေစာေရာက္ေနသူထဲမွာ အလႊာစံုကလူငယ္အမ်ားစုပါဝင္ၾကတယ္။ စာရင္းစာရြက္မွာပါတဲ႕လူစာရင္းအတုိင္း လံုျခံဳေရးဝန္ထမ္းတစ္ေယာက္က အေစာင္႕အေရွာက္ထူထပ္တဲ႕စစ္ေဆးေရးအခန္းကို အလွည္႕က်လႊတ္ပါတယ္။ အသုတ္လုိက္ အသုတ္လုိက္ဝင္သြားၾကခ်ိန္မွာေတာ႕ အေဖာ္လိုက္လာသူမ်ားသာ ခံုတန္းရွည္မွာေစာင္႕လ်က္က်န္ရစ္ျပီး ထြက္လာမယ္႕သူရဲ႕ေကာင္းသတင္းကို နားစြင္႕ေနၾကပါတယ္။
.
ေရာက္လာသူေတြထဲမွာ ဒီေန႕ထူးျခားတာက ႏုိင္ငံျခားစာသင္ဆု စေကာလားရွစ္အတြက္စာေမးပြဲလာေျဖသူတုိင္းရင္းသား ( အဆိုေတာ္ေအာင္လ အေၾကာင္းေျပာေနၾကသည္ ) လူငယ္မ်ား ( ၁ဝ ) ေယာက္ေလာက္မွာ အင္မတန္တက္ၾကြေနၾကပါတယ္။ ေနာက္ထပ္ ခ်င္းအဖြားအိုတစ္ဦး၊ လူငယ္မိန္းကေလးႏွစ္ေယာက္တုိ႕က ထူးျခားပါတယ္။ စာရင္းစာရြက္အတုိင္းလူနာမယ္ေတြေခၚေပးေနတဲ႕အခါ မိန္းကေလးငယ္တစ္ေယာက္ကုိ ဒီေန႕အင္တာဗ်ဴးရွိတာေသခ်ာရဲ႕လား? ျပန္စစ္ပါဦးလို႕ေျပာသံကုိၾကားတဲ႕အခ်ိန္ ေဘးနားကေစာင္႕ေနသူမ်ားရဲ႕အာရံုက အဆုိပါမိန္းကေလးစီကိုေရာက္လာပါေတာ႕တယ္။
.
.
ဒါနဲ႕ မိန္းကေလးက သူ႕လက္ကိုင္ဖုန္းထဲက အင္တာဗ်ဴးေခၚစာ နဲ႕ အီးေမးလ္တို႕ကိုျပန္စစ္၊ တစ္ဦးတစ္ေယာက္ကုိဖုန္းေခၚျပီးစကားေျပာျပီး ( ရက္မွားေနဟန္တူပါတယ္ ) ျပန္သြားပါတယ္။ ေနာက္ထပ္မိန္းကေလးတစ္ေယာက္ကေတာ႕ ဇနီးေလာင္း - Fiance အေနနဲ႕ေခၚတာပါ။ ဒါကို အစ္မနဲ႕စကားေျပာမိရင္း ဘယ္ျမိဳ႕ကုိသြားမယ္႕အေၾကာင္း နဲ႕ အေမရိကားအေၾကာင္းအနည္းငယ္ေျပာျပေနၾကပါတယ္။ ဒီၾကားထဲ ကြ်န္ေတာ႕ကိုလွည္႕ေမးတဲ႕အခါ သိသေလာက္ေျပာျပခြင္႕လည္းရခဲ႕ပါတယ္။
.
သိပ္မၾကာတဲ႕အခ်ိန္မွာ ခ်င္းလူမ်ိဳးအဖြားအင္တာဗ်ဴးျပီးလို႕ျပန္ထြက္လာတယ္။ သူ႕ကိုလုိက္ပို႕တဲ႕ အသက္ ( ၅ဝ ) ခန္႕ သား ( ၂ ) ေယာက္နဲ႕ ေခြ်းမတုိ႕က လုိက္ပုိ႕တာ ျဖစ္ဟန္တူပါတယ္။ ဝဝဖိုင္႕ဖိုင္႕ ဗိုက္ရႊဲရႊဲနဲ႕ဦးေလးတစ္ေယာက္က ( ဟုိဘက္ႏုိင္ငံကျဖစ္ေလာက္တဲ႕ ) သူ႕တူမဆီကုိ iPhone ကေန Facetime တုိက္ရိုက္ေျပာဆုိေနတာ အခ်ိန္အၾကာၾကီးပါ။ အဖြားကုိ သံရံုးကလူခ်င္းေတြ႕ဆံုျပီး စာရြက္စာတမ္းမျပည္႕စံုလုိ႕ ျပန္တင္ဖို႕မွာလိုက္တာမွာ အဲဒီဦးေလးၾကီးက ဖုန္းထဲကေကာင္မေလးကို ေဖာင္နံပတ္ ( DS-230 ) ေသခ်ာမပို႕လုိက္လုိ႕ဆုိျပီး အျပစ္တင္ေနသံကုိ က်ယ္ေလာင္စြာၾကားေနရပါတယ္။
.
သူတုိ႕ရဲ႕စကားထဲမွာ အဖြားအုိက ခ်င္းဘာသာနဲ႕ေျပာလိုက္ .. သူ႕သားဆိုသူက တစ္ဖက္က ေဆြမ်ိဳးမိန္းကေလးကို ျမန္မာလို ေအာ္ဟစ္လုိက္နဲ႕ လံုျခံဳေရးအေစာင္႕ေတြက ဘာမွလာမေျပာလုိ႕ ေတာ္ပါေသးတယ္။ အခု လိုအပ္ခ်က္တစ္ခုေၾကာင္႕ပဲ ခ်င္းအဖြားအိုဟာ စာရြက္စာတမ္းစံုမွ အင္တာဗ်ဴးဆိုတာကို ထပ္ေမွ်ာ္လင္႕ရမွာျဖစ္ပါတယ္။
.
.
ေစ႕စပ္ထားတဲ႕အေနနဲ႕ေခၚတဲ႕ေကာင္မေလးဟာ ကြ်န္ေတာ္တုိ႕နဲ႕စကားေျပာေနရင္း ဝန္ထမ္းကဝင္ခြင္႕ေပးလို႕ အင္တာဗ်ဴးဝင္ရပါတယ္။ သိပ္မၾကာခင္ျပန္ထြက္လာတဲ႕အခါေမးလိုက္ေတာ႕ ေနာက္ထပ္ရက္ခ်ိန္းေပးျပီး ထပ္စစ္မယ္လို႕ ေျပာလုိက္ပါတယ္။ ျဖစ္ႏိုင္ပါတယ္ .. လက္မထပ္ရေသးသူတစ္ေယာက္ကိုေစ႕စပ္ဖုိ႕ လိုအပ္တဲ႕စာရြက္စာတမ္း နဲ႕ မွန္ကန္တိက်မႈအတြက္ ဒီဘက္ကသံရံုးအတြက္အခ်ိန္ပိုလိုအပ္မွာ ေသခ်ာပါတယ္။
.
ေနာက္ထပ္လူလတ္ပိုင္းအစ္မတစ္ေယာက္ထြက္လာေတာ႕ “ အေျခအေနေကာင္းတယ္၊ အဆင္ေျပမွာပါ ” လို႕ ေျပာျပတယ္။ ဒီေန႕ သူ႕ကိုလူေတြ႕အင္တာဗ်ဴးသာလုပ္လိုက္တာ ေဆးခန္းကေဆးစာက သံရံုးကိုေရာက္ေသးတာမဟုတ္ဘူး။ သူကုိယ္တုိင္လည္း အင္တာဗ်ဴးရက္နဲ႕ကပ္ျပီး ေဆးသြားစစ္မိတယ္လို႕ေျပာတယ္။ ဒါေၾကာင္႕ သံရံုးက ထပ္ဆက္သြယ္မယ္ဆိုျပီး လူေတြ႕စစ္ေဆးျခင္းကိစၥကို အျပီးလုပ္လုိက္တယ္လုိ႕ ယူဆရပါတယ္။ ေဆးေအာင္ရင္ ဗီဆာပါ ေအာင္ဖို႕ ေသခ်ာသေလာက္ရွိတယ္။
.
.
ကြ်န္ေတာ႕တူေလး အထဲမွာဘာေၾကာင္႕ၾကာေနသလဲဆုိတာ ျပန္ထြက္လာသူေတြကို အစ္မက လိုက္ေမးၾကည္႕တယ္။ တစ္ေယာက္က အထဲမွာေကာင္ေလးေတြေဖာင္ျဖည္႕ေနၾကတယ္၊ ေနာက္တစ္ေယာက္ထြက္လာေတာ႕ အထဲမွာေကာင္ေလးေတြေတာ႕ေတြ႕တယ္ .. ထုိင္ေစာင္႕ေနတယ္၊ ဒီဗီထီေပါက္ျပီးအင္တာဗ်ဴးေအာင္လာတဲ႕လူငယ္ေလးတစ္ေယာက္က်ေတာ႕ ရင္ပတ္ေကာ႕ထြက္လာတဲ႕သူ႕အမူအရာထက္ သူတစ္ပါးအကူအညီေတာင္းေမးျမန္းတာ စိတ္ဝင္စားပံုမရတာေတြ႕ရပါတယ္။
.
တစ္ကယ္ေတာ႕ အေမရိကန္သံရံုးဆုိတာ အေမရိကားမွာတစ္ကယ္ေရာက္ျပီး တစ္ကုိယ္ေရလက္ေတြ႕ရုန္းကန္ရသလုိ “ အတြင္းထဲမွာ ” ဆုိတဲ႕အတိုင္း ဘယ္သူမွအပိုလုိက္လို႕မရပါဘူး။ လံုျခံဳေရးကတင္းၾကပ္သလို ဂိတ္ေပါက္အေနအထားက ထူထပ္ၾကပ္တည္း အဟန္႕ၾကီးပါတယ္။ ဒါ႕အျပင္ စစ္ေဆးေရးအခန္းတြင္းမွာ ဟုိဟာခြ်တ္ရ ဒီဟာခြ်တ္ရအျပင္ အင္တာဗ်ဴးဝင္ဖုိ႕အတြက္ မွတ္ပံုတင္အပ္ထားရပါတယ္။ ဒါေၾကာင္႕ ေရာက္ဖူးျပီးသူက ျပန္လာတဲ႕အခါျပန္ေျပာျပမွသာ ေစာင္႕ေမွ်ာ္ေနသူက သတင္းဆုိတာ သိခြင္႕ရပါတယ္။
.
.
သတင္းေကာင္းေတြယူေဆာင္လာရင္း တစ္ေယာက္ျပီးတစ္ေယာက္ထြက္လာေနခ်ိန္မွာ လည္ပင္းရွည္ေနတာက အစ္မ နဲ႕ ကြ်န္ေတာ္ပါ။ တူေလးက ေတာ္ေတာ္နဲ႕ထြက္မလာဘူးေလ။ အထဲကိုစဝင္ဖို႕စာရင္းစာရြက္နဲ႕အေခၚခံရတာ သူက ထိပ္ဆံုး..။ ဝင္သြားတာလည္း ဒီေန႕မွာ ထိပ္ဆံုးကပဲ။ ဒါေပမယ္႕ သူက ေပၚမလာဇာတ္ကားရိုက္ေနေတာ႕ အထဲမွာတစ္ခုခုအခက္အခဲျဖစ္ေနသလား? အင္တာဗ်ဴးေျဖတဲ႕ေနရာမွာ အၾကပ္အတည္းျဖစ္ေနသလား စသျဖင္႕ ဖင္တၾကြၾကြ လည္တဆန္႕ဆန္႕ နဲ႕ ကြ်န္ေတာ္တို႕ဟာ ေမွ်ာ္ေတာ္ေယာင္ျဖစ္ေနရပါတယ္။
.
ဒီလုိနဲ႕ ဝင္သြားတဲ႕ အခ်ိန္ကစျပီး ( ၂:၁၅ ) နာရီ ၾကာတဲ႕အခါမွ ကိုယ္ေတာ္ေခ်ာက ေလးတိေလးပင္လမ္းေလွ်ာက္ျပီး ထြက္လာပါတယ္။ သူ႕ပံုစံကိုအေဝးကလွမ္းျမင္ေတာ႕ ပုိစုိးရိမ္သြားတယ္။ ဒီေတာ႕မွ ကြ်န္ေတာ္က အေဝးကလွမ္းျပီး Facebook သေကၤတျဖစ္တဲ႕ လက္မေထာင္တဲ႕အခါ သူက ( Like ) လုပ္ပါတယ္္။ ရျပီ .. သူေအာင္သြားျပီ။ အရင္ဆံုးဝင္တဲ႕သူကုိ ေနာက္ဆံုးမွအင္တာဗ်ဴးအလွည္႕က်တာဆုိေတာ႕ သူ႕အင္တာဗ်ဴးက ထူးျခားေနတာ မဟုတ္ပါလား?
.
.
အခုဆို သူရဲ႕အနာဂါတ္အတြက္ တံခါးတစ္ခ်ပ္ပြင္႕သြားျပီ။ ေနရာသစ္မွာ အေျခအျမစ္ရွာခြင္႕ရျပီ။ လူငယ္ဘဝရွင္သန္ဖို႕ လမ္းစေလးတစ္ခုေတာ႕ရျပီ။ အေတြ႕အၾကံဳေျမၾသဇာေကြ်းျပီး ဘဝသစ္ပင္ကို ေရေလာင္းေပါင္းသင္စုိက္ပ်ိဳးခြင္႕ရျပီ။ မည္သုိ႕ပင္ျဖစ္ေစကာမူ ဒီေန႕ တူေလးကုိ တကူးတက အားေပးရက်ိဳးႏွပ္ပါျပီ။ အခုလုိ လႊတ္ေတာ္အသစ္ နဲ႕ ႏိုင္ငံကုိေမာင္းႏွင္မယ္႕အခါသမယအသစ္မွာ ျမန္မာလူငယ္တစ္ေယာက္ကုိ လင္းပတဲ႕အနာဂါတ္အသစ္ နဲ႕ ေမဂ်ာအသစ္မွာ ေသေသခ်ာခ်ာ ေအာင္ျမင္ေစခ်င္လိုက္တာ။
.
သံရံုးကေနတစ္ဆင္႕ ေလယာဥ္ကြင္းကိုသြားတဲ႕ခရီးလမ္းတစ္ေလွ်ာက္မွာေတာ႕ ရန္ကုန္ရဲ႕ကားလမ္းၾကပ္မႈကိုမျမင္ေတာ႕ပဲ ေတာင္ေပၚေျမမွာအေမ႕ကုိေတြ႕ရမယ္႕စိတ္ကူးအတြက္ ျပင္ဆင္ထားတဲ႕ကုန္ၾကမ္းေတြ ထူးထူးကဲကဲ ပုိမုိလွပလာတယ္လို႕ ကြ်န္ေတာ္ခံစားေနမိပါေတာ႕တယ္။
.
.
ခင္လ်က္
.
02-01-2016 ( ျမန္မာႏုိင္ငံဆိုင္ရာအေမရိကန္သံရံုးဧည္႕သည္ေစာင္႕ခံုတန္းလ်ား )
.
.
.
Myanmar Unicode Version:
.
.
“ အင်တာဗျူးမှာ ထူးခဲ့တယ် ”
ခရီးသွားနေသူ - ကိုညီညီ ( တောင်ကြီး )
.
မြန်မာနိုင်ငံမှာလွှတ်တော်အသစ်စတက်တဲ့နေ့ - ဒီနေ့နဲ့တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးကို ရောက်ခဲ့တယ်။ ကျွန်တော့အတွက်ဆိုရင် အမေရိကန်သံရုံးကိုလာစရာမလိုပါ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်က အမေရိကန်နိုင်ငံသားခံယူထားသူမဟုတ်လို့ပါ။ ဟိုတစ်ချိန် မထွက်လာခင်တုန်းက ကိုယ်တိုင်ကိုယ်ကျအင်တာဗျူးအတွက် ဒီနေရာကိုရောက်ခဲ့ဖူးပါသေးတယ်။
.
အမေရိကန်ကိုထွက်ဖို့ မဖြစ်မနေကျန်းမာရေးဆေးစစ်ရပါတယ်။ ဒါကိုလက်ခံဆောင်ရွက်ပေးတဲ့ သံရုံးအသိအမှတ်ပြုဆေးခန်းကို ညွန်တဲ့အတိုင်းသွားရပါတယ်။ ဒါကြောင့် တစ်ဆင့်မပြီးရင် နောက်တစ်ဆင့်မရောက်နိုင်တဲ့သဘောရှိပါတယ်။ အင်ယားကန်ဟော်တယ်မှာရှိတဲ့ ဆေးခန်းက Panel Physician ဆရာဝန်ကမီးစိမ်းမပြမချင်း အင်တာဗျူးလက်ခံမပေးပါဘူး။ သူတို့ဆီမှာ ရက်ချိန်းယူ ဆေးစစ်ပြီးတိုင်းလည်း လောလို့မရပြန်ဘူး။ အဖြေကိုကိုယ်တိုင်ယူသွားလို့မရသလို သူတို့အစီအစဉ်နဲ့သာ ပို့ဆောင်ပေးတယ်လို့သိရတယ်။
.
.
သံရုံးကဖြည့်ဖို့ပေးထားတဲ့စာရွက်စာတမ်းတွေကို ရုံးအပေါက်ဝထောင့်က စာတိုက်ပုံးအဝါထဲကို အထုတ်လိုက်ထည့်ပြီးပြီဆိုရင်တော့ မိမိကိုဆက်သွယ်ဖို့အချက်အလက်တွေ သူတို့ဆီမှာအဆင်သင့်ဖြစ်ပါပြီ။  ဒီကြားထဲ ဆရာဝန်ဆေးလက်မှတ်ကပါ သံရုံးဆီရောက်ပြီဆိုရင်တော့ အင်တာဗျူးလာဖို့ရက်ချိန်းပေးတဲ့တယ်လီဖုန်းကိုစောင့်နေဖို့သာလိုပါတော့တယ်။ တစ်ချို့ကိစ္စတွေက မြန်ချင်တယ်ဆိုမှ ပိုကြာတတ်ပါတယ်။ ကိုယ့်ကျမှကံဆိုးရတယ်ဆိုတဲ့ ရိုးမယ်ဖွဲ့အပြစ်ပုံတာကိုလည်း ကျွန်တော်လုပ်ခဲ့ဖူးတယ်။ တစ်ခြားဆွေမျိုးတွေအင်တာဗျူးမြန်မြန်ဆန်ဆန်အောင်ပြီး ခရီးထွက်သွားရချိန်မှာ ကျွန်တော်က တီဘီဆေးသောက်ပြီး နောက်ကျန်ရစ်ခဲ့တယ်လေ..။
.
မနက်စော ( ၇ ) နာရီအပြီး ခရီးထွက်ဖို့ပြင်ဆင်ရင်း အစ်မလာအခေါ်ကိုစောင့်နေမိတယ်။ ခဏနေကျတော့ ကားနဲ့ အင်တာဗျူးဖြေမယ့်တူလေးရောက်လာပြီး ကျွန်တော့အထုတ်တွေကိုဝိုင်းတင်ကြပါတယ်။ သံရုံးကိုရောက်တော့ ကားဝင်ပေါက်တံခါးတောင်မဖွင့်သေးပါဘူး။ ရက်ချိန်းရထားသူတစ်ချို့ရောက်နေတာတွေ့ရတယ်။ နံပါတ်တုတ် နဲ့ စကားပြောစက်ဆောင်ထားတဲ့ အပေါက်စောင့်ဝန်ထမ်းက အင်တာဗျူးခေါ်စာ နဲ့ မှတ်ပုံတင်ပါရင် အထဲက ခုံတန်းရှည်မှာ ဝင်စောင့်ခိုင်းပါတယ်။
.
.
ကျွန်တော်တို့ထက်အရင်စောရောက်နေသူထဲမှာ အလွှာစုံကလူငယ်အများစုပါဝင်ကြတယ်။ စာရင်းစာရွက်မှာပါတဲ့လူစာရင်းအတိုင်း လုံခြုံရေးဝန်ထမ်းတစ်ယောက်က အစောင့်အရှောက်ထူထပ်တဲ့စစ်ဆေးရေးအခန်းကို အလှည့်ကျလွှတ်ပါတယ်။ အသုတ်လိုက် အသုတ်လိုက်ဝင်သွားကြချိန်မှာတော့ အဖော်လိုက်လာသူများသာ ခုံတန်းရှည်မှာစောင့်လျက်ကျန်ရစ်ပြီး ထွက်လာမယ့်သူရဲ့ကောင်းသတင်းကို နားစွင့်နေကြပါတယ်။
.
ရောက်လာသူတွေထဲမှာ ဒီနေ့ထူးခြားတာက နိုင်ငံခြားစာသင်ဆု စကောလားရှစ်အတွက်စာမေးပွဲလာဖြေသူတိုင်းရင်းသား ( အဆိုတော်အောင်လ အကြောင်းပြောနေကြသည် ) လူငယ်များ ( ၁ဝ ) ယောက်လောက်မှာ အင်မတန်တက်ကြွနေကြပါတယ်။ နောက်ထပ် ချင်းအဖွားအိုတစ်ဦး၊ လူငယ်မိန်းကလေးနှစ်ယောက်တို့က ထူးခြားပါတယ်။ စာရင်းစာရွက်အတိုင်းလူနာမယ်တွေခေါ်ပေးနေတဲ့အခါ မိန်းကလေးငယ်တစ်ယောက်ကို ဒီနေ့အင်တာဗျူးရှိတာသေချာရဲ့လား? ပြန်စစ်ပါဦးလို့ပြောသံကိုကြားတဲ့အချိန် ဘေးနားကစောင့်နေသူများရဲ့အာရုံက အဆိုပါမိန်းကလေးစီကိုရောက်လာပါတော့တယ်။
.
.
ဒါနဲ့ မိန်းကလေးက သူ့လက်ကိုင်ဖုန်းထဲက အင်တာဗျူးခေါ်စာ နဲ့ အီးမေးလ်တို့ကိုပြန်စစ်၊ တစ်ဦးတစ်ယောက်ကိုဖုန်းခေါ်ပြီးစကားပြောပြီး ( ရက်မှားနေဟန်တူပါတယ် ) ပြန်သွားပါတယ်။ နောက်ထပ်မိန်းကလေးတစ်ယောက်ကတော့ ဇနီးလောင်း - Fiance အနေနဲ့ခေါ်တာပါ။ ဒါကို အစ်မနဲ့စကားပြောမိရင်း ဘယ်မြို့ကိုသွားမယ့်အကြောင်း နဲ့ အမေရိကားအကြောင်းအနည်းငယ်ပြောပြနေကြပါတယ်။ ဒီကြားထဲ ကျွန်တော့ကိုလှည့်မေးတဲ့အခါ သိသလောက်ပြောပြခွင့်လည်းရခဲ့ပါတယ်။
.
သိပ်မကြာတဲ့အချိန်မှာ ချင်းလူမျိုးအဖွားအင်တာဗျူးပြီးလို့ပြန်ထွက်လာတယ်။ သူ့ကိုလိုက်ပို့တဲ့ အသက် ( ၅ဝ ) ခန့် သား ( ၂ ) ယောက်နဲ့ ချွေးမတို့က လိုက်ပို့တာ ဖြစ်ဟန်တူပါတယ်။ ဝဝဖိုင့်ဖိုင့် ဗိုက်ရွှဲရွှဲနဲ့ဦးလေးတစ်ယောက်က ( ဟိုဘက်နိုင်ငံကဖြစ်လောက်တဲ့ ) သူ့တူမဆီကို iPhone ကနေ Facetime တိုက်ရိုက်ပြောဆိုနေတာ အချိန်အကြာကြီးပါ။ အဖွားကို သံရုံးကလူချင်းတွေ့ဆုံပြီး စာရွက်စာတမ်းမပြည့်စုံလို့ ပြန်တင်ဖို့မှာလိုက်တာမှာ အဲဒီဦးလေးကြီးက ဖုန်းထဲကကောင်မလေးကို ဖောင်နံပတ် ( DS-230 ) သေချာမပို့လိုက်လို့ဆိုပြီး အပြစ်တင်နေသံကို ကျယ်လောင်စွာကြားနေရပါတယ်။
.
သူတို့ရဲ့စကားထဲမှာ အဖွားအိုက ချင်းဘာသာနဲ့ပြောလိုက် .. သူ့သားဆိုသူက တစ်ဖက်က ဆွေမျိုးမိန်းကလေးကို မြန်မာလို အော်ဟစ်လိုက်နဲ့ လုံခြုံရေးအစောင့်တွေက ဘာမှလာမပြောလို့ တော်ပါသေးတယ်။ အခု လိုအပ်ချက်တစ်ခုကြောင့်ပဲ ချင်းအဖွားအိုဟာ စာရွက်စာတမ်းစုံမှ အင်တာဗျူးဆိုတာကို ထပ်မျှော်လင့်ရမှာဖြစ်ပါတယ်။
.
.
စေ့စပ်ထားတဲ့အနေနဲ့ခေါ်တဲ့ကောင်မလေးဟာ ကျွန်တော်တို့နဲ့စကားပြောနေရင်း ဝန်ထမ်းကဝင်ခွင့်ပေးလို့ အင်တာဗျူးဝင်ရပါတယ်။ သိပ်မကြာခင်ပြန်ထွက်လာတဲ့အခါမေးလိုက်တော့ နောက်ထပ်ရက်ချိန်းပေးပြီး ထပ်စစ်မယ်လို့ ပြောလိုက်ပါတယ်။ ဖြစ်နိုင်ပါတယ် .. လက်မထပ်ရသေးသူတစ်ယောက်ကိုစေ့စပ်ဖို့ လိုအပ်တဲ့စာရွက်စာတမ်း နဲ့ မှန်ကန်တိကျမှုအတွက် ဒီဘက်ကသံရုံးအတွက်အချိန်ပိုလိုအပ်မှာ သေချာပါတယ်။
.
နောက်ထပ်လူလတ်ပိုင်းအစ်မတစ်ယောက်ထွက်လာတော့ “ အခြေအနေကောင်းတယ်၊ အဆင်ပြေမှာပါ ” လို့ ပြောပြတယ်။ ဒီနေ့ သူ့ကိုလူတွေ့အင်တာဗျူးသာလုပ်လိုက်တာ ဆေးခန်းကဆေးစာက သံရုံးကိုရောက်သေးတာမဟုတ်ဘူး။ သူကိုယ်တိုင်လည်း အင်တာဗျူးရက်နဲ့ကပ်ပြီး ဆေးသွားစစ်မိတယ်လို့ပြောတယ်။ ဒါကြောင့် သံရုံးက ထပ်ဆက်သွယ်မယ်ဆိုပြီး လူတွေ့စစ်ဆေးခြင်းကိစ္စကို အပြီးလုပ်လိုက်တယ်လို့ ယူဆရပါတယ်။ ဆေးအောင်ရင် ဗီဆာပါ အောင်ဖို့ သေချာသလောက်ရှိတယ်။
.
.
ကျွန်တော့တူလေး အထဲမှာဘာကြောင့်ကြာနေသလဲဆိုတာ ပြန်ထွက်လာသူတွေကို အစ်မက လိုက်မေးကြည့်တယ်။ တစ်ယောက်က အထဲမှာကောင်လေးတွေဖောင်ဖြည့်နေကြတယ်၊ နောက်တစ်ယောက်ထွက်လာတော့ အထဲမှာကောင်လေးတွေတော့တွေ့တယ် .. ထိုင်စောင့်နေတယ်၊ ဒီဗီထီပေါက်ပြီးအင်တာဗျူးအောင်လာတဲ့လူငယ်လေးတစ်ယောက်ကျတော့ ရင်ပတ်ကော့ထွက်လာတဲ့သူ့အမူအရာထက် သူတစ်ပါးအကူအညီတောင်းမေးမြန်းတာ စိတ်ဝင်စားပုံမရတာတွေ့ရပါတယ်။
.
တစ်ကယ်တော့ အမေရိကန်သံရုံးဆိုတာ အမေရိကားမှာတစ်ကယ်ရောက်ပြီး တစ်ကိုယ်ရေလက်တွေ့ရုန်းကန်ရသလို “ အတွင်းထဲမှာ ” ဆိုတဲ့အတိုင်း ဘယ်သူမှအပိုလိုက်လို့မရပါဘူး။ လုံခြုံရေးကတင်းကြပ်သလို ဂိတ်ပေါက်အနေအထားက ထူထပ်ကြပ်တည်း အဟန့်ကြီးပါတယ်။ ဒါ့အပြင် စစ်ဆေးရေးအခန်းတွင်းမှာ ဟိုဟာချွတ်ရ ဒီဟာချွတ်ရအပြင် အင်တာဗျူးဝင်ဖို့အတွက် မှတ်ပုံတင်အပ်ထားရပါတယ်။ ဒါကြောင့် ရောက်ဖူးပြီးသူက ပြန်လာတဲ့အခါပြန်ပြောပြမှသာ စောင့်မျှော်နေသူက သတင်းဆိုတာ သိခွင့်ရပါတယ်။
.
.
သတင်းကောင်းတွေယူဆောင်လာရင်း တစ်ယောက်ပြီးတစ်ယောက်ထွက်လာနေချိန်မှာ လည်ပင်းရှည်နေတာက အစ်မ နဲ့ ကျွန်တော်ပါ။ တူလေးက တော်တော်နဲ့ထွက်မလာဘူးလေ။ အထဲကိုစဝင်ဖို့စာရင်းစာရွက်နဲ့အခေါ်ခံရတာ သူက ထိပ်ဆုံး..။ ဝင်သွားတာလည်း ဒီနေ့မှာ ထိပ်ဆုံးကပဲ။ ဒါပေမယ့် သူက ပေါ်မလာဇာတ်ကားရိုက်နေတော့ အထဲမှာတစ်ခုခုအခက်အခဲဖြစ်နေသလား? အင်တာဗျူးဖြေတဲ့နေရာမှာ အကြပ်အတည်းဖြစ်နေသလား စသဖြင့် ဖင်တကြွကြွ လည်တဆန့်ဆန့် နဲ့ ကျွန်တော်တို့ဟာ မျှော်တော်ယောင်ဖြစ်နေရပါတယ်။
.
ဒီလိုနဲ့ ဝင်သွားတဲ့ အချိန်ကစပြီး ( ၂:၁၅ ) နာရီ ကြာတဲ့အခါမှ ကိုယ်တော်ချောက လေးတိလေးပင်လမ်းလျှောက်ပြီး ထွက်လာပါတယ်။ သူ့ပုံစံကိုအဝေးကလှမ်းမြင်တော့ ပိုစိုးရိမ်သွားတယ်။ ဒီတော့မှ ကျွန်တော်က အဝေးကလှမ်းပြီး Facebook သင်္ကေတဖြစ်တဲ့ လက်မထောင်တဲ့အခါ သူက ( Like ) လုပ်ပါတယ်။ ရပြီ .. သူအောင်သွားပြီ။ အရင်ဆုံးဝင်တဲ့သူကို နောက်ဆုံးမှအင်တာဗျူးအလှည့်ကျတာဆိုတော့ သူ့အင်တာဗျူးက ထူးခြားနေတာ မဟုတ်ပါလား?
.
.
အခုဆို သူရဲ့အနာဂါတ်အတွက် တံခါးတစ်ချပ်ပွင့်သွားပြီ။ နေရာသစ်မှာ အခြေအမြစ်ရှာခွင့်ရပြီ။ လူငယ်ဘဝရှင်သန်ဖို့ လမ်းစလေးတစ်ခုတော့ရပြီ။ အတွေ့အကြုံမြေဩဇာကျွေးပြီး ဘဝသစ်ပင်ကို ရေလောင်းပေါင်းသင်စိုက်ပျိုးခွင့်ရပြီ။ မည်သို့ပင်ဖြစ်စေကာမူ ဒီနေ့ တူလေးကို တကူးတက အားပေးရကျိုးနှပ်ပါပြီ။ အခုလို လွှတ်တော်အသစ် နဲ့ နိုင်ငံကိုမောင်းနှင်မယ့်အခါသမယအသစ်မှာ မြန်မာလူငယ်တစ်ယောက်ကို လင်းပတဲ့အနာဂါတ်အသစ် နဲ့ မေဂျာအသစ်မှာ သေသေချာချာ အောင်မြင်စေချင်လိုက်တာ။
.
သံရုံးကနေတစ်ဆင့် လေယာဉ်ကွင်းကိုသွားတဲ့ခရီးလမ်းတစ်လျှောက်မှာတော့ ရန်ကုန်ရဲ့ကားလမ်းကြပ်မှုကိုမမြင်တော့ပဲ တောင်ပေါ်မြေမှာအမေ့ကိုတွေ့ရမယ့်စိတ်ကူးအတွက် ပြင်ဆင်ထားတဲ့ကုန်ကြမ်းတွေ ထူးထူးကဲကဲ ပိုမိုလှပလာတယ်လို့ ကျွန်တော်ခံစားနေမိပါတော့တယ်။
.
.
ခင်လျက်
.

02-01-2016 ( မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးဧည့်သည်စောင့်ခုံတန်းလျား )

No comments: