ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, September 28, 2019

အသံုးဝင္လာတဲ႕ ⭐Passport Card⭐

ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)

ေျပာင္းလဲလာတဲ႕မူဝါဒ နဲ႕ Real ID Act ဆိုတဲ႕ (ဓါတ္ပံုပါ) မွတ္ပံုတင္ကဒ္ျပားဥပေဒေၾကာင္႕ အေမရိကန္ျပည္တြင္းမွာ ခရီးထြက္ခြာတဲ႕အခါ ႏိုင္ငံကူးလက္မွတ္-Passport Book နဲ႕ ႏိုင္ငံကူးကဒ္ျပား-Passport Card ေတြကိုျပျပီး လံုျခံဳေရးအစစ္အေဆးခံရေတာ႕မယ္႕ကာလဟာ မၾကာမီေရာက္ရွိလာေတာ႕မွာျဖစ္ပါတယ္။


Real ID Act အရ ျပည္နယ္အသီးသီးကထုတ္ေပးတဲ႕ မွတ္ပံုတင္-IDs (Identification Documents) မွာ လံုျခံဳေရးအေထာက္အကူျပဳစံႏႈန္း-Security Standards ေတြျပည္႕မီရမယ္လို႕ဆုိထားပါတယ္။ ျပည္နယ္တစ္ခုကေနတစ္ခုကူးသန္းတဲ႕အခါ လံုျခံဳေရးစံမမီတဲ႕ကဒ္ျပားေတြျပျပီး ျဖတ္သန္းခြင္႕ကုိတားဆီးေတာ႕မွာပါ။

TSA လို႕ေတြ႕လိုက္တာနဲ႕ ေလဆိပ္ကထြက္ခြာ႒ာနမွာေစာင္႕ေနတဲ႕ဝန္ထမ္းေတြကိုလွမ္းျမင္မိၾကမယ္ထင္ပါတယ္။ သူ႕စာလံုးရဲ႕အက်ယ္ဖြင္႕က Transportation Security Administration ျဖစ္ပါတယ္။ ေလေၾကာင္း၊ ေရေၾကာင္း၊ ကုန္းေၾကာင္းျဖတ္သန္းမႈမွန္သမွ် လံုျခံဳေရးအတြက္စစ္ေဆးခြင္႕ရွိပါတယ္။

ဒီဘက္တေလာမွာၾကားလာရတာက ေလယာဥ္စီးတဲ႕အခါ အရင္ကလို ျပည္နယ္ကထုတ္ေပးတဲ႕ မွတ္ပံုတင္ကဒ္ျပား-State-Issued ID နဲ႕ ကားေမာင္းလိုင္စင္-Driver License ျပျပီးအေမရိကန္ျပည္တြင္းေလယာဥ္တက္စီးေနရာကေန ေနာက္ပိုင္းမွာ (ျပည္တြင္းခရီးစဥ္မွာေတာင္) ႏိုင္ငံကူးလက္မွတ္-Passport ျပျပီးစီးရေတာ႕မယ္႕အေၾကာင္းဟာ လူေျပာမ်ားလာပါတယ္။
မၾကာေသးခင္က ကြ်န္ေတာ႔ယာဥ္ေမာင္းလိုင္စင္သက္တမ္းတိုးေတာ႕ ကယ္လီဖိုးနီးယား က.ည.န က Real ID လုပ္ဖို႕တိုက္တြန္းထားတဲ႕ေၾကာ္ျငာတြဲပါလာတယ္။ ေနာက္ႏွစ္ (၂ဝ၂ဝ) ေအာက္တိုဘာ (၁) ရက္ေန႕ေနာက္ပိုင္း လက္ရွိကြ်န္ေတာ္သံုးေနတဲ႕ ကားလိုင္စင္ (ပံုစံအေဟာင္း) နဲ႕ ျပည္တြင္းေလယာဥ္တက္စီးဖို႕မလံုေလာက္ေတာ႕တဲ႕အေၾကာင္းကိုရွင္းျပထားတယ္။

Real ID က ျဖတ္ေက်ာ္ေပးတဲ႕ အဓိကအေၾကာင္းရင္း (၃) ခ်က္ ရွိပါတယ္။

(က) ရဲ၊ လ.ဝ.က၊ အေကာက္ခြန္ အစရွိတဲ႕ ဖယ္ဒရယ္စစ္ေဆးေရးဝန္ထမ္းေတြကိုျဖတ္ေက်ာ္ႏုိင္မယ္

(ခ) (၂ဝ၂ဝ) ေအာက္တိုဘာ (၁) ရက္ေန႕က စျပီး ျပည္တြင္းေလေၾကာင္းေတြကုိတက္စီးႏုိင္မယ္

(ဂ) (၂ဝ၂ဝ) ေအာက္တိုဘာ (၁) ရက္ေန႕ကစျပီး တင္းၾကပ္တဲ႕အစုိးရအေရးၾကီး႒ာနေတြကုိဝင္ေရာက္ႏုိင္ပါမယ္။

ကဲ . . Real ID မရွိရင္ေရာ? ဟုတ္ကဲ႕ . . မရွိထားရင္ ပံုမွန္ျပေနက်ကဒ္ျပားေတြအျပင္ ႏိုင္ငံကူးလက္မွတ္စာအုပ္ နဲ႕ ႏုိင္ငံကူးလက္မွတ္ကဒ္ျပား တုိ႕ ရွိထားရမွာျဖစ္ေနျပန္တယ္။ ဒီေနရာမွာ အေမရိကားကထုတ္ေပးတဲ႕ Passport Card အေၾကာင္း ထပ္ရွင္းျပခ်င္ပါတယ္။

Passport Card ကုိ Passport လုပ္တုန္းကေဖာင္ျဖည္႕တဲ႕အခါ ထိပ္မွာေမးထားတဲ႕ “Both” ဆိုတဲ႕ အကြက္ေလးမွာ အမွန္ျခစ္ေပးလိုက္ရံုနဲ႕ ေငြထပ္ေပးေလွ်ာက္ထားႏုိင္ပါတယ္ (for Form DS-11 oe DS-82) ။ ဒီကဒ္နဲ႕ ကေနဒါ၊ မကၠဆီကုိ နဲ႕ ဘာျမဴဒါတို႕ကေန ကုန္းေၾကာင္းနယ္စပ္ နဲ႕ ေရေၾကာင္းကေနဝင္လာလို႕ရတယ္။

Passport Card လုပ္ဖို႕အတြက္ အသစ္လုပ္မယ္ဆုိရင္ (၆၅) ေဒၚလာ ကုန္က်မွာျဖစ္ျပီး ႏိုင္ငံကူးလက္မွတ္စာအုပ္-Passport Book ရွိျပီးထားသူအတြက္က ေဒၚလာ (၃ဝ) သာေပးရပါမယ္။ သက္တမ္းအေနနဲ႕က အသက္ (၁၆) ႏွစ္အထက္လူၾကီးအတြက္ သက္တမ္းက (၁ဝ) ႏွစ္ျဖစ္ျပီး (၁၆) ႏွစ္ေအာက္လူငယ္ေတြအတြက္က (၅) ႏွစ္ သက္တမ္းေပးထားပါတယ္။

ဒါဆိုရင္ (၂ဝ၂ဝ) ေအာက္တိုဘာ (၁) ရက္ေန႕ေနာက္ပိုင္းမွာ အေမရိကန္ျပည္ေထာင္စုအတြင္းေလယာဥ္စီးသူေတြ ဘာကဒ္ေတြျပစီးရမလဲ? မိတ္ေဆြဆီမွာ
(၁) ပံုမွန္ ID သာရွိရင္
(၂) ပံုမွန္ကားေမာင္းလုိင္စင္သာရွိရင္ Passport Book (သို႕) Passport Card ထပ္ျပရပါမယ္။

သုိ႕ေပမယ္႕ မိတ္ေဆြဆီမွာ

(၃) Real ID ရွိရင္
(၄) Passport Card ရွိရင္ အခုလက္ရွိျပေနက်အတုိင္း ေလဆိပ္လံုျခံဳေရးကုိျဖတ္သန္းႏုိင္ပါတယ္။ Passport Book ျပဖို႕မလိုအပ္ပါဘူး။

အပုိဗဟုသုတအေနနဲ႕ Real ID လုပ္ဖို႕ ယာဥ္ေမာင္းလုိင္စင္အတြက္ (၃၅) ေဒၚလာက်သင္႕မွာျဖစ္ျပီး မွတ္ပံုတင္-ID ရဲ႕ Real ID ကေတာ႕ ေဒၚလာ (၃ဝ) ေပးေဆာင္ဖို႕က ကယ္လီဖိုးနီးယားျပည္နယ္ရဲ႕ေစ်းႏႈန္းေတြျဖစ္ပါတယ္။ လုပ္ေဆာင္မႈက ပိုမိုတင္းၾကပ္ျပီး နီးစပ္ရာ DMV-Department of Motor Vehicles (အေမရိကန္ က.ည.န) ကို လူကိုယ္တုိင္သြားေလွ်ာက္၊ ေဖာင္တင္၊ ဓါတ္ပံုအရုိက္ခံရမွာျဖစ္ျပီး အြန္လုိင္းေပၚကေန ရက္ခ်ိန္းယူလုပ္ေဆာင္ႏုိင္ပါတယ္။

အေမရိကန္ႏုိင္ငံသားျဖစ္ျပီးသူေတြအတြက္ကေတာ႕ သိပ္ရွင္းတယ္။ ႏိုင္ငံသားေျဖျပီး က်မ္းက်ိမ္တဲ႕ Citizenship Naturalization လုပ္ငန္းစဥ္မွာ Oath လုပ္ျပီးတာနဲ႕ ႏုိင္ငံကူးလက္မွတ္စာအုပ္-Passport Book ေလွ်ာက္ရင္း Passport Card အတြက္ ေငြပုိသြင္းျပီး တစ္ပါတည္းေလွ်ာက္လုိက္ရံုပါပဲ။

အေမရိကားမွာ ပလပ္စတစ္ကဒ္ျပားေတြ အလြန္မ်ားျပားလာသလို လူေတြကုိထိန္းခ်ဳပ္ထားတဲ႕အခ်က္အလက္ေတြဟာ ဆန္းက်ယ္လာတယ္။ တရားဝင္ျဖစ္ဖို႕လူေတြၾကိဳးစားလာတာနဲ႕အမွ် အေမရိကန္အစိုးရက သူ႕ရဲ႕ Database ကုိ ခုိင္မာေအာင္တည္ေဆာက္ေနတာေတြ႕လာေနရပါတယ္။ တကယ္ေတာ႕ အေမရိကားဟာ “ရဲ အဖမ္းမခံရရင္ ဘာမဆုိလုပ္လို႕ရတဲ႕ေနရာေဒသတစ္ခု” ျဖစ္တယ္လို႕ေျပာရင္ သိပ္လြန္က်ဴးသြားတယ္လို႕ယူဆလို႕မရေတာ႕ပါဘူး။

ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
09-28-2019

Read More: state.gov/travel, dmv.ca.gov


𝐔𝐧𝐢𝐜𝐨𝐝𝐞 𝐕𝐞𝐫𝐬𝐢𝐨𝐧:

“အသုံးဝင်လာတဲ့ ⭐Passport Card⭐”
              ပြောင်းလဲလာတဲ့မူဝါဒ နဲ့ Real ID Act ဆိုတဲ့ (ဓါတ်ပုံပါ) မှတ်ပုံတင်ကဒ်ပြားဥပဒေကြောင့် အမေရိကန်ပြည်တွင်းမှာ ခရီးထွက်ခွာတဲ့အခါ နိုင်ငံကူးလက်မှတ်-Passport Book နဲ့ နိုင်ငံကူးကဒ်ပြား-Passport Card တွေကိုပြပြီး လုံခြုံရေးအစစ်အဆေးခံရတော့မယ့်ကာလဟာ မကြာမီရောက်ရှိလာတော့မှာဖြစ်ပါတယ်။

              Real ID Act အရ ပြည်နယ်အသီးသီးကထုတ်ပေးတဲ့ မှတ်ပုံတင်-IDs (Identification Documents) မှာ လုံခြုံရေးအထောက်အကူပြုစံနှုန်း-Security Standards တွေပြည့်မီရမယ်လို့ဆိုထားပါတယ်။ ပြည်နယ်တစ်ခုကနေတစ်ခုကူးသန်းတဲ့အခါ လုံခြုံရေးစံမမီတဲ့ကဒ်ပြားတွေပြပြီး ဖြတ်သန်းခွင့်ကိုတားဆီးတော့မှာပါ။

              TSA လို့တွေ့လိုက်တာနဲ့ လေဆိပ်ကထွက်ခွာဋ္ဌာနမှာစောင့်နေတဲ့ဝန်ထမ်းတွေကိုလှမ်းမြင်မိကြမယ်ထင်ပါတယ်။ သူ့စာလုံးရဲ့အကျယ်ဖွင့်က Transportation Security Administration   ဖြစ်ပါတယ်။ လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းဖြတ်သန်းမှုမှန်သမျှ လုံခြုံရေးအတွက်စစ်ဆေးခွင့်ရှိပါတယ်။ 

              ဒီဘက်တလောမှာကြားလာရတာက လေယာဉ်စီးတဲ့အခါ အရင်ကလို ပြည်နယ်ကထုတ်ပေးတဲ့ မှတ်ပုံတင်ကဒ်ပြား-State-Issued ID နဲ့ ကားမောင်းလိုင်စင်-Driver License ပြပြီးအမေရိကန်ပြည်တွင်းလေယာဉ်တက်စီးနေရာကနေ နောက်ပိုင်းမှာ (ပြည်တွင်းခရီးစဉ်မှာတောင်) နိုင်ငံကူးလက်မှတ်-Passport ပြပြီးစီးရတော့မယ့်အကြောင်းဟာ လူပြောများလာပါတယ်။

              မကြာသေးခင်က ကျွန်တော့ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးတော့ ကယ်လီဖိုးနီးယား က.ည.န က Real ID လုပ်ဖို့တိုက်တွန်းထားတဲ့ကြော်ငြာတွဲပါလာတယ်။ နောက်နှစ် (၂ဝ၂ဝ) အောက်တိုဘာ (၁) ရက်နေ့နောက်ပိုင်း လက်ရှိကျွန်တော်သုံးနေတဲ့ ကားလိုင်စင် (ပုံစံအဟောင်း) နဲ့ ပြည်တွင်းလေယာဉ်တက်စီးဖို့မလုံလောက်တော့တဲ့အကြောင်းကိုရှင်းပြထားတယ်။

          Real ID က ဖြတ်ကျော်ပေးတဲ့ အဓိကအကြောင်းရင်း (၃) ချက် ရှိပါတယ်။ 

(က) ရဲ၊ လ.ဝ.က၊ အကောက်ခွန် အစရှိတဲ့ ဖယ်ဒရယ်စစ်ဆေးရေးဝန်ထမ်းတွေကိုဖြတ်ကျော်နိုင်မယ်

(ခ) (၂ဝ၂ဝ) အောက်တိုဘာ (၁) ရက်နေ့က စပြီး ပြည်တွင်းလေကြောင်းတွေကိုတက်စီးနိုင်မယ် 

(ဂ) (၂ဝ၂ဝ) အောက်တိုဘာ (၁) ရက်နေ့ကစပြီး တင်းကြပ်တဲ့အစိုးရအရေးကြီးဋ္ဌာနတွေကိုဝင်ရောက်နိုင်ပါမယ်။

              ကဲ . . Real ID မရှိရင်ရော? ဟုတ်ကဲ့ . . မရှိထားရင် ပုံမှန်ပြနေကျကဒ်ပြားတွေအပြင် နိုင်ငံကူးလက်မှတ်စာအုပ် နဲ့ နိုင်ငံကူးလက်မှတ်ကဒ်ပြား တို့ ရှိထားရမှာဖြစ်နေပြန်တယ်။ ဒီနေရာမှာ အမေရိကားကထုတ်ပေးတဲ့ Passport Card အကြောင်း ထပ်ရှင်းပြချင်ပါတယ်။

              Passport Card ကို Passport လုပ်တုန်းကဖောင်ဖြည့်တဲ့အခါ ထိပ်မှာမေးထားတဲ့ “Both” ဆိုတဲ့ အကွက်လေးမှာ အမှန်ခြစ်ပေးလိုက်ရုံနဲ့ ငွေထပ်ပေးလျှောက်ထားနိုင်ပါတယ် (for Form DS-11 oe DS-82) ။ ဒီကဒ်နဲ့ ကနေဒါ၊ မက္ကဆီကို နဲ့ ဘာမြူဒါတို့ကနေ ကုန်းကြောင်းနယ်စပ် နဲ့ ရေကြောင်းကနေဝင်လာလို့ရတယ်။ 

              Passport Card လုပ်ဖို့အတွက် အသစ်လုပ်မယ်ဆိုရင် (၆၅) ဒေါ်လာ ကုန်ကျမှာဖြစ်ပြီး နိုင်ငံကူးလက်မှတ်စာအုပ်-Passport Book ရှိပြီးထားသူအတွက်က ဒေါ်လာ (၃ဝ) သာပေးရပါမယ်။ သက်တမ်းအနေနဲ့က အသက် (၁၆) နှစ်အထက်လူကြီးအတွက် သက်တမ်းက (၁ဝ) နှစ်ဖြစ်ပြီး (၁၆) နှစ်အောက်လူငယ်တွေအတွက်က (၅) နှစ် သက်တမ်းပေးထားပါတယ်။

              ဒါဆိုရင် (၂ဝ၂ဝ) အောက်တိုဘာ (၁) ရက်နေ့နောက်ပိုင်းမှာ အမေရိကန်ပြည်ထောင်စုအတွင်းလေယာဉ်စီးသူတွေ ဘာကဒ်တွေပြစီးရမလဲ? မိတ်ဆွေဆီမှာ 
(၁) ပုံမှန် ID သာရှိရင်
(၂) ပုံမှန်ကားမောင်းလိုင်စင်သာရှိရင် Passport Book (သို့) Passport Card ထပ်ပြရပါမယ်။ 

သို့ပေမယ့် မိတ်ဆွေဆီမှာ

(၃) Real ID ရှိရင်
(၄) Passport Card ရှိရင် အခုလက်ရှိပြနေကျအတိုင်း လေဆိပ်လုံခြုံရေးကိုဖြတ်သန်းနိုင်ပါတယ်။ Passport Book ပြဖို့မလိုအပ်ပါဘူး။

              အပိုဗဟုသုတအနေနဲ့ Real ID လုပ်ဖို့ ယာဉ်မောင်းလိုင်စင်အတွက် (၃၅) ဒေါ်လာကျသင့်မှာဖြစ်ပြီး မှတ်ပုံတင်-ID ရဲ့ Real ID ကတော့ ဒေါ်လာ (၃ဝ) ပေးဆောင်ဖို့က ကယ်လီဖိုးနီးယားပြည်နယ်ရဲ့စျေးနှုန်းတွေဖြစ်ပါတယ်။ လုပ်ဆောင်မှုက ပိုမိုတင်းကြပ်ပြီး နီးစပ်ရာ DMV-Department of Motor Vehicles (အမေရိကန် က.ည.န) ကို လူကိုယ်တိုင်သွားလျှောက်၊ ဖောင်တင်၊ ဓါတ်ပုံအရိုက်ခံရမှာဖြစ်ပြီး အွန်လိုင်းပေါ်ကနေ ရက်ချိန်းယူလုပ်ဆောင်နိုင်ပါတယ်။

              အမေရိကန်နိုင်ငံသားဖြစ်ပြီးသူတွေအတွက်ကတော့ သိပ်ရှင်းတယ်။ နိုင်ငံသားဖြေပြီး ကျမ်းကျိမ်တဲ့ Citizenship Naturalization လုပ်ငန်းစဉ်မှာ Oath လုပ်ပြီးတာနဲ့ နိုင်ငံကူးလက်မှတ်စာအုပ်-Passport Book လျှောက်ရင်း Passport Card အတွက် ငွေပိုသွင်းပြီး တစ်ပါတည်းလျှောက်လိုက်ရုံပါပဲ။

              အမေရိကားမှာ ပလပ်စတစ်ကဒ်ပြားတွေ အလွန်များပြားလာသလို လူတွေကိုထိန်းချုပ်ထားတဲ့အချက်အလက်တွေဟာ ဆန်းကျယ်လာတယ်။ တရားဝင်ဖြစ်ဖို့လူတွေကြိုးစားလာတာနဲ့အမျှ အမေရိကန်အစိုးရက သူ့ရဲ့ Database ကို ခိုင်မာအောင်တည်ဆောက်နေတာတွေ့လာနေရပါတယ်။ တကယ်တော့ အမေရိကားဟာ “ရဲ အဖမ်းမခံရရင် ဘာမဆိုလုပ်လို့ရတဲ့နေရာဒေသတစ်ခု” ဖြစ်တယ်လို့ပြောရင် သိပ်လွန်ကျူးသွားတယ်လို့ယူဆလို့မရတော့ပါဘူး။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
09-28-2019

Read More: state.gov/travel, dmv.ca.gov

              

              

No comments: