ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Tuesday, October 24, 2017

The Art Created by a Camera Guy

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
.
ဒီ Camera Guy ရိုက်နေတာကို
တောင်ကုန်းလေးစတက်တုန်းက တွေ့တယ်
.
အောက်ကိုလှမ်းကြည့်လိုက်တော့
ရေချိုးဆင်းသွားတဲ့ရွှေသမင်လေးလို
ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသရဲ့
အလှသွေးရိုင်းတွေကို
မိမွေးတိုင်း ဖမွေးတိုင်း မြင်တွေ့လိုက်ရတယ်
.
.
သူဟာ
မိန်းမလား? ယောက်ျားလား?
ဗုဒ္ဒဘာသာလား? မွတ်ဆလင်လား?
လက်ဝါးကပ်တိုင်လား? ဆိုတဲ့မေးခွန်းအစား
သူဖန်တီးမယ့်အနုပညာကသာ
သူ့အကြောင်း အံ့သြဘွယ်ရာပြောပြသွားလိမ့်မယ်ဆိုတာ
ဒီမြင်ကွင်းက ပြောနေတယ်
.
တိမ်က မတောက်ပေမယ့်
အလင်းပျောက်အပြာနုတွေ
တိမ်ခါးပန်း ကြိုးနီတန်းမှာ
လှမ်း . . လှမ်း . . ချိတ်မိတဲ့အရိပ်တွေကြောင့်
ကမ္ဘာ့နာမယ်ကျော်တံတားကြီးမှာ
ခါးပန်းက ညွှတ် . . လွှတ်ကနဲ အလှတွေကြွယ်ရတယ်
.
.
ဒါကို
ခဏဘဲလို့မမြင်ထားကြတော့
ဓနဥစ္စာမြင့်မိုရ်တောင်ကလပ်ကိုမတွယ်တက်ခင်
မှီရာကားနဲ့လိုက်သွားမိရင် ဂီယာကြီးထိုးထား . .
နောက်ပြန်ကျတတ်တယ်
.
တစ်ယောက်ယောက်က
သူတစ်ပါးဘဝတွေကိုအားကျလို့
အလိုက်မှားခဲ့စေဦး
တောင်စောင်းလေးကတော့
ကားပေါ်မှာပါသူရဲ့ဘဝကိုပြောင်းသွားအောင်
အပေါ်အထိခေါ်သွားဦးမှာပါပဲ
.
.
ဘယ်လိုပင်ဖြစ်နေစေကာမူ
ဘဝအသိသညာတွေ ခဏတာရှိနေတုန်း
တောင်ကုန်းပေါ်ကနေလျှောမကျအောင်
ခါးပတ်ကို သေသေချာချာပတ်ထား . .
အရှိန်များ ချှော်ထွက်သွားတတ်တယ်
.
ဒီလိုသဘောတရားတွေကြောင့်
လောကကြီးကို ကိုယ့်ဝါသနာအရပုံဖော်နေသူတွေပဲ
နောက်ဆုံးပိတ်လွတ်လပ်မှုကို ခံစားခွင့်ရကြတယ်
.
ဒသနအဓိပ္ပာယ်တွေအစား အပယ်တံခါးပိတ်တဲ့
ကုသိုလ်တရားတွေအား ရှာဖွေစားသောက်နိုင်ကြတယ်
.
.
ကိုယ့်ဘဝကိုကိုယ် ချုပ်ထားသူတွေ
ကိုယ့်ပညာကိုယ် တသသနဲ့မာန်ကြွနေသူတွေ
ဒီနေရောင်အောက်က အလှကို မတွေ့ကြဘူး
.
အပြာမိုးအောက်က
အညတရဘဝတွေကို
နားမလည်ကြပေဘူး
.
စူးရှရှ ပူပြင်းလှတဲ့နေမင်းကြီးရဲ့
ထိထိမိမိ သိသိရှိရှိအလှတွေကို
မတွေ့မိကြလေဘူး
.
.
ခင်လျက်
.
ကိုညီညီ (တောင်ကြီး)
10-24-2017
.
ကိုယ်တိုင်ရိုက်တဲ့သူများပုံ
.
တည်နေရာ: Claremont Hills, Bay Area, California

No comments: