ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, January 7, 2017

( ၂ဝ၄၇ ) ရန္ကုန္ နဲ႔ ဆန္ဖရန္စစၥကို

ေဆာင္းပါးရွင္ - ကုိညီညီ ( ေတာင္ၾကီး )

ၿမိဳ႕ေတာ္ရန္ကုန္မွာ ပင္လယ္ကမ္းေျခနဲ႔အၿပိဳင္ျဖစ္ေနတဲ႔ မဟာဗႏၶဳလလမ္းနဲ႕ခပ္ဆင္ဆင္လမ္းတစ္လမ္းကို ဆန္ဖရန္စစၥကိုၿမိဳ႕မွာျပပါဆုိရင္ Van Ness Avenue ကို စိတ္ထဲမွာျမင္ၾကည္႕လိုက္ပါ။ ဒီလမ္းဟာ လြန္ခဲ့တဲ့ႏွစ္ ( ၁၁ဝ ) ခန္႔က ၿမိဳ႕ရဲ႕တစ္ဘက္တစ္ခ်က္ကအေဆာက္အဦေတြအေပၚမွာ ထူးျခားတဲ႕ျဖစ္စဥ္ေတြကိုပံုေဖာ္ေပးခဲ႕တယ္။
.
အဲဒါက ( ၁၉ဝ၆ ) ခုႏွစ္ ဆန္ဖရန္စစၥကိုပင္လယ္ေအာ္ေဒသ - Bay Area မွာ ၿမိဳ႕လံုးကြ်တ္ငလ်င္လွုပ္ခတ္ခဲ႔တဲ႔အခါ ပ်က္စီးဆံုး႐ႈံးမႈမွုေတြၾကားမွာ Van Ness Avenue ရဲ ႔ တစ္ဘက္ျခမ္းက အကုန္ျပိဳက်ခဲ႕ေပမယ္႕ က်န္တဲ႔တစ္ဘက္္ကအေဆာက္အဦေတြဟာ အနည္းငယ္ထိခိုက္တာကလြဲရင္ ႀကိဳတင္မသိႏိုင္တဲ႔သဘာဝအႏၲရာယ္ကို ႀကံ ႔ၾက ႔ခံအံတုခဲ႔တယ္ေလ။
.
.
တစ္ကယ္ေတာ႕ ဆန္ဖရန္စစၥကိုဆုိတာ ပတ္ပတ္လည္ေရဝိုင္းေနတဲ႕ ေလးေထာင္႕မက်တက် ကြ်န္းျမိဳ႕ေလးပါ။ ဒီေတာ႕ သူဆီမွာ ကမ္းနားလမ္းေတြက အမ်ားၾကီး။ တစ္ဆက္တည္း ျမိဳ႕ကို မလွလွေအာင္တန္ဆာဆင္ထားတဲ႕ ကုန္းတက္ကုန္းဆင္းေတြက ေပါမွေပါ..။
.
ရန္ကုန္ေမာ္တင္နားကေန ဗိုလ္တစ္ေထာင္ေလာက္အထိသြားဖို႕ ကမ္းနားလမ္းရွိသလို ဆန္ဖရန္စစၥကိုရဲ႕မ်ားလြန္းလွတဲ႕ေဘာ႕တံတားေတြကိုေလွ်ာက္သြားၾကည္႕ဖို႕ အမ္ဘာကာဒဲရုိ - Embarcadero လမ္း ဆိုတာ ရွိပါတယ္။
.
. .
ထူးျခားတာကေတာ႕ ေဘာ႕တံတား - Pier ( ၉ဝ ) ေက်ာ္ရဲ႕ဝင္ေပါက္နံပါတ္ေတြရဲ႕ အထားအသုိစီရင္္ထားမႈပါပဲ။ လမ္းတစ္ခုရဲ႕ဘယ္တစ္ဘက္မွာ မနံပါတ္ Pier ေတြကိုေတြ႕ရမွာျဖစ္ျပီး ေနာက္တစ္ဘက္မွာ စံုနံပါတ္ေတြစီထားတာပါ။ ပင္လယ္ဖ်ံေတြေဆာ႕ကစားျပီး ႏိုင္ငံျခားခရီးသြားေတြအတြက္ဆဲြေဆာင္မႈအရွိဆံုးထဲမွာ ေဘာ႕တံတား ( ၃၉ ) - Pier 39 က ပိုမိုထူးျခားတဲ႕အသြင္နဲ႕ ဆန္ဖရန္ပင္ဘယ္ေအာ္ကိုအလွဆင္ေပးေနပါတယ္။
.
အဲဒီလမ္းေပၚကေန ကမ္းေျခတစ္ဝိုက္ကို ေကြ႔သြားလိုက္တဲ႕အခါ မဟာေရႊရန္ကုန္ရဲ႕လမ္းနံမယ္ေတြနဲ႕တူတဲ႕ Beach Street နဲ႕ Bay Street ဆုိတာေပၚေရာက္ေတာ႕ မြန္းက်ပ္လွတဲ႕ျမိဳ႕ျပကားလမ္းေတြကေန ေခတၱခဏ ေရွာင္ထြက္ေျပးျပီး ပစိဖိတ္ပင္လယ္ေလေအး နဲ႕ ေျမထဲပင္လယ္ဓါတ္ဆီနံ႕ေပါင္းစပ္ျခင္းတုိ႕ကို တစ္လွည္႕စီေထြးေပြ႕ထားခ်င္သူေတြအတြက္ အနားရမယ္႕လမ္းေတြဆိုတာ သိပါလိမ္႕မယ္။
.
.
( ၁၉၈၉ ) ခုႏွစ္ပတ္လည္ေလာက္က ရန္ကုန္ဘူတာၾကီးတစ္ဝုိက္ကိုမွီလိုက္သူမ်ားသိၾကပါလိမ္႕မယ္။ ဟိုနားမွာ .. ဒီနားမွာ .. အိမ္ၾကိဳအိမ္ၾကားေတြမွာ .. လမ္းေပၚမွာ .. အိပ္ေနတဲ႕သူေတြ လက္တိုလက္စအိမ္အသံုးအေဆာင္ေတြနဲ႕ျပည္႕ေနတဲ႕လမ္းမ်ိဳးကိုေျပာတာပါ။
.
အဲဒီလိုျမင္ကြင္းမ်ိဳးကို ဆန္ဖရန္စစၥကိုျမိဳ႕ရဲ႕ Golden Gate Avenue ေရႊတံခါးၾကီးလမ္းမေတြမွာ ျမင္ရႏိုင္ပါတယ္။ အစိုးရေထာက္ပံ႕တဲ႕လူမႈဖူလွံဳေရးရံုးေတြ ဒီလမ္းထဲမွာ ရွိတယ္။ အခမဲ႕ေဝငွေပးတဲ႕အစားအေသာက္ - Food Stamps အစီအစဥ္စင္တာေတြ ရွိျပန္တယ္။
.
ဒါ႕အျပင္ အေရာင္အေသြးတူတဲ႕လူေတြစုေနတဲ႕အခါ ညေနခင္း ညေနဘက္ေတြမွာ သိပ္မသိသာေပမယ္႕ ညီအကိုမသိတသိအခ်ိန္ေတြနဲ႕ မနက္လင္းလို႕ ျမိဳ႕ျပၾကီးႏိုးထလာတဲ႕အခ်ိန္ေတြမွာ အာရံုဦးမနက္စာစားဖို႕ေကာ္ဖီဆိုင္ကုိသြားေနသူေတြဟာ အိပ္ယာမႏိုးေသးတဲ႕ အိမ္ေျခမဲ႕ေတြကိုေရွာင္ကြင္းျပီးသြားရတဲ႕လမ္းမ်ိဳးေပါ႕..။
.
.
တစ္ကယ္တမ္း ရန္ကုန္ျမိဳ႕ကုိခ်ိတ္ဆက္ေပးထားတဲ႕ အထင္အရတံတားဘယ္ႏွစ္စင္းရွိလို႕ တံတားျဖတ္ခဘယ္ေလာက္ေပးရသလဲေတာ႕မသိဘူး ... ဆန္ဖရန္စစၥကိုျမိဳ႕ကိုသြယ္တန္းထားတဲ႕ အဓိကပင္လယ္ေရျပင္ျဖတ္အဝင္တံတားၾကီး ( ၃ ) စင္း နဲ႕ အထြက္ေရႊတံခါးၾကီး - Golden Gate Bridge တုိ႕က ကားတစ္စီးကုိ ( ၅ ) ေဒၚလာေပးရပါတယ္။
.
အဝင္ဆုိတာက ကုန္းပိုင္းကကားေတြျမိဳ႕ထဲကုိ ဒီတံတားေတြေပၚကေနအဝင္မ်ားလို႕ပါ။ အထြက္ဆိုတာက ကြ်န္းဆြယ္ကေန ေနာက္ထပ္ကြ်န္းဆြယ္စုကိုသြားဖို႕ Golden Gate တံတားကေန ထြက္ရပါတယ္။ သိပ္ၾကီးက်ယ္ခမ္းနားတဲ႕တံတားၾကီးကိုျဖတ္ေမာင္းသြားရတိုင္း ပတ္ဝန္းက်င္ဘဘာဝအလွထက္ ကိုယ္႕ေရွ႕ကကား ကို႕ယို႕ကားယားမလုပ္ဖို႕ကုိပဲ အားစိုက္ေမာင္းေနရေတာ႕ တစ္ေန႕ေန႕က်မွပဲ ( ၂ ) မုိင္ရွည္တဲ႕တံတားကုိ လမ္းဆင္းေလွ်ာက္မယ္လို႕ စိတ္ကူးမိတာလည္း အၾကိမ္ၾကိမ္ပါ..။
.
.
ရန္ကုန္ျမဳိဳ႕ၾကီးထဲကို စီးပြားေရးလုပ္ငန္းေတြဝင္လာတာနဲ႕အမွ် ျမိဳ႕ေနလူထုေတြက ဆင္ေျခဖုံးေဒသေတြကို ေရႊ႕ေျပာငး္ၾကတယ္။ ဒီလိုပဲ ဆန္ဖရန္စစၥကိုျမိဳ႕ၾကီး က်ပ္သိပ္လာတာနဲ႕အမွ် ျမိဳ႕ျပင္ေတြကိုေျပာင္းသူကေျပာင္း၊ ပုိျမင္႕တဲ႕အေဆာက္အဦေတြေပၚတက္သူကတက္နဲ႕ ျမိဳ႕ျပရဲ႕ဒုကၡကိုလွလွၾကီးရင္ဆိုင္ၾကပါတယ္။
.
Golden Gate Bridge တံတားၾကီးကေနထြက္သြားရင္ သိပ္လွတဲ႕ Sausalito, Larkspur နဲ႕ Belvedere Tiburon ဆိုတဲ႕ေနရာေတြကိုစုျပီးေခၚတဲ႕ မရင္းခရိုင္ - Marin County ဆုိတာ ရွိတယ္။ ပင္လယ္ဆုိလည္းဟုတ္တယ္ .. ကမ္းေျခဆိုလည္းဟုတ္တယ္။ စုိစြတ္တယ္။ ေလ နဲ႕ ရာသီဥတုေကာင္းတယ္။ သီးသန္႕ျဖစ္မႈကုိတန္ဖိုးထားသူေတြ သြားေနၾကတယ္။ ဆန္ဖရန္စစၥကိုျမိဳ႕ကို ပန္းခ်ီကားေပၚမွာ၊ ကြန္ပ်ဴတာမ်က္ႏွာျပင္ေပၚမွာလို မျမင္ခ်င္သူေတြ၊ မနက္ထလာတာနဲ႕ပင္လယ္ၾကီးကုိျမင္ခ်င္သူေတြ ဒီမွာလာဝယ္ျပီးေနၾကတယ္။
.
.
တစ္ခုပဲကြာတာက ရန္ကုန္ျမိဳ႕ထဲကေနထြက္သြားေတာ႕ တစ္ဘက္ကမ္းမွာ အေနအထိုင္ခ်ိဳ႕တဲ႕သူမ်ား ခပ္လွမ္းလွမ္းမွာသြားေနၾကတယ္။ မတတ္ႏိုင္လို႕ သူတို႕တတ္ႏို္င္တဲ႕ေနရာကေန အလုပ္လုပ္ၾကတယ္။ ဒါက ရန္ကုန္ရဲ႕ဘြားဘက္ေတာ္ သံလ်င္တုိ႕ ဒလတို႕ကိုေျပာတာေပါ႕။
.
ဆန္ဖရန္စစၥကိုမွာက ကိုယ္႕ေနရာေရာင္းျပီး ဟုိဘက္ျခမ္းက ခုနကေျပာျပတဲ႕ျမိဳ႕ေတြရွိတဲ႕ကြ်န္းဆြယ္ဘက္ခပ္ကဲကဲေရာက္ေနတဲ႕ Marin County ကို ေငြပိုလို႕ေျပာင္းေနၾကတယ္။ ေတာ္ရံုတန္ရံုေငြနဲ႕ အဲဒီဘက္မွာေနဖို႕မလြယ္တာသိရေတာ႕ ေစ်းၾကီးတယ္ဆုိတာေလ႕လာရျပန္တယ္။
.
.
လြမ္းေမာဖြယ္ရာျမိဳ႕ေတာ္ၾကီးကိုတမ္းတရင္း ေနာက္ထပ္ဘယ္ႏွစ္ႏွစ္ေနရင္ ရန္ကုန္ဟာ ကမၻာ႕ျမိဳ႕ၾကီးဘယ္တစ္ျမိဳ႕ကိုေက်ာ္တက္ႏိုင္မလဲဆုိတာရင္ခုန္ရင္း ( ၇ ) မိုင္ပတ္လည္ခန္႕သာ က်ယ္ဝန္းတဲ႕ျမိဳ႕တစ္ျမိဳ႕နဲ႕ယွဥ္ျပီး အိမ္လြမ္းပန္းခ်ီကားတစ္ခ်ပ္ကို အေဝးကေနေရးဆြဲလုိက္ရပါတယ္။
.
ခင္လ်က္
ကိုညီညီ ( ေတာင္ၾကီး )
01-07-2017
.
.
.
Unicode Version:
.
.
" ( ၂ဝ၄၇ ) ရန်ကုန် နဲ့ ဆန်ဖရန်စစ္စကို "
.
မြို့တော်ရန်ကုန်မှာ ပင်လယ်ကမ်းခြေနဲ့အပြိုင်ဖြစ်နေတဲ့ မဟာဗန္ဓုလလမ်းနဲ့ခပ်ဆင်ဆင်လမ်းတစ်လမ်းကို ဆန်ဖရန်စစ္စကိုမြို့မှာပြပါဆိုရင် Van Ness Avenue ကို စိတ်ထဲမှာမြင်ကြည့်လိုက်ပါ။ ဒီလမ်းဟာ လွန်ခဲ့တဲ့နှစ် ( ၁၁ဝ ) ခန့်က မြို့ရဲ့တစ်ဘက်တစ်ချက်ကအဆောက်အဦတွေအပေါ်မှာ ထူးခြားတဲ့ဖြစ်စဉ်တွေကိုပုံဖော်ပေးခဲ့တယ်။
.
အဲဒါက ( ၁၉ဝ၆ ) ခုနှစ် ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသ - Bay Area မှာ မြို့လုံးကျွတ်ငလျင်လှုပ်ခတ်ခဲ့တဲ့အခါ ပျက်စီးဆုံးရှုံးမှုမှုတွေကြားမှာ Van Ness Avenue ရဲ ့ တစ်ဘက်ခြမ်းက အကုန်ပြိုကျခဲ့ပေမယ့် ကျန်တဲ့တစ်ဘက််ကအဆောက်အဦတွေဟာ အနည်းငယ်ထိခိုက်တာကလွဲရင် ကြိုတင်မသိနိုင်တဲ့သဘာဝအန္တရာယ်ကို ကြံ ့ကြ ့ခံအံတုခဲ့တယ်လေ။
.
.
တစ်ကယ်တော့ ဆန်ဖရန်စစ္စကိုဆိုတာ ပတ်ပတ်လည်ရေဝိုင်းနေတဲ့ လေးထောင့်မကျတကျ ကျွန်းမြို့လေးပါ။ ဒီတော့ သူဆီမှာ ကမ်းနားလမ်းတွေက အများကြီး။ တစ်ဆက်တည်း မြို့ကို မလှလှအောင်တန်ဆာဆင်ထားတဲ့ ကုန်းတက်ကုန်းဆင်းတွေက ပေါမှပေါ..။
.
ရန်ကုန်မော်တင်နားကနေ ဗိုလ်တစ်ထောင်လောက်အထိသွားဖို့ ကမ်းနားလမ်းရှိသလို ဆန်ဖရန်စစ္စကိုရဲ့များလွန်းလှတဲ့ဘော့တံတားတွေကိုလျှောက်သွားကြည့်ဖို့ အမ်ဘာကာဒဲရို - Embarcadero လမ်း ဆိုတာ ရှိပါတယ်။
.
. .
ထူးခြားတာကတော့ ဘော့တံတား - Pier ( ၉ဝ ) ကျော်ရဲ့ဝင်ပေါက်နံပါတ်တွေရဲ့ အထားအသိုစီရင််ထားမှုပါပဲ။ လမ်းတစ်ခုရဲ့ဘယ်တစ်ဘက်မှာ မနံပါတ် Pier တွေကိုတွေ့ရမှာဖြစ်ပြီး နောက်တစ်ဘက်မှာ စုံနံပါတ်တွေစီထားတာပါ။ ပင်လယ်ဖျံတွေဆော့ကစားပြီး နိုင်ငံခြားခရီးသွားတွေအတွက်ဆွဲဆောင်မှုအရှိဆုံးထဲမှာ ဘော့တံတား ( ၃၉ ) - Pier 39 က ပိုမိုထူးခြားတဲ့အသွင်နဲ့ ဆန်ဖရန်ပင်ဘယ်အော်ကိုအလှဆင်ပေးနေပါတယ်။
.
အဲဒီလမ်းပေါ်ကနေ ကမ်းခြေတစ်ဝိုက်ကို ကွေ့သွားလိုက်တဲ့အခါ မဟာရွှေရန်ကုန်ရဲ့လမ်းနံမယ်တွေနဲ့တူတဲ့ Beach Street နဲ့ Bay Street ဆိုတာပေါ်ရောက်တော့ မွန်းကျပ်လှတဲ့မြို့ပြကားလမ်းတွေကနေ ခေတ္တခဏ ရှောင်ထွက်ပြေးပြီး ပစိဖိတ်ပင်လယ်လေအေး နဲ့ မြေထဲပင်လယ်ဓါတ်ဆီနံ့ပေါင်းစပ်ခြင်းတို့ကို တစ်လှည့်စီထွေးပွေ့ထားချင်သူတွေအတွက် အနားရမယ့်လမ်းတွေဆိုတာ သိပါလိမ့်မယ်။
.
.
( ၁၉၈၉ ) ခုနှစ်ပတ်လည်လောက်က ရန်ကုန်ဘူတာကြီးတစ်ဝိုက်ကိုမှီလိုက်သူများသိကြပါလိမ့်မယ်။ ဟိုနားမှာ .. ဒီနားမှာ .. အိမ်ကြိုအိမ်ကြားတွေမှာ .. လမ်းပေါ်မှာ .. အိပ်နေတဲ့သူတွေ လက်တိုလက်စအိမ်အသုံးအဆောင်တွေနဲ့ပြည့်နေတဲ့လမ်းမျိုးကိုပြောတာပါ။
.
အဲဒီလိုမြင်ကွင်းမျိုးကို ဆန်ဖရန်စစ္စကိုမြို့ရဲ့ Golden Gate Avenue ရွှေတံခါးကြီးလမ်းမတွေမှာ မြင်ရနိုင်ပါတယ်။ အစိုးရထောက်ပံ့တဲ့လူမှုဖူလှုံရေးရုံးတွေ ဒီလမ်းထဲမှာ ရှိတယ်။ အခမဲ့ဝေငှပေးတဲ့အစားအသောက် - Food Stamps အစီအစဉ်စင်တာတွေ ရှိပြန်တယ်။
.
ဒါ့အပြင် အရောင်အသွေးတူတဲ့လူတွေစုနေတဲ့အခါ ညနေခင်း ညနေဘက်တွေမှာ သိပ်မသိသာပေမယ့် ညီအကိုမသိတသိအချိန်တွေနဲ့ မနက်လင်းလို့ မြို့ပြကြီးနိုးထလာတဲ့အချိန်တွေမှာ အာရုံဦးမနက်စာစားဖို့ကော်ဖီဆိုင်ကိုသွားနေသူတွေဟာ အိပ်ယာမနိုးသေးတဲ့ အိမ်ခြေမဲ့တွေကိုရှောင်ကွင်းပြီးသွားရတဲ့လမ်းမျိုးပေါ့..။
.
.
တစ်ကယ်တမ်း ရန်ကုန်မြို့ကိုချိတ်ဆက်ပေးထားတဲ့ အထင်အရတံတားဘယ်နှစ်စင်းရှိလို့ တံတားဖြတ်ခဘယ်လောက်ပေးရသလဲတော့မသိဘူး ... ဆန်ဖရန်စစ္စကိုမြို့ကိုသွယ်တန်းထားတဲ့ အဓိကပင်လယ်ရေပြင်ဖြတ်အဝင်တံတားကြီး ( ၃ ) စင်း နဲ့ အထွက်ရွှေတံခါးကြီး - Golden Gate Bridge တို့က ကားတစ်စီးကို ( ၅ ) ဒေါ်လာပေးရပါတယ်။
.
အဝင်ဆိုတာက ကုန်းပိုင်းကကားတွေမြို့ထဲကို ဒီတံတားတွေပေါ်ကနေအဝင်များလို့ပါ။ အထွက်ဆိုတာက ကျွန်းဆွယ်ကနေ နောက်ထပ်ကျွန်းဆွယ်စုကိုသွားဖို့ Golden Gate တံတားကနေ ထွက်ရပါတယ်။ သိပ်ကြီးကျယ်ခမ်းနားတဲ့တံတားကြီးကိုဖြတ်မောင်းသွားရတိုင်း ပတ်ဝန်းကျင်ဘဘာဝအလှထက် ကိုယ့်ရှေ့ကကား ကို့ယို့ကားယားမလုပ်ဖို့ကိုပဲ အားစိုက်မောင်းနေရတော့ တစ်နေ့နေ့ကျမှပဲ ( ၂ ) မိုင်ရှည်တဲ့တံတားကို လမ်းဆင်းလျှောက်မယ်လို့ စိတ်ကူးမိတာလည်း အကြိမ်ကြိမ်ပါ..။
.
.
ရန်ကုန်မြိုု့ကြီးထဲကို စီးပွားရေးလုပ်ငန်းတွေဝင်လာတာနဲ့အမျှ မြို့နေလူထုတွေက ဆင်ခြေဖုံးဒေသတွေကို ရွှေ့ပြောငး်ကြတယ်။ ဒီလိုပဲ ဆန်ဖရန်စစ္စကိုမြို့ကြီး ကျပ်သိပ်လာတာနဲ့အမျှ မြို့ပြင်တွေကိုပြောင်းသူကပြောင်း၊ ပိုမြင့်တဲ့အဆောက်အဦတွေပေါ်တက်သူကတက်နဲ့ မြို့ပြရဲ့ဒုက္ခကိုလှလှကြီးရင်ဆိုင်ကြပါတယ်။
.
Golden Gate Bridge တံတားကြီးကနေထွက်သွားရင် သိပ်လှတဲ့ Sausalito, Larkspur နဲ့ Belvedere Tiburon ဆိုတဲ့နေရာတွေကိုစုပြီးခေါ်တဲ့ မရင်းခရိုင် - Marin County ဆိုတာ ရှိတယ်။ ပင်လယ်ဆိုလည်းဟုတ်တယ် .. ကမ်းခြေဆိုလည်းဟုတ်တယ်။ စိုစွတ်တယ်။ လေ နဲ့ ရာသီဥတုကောင်းတယ်။ သီးသန့်ဖြစ်မှုကိုတန်ဖိုးထားသူတွေ သွားနေကြတယ်။ ဆန်ဖရန်စစ္စကိုမြို့ကို ပန်းချီကားပေါ်မှာ၊ ကွန်ပျူတာမျက်နှာပြင်ပေါ်မှာလို မမြင်ချင်သူတွေ၊ မနက်ထလာတာနဲ့ပင်လယ်ကြီးကိုမြင်ချင်သူတွေ ဒီမှာလာဝယ်ပြီးနေကြတယ်။
.
.
တစ်ခုပဲကွာတာက ရန်ကုန်မြို့ထဲကနေထွက်သွားတော့ တစ်ဘက်ကမ်းမှာ အနေအထိုင်ချို့တဲ့သူများ ခပ်လှမ်းလှမ်းမှာသွားနေကြတယ်။ မတတ်နိုင်လို့ သူတို့တတ်နို်င်တဲ့နေရာကနေ အလုပ်လုပ်ကြတယ်။ ဒါက ရန်ကုန်ရဲ့ဘွားဘက်တော် သံလျင်တို့ ဒလတို့ကိုပြောတာပေါ့။
.
ဆန်ဖရန်စစ္စကိုမှာက ကိုယ့်နေရာရောင်းပြီး ဟိုဘက်ခြမ်းက ခုနကပြောပြတဲ့မြို့တွေရှိတဲ့ကျွန်းဆွယ်ဘက်ခပ်ကဲကဲရောက်နေတဲ့ Marin County ကို ငွေပိုလို့ပြောင်းနေကြတယ်။ တော်ရုံတန်ရုံငွေနဲ့ အဲဒီဘက်မှာနေဖို့မလွယ်တာသိရတော့ စျေးကြီးတယ်ဆိုတာလေ့လာရပြန်တယ်။
.
.
လွမ်းမောဖွယ်ရာမြို့တော်ကြီးကိုတမ်းတရင်း နောက်ထပ်ဘယ်နှစ်နှစ်နေရင် ရန်ကုန်ဟာ ကမ္ဘာ့မြို့ကြီးဘယ်တစ်မြို့ကိုကျော်တက်နိုင်မလဲဆိုတာရင်ခုန်ရင်း ( ၇ ) မိုင်ပတ်လည်ခန့်သာ ကျယ်ဝန်းတဲ့မြို့တစ်မြို့နဲ့ယှဉ်ပြီး အိမ်လွမ်းပန်းချီကားတစ်ချပ်ကို အဝေးကနေရေးဆွဲလိုက်ရပါတယ်။
.
ခင်လျက်
ကိုညီညီ ( တောင်ကြီး )
01-07-2017



No comments: