ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, April 10, 2018

လြတ္လပ္မႈနဲ႕အိပ္မက္မက္ခ်င္တယ္

.
. တစ္ရက္လံုး ေမာေမာပန္းပန္း ေလာကခရီးလမ္းကိုေလွာက္လွမ္းခဲ႕တဲ႕ ေျခတစ္စံုဟာ အိမ္ေရာက္တဲ႕အခါ ခံုေလးေပၚ၊ တန္းေလးေပၚတင္ျပီး ဆန္႕ထားလိုက္ရင္ ေျဖေလ်ာ႕သြားတဲ႕ေသြးေၾကာေတြဟာ ခႏၶာကုိယ္တစ္ခုလံုးေျမွာက္တက္သြားေလာက္ေအာင္ အနားရျပီး စိတ္ေက်နပ္မႈကိုေပးစြမ္းတာ ခံစားဖူးၾကမွာပါ။
.
. ထိုနည္းတူစြာ ေမ်ာက္တစ္ေကာင္လို ကမၻာရဲ႕အေရွ႕ဘက္ျခမ္း၊ အေနာက္ဘက္ျခမ္း ကူးလူးခုန္ဆြရင္း ပင္႕ကူကြန္ယက္ Facebook ေပၚမွာ ေျပးကစားေနတဲ႕ လူတစ္ေယာက္ရဲ႕အတြင္းစိတ္ဟာလည္း ညအိပ္တဲ႕အခါ သက္ေတာင္႕သက္သာနဲ႕ လွဲေလ်ာင္းဖို႕ အသင္႕ျဖစ္ေနတတ္ပါေသာ္လည္း . .။
.
.
. လူေတြကအစြဲၾကီးျပီး ခ်စ္ရသူကို သဝန္တိုစိတ္ထား၊ မုန္းသူကုိ ရန္လိုစိတ္မ်ား၊ မသိသူ သိသူ အားလံုးရဲ႕ Comment ေတြအေပၚမွာ ခလုပ္တိုက္ရပ္နားျပီး မွတ္ခ်က္ပြားလိုက္ၾကသမွ် ညညဆိုရင္ အိပ္မေပ်ာ္ႏုိင္ေတာ႕ပါဘူး။
.
. လြတ္လပ္မႈ နဲ႕ အိပ္မက္မက္တာ အခ်ိဳးက်က် ဆက္ႏြယ္ပတ္သက္တယ္လုိ႕ ကြ်န္ေတာ္ျမင္တယ္။ မလြတ္လပ္တဲ႕စိတ္အတြက္ အိပ္မက္ဟာ အလြတ္ရုန္းႏုိင္ဖို႕ သူ႕ရဲ႕ ေနာက္ဆက္တြဲ ကစားကြင္းပဲ။ ဒါေၾကာင္႕ မေက်နပ္သမွ် အိပ္မက္ထဲ ယူသြားတယ္၊ မေျပလည္သမွ် အိပ္မက္ထဲမွာ အတုိးခ် ငိုပစ္ၾကတယ္။
.
. လြတ္လပ္တဲ႕စိတ္ဟာ ၾကည္လင္မႈကုိေပးတယ္။ ရွင္းလင္းတဲ႕ကြင္းျပင္ၾကီးမွာ ဘယ္အရာဝတၳဳျဖတ္သြား ျဖတ္သြား လြတ္လပ္တဲ႕စိတ္က အျမင္ၾကည္တယ္။ ဘာသာရပ္တစ္ခုကုိသင္ယူတဲ႕ေနရာမွာ လြတ္လပ္တဲ႕စိတ္က ဦးေဆာင္တယ္။ သို႕ေသာ္လည္း . .
.
. မလြတ္လပ္တဲ႕စိတ္ေၾကာင္႕ လူေတြဟာ အြန္လိုင္းေပၚမွာ ေငြကုန္ေၾကးက်ခံ အခ်ိန္ျပည္႕နီးပါး ေနၾကတယ္။ ထုိမွတဖန္ အိပ္မက္ထဲမွာ အခ်င္းမ်ားရင္း အိပ္မက္ဆိုးေတြကေန လန္႕-ေအာ္-ႏိုး-ထ ၾကတယ္။ လူ႕စိတ္ကုိ အႏုနည္းနဲ႕ေရာ အၾကမ္းနည္းနဲ႕ပါ ဆြဲလႈပ္သြားသမွ်ေတြကေန ကြ်န္ေတာ္တုိ႕ျပန္ရလိုက္တာဟာ အကုသုိလ္ေတြ ျဖစ္ေနတယ္။ ဒီအေၾကာင္းရင္းေတြေၾကာင္႕ ေမ်ာက္နဲ႕တူတဲ႕လူ႕စိတ္ဟာ ခုိင္းႏြားတစ္ေကာင္ေလာက္ေတာင္အသံုးမက် ျဖစ္ရတယ္။
.
.
. သူသူငါငါလူတစ္ခ်ိဳ႕ၾကိဳက္တဲ႕အရက္ေသစာ အစား မူမူယာယာလူတစ္ခ်ိဳ႕က အိပ္ရတာ ၾကိဳက္ၾကတယ္။ ဘာေၾကာင္႕လဲလို႕ဆန္းစစ္လိုက္တဲ႕အခါ တစ္ေန႕လံုးဘာျဖစ္လာျဖစ္လာ အိပ္မက္ထဲမွာလုပ္ခ်င္ရာလုပ္လို႕ရတာေၾကာင္႕ဆုိတာ ရုိးသားစြာ သင္ယူရတယ္။ လူေတြဟာ စီယာတုိင္မပါတဲ႕ကားေမာင္းသလိုမ်ိဳး၊ VR Headset ၾကီးတပ္ျပီး ဂိမ္းကစားရသလိုမ်ိဳး စိတ္ညစ္တဲ႕အခ်ိန္ေတြကိုေက်ာ္ျဖတ္ဖို႕ "အိပ္မက္မက္ရေရး" ကုိ စြဲလမ္္းေနၾကတာ သိသာတယ္။ ဒါေတြအားလံုးက စိတ္ဟာ လြတ္လပ္မႈကုိလုိလားတယ္ဆိုတာ သက္ေသျပေနတာပါပဲ။
.
. ဒီလိုသိလာျပီးတဲ႕ေနာက္မွာ ပင္လယ္ကမ္းစပ္မွာ ကိုယ္ၾကိဳက္တဲ႕ စႏိုးမာဝိုင္အနီတစ္ခြက္နဲ႕ေနေရာင္ေအာက္ကခ်စ္သူနဲ႕ၾကည္ႏူးေနရင္းေတာင္ မိတ္ေဆြဟာ စိတ္ကူးေတြေတာင္ေရာက္ ေျမာက္ေရာက္နဲ႕ ဗရမ္းဗတာျဖစ္ဦးမယ္ဆိုရင္ေတာ႕ မလြတ္လပ္တဲ႕စိတ္က ႏုိင္စားေနဦးမွာျဖစ္ပါတယ္။
.
.
. အိုအရွင္ေတာ္ . . ဗုဒၶျမတ္စြာဘုရား . . ဒီဘဝမွာ လြန္စြာမွရခဲတဲ႕လူသားအျဖစ္ကုိေပးခဲ႕တဲ႕အတြက္ ေက်းဇူးတင္ပါတယ္ဘုရား။ အျမဲၾကင္နာတဲ႕မိိသားစု နဲ႕ အစဥ္ကူညီတဲ႕ေဆြမ်ိဳးမိတ္သဂၤဟေတြၾကား ခုိနားခြင္႕ေပးခဲ႕တဲ႕အတြက္လည္း ေက်းဇူးတင္ပါတယ္ဘုရား။ အထုတ္အဆံရႈတ္တဲ႕လူ႕ေလာကၾကီးထဲမွာ "အဟုတ္အမွန္လြတ္လပ္မႈနဲ႕အိပ္မက္မက္ခြင္႕" ကို အရွင္ေတာ္ျမတ္ဘုရား ထပ္မံ၍ စြန္႕က်ဲေပးသနားေတာ္မူပါဘုရား . . ။
. . . သာဓု . . . သာဓု . . . သာဓု . . .
.
ဘုရားတပည္႕ေတာ္
.
. ကုိညီညီ (ေတာင္ၾကီး)
. 04-10-2018
.
Photo: Cartoon Movement - Dreaming of Freedom
.
Unicode Version:
.
.
. "လွတ်လပ်မှုနဲ့အိပ်မက်မက်ချင်တယ်"
. တစ်ရက်လုံး မောမောပန်းပန်း လောကခရီးလမ်းကိုလှောက်လှမ်းခဲ့တဲ့ ခြေတစ်စုံဟာ အိမ်ရောက်တဲ့အခါ ခုံလေးပေါ်၊ တန်းလေးပေါ်တင်ပြီး ဆန့်ထားလိုက်ရင် ဖြေလျော့သွားတဲ့သွေးကြောတွေဟာ ခန္ဓာကိုယ်တစ်ခုလုံးမြှောက်တက်သွားလောက်အောင် အနားရပြီး စိတ်ကျေနပ်မှုကိုပေးစွမ်းတာ ခံစားဖူးကြမှာပါ။
.
. ထိုနည်းတူစွာ မျောက်တစ်ကောင်လို ကမ္ဘာရဲ့အရှေ့ဘက်ခြမ်း၊ အနောက်ဘက်ခြမ်း ကူးလူးခုန်ဆွရင်း ပင့်ကူကွန်ယက် Facebook ပေါ်မှာ ပြေးကစားနေတဲ့ လူတစ်ယောက်ရဲ့အတွင်းစိတ်ဟာလည်း ညအိပ်တဲ့အခါ သက်တောင့်သက်သာနဲ့ လှဲလျောင်းဖို့ အသင့်ဖြစ်နေတတ်ပါသော်လည်း . .။
.
.
. လူတွေကအစွဲကြီးပြီး ချစ်ရသူကို သဝန်တိုစိတ်ထား၊ မုန်းသူကို ရန်လိုစိတ်များ၊ မသိသူ သိသူ အားလုံးရဲ့ Comment တွေအပေါ်မှာ ခလုပ်တိုက်ရပ်နားပြီး မှတ်ချက်ပွားလိုက်ကြသမျှ ညညဆိုရင် အိပ်မပျော်နိုင်တော့ပါဘူး။
.
. လွတ်လပ်မှု နဲ့ အိပ်မက်မက်တာ အချိုးကျကျ ဆက်နွယ်ပတ်သက်တယ်လို့ ကျွန်တော်မြင်တယ်။ မလွတ်လပ်တဲ့စိတ်အတွက် အိပ်မက်ဟာ အလွတ်ရုန်းနိုင်ဖို့ သူ့ရဲ့ နောက်ဆက်တွဲ ကစားကွင်းပဲ။ ဒါကြောင့် မကျေနပ်သမျှ အိပ်မက်ထဲ ယူသွားတယ်၊ မပြေလည်သမျှ အိပ်မက်ထဲမှာ အတိုးချ ငိုပစ်ကြတယ်။
.
.
. လွတ်လပ်တဲ့စိတ်ဟာ ကြည်လင်မှုကိုပေးတယ်။ ရှင်းလင်းတဲ့ကွင်းပြင်ကြီးမှာ ဘယ်အရာဝတ္ထုဖြတ်သွား ဖြတ်သွား လွတ်လပ်တဲ့စိတ်က အမြင်ကြည်တယ်။ ဘာသာရပ်တစ်ခုကိုသင်ယူတဲ့နေရာမှာ လွတ်လပ်တဲ့စိတ်က ဦးဆောင်တယ်။ သို့သော်လည်း . .
.
. မလွတ်လပ်တဲ့စိတ်ကြောင့် လူတွေဟာ အွန်လိုင်းပေါ်မှာ ငွေကုန်ကြေးကျခံ အချိန်ပြည့်နီးပါး နေကြတယ်။ ထိုမှတဖန် အိပ်မက်ထဲမှာ အချင်းများရင်း အိပ်မက်ဆိုးတွေကနေ လန့်-အော်-နိုး-ထ ကြတယ်။ လူ့စိတ်ကို အနုနည်းနဲ့ရော အကြမ်းနည်းနဲ့ပါ ဆွဲလှုပ်သွားသမျှတွေကနေ ကျွန်တော်တို့ပြန်ရလိုက်တာဟာ အကုသိုလ်တွေ ဖြစ်နေတယ်။ ဒီအကြောင်းရင်းတွေကြောင့် မျောက်နဲ့တူတဲ့လူ့စိတ်ဟာ ခိုင်းနွားတစ်ကောင်လောက်တောင်အသုံးမကျ ဖြစ်ရတယ်။
.
.
. သူသူငါငါလူတစ်ချို့ကြိုက်တဲ့အရက်သေစာ အစား မူမူယာယာလူတစ်ချို့က အိပ်ရတာ ကြိုက်ကြတယ်။ ဘာကြောင့်လဲလို့ဆန်းစစ်လိုက်တဲ့အခါ တစ်နေ့လုံးဘာဖြစ်လာဖြစ်လာ အိပ်မက်ထဲမှာလုပ်ချင်ရာလုပ်လို့ရတာကြောင့်ဆိုတာ ရိုးသားစွာ သင်ယူရတယ်။ လူတွေဟာ စီယာတိုင်မပါတဲ့ကားမောင်းသလိုမျိုး၊ VR Headset ကြီးတပ်ပြီး ဂိမ်းကစားရသလိုမျိုး စိတ်ညစ်တဲ့အချိန်တွေကိုကျော်ဖြတ်ဖို့ "အိပ်မက်မက်ရရေး" ကို စွဲလမ််းနေကြတာ သိသာတယ်။ ဒါတွေအားလုံးက စိတ်ဟာ လွတ်လပ်မှုကိုလိုလားတယ်ဆိုတာ သက်သေပြနေတာပါပဲ။
.
. ဒီလိုသိလာပြီးတဲ့နောက်မှာ ပင်လယ်ကမ်းစပ်မှာ ကိုယ်ကြိုက်တဲ့ စနိုးမာဝိုင်အနီတစ်ခွက်နဲ့နေရောင်အောက်ကချစ်သူနဲ့ကြည်နူးနေရင်းတောင် မိတ်ဆွေဟာ စိတ်ကူးတွေတောင်ရောက် မြောက်ရောက်နဲ့ ဗရမ်းဗတာဖြစ်ဦးမယ်ဆိုရင်တော့ မလွတ်လပ်တဲ့စိတ်က နိုင်စားနေဦးမှာဖြစ်ပါတယ်။
.
.
. အိုအရှင်တော် . . ဗုဒ္ဓမြတ်စွာဘုရား . . ဒီဘဝမှာ လွန်စွာမှရခဲတဲ့လူသားအဖြစ်ကိုပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ဘုရား။ အမြဲကြင်နာတဲ့မိိသားစု နဲ့ အစဉ်ကူညီတဲ့ဆွေမျိုးမိတ်သင်္ဂဟတွေကြား ခိုနားခွင့်ပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ဘုရား။ အထုတ်အဆံရှုတ်တဲ့လူ့လောကကြီးထဲမှာ "အဟုတ်အမှန်လွတ်လပ်မှုနဲ့အိပ်မက်မက်ခွင့်" ကို အရှင်တော်မြတ်ဘုရား ထပ်မံ၍ စွန့်ကျဲပေးသနားတော်မူပါဘုရား . . ။
. . . သာဓု . . . သာဓု . . . သာဓု . . .
.
ဘုရားတပည္႕ေတာ္
.
. ကိုညီညီ (တောင်ကြီး)
. 04-10-2018

No comments: