ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, September 25, 2016

အူဘာ - Uber





ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
“ အူဘာ - Uber ”
.
ျပင္သစ္ႏုိင္ငံ ပဲရစ္ျမိဳ႕လယ္ေခါင္လမ္းမတစ္ေနရာမွာ ေသာင္တင္ေနတဲ႕လုပ္ငန္းရွင္ ( ၂ ) ေယာက္ဟာ သူတုိ႕တည္းတဲ႕ေဟာ္တယ္ကိုျပန္ဖို႕ ကားငွားလို႕မရျဖစ္ေနပါတယ္။ အဲဒီအခက္အခဲေၾကာင္႕ သူတုိ႕ဟာ အေမရိကန္ႏိုင္ငံကိုျပန္ေရာက္တဲ႕အခါ ဆန္ဖရန္စစၥကိုျမိဳ႕မွာ ကားအစီး ( ၂ဝဝ ) နဲ႕ ကားရပ္နားဂိုေဒါင္တစ္ခုရွာျပီး On Call Taxi Service တစ္ခုျဖစ္ေအာင္လုပ္ဖို႕ အၾကံရပါတယ္။
.
သူတုိ႕ရဲ႕အၾကံဟာ တာရွည္မခံလိုက္ပါဘူး။ ဘာျဖစ္လုိ႕လည္းဆိုေတာ႕ ဆန္ဖရန္ လို ေျခတစ္ဖက္ခ်ဖို႕ခက္တဲ႕ေနရာမွာ ကားပါကင္ရွာဖို႕ နဲ႕ ကားအသစ္အစီးရာနဲ႕ခ်ီထပ္ထည္႕ဖို႕ဆိုတာ ေတာ္ေတာ္စြန္႕စားရတဲ႕အလုပ္ပါ။
.
.
ဒါေၾကာင္႕ နဂိုကတည္းက ကြန္ပ်ဴတာေဆာ႕ဖ္ဝဲလ္ေရးသားသူ Programmer ေတြပီပီ သူတုိ႕ရဲ႕ ကားအငွားလုပ္ငန္းကို မ်က္ျမင္ကားေတြနဲ႕လုပ္မယ္႕အစား ရွိျပီးသား ေျမာက္မ်ားစြာေသာ ဆန္ဖရန္လူထု ရဲ႕ ကားေတြနဲ႕ေျပာင္းလဲလုပ္ကိုင္ဖို႕ စဥ္းစားမိတယ္။ ဒါနဲ႕ သူတို႕ Coding စေရးပါတယ္။
.
သူတုိ႕ရဲ႕ေဆာ႕ဖ္ဝဲလ္အေကာင္အထည္ေပၚလာခဲ႕ရင္ “ ခလုတ္တစ္ခ်က္ႏွိပ္တာနဲ႕ မိနစ္ပိုင္းအတြင္းမွာ ကားတစ္စီးေရာက္လာရမယ္ -  Push a button and you’ll get a ride in minutes ” ဆုိတာၾကီးက ဟိုနား ဒီနားသြားတဲ႕ ျမိဳ႕ေနလူထုရဲ႕ လက္ကိုင္ဖုန္းေတြေပၚမွာ ေတြ႕ျမင္လာရေတာ႕မွာျဖစ္ပါတယ္။ သူတုိ႕မွန္းတဲ႕အတိုင္းလည္း ( ၂ ) ႏွစ္ေက်ာ္အတြင္းမွာ အမွန္တစ္ကယ္လည္း ျဖစ္ခဲ႕တယ္။
.
.
ဒီကုမၸဏီကုိ စတင္မိတ္ဆက္ေပးခဲ႕သူက တစ္ျခားသူမဟုတ္ပါဘူး .. ျပည္နယ္ျခားျပီးေက်ာင္းသြားတက္ေနတဲ႕ ကြ်န္ေတာ႕သမီးပါ။ ပထမအစပိုင္း တစ္နယ္တစ္ေက်းမွာေနေတာ႕ ကားေမာင္းဖို႕ခက္ခဲသလို ဘတ္စ္ကား နဲ႕ ရထားစီးရတာ သူ႕အတြက္ ေဝးလံလွပါတယ္။ ဒါေၾကာင္႕ လက္ကုိင္ဖုန္းကေန စီးဖို႕ကားမွာလုိက္တာနဲ႕ သူရွိတဲ႕ေနရာကိုလာၾကိဳေပးျပီး လုိရာခရီးဆက္သြားႏိုင္တာေၾကာင္႕ သမီးေက်ာင္းကိစၥအတြက္ ေတာ္ေတာ္အေထာက္အကူျပဳခဲ႕တာကို သူေျပာျပလုိ႕ စသိခဲ႕ရတယ္။

.
ကုမၸဏီနာမယ္က “ အူဘာ - Uber ” ျဖစ္ပါတယ္ ( ယူဘာ လုိ႕ မဖတ္ရပါ )။ ဆန္ဖရန္စစၥကိုအေျခစိုက္ကုမၸဏီတစ္ခုျဖစ္ျပီး ( ၂ဝ၁၆ ) စာရင္းအရ သူ႕လည္ပတ္ေငြဟာ ေဒၚလာ ( ၁၈ ) ဘီလ်ံ ရွိေနတာကိုၾကည္႕ရင္ Uber ဟာ ေအာင္ျမင္သလား မေအာင္ျမင္ဘူးလားဆိုတာ တြက္ၾကည္႕ႏုိင္ပါတယ္။
.
.
သူ႕ရဲ႕အငွားကားဝန္ေဆာင္မႈကို မွာယူခ်င္ရင္ မိမိလက္ကိုင္ဖုန္းမွာ Uber App သြင္းထားဖို႕လိုပါတယ္။ App ကုိဖြင္႕လုိက္တာနဲ႕ ကားတစ္စီး မိမိေရွ႕ေရာက္လာဖို႕ ဘယ္ႏွစ္မိနစ္ၾကာမယ္ဆိုတာ ျပသပါတယ္။ အဲဒီမွာ မိမိသြားခ်င္တဲ႕ ခရီးဆံုး - Destination ကုိထည္႕ျပီး ကားေခၚ - Request လုပ္လိုက္တာနဲ႕ လက္ကိုင္ဖုန္းမ်က္ႏွာျပင္မွာျပထားတဲ႕အခ်ိန္အတိုင္း ေရာက္လာပါလိမ္႕မယ္။
.
အခုလက္ရွိ ရန္ကုန္မွာ လုပ္ငန္းစတင္ေနျပီး ကိုေနမင္းသူ ( iMyanmarHouse ) ပါဝင္ရင္းႏွီးျမွဳပ္ႏွံထားတဲ႕ Hello Cabs လို Uber မွာ သူပိုင္တဲ႕ကား မရွိပါဘူး။ ဒါ႕အျပင္ Hello Cabs ရဲ႕ အထူးသင္တန္းေပးထားတဲ႕ယဥ္ေမာင္းေတြလုိ Uber မွာ ပံုေသဒရိုင္ဘာမရွိပါဘူး။ ရႈတ္သြားျပီလား..? ကားပိုင္မရွိ၊ ဒရိုင္ဘာမရွိပဲ ကားကုမၸဏီဘယ္လုိေထာင္တာလဲဆုိတာ ဆက္ေလ႕လာၾကည္႕ရေအာင္ပါ..။
.
.
အေမရိကားကလူေတြမွာ ( အထူးသျဖင္႕ ) ကုိယ္ပုိင္ကားရွိသူေတြ မ်ားၾကတယ္။ ဟိုဟုိဒီဒီသြားလို႕ ကားရပ္နားရာ ပါကင္ရွာရခက္တာက ျမိဳ႕ျပေတြမွာ ေတာ္ေတာ္အခက္အခဲျဖစ္ေစပါတယ္။ ဒါေၾကာင္႕ တကၠစီကားငွားတဲ႕အခါ ကားရွိရာကိုသြားမွ .. ဒါမွမဟုတ္ ကားကုမၸဏီကုိဖုန္းဆက္ေခၚမွ ကားငွားႏုိင္ပါတယ္။
.
ပထမဦးဆံုး Uber ကားကုိ ဘယ္လိုလူေတြက ဘာကားနဲ႕ေမာင္းေပးၾကသလဲဆိုတာကိုသိရင္ ရွင္းသြားမွာပါ။ မိမိအထက္မွာ သူေ႒းမရွိ၊ အလုပ္ရွင္မရွိ၊ အလုပ္စခ်ိန္သတ္မွတ္ထားတာမရွိ၊ အလုပ္သိမ္းခ်ိန္ကိုယ္႕သေဘာကိုယ္ စတဲ႕အခ်က္ေတြနဲ႕ ေငြရွာခ်င္ရင္ Uber ကားေမာင္းဖို႕ စာရင္းေပးသြင္းထားႏုိင္ပါတယ္။
.
.
Uber မွာ အေျခခံအားျဖင္႕ ကားစီးသူ Uber App နဲ႕ ကားေမာင္းသူ Uber Driver App ဆိုျပီးရွိပါတယ္။ စီးနင္းသူ - Rider ကေတာ႕ အထက္ကေျပာခဲ႕သလို လက္ကိုင္ဖုန္းမွာခလုပ္ႏွိပ္လိုက္တာနဲ႕ ကားေရာက္လာမွာပါ။
.
ေမာင္းသူအတြက္ Uber က သတ္မွတ္ထားတဲ႕ဝပ္ေရွာ႕မွာ ( ၂ဝဝ၁ ) ခုႏွစ္ထုတ္ထက္မေစာတဲ႕ မိမိရဲ႕ကိုင္ပိုင္ကားကုိ အင္ဂ်င္ နဲ႕ ကားအေျခအေန သြားစစ္ရပါမယ္။ မကၠင္းနစ္က ဒီကားေအာင္တယ္လို႕အမွတ္ျခစ္ေပးလိုက္တဲ႕အခါ ကားလိုင္စင္ဝင္ထားတဲ႕စာရြက္၊ မိမိရဲ႕ယာဥ္ေမာင္းလိုင္စင္ နဲ႕ ကားအာမခံအခ်က္အလက္ေတြကို အဆင္သင္႕လုပ္ျပီး ဝပ္ေရွာ႕မွာအသင္႕ေစာင္႕ေနတဲ႕ Uber ဝန္ထမ္းကို ေပးလိုက္ရင္ ( ၃ ) ရက္ေလာက္အတြင္း ေမာင္းလို႕ရပါျပီ။
.
.
တစ္ကယ္လို႕ ေလာျပီးသြားရလို႕ အဲဒီစာရြက္ေတြမပါသြားေသးဘူးဆိုရင္လည္း လက္ကိုင္ဖုန္းမွာ Uber Driver App ကေန ဓါတ္ပံုရိုက္ျပီးပို႕ေပးလို႕ရပါတယ္။ ေနာက္ထပ္ ေမာင္းမဲ႕ မိမိရဲ႕ပံုကို Selfie ရိုက္ျပီး ပုိ႕ေပးရပါတယ္။ အငွားကားမွာသူ - Rider ဟာ ကားေစာင္႕ေနတဲ႕အခ်ိန္အတြင္း လာမယ္႕ကားရဲ႕ ကားနံပါတ္၊ ဒရုိင္ဘာရဲ႕အခ်က္အလက္အျပင္ လိုင္စင္ပံု - ID ဓါတ္ပံုကိုျမင္ရမွာျဖစ္လုိ႕ လူမွန္ ကားမွန္ စစ္ေဆးႏုိင္ပါတယ္။ ဒါဆိုရင္ ေမာင္းသူက ကားအမွာရမရဘယ္လိုသိရျပီး ေငြဘယ္လိုရႏုိင္တာပါလဲ?
.
Uber App မွာ Offline နဲ႕ Online ဆုိျပီး ရွိပါတယ္။ ကားမေမာင္းဘူး ကိုယ္႕ကားကို ကိုယ္ပုိင္သံုးေနတယ္ေပါ႕ ဒါဆုိ Offline..။ အလုပ္လက္ခံေတာ႕မယ္ဆုိရင္ Online ကုိေရႊ႕ရပါတယ္။ အဲဒီအခါ မိမိကားကိုေခၚတဲ႕ ခရီးလက္ခံဖို႕ - Trip Request ေပၚလာတဲ႕အခါ မိမိကလက္ခံခ်င္ရင္ ႏွိပ္ျပီး Accept လုပ္လိုက္ရံုပါ။
.
.
ဖုန္းမ်က္ႏွာျပင္ အေပၚပိုင္းက ခရီးသည္ရဲ႕လိပ္စာရဲ႕ေထာင္႕နားမွာ လမ္းျပပါ - Navigate ဆုိတာကိုႏွိပ္လုိက္ရင္ လမ္းျပေဆာ႕ဖ္ဝဲလ္ေပၚလာျပီး သြားရမယ္႕လမ္း နဲ႕ ယဥ္ေၾကာေတြကို အဆက္မျပတ္ျပေပးပါလိမ္႕မယ္။ ခရီးသည္ေစာင္႕ေနတဲ႕ေနရာေရာက္ရင္ သူ႕ကုိတင္ျပီး ခရီးစျပီ - Start Trip ခလုပ္ကိုညာဘက္ဆဲြလုိက္ျပီး စေမာင္းႏိုင္ပါျပီ။ ဒီလိုပဲ ခရီးစဥ္ျပီးဆံုးျပီဆုိရင္ Complete Trip ကုိ ႏွိပ္ရပါမယ္။
.
ေကာင္းတဲ႕အခ်က္တစ္ခုက စီးနင္းသူ နဲ႕ ေမာင္းသူ တုိ႕ တစ္ဦးကိုတစ္ဦး အျပန္အလွန္အမွတ္ေပးျခင္း - Rating လုပ္ႏုိင္တာပါ။ ေမာင္းသူက လမ္းခရီးမွာ ေကာင္းမြန္စြာအလုပ္လုပ္သလား? အႏၱရာယ္ကင္းျပီး လိုရာခရီးကို ေခ်ာေခ်ာမြန္မြန္ပို႕ေပးသလား? စီးသူကေရာ မဆင္မျခင္ နဲ႕ မေတာ္တေရာ္ေတြလုပ္သလား? ဆိုတာေတြကို ၾကယ္ပြင္႕ ( ၅ ) ပြင္႕ စေကး နဲ႕ Rating လုပ္ႏိုင္ပါတယ္။ အဓိက ဒရုိင္ဘာကိုထိန္းခ်ဳပ္ထားတာက Rating နိမ္႕လာရင္ ကားေမာင္းခြင္႕ကို Uber က ဆိုင္းငံ႕ထားမွာ ျဖစ္ပါတယ္။
.
.
ေပးတဲ႕ႏႈန္းကိုအစအဆံုးေျပာရရင္ သိပ္ရႈတ္ေထြးသြားမွာစိုးလို႕ အက်ဥ္းခ်ံဳးေျပာျပခ်င္ပါတယ္။ ကားဆြဲလို႕ ခရီးသည္ရမရက ေမာင္းသူရဲ႕ကံ နဲ႕ ေမာင္းတဲ႕ျမိဳ႕အျပင္ ကားအမွာမ်ားတဲ႕အခ်ိန္ေပၚလည္း မူတည္ပါတယ္။ လြယ္လြယ္ေျပာရရင္ မနားရေလာက္ေအာင္ဆြဲေနရသူတစ္ေယာက္အဖို႕ တစ္နာရီကုိ ( ၂၅ ) ေဒၚလာေလာက္ရွိျပီး ကားဆီဖိုး နဲ႕ ေစာင္႕ရတဲ႕အခ်ိန္ေတြႏႈတ္လိုက္ရင္ အနည္းဆံုး တစ္နာရီ ( ၂ဝ ) ေဒၚလာႏႈန္းရွိပါတယ္။
.
ဒါေၾကာင္႕ အလုပ္ပိတ္ရက္မွာ တစ္ရက္ကို ( ၁ဝ ) နာရီၾကာေအာင္ထြက္ေမာင္းျပီး အိမ္ကမိန္းမကုိ ေဒၚလာ ( ၂ဝဝ ) အပ္ျပီး မ်က္ႏွာလုပ္ရတဲ႕ အခ်ိန္ပိုင္းကားေမာင္းသမားေတြ အေမရိကားနဲ႕ တစ္ျခားႏိုင္ငံေတြမွာ တစ္ေန႕တစ္ျခားမ်ားလာေနတာ ျဖစ္ပါတယ္။ တစ္ခ်ိဳ႕ဆုိ ပံုေသအလုပ္ - Employment ထက္စာရင္ Uber ကားေမာင္းရတာကို ပိုမိုေမြ႕ေလ်ာ္ၾကျပီး တစ္လကို ေဒၚလာ ( ၅ဝဝဝ ) ေလာက္ရၾကတာကို မၾကာခဏၾကားလာရတယ္။
.
.
ဒါေပမယ္႕ Uber ကားေမာင္းရင္ မိမိရဲ႕ကား မိုင္းလစ္တက္တာကို သိရပါမယ္။ ကားတာယာ နဲ႕ အင္ဂ်င္အေျခအေနေတြကိုလည္း မိမိကိုယ္တိုင္ထိန္းသိမ္းရပါမယ္။ အသံုးမ်ားလို႕ ကားတန္ဖိုးက်လို႕လည္း Uber က မေလ်ာ္ေပးပါဘူး။ ကား နဲ႕ ဒရိုင္ဘာ ရဲ႕ ေမာ္ေတာ္ယဥ္အာမခံက မိမိကိုယ္တိုင္ဝယ္ထားတဲ႕အတိုင္းျဖစ္ျပီး Uber က စီးနင္းသူ - Rider ရဲ႕ အာမခံကိုတာဝန္ယူပါတယ္။
.
ဒါေၾကာင္႕ ( ၂ဝ၁၂ ) စတင္ခဲ႕တဲ႕ Uber မိုဘုိင္းဖုန္းကားအငွားဝန္ေဆာင္မႈကို ေမာင္ေပးသူ ေရာ၊ စီးနင္းသူ ေရာ မ်ားျပားလာတဲ႕အတြက္ အခု ကမၻာ႕ျမိဳ႕ၾကီး ( ၁ဝဝ ) ေက်ာ္မွာ စီးႏုိင္ေနပါျပီ။ သူ႕ကိုယွဥ္ျပိဳင္မယ္႕ ေနာက္ေပါက္ ကုမၸဏီေတြ ကမၻာအႏွံ႕မွာ တစ္ဒါဇင္ေလာက္ေပၚလာေပမယ္႕ Uber ကေတာ႕ ပန္းပန္လ်က္ပါပဲ။
.
.
အခု Uber ကား ကုမၸဏီအေၾကာင္း ဖတ္ရတာ ပ်င္းစရာေကာင္းခ်င္ေကာင္းေနပါလိမ္႕မယ္။ ေနာက္ပိုင္းမွ Uber ဒရုိင္ဘာကေျပာျပတဲ႕လူ႕ေလာကအေၾကာင္းကမွ ပိုျပီးစိတ္ဝင္စရာေကာင္းျပီး အပိုင္းဆက္ေရးရမွာမုိ႕ လက္ေညာင္းရဦးမွာျဖစ္ေၾကာင္း သတင္းေကာင္းပါးလိုက္ပါတယ္။
.
ခင္လ်က္
.
ကိုညီညီ ( ေတာင္ၾကီး )
.
09-25-2016
.
.
.
Unicode Version:
.
.
“ အူဘာ - Uber ”
.
ပြင်သစ်နိုင်ငံ ပဲရစ်မြို့လယ်ခေါင်လမ်းမတစ်နေရာမှာ သောင်တင်နေတဲ့လုပ်ငန်းရှင် ( ၂ ) ယောက်ဟာ သူတို့တည်းတဲ့ဟော်တယ်ကိုပြန်ဖို့ ကားငှားလို့မရဖြစ်နေပါတယ်။ အဲဒီအခက်အခဲကြောင့် သူတို့ဟာ အမေရိကန်နိုင်ငံကိုပြန်ရောက်တဲ့အခါ ဆန်ဖရန်စစ္စကိုမြို့မှာ ကားအစီး ( ၂ဝဝ ) နဲ့ ကားရပ်နားဂိုဒေါင်တစ်ခုရှာပြီး On Call Taxi Service တစ်ခုဖြစ်အောင်လုပ်ဖို့ အကြံရပါတယ်။
.
သူတို့ရဲ့အကြံဟာ တာရှည်မခံလိုက်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဆန်ဖရန် လို ခြေတစ်ဖက်ချဖို့ခက်တဲ့နေရာမှာ ကားပါကင်ရှာဖို့ နဲ့ ကားအသစ်အစီးရာနဲ့ချီထပ်ထည့်ဖို့ဆိုတာ တော်တော်စွန့်စားရတဲ့အလုပ်ပါ။
.
.
ဒါကြောင့် နဂိုကတည်းက ကွန်ပျူတာဆော့ဖ်ဝဲလ်ရေးသားသူ Programmer တွေပီပီ သူတို့ရဲ့ ကားအငှားလုပ်ငန်းကို မျက်မြင်ကားတွေနဲ့လုပ်မယ့်အစား ရှိပြီးသား မြောက်များစွာသော ဆန်ဖရန်လူထု ရဲ့ ကားတွေနဲ့ပြောင်းလဲလုပ်ကိုင်ဖို့ စဉ်းစားမိတယ်။ ဒါနဲ့ သူတို့ Coding စရေးပါတယ်။
.
သူတို့ရဲ့ဆော့ဖ်ဝဲလ်အကောင်အထည်ပေါ်လာခဲ့ရင် “ ခလုတ်တစ်ချက်နှိပ်တာနဲ့ မိနစ်ပိုင်းအတွင်းမှာ ကားတစ်စီးရောက်လာရမယ် -  Push a button and you’ll get a ride in minutes ” ဆိုတာကြီးက ဟိုနား ဒီနားသွားတဲ့ မြို့နေလူထုရဲ့ လက်ကိုင်ဖုန်းတွေပေါ်မှာ တွေ့မြင်လာရတော့မှာဖြစ်ပါတယ်။ သူတို့မှန်းတဲ့အတိုင်းလည်း ( ၂ ) နှစ်ကျော်အတွင်းမှာ အမှန်တစ်ကယ်လည်း ဖြစ်ခဲ့တယ်။
.
.
ဒီကုမ္ပဏီကို စတင်မိတ်ဆက်ပေးခဲ့သူက တစ်ခြားသူမဟုတ်ပါဘူး .. ပြည်နယ်ခြားပြီးကျောင်းသွားတက်နေတဲ့ ကျွန်တော့သမီးပါ။ ပထမအစပိုင်း တစ်နယ်တစ်ကျေးမှာနေတော့ ကားမောင်းဖို့ခက်ခဲသလို ဘတ်စ်ကား နဲ့ ရထားစီးရတာ သူ့အတွက် ဝေးလံလှပါတယ်။ ဒါကြောင့် လက်ကိုင်ဖုန်းကနေ စီးဖို့ကားမှာလိုက်တာနဲ့ သူရှိတဲ့နေရာကိုလာကြိုပေးပြီး လိုရာခရီးဆက်သွားနိုင်တာကြောင့် သမီးကျောင်းကိစ္စအတွက် တော်တော်အထောက်အကူပြုခဲ့တာကို သူပြောပြလို့ စသိခဲ့ရတယ်။
.
ကုမ္ပဏီနာမယ်က “ အူဘာ - Uber ” ဖြစ်ပါတယ် ( ယူဘာ လို့ မဖတ်ရပါ )။ ဆန်ဖရန်စစ္စကိုအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး ( ၂ဝ၁၆ ) စာရင်းအရ သူ့လည်ပတ်ငွေဟာ ဒေါ်လာ ( ၁၈ ) ဘီလျံ ရှိနေတာကိုကြည့်ရင် Uber ဟာ အောင်မြင်သလား မအောင်မြင်ဘူးလားဆိုတာ တွက်ကြည့်နိုင်ပါတယ်။
.
.
သူ့ရဲ့အငှားကားဝန်ဆောင်မှုကို မှာယူချင်ရင် မိမိလက်ကိုင်ဖုန်းမှာ Uber App သွင်းထားဖို့လိုပါတယ်။ App ကိုဖွင့်လိုက်တာနဲ့ ကားတစ်စီး မိမိရှေ့ရောက်လာဖို့ ဘယ်နှစ်မိနစ်ကြာမယ်ဆိုတာ ပြသပါတယ်။ အဲဒီမှာ မိမိသွားချင်တဲ့ ခရီးဆုံး - Destination ကိုထည့်ပြီး ကားခေါ် - Request လုပ်လိုက်တာနဲ့ လက်ကိုင်ဖုန်းမျက်နှာပြင်မှာပြထားတဲ့အချိန်အတိုင်း ရောက်လာပါလိမ့်မယ်။
.
အခုလက်ရှိ ရန်ကုန်မှာ လုပ်ငန်းစတင်နေပြီး ကိုနေမင်းသူ ( iMyanmarHouse )  ပါဝင်ရင်းနှီးမြှုပ်နှံထားတဲ့ Hello Cabs လို Uber မှာ သူပိုင်တဲ့ကား မရှိပါဘူး။ ဒါ့အပြင် Hello Cabs ရဲ့ အထူးသင်တန်းပေးထားတဲ့ယဉ်မောင်းတွေလို Uber မှာ ပုံသေဒရိုင်ဘာမရှိပါဘူး။ ရှုတ်သွားပြီလား..? ကားပိုင်မရှိ၊ ဒရိုင်ဘာမရှိပဲ ကားကုမ္ပဏီဘယ်လိုထောင်တာလဲဆိုတာ ဆက်လေ့လာကြည့်ရအောင်ပါ..။
.
.
အမေရိကားကလူတွေမှာ ( အထူးသဖြင့် ) ကိုယ်ပိုင်ကားရှိသူတွေ များကြတယ်။ ဟိုဟိုဒီဒီသွားလို့ ကားရပ်နားရာ ပါကင်ရှာရခက်တာက မြို့ပြတွေမှာ တော်တော်အခက်အခဲဖြစ်စေပါတယ်။ ဒါကြောင့် တက္ကစီကားငှားတဲ့အခါ ကားရှိရာကိုသွားမှ .. ဒါမှမဟုတ် ကားကုမ္ပဏီကိုဖုန်းဆက်ခေါ်မှ ကားငှားနိုင်ပါတယ်။
.
ပထမဦးဆုံး Uber ကားကို ဘယ်လိုလူတွေက ဘာကားနဲ့မောင်းပေးကြသလဲဆိုတာကိုသိရင် ရှင်းသွားမှာပါ။ မိမိအထက်မှာ သူဋ္ဌေးမရှိ၊ အလုပ်ရှင်မရှိ၊ အလုပ်စချိန်သတ်မှတ်ထားတာမရှိ၊ အလုပ်သိမ်းချိန်ကိုယ့်သဘောကိုယ် စတဲ့အချက်တွေနဲ့ ငွေရှာချင်ရင် Uber ကားမောင်းဖို့ စာရင်းပေးသွင်းထားနိုင်ပါတယ်။
.
.
Uber မှာ အခြေခံအားဖြင့် ကားစီးသူ Uber App နဲ့ ကားမောင်းသူ Uber Driver App ဆိုပြီးရှိပါတယ်။ စီးနင်းသူ - Rider ကတော့ အထက်ကပြောခဲ့သလို လက်ကိုင်ဖုန်းမှာခလုပ်နှိပ်လိုက်တာနဲ့ ကားရောက်လာမှာပါ။
.
မောင်းသူအတွက် Uber က သတ်မှတ်ထားတဲ့ဝပ်ရှော့မှာ ( ၂ဝဝ၁ ) ခုနှစ်ထုတ်ထက်မစောတဲ့ မိမိရဲ့ကိုင်ပိုင်ကားကို အင်ဂျင် နဲ့ ကားအခြေအနေ သွားစစ်ရပါမယ်။ မက္ကင်းနစ်က ဒီကားအောင်တယ်လို့အမှတ်ခြစ်ပေးလိုက်တဲ့အခါ ကားလိုင်စင်ဝင်ထားတဲ့စာရွက်၊ မိမိရဲ့ယာဉ်မောင်းလိုင်စင် နဲ့ ကားအာမခံအချက်အလက်တွေကို အဆင်သင့်လုပ်ပြီး ဝပ်ရှော့မှာအသင့်စောင့်နေတဲ့ Uber ဝန်ထမ်းကို ပေးလိုက်ရင် ( ၃ ) ရက်လောက်အတွင်း မောင်းလို့ရပါပြီ။
.
.
တစ်ကယ်လို့ လောပြီးသွားရလို့ အဲဒီစာရွက်တွေမပါသွားသေးဘူးဆိုရင်လည်း လက်ကိုင်ဖုန်းမှာ Uber Driver App ကနေ ဓါတ်ပုံရိုက်ပြီးပို့ပေးလို့ရပါတယ်။ နောက်ထပ် မောင်းမဲ့ မိမိရဲ့ပုံကို Selfie ရိုက်ပြီး ပို့ပေးရပါတယ်။ အငှားကားမှာသူ - Rider ဟာ ကားစောင့်နေတဲ့အချိန်အတွင်း လာမယ့်ကားရဲ့ ကားနံပါတ်၊ ဒရိုင်ဘာရဲ့အချက်အလက်အပြင် လိုင်စင်ပုံ - ID ဓါတ်ပုံကိုမြင်ရမှာဖြစ်လို့ လူမှန် ကားမှန် စစ်ဆေးနိုင်ပါတယ်။ ဒါဆိုရင် မောင်းသူက ကားအမှာရမရဘယ်လိုသိရပြီး ငွေဘယ်လိုရနိုင်တာပါလဲ?
.
Uber App မှာ Offline နဲ့ Online ဆိုပြီး ရှိပါတယ်။ ကားမမောင်းဘူး ကိုယ့်ကားကို ကိုယ်ပိုင်သုံးနေတယ်ပေါ့ ဒါဆို Offline..။ အလုပ်လက်ခံတော့မယ်ဆိုရင် Online ကိုရွှေ့ရပါတယ်။ အဲဒီအခါ မိမိကားကိုခေါ်တဲ့ ခရီးလက်ခံဖို့ - Trip Request ပေါ်လာတဲ့အခါ မိမိကလက်ခံချင်ရင် နှိပ်ပြီး Accept လုပ်လိုက်ရုံပါ။
.
.
ဖုန်းမျက်နှာပြင် အပေါ်ပိုင်းက ခရီးသည်ရဲ့လိပ်စာရဲ့ထောင့်နားမှာ လမ်းပြပါ - Navigate ဆိုတာကိုနှိပ်လိုက်ရင် လမ်းပြဆော့ဖ်ဝဲလ်ပေါ်လာပြီး သွားရမယ့်လမ်း နဲ့ ယဉ်ကြောတွေကို အဆက်မပြတ်ပြပေးပါလိမ့်မယ်။ ခရီးသည်စောင့်နေတဲ့နေရာရောက်ရင် သူ့ကိုတင်ပြီး ခရီးစပြီ - Start Trip ခလုပ်ကိုညာဘက်ဆွဲလိုက်ပြီး စမောင်းနိုင်ပါပြီ။ ဒီလိုပဲ ခရီးစဉ်ပြီးဆုံးပြီဆိုရင် Complete Trip ကို နှိပ်ရပါမယ်။
.
ကောင်းတဲ့အချက်တစ်ခုက စီးနင်းသူ နဲ့ မောင်းသူ တို့ တစ်ဦးကိုတစ်ဦး အပြန်အလှန်အမှတ်ပေးခြင်း - Rating လုပ်နိုင်တာပါ။ မောင်းသူက လမ်းခရီးမှာ ကောင်းမွန်စွာအလုပ်လုပ်သလား? အန္တရာယ်ကင်းပြီး လိုရာခရီးကို ချောချောမွန်မွန်ပို့ပေးသလား? စီးသူကရော မဆင်မခြင် နဲ့ မတော်တရော်တွေလုပ်သလား? ဆိုတာတွေကို ကြယ်ပွင့် ( ၅ ) ပွင့် စကေး နဲ့ Rating လုပ်နိုင်ပါတယ်။ အဓိက ဒရိုင်ဘာကိုထိန်းချုပ်ထားတာက Rating နိမ့်လာရင် ကားမောင်းခွင့်ကို Uber က ဆိုင်းငံ့ထားမှာ ဖြစ်ပါတယ်။
.
.
ပေးတဲ့နှုန်းကိုအစအဆုံးပြောရရင် သိပ်ရှုတ်ထွေးသွားမှာစိုးလို့ အကျဉ်းချုံးပြောပြချင်ပါတယ်။ ကားဆွဲလို့ ခရီးသည်ရမရက မောင်းသူရဲ့ကံ နဲ့ မောင်းတဲ့မြို့အပြင် ကားအမှာများတဲ့အချိန်ပေါ်လည်း မူတည်ပါတယ်။ လွယ်လွယ်ပြောရရင် မနားရလောက်အောင်ဆွဲနေရသူတစ်ယောက်အဖို့ တစ်နာရီကို ( ၂၅ ) ဒေါ်လာလောက်ရှိပြီး ကားဆီဖိုး နဲ့ စောင့်ရတဲ့အချိန်တွေနှုတ်လိုက်ရင် အနည်းဆုံး တစ်နာရီ ( ၂ဝ ) ဒေါ်လာနှုန်းရှိပါတယ်။
.
ဒါကြောင့် အလုပ်ပိတ်ရက်မှာ တစ်ရက်ကို ( ၁ဝ ) နာရီကြာအောင်ထွက်မောင်းပြီး အိမ်ကမိန်းမကို ဒေါ်လာ ( ၂ဝဝ ) အပ်ပြီး မျက်နှာလုပ်ရတဲ့ အချိန်ပိုင်းကားမောင်းသမားတွေ အမေရိကားနဲ့ တစ်ခြားနိုင်ငံတွေမှာ တစ်နေ့တစ်ခြားများလာနေတာ ဖြစ်ပါတယ်။ တစ်ချို့ဆို ပုံသေအလုပ် - Employment ထက်စာရင် Uber ကားမောင်းရတာကို ပိုမိုမွေ့လျော်ကြပြီး တစ်လကို ဒေါ်လာ ( ၅ဝဝဝ ) လောက်ရကြတာကို မကြာခဏကြားလာရတယ်။
.
.
ဒါပေမယ့် Uber ကားမောင်းရင် မိမိရဲ့ကား မိုင်းလစ်တက်တာကို သိရပါမယ်။ ကားတာယာ နဲ့ အင်ဂျင်အခြေအနေတွေကိုလည်း မိမိကိုယ်တိုင်ထိန်းသိမ်းရပါမယ်။ အသုံးများလို့ ကားတန်ဖိုးကျလို့လည်း Uber က မလျော်ပေးပါဘူး။ ကား နဲ့ ဒရိုင်ဘာ ရဲ့ မော်တော်ယဉ်အာမခံက မိမိကိုယ်တိုင်ဝယ်ထားတဲ့အတိုင်းဖြစ်ပြီး Uber က စီးနင်းသူ - Rider ရဲ့ အာမခံကိုတာဝန်ယူပါတယ်။
.
ဒါကြောင့် ( ၂ဝ၁၂ ) စတင်ခဲ့တဲ့ Uber မိုဘိုင်းဖုန်းကားအငှားဝန်ဆောင်မှုကို မောင်ပေးသူ ရော၊ စီးနင်းသူ ရော များပြားလာတဲ့အတွက် အခု ကမ္ဘာ့မြို့ကြီး ( ၁ဝဝ ) ကျော်မှာ စီးနိုင်နေပါပြီ။ သူ့ကိုယှဉ်ပြိုင်မယ့် နောက်ပေါက် ကုမ္ပဏီတွေ ကမ္ဘာအနှံ့မှာ တစ်ဒါဇင်လောက်ပေါ်လာပေမယ့် Uber ကတော့ ပန်းပန်လျက်ပါပဲ။
.
.
အခု Uber ကား ကုမ္ပဏီအကြောင်း ဖတ်ရတာ ပျင်းစရာကောင်းချင်ကောင်းနေပါလိမ့်မယ်။ နောက်ပိုင်းမှ Uber ဒရိုင်ဘာကပြောပြတဲ့လူ့လောကအကြောင်းကမှ ပိုပြီးစိတ်ဝင်စရာကောင်းပြီး အပိုင်းဆက်ရေးရမှာမို့ လက်ညောင်းရဦးမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
.

09-25-2016
.
.
.
“ ရူပါေမာင္းတဲ႕ အူဘာဇာတ္ေၾကာင္း။ ဂီယာၾကီးအမွတ္ ( ၆ )  ( ရယ္စရာျပီးရင္ ေမာစရာ ) ”
.
( ကိုရူပါ ေျပာေနသည္ ) ကုိညီညီ က ခရီးသြားမယ္ဆုိေတာ႕ ကြ်န္ေတာ္က စကားလက္ေဆာင္ေလးေတြပါးခ်င္တယ္..။ ေက်းဇူးရွိတဲ႕ ဆရာၾကီးဦးေအာင္သင္း မၾကာခဏေျပာခဲ႕သလို ရယ္စရာျပီးရင္ ေမာစရာ ဆုိတာမ်ိဳးေလးေပါ႕။
.
တစ္ကယ္တမ္းစဥ္းစားၾကည္႕ရင္ လူေတြက ေန႕စဥ္ရယ္တယ္ .. တစ္ျခားလူေတြၾကားရတယ္။ ဒါေပမယ္႕ လူေတြရဲ႕ေမာဟုိက္သံက ပုိက်ယ္ေလာင္တယ္။ ဒါကုိေတာ႕ မိမိအျပင္တစ္ျခားဘယ္သူမွ ကိုယ္ခ်င္းစာႏိုင္မွာမဟုတ္ဘူး။
.
တစ္ခါတစ္ခါက်ေတာ႕ အေမရိကားမွာ တစ္ေန႕ တစ္ရက္ ေန႕စဥ္ရက္ဆက္သင္ယူေနရတာ မျပီးေသးဘူးလားလို႕ ကြ်န္ေတာ႕ကိုယ္ကြ်န္ေတာ္ျပန္ျပန္ေမးေနမိတယ္။ ဟုတ္တယ္ေလ .. ဒီေလာက္အသက္ရလာျပီ .. ဟုိး ငယ္ငယ္ ႏွပ္ေခ်းတန္းကတည္းကသင္ယူခဲ႕တာ မျပီးေသးဘူးလား လို႕ေပါ႕။
.
.
ဒီလိုဗ်..။ နည္းပညာနဲ႕ေပါင္းစပ္ထားတဲ႕ အသက္ေမြးဝမ္းေက်ာင္းမႈထဲမွာ Uber က တစ္ပုိင္းတစ္စပါဝင္တယ္လို႕ ကြ်န္ေတာ္ေျပာခ်င္တယ္။ အဲဒီလိုဆုိလိုက္ေတာ႕ ကုိယ္႕မ်က္စိေရွ႕က စမတ္ဖုန္းထဲမွာ ေပးလာမယ္႕သတင္းအခ်က္အလက္ေတြကို  ကားေမာင္းေနရင္း အမိအရယူႏိုင္ရမယ္႕သေဘာ .. သိပ္ျမန္တယ္။ ဒါကိုပဲ အၾကိမ္ၾကိမ္အခါခါလြဲေနေသးတယ္ဆုိတာကို ရယ္စရာအေနနဲ႕ ေျပာျပခ်င္ပါတယ္။
.
ကြ်န္ေတာ္လူသြားတင္တယ္ဗ်ာ။ သြားေခၚရမွာက နီကုိးလ္ - Nicole ..။ ကားေပၚတက္လာေတာ႕ ေယာက်္ားၾကီး။ ကားမွာတဲ႕ေနရာမွာေစာင္႕ေနတာလည္းေသခ်ာတယ္ .. အမွန္အကန္ပဲ။ သူ႕နာမယ္ေမးေတာ႕လည္း သူ႕ဟာသူ Nicole တဲ႕။
.
.
ေနာက္တစ္ေယာက္က်ေတာ႕ အင္ဒရူး - Andrew ။ ဒါကိုလည္း ေယာက္်ားေလးေပါ႕ .. ဒါမွမဟုတ္ အဖိုးၾကီးေပါ႕။ ၾကိဳရတဲ႕အခ်ိန္က မနက္မလင္းေသးတဲ႕ေမွာင္ေနေသးတဲ႕အခ်ိန္။ အပါ႕မင္႕ကေနထြက္လာတာက အေဒၚၾကီးတစ္ေယာက္။ ကြ်န္ေတာ႕မွာ မွတ္ပံုတင္ - ID ပဲ စစ္ရေတာ႕မလုိလို .. လူမတင္ပဲ ေမာင္းေျပးရေတာ႕မလိုလို..။
.
ေနာက္တစ္ခါက်ေတာ႕ သြားေခၚရတာ သစ္ေတာအုပ္နီျမိဳ႕လို႕ နာမည္ျပန္ရမလားမသိတဲ႕ Redwood City ဆုိတဲ႕ျမိဳ႕..။ ဖုန္းအရသြားေခၚရမွာက ေရာ္ဘင္ - Robin ။ ဒါဆို အမ်ိဳးသားေပါ႕။ တက္လာတာက စတုိင္က်က် အစည္းအေဝးတက္တဲ႕ကုတ္အက်ီၤနဲ႕ ဘိုအစစ္အေဒၚၾကီးတစ္ေယာက္ .. ဘယ္လုိလုပ္မလဲ..။
.
.
ေျပာရင္ ေပနည္းနည္းရွည္သြားလိမ္႕မယ္။ အမွန္က Uber ကား Request လုပ္တဲ႕သူတိုင္းက သူတို႕ကုိယ္ပိုင္ဖုန္းကုိင္ပါတယ္လို႕ ကံေသကံမေျပာလို႕မရသလုိ သူ႕ဖုန္းသူကိုင္ေပမယ္႕ Uber  အေကာင္႕က်ေတာ႕ အေၾကြးဝယ္ကဒ္နဲ႕ခ်ိတ္ထားတာျဖစ္လုိ႕ တစ္ျခားလူရဲ႕နာမယ္နဲ႕ကားမွာစီးႏုိင္တာကို သိခဲ႕ရတယ္။
.
ဒါေၾကာင္႕ Nicole ဆုိတဲ႕ေယာက္်ားၾကီးက သူ႕မိန္းမဖုန္းကို အလုပ္ယူလာတယ္။ ဒါကို ေနာက္မွသိရတယ္။ Andrew ရဲ႕အေမက သားနာမည္နဲ႕ သူ႕ဖုန္းထဲမွာ Uber Account ဖြင္႕ထားတယ္။ ကားခရွင္းေတာ႕ အေၾကြးဝယ္ကဒ္ကုမၸဏီနဲ႕သူ႕သားနဲ႕ရွင္း။ Robin ဆုိတာက ေယာက္်ားနာမယ္ေရာ .. မိန္းမနာမယ္ေရာ သံုးတာကို ကြ်န္ေတာ္မွမသိတာ။ ဒါက နာမယ္နဲ႕ပတ္သက္ျပီးသင္ယူရတာ..။
.
.
ေနာက္တစ္ခါက်ေတာ႕ လူႏွစ္ေယာက္ကုိ ဆန္ဟုိေဆးျမိဳ႕လယ္ေခါင္ကိုပုိ႕ေရာဗ်..။ အခ်ိန္က ညၾကီး။ ေသာၾကာေန႕ လူေတြသိပ္ေပ်ာ္ခ်င္ေနတဲ႕အခ်ိန္မ်ိဳး။ သူတုိ႕သြားမယ္႕ခရီးလမ္းဆံုးေရာက္္ခါနီးမွာ Uber ကေန ေနာက္ထပ္ခရီးစဥ္ - Next Trip ဆိုျပီးဝင္လာတယ္။ ဒါနဲ႕ ကြ်န္ေတာ္လက္ခံလိုက္တာေပါ႕။
.
ပထမခရီးသည္ေတြကိုခ်ျပီး ေနာက္လူတစ္ေယာက္ကိုတင္မလို႕ဆုိျပီး Start Trip ကုိ ႏွိပ္လိုက္တာ Navigation က ေနာက္ထပ္ခရီးလမ္းဆံုးကိုေခၚသြားပါေလေရာ..။ တိုက္အျမင္႕ၾကီးေတြရဲ႕ညအလွေတြၾကားမွာ ေကြ႕ေကြ႕ေကာက္ေကာက္နဲ႕ ကြ်န္ေတာ႕ကားေလးဟာ လိမ္ဖယ္လိမ္ဖယ္နဲ႕ ခရီးႏွင္တာေပါ႕။
.
.
ေဟာ .. ခရီးလမ္းဆံုးလည္းက်ေရာ လူတင္မယ္လို႕ၾကည္႕လိုက္ေတာ႕ လမ္းမွာလူတစ္ေယာက္မွမရွိဘူး။ ဒါနဲ႕ ေဘးပတ္လည္ကိုၾကည္႕တယ္ .. မလွမ္းမကမ္းမွာရွာတယ္ .. မေတြ႕ေရးခ်ာမေတြ႕..။ ဖုန္းကိုၾကည္႕လုိက္ေတာ႕ ခရီးဆံုးျပီ - End Trip ဆုိတဲ႕ အနီေရာင္ဘား ျပေနတယ္။
.
ဟုိက္ ေသျပီ ..။ Uber Driver App ရဲ႕ ညာဘက္ထိပ္နားက လူသြားၾကိဳရမယ္႕ Google Map အစား ေအာက္က Start Trip ကို ႏွိပ္မိလို႕ ကြ်န္ေတာ္ေလ .. အဲဒီစီးမယ္႕ခရီးသည္ကုိမတင္ပဲ သူမွာထားတဲ႕ Destination ကုိ ကားခါလီေမာင္းပို႕ေပးမိတာ အဲဒီေရာက္မွသိရတာေပါ႕..။ တကယ္ တကယ္ .. မမိုက္ဘူးဗ်ာ..။
.
.
ကဲ ေမာစရာက်ေတာ႕လည္း ပါးပါးေလးေပမယ္႕ ပံုစံအမ်ိဳးမ်ိဳးဗ်..။ ကားေပၚတက္လာသူေတြမွာ ( ကြ်န္ေတာ႕ကိုယ္ကြ်န္ေတာ္လူမ်ိဳးမခြဲျခားတတ္သူလို႕ယံုၾကည္ေပမယ္႕လည္း ) အေရွ႕အလယ္ပုိင္းသားေတြ၊ အိႏၵိယႏိုင္ငံသားနဲ႕တူတဲ႕အသားအေရပိုင္ဆုိင္သူေတြဆုိ စိတ္ထဲမွာ ေမာင္းရတာမရဲဘူး။ အျမဲလိုလို စစ္ေဆး - Checking ဝင္ေနမိတယ္ .. ရင္ေမာရတယ္။
.
ဒီထက္ပိုေမာရတာက ကားစီးမယ္႕သူက ကေလးေတြမ်ားတဲ႕အခါ ကားေပၚတက္ေတာ႕မွ ( ၅ ) ေယာက္စီးဆလြန္းကို ( ၆ ) ေယာက္ျဖစ္ေနတာမ်ိဳး၊ လူသြားေခၚရမယ္႕လိပ္စာအရ  အိမ္ေရွ႕ေပါက္ နဲ႕ အိမ္ေနာက္ဘက္ မွားေစာင္႕ေနရတာမ်ိဳး၊ လမ္းဆံုလမ္းခြမ်ားတဲ႕ ဖရီးေဝးမွာ ဘယ္လမ္းကိုေကြ႕ရမယ္ဆုိုတာ စကၠန္႕ပိုင္းအတြင္း ဆံုးျဖတ္ရတာမိ်ဳး၊ ကုိယ္သြားၾကိဳတဲ႕ေနရာအေဝးၾကီးကိုေရာက္မွ စီးမယ္႕သူကစိတ္ေျပာင္းသြားျပီး ခရီးစဥ္ကို ဖ်က္ - Cancel လိုက္တာမ်ိဳး ေတြေပါ႕။
.
.
ေနာက္ထပ္တစ္ခုရွိေသးတယ္။ Uber က စီးမယ္႕ခရီးသည္ကိုပဲရွာေပးတာ ကားက သူပိုင္တာမဟုတ္ဘူး .. ကြ်န္ေတာ္ကပိုင္တာ။ ကြ်န္ေတာ္စီးေနတဲ႕ကိုယ္ပိုင္ကားကို ေငြရွာစက္ - Money Making Machine အသြင္ေျပာင္းျပီး သူ႕လုပ္ငန္းစဥ္ထဲမွာ ေကာ္မရွင္ေပးဝင္အလုပ္လုပ္တဲ႕သေဘာပဲ။
.
ဒါေၾကာင္႕ ကားနဲ႕ပတ္သက္တာမွန္သမ်ွ ကြ်န္ေတာ္နဲ႕ပဲဆုိင္တယ္။ Uber က အေနသာၾကီး။ သူက ခရီးစဥ္ - Trip တစ္ခုျပီးရင္ သူ႕ေကာ္မရွင္ ( ၂ဝ% ) နဲ႕ အခြန္အခကိုတစ္ခါတည္းျဖတ္ေတာက္ျပီး က်န္တာကို ကြ်န္ေတာ႕ကိုေပးမယ္ .. ဒါပဲ..။
.
.
ဒါေၾကာင္႕ ဓါတ္ဆီထည္႕ဖို႕၊ ကားျပဳျပင္ထိန္းသိမ္းဖို႕ နဲ႕ ကားရဲ႕ၾကံ႕ခုိင္ေရး၊ ဒရိုင္ဘာရဲ႕က်န္းမာေရးက ကြ်န္ေတာ႕တာဝန္ပဲ။ ကုိယ္ကားမဆြဲႏုိင္ရင္ Uber Driver App မွာ Online မတက္နဲ႕။ Uber က ရွိတဲ႕ကား နဲ႕ စီးတဲ႕သူနဲ႕ သူ႕အလုပ္သူလုပ္သြားလိမ္႕မယ္။ ဒါေၾကာင္႕ Uber မွာ ကားေမာင္းသမားေတြ အျမဲအလိုရွိေနတာေပါ႕။ စီးတဲ႕သူေတြက ရပ္မွမရပ္ပဲကုိး..။
.
တစ္ေခါက္မ်ားကဆုိ မနက္လင္းအားၾကီး ကားရပ္ထားတုန္း အပူေပးစက္မပိတ္ထားတာကုိ သတိမထားမိပဲ ေသာ႕ကုိအဆံုးအထိမပိတ္မိလို႕ အေကာင္းၾကီးကေန ဘက္ထရီေဒါင္းသြားဖူးတယ္။ ကားက လမ္းအေကြ႕နားမွာ သူမ်ားကားထြက္ေပါက္ကိုမပိတ္ထားလို႕ေတာ္ေသးတယ္။
.
.
အဲဒီေတာ႕ ေမာင္းေနတာက Uber ..။  ကားအာမခံ - Insurance ေခၚ လမ္းေဘးထုိးရပ္သြားလို႕  - Roadside Assistance အကူအညီေတာင္းေတာ႕ ကြ်န္ေတာ႕ကားရဲ႕အာမခံကုမၸဏီကို..။ သိပ္ၾကာၾကာမေစာင္႕လုိက္ရပါဘူး။ တစ္နာရီေျပာထားေပမယ္႕ မိနစ္ ( ၂ဝ ) အတြင္း Tow ဆြဲတဲ႕ကားၾကီးနဲ႕ မကၠဆီကန္တစ္ေယာက္ေရာက္လာတယ္။  ဖားခုန္ဘက္ထရီ - Jump Start Kid ယူလာျပီး ကြ်န္ေတာ႕ကားကို စက္ျပန္ႏိႈးေပးတယ္။
.
အေရးထဲ ဒီလုိျဖစ္တဲ႕အခါ ပတ္ဝန္းက်င္က အကူအညီမရ၊ ကိုယ္႕ကားက သူမ်ားကားေတြကို ပိတ္ေန၊ ကားကိုလမ္းမွာ မထားခဲ႕ရဲ၊ ဗုိက္ကဆာ၊ ဆီးကလည္းေအာင္႕ထားတာၾကာလို႕ အိမ္သာ - Bathroom က မေတြ႕ နဲ႕ ဆုိရင္ေတာ႕ ေတြးသာၾကည္႕ေပေတာ႕ ကိုညီညီ ေရ .. ေပတစ္ရာလမ္းမၾကီးေပၚမွာ ဘယ္ေလာက္ေမာရတယ္ဆုိတာ..။
.
.
ကြ်န္ေတာ္လည္း သူေျပာသမွ် လိုက္ေရးေနတာ အတြဲ ( ၆ ) အထိေရာက္လာျပီမို႕ ေမာေနတာ ကိုရူပါ မသိပါေလစ..။
.
.
ခင္လ်က္
.
ကိုညီညီ ( ေတာင္ၾကီး )
.
အျမင္႕ေပ ( ၂ဝဝဝဝ ) အထက္တြင္ပ်ံသန္းေနေသာ Boeing 777,  China Airlines CI3 ေလယာဥ္ေပၚတြင္ေရးသည္။
.
10-26-2016
.
.
.
Unicode Version:
.
.
“ ရူပါမောင်းတဲ့ အူဘာဇာတ်ကြောင်း။ ဂီယာကြီးအမှတ် ( ၆ )  ( ရယ်စရာပြီးရင် မောစရာ ) ”
.
( ကိုရူပါ ပြောနေသည် ) ကိုညီညီ က ခရီးသွားမယ်ဆိုတော့ ကျွန်တော်က စကားလက်ဆောင်လေးတွေပါးချင်တယ်..။ ကျေးဇူးရှိတဲ့ ဆရာကြီးဦးအောင်သင်း မကြာခဏပြောခဲ့သလို ရယ်စရာပြီးရင် မောစရာ ဆိုတာမျိုးလေးပေါ့။
.
တစ်ကယ်တမ်းစဉ်းစားကြည့်ရင် လူတွေက နေ့စဉ်ရယ်တယ် .. တစ်ခြားလူတွေကြားရတယ်။ ဒါပေမယ့် လူတွေရဲ့မောဟိုက်သံက ပိုကျယ်လောင်တယ်။ ဒါကိုတော့ မိမိအပြင်တစ်ခြားဘယ်သူမှ ကိုယ်ချင်းစာနိုင်မှာမဟုတ်ဘူး။
.
တစ်ခါတစ်ခါကျတော့ အမေရိကားမှာ တစ်နေ့ တစ်ရက် နေ့စဉ်ရက်ဆက်သင်ယူနေရတာ မပြီးသေးဘူးလားလို့ ကျွန်တော့ကိုယ်ကျွန်တော်ပြန်ပြန်မေးနေမိတယ်။ ဟုတ်တယ်လေ .. ဒီလောက်အသက်ရလာပြီ .. ဟိုး ငယ်ငယ် နှပ်ချေးတန်းကတည်းကသင်ယူခဲ့တာ မပြီးသေးဘူးလား လို့ပေါ့။
.
.
ဒီလိုဗျ..။ နည်းပညာနဲ့ပေါင်းစပ်ထားတဲ့ အသက်မွေးဝမ်းကျောင်းမှုထဲမှာ Uber က တစ်ပိုင်းတစ်စပါဝင်တယ်လို့ ကျွန်တော်ပြောချင်တယ်။ အဲဒီလိုဆိုလိုက်တော့ ကိုယ့်မျက်စိရှေ့က စမတ်ဖုန်းထဲမှာ ပေးလာမယ့်သတင်းအချက်အလက်တွေကို  ကားမောင်းနေရင်း အမိအရယူနိုင်ရမယ့်သဘော .. သိပ်မြန်တယ်။ ဒါကိုပဲ အကြိမ်ကြိမ်အခါခါလွဲနေသေးတယ်ဆိုတာကို ရယ်စရာအနေနဲ့ ပြောပြချင်ပါတယ်။
.
ကျွန်တော်လူသွားတင်တယ်ဗျာ။ သွားခေါ်ရမှာက နီကိုးလ် - Nicole ..။ ကားပေါ်တက်လာတော့ ယောက်ျားကြီး။ ကားမှာတဲ့နေရာမှာစောင့်နေတာလည်းသေချာတယ် .. အမှန်အကန်ပဲ။ သူ့နာမယ်မေးတော့လည်း သူ့ဟာသူ Nicole တဲ့။
.
.
နောက်တစ်ယောက်ကျတော့ အင်ဒရူး - Andrew ။ ဒါကိုလည်း ယောက်ျားလေးပေါ့ .. ဒါမှမဟုတ် အဖိုးကြီးပေါ့။ ကြိုရတဲ့အချိန်က မနက်မလင်းသေးတဲ့မှောင်နေသေးတဲ့အချိန်။ အပါ့မင့်ကနေထွက်လာတာက အဒေါ်ကြီးတစ်ယောက်။ ကျွန်တော့မှာ မှတ်ပုံတင် - ID ပဲ စစ်ရတော့မလိုလို .. လူမတင်ပဲ မောင်းပြေးရတော့မလိုလို..။
.
နောက်တစ်ခါကျတော့ သွားခေါ်ရတာ သစ်တောအုပ်နီမြို့လို့ နာမည်ပြန်ရမလားမသိတဲ့ Redwood City ဆိုတဲ့မြို့..။ ဖုန်းအရသွားခေါ်ရမှာက ရော်ဘင် - Robin ။ ဒါဆို အမျိုးသားပေါ့။ တက်လာတာက စတိုင်ကျကျ အစည်းအဝေးတက်တဲ့ကုတ်အကျီၤနဲ့ ဘိုအစစ်အဒေါ်ကြီးတစ်ယောက် .. ဘယ်လိုလုပ်မလဲ..။
.
.
ပြောရင် ပေနည်းနည်းရှည်သွားလိမ့်မယ်။ အမှန်က Uber ကား Request လုပ်တဲ့သူတိုင်းက သူတို့ကိုယ်ပိုင်ဖုန်းကိုင်ပါတယ်လို့ ကံသေကံမပြောလို့မရသလို သူ့ဖုန်းသူကိုင်ပေမယ့် Uber  အကောင့်ကျတော့ အကြွေးဝယ်ကဒ်နဲ့ချိတ်ထားတာဖြစ်လို့ တစ်ခြားလူရဲ့နာမယ်နဲ့ကားမှာစီးနိုင်တာကို သိခဲ့ရတယ်။
.
ဒါကြောင့် Nicole ဆိုတဲ့ယောက်ျားကြီးက သူ့မိန်းမဖုန်းကို အလုပ်ယူလာတယ်။ ဒါကို နောက်မှသိရတယ်။ Andrew ရဲ့အမေက သားနာမည်နဲ့ သူ့ဖုန်းထဲမှာ Uber Account ဖွင့်ထားတယ်။ ကားခရှင်းတော့ အကြွေးဝယ်ကဒ်ကုမ္ပဏီနဲ့သူ့သားနဲ့ရှင်း။ Robin ဆိုတာက ယောက်ျားနာမယ်ရော .. မိန်းမနာမယ်ရော သုံးတာကို ကျွန်တော်မှမသိတာ။ ဒါက နာမယ်နဲ့ပတ်သက်ပြီးသင်ယူရတာ..။
.
.
နောက်တစ်ခါကျတော့ လူနှစ်ယောက်ကို ဆန်ဟိုဆေးမြို့လယ်ခေါင်ကိုပို့ရောဗျ..။ အချိန်က ညကြီး။ သောကြာနေ့ လူတွေသိပ်ပျော်ချင်နေတဲ့အချိန်မျိုး။ သူတို့သွားမယ့်ခရီးလမ်းဆုံးရောက်ခါနီးမှာ Uber ကနေ နောက်ထပ်ခရီးစဉ် - Next Trip ဆိုပြီးဝင်လာတယ်။ ဒါနဲ့ ကျွန်တော်လက်ခံလိုက်တာပေါ့။
.
ပထမခရီးသည်တွေကိုချပြီး နောက်လူတစ်ယောက်ကိုတင်မလို့ဆိုပြီး Start Trip ကို နှိပ်လိုက်တာ Navigation က နောက်ထပ်ခရီးလမ်းဆုံးကိုခေါ်သွားပါလေရော..။ တိုက်အမြင့်ကြီးတွေရဲ့ညအလှတွေကြားမှာ ကွေ့ကွေ့ကောက်ကောက်နဲ့ ကျွန်တော့ကားလေးဟာ လိမ်ဖယ်လိမ်ဖယ်နဲ့ ခရီးနှင်တာပေါ့။
.
.
ဟော .. ခရီးလမ်းဆုံးလည်းကျရော လူတင်မယ်လို့ကြည့်လိုက်တော့ လမ်းမှာလူတစ်ယောက်မှမရှိဘူး။ ဒါနဲ့ ဘေးပတ်လည်ကိုကြည့်တယ် .. မလှမ်းမကမ်းမှာရှာတယ် .. မတွေ့ရေးချာမတွေ့..။ ဖုန်းကိုကြည့်လိုက်တော့ ခရီးဆုံးပြီ - End Trip ဆိုတဲ့ အနီရောင်ဘား ပြနေတယ်။
.
ဟိုက် သေပြီ ..။ Uber Driver App ရဲ့ ညာဘက်ထိပ်နားက လူသွားကြိုရမယ့် Google Map အစား အောက်က Start Trip ကို နှိပ်မိလို့ ကျွန်တော်လေ .. အဲဒီစီးမယ့်ခရီးသည်ကိုမတင်ပဲ သူမှာထားတဲ့ Destination ကို ကားခါလီမောင်းပို့ပေးမိတာ အဲဒီရောက်မှသိရတာပေါ့..။ တကယ် တကယ် .. မမိုက်ဘူးဗျာ..။
.
.
ကဲ မောစရာကျတော့လည်း ပါးပါးလေးပေမယ့် ပုံစံအမျိုးမျိုးဗျ..။ ကားပေါ်တက်လာသူတွေမှာ ( ကျွန်တော့ကိုယ်ကျွန်တော်လူမျိုးမခွဲခြားတတ်သူလို့ယုံကြည်ပေမယ့်လည်း ) အရှေ့အလယ်ပိုင်းသားတွေ၊ အိန္ဒိယနိုင်ငံသားနဲ့တူတဲ့အသားအရေပိုင်ဆိုင်သူတွေဆို စိတ်ထဲမှာ မောင်းရတာမရဲဘူး။ အမြဲလိုလို စစ်ဆေး - Checking ဝင်နေမိတယ် .. ရင်မောရတယ်။
.
ဒီထက်ပိုမောရတာက ကားစီးမယ့်သူက ကလေးတွေများတဲ့အခါ ကားပေါ်တက်တော့မှ ( ၅ ) ယောက်စီးဆလွန်းကို ( ၆ ) ယောက်ဖြစ်နေတာမျိုး၊ လူသွားခေါ်ရမယ့်လိပ်စာအရ  အိမ်ရှေ့ပေါက် နဲ့ အိမ်နောက်ဘက် မှားစောင့်နေရတာမျိုး၊ လမ်းဆုံလမ်းခွများတဲ့ ဖရီးဝေးမှာ ဘယ်လမ်းကိုကွေ့ရမယ်ဆိုတာ စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ရတာမျိုး၊ ကိုယ်သွားကြိုတဲ့နေရာအဝေးကြီးကိုရောက်မှ စီးမယ့်သူကစိတ်ပြောင်းသွားပြီး ခရီးစဉ်ကို ဖျက် - Cancel လိုက်တာမျိုး တွေပေါ့။
.
.
နောက်ထပ်တစ်ခုရှိသေးတယ်။ Uber က စီးမယ့်ခရီးသည်ကိုပဲရှာပေးတာ ကားက သူပိုင်တာမဟုတ်ဘူး .. ကျွန်တော်ကပိုင်တာ။ ကျွန်တော်စီးနေတဲ့ကိုယ်ပိုင်ကားကို ငွေရှာစက် - Money Making Machine အသွင်ပြောင်းပြီး သူ့လုပ်ငန်းစဉ်ထဲမှာ ကော်မရှင်ပေးဝင်အလုပ်လုပ်တဲ့သဘောပဲ။
.
ဒါကြောင့် ကားနဲ့ပတ်သက်တာမှန်သမျှ ကျွန်တော်နဲ့ပဲဆိုင်တယ်။ Uber က အနေသာကြီး။ သူက ခရီးစဉ် - Trip တစ်ခုပြီးရင် သူ့ကော်မရှင် ( ၂ဝ% ) နဲ့ အခွန်အခကိုတစ်ခါတည်းဖြတ်တောက်ပြီး ကျန်တာကို ကျွန်တော့ကိုပေးမယ် .. ဒါပဲ..။
.
.
ဒါကြောင့် ဓါတ်ဆီထည့်ဖို့၊ ကားပြုပြင်ထိန်းသိမ်းဖို့ နဲ့ ကားရဲ့ကြံ့ခိုင်ရေး၊ ဒရိုင်ဘာရဲ့ကျန်းမာရေးက ကျွန်တော့တာဝန်ပဲ။ ကိုယ်ကားမဆွဲနိုင်ရင် Uber Driver App မှာ Online မတက်နဲ့။ Uber က ရှိတဲ့ကား နဲ့ စီးတဲ့သူနဲ့ သူ့အလုပ်သူလုပ်သွားလိမ့်မယ်။ ဒါကြောင့် Uber မှာ ကားမောင်းသမားတွေ အမြဲအလိုရှိနေတာပေါ့။ စီးတဲ့သူတွေက ရပ်မှမရပ်ပဲကိုး..။
.
တစ်ခေါက်များကဆို မနက်လင်းအားကြီး ကားရပ်ထားတုန်း အပူပေးစက်မပိတ်ထားတာကို သတိမထားမိပဲ သော့ကိုအဆုံးအထိမပိတ်မိလို့ အကောင်းကြီးကနေ ဘက်ထရီဒေါင်းသွားဖူးတယ်။ ကားက လမ်းအကွေ့နားမှာ သူများကားထွက်ပေါက်ကိုမပိတ်ထားလို့တော်သေးတယ်။
.
.
အဲဒီတော့ မောင်းနေတာက Uber ..။  ကားအာမခံ - Insurance ခေါ် လမ်းဘေးထိုးရပ်သွားလို့  - Roadside Assistance အကူအညီတောင်းတော့ ကျွန်တော့ကားရဲ့အာမခံကုမ္ပဏီကို..။ သိပ်ကြာကြာမစောင့်လိုက်ရပါဘူး။ တစ်နာရီပြောထားပေမယ့် မိနစ် ( ၂ဝ ) အတွင်း Tow ဆွဲတဲ့ကားကြီးနဲ့ မက္ကဆီကန်တစ်ယောက်ရောက်လာတယ်။  ဖားခုန်ဘက်ထရီ - Jump Start Kid ယူလာပြီး ကျွန်တော့ကားကို စက်ပြန်နှိုးပေးတယ်။
.
အရေးထဲ ဒီလိုဖြစ်တဲ့အခါ ပတ်ဝန်းကျင်က အကူအညီမရ၊ ကိုယ့်ကားက သူများကားတွေကို ပိတ်နေ၊ ကားကိုလမ်းမှာ မထားခဲ့ရဲ၊ ဗိုက်ကဆာ၊ ဆီးကလည်းအောင့်ထားတာကြာလို့ အိမ်သာ - Bathroom က မတွေ့ နဲ့ ဆိုရင်တော့ တွေးသာကြည့်ပေတော့ ကိုညီညီ ရေ .. ပေတစ်ရာလမ်းမကြီးပေါ်မှာ ဘယ်လောက်မောရတယ်ဆိုတာ..။
.
.
ကျွန်တော်လည်း သူပြောသမျှ လိုက်ရေးနေတာ အတွဲ ( ၆ ) အထိရောက်လာပြီမို့ မောနေတာ ကိုရူပါ မသိပါလေစ..။
.
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
.
အမြင့်ပေ ( ၂ဝဝဝဝ ) အထက်တွင်ပျံသန်းနေသော Boeing 777,  China Airlines CI3 လေယာဉ်ပေါ်တွင်ရေးသည်။
.
10-26-2016


No comments: