ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Saturday, March 10, 2018

လူငယ်ထံကသင်ယူတဲ့လူကြီးတွေ

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
. ကျွန်တော့ကိုမေးခွန်းမေးသူတွေထဲမှာ လူငယ်ရော၊ လူကြီးတွေပါ ပါဝင်ကြတယ်။ လူငယ်ထဲမှာ ရည်ရည်မွန်မွန်ပြောဆိုကြသူတွေပါသလို စာဆိုရင်ကောင်းကောင်းမရိုက်၊ အသက်အရွယ်ကိုမလေ့လာပဲ Bro ဘာလုပ်နေသလဲ? ဆိုပြီးမေးတဲ့သူတွေလည်းရှိကြတယ်။ ဘယ်သူဖြစ်ဖြစ်၊ ဘာအကြောင်းမေးမေး ကျွန်တော့ကိုဆက်သွယ်လာသူအများစုကို ကျွန်တော် လေးလေးစားစားစာပြန်ပါတယ်။ ဘာဖြစ်လို့ပါလဲ?
.
. ကျွန်တော်ကိုယ်တိုင်တစ်ခုခုသိချင်တဲ့အခါ အွန်လိုင်းမှာလိုက်မေးဖူးတယ်။ နာမည်ကြီးသူရော သာမန်လူတွေပါမကျန် စာမပြန်ကြတာကခပ်များများ။ နောက်တော့လက်လျှော့လိုက်ပြီး ကိုယ်သိချင်တာကို အင်္ဂလိပ်လို မရအရလိုက်ဖတ်ရင်းက ကိုယ့်အတွက်ကိုယ်တော့ အဆင်ပြေသွားတယ်။
.
.
. နောက်ပိုင်းကိုယ်ဖြေဖို့အလှည့်ရောက်လာတော့ ကိုယ်ချင်းစာတရားအပြည့်နဲ့ ကိုယ်သိတာကိုပြောပြ၊ ကိုယ်မသိသေးတာကို အဖြေရနိုင်တဲ့နေရာကိုပို့၊ ဆင့်ပွားလေ့လာနိုင်တာဆိုရင် အင်တာနက်ဝဘ်ဆိုဒ် နဲ့ ဖတ်စရာဘလော့ဂ်တွေကိုညွှန်း၊ ပြောပြ၊ ဆိုပြ နဲ့ အရည်မရ အဖတ်မရ အလုပ်တွေကို ကျွန်တော်တစ်ယောက် တစိုက်မတ်မတ်လုပ်ခဲ့ပါတယ်။
.
. ဒါပေမဲ့ တစ်ချို့မိဘတွေက သူတို့သိချင်တာတွေကို လာမေးတယ်။ ထပ်မေးတယ်။ အသေးစိတ်မေးတယ်။ ပြီးတော့ နောက်ပိုင်းအဆက်အသွယ်မလုပ်တော့ဘူး . . ပျောက်သွားတယ်။ ဟာ . . ကျွန်တော်တစ်ခုခုမှားလို့များလားဆိုပြီး တစ်ယောက်တည်းသံသယတွေပွား၊ မက်ဆေ့တွေကိုပြန်ဖတ်၊ ဘာဖြစ်လို့လည်းအဖြေရှာ နဲ့ အလကားမတ်တင်းအချိန်တွေရင်းခဲ့ရသမျှ အသိမ်အဖျင်းတွေဖြစ်ကုန်ပြီလားပေါ့ . .?

Sunday, March 4, 2018

What's on you mind, ကိုညီညီ?

ဒီစာကို Facebook ရဲ့ "What's on you mind, ကိုညီညီ?" ဆိုတဲ့ နေရာမှာရေးပါတယ်။ အကြောင်းကတော့ Facebook သုံးရင်းခံစားရတဲ့စိတ်ကိုချက်ချင်းလက်ငင်းဖော်ပြချင်လို့ပါ။

ကျွန်တော့အတွက်တော့ Facebook သုံးတယ်ဆိုတာ ဘာ လူလုံးပြဖို့မှမဟုတ်သလို ဘယ်ဘဝကိုမှ သာယာဖို့လည်း မဟုတ်ပါ။ ဒါကြောင့် ချစ်စ၊ ခင်စ၊ ကြင်နာစ၊ လူသူတွေအပေါ်မေတ္တာပွားရင်း မသိကြ၊ မခင်ကြ၊ မရင်းနှီးကြသူတွေအပေါ် မိတ်ဆွေဖွဲ့လို့သာ ကိုယ်သိသမျှ၊ ကိုယ်မြင်သမျှ၊ ကိုယ်ကြားထားသမျှ အသိဥာဏ်တွေကို
ကိုယ်မသေခင်နောက်ဆုံးနေ့အထိ
ဆင့်ပွားသယ်ယူဖြန့်ဖြူးနေခြင်းသာဖြစ်ပါတယ်။

ဒီအခါမှာ ကိုယ်နဲ့အရင်စီးပွားဘက်၊ ပြိုင်ဘက်၊ မြို့ရွာရပ်ကျေးအသိုင်းအဝိုင်းတွေက "ဒီလူ ဘာတွေကြောင်ပြန်ပြီလဲ?" လို့ ထင်ကြတယ်။ ထင်ကြပါစေ . . ကြိုက်သလိုမြင်ကြပါစေ . . သူတို့အတွေးနဲ့သူတို့ဖြစ်နေလို့ သူတို့ရေးတဲ့သူတို့စာ သူတို့ပဲ ပိုင်ပါတယ်။

သူတို့ရဲ့ တိတ်တဆိတ်ဖတ်သွားတဲ့ ကျွန်တော့ရဲ့ပို့စ်တွေမှာ လူဖြူ လူမည်း . . လူရင်း လူစိမ်း . . ဘယ်သူ့ကိုမှမခွဲခြားပဲ အသိသညာတွေထည့်ရေးလွှတ်လိုက်ပြီးသားပါ။ ဒါကြောင့် သူတို့လည်း တစ်ခုခုရသွားပေမယ့် ကျွန်တော့ကိုအသိအမှတ်မပြုတာ ကျွန်တော်ဘယ်လိုမှမခံစားရပါဘူး။

Comment တွေမှာ သူတို့နာမယ်မပေါ်လာလည်း ကျွန်တော်ဘယ်လိုမှမဖြစ်သွားပါဘူး။ ခေတ်ပြိုင်၊ စီးပွားပြိုင်၊ လုပ်ငန်းပြိုင်၊ စာရေးပြိုင်နေတုန်းကလည်း ဒီလိုပဲ ကျွန်တော် သူများတွေကို ဒီလိုပဲ ကျော်ဖြတ်ခဲ့ရတာမို့လို့ ကျင့်သားရနေပါပြီ။