ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
|
.
---- အမေရိကားကို ရန်ကုန်ကရောက်လာသူတွေအကြိုက်ဆုံးက မီးမပျက်တာ နဲ့ ခြင်မကိုက်တာအပြင် အင်တာနက်လည်း အပါအဝင်ပါ။ အိမ်ရှင်က လက်တော့တစ်လုံးထုတ်ပေးတဲ့အခါ အစ်ကိုကြီး ဘယ်အပြင်မှ မသွားချင်လောက်အောင် တွီဗီဂိမ်း နဲ့ တရုတ်ကားဇာတ်လမ်းတွဲတွေကို အစွဲကြီး စွဲနေပါတော့တယ်။
.
.
---- တစ်ရက်မှာ အစ်ကိုကြီးတို့လင်မယားကို ဆန်ဖရန်စစ္စကိုကြိုးတံတား - Golden Gate Bridge လိုက်ပို့ဖို့ အိမ်ရှင်တွေက စီစဉ်ပါတယ်။ ကွန်ပျူတာတစ်လုံး နဲ့ အလုပ်ရှုပ်နေတဲ့ အစ်ကိုကြီးက မလိုက်ချင်လို့ အင်တင်တင်ဖြစ်နေတယ်။ ငြင်းမရတဲ့အဆုံး အခန်းထဲဝင်ပြီး ကျောပိုးအိတ်တစ်လုံးနဲ့ သူလိုတာတွေထည့်ပြီး လိုက်လာခဲ့တယ်။ ဘာတွေထည့်လာတယ်ဆိုတာတော့ ဘယ်သူမှမမြင်လိုက်ပါ။ ကြိုးတံတားလည်းရောက်ရော အားလုံးဆင်းပြီး ဓါတ်ပုံရိုက်ကြမယ် ဆိုတဲ့အချိန် အစ်ကိုကြီးက

“ ဟာ
.. ငါမလိုက်ချင်ဘူး၊ ဓါတ်ပုံလည်းမရိုက်ချင်ဘူး၊ နင်တို့ဘာသာနင်တို့ အေးဆေးသွားကြ ”
ဆိုပြီး ပြောပါတယ်။
.
“ မဟုတ်သေးဘူးလေ၊ အစ်ကိုကြီးတို့ကို လိုက်ပို့တာ၊
ကျွန်တော်တို့က ရောက်ဖူးတယ် ” လို့ အိမ်ရှင်က ချော့ရှာပါတယ်။
.
ဒီအခါမှာ
အစ်ကိုကြီးက “ ငါမလိုက်တော့ဘူး၊ ကားထဲမှာပဲ စောင့်နေမယ်၊ ငါ ဒီမှာ လုပ်စရာရှိတယ် ”
လို့ ပြန်ပြောလိုက်ပါတယ်။
.
“ ကားထဲမှာ
ဘာလုပ်နေမှာတုန်း ” ဆိုပြီး ဝိုင်းမေးကြတဲ့အခါ အစ်ကိုကြီးက မနေသာတော့ပဲ ကျောပိုးအိတ်ထဲက
သူသယ်လာတဲ့ ပစ္စည်းတွေကို ထုတ်ပြပါတယ်။
.
လက်တော့
တစ်လုံး နဲ့ အားသွင်းကြိုးတစ်စုံ ဖြစ်နေပါတယ်။
.
“ အစ်ကိုကြီးက ကြိုးတံတားမှာ လက်တော့နဲ့ ဘာလုပ်မလုပ်တုန်း
” ဆိုတဲ့အမေးကို စိတ်မရှည်စွာနဲ့ပဲ “ အင်တာနက်
သုံးမယ်လေ ” လို့ ပြန်ဖြေလိုက်တဲ့အခါမှာ အားလုံးက ဝါးလုံးကွဲရယ်မိလိုက်ကြပါတယ်။
.
----
ဒီလိုနဲ့ အင်တာနက်ဆိုတာ ကြိုးနဲ့ချိတ်ဆက်ရင်ဆက်၊ မဟုတ်ရင် ကြိုးမဲ့လွှင့်တဲ့ ဝိုင်ဖိုင်
- Wi Fi ရှိမှ သုံးလို့ရတယ်ဆိုတာ မသိတဲ့ အစ်ကိုကြီးတစ်ယောက် “ ဟင်း ” ကနဲ သက်ပြင်းချပြီး
“ ဒီလိုမှန်းသိရင် ငါအိမ်မှာ နေခဲ့ပါတယ်ကွာ ” လို့ ညည်းညူလိုက်ကာ ဆန်ဖရန်စစ္စကို တံတားနဲ့
အဲဒီနေ့မှာလှပစွာရိုက်ထားတဲ့ ဓါတ်ပုံတွေကို ရန်ကုန်ကို ပြန်သယ်သွားနိုင်ခဲ့ပါတော့တယ်။
.
koko2yeye@gmail.com
Download Link : http://www.mediafire.com/download/hj7tc671czxp7cl/Vol._3,_No._45.pdf
" အင်တာနက်သုံးမယ်လေ " စာမူသည် ၂ဝ၁၄ သြဂုတ်လ ( ၂ ) ရက်နေ့ ၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၄၅ ) ၊ စာမျက်နှာ ( ၄၇ ) တွင် ဖော်ပြပါရှိသည်။
No comments:
Post a Comment