ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, January 8, 2016

ျမန္မာေတြအတြက္အိမ္တြင္းၾကည္႕ရုပ္ရွင္တစ္ေခတ္ျပန္္္ျဖစ္လာမယ္႕ Netflix

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
အင္တာနက္အြန္လိုင္းကေန လစဥ္ေၾကးေပးျပီး ႏုိင္ငံျခားရုပ္ရွင္တစ္ကားျပီးေတြ၊ အေမရိကန္ေခြဆက္ေတြၾကည္႕လုိ႕ရတဲ႕ Netflix ဟာ ( ၂ဝ၁၆ ) ခုႏွစ္ ႏွစ္ဆန္း ( ၆ ) ရက္ေန႕မွာ ( ၁၃ဝ ) ႏုိင္ငံကုိ ထပ္တုိးခ်ဲ႕လႊင္႕ထုတ္တယ္လို႕ ေၾကျငာသြားပါတယ္။ အခုလိုထပ္တုိးႏုိင္ငံေတြမပါခင္တုန္းက ႏုိင္ငံေပါင္း ( ၆ဝ ) မွာ ၾကည္႕လုိ႕ရေနပါတယ္။
.
အာရွတိုက္ဘက္မွာ ဗီယက္နမ္၊ အိႏိၵယ၊ စကၤာပူ နဲ႕ အင္ဒုိနီးရွားတုိ႕ထက္မနည္းတဲ႕ႏုိင္ငံေတြပါဝင္လာတယ္။ ကံဆုိးတာက ေစ်းကြက္ၾကီးလွပါတယ္ဆုိတဲ႕ အင္တာနက္အသံုးဆံုးလူအုပ္ၾကီး တရုတ္ႏုိင္ငံ မပါလာတာပါ။ ကံေကာင္းတာကေတာ႕ လႈပ္တုတ္လႈပ္တုတ္အင္တာနက္ နဲ႕ ဆက္သြယ္ေရးနည္းပညာဖြံ႕ျဖိဳးစ ကြ်န္ေတာ္တုိ႕ရဲ႕ျမန္မာႏုိင္ငံ ဒီတစ္ေခါက္စာရင္းေပါက္လာတာပါပဲ။
.
.
Netflix မွာရုပ္ရွင္ၾကည္႕ခ်င္ရင္ တစ္လကုိ ( ၇.၉၉ ) ေဒၚလာ ေပးရပါတယ္။ သူ႕ဝဘ္ဆုိဒ္စာမ်က္ႏွာကိုဖြင္႕ျပီး အဲဒီေနရာမွာပဲ ရုပ္ရွင္ၾကည္႕ရမွာပါ။ Netflix.com ဆုိတဲ႕ေနရာမွာ အီးေမးနဲ႕အေကာင္႕တစ္ခုဖြင္႕ျပီး ဘဏ္ကဒ္နဲ႕ေငြသြင္းရပါတယ္ .. ဒါေၾကာင္႕ သူတုိ႕လက္ခံတဲ႕ အြန္လိုင္းေဒၚလာအေကာင္႕တစ္ခုလိုပါတယ္။ ကိုယ္႕နာမည္ နဲ႕ သံုးစြဲတဲ႕အဖြဲ႕ဝင္နာမည္ - Membership နာမယ္ေတြေရြးျပီးရင္ ( ဘဏ္စာရင္းသြင္းျပီးရင္ ) ( ၁ ) လ အခမဲ႕ၾကည္႕ႏုိင္ပါတယ္။
.
Basic Plan မွာ တစ္ခ်ိန္မွာ လူတစ္ဦးပဲၾကည္႕ႏိုင္ျပီး အေကာင္႕တစ္ခုထဲကုိ ( ၂ ) ဦး တစ္ျပိဳင္နက္တည္းၾကည္႕ခ်င္ရင္ ( ၁ ) လ ( ၁ဝ ) ေဒၚလာေပးရင္ရပါျပီ။ ဒီထက္လူမ်ားျပီး ရုပ္ရွင္လုေနရတဲ႕အိမ္မ်ိဳးဆိုရင္ေတာ႕ ( ၁၂ ) ေဒၚလာေပးထားရင္ လူ ( ၄ ) ေယာက္ ေအးေဆးသက္သာၾကည္႕ႏုိင္ဖို႕ အင္တာနက္ေကာင္းဖို႕ေတာ႕လုိပါတယ္။

.
.
တစ္ခ်ိဳ႕ဆုိရင္ လူတစ္ေယာက္တည္းက အေကာင္႕အမ်ိဳးမ်ိဳးပတ္ခ်ာလည္ဖြင္႕ျပီး ပထမအခမဲ႕ေပးတဲ႕လေတြကိုပဲၾကည္႕ျပီး ( ၂၉ ) ရက္ျပည္႕တာနဲ႕ အသင္းဝင္ - Membership ကို ဖ်က္တာမ်ိဳးလည္း ရွိၾကတယ္။ ေနာက္ပိုင္းေတာ႕ တစ္လကို ျမန္မာေငြ ( ၁ဝဝဝဝ ) ေလာက္သာက်သင္႕လို႕ ကိုယ္႕သားသမီးအိမ္ျပင္သိပ္မထြက္ၾကဘူးဆိုျပီး မိဘေတြကလစဥ္ေၾကးေပးဝယ္ထားၾကပါတယ္။
.
အေကာင္႕ထိန္းထားသူတစ္ေယာက္က မိသားစု၊ သူငယ္ခ်င္းတုိ႕ကို ဆင္႕ပြားအေကာင္႕အေနနဲ႕ထပ္တိုးလို႕ရပါတယ္။ အဲဒီအခါ Manage Profile ဆုိတဲ႕ေအာက္မွာ ကုိယ္႕မိသားစု ဘယ္သူဆိုျပီးနာမယ္ေပးထားလို႕ရတယ္။ ဒါေၾကာင္႕ တစ္ေယာက္ၾကည္႕တဲ႕ရုပ္ရွင္ကားဟာ ေနာက္တစ္ေယာက္အတြက္ လိုက္ရႈတ္သလိုမျဖစ္ပဲ ကိုယ္ထားခဲ႕တဲ႕အခန္းကေန ဆက္ၾကည္႕ႏုိင္ပါတယ္။
.
.
ငယ္ရြယ္ေသးတဲ႕ကေလးေတြအတြက္ မိဘက မၾကည္႕သင္႕တဲ႕ရုပ္ရွင္အမ်ိဳးအစားေတြကို Parental Control အေနနဲ႕ ကန္႕သတ္ထားလို႕ရပါတယ္။ တစ္ခုခက္တာက ကုိယ္ကၾကည္႕ခ်င္လို႕ Netflix ထဲဝင္ျပီးဘာကားေကာင္းလဲေရြးျပီးကာမွ တစ္ေယာက္ေယာက္ကၾကည္႕ေနလို႕ ေအာင္႕သက္သက္ျဖစ္ရင္ေတာ႕ ( ၂ ) ေဒၚလာပိုသြင္းျပီး တစ္ဆင္႕ျမွင္႕ - Upgrade လုပ္လုိက္ရင္ အဆင္ေျပသြားမွာပါ။
.
ရံုတင္တဲ႕ခပ္ေဟာ႕ေဟာ႕ကားတစ္ခု Netflix ေပၚေရာက္လာဖို႕ေတာ႕ အခ်ိန္တစ္ခုထိ ေစာင္႕ရပါတယ္။ ဒါကလည္း ေဟာလီဝုဒ္ရုပ္ရွင္ကုမၸဏီမ်ားနဲ႕ရွိထားတဲ႕စာခ်ဳပ္နဲ႕အကန္႕အသတ္ေတြအရ ဆြဲယူၾကည္႕ရႈ - Streaming လုပ္ရတဲ႕ အင္တာနက္ရုပ္ရွင္ၾကည္႕သူမ်ားအတြက္ အားမရစရာပါ။ ဒါေၾကာင္႕လည္း ဒီေန႕ရံုတင္တဲ႕ကား ဒီေန႕ၾကည္႕ခ်င္ရင္ေတာ႕ Netflix ကို အားကိုးလုိ႕မရပါဘူး။ ဒီလိုပါပဲ .. Apple TV တုိ႕၊ Google Play Movie တုိ႕၊ Amazon Prime တို႕မွာလည္း ဒီအခက္အခဲရွိပါတယ္။
.
.
ဒါေၾကာင္႕ ခပ္ဆတ္ဆတ္ေလးေျပာၾကစတမ္းဆို အေဟာင္းၾကည္႕ခ်င္ရင္ အြန္လိုင္းမွာလြယ္ပါတယ္။ ဆိုပါေတာ႕..။ ဇာတ္ကားအသစ္ရံုတင္ျပီး ( ၁ ) လအၾကာမွာ Apple  TV ၊ Google Play ၊ Amazon Prime တုိ႕မွာ ( ၄၈ ) နာရီငွားၾကည္႕ရင္ ( ၆ ) ေဒၚလာ၊ ကုိယ္ပိုင္ဝယ္ထားရင္ ( ၁၅ ) ေဒၚလာေပးရေပမယ္႕ ေနာက္ထပ္ ( ၂ ) လ ထပ္ေစာင္႕လုိက္ရင္  Netflix ေပၚမွာ အခမဲ႕ၾကည္႕ရတာ တန္ပါတယ္။
.
အိမ္ကတီဗီနဲ႕တြဲၾကည္႕ရတဲ႕ Roku ၊ Amazon Fire TV ၊ Apple TV တုိ႕ထက္စာရင္ Google ကထုတ္တဲ႕ Chromecast က ( ၃၅ ) ေဒၚလာပဲေပးရျပီး သာမန္ကြန္ပ်ဴတာကေနထိန္းခ်ဳပ္ႏုိင္တဲ႕အတြက္ အင္မတန္အဆင္ေျပပါတယ္။ ဒါ႕အျပင္ Netflix ၾကည္႕ျပီး တစ္ျခား YouTube တို႕ကုိ အားတဲ႕အခ်ိန္ၾကည္႕ခ်င္ရင္ Google ရဲ႕ Chrome Browser ကေန တီဗီေပၚကိုပုိ႕လုိ႕ရပါတယ္။ အခုေနာက္ဆံုးထုတ္ Chromecast မွာ အေသးစားစပီကာပါတြဲထားေတာ႕ ေစ်းၾကီးတဲ႕ တီဗီဖြင္႕ရုပ္ရွင္ၾကည္႕စက္ေတြ ခြက္ခြက္လန္ေအာင္ရံွဴးကုန္ပါေတာ႕တယ္။
.
.
ေနာက္ဆံုးသိရတဲ႕စာရင္းအရ Netflix မွာ အခုတိုးတဲ႕ႏုိင္ငံေတြမပါေသးဘူး .. လစဥ္ေပးရုပ္ရွင္ၾကည္႕သူ သန္း ( ၇ဝ ) ရွိတယ္။ ဝန္ထမ္းေတြကို ယခင္က ( ၁၅ ) ေဒၚလာနဲ႕အနည္းငယ္စီေရာင္းေပးခဲ႕တဲ႕ စေတာ႕ရွယ္ယာတစ္စုဟာ အခုဆုိရင္ ေဒၚလာ ( ၃ဝဝ ) ေက်ာ္တန္ေနျပီမုိ႕ ဘယ္ေလာက္အထိၾကီးပြားလာတဲ႕အေနအထားလည္းဆိုတာ မွန္းၾကည္႕ႏိုင္ပါတယ္။
.
Netflix ရဲ႕ သမုိင္းေၾကာင္းမွာ ဒီ Video Streaming ကုိ အရင္စခဲ႕တာ မဟုတ္ပါဘူး။ စီဒီ ေနာက္ပို္င္း ဒီဗီဒီေခတ္မွာ စာပို႕စံနစ္နဲ႕ေခြငွားလုပ္ငန္းကေန စခဲ႕တာပါ။ ရွည္လြန္းတဲ႕သမိုင္းကို အတုိခ်ဳပ္ျပီးေျပာရရင္ လစဥ္ေၾကးေပး - စာတုိက္ကေန DVD တစ္ခ်ပ္ပို႕လာ - ေဖာက္ဖြင္႕ - ၾကည္႕ရႈ - စာတိုက္နဲ႕ျပန္ပုိ႕ - ျပန္လက္ခံ - ေနာက္တစ္ေခြထပ္ပို႕ နဲ႕ လုပ္ငန္းလည္ပတ္တာပါ။ တစ္ခါပို႕ရင္ ( ၁ ) ေခြနဲ႕အားမရသူေတြအတြက္ ( ၂ ) ေဒၚလာပိုေပးရင္ ( ၂ ) ေခြ၊ ( ၃ ) ေခြ စသျဖင္႕ သြားလုိက္၊ ျပန္လုိက္လုပ္ျပီး ၾကည္႕ရႈႏုိင္ပါတယ္။
.
.
စီးပြားတက္လာတဲ႕ Netflix ဟာ ( ၂ဝဝ၈ ) ခုႏွစ္မွာ အြန္လိုင္းရုပ္ရွင္လုပ္ငန္းကိုတုိးခ်ဲ႕တဲ႕အခါ အေမရိကန္ေတြ အိမ္ကေန ရုပ္ရွင္ပိုၾကည္႕လာတဲ႕အေလ႕အထမ်ားလာတာနဲ႕အခ်ိန္ကိုက္ ျဖစ္ေနပါတယ္။ ဒါနဲ႕ မီးေလာင္ရာေလပင္႕သလုိ ပြင္႕ထြက္တုိးတက္လာတဲ႕ကုမၸဏီဟာ စာတုိက္ကေနေခြလည္းငွားရ၊ အြန္လိုင္းကေနလည္းရုပ္ရွင္ကုမၸဏီၾကီးေတြထံကပုတ္ျပတ္စံနစ္နဲ႕ရုပ္ရွင္ေတြသိန္းနဲ႕ခ်ီျပီးဝယ္ရနဲ႕ ေနာက္ပိုင္း မႏုိ္င္မနင္းျဖစ္လာပါတယ္္။
.
ဒါေၾကာင္႕ ( ၂ဝ၁၁ ) ခုႏွစ္မွာ ေခြပို႕လုပ္ငန္း နဲ႕ Video Streaming လုပ္ငန္းကို သီးသန္႕ခြဲထုတ္လိုက္တဲ႕အခါ ေစ်း ( ၂ ) ဆတက္သြားတာေၾကာင္႕ သံုးစြဲသူေတြက မေက်နပ္ၾကပါဘူး။ ဒါေၾကာင္႕ ( ၃ ) လအၾကာမွာ သံုးစြဲသူအၾကိဳက္ျပန္လိုက္ေလ်ာရင္း ေနာက္ပိုင္း ေသြးေအးသြားမွျပန္ခြဲထုတ္လိုက္တဲ႕အခါ သူ႕အစီအစဥ္ေအာင္ျမင္ခဲ႕ပါတယ္။
.
.
ဒါေၾကာင္႕ Netflix ဟာ အခုဆုိရင္ အြန္လုိင္းကေနရုပ္ရွင္ၾကည္႕ဖုိ႕ က တစ္လကို ( ၈ ) ေဒၚလာ အျပင္ ေခြပို႕-ေခြျပန္စံနစ္နဲ႕ငွားရတဲ႕ DVD Rental ကုိ ( ၈ ) ေဒၚလာကေန ေဒၚလာ ( ၂ဝ ) အထိ ရွိျပီး အေမရိကန္အိမ္ေတာ္ေတာ္မ်ားမ်ားမွာ လစဥ္ေပးႏႈန္းထားနဲ႕ ေဖ်ာ္ေျဖေပးေနပါတယ္။
.
အခုျမန္မာႏုိင္ငံကုိေရာက္လာမယ္႕ Netflix ကို အသံုးျပဳပံုျပဳနည္းကို အကြ်မ္းဝင္ဖို႕မခက္လွပါဘူး။ ဘဏ္စာရင္းကေနေငြေပးႏုိင္ဖုိ႕နဲ႕ Streaming ဆဲြဖုိ႕ ေရႊျမန္မာေတြဘယ္လိုရင္ဆိုင္ၾကမလဲဆိုတာ သိခ်င္လွပါတယ္။ မၾကာေတာ႕တဲ႕ကာလမွာ အေကာင္႕တစ္ခုဖြင္႕ျပီး အိမ္ကတီဗီမွာ Chromecast သံုးျပီး Wi-Fi ကေနတစ္ဆင္႕ ၾကည္႕ႏုိင္လာေစခ်င္တယ္။
.
ဒီကေနတစ္ဆင္႕ တက္ဘလက္မွာၾကည္႕လာႏုိင္ေစခ်င္တယ္။ ေနာက္ဆံုးမွာ ဘတ္စကားစီးရင္း လက္ကုိင္ဖုန္းေပၚမွာ ရုပ္ရွင္ၾကည္႕လာႏုိင္ေတာ႕မယ္႕တစ္ေန႕ဟာ မၾကာမီအခ်ိန္မွာ ေရာက္လာႏုိင္ပါေတာ႕မယ္လို႕ အေကာင္းဆံုး ေမွ်ာ္လင္႕မိပါေတာ႕တယ္။
.
ခင္လ်က္
.
01-08-2016
.
.
.
Myanmar Unicode Version:
.
.
“ မြန်မာတွေအတွက်အိမ်တွင်းကြည့်ရုပ်ရှင်တစ်ခေတ်ပြန်္ဖြစ်လာမယ့် Netflix ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
အင်တာနက်အွန်လိုင်းကနေ လစဉ်ကြေးပေးပြီး နိုင်ငံခြားရုပ်ရှင်တစ်ကားပြီးတွေ၊ အမေရိကန်ခွေဆက်တွေကြည့်လို့ရတဲ့ Netflix ဟာ ( ၂ဝ၁၆ ) ခုနှစ် နှစ်ဆန်း ( ၆ ) ရက်နေ့မှာ ( ၁၃ဝ ) နိုင်ငံကို ထပ်တိုးချဲ့လွှင့်ထုတ်တယ်လို့ ကြေငြာသွားပါတယ်။ အခုလိုထပ်တိုးနိုင်ငံတွေမပါခင်တုန်းက နိုင်ငံပေါင်း ( ၆ဝ ) မှာ ကြည့်လို့ရနေပါတယ်။
.
အာရှတိုက်ဘက်မှာ ဗီယက်နမ်၊ အိန္ဒိယ၊ စင်္ကာပူ နဲ့ အင်ဒိုနီးရှားတို့ထက်မနည်းတဲ့နိုင်ငံတွေပါဝင်လာတယ်။ ကံဆိုးတာက ဈေးကွက်ကြီးလှပါတယ်ဆိုတဲ့ အင်တာနက်အသုံးဆုံးလူအုပ်ကြီး တရုတ်နိုင်ငံ မပါလာတာပါ။ ကံကောင်းတာကတော့ လှုပ်တုတ်လှုပ်တုတ်အင်တာနက် နဲ့ ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးစ ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံ ဒီတစ်ခေါက်စာရင်းပေါက်လာတာပါပဲ။
.
.
Netflix မှာရုပ်ရှင်ကြည့်ချင်ရင် တစ်လကို ( ၇.၉၉ ) ဒေါ်လာ ပေးရပါတယ်။ သူ့ဝဘ်ဆိုဒ်စာမျက်နှာကိုဖွင့်ပြီး အဲဒီနေရာမှာပဲ ရုပ်ရှင်ကြည့်ရမှာပါ။ Netflix.com ဆိုတဲ့နေရာမှာ အီးမေးနဲ့အကောင့်တစ်ခုဖွင့်ပြီး ဘဏ်ကဒ်နဲ့ငွေသွင်းရပါတယ် .. ဒါကြောင့် သူတို့လက်ခံတဲ့ အွန်လိုင်းဒေါ်လာအကောင့်တစ်ခုလိုပါတယ်။ ကိုယ့်နာမည် နဲ့ သုံးစွဲတဲ့အဖွဲ့ဝင်နာမည် - Membership နာမယ်တွေရွေးပြီးရင် ( ဘဏ်စာရင်းသွင်းပြီးရင် ) ( ၁ ) လ အခမဲ့ကြည့်နိုင်ပါတယ်။
.
Basic Plan မှာ တစ်ချိန်မှာ လူတစ်ဦးပဲကြည့်နိုင်ပြီး အကောင့်တစ်ခုထဲကို ( ၂ ) ဦး တစ်ပြိုင်နက်တည်းကြည့်ချင်ရင် ( ၁ ) လ ( ၁ဝ ) ဒေါ်လာပေးရင်ရပါပြီ။ ဒီထက်လူများပြီး ရုပ်ရှင်လုနေရတဲ့အိမ်မျိုးဆိုရင်တော့ ( ၁၂ ) ဒေါ်လာပေးထားရင် လူ ( ၄ ) ယောက် အေးဆေးသက်သာကြည့်နိုင်ဖို့ အင်တာနက်ကောင်းဖို့တော့လိုပါတယ်။
.
.
တစ်ချို့ဆိုရင် လူတစ်ယောက်တည်းက အကောင့်အမျိုးမျိုးပတ်ချာလည်ဖွင့်ပြီး ပထမအခမဲ့ပေးတဲ့လတွေကိုပဲကြည့်ပြီး ( ၂၉ ) ရက်ပြည့်တာနဲ့ အသင်းဝင် - Membership ကို ဖျက်တာမျိုးလည်း ရှိကြတယ်။ နောက်ပိုင်းတော့ တစ်လကို မြန်မာငွေ ( ၁ဝဝဝဝ ) လောက်သာကျသင့်လို့ ကိုယ့်သားသမီးအိမ်ပြင်သိပ်မထွက်ကြဘူးဆိုပြီး မိဘတွေကလစဉ်ကြေးပေးဝယ်ထားကြပါတယ်။
.
အကောင့်ထိန်းထားသူတစ်ယောက်က မိသားစု၊ သူငယ်ချင်းတို့ကို ဆင့်ပွားအကောင့်အနေနဲ့ထပ်တိုးလို့ရပါတယ်။ အဲဒီအခါ Manage Profile ဆိုတဲ့အောက်မှာ ကိုယ့်မိသားစု ဘယ်သူဆိုပြီးနာမယ်ပေးထားလို့ရတယ်။ ဒါကြောင့် တစ်ယောက်ကြည့်တဲ့ရုပ်ရှင်ကားဟာ နောက်တစ်ယောက်အတွက် လိုက်ရှုတ်သလိုမဖြစ်ပဲ ကိုယ်ထားခဲ့တဲ့အခန်းကနေ ဆက်ကြည့်နိုင်ပါတယ်။
.
.
ငယ်ရွယ်သေးတဲ့ကလေးတွေအတွက် မိဘက မကြည့်သင့်တဲ့ရုပ်ရှင်အမျိုးအစားတွေကို Parental Control အနေနဲ့ ကန့်သတ်ထားလို့ရပါတယ်။ တစ်ခုခက်တာက ကိုယ်ကကြည့်ချင်လို့ Netflix ထဲဝင်ပြီးဘာကားကောင်းလဲရွေးပြီးကာမှ တစ်ယောက်ယောက်ကကြည့်နေလို့ အောင့်သက်သက်ဖြစ်ရင်တော့ ( ၂ ) ဒေါ်လာပိုသွင်းပြီး တစ်ဆင့်မြှင့် - Upgrade လုပ်လိုက်ရင် အဆင်ပြေသွားမှာပါ။
.
ရုံတင်တဲ့ခပ်ဟော့ဟော့ကားတစ်ခု Netflix ပေါ်ရောက်လာဖို့တော့ အချိန်တစ်ခုထိ စောင့်ရပါတယ်။ ဒါကလည်း ဟောလီဝုဒ်ရုပ်ရှင်ကုမ္ပဏီများနဲ့ရှိထားတဲ့စာချုပ်နဲ့အကန့်အသတ်တွေအရ ဆွဲယူကြည့်ရှု - Streaming လုပ်ရတဲ့ အင်တာနက်ရုပ်ရှင်ကြည့်သူများအတွက် အားမရစရာပါ။ ဒါကြောင့်လည်း ဒီနေ့ရုံတင်တဲ့ကား ဒီနေ့ကြည့်ချင်ရင်တော့ Netflix ကို အားကိုးလို့မရပါဘူး။ ဒီလိုပါပဲ .. Apple TV တို့၊ Google Play Movie တို့၊ Amazon Prime တို့မှာလည်း ဒီအခက်အခဲရှိပါတယ်။
.
.
ဒါကြောင့် ခပ်ဆတ်ဆတ်လေးပြောကြစတမ်းဆို အဟောင်းကြည့်ချင်ရင် အွန်လိုင်းမှာလွယ်ပါတယ်။ ဆိုပါတော့..။ ဇာတ်ကားအသစ်ရုံတင်ပြီး ( ၁ ) လအကြာမှာ Apple  TV ၊ Google Play ၊ Amazon Prime တို့မှာ ( ၄၈ ) နာရီငှားကြည့်ရင် ( ၆ ) ဒေါ်လာ၊ ကိုယ်ပိုင်ဝယ်ထားရင် ( ၁၅ ) ဒေါ်လာပေးရပေမယ့် နောက်ထပ် ( ၂ ) လ ထပ်စောင့်လိုက်ရင်  Netflix ပေါ်မှာ အခမဲ့ကြည့်ရတာ တန်ပါတယ်။
.
အိမ်ကတီဗီနဲ့တွဲကြည့်ရတဲ့ Roku ၊ Amazon Fire TV ၊ Apple TV တို့ထက်စာရင် Google ကထုတ်တဲ့ Chromecast က ( ၃၅ ) ဒေါ်လာပဲပေးရပြီး သာမန်ကွန်ပျူတာကနေထိန်းချုပ်နိုင်တဲ့အတွက် အင်မတန်အဆင်ပြေပါတယ်။ ဒါ့အပြင် Netflix ကြည့်ပြီး တစ်ခြား YouTube တို့ကို အားတဲ့အချိန်ကြည့်ချင်ရင် Google ရဲ့ Chrome Browser ကနေ တီဗီပေါ်ကိုပို့လို့ရပါတယ်။ အခုနောက်ဆုံးထုတ် Chromecast မှာ အသေးစားစပီကာပါတွဲထားတော့ ဈေးကြီးတဲ့ တီဗီဖွင့်ရုပ်ရှင်ကြည့်စက်တွေ ခွက်ခွက်လန်အောင်ရှူံးကုန်ပါတော့တယ်။
.
.
နောက်ဆုံးသိရတဲ့စာရင်းအရ Netflix မှာ အခုတိုးတဲ့နိုင်ငံတွေမပါသေးဘူး .. လစဉ်ပေးရုပ်ရှင်ကြည့်သူ သန်း ( ၇ဝ ) ရှိတယ်။ ဝန်ထမ်းတွေကို ယခင်က ( ၁၅ ) ဒေါ်လာနဲ့အနည်းငယ်စီရောင်းပေးခဲ့တဲ့ စတော့ရှယ်ယာတစ်စုဟာ အခုဆိုရင် ဒေါ်လာ ( ၃ဝဝ ) ကျော်တန်နေပြီမို့ ဘယ်လောက်အထိကြီးပွားလာတဲ့အနေအထားလည်းဆိုတာ မှန်းကြည့်နိုင်ပါတယ်။
.
Netflix ရဲ့ သမိုင်းကြောင်းမှာ ဒီ Video Streaming ကို အရင်စခဲ့တာ မဟုတ်ပါဘူး။ စီဒီ နောက်ပ်ိုင်း ဒီဗီဒီခေတ်မှာ စာပို့စံနစ်နဲ့ခွေငှားလုပ်ငန်းကနေ စခဲ့တာပါ။ ရှည်လွန်းတဲ့သမိုင်းကို အတိုချုပ်ပြီးပြောရရင် လစဉ်ကြေးပေး - စာတိုက်ကနေ DVD တစ်ချပ်ပို့လာ - ဖောက်ဖွင့် - ကြည့်ရှု - စာတိုက်နဲ့ပြန်ပို့ - ပြန်လက်ခံ - နောက်တစ်ခွေထပ်ပို့ နဲ့ လုပ်ငန်းလည်ပတ်တာပါ။ တစ်ခါပို့ရင် ( ၁ ) ခွေနဲ့အားမရသူတွေအတွက် ( ၂ ) ဒေါ်လာပိုပေးရင် ( ၂ ) ခွေ၊ ( ၃ ) ခွေ စသဖြင့် သွားလိုက်၊ ပြန်လိုက်လုပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
.
.
စီးပွားတက်လာတဲ့ Netflix ဟာ ( ၂ဝဝ၈ ) ခုနှစ်မှာ အွန်လိုင်းရုပ်ရှင်လုပ်ငန်းကိုတိုးချဲ့တဲ့အခါ အမေရိကန်တွေ အိမ်ကနေ ရုပ်ရှင်ပိုကြည့်လာတဲ့အလေ့အထများလာတာနဲ့အချိန်ကိုက် ဖြစ်နေပါတယ်။ ဒါနဲ့ မီးလောင်ရာလေပင့်သလို ပွင့်ထွက်တိုးတက်လာတဲ့ကုမ္ပဏီဟာ စာတိုက်ကနေခွေလည်းငှားရ၊ အွန်လိုင်းကနေလည်းရုပ်ရှင်ကုမ္ပဏီကြီးတွေထံကပုတ်ပြတ်စံနစ်နဲ့ရုပ်ရှင်တွေသိန်းနဲ့ချီပြီးဝယ်ရနဲ့ နောက်ပိုင်း မန်ိုင်မနင်းဖြစ်လာပါတယ်။
.
ဒါကြောင့် ( ၂ဝ၁၁ ) ခုနှစ်မှာ ခွေပို့လုပ်ငန်း နဲ့ Video Streaming လုပ်ငန်းကို သီးသန့်ခွဲထုတ်လိုက်တဲ့အခါ ဈေး ( ၂ ) ဆတက်သွားတာကြောင့် သုံးစွဲသူတွေက မကျေနပ်ကြပါဘူး။ ဒါကြောင့် ( ၃ ) လအကြာမှာ သုံးစွဲသူအကြိုက်ပြန်လိုက်လျောရင်း နောက်ပိုင်း သွေးအေးသွားမှပြန်ခွဲထုတ်လိုက်တဲ့အခါ သူ့အစီအစဉ်အောင်မြင်ခဲ့ပါတယ်။
.
.
ဒါကြောင့် Netflix ဟာ အခုဆိုရင် အွန်လိုင်းကနေရုပ်ရှင်ကြည့်ဖို့ က တစ်လကို ( ၈ ) ဒေါ်လာ အပြင် ခွေပို့-ခွေပြန်စံနစ်နဲ့ငှားရတဲ့ DVD Rental ကို ( ၈ ) ဒေါ်လာကနေ ဒေါ်လာ ( ၂ဝ ) အထိ ရှိပြီး အမေရိကန်အိမ်တော်တော်များများမှာ လစဉ်ပေးနှုန်းထားနဲ့ ဖျော်ဖြေပေးနေပါတယ်။
.
အခုမြန်မာနိုင်ငံကိုရောက်လာမယ့် Netflix ကို အသုံးပြုပုံပြုနည်းကို အကျွမ်းဝင်ဖို့မခက်လှပါဘူး။ ဘဏ်စာရင်းကနေငွေပေးနိုင်ဖို့နဲ့ Streaming ဆွဲဖို့ ရွှေမြန်မာတွေဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ သိချင်လှပါတယ်။ မကြာတော့တဲ့ကာလမှာ အကောင့်တစ်ခုဖွင့်ပြီး အိမ်ကတီဗီမှာ Chromecast သုံးပြီး Wi-Fi ကနေတစ်ဆင့် ကြည့်နိုင်လာစေချင်တယ်။
.
ဒီကနေတစ်ဆင့် တက်ဘလက်မှာကြည့်လာနိုင်စေချင်တယ်။ နောက်ဆုံးမှာ ဘတ်စကားစီးရင်း လက်ကိုင်ဖုန်းပေါ်မှာ ရုပ်ရှင်ကြည့်လာနိုင်တော့မယ့်တစ်နေ့ဟာ မကြာမီအချိန်မှာ ရောက်လာနိုင်ပါတော့မယ်လို့ အကောင်းဆုံး မျှော်လင့်မိပါတော့တယ်။
.
ခင်လျက်
.
01-08-2016


No comments: