ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, July 28, 2019

DV 2020 အေၾကာင္း ၾသဂုတ္လအထိသိသမွ်

ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)
(၂ဝ၁၉) ခုႏွစ္မွာ ရက္ေပါင္း (၃၄) ရက္အတြင္း ေလွ်ာက္ထားသူ (၁၄) သန္းထဲက အေမရိကန္ကုိေျပာင္းေရႊ႕ခြင္႕ကံစမ္းမဲ-DV 2020 ရလဒ္အရ ေအာင္ျမင္သူ (၅၅ဝဝဝ) ဦးထဲမွာ အီဂ်စ္ႏိုင္ငံသား (၅၅၆၈) ဦး နဲ႕ ရုရွားႏုိင္ငံသား (၅၁၁၈ ) ဦး တို႕က ထိပ္ဆံုးကဦးေဆာင္ခဲ႕ပါတယ္။

သူတုိ႕ေနာက္ကအေရအတြက္အမ်ားဆံုးေအာင္ျမင္ခဲ႕တဲ႕ႏိုင္ငံေတြထဲမွာ ကြန္ဂုိ-၄၇၄၃ဦး၊ အီရန္-၄၁ဝ၁ ဦး၊ နီေပါ-၃၆၉၆ ဦး နဲ႕ ဆူဒန္-၃၆၉၁ ဦး တို႕ ပါဝင္ထားပါတယ္။

ဒီစာရင္းအရဆိုရင္ အရင္ႏွစ္ထက္ အီဂ်စ္က ( ၃၃%) နဲ႕ ရုရွားက ( ၄ဝ%) တိုးတက္ေအာင္ျမင္ခဲ႕တာပါ။ ဒါေပမဲ႕ အေမရိကတိုက္အတြင္း သီးသန္႕ျပည္ဝင္ခြင္႕ဥပေဒျပ႒ာန္းေပးထားတဲ႕ က်ဴးဘားႏိုင္ငံသားေတြဟာ အရင္ႏွစ္ (၃၂၆) ဦးရွိေနရာက (၂၇ဝ၃) ဦးေအာင္ျမင္ခဲ႕တဲ႕ DV 2020 စာရင္းထက္စာရင္ နည္းေနပါေသးတယ္။
ႏိုင္ငံရဲ႕ေငြေၾကးေဖာင္းပြမႈအဆိုးဆံုးလို႕ကမၻာကအသိအမွတ္ျပဳထားတဲ႕ဗင္နီဇြဲလားႏုိင္ငံသား (၁ဝ၆၈) ဦးရထားတာကေတာ႕ အရင္ႏွစ္နဲ႕ျခားနားမႈသိပ္မရွိပါဘူး။ ျမန္မာႏုိင္ငံသားေတြက အရင္ႏွစ္ (၂၇၃) ဦးထက္စာရင္ ဒီႏွစ္မွာ (၄၄၄) ဦး ေအာင္ျမင္ခဲ႕ျပန္တာေၾကာင္႕ (၁၆၃%) တုိးတက္ခဲ႕ပါတယ္။(http://britsimonsays.com/august-2019-visa-bulletin-released/)

ဒီႏွစ္မွာ DV 2020 စာရင္းပါထားသူတစ္ေယာက္ဟာ DS-260 ေဖာင္ https://travel.state.gov/content/travel/en/us-visas/visa-information-resources/forms/online-immigrant-visa-forms/ds-260-faqs.html ကုိ တင္ဖို႕အခ်ိန္က်ေရာက္ေနပါျပီ။

DV Lottery ကံစမ္းမဲဟာ အေမရိကားမွာေဆြမ်ိဳးမရွိလို႕ စပြန္ဆာေပးမေခၚယူႏုိင္သူေတြအတြက္ အရိုးရွင္းဆံုးျပည္ဝင္ခြင္႕တစ္ခုျဖစ္ပါတယ္။ ကြန္ပ်ဴတာကေန တစ္ႏွစ္အတြက္ လူ (၅၅ဝဝဝ) ေရြးေပးတဲ႕စံနစ္မွာ ဘယ္လိုဘက္လိုက္မႈမ်ိဳးမွမရွိေပမဲ႕ လူေတြျပဳစုတဲ႕ဥပေဒအေပၚမွာေတာ႕ ျပည္ဝင္ခြင္႕ကုိတင္းၾကပ္ဖို႕လုပ္ေဆာင္ေနတာၾကားသိရပါတယ္။

ျပီးခဲ႕တဲ႕လ (effective June 5, 2019. The Department of State will accept comments up to July 5, 2019) ျပည္နယ္ဥပေဒျပဳေရးအစုိးရစာမ်က္ႏွာ-https://www.federalregister.gov/documents/2019/06/05/2019-11762/visas-diversity-immigrants အရ လာမယ္႕ DV 2021 ေလွ်ာက္ထားဖို႕ အနည္းဆံုး သက္တမ္း (၆) လက်န္တဲ႕ ႏိုင္ငံကူးလက္မွတ္ရဲ႕အခ်က္အလက္ေတြကိုတစ္ပါတည္းတင္သြင္းဖို႕လိုအပ္လာမွာျဖစ္ပါတယ္။ (တစ္ခ်ိဳ႕ေျပာေနတဲ႕ DV 2021 တင္ဖို႕ ႏိုင္ငံကူးလက္မွတ္မလိုဘူးလို႕ျငင္းေနသူေတြ တင္ဖို႕အခ်ိန္က်ေရာက္ရင္အေျဖထြက္ပါျပီ)

အရင္တစ္ခ်ိန္တုန္းကေတာ႕ ႏိုင္ငံကူးလက္မွတ္ဆုိတာ သက္ဆုိင္ရာသံရံုးမွာလူေတြ႕စစ္ေဆးဖို႕ရက္ခ်ိန္းက်ေရာက္ေတာ႕မွတင္သြင္းေပးခဲ႕ရတာပါ။ တကယ္လို႕ DV Lottery ေအာင္ျမင္ထားသူတစ္ေယာက္ဟာ အေမရိကန္ေျမေပၚ ကိုယ္တုိင္ကုိယ္က်ေရာက္ရွိေနတယ္ဆုိရင္ https://www.uscis.gov/greencard/diversity-visa စာမ်က္ႏွာရဲ႕ညႊန္ၾကားခ်က္အရ ေဖာင္ I-485 ကိုတင္ဖို႕ https://www.uscis.gov/i-485 မွာ ေဒါင္းေလာ႕ဆြဲထားႏိုင္ပါတယ္။

ဒါေၾကာင္႕ မတူကြဲျပားမႈကုိစံထားတဲ႕ လူမ်ိဳးေပါင္းစံုတုိ႕ရဲ႕အိပ္မက္ေျမ အေမရိကားမွာ ကမၻာတလႊားဘယ္ေနရာက ဘယ္လိုအမ်ိဳးအစားလူသားေတြ၊ ဘယ္လိုယံုၾကည္မႈေတြရဲ႕ဘာသာဝင္ေတြ၊ ဘယ္လိုဘာသာစကားရဲ႕အသံထြက္ေတြ၊ ဘယ္လိုပညာေရးအေျခခံရဲ႕မ်ိဳးဆက္သစ္ေတြဆိုျပီးခြဲျခားေနမယ္႕အစား ျမန္မာေတြ႕ရင္ အခ်င္းခ်င္းလက္တြဲရုိင္းပင္းလို႕ တူရာတူရာစုျပီး ကူညီႏုိင္ၾကပါေစေၾကာင္း မီးေမာင္းထိုးတုိက္တြန္းလိုက္ပါရေစ။

ခင္လ်က္
ကုိညီညီ (ေတာင္ၾကီး)
07-28-2019

Full Story: https://www.miamiherald.com/news/local/immigration/article233211856.html

Unicode Version:

"DV 2020 အကြောင်း သြဂုတ်လအထိသိသမျှ"
              (၂ဝ၁၉) ခုနှစ်မှာ ရက်ပေါင်း (၃၄) ရက်အတွင်း လျှောက်ထားသူ (၁၄) သန်းထဲက အမေရိကန်ကိုပြောင်းရွှေ့ခွင့်ကံစမ်းမဲ-DV 2020 ရလဒ်အရ အောင်မြင်သူ (၅၅ဝဝဝ) ဦးထဲမှာ အီဂျစ်နိုင်ငံသား (၅၅၆၈) ဦး နဲ့ ရုရှားနိုင်ငံသား (၅၁၁၈ ) ဦး တို့က ထိပ်ဆုံးကဦးဆောင်ခဲ့ပါတယ်။

              သူတို့နောက်ကအရေအတွက်အများဆုံးအောင်မြင်ခဲ့တဲ့နိုင်ငံတွေထဲမှာ ကွန်ဂို-၄၇၄၃ဦး၊ အီရန်-၄၁ဝ၁ ဦး၊ နီပေါ-၃၆၉၆ ဦး နဲ့ ဆူဒန်-၃၆၉၁ ဦး တို့ ပါဝင်ထားပါတယ်။

              ဒီစာရင်းအရဆိုရင် အရင်နှစ်ထက် အီဂျစ်က ( ၃၃%) နဲ့ ရုရှားက ( ၄ဝ%) တိုးတက်အောင်မြင်ခဲ့တာပါ။ ဒါပေမဲ့ အမေရိကတိုက်အတွင်း သီးသန့်ပြည်ဝင်ခွင့်ဥပဒေပြဋ္ဌာန်းပေးထားတဲ့ ကျူးဘားနိုင်ငံသားတွေဟာ အရင်နှစ် (၃၂၆) ဦးရှိနေရာက (၂ရဝ၃) ဦးအောင်မြင်ခဲ့တဲ့ DV 2020 စာရင်းထက်စာရင် နည်းနေပါသေးတယ်။

              နိုင်ငံရဲ့ငွေကြေးဖောင်းပွမှုအဆိုးဆုံးလို့ကမ္ဘာကအသိအမှတ်ပြုထားတဲ့ဗင်နီဇွဲလားနိုင်ငံသား (၁ဝ၆၈) ဦးရထားတာကတော့ အရင်နှစ်နဲ့ခြားနားမှုသိပ်မရှိပါဘူး။ မြန်မာနိုင်ငံသားတွေက အရင်နှစ် (၂၇၃) ဦးထက်စာရင် ဒီနှစ်မှာ (၄၄၄) ဦး အောင်မြင်ခဲ့ပြန်တာကြောင့် (၁၆၃%) တိုးတက်ခဲ့ပါတယ်။(http://britsimonsays.com/august-2019-visa-bulletin-released/)

              ဒီနှစ်မှာ DV 2020 စာရင်းပါထားသူတစ်ယောက်ဟာ DS-260 ဖောင် https://travel.state.gov/content/travel/en/us-visas/visa-information-resources/forms/online-immigrant-visa-forms/ds-260-faqs.html ကို တင်ဖို့အချိန်ကျရောက်နေပါပြီ။

              DV Lottery ကံစမ်းမဲဟာ အမေရိကားမှာဆွေမျိုးမရှိလို့ စပွန်ဆာပေးမခေါ်ယူနိုင်သူတွေအတွက် အရိုးရှင်းဆုံးပြည်ဝင်ခွင့်တစ်ခုဖြစ်ပါတယ်။ ကွန်ပျူတာကနေ တစ်နှစ်အတွက် လူ (၅၅ဝဝဝ) ရွေးပေးတဲ့စံနစ်မှာ ဘယ်လိုဘက်လိုက်မှုမျိုးမှမရှိပေမဲ့ လူတွေပြုစုတဲ့ဥပဒေအပေါ်မှာတော့ ပြည်ဝင်ခွင့်ကိုတင်းကြပ်ဖို့လုပ်ဆောင်နေတာကြားသိရပါတယ်။

               ပြီးခဲ့တဲ့လ (effective June 5, 2019. The Department of State will accept comments up to July 5, 2019)  ပြည်နယ်ဥပဒေပြုရေးအစိုးရစာမျက်နှာ-https://www.federalregister.gov/documents/2019/06/05/2019-11762/visas-diversity-immigrants အရ လာမယ့် DV 2021 လျှောက်ထားဖို့ အနည်းဆုံး သက်တမ်း (၆) လကျန်တဲ့ နိုင်ငံကူးလက်မှတ်ရဲ့အချက်အလက်တွေကိုတစ်ပါတည်းတင်သွင်းဖို့လိုအပ်လာမှာဖြစ်ပါတယ်။ (တစ်ချို့ပြောနေတဲ့ DV 2021 တင်ဖို့ နိုင်ငံကူးလက်မှတ်မလိုဘူးလို့ငြင်းနေသူတွေ တင်ဖို့အချိန်ကျရောက်ရင်အဖြေထွက်ပါပြီ)

              အရင်တစ်ချိန်တုန်းကတော့ နိုင်ငံကူးလက်မှတ်ဆိုတာ သက်ဆိုင်ရာသံရုံးမှာလူတွေ့စစ်ဆေးဖို့ရက်ချိန်းကျရောက်တော့မှတင်သွင်းပေးခဲ့ရတာပါ။ တကယ်လို့ DV Lottery အောင်မြင်ထားသူတစ်ယောက်ဟာ အမေရိကန်မြေပေါ် ကိုယ်တိုင်ကိုယ်ကျရောက်ရှိနေတယ်ဆိုရင် https://www.uscis.gov/greencard/diversity-visa စာမျက်နှာရဲ့ညွှန်ကြားချက်အရ ဖောင် I-485 ကိုတင်ဖို့ https://www.uscis.gov/i-485 မှာ ဒေါင်းလော့ဆွဲထားနိုင်ပါတယ်။

              ဒါကြောင့် မတူကွဲပြားမှုကိုစံထားတဲ့ လူမျိုးပေါင်းစုံတို့ရဲ့အိပ်မက်မြေ အမေရိကားမှာ ကမ္ဘာတလွှားဘယ်နေရာက ဘယ်လိုအမျိုးအစားလူသားတွေ၊ ဘယ်လိုယုံကြည်မှုတွေရဲ့ဘာသာဝင်တွေ၊ ဘယ်လိုဘာသာစကားရဲ့အသံထွက်တွေ၊ ဘယ်လိုပညာရေးအခြေခံရဲ့မျိုးဆက်သစ်တွေဆိုပြီးခွဲခြားနေမယ့်အစား မြန်မာတွေ့ရင် အချင်းချင်းလက်တွဲရိုင်းပင်းလို့  တူရာတူရာစုပြီး ကူညီနိုင်ကြပါစေကြောင်း မီးမောင်းထိုးတိုက်တွန်းလိုက်ပါရစေ။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
07-28-2019


No comments: