ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, September 14, 2019

ဗီဆာဘာေၾကာင့္က်တာလဲ?


ဗီဆာက်ရတဲ႕အေၾကာင္းရင္းအမ်ားၾကီးရွိပါတယ္။ ဒီထဲက အားလံုးထဲမွာတူညီတဲ႕အခ်က္တစ္ခုက သံရံုးကလက္ခံႏိုင္မယ္႕စာရြက္စာတမ္းနဲ႕သက္ေသတစ္ခုခုကိုယံုၾကည္ေအာင္မျပႏုိင္တာေၾကာင္႕လုိ႕ အၾကမ္းဖ်ဥ္းေျပာႏုိင္ပါတယ္။

ျမန္မာႏိုင္ငံကေနထြက္ျပီးဘယ္ႏိုင္ငံကိုသြားသြား သက္ဆုိင္ရာႏုိင္ငံကအာဏာကုန္လႊဲအပ္ထားတဲ႕သံရံုးေတြ ျမန္မာႏိုင္ငံအတြင္းမ်ား ႏိုင္ငံစံုအတြက္ရွိေနပါတယ္။ သူ႕ေဒသ နဲ႕ သူ႕ႏုိင္ငံ၊ သူ႕သင္းဖြဲ႕စည္းမ်ဥ္း နဲ႕ သူ႕ေတာင္းဆုိခ်က္-Requirement တုိ႕ဟာ ဘယ္သူဝင္ဝင္ ဘယ္သူေလွ်ာက္ေလွ်ာက္ တင္ေပးရမယ္႕အခ်က္အလက္ေတြကုိေစ်းဆစ္လို႕မရႏုိင္ပါဘူး။

ကြ်န္ေတာ္ဟာ အေမရိကားဗီဆာေလွ်ာက္ရတဲ႕အေတြ႕အၾကံဳနည္းေပမယ္႕ Group တစ္ခုထက္မကကေနေလ႕လာရင္း လာလာေျပာျပၾက၊ ေမးျမန္းတတ္ၾကလို႕ မသိရင္ျပန္ရွာဖတ္၊ သံရံုးစာမ်က္ႏွာထဲဝင္ရွာဖတ္ရင္း တစ္ခ်ိဳ႕သတိထားရမယ္႕ကိစၥရပ္ေလးေတြကုိ Tips ေတြအေနနဲ႕ထုတ္ျပခ်င္လို႕ ဒီေဆာင္းပါးေလးကိုေရးမိပါတယ္။

"သူတုိ႕ႏုိင္ငံကုိဘာအေၾကာင္းေၾကာင္းေၾကာင္႕ပဲသြားသြား သက္ဆိုင္ရာတာဝန္က်သံမွဴးေတြက အင္တာဗ်ဴးေျဖသူေတြဆီက ရုိးသားမႈကိုအရင္ရွာပါတယ္"
သူတုိ႕ဆီမွာရွိတဲ႕ Visa Application Procedure အတိုင္း ေဘာင္ဝင္ရဲ႕လား? လူမတူတဲ႕လွည္႕ဖ်ားျပီးဝင္ခ်င္တဲ႕ျပည္ဝင္ခြင္႕ျဖစ္ေနမလား? စာရြက္စာတမ္းအတုလုပ္ျပင္ဆင္ထားတာပါသလား? သတ္မွတ္ထားတဲ႕က်န္းမာေရးေဆးစစ္ခ်က္ေတြအကုန္လုိက္လုပ္ထားတဲ႕ဆရာဝန္မွတ္ခ်က္ေတြပါသလား? ဟုိဘက္ႏုိင္ငံေရာက္ဖို႕ (ေနာက္ပိုင္းေခၚစာမလိုဘူးဆုိေပမယ္႕) ဘယ္မွာသြားေနလို႕ ကုန္က်စားရိတ္ကဘယ္ကရမွာလဲဆိုတာေျဖႏုိင္ရဲ႕လား? ဆိုတဲ႕ေမးခြန္းေတြအေပၚမွာ ဒီေဆာင္းပါးေခါင္းစဥ္ရဲ႕အေျဖရွိေနပါတယ္။

လူေမးအမ်ားဆံုးက အသက္ငယ္တဲ႕အင္တာဗ်ဴးေျဖသူကို ဗီဆာအေအာင္ေပးပါသလား ဆုိတဲ႕ေမးခြန္းပါပဲ။ ဒါကလည္း သြားမယ္႕သူဟာ အျပီးေျပာင္းေရႊ႕သြားတာလား? (New Immigrants and DV Winners) ၊ အလည္-Visit သြားတာလား? ဆုိတာေပၚမွာ အေျဖထပ္ေပၚျပန္တယ္။ အျပီးသြားသူက သူတုိ႕မွာေခၚတဲ႕သူ-Petitioner ဘက္ကျဖည္႕ေပးထားတဲ႕လိုအပ္ခ်က္ေတြေပၚမွာခုိင္လံုျပီးသားမို႕လို႕ ေဘာင္ဝင္ထားျပီးသူဆိုရင္ အသက္ငယ္တာ ၾကီးတာနဲ႕မဆုိင္ေတာ႕ပဲ ဗီဆာရဖို႕စိတ္ခ်ရပါတယ္။

DV ေအာင္ထားသူမွာလည္း ဒီလိုပါပဲ။ မေလွ်ာက္ခင္ကတည္းကတင္ထားေပးခဲ႕တဲ႕ (အနည္းဆံုး) (၁ဝ) တန္းေအာင္လက္မွတ္၊ မလိမ္ မညာထားတဲ႕ေမြးစာရင္း၊ ေနာက္ဆံုးျဖည္႕ခုိင္းထားတဲ႕ DS-260 အထိ အကုန္ျဖည္႕ျပီးရံုမက ျမန္မာလိုပါတြဲဖက္ေရးျပထားတဲ႕ Additional Form တင္ျပီးထားရင္ ဘာစိတ္ပူစရာရွိပါဦးမလဲ?

အမ်ားအားျဖင္႕ ဗီဆာမေအာင္တဲ႕သူေတြမွာ လိမ္ညာထားတာျဖစ္ေစ၊ ကြဲျပားတဲ႕ကိုယ္ေရးအခ်က္အလက္ျပင္ထားတာေတြျဖစ္ေစ ကြဲလြဲမႈေတြရွိေနျပီး အင္တာဗ်ဴးေမးသူအတြက္ သံသယေတြဖန္တီးခဲ႕သူေတြျဖစ္ေနတတ္တယ္။

အခုေနာက္ပုိင္း အေမရိကားမွာ လုပ္ခလစာတိုးလာတာနဲ႕တစ္ဆက္တည္း လက္ရွိအစုိးရက ျပည္ဝင္ခြင္႕တင္းၾကပ္လာတာရဲ႕အက်ိဳးဆက္တုိ႕အျပင္ အေျခခံအလုပ္ေတြကိုလုပ္ကုိင္သူေလ်ာ႕နည္းလာတာေၾကာင္႕ အျပည္ျပည္ဆုိင္ရာနဲ႕ဆက္ဆံတဲ႕ အေမရိကန္သံရံုးေတြဟာ ဗီဆာထုတ္ေပးမႈေတြမွာ သေဘာထားေပ်ာ႕ေပ်ာင္းလာတာသတိထားမိတယ္။ အခု ရန္ကုန္သံရံုးကေနဆုိရင္ ျမန္မာႏုိင္ငံကလူေတြ အေမရိကားကိုအလြယ္တကူအလည္သြားႏုိင္ဖို႕အထိေၾကာ္ျငာေပးေနတာက သိသာေနပါတယ္။

ေလယာဥ္ခရီးစဥ္တစ္ခုစီးတဲ႕အခါ မိမိတက္လုိက္ကတည္းက ဘယ္မွာဆင္းမယ္ဆုိတာ ခရီးသည္အမ်ားစုသိၾကတယ္။ လမ္းတစ္ဝက္က်မွ ဒီခရီးကိုဆက္မသြားခ်င္ဘူးဆိုုျပီး ခုန္ဆင္းလို႕မွ မရတာ။ နည္းမ်ိဳးစံုနဲ႕အေမရိကားကိုလာခ်င္သူေတြဟာလည္း ဒီသေဘာထားအတုိင္းပဲထားသင္႕တယ္။

လိုခ်င္တဲ႕ရည္မွန္းခ်က္ေရာက္ဖို႕ ဗီဆာေအာင္မွ ရမယ္။ ဒါေၾကာင္႕ ဗီဆာအတြက္ျပင္ဆင္သင္႕တဲ႕အခ်က္ေတြ၊ အဆင္သင္႕လုပ္ထားရမယ္႕ ျမန္မာလို၊ အဂၤလိပ္လိုစာရြက္ေတြကိုဘယ္လုိျပင္ဆင္ရမယ္ဆုိတာ Facebook ရဲ႕ ေနရာေတာ္ေတာ္မ်ားမ်ားမွာဖတ္ရႈႏုိင္တဲ႕အေျခအေနေတြကိုအခ်ိန္ေပးအသံုးခ်သင္႕တယ္။

"ကြ်န္ေတာ္အေမရိကားလာျပီးအလုပ္လုပ္ခ်င္လို႕ပါ ဘယ္ေလာက္ကုန္မလဲ?" တို႕ ၊ "အေမရိကားဗီဆာဘယ္လိုေလွ်ာက္ရတာလဲ?" တုိ႕ ဆုိတဲ႕ အေျဖရွာဖို႕လြယ္ကူတဲ႕ ေယဘုယ်က်လြန္းျပီး ဘယ္ခရီးမွမေပါက္တဲ႕ေမးခြန္းေတြနဲ႕ ဇေဝဇဝါျဖစ္မေနၾကပါေတာ႕နဲ႕။

ျပင္ဆင္စရာရွိတာျပင္ဆင္၊ ရင္ဆုိင္စရာရွိတာရင္ဆိုင္၊ ျဖည္႕ထားရမယ္႕အဂၤလိပ္စာဝမ္းစာျဖည္႕ထားရင္း အရင္းအျမစ္ရွိတဲ႕အစုိးရဝဘ္ဆိုဒ္ထဲကစာေတြဝင္ဖတ္ပါ။ သိနားလည္သူေတြကို အခ်က္နဲ႕ အလက္နဲ႕ေမးပါ။

သိထားသူ၊ ေရာက္ဖူးသူ၊ ေရာက္ေနသူေတြကလည္း မိမိလိုမ်ိဳးသူတစ္ပါးကိုဒုကၡမေရာက္ေစခ်င္တဲ႕ေစတနာေလးနဲ႕ေျပာျပၾကပါ။ ဒါဆုိရင္ ဘဝရည္မွန္းခ်က္ကို ေရွ႕တစ္ဆင္႕တုိးျပီးခ်လို႕ရမယ္။ ေနာက္တစ္ဆင္႕တက္လွမ္းျပီး အေမရိကားအိပ္မက္ကို အေကာင္အထည္ေဖာ္ႏိုင္ပါလိ္မ္႕မယ္။

ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
09-14-2019


Unicode Version:

"ဗီဆာဘာကြောင့်ကျတာလဲ?"

              ဗီဆာကျရတဲ့အကြောင်းရင်းအများကြီးရှိပါတယ်။ ဒီထဲက အားလုံးထဲမှာတူညီတဲ့အချက်တစ်ခုက သံရုံးကလက်ခံနိုင်မယ့်စာရွက်စာတမ်းနဲ့သက်သေတစ်ခုခုကိုယုံကြည်အောင်မပြနိုင်တာကြောင့်လို့ အကြမ်းဖျဉ်းပြောနိုင်ပါတယ်။

              မြန်မာနိုင်ငံကနေထွက်ပြီးဘယ်နိုင်ငံကိုသွားသွား သက်ဆိုင်ရာနိုင်ငံကအာဏာကုန်လွှဲအပ်ထားတဲ့သံရုံးတွေ မြန်မာနိုင်ငံအတွင်းများ နိုင်ငံစုံအတွက်ရှိနေပါတယ်။ သူ့ဒေသ နဲ့ သူ့နိုင်ငံ၊ သူ့သင်းဖွဲ့စည်းမျဉ်း နဲ့ သူ့တောင်းဆိုချက်-Requirement တို့ဟာ ဘယ်သူဝင်ဝင် ဘယ်သူလျှောက်လျှောက် တင်ပေးရမယ့်အချက်အလက်တွေကိုစျေးဆစ်လို့မရနိုင်ပါဘူး။

          ကျွန်တော်ဟာ အမေရိကားဗီဆာလျှောက်ရတဲ့အတွေ့အကြုံနည်းပေမယ့် Group တစ်ခုထက်မကကနေလေ့လာရင်း လာလာပြောပြကြ၊ မေးမြန်းတတ်ကြလို့ မသိရင်ပြန်ရှာဖတ်၊ သံရုံးစာမျက်နှာထဲဝင်ရှာဖတ်ရင်း တစ်ချို့သတိထားရမယ့်ကိစ္စရပ်လေးတွေကို Tips တွေအနေနဲ့ထုတ်ပြချင်လို့ ဒီဆောင်းပါးလေးကိုရေးမိပါတယ်။

              "သူတို့နိုင်ငံကိုဘာအကြောင်းကြောင်းကြောင့်ပဲသွားသွား သက်ဆိုင်ရာတာဝန်ကျသံမှူးတွေက အင်တာဗျူးဖြေသူတွေဆီက ရိုးသားမှုကိုအရင်ရှာပါတယ်"

              သူတို့ဆီမှာရှိတဲ့ Visa Application Procedure အတိုင်း ဘောင်ဝင်ရဲ့လား? လူမတူတဲ့လှည့်ဖျားပြီးဝင်ချင်တဲ့ပြည်ဝင်ခွင့်ဖြစ်နေမလား? စာရွက်စာတမ်းအတုလုပ်ပြင်ဆင်ထားတာပါသလား? သတ်မှတ်ထားတဲ့ကျန်းမာရေးဆေးစစ်ချက်တွေအကုန်လိုက်လုပ်ထားတဲ့ဆရာဝန်မှတ်ချက်တွေပါသလား? ဟိုဘက်နိုင်ငံရောက်ဖို့ (နောက်ပိုင်းခေါ်စာမလိုဘူးဆိုပေမယ့်) ဘယ်မှာသွားနေလို့ ကုန်ကျစားရိတ်ကဘယ်ကရမှာလဲဆိုတာဖြေနိုင်ရဲ့လား? ဆိုတဲ့မေးခွန်းတွေအပေါ်မှာ ဒီဆောင်းပါးခေါင်းစဉ်ရဲ့အဖြေရှိနေပါတယ်။

              လူမေးအများဆုံးက အသက်ငယ်တဲ့အင်တာဗျူးဖြေသူကို ဗီဆာအအောင်ပေးပါသလား ဆိုတဲ့မေးခွန်းပါပဲ။ ဒါကလည်း သွားမယ့်သူဟာ အပြီးပြောင်းရွှေ့သွားတာလား? (New Immigrants and DV Winners) ၊ အလည်-Visit သွားတာလား? ဆိုတာပေါ်မှာ အဖြေထပ်ပေါ်ပြန်တယ်။ အပြီးသွားသူက သူတို့မှာခေါ်တဲ့သူ-Petitioner ဘက်ကဖြည့်ပေးထားတဲ့လိုအပ်ချက်တွေပေါ်မှာခိုင်လုံပြီးသားမို့လို့ ဘောင်ဝင်ထားပြီးသူဆိုရင် အသက်ငယ်တာ ကြီးတာနဲ့မဆိုင်တော့ပဲ ဗီဆာရဖို့စိတ်ချရပါတယ်။

              DV အောင်ထားသူမှာလည်း ဒီလိုပါပဲ။ မလျှောက်ခင်ကတည်းကတင်ထားပေးခဲ့တဲ့ (အနည်းဆုံး) (၁ဝ) တန်းအောင်လက်မှတ်၊ မလိမ် မညာထားတဲ့မွေးစာရင်း၊ နောက်ဆုံးဖြည့်ခိုင်းထားတဲ့ DS-260 အထိ အကုန်ဖြည့်ပြီးရုံမက မြန်မာလိုပါတွဲဖက်ရေးပြထားတဲ့ Additional Form တင်ပြီးထားရင် ဘာစိတ်ပူစရာရှိပါဦးမလဲ?    

              အများအားဖြင့် ဗီဆာမအောင်တဲ့သူတွေမှာ လိမ်ညာထားတာဖြစ်စေ၊ ကွဲပြားတဲ့ကိုယ်ရေးအချက်အလက်ပြင်ထားတာတွေဖြစ်စေ ကွဲလွဲမှုတွေရှိနေပြီး အင်တာဗျူးမေးသူအတွက် သံသယတွေဖန်တီးခဲ့သူတွေဖြစ်နေတတ်တယ်။    

              အခုနောက်ပိုင်း အမေရိကားမှာ လုပ်ခလစာတိုးလာတာနဲ့တစ်ဆက်တည်း လက်ရှိအစိုးရက ပြည်ဝင်ခွင့်တင်းကြပ်လာတာရဲ့အကျိုးဆက်တို့အပြင် အခြေခံအလုပ်တွေကိုလုပ်ကိုင်သူလျော့နည်းလာတာကြောင့် အပြည်ပြည်ဆိုင်ရာနဲ့ဆက်ဆံတဲ့ အမေရိကန်သံရုံးတွေဟာ ဗီဆာထုတ်ပေးမှုတွေမှာ သဘောထားပျော့ပျောင်းလာတာသတိထားမိတယ်။ အခု ရန်ကုန်သံရုံးကနေဆိုရင် မြန်မာနိုင်ငံကလူတွေ အမေရိကားကိုအလွယ်တကူအလည်သွားနိုင်ဖို့အထိကြော်ငြာပေးနေတာက သိသာနေပါတယ်။

              လေယာဉ်ခရီးစဉ်တစ်ခုစီးတဲ့အခါ မိမိတက်လိုက်ကတည်းက ဘယ်မှာဆင်းမယ်ဆိုတာ ခရီးသည်အများစုသိကြတယ်။ လမ်းတစ်ဝက်ကျမှ ဒီခရီးကိုဆက်မသွားချင်ဘူးဆိုုပြီး ခုန်ဆင်းလို့မှ မရတာ။ နည်းမျိုးစုံနဲ့အမေရိကားကိုလာချင်သူတွေဟာလည်း ဒီသဘောထားအတိုင်းပဲထားသင့်တယ်။

             လိုချင်တဲ့ရည်မှန်းချက်ရောက်ဖို့ ဗီဆာအောင်မှ ရမယ်။ ဒါကြောင့် ဗီဆာအတွက်ပြင်ဆင်သင့်တဲ့အချက်တွေ၊ အဆင်သင့်လုပ်ထားရမယ့် မြန်မာလို၊ အင်္ဂလိပ်လိုစာရွက်တွေကိုဘယ်လိုပြင်ဆင်ရမယ်ဆိုတာ Facebook ရဲ့ နေရာတော်တော်များများမှာဖတ်ရှုနိုင်တဲ့အခြေအနေတွေကိုအချိန်ပေးအသုံးချသင့်တယ်။

               "ကျွန်တော်အမေရိကားလာပြီးအလုပ်လုပ်ချင်လို့ပါ ဘယ်လောက်ကုန်မလဲ?" တို့ ၊ "အမေရိကားဗီဆာဘယ်လိုလျှောက်ရတာလဲ?" တို့ ဆိုတဲ့ အဖြေရှာဖို့လွယ်ကူတဲ့ ယေဘုယျကျလွန်းပြီး ဘယ်ခရီးမှမပေါက်တဲ့မေးခွန်းတွေနဲ့ ဇဝေဇဝါဖြစ်မနေကြပါတော့နဲ့။

              ပြင်ဆင်စရာရှိတာပြင်ဆင်၊ ရင်ဆိုင်စရာရှိတာရင်ဆိုင်၊ ဖြည့်ထားရမယ့်အင်္ဂလိပ်စာဝမ်းစာဖြည့်ထားရင်း အရင်းအမြစ်ရှိတဲ့အစိုးရဝဘ်ဆိုဒ်ထဲကစာတွေဝင်ဖတ်ပါ။ သိနားလည်သူတွေကို အချက်နဲ့ အလက်နဲ့မေးပါ။

              သိထားသူ၊ ရောက်ဖူးသူ၊ ရောက်နေသူတွေကလည်း မိမိလိုမျိုးသူတစ်ပါးကိုဒုက္ခမရောက်စေချင်တဲ့စေတနာလေးနဲ့ပြောပြကြပါ။ ဒါဆိုရင် ဘဝရည်မှန်းချက်ကို ရှေ့တစ်ဆင့်တိုးပြီးချလို့ရမယ်။ နောက်တစ်ဆင့်တက်လှမ်းပြီး အမေရိကားအိပ်မက်ကို အကောင်အထည်ဖော်နိုင်ပါလိ်မ့်မယ်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
09-14-2019

No comments: