ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, September 3, 2016

လူသိနည္းတဲ႕ ဘီလ္ဂိတ္စ္ အေၾကာင္း

“ လူသိနည္းတဲ႕ ဘီလ္ဂိတ္စ္ အေၾကာင္း ။ အပိုင္း ( ၁ ) ”
.
“ သားေရ .. ထမင္းစားမယ္ ” ဘာအသံမွျပန္ေျဖသံမၾကားေတာ႕ အေမက စိတ္မရွည္ေတာ႕ပဲ ေျမေအာက္ထပ္အခန္းကိုဆက္ထားတဲ႕ အင္တာကြန္း နဲ႕ ဆက္ေမးလိုက္တယ္ ..
“ သား .. ဘာလုပ္ေနတာလဲ? ”
.
“ ကြ်န္ေတာ္ စဥ္းစားေနတာ .. ”
.
“ ဘယ္လို .. စဥ္းစားေနတယ္ .. ဟုတ္လား? ”
.
“ ဟုတ္တယ္ အေမ။ ကြ်န္ေတာ္ စဥ္းစားေနတာ ”
.
“ သား ဒီအရြယ္နဲ႕ စဥ္းစားတတ္တယ္ေပါ႕ ..” အေမက ျပန္ေျပာပါတယ္။
.
.
အထက္ပါအအတိုင္း ထမင္းစားဖို႕ေမ႕ေနသူကေတာ႕ ( ၆ ) တန္းအရြယ္ ငယ္ဘဝက သူေ႒းေလာင္းေလး ဘီလ္ဂိတ္စ္ ပဲ ျဖစ္ပါတယ္။ အမ်ားစုေရးၾကတာက ဘီလ္ဂိတ္စ္ ဘယ္ေလာက္ခ်မ္းသာေၾကာင္း၊ ကမၻာမွာ အခ်မ္းသာဆံုးစာရင္း ဘယ္ႏွစ္ၾကိမ္ဝင္ေၾကာင္း၊ အလုပ္ဘယ္လိုၾကိဳးစားေၾကာင္း၊ ေက်ာင္းမျပီးပဲ နာမယ္ၾကီး ဟားဗတ္တကၠသိုလ္ကထြက္ခဲ႕ေၾကာင္း စတာမ်ိဳး ေရးျပဖို႕ဟာ ကြ်န္ေတာ႕ရဲ႕မူလစိတ္ကူးမဟုတ္ပါဘူး။
.
ဒီစာစုထဲမွာေတာ႕ စာေရးသူအမ်ားစုေက်ာ္သြားၾကတဲ႕ ဘီလ်ံနာဘီလ္ဂိတ္စ္ ရဲ႕ ေကာင္းက်ိဳးဆိုးကြက္ေတြၾကားက အတုယူစရာ ေရွာင္က်ဥ္စရာမ်ားကုိ သိခ်င္လြန္းလို႕ စာအုပ္ရွာ ကုိယ္တိုင္ေမႊဖတ္ထားတာထဲက မွ်ေဝေပးခ်င္တာေတြကုိ အာရံုစုိက္ေျပာျပခ်င္ပါတယ္။
.
.
ဘီလ္ဂိတ္စ္ မွာ အစ္မတစ္ေယာက္ရွိပါတယ္။ သူ႕ကိုေမြးတဲ႕အခါ Bill အမ်ိဳးအႏြယ္ထဲမွာ ခြဲဲျခားရလြယ္ေအာင္ နဲ႕ ထင္ေပၚေက်ာ္ၾကားေအာင္ Trey လို႕ ခ်စ္စႏုိးေခၚၾကတယ္။ အဲဒါကလည္း ဘဏ္လုပ္ငန္းလုပ္ျပီး အေပ်ာ္တမ္းဖဲကစားတာကိုခံုမင္တဲ႕ အဖြားျဖစ္သူရဲ႕ ဂဏန္းနံပါတ္ ( ၃ ) – Three ကုိ အဖ်ားဆြတ္ျပီးေခၚတာျဖစ္ပါတယ္။ အခုထိ သူ႕မိသားစုဝင္ေတြက ဘီလ္ဂိတ္စ္ ကို “ ထေရး ” လို႕ အိမ္နံမည္ေခၚၾကတုန္းပါ..။

.
ဘီလ္ဂိတ္စ္ဟာ သခ်ာၤဘာသာရပ္မွာ အရမ္းေတာ္ပါတယ္။ ဒါကိုေတာ႕ အားလံုးသိျပီးသားျဖစ္ၾကမွာပါ။ အထက္တန္းေက်ာင္းမွာ တြဲယူရတဲ႕ ဘာသာရပ္ေတြထဲမွာ သူစိတ္မပါတာ ရွိပါတယ္။ ဒါေပမယ္႕ မတင္မျဖစ္တင္ရမယ္႕ ဆရာမေပးတဲ႕ လူ႕ခႏၶာေဗဒ - Human Body ဆုိတဲ႕အိမ္စာကို တစ္ျခားေက်ာင္းသားေတြ တစ္မ်က္ႏွာေလာက္ကို မနည္းၾကီးေရးရတဲ႕အခ်ိန္မွာ ဘီလ္ဂိတ္စ္ ဟာ ( ၁၄ ) မ်က္ႏွာ ေရးျပခဲ႕တယ္။
.
.
ဘီလ္ဂိတ္စ္ ရဲ႕ အိပ္ခန္းဟာ အျမဲရႈတ္ပြလို႕ေနပါသတဲ႕..။ အဲဒီအက်င္႕ဟာ ကုမၸဏီရယ္လို႕ျဖစ္လာျပီး လူေတာတုိးရမယ္႕အရြယ္အထိ တြဲလ်က္ပါလာပါတယ္။ ဒါေၾကာင္႕ အလုပ္ရွင္အေနနဲ႕ အတြင္းေရးမွဴး ( အမ်ိဳးသမီး ) စုစုေပါင္း ( ၂ ) ၾကိမ္တိတိ ငွားခဲ႕တယ္ ( အလုပ္ခန္႕ခဲ႕တဲ႕ခုႏွစ္ေတြက မတူပါဘူး )။
.
သူ႕ရဲ႕အလုပ္က သူေ႒း အစားမွန္မွန္စားဖို႕၊ ည အိပ္ေရးဝဖို႕၊ ေန႕တုိင္းရံုးတက္အက်ီၤလဲဖို႕၊ စီးပြားေရးအစည္းအေဝးေတြသြားတဲ႕ခါ ေလဆိပ္ကိုအခ်ိန္မီေရာက္ဖို႕၊ တစ္ခုခုဆို အခ်ိန္အပိုနည္းနည္းစီရဖို႕ နဲ႕ အေရးအၾကီးဆံုးက ဖိုသီဖတ္သီအျမဲထားတတ္တဲ႕ သူ႕ဆံပင္ေတြကုိ “ ဖီးဖုိ႕ ” လုိ႕ ဖတ္ရပါတယ္။
.
.
ဘီလ္ဂိတ္စ္ ရဲ႕ ပထမဦးဆံုးကုမၸဏီဟာ အခု ရံုးခ်ဳပ္ရွိရာ အေမရိကန္ႏုိင္ငံ ဝါရွင္တန္ျပည္နယ္က ဆီယက္တဲလ္ ျမိဳ႕က စတာမဟုတ္ပါဘူး။ နယူးမကၠဆီကုိမွာ စတည္ခဲ႕ျပီး ၾကီးထြားလာတာနဲ႕ အလုပ္အကိုင္ရွာေဖြရလြယ္ေအာင္ဆုိျပီး ေမြးရပ္ဇာတိေျမျဖစ္တဲ႕ အခုလက္ရွိေနရာကို ျပန္ေျပာင္းခဲ႕တာပါ။
.
ဘီလ္ဂိတ္စ္ မွာ ဘဝမွာ အေပ်ာ္ရွာတယ္ဆိုတာ မရွိသေလာက္ပါပဲ။ အဲဒီထဲကမွ ကားအျမန္ေမာင္းတာကို ဝါသနာထံုပါတယ္။ ဒါေၾကာင္႕မို႕ ေဂြကိုင္မိျပီဆိုရင္ လမ္းေဘးဆိုင္းဘုဒ္မုိင္တုိင္ေတြကိုမျမင္ေတာ႕ပဲ ေမာင္းခ်င္သေလာက္ ျမန္ျမန္ေမာင္းပါတယ္။ ရလိုက္တဲ႕ ဒဏ္ေငြေဆာင္ရန္လက္မွတ္ - Ticket ေတြကလည္း ေတာင္းတစ္လံုးနဲ႕အျပည္႕ပါတဲ႕..။
.
ဒါေၾကာင္႕ သူ႕ရဲ႕ Porsche 911 ျပိဳင္ကားေလးကိုျမင္တာနဲ႕ အျမန္လမ္းရဲက အမႈရမယ္ဆုိတာကုိ သိေနပါတယ္။ အဲဒီေန႕အတြက္ေတာ႕ ရဲစခန္းကိုအျပန္ ကံေကာင္းျပီလုိ႕ ဆုိပါတယ္။ ဒီျပည္နယ္က ဘီလ္ဂိတ္စ္ ရဲ႕ လိုင္စင္ကို ဆိုင္းငံ႕လိုက္တဲ႕အေၾကာင္းရင္းေၾကာင္႕လည္း အဲဒီျပည္နယ္ကထြက္သြားဖုိ႕တြန္းအားတစ္ခု ျဖစ္ခဲ႕ပါတယ္။
.
.
တည္ေထာင္ခါစ မုိက္ခရိုေဆာ႕ဖ္ကုမၸဏီမွာ ဧည္႕ၾကိဳ - Receptionist ဆိုတာ မရွိပါဘူး။ ကုမၸဏီကုိဆက္တဲ႕ဖုန္းကိုလည္း ကိုင္မယ္႕သူ တစ္ေယာက္မွမရွိဘူး။ ကုိယ္႕ဟာနဲ႕ ကိုယ္႕ေဆာ႕ဝဲလ္နဲ႕ အလုပ္ရႈတ္ေနသူခ်ည္းပါပဲ။ ကုမၸဏီကုိဆက္သြယ္သူကို ဧည္႕ခံမယ္႕ သူေ႒းဆုိတာလည္း မရွိသလို အသံက်ယ္က်ယ္ေအာ္ႏုိင္သူကသာ အစည္းအေဝးက်င္းပသူအေနနဲ႕ ေဆာင္ရြက္ၾကပါတယ္။
.
IBM ကုမၸဏီကိုအပ္ဖို႕ ေဆာ႕ဝဲလ္တစ္ခု အေရးတၾကီးလိုတဲ႕အခါ ငွားယူအသံုးျပဳေနရတဲ႕ 86-DOS ဆိုတဲ႕ တစ္ျခားကုမၸဏီတစ္ခုရဲ႕ေဆာ႕ဝဲလ္ ကို ဝယ္ဖို႕ ဘီလ္ဂိတ္စ္ က ေဒၚလာ ( ၃ဝဝဝဝ ) နဲ႕ ေစ်းေပးပါတယ္။ ေရာင္းသူဘက္က ( ၁၅ဝဝဝဝ ) ေတာင္းေတာ႕ အဲဒီေငြကုိသာေပးရရင္ စီးပြားျပဳတ္သြားမယ္လို႕ေျပာခဲ႕သူက ဘီလ္ဂိတ္စ္ ပါ။
.
ေနာက္ဆံုးမေတာ႕ ညိွရင္း ႏိႈင္းရင္းနဲ႕ ေဒၚလာ ( ၇၅ဝဝဝ ) နဲ႕ အျပီးအျပတ္ဝယ္လိုက္ႏုိင္တယ္။ ဒီပမာဏဟာ အဲဒီေခတ္ အဲဒီအခါတုန္းက ေစ်းအၾကီးဆံုးအေရာင္းအဝယ္ - The Deal of the Century ျဖစ္ခဲ႕ပါတယ္။
.
အမ်ားထင္ထားသလို ဘီလ်ံနာျဖစ္သြားေစတဲ႕ေဆာ႕ဝဲလ္ ကို ဘီလ္ဂိတ္စ္ ကိုယ္တုိင္မေရးခဲ႕ေပမယ္႕ သူ႕ဘဝကို နည္းပညာဓနရွင္ဘဝကို အေရာက္ပို႕ေပးခဲ႕တာေတာ႕ အမွန္ပါ။ ဒါေပမယ္႕ ဒီရင္းႏွီးျမဳပ္ႏွံမႈကို ေအာင္ျမင္ႏုိင္ေျခတစ္ဝက္၊ က်ရွံဴးႏုိင္ေျခတစ္ဝက္ ( 50/50 ) ပဲရွိတယ္ဆုိတာကုိ ဘီလ္ဂိတ္စ္ အမွန္တကယ္စိုးရိမ္ခဲ႕တယ္။
.
.
“ ေဒါက္ … ေဒါက္ - Knock … Knock ..! ”
.
“ အဲဒီမွာ ဘယ္သူလဲ? – Who is there? ”
.
( ၁၅ ) စကၠန္႕ၾကာတဲ႕အခါ ( မွ ) – ( 15-second Pause ) ..
.
“ ကြ်န္မ လီဆာ ပါ - This is Lisa ”
.

ဘီလ္ဂိတ္စ္ ရဲ႕ သူငယ္ခ်င္းလည္းျဖစ္၊ ျပိဳင္ဘက္လည္းျဖစ္တဲ႕ Apple မူလတည္ေထာင္သူ စတိဗ္ေဂ်ာ႕ ရဲ႕ လီဆာ - Lisa ကြန္ပ်ဴတာဟာ ေဒၚလာ ( ၁ဝဝဝဝ ) တန္ ေနလို႕ ေတာ္ရံုလူဝယ္မသံုးႏုိင္ပါဘူး။ ဒါေၾကာင္႕ ေစ်းလည္းၾကီး အထလည္းေႏွးတဲ႕ လီဆာကို နည္းပညာသမားေတြက အထက္ပါအတုိင္း ေနာက္ေျပာင္ၾကပါတယ္။ လီဆာက်ဆံုးသြားတဲ႕ေနာက္ IBM ကုိအပ္ဖို႕ေဆာ႕ဝဲလ္အတြက္ ဘီလ္ဂိတ္စ္ အခ်ိန္ပိုရခဲ႕ပါတယ္။
.
.
အပိုင္း ( ၂ ) ဆက္ပါမယ္
.
ခင္လ်က္
.
ကုိညီညီ ( ေတာင္ၾကီး )
.
Ref: People in the News: Bill Gates by Adam Woog
.
.
.
Unoicode Version:
.
.
“ လူသိနည်းတဲ့ ဘီလ်ဂိတ်စ် အကြောင်း ။ အပိုင်း ( ၁ ) ”
.
သားရေ .. ထမင်းစားမယ် ” ဘာအသံမှပြန်ဖြေသံမကြားတော့ အမေက စိတ်မရှည်တော့ပဲ မြေအောက်ထပ်အခန်းကိုဆက်ထားတဲ့ အင်တာကွန်း နဲ့ ဆက်မေးလိုက်တယ် ..
သား .. ဘာလုပ်နေတာလဲ? ”
.
ကျွန်တော် စဉ်းစားနေတာ .. ”
.
ဘယ်လို .. စဉ်းစားနေတယ် .. ဟုတ်လား? ”
.
ဟုတ်တယ် အမေ။ ကျွန်တော် စဉ်းစားနေတာ ”
.
သား ဒီအရွယ်နဲ့ စဉ်းစားတတ်တယ်ပေါ့ ..” အမေက ပြန်ပြောပါတယ်။
.
.
အထက်ပါအအတိုင်း ထမင်းစားဖို့မေ့နေသူကတော့ ( ၆ ) တန်းအရွယ် ငယ်ဘဝက သူဋ္ဌေးလောင်းလေး ဘီလ်ဂိတ်စ် ပဲ ဖြစ်ပါတယ်။ အများစုရေးကြတာက ဘီလ်ဂိတ်စ် ဘယ်လောက်ချမ်းသာကြောင်း၊ ကမ္ဘာမှာ အချမ်းသာဆုံးစာရင်း ဘယ်နှစ်ကြိမ်ဝင်ကြောင်း၊ အလုပ်ဘယ်လိုကြိုးစားကြောင်း၊ ကျောင်းမပြီးပဲ နာမယ်ကြီး ဟားဗတ်တက္ကသိုလ်ကထွက်ခဲ့ကြောင်း စတာမျိုး ရေးပြဖို့ဟာ ကျွန်တော့ရဲ့မူလစိတ်ကူးမဟုတ်ပါဘူး။
.
ဒီစာစုထဲမှာတော့ စာရေးသူအများစုကျော်သွားကြတဲ့ ဘီလျံနာဘီလ်ဂိတ်စ် ရဲ့ ကောင်းကျိုးဆိုးကွက်တွေကြားက အတုယူစရာ ရှောင်ကျဉ်စရာများကို သိချင်လွန်းလို့ စာအုပ်ရှာ ကိုယ်တိုင်မွှေဖတ်ထားတာထဲက မျှဝေပေးချင်တာတွေကို အာရုံစိုက်ပြောပြချင်ပါတယ်။
.
.
ဘီလ်ဂိတ်စ် မှာ အစ်မတစ်ယောက်ရှိပါတယ်။ သူ့ကိုမွေးတဲ့အခါ Bill အမျိုးအနွယ်ထဲမှာ ခွဲဲခြားရလွယ်အောင် နဲ့ ထင်ပေါ်ကျော်ကြားအောင် Trey လို့ ချစ်စနိုးခေါ်ကြတယ်။ အဲဒါကလည်း ဘဏ်လုပ်ငန်းလုပ်ပြီး အပျော်တမ်းဖဲကစားတာကိုခုံမင်တဲ့ အဖွားဖြစ်သူရဲ့ ဂဏန်းနံပါတ် ( ၃ ) – Three ကို အဖျားဆွတ်ပြီးခေါ်တာဖြစ်ပါတယ်။ အခုထိ သူ့မိသားစုဝင်တွေက ဘီလ်ဂိတ်စ် ကို “ ထရေး ” လို့ အိမ်နံမည်ခေါ်ကြတုန်းပါ..။
.
ဘီလ်ဂိတ်စ်ဟာ သချာၤဘာသာရပ်မှာ အရမ်းတော်ပါတယ်။ ဒါကိုတော့ အားလုံးသိပြီးသားဖြစ်ကြမှာပါ။ အထက်တန်းကျောင်းမှာ တွဲယူရတဲ့ ဘာသာရပ်တွေထဲမှာ သူစိတ်မပါတာ ရှိပါတယ်။ ဒါပေမယ့် မတင်မဖြစ်တင်ရမယ့် ဆရာမပေးတဲ့ လူ့ခန္ဓာဗေဒ - Human Body ဆိုတဲ့အိမ်စာကို တစ်ခြားကျောင်းသားတွေ တစ်မျက်နှာလောက်ကို မနည်းကြီးရေးရတဲ့အချိန်မှာ ဘီလ်ဂိတ်စ် ဟာ ( ၁၄ ) မျက်နှာ ရေးပြခဲ့တယ်။
.
.
ဘီလ်ဂိတ်စ် ရဲ့ အိပ်ခန်းဟာ အမြဲရှုတ်ပွလို့နေပါသတဲ့..။ အဲဒီအကျင့်ဟာ ကုမ္ပဏီရယ်လို့ဖြစ်လာပြီး လူတောတိုးရမယ့်အရွယ်အထိ တွဲလျက်ပါလာပါတယ်။ ဒါကြောင့် အလုပ်ရှင်အနေနဲ့ အတွင်းရေးမှူး ( အမျိုးသမီး ) စုစုပေါင်း ( ၂ ) ကြိမ်တိတိ ငှားခဲ့တယ် ( အလုပ်ခန့်ခဲ့တဲ့ခုနှစ်တွေက မတူပါဘူး )။
.
သူ့ရဲ့အလုပ်က သူဋ္ဌေး အစားမှန်မှန်စားဖို့၊ ည အိပ်ရေးဝဖို့၊ နေ့တိုင်းရုံးတက်အကျီၤလဲဖို့၊ စီးပွားရေးအစည်းအဝေးတွေသွားတဲ့ခါ လေဆိပ်ကိုအချိန်မီရောက်ဖို့၊ တစ်ခုခုဆို အချိန်အပိုနည်းနည်းစီရဖို့ နဲ့ အရေးအကြီးဆုံးက ဖိုသီဖတ်သီအမြဲထားတတ်တဲ့ သူ့ဆံပင်တွေကို “ ဖီးဖို့ ” လို့ ဖတ်ရပါတယ်။
.
.
ဘီလ်ဂိတ်စ် ရဲ့ ပထမဦးဆုံးကုမ္ပဏီဟာ အခု ရုံးချုပ်ရှိရာ အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်က ဆီယက်တဲလ် မြို့က စတာမဟုတ်ပါဘူး။ နယူးမက္ကဆီကိုမှာ စတည်ခဲ့ပြီး ကြီးထွားလာတာနဲ့ အလုပ်အကိုင်ရှာဖွေရလွယ်အောင်ဆိုပြီး မွေးရပ်ဇာတိမြေဖြစ်တဲ့ အခုလက်ရှိနေရာကို ပြန်ပြောင်းခဲ့တာပါ။
.
ဘီလ်ဂိတ်စ် မှာ ဘဝမှာ အပျော်ရှာတယ်ဆိုတာ မရှိသလောက်ပါပဲ။ အဲဒီထဲကမှ ကားအမြန်မောင်းတာကို ဝါသနာထုံပါတယ်။ ဒါကြောင့်မို့ ဂွေကိုင်မိပြီဆိုရင် လမ်းဘေးဆိုင်းဘုဒ်မိုင်တိုင်တွေကိုမမြင်တော့ပဲ မောင်းချင်သလောက် မြန်မြန်မောင်းပါတယ်။ ရလိုက်တဲ့ ဒဏ်ငွေဆောင်ရန်လက်မှတ် - Ticket တွေကလည်း တောင်းတစ်လုံးနဲ့အပြည့်ပါတဲ့..။
.
ဒါကြောင့် သူ့ရဲ့ Porsche 911 ပြိုင်ကားလေးကိုမြင်တာနဲ့ အမြန်လမ်းရဲက အမှုရမယ်ဆိုတာကို သိနေပါတယ်။ အဲဒီနေ့အတွက်တော့ ရဲစခန်းကိုအပြန် ကံကောင်းပြီလို့ ဆိုပါတယ်။ ဒီပြည်နယ်က ဘီလ်ဂိတ်စ် ရဲ့ လိုင်စင်ကို ဆိုင်းငံ့လိုက်တဲ့အကြောင်းရင်းကြောင့်လည်း အဲဒီပြည်နယ်ကထွက်သွားဖို့တွန်းအားတစ်ခု ဖြစ်ခဲ့ပါတယ်။
.
.
တည်ထောင်ခါစ မိုက်ခရိုဆော့ဖ်ကုမ္ပဏီမှာ ဧည့်ကြို - Receptionist ဆိုတာ မရှိပါဘူး။ ကုမ္ပဏီကိုဆက်တဲ့ဖုန်းကိုလည်း ကိုင်မယ့်သူ တစ်ယောက်မှမရှိဘူး။ ကိုယ့်ဟာနဲ့ ကိုယ့်ဆော့ဝဲလ်နဲ့ အလုပ်ရှုတ်နေသူချည်းပါပဲ။ ကုမ္ပဏီကိုဆက်သွယ်သူကို ဧည့်ခံမယ့် သူဋ္ဌေးဆိုတာလည်း မရှိသလို အသံကျယ်ကျယ်အော်နိုင်သူကသာ အစည်းအဝေးကျင်းပသူအနေနဲ့ ဆောင်ရွက်ကြပါတယ်။
.
IBM ကုမ္ပဏီကိုအပ်ဖို့ ဆော့ဝဲလ်တစ်ခု အရေးတကြီးလိုတဲ့အခါ ငှားယူအသုံးပြုနေရတဲ့ 86-DOS ဆိုတဲ့ တစ်ခြားကုမ္ပဏီတစ်ခုရဲ့ဆော့ဝဲလ် ကို ဝယ်ဖို့ ဘီလ်ဂိတ်စ် က ဒေါ်လာ ( ၃ဝဝဝဝ ) နဲ့ ဈေးပေးပါတယ်။ ရောင်းသူဘက်က ( ၁၅ဝဝဝဝ ) တောင်းတော့ အဲဒီငွေကိုသာပေးရရင် စီးပွားပြုတ်သွားမယ်လို့ပြောခဲ့သူက ဘီလ်ဂိတ်စ် ပါ။
.
နောက်ဆုံးမတော့ ညှိရင်း နှိုင်းရင်းနဲ့ ဒေါ်လာ ( ၇၅ဝဝဝ ) နဲ့ အပြီးအပြတ်ဝယ်လိုက်နိုင်တယ်။ ဒီပမာဏဟာ အဲဒီခေတ် အဲဒီအခါတုန်းက ဈေးအကြီးဆုံးအရောင်းအဝယ် - The Deal of the Century ဖြစ်ခဲ့ပါတယ်။
.
အများထင်ထားသလို ဘီလျံနာဖြစ်သွားစေတဲ့ဆော့ဝဲလ် ကို ဘီလ်ဂိတ်စ် ကိုယ်တိုင်မရေးခဲ့ပေမယ့် သူ့ဘဝကို နည်းပညာဓနရှင်ဘဝကို အရောက်ပို့ပေးခဲ့တာတော့ အမှန်ပါ။ ဒါပေမယ့် ဒီရင်းနှီးမြုပ်နှံမှုကို အောင်မြင်နိုင်ခြေတစ်ဝက်၊ ကျရှူံးနိုင်ခြေတစ်ဝက် ( 50/50 ) ပဲရှိတယ်ဆိုတာကို ဘီလ်ဂိတ်စ် အမှန်တကယ်စိုးရိမ်ခဲ့တယ်။
.
.
ဒေါက် … ဒေါက် - Knock … Knock ..! ”
.
အဲဒီမှာ ဘယ်သူလဲ? – Who is there? ”
.
( ၁၅ ) စက္ကန့်ကြာတဲ့အခါ ( မှ ) – ( 15-second Pause ) ..
.
ကျွန်မ လီဆာ ပါ - This is Lisa ”
.

ဘီလ်ဂိတ်စ် ရဲ့ သူငယ်ချင်းလည်းဖြစ်၊ ပြိုင်ဘက်လည်းဖြစ်တဲ့ Apple မူလတည်ထောင်သူ စတိဗ်ဂျော့ ရဲ့ လီဆာ - Lisa ကွန်ပျူတာဟာ ဒေါ်လာ ( ၁ဝဝဝဝ ) တန် နေလို့ တော်ရုံလူဝယ်မသုံးနိုင်ပါဘူး။ ဒါကြောင့် ဈေးလည်းကြီး အထလည်းနှေးတဲ့ လီဆာကို နည်းပညာသမားတွေက အထက်ပါအတိုင်း နောက်ပြောင်ကြပါတယ်။ လီဆာကျဆုံးသွားတဲ့နောက် IBM ကိုအပ်ဖို့ဆော့ဝဲလ်အတွက် ဘီလ်ဂိတ်စ် အချိန်ပိုရခဲ့ပါတယ်။
.
.
အပိုင်း ( ၂ ) ဆက်ပါမယ်
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
.
Ref: People in the News: Bill Gates by Adam Woog
.
.
.

“ လူသိနည္းတဲ႕ ဘီလ္ဂိတ္စ္ အေၾကာင္း ။ အပိုင္း ( ၂ ) ”
.
ဘီလ္ဂိတ္စ္ ဟာ ေဒၚလာသန္းခ်ီခ်မ္းသာလာသည္႕တုိင္ ေလယာဥ္စီးခရီးသြားတဲ႕အခါ ေစ်းမၾကီးတဲ႕ Coach အတန္းကသာ စီးေလ႕ရွိပါတယ္။ အခုေခတ္မွာေတာ႕ Economy ဆိုတဲ႕ မားကက္တင္းစကားလံုးလွလွေလးနဲ႕အတူတူပါပဲ။
.
တစ္ခါမွာေတာ႕ သူနဲ႕လိုက္ပါဖို႕ ( ၁ဝ ) ရက္အတြင္းမွာ ဥေရာပ ( ၈ )  ျမိဳ႕ပတ္ျပီး အစည္းအေဝးက လူၾကီးေတြနဲ႕ေတြ႕ဆံုရမွာမုိ႕ အေရးၾကီးတယ္၊ နားနားေနေန သက္ေတာင္႕သက္သာစီးရေအာင္ဆုိျပီး အဆင္႕ျမင္႕တဲ႕ Business Class ကို သူ႕အတြက္ လက္မွတ္ၾကိဳဝယ္ေပးထားၾကတယ္။ အဲဒါကုိ ႏွေျမာတဲ႕ ဘီလ္ဂိတ္စ္ ဟာ အပိုေပးရတဲ႕ေငြကုန္ရတာမတန္ဘူးဆိုျပီး ေဒၚလာ ( ၂ဝဝ ) ျပန္ေတာင္းပါသတဲ႕..။
.
.
ဘီလ္ဂိတ္စ္ ဟာ ကားေမာင္းတဲ႕အခါ FM ေရဒီယုိ လံုးဝမဖြင္႕ဘူးဆိုတာ စာအုပ္ထဲမွာ ဖတ္ရတယ္။ ဒါ႕အျပင္ ကုမၸဏီေထာင္ျပီး ေအာင္ျမင္မွဝယ္ထားတဲ႕အိမ္မွာလည္း TV မထားပါဘူး။ အေၾကာင္းကေတာ႕ ဒါေတြကိုနားေထာင္ေန၊ ၾကည္႕ေနရင္ စိတ္ရႈတ္ျပီး Distraction ျဖစ္လို႕ပါတဲ႕။ ဒါေၾကာင္႕ ဘီလ္ဂိတ္စ္ ငွားတဲ႕ ေဆာ႕ဝဲလ္အင္ဂ်င္နီယာေတြဟာလည္း သူ႕လိုပဲ အလုပ္ဖိလုပ္ၾကတယ္။
.
ဘယ္ေလာက္ေတာင္လဲဆုိရင္ ဘီလ္ဂိတ္စ္ ဟာ တစ္ပတ္မွာ နာရီ ( ၈ဝ ) လုပ္တဲ႕ သီတင္းပတ္ေတြမေရမတြက္ႏုိင္တာကို မီးေမာင္းထုိးျပခ်င္တာမဟုတ္ပါဘူး .. သူလက္ခံထားတဲ႕ ေဆာ႕ဝဲလ္အပ္ဖို႕ရက္ခ်ိန္းအလြန္ကပ္ေနတဲ႕ကာလမွာ သူတို႕တစ္ေတြ ေတာ္ေတာ္ပင္ပန္းၾကတယ္။ ဒါကို ဘီလ္ဂိတ္စ္ က  အဲဒီ မတ္လ ကို the Death March လို႕ ေျပာယူရတာကိုၾကည္႕ရင္ မွန္းဆၾကည္႕ႏုိင္ပါတယ္။
.
.
ဘီလ္ဂိတ္စ္ မွာ အလုပ္ နဲ႕ ဟမ္ဘာဂါ၊ ကိုကာကိုလာ နဲ႕ အိမ္ ..  ျဖစ္ေနေတာ႕ စားခ်ိန္မမွန္သလို အိပ္ခ်ိန္လည္း နည္းပါးလွတယ္။ ဒါေၾကာင္႕ လူပ်ိဳသဘာဝ သမီးရည္းစားထားဖို႕ဆုိတာ သူ႕ဦးေႏွာက္ထဲကိုဘယ္လိုမွမဝင္လာႏုိင္တဲ႕အေတြးတစ္ခုပါ။ ဒါေပမယ္႕ ဘီလ္ဂိတ္စ္ ဟာ ရည္းစားနဲ႕ခ်ိန္းဖူးပါတယ္။ ေတြ႕ဖူးပါတယ္။ ရုပ္ရွင္အတူတူၾကည္႕တယ္ ဆုိရင္ ယံုႏုိင္ပါ႕မလား?
.
ႏွစ္ေယာက္လံုးအလုပ္မ်ားျပီး တစ္ေယာက္တစ္ေနရာျဖစ္ေနတဲ႕ ရည္းစားႏွစ္ေယာက္ဟာ ေခတ္မီစြာ Virtual Movie Dates နည္းနဲ႕ ခ်ိန္းေတြ႕ပါတယ္။ အဲဒီနည္းအရ ျမိဳ႕ ( ၂ ) ျမိဳ႕မွာ တစ္ျပိဳင္တည္းျပတဲ႕ရုပ္ရွင္တစ္ကားကို တစ္ခ်ိန္တည္းမွာ အတူတူၾကည္႕တာပါပဲ။ ရုပ္ရွင္ျပီးသြားလို႕ ကားေပၚေရာက္ရင္ ခ်စ္သူႏွစ္ဦး ရုပ္ရွင္အေၾကာင္း ဖုန္းထဲမွာ ျပန္ေဆြးေႏြးၾကပါတယ္။
.
.
အခြင္႕အေရးရလို႕ လူခ်င္းေတြ႕ျပီး တစ္ေနရာရာသြားၾကရင္လည္း စားစရာ ေသာက္စရာေတြယူျပီး Bioengineering ၊ Physics နဲ႕ Human Revolution အေၾကာင္းေတြေျပာရင္းနဲ႕သာ အခ်ိန္ကုန္ေတာ႕ အိမ္ျပန္ၾကပါတယ္။
.
ဒါေပမယ္႕ ေဒၚလာ ( ၅ဝဝ ) နဲ႕ ကုိယ္ပိုင္ေဆာ႕ဝဲလ္ကုမၸဏီေထာင္ျပီး စြမ္းေဆာင္ရည္ေတာ္လွတဲ႕ အဲဒီရည္းစားဟာ ကံေကာင္းတယ္လို႕ဆိုရမလား .. ကံဆိုးတယ္လုိ႕ပဲေျပာရမလား .. ဘီလ္ဂိတ္စ္ နဲ႕ မညားခဲ႕ပါဘူး။ အေၾကာင္းရင္းက သူတုိ႕ႏွစ္ေယာက္မွာ မတိုက္ဆိုင္မႈေတြ ေတာ္ေတာ္မ်ားလို႕ဆိုတာ ဖတ္ရပါတယ္။
.
.
ဘီလ္ဂိတ္စ္ ဟာ ၾကီးထြားလာတဲ႕ကုမၸဏီအတြက္ေနရာလုိတာနဲ႕အညီ ဒုတိယမိ ဘူမိနက္သန္ေအာင္ေျမမွာ ကုမၸဏီရဲ႕ၾကီးမားလွတဲ႕ရံုးခ်ဳပ္ကိုေဆာက္ပါတယ္။ အေဆာက္အဦရဲ႕ထူးျခားမႈက ကုမၸဏီထက္စာရင္ ေက်ာင္းနဲ႕ပိုတူေနတာပါ။
.
အထဲမွာဖြဲ႕စည္းထားတဲ႕ရံုးခန္းေတြဟာ ဘီလ္ဂိတ္စ္ နဲ႕ ေနာက္လူၾကီးတစ္ေယာက္ရဲ႕ရံုးခန္း ( ၂ ) ခန္းသာ အနည္းငယ္ပိုၾကီးျပီး က်န္ရံုးခန္းေတြရဲ႕အက်ယ္အဝန္းဟာ အတူတူျဖစ္ေအာင္ေဆာက္ထားတာက ပိုထူးျခားတယ္။ ဘီလ္ဂိတ္စ္ ရဲ႕ အဆုိအရ ဒီလိုလုပ္ျခင္းအားျဖင္႕ ဝန္ထမ္းေတြအတြက္ေရြးခ်ယ္စရာနည္းသြားသလို ကုန္ထုတ္လုပ္မႈပိုျမင္႕မားတယ္ဆုိတာ သိရတယ္။
.
နည္းပညာထုတ္ကုန္ေတြရုိက္ထုတ္ေနတဲ႕ဝန္ထမ္းေတြက ဘီလ္ဂိတ္စ္ ကို ခ်စ္ၾကတယ္။ တစ္ေယာက္နဲ႕တစ္ေယာက္ ကြန္ပ်ဴတာစကား Coding နဲ႕ ေျပာတာလည္း ရွိၾကတယ္။ ဒါေၾကာင္႕ သူ႕ရဲ႕အသက္ ( ၃ဝ ) ျပည္႕ေမြးေန႕ပြဲကို ရံုးမွာလုပ္တဲ႕အခါ မိုက္ခရိုေဆာ႕ဖ္ က အသက္ ( ၃ဝ ) ရွိ ဘီလ္ဂိတ္စ္ ကို အသစ္ထုတ္လုပ္လိုက္ပါသည္ - Microsoft releases Gates 30.0 ဆိုျပီး ေနာက္ေျပာင္ၾကပါတယ္။
.
.
မိုက္ခရိုေဆာ႕ဖ္ နဲ႕ IBM ဟာ ပေရာဂ်က္မ်ားစြာကို အတူလက္တြဲလုပ္ေနေပမယ္႕ အယူအဆမတူၾကပါဘူး။ ဘီလ္ဂိတ္စ္ ရဲဲ႕ ေျပာျပခ်က္အရ သူဟာ အလုပ္တစ္ခုကို လူနည္းနည္းနဲ႕က်ဲက်ဲဝုိင္းျပီး ဖိုင္ဆုိဒ္ေသးတဲ႕ ေဆာ႕ဝဲလ္ေတြကို ေရးခ်င္တာပါ။
.
IBM က်ေတာ႕ ဒီလိုမျမင္ပါဘူး။ လူနည္းနည္းပဲသံုးရင္ အလုပ္မလုပ္ၾကဘူးလို႕ထင္ေနတယ္။ ဒါေၾကာင္႕ ပေရာဂ်က္တစ္ခုကို လူအျပံဳလိုက္ထည္႕သံုးမွ ေအာင္ျမင္မယ္လို႕ ျမင္တယ္။ ေဆာ႕ဝဲလ္ဆုိရင္လည္း Coding စာတန္းအရွည္ၾကီးေတြပါမွ အလုပ္အပ္ရတာတန္တယ္လုိ႕ ယူဆဟန္တူပါတယ္။
.
.
ဒီကုမၸဏီ ( ၂ ) ခုရဲ႕ အေစးမကပ္မႈက ဒီေနရာမွာတင္မရပ္သြားပါဘူး။ ကြန္ပ်ဴတာတစ္လံုးေရာင္းရတုိင္း ေပးေနရတဲ႕ ေဆာ႕ဝဲလ္ဖိုးကို မေက်မနပ္ျဖစ္ေနတဲ႕ IBM က ထြက္ေပါက္တစ္ခုရွာပါတယ္။ အဲဒါကေတာ႕ သူ႕ရဲ႕ေနာက္ထြက္မယ္႕ ပံုစံခပ္ဆန္းဆန္းကြန္ပ်ဴတာမွာ ကိုယ္ပိုင္လည္ပတ္မႈစံနစ္ - Operating System တစ္ခုကို ၾကိတ္ၾကံေနတာပဲျဖစ္ပါတယ္။ သူ႕တြက္ကိန္းအရ ကြန္ပ်ဴတာဆိုရင္ IBM က စံ - Standard လို႕ သိထားတဲ႕ေစ်းကြက္မွာ ေဆာ႕ဝဲလ္ေရာ၊ ကြန္ပ်ဴတာေရာ ကိုယ္ပိုင္ရွိရင္ ဘုရင္က ဘုရင္ဆက္ျဖစ္ေနဦးမွာပါ။
.
ဒါကိုသိလိုက္တဲ႕ ဘီလ္ဂိတ္စ္ဟာ တကၠဆက္ျပည္နယ္အေျခစုိက္ ကြန္ပ်ဴတာထုတ္လုပ္သူ Compaq နဲ႕ အေျပးအလႊား သြားညွိႏိႈင္းပါတယ္။ သေဘာတူညီခ်က္အရ Compaq ရဲ႕ အသစ္ Deskpro 386 အတြက္ IBM ကိုေပးေနက်ေဆာ႕ဝဲလ္ထက္ပိုျမန္တဲ႕ ေဆာ႕ဝဲလ္ ေရးေပးမယ္ဆိုျပီး မက္လံုးေပးပါတယ္။ ဒီတစ္ခ်က္က ကြန္ပ်ဴတာဘုရင္ IBM ကို မိုက္ခရိုေဆာ႕ဖ္ ရဲ႕ Personal Computer ( PC ) ဆုိတာနဲ႕ နန္းခ်ႏုိင္ခဲ႕တယ္။
.
.
ဒီပြဲမွာ IBM ရွံဴးသြားသလို Compaq လည္း မႏုိင္ခဲ႕ပါဘူး။ ဗိုလ္စြဲသြားသူက Winsows ရယ္ပါ..။
.
ဘယ္လိုျဖစ္သြားသလဲဆိုေတာ႕ သံုးစြဲသူေတြၾကားမွာ ကြန္ပ်ဴတာဘာတံဆိပ္ျဖစ္ျဖစ္ အေရးမၾကီးဘူး .. မိုက္ခရိုေဆာ႕ရဲ႕ေဆာ႕ဝဲလ္ပါရင္ ေတာ္ျပီ .. Windows က အရမ္းျမန္တယ္ .. ဆိုတာေတြ ျဖစ္ကုန္ပါတယ္။ ဒီကေနပဲ သန္းခ်ီခ်မ္းသာတဲ႕ ဘီလ္ဂိတ္စ္ ကို သန္းေထာင္ခ်ီၾကြယ္ဝေစတဲ႕ ဘီလ်ံနာဘဝကို ေနာက္တစ္ေခါက္ပို႕ေပးလုိက္ျပန္ပါတယ္။
.
အပိုင္း ( ၃ ) ဆက္ဖတ္ေပးပါ
.
ခင္လ်က္
.
ကုိညီညီ ( ေတာင္ၾကီး )
.
09-03-2016
.
Ref: People in the News: Bill Gates
.
.
.
Unicode Version:
.
.
“ လူသိနည်းတဲ့ ဘီလ်ဂိတ်စ် အကြောင်း ။ အပိုင်း ( ၂ ) ”
.
ဘီလ်ဂိတ်စ် ဟာ ဒေါ်လာသန်းချီချမ်းသာလာသည့်တိုင် လေယာဉ်စီးခရီးသွားတဲ့အခါ ဈေးမကြီးတဲ့ Coach အတန်းကသာ စီးလေ့ရှိပါတယ်။ အခုခေတ်မှာတော့ Economy ဆိုတဲ့ မားကက်တင်းစကားလုံးလှလှလေးနဲ့အတူတူပါပဲ။
.
တစ်ခါမှာတော့ သူနဲ့လိုက်ပါဖို့ ( ၁ဝ ) ရက်အတွင်းမှာ ဥရောပ ( ၈ )  မြို့ပတ်ပြီး အစည်းအဝေးက လူကြီးတွေနဲ့တွေ့ဆုံရမှာမို့ အရေးကြီးတယ်၊ နားနားနေနေ သက်တောင့်သက်သာစီးရအောင်ဆိုပြီး အဆင့်မြင့်တဲ့ Business Class ကို သူ့အတွက် လက်မှတ်ကြိုဝယ်ပေးထားကြတယ်။ အဲဒါကို နှမြောတဲ့ ဘီလ်ဂိတ်စ် ဟာ အပိုပေးရတဲ့ငွေကုန်ရတာမတန်ဘူးဆိုပြီး ဒေါ်လာ ( ၂ဝဝ ) ပြန်တောင်းပါသတဲ့..။
.
.
ဘီလ်ဂိတ်စ် ဟာ ကားမောင်းတဲ့အခါ FM ရေဒီယို လုံးဝမဖွင့်ဘူးဆိုတာ စာအုပ်ထဲမှာ ဖတ်ရတယ်။ ဒါ့အပြင် ကုမ္ပဏီထောင်ပြီး အောင်မြင်မှဝယ်ထားတဲ့အိမ်မှာလည်း TV မထားပါဘူး။ အကြောင်းကတော့ ဒါတွေကိုနားထောင်နေ၊ ကြည့်နေရင် စိတ်ရှုတ်ပြီး Distraction ဖြစ်လို့ပါတဲ့။ ဒါကြောင့် ဘီလ်ဂိတ်စ် ငှားတဲ့ ဆော့ဝဲလ်အင်ဂျင်နီယာတွေဟာလည်း သူ့လိုပဲ အလုပ်ဖိလုပ်ကြတယ်။
.
ဘယ်လောက်တောင်လဲဆိုရင် ဘီလ်ဂိတ်စ် ဟာ တစ်ပတ်မှာ နာရီ ( ၈ဝ ) လုပ်တဲ့ သီတင်းပတ်တွေမရေမတွက်နိုင်တာကို မီးမောင်းထိုးပြချင်တာမဟုတ်ပါဘူး .. သူလက်ခံထားတဲ့ ဆော့ဝဲလ်အပ်ဖို့ရက်ချိန်းအလွန်ကပ်နေတဲ့ကာလမှာ သူတို့တစ်တွေ တော်တော်ပင်ပန်းကြတယ်။ ဒါကို ဘီလ်ဂိတ်စ် က  အဲဒီ မတ်လ ကို the Death March လို့ ပြောယူရတာကိုကြည့်ရင် မှန်းဆကြည့်နိုင်ပါတယ်။
.
.
ဘီလ်ဂိတ်စ် မှာ အလုပ် နဲ့ ဟမ်ဘာဂါ၊ ကိုကာကိုလာ နဲ့ အိမ် ..  ဖြစ်နေတော့ စားချိန်မမှန်သလို အိပ်ချိန်လည်း နည်းပါးလှတယ်။ ဒါကြောင့် လူပျိုသဘာဝ သမီးရည်းစားထားဖို့ဆိုတာ သူ့ဦးနှောက်ထဲကိုဘယ်လိုမှမဝင်လာနိုင်တဲ့အတွေးတစ်ခုပါ။ ဒါပေမယ့် ဘီလ်ဂိတ်စ် ဟာ ရည်းစားနဲ့ချိန်းဖူးပါတယ်။ တွေ့ဖူးပါတယ်။ ရုပ်ရှင်အတူတူကြည့်တယ် ဆိုရင် ယုံနိုင်ပါ့မလား?
.
နှစ်ယောက်လုံးအလုပ်များပြီး တစ်ယောက်တစ်နေရာဖြစ်နေတဲ့ ရည်းစားနှစ်ယောက်ဟာ ခေတ်မီစွာ Virtual Movie Dates နည်းနဲ့ ချိန်းတွေ့ပါတယ်။ အဲဒီနည်းအရ မြို့ ( ၂ ) မြို့မှာ တစ်ပြိုင်တည်းပြတဲ့ရုပ်ရှင်တစ်ကားကို တစ်ချိန်တည်းမှာ အတူတူကြည့်တာပါပဲ။ ရုပ်ရှင်ပြီးသွားလို့ ကားပေါ်ရောက်ရင် ချစ်သူနှစ်ဦး ရုပ်ရှင်အကြောင်း ဖုန်းထဲမှာ ပြန်ဆွေးနွေးကြပါတယ်။
.
.
အခွင့်အရေးရလို့ လူချင်းတွေ့ပြီး တစ်နေရာရာသွားကြရင်လည်း စားစရာ သောက်စရာတွေယူပြီး Bioengineering ၊ Physics နဲ့ Human Revolution အကြောင်းတွေပြောရင်းနဲ့သာ အချိန်ကုန်တော့ အိမ်ပြန်ကြပါတယ်။
.
ဒါပေမယ့် ဒေါ်လာ ( ၅ဝဝ ) နဲ့ ကိုယ်ပိုင်ဆော့ဝဲလ်ကုမ္ပဏီထောင်ပြီး စွမ်းဆောင်ရည်တော်လှတဲ့ အဲဒီရည်းစားဟာ ကံကောင်းတယ်လို့ဆိုရမလား .. ကံဆိုးတယ်လို့ပဲပြောရမလား .. ဘီလ်ဂိတ်စ် နဲ့ မညားခဲ့ပါဘူး။ အကြောင်းရင်းက သူတို့နှစ်ယောက်မှာ မတိုက်ဆိုင်မှုတွေ တော်တော်များလို့ဆိုတာ ဖတ်ရပါတယ်။
.
.
ဘီလ်ဂိတ်စ် ဟာ ကြီးထွားလာတဲ့ကုမ္ပဏီအတွက်နေရာလိုတာနဲ့အညီ ဒုတိယမိ ဘူမိနက်သန်အောင်မြေမှာ ကုမ္ပဏီရဲ့ကြီးမားလှတဲ့ရုံးချုပ်ကိုဆောက်ပါတယ်။ အဆောက်အဦရဲ့ထူးခြားမှုက ကုမ္ပဏီထက်စာရင် ကျောင်းနဲ့ပိုတူနေတာပါ။
.
အထဲမှာဖွဲ့စည်းထားတဲ့ရုံးခန်းတွေဟာ ဘီလ်ဂိတ်စ် နဲ့ နောက်လူကြီးတစ်ယောက်ရဲ့ရုံးခန်း ( ၂ ) ခန်းသာ အနည်းငယ်ပိုကြီးပြီး ကျန်ရုံးခန်းတွေရဲ့အကျယ်အဝန်းဟာ အတူတူဖြစ်အောင်ဆောက်ထားတာက ပိုထူးခြားတယ်။ ဘီလ်ဂိတ်စ် ရဲ့ အဆိုအရ ဒီလိုလုပ်ခြင်းအားဖြင့် ဝန်ထမ်းတွေအတွက်ရွေးချယ်စရာနည်းသွားသလို ကုန်ထုတ်လုပ်မှုပိုမြင့်မားတယ်ဆိုတာ သိရတယ်။
.
နည်းပညာထုတ်ကုန်တွေရိုက်ထုတ်နေတဲ့ဝန်ထမ်းတွေက ဘီလ်ဂိတ်စ် ကို ချစ်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ကွန်ပျူတာစကား Coding နဲ့ ပြောတာလည်း ရှိကြတယ်။ ဒါကြောင့် သူ့ရဲ့အသက် ( ၃ဝ ) ပြည့်မွေးနေ့ပွဲကို ရုံးမှာလုပ်တဲ့အခါ မိုက်ခရိုဆော့ဖ် က အသက် ( ၃ဝ ) ရှိ ဘီလ်ဂိတ်စ် ကို အသစ်ထုတ်လုပ်လိုက်ပါသည် - Microsoft releases Gates 30.0 ဆိုပြီး နောက်ပြောင်ကြပါတယ်။
.
.
မိုက်ခရိုဆော့ဖ် နဲ့ IBM ဟာ ပရောဂျက်များစွာကို အတူလက်တွဲလုပ်နေပေမယ့် အယူအဆမတူကြပါဘူး။ ဘီလ်ဂိတ်စ် ရဲ့ ပြောပြချက်အရ သူဟာ အလုပ်တစ်ခုကို လူနည်းနည်းနဲ့ကျဲကျဲဝိုင်းပြီး ဖိုင်ဆိုဒ်သေးတဲ့ ဆော့ဝဲလ်တွေကို ရေးချင်တာပါ။
.
IBM ကျတော့ ဒီလိုမမြင်ပါဘူး။ လူနည်းနည်းပဲသုံးရင် အလုပ်မလုပ်ကြဘူးလို့ထင်နေတယ်။ ဒါကြောင့် ပရောဂျက်တစ်ခုကို လူအပြုံလိုက်ထည့်သုံးမှ အောင်မြင်မယ်လို့ မြင်တယ်။ ဆော့ဝဲလ်ဆိုရင်လည်း Coding စာတန်းအရှည်ကြီးတွေပါမှ အလုပ်အပ်ရတာတန်တယ်လို့ ယူဆဟန်တူပါတယ်။
.
.
ဒီကုမ္ပဏီ ( ၂ ) ခုရဲ့ အစေးမကပ်မှုက ဒီနေရာမှာတင်မရပ်သွားပါဘူး။ ကွန်ပျူတာတစ်လုံးရောင်းရတိုင်း ပေးနေရတဲ့ ဆော့ဝဲလ်ဖိုးကို မကျေမနပ်ဖြစ်နေတဲ့ IBM က ထွက်ပေါက်တစ်ခုရှာပါတယ်။ အဲဒါကတော့ သူ့ရဲ့နောက်ထွက်မယ့် ပုံစံခပ်ဆန်းဆန်းကွန်ပျူတာမှာ ကိုယ်ပိုင်လည်ပတ်မှုစံနစ် - Operating System တစ်ခုကို ကြိတ်ကြံနေတာပဲဖြစ်ပါတယ်။ သူ့တွက်ကိန်းအရ ကွန်ပျူတာဆိုရင် IBM က စံ - Standard လို့ သိထားတဲ့ဈေးကွက်မှာ ဆော့ဝဲလ်ရော၊ ကွန်ပျူတာရော ကိုယ်ပိုင်ရှိရင် ဘုရင်က ဘုရင်ဆက်ဖြစ်နေဦးမှာပါ။
.
ဒါကိုသိလိုက်တဲ့ ဘီလ်ဂိတ်စ်ဟာ တက္ကဆက်ပြည်နယ်အခြေစိုက် ကွန်ပျူတာထုတ်လုပ်သူ Compaq နဲ့ အပြေးအလွှား သွားညှိနှိုင်းပါတယ်။ သဘောတူညီချက်အရ Compaq ရဲ့ အသစ် Deskpro 386 အတွက် IBM ကိုပေးနေကျဆော့ဝဲလ်ထက်ပိုမြန်တဲ့ ဆော့ဝဲလ် ရေးပေးမယ်ဆိုပြီး မက်လုံးပေးပါတယ်။ ဒီတစ်ချက်က ကွန်ပျူတာဘုရင် IBM ကို မိုက်ခရိုဆော့ဖ် ရဲ့ Personal Computer ( PC ) ဆိုတာနဲ့ နန်းချနိုင်ခဲ့တယ်။
.
.
ဒီပွဲမှာ IBM ရှူံးသွားသလို Compaq လည်း မနိုင်ခဲ့ပါဘူး။ ဗိုလ်စွဲသွားသူက Winsows ရယ်ပါ..။
.
ဘယ်လိုဖြစ်သွားသလဲဆိုတော့ သုံးစွဲသူတွေကြားမှာ ကွန်ပျူတာဘာတံဆိပ်ဖြစ်ဖြစ် အရေးမကြီးဘူး .. မိုက်ခရိုဆော့ရဲ့ဆော့ဝဲလ်ပါရင် တော်ပြီ .. Windows က အရမ်းမြန်တယ် .. ဆိုတာတွေ ဖြစ်ကုန်ပါတယ်။ ဒီကနေပဲ သန်းချီချမ်းသာတဲ့ ဘီလ်ဂိတ်စ် ကို သန်းထောင်ချီကြွယ်ဝစေတဲ့ ဘီလျံနာဘဝကို နောက်တစ်ခေါက်ပို့ပေးလိုက်ပြန်ပါတယ်။
.
အပိုင်း ( ၃ ) ဆက်ဖတ်ပေးပါ
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
.
09-03-2016
.
Ref: People in the News: Bill Gates
.
.
.
“ လူသိနည္းတဲ႕ ဘီလ္ဂိတ္စ္ အေၾကာင္း ။ အျပီးသတ္ အပိုင္း ( ၃ ) ”
.
“ လည္ပတ္မႈစံနစ္ျဖစ္တဲ႕ ေဆာ႕ဝဲလ္ေရးသားျခင္းလုပ္ငန္းဟာ အေမရိကန္အက်ိဳးစီးပြားအတြက္ က်န္းမာေရးဘယ္ေလာက္ေကာင္းတယ္ဆုိတာကို ျပသေနပါတယ္။ အေမရိကန္ရဲ႕ႏိုင္ငံစီးပြားေရးခြင္အရပ္ရပ္ကို အသက္ရွဴၾကပ္သြားေစဖို႕ေဝးစြ .. မိုက္ခရိုေဆာ႕ဖ္ ရဲ႕ နည္းပညာစံနစ္ေတြ နဲ႕ ေဆာ႕ဝဲလ္ထြက္ကုန္ေတြေၾကာင္႕ အလုပ္အကိုင္သစ္ေတြတူးေဖာ္ႏုိင္ရံုမက  ကုမၸဏီသစ္၊ လုပ္ငန္းသစ္မ်ားစြာကို ေငြရလမ္း ျပေပးႏုိင္ခဲ႕တယ္ ”
.
“ ထံုထံုေပေပျဖစ္ရံုမက သံုးမရႏိုင္ေအာင္ျဖစ္သြားေစဖို႕ေဝးစြ .. ေဆာ႕ဝဲလ္ နဲ႕ သူ႕ကိုထုတ္ပိုးထားတဲ႕ Hardware ေပါင္းစပ္ျပီး ထပ္ဆင္႕ထပ္ကဲ တီထြင္ႏိုင္ၾကလို႕သာ နည္းပညာနယ္ပယ္ဟာ ပိုမုိအသက္ဝင္လာရတယ္။ ဒီ႕အျပင္ ေရာင္းကုန္တူေနသူအခ်င္းခ်င္းျပိဳင္ဘက္ေတြရဲ႕ သူ႕ထက္ပိုေကာင္းေအာင္လုပ္ရမယ္ဆုိတဲ႕ တြန္းတြန္းတိုက္တိုက္ျပိဳင္ဆိုင္မႈေတြေၾကာင္႕ သံုးစြဲသူျပည္သူေတြမွာ ပုိမုိေကာင္းမြန္တဲ႕ပစၥည္းေတြကိုေရြးခ်ယ္ခြင္႕မ်ားလာသလို ေစ်းသက္သာတဲ႕ပစၥည္းေတြကို ပိုင္ဆိုင္လာႏုိင္ၾကျပီ ”
.
“ စုစုေပါင္းအားျဖင္႕ အေမရိကန္တစ္ခြင္မွာ အလုပ္သစ္ေပါင္း ( ၁၆ဝဝဝ ) ဟာ ဝင္းဒို္းေပၚမွီခိုျပီး အဆင္႕ျမင္႕တင္စီးပြားေရးေတြ ျဖစ္ထြန္းလာရတယ္။ အမွန္တကယ္ေတာ႕ Windows ဟာ “ အလုပ္သစ္ဖန္တီးတဲ႕စက္ၾကီး - Job-Creating Machine ” ဆုိတဲ႕စက္တစ္လံုးထက္ ရာထူးမနိမ္႕ပါဘူး  ”
.
.
( ၁၉၉ဝ ) ျပည္႔လြန္ႏွစ္ေတြမွာ အစုိးရအရာရွိမင္းမ်ားမ်က္စိစူးေလာက္ေအာင္ မုိက္ခရိုေဆာ႕ဖ္ နဲ႕ ဘီလ္ဂိတ္စ္ တို႕ရဲ႕ စီးပြားေရး နဲ႕ လူမႈရုပ္ပံုလႊာေတြဟာ စီးပြားေရးနယ္ပယ္အသီးသီးမွာ လႊမ္းမိုးလွတယ္။ ဒါကို အင္တာနက္ နဲ႕ ေဆာ႕ဝဲလ္နယ္ပယ္မွာ ဦးပိုင္ဦးစား လက္ဝါးၾကီးအုပ္တယ္ဆုိျပီး အေမရိကန္ကုန္သြယ္ေရးေကာ္မရွင္ - FTC ( Federal Trade Commission  ) က အေရးယူဖို႕လုပ္လာတဲ႕အတြက္ ဘီလ္ဂိတ္စ္ က ( ၁၉၉၃ ) ခုႏွစ္ ၾသဂုတ္လအတြင္း မဂၢဇင္းတစ္ေစာင္ရဲ႕အယ္ဒီတာ႕အာေဘာ္မွာ ျပန္လည္ေခ်ပခဲ႕တာပဲ ျဖစ္ပါတယ္။
.
.
အရာရွိမင္းေတြက ေခါင္းမာမာနဲ႕ဆက္ေျပာေနေပမယ္႕ မုိက္ခရိုေဆာ႕ဖ္ကုမၸဏီရဲ႕ဦးေဆာင္လမ္းျပမႈေၾကာင္႕ “ ကမၻာမွာအေမရိကန္ေဟ႕ ” လို႕ ေဆာ႕ဝဲလ္တီထြင္မႈမွာ အထြဋ္အထိပ္ကိုပို႕ေပးခဲ႕တယ္ဆုိတာ ဘယ္သူမွ မျငင္းႏုိင္ပါဘူး။
.
တစ္ခ်ိန္တည္းမွာ “ အစိုးရက မုိက္ခရိုေဆာ႕ဖ္ ကို ကုမၸဏီအေသးေလးေတြအျဖစ္ ျပည္လည္ဖြဲ႕စည္းခုိင္းတာကို မလုပ္ႏိုင္ပါဘူး။ မူလပံုစံနဲ႕ပဲ ဆက္သြားမယ္။ ဒါကိုမွ ဆက္ျပီးတြန္းအားေပးေနဦးမယ္ဆိုရင္ေတာ႕ ကုမၸဏီကုိ အေမရိကန္အျပင္ဘက္ကိုေရႊ႕သြားရပါလိမ္႕မယ္ ” လို႕ အဲဒီအခ်ိန္က ဒုတိယသမၼတျဖစ္ေနတဲ႕ နည္းပညာအေရးနားလည္သူ မစၥတာအယ္ဂိုးလ္ ကို ဘီလ္ဂိတ္က ခ်က္က်လက္ခ် ေျပာလိုက္ပါတယ္။ ေနာက္ဆံုးေတာ႕ ေငြမ်က္ႏွာထက္ အလုပ္အကိုင္အခြင္႕အလမ္းတုိးတက္မႈကိုေထာက္ရႈျပီး စံုစမ္းစစ္ေဆးမႈကို FTC ဘက္က လက္ျပန္ေလွ်ာ႕သြားပါေတာ႕တယ္။
.
.
ၾကင္ယာေလာင္း မယ္လင္ဒါဖရန္႕ရ္ က ဘီလ္ဂိတ္စ္ ရဲ႕ ခ်စ္ေရးဆုိမႈကိုလက္ခံလိုက္တဲ႕အခ်ိန္မွာ ဒီစံုတြဲဟာ ေလယာဥ္ေပၚကိုတက္ျပီး အိုဟားမားျမိဳ႕ကို တိတ္တဆိတ္သြားၾကတယ္။ အဲဒီမွာ ဘီလ္ဂိတ္စ္ ရဲ႕ သူငယ္ခ်င္းအရင္းၾကီး စေတာ႕ရွယ္ယာသူေ႒း ဝါရင္းဘတ္ဖက္ ရွိတယ္ေလ။
.
ခရီးမေရာက္မဆိုက္မွာပဲ ဝါရင္းဘတ္ဖက္က ဘီလ္ဂိတ္စ္ ရဲ႕ မယ္လင္ဒါအတြက္ စိန္လက္စြပ္တစ္ကြင္းေရြးႏုိင္ဖို႕ သူပိုင္တဲ႕ ရတနာဆိုင္ကို တနဂၤေႏြပိတ္ရက္ျဖစ္ေပမယ္႕ ဆိုင္ဖြင္႕ျပီးေရြးခ်ယ္ေစခဲ႕တယ္။
.
မေသခင္ေခြ်းမျမင္သြားခ်င္တယ္ဆိုတဲ႕ အေမ မယ္ရီဂိတ္စ္ ရဲ႕ ဆႏၵအရ တစ္ခ်ိန္လံုးေခါင္းငံု႕အလုပ္လုပ္လာတဲ႕ ဘီလ္ဂိတ္စ္ ဟာ လက္ထပ္ဖို႕ျဖစ္လာတယ္။ ( ၁၉၉၄ ) ႏွစ္ဆန္းတစ္ရက္ေန႕မွာ တြဲတစ္ခ်ီ ခြာတစ္လွည္႕ျဖစ္ေနတဲ႕ ဘီလ္ဂိတ္စ္ နဲ႕  မယ္လင္ဒါ တို႕ ၾကီးက်ယ္ခန္းနား အကုန္အက်မ်ားျပားစြာ လက္ထပ္ခဲ႕ၾကတယ္။ ေနာက္ ( ၆ ) လ အၾကာမွာေတာ႕ ရင္သားကင္ဆာေရာဂါနဲ႕ အေမအို ကြယ္လြန္အနိစၥေရာက္ပါတယ္။
.
.
အေမရိကန္ေဆာ႕ဝဲလ္ေလာကကိုလက္ဝါးၾကီးအုပ္တာအားမရလို႕ ဘီလ္ဂိတ္စ္ ဟာ သူ႕ရံုးဝန္ထမ္းေတြေပၚမွာလည္း လက္ဝါးၾကီးအုပ္ပါတယ္။ အဲဒါကေတာ႕ ( ၁၉၉ဝ ) ျပည္႕လြန္ႏွစ္ေတြမွာ တစ္ရက္ထက္တစ္ရက္ သံုးစြဲသူတစ္လွိမ္႕လွိမ္႕တက္လာတဲ႕ “ အင္တာနက္သံုးစြဲမႈလိႈင္း - Internet ” ကို အာရံုမရပဲ အလုပ္ရႈတ္ေနခဲ႕တာပါ။
.
ပိုဆိုးတာက သူ႕ရံုးမွာ ျမန္မာႏုိင္ငံမွာလို စီစစ္ထားတဲ႕ Intranet ကုိ တင္ထားေပးျပီး ဘယ္ဝန္ထမ္းမွ အျပင္အင္တာနက္မသံုးရပါဘူး။ အေၾကာင္းျပခ်က္ကေတာ႕ ျပိဳင္ဘက္ကုမၸဏီေတြက သူတုိ႕အင္တာနက္ထဲဝင္ျပီး စီးပြားေရးလ်ိဳ႕ဝွက္ခ်က္ေတြ မေပါက္ၾကားေအာင္လို႕ဆိုတာ ဖတ္ရပါတယ္။ ဒါေၾကာင္႕ သူ႕အလုပ္လုပ္တဲ႕ဝန္ထမ္းေတြက အင္တာနက္အခ်က္အလက္ေတြလုိခ်င္ရင္ အလုပ္မလာခင္သူတို႕အိမ္ကအင္တာနက္မွာ လိုတာေတြ ၾကိဳရွာခဲ႕ရပါတယ္။
.
အဲဒီရဲ႕အက်ိဳးဆက္အေနနဲ႕ သူမ်ားေနာက္က တကူးတကျပန္လုိက္ရတဲ႕ IE – Internet Explorer ဘေရာက္ဆာ နဲ႕ အြန္လိုင္းစာမ်က္ႏွာ MSN – Microsoft Network တုိ႕ဟာ ေအာင္ျမင္မႈအရွိန္အဝါ ေမွးမိွန္ခဲ႕တယ္။
.
.
ဘီလ္ဂိတ္စ္ နဲ႕ ပန္းသီးတည္ေထာင္သူ စတိဗ္ေဂ်ာ႕ခ်္ တို႕ဟာ အင္မတန္ခင္တဲ႕သူငယ္ခ်င္းေတြျဖစ္သလို မွ်ေဝမွ်စား ငယ္ေပါင္းၾကီးေဖာ္လည္း ျဖစ္ပါတယ္။ ဒါေပမယ္႕ စီးပြားေရးလုပ္တဲ႕အခါ ေငြမ်က္ႏွာျမင္လာတဲ႕အခါမွာေတာ႕ ( အေမရိကားမွာေတာ႕ မူပုိင္ခြင္႕ဟာ ေငြျဖစ္ပါတယ္ ) သူငယ္ခ်င္းျဖစ္ျဖစ္ ဘာျဖစ္ျဖစ္ လုပ္ငန္းခ်င္းတူရင္ ျပိဳင္ဘက္ျဖစ္လာတာပါပဲ။
.
.
အတိုခ်ဳပ္ေျပာရရင္  Windows ထဲက Recycle Bin တို႕၊ Control Panel တို႕ကို အလြယ္တကူျမင္ႏုိင္တဲ႕ Icon ေလးေထာင္႕အကြက္ေလးဟာ ဘီလ္ဂိတ္စ္လက္ထြက္တီထြင္မႈ မဟုတ္ပါဘူး .. Xerox ကုမၸဏီပိုင္ျဖစ္ျပီး စတိဗ္ေဂ်ာ႕ခ်္က အဆင္႕ျမင္႕တင္ခဲ႕တာပါ။
.
.
စတိဗ္ေဂ်ာ႕ခ်္ ရဲ႕ မေအာင္ျမင္ေသးတဲ႕ေန႕ရက္မ်ားအတြင္း လုပ္ရင္းကိုင္ရင္း ဘီလ္ဂိတ္စ္ ယူသံုးႏုိင္တယ္လို႕ ပါးစပ္နဲ႕ခြင္႕ျပဳခဲ႕ရာက ေန႕မျခား ညမျခား ဝင္းဒုိးက ေအာင္ျမင္လာေတာ႕ စတိေဂ်ာ႕ခ်္ က ဆက္မသံုးဖို႕ ဟန္႕တားခဲ႕တယ္။ အရွိန္နည္းနည္းလြန္လာတဲ႕ ဘီလ္ဂိတ္စ္ ေၾကာင္႕ သူတို႕သူငယ္ခ်င္းႏွစ္ေယာက္ရဲ႕အေျခအေနက လိပ္ခဲတည္းလည္း ျဖစ္လာပါတယ္။
.
ဒါေၾကာင္႕ စတိေဂ်ာ႕ခ်္ဘက္က တရားစြဲဖို႕ ေရွ႕ေန ေရွ႕ရပ္နဲ႕လုပ္ေနသံလည္းၾကားေရာ ဘီလ္ဂိတ္စ္ က ကိစၥတစ္ခုကို အျမန္ထလုပ္ပါတယ္။ အဲဒါကေတာ႕ မက်ရွံဴးဖို႕အေတာ္ရုန္းကန္ေနရတဲ႕ Apple ရဲ႕ စေတာ႕ရွယ္ယာ ( NYSE: AAPL ) ကုိ ေဒၚလာ သန္း ( ၁၅ဝ ) ဖိုး ဝယ္ျပီး ပါးစပ္ပိတ္လိုက္တာပါပဲ..။
.
.
ဘီလ္ဂိတ္စ္ နဲ႕ အတူတူထူေထာင္ခဲ႕ၾကတဲ႕သူငယ္ခ်င္းေတြ၊ ပထမဦးပိုင္းကုမၸဏီတည္ေထာင္တုန္းကပါခဲ႕သူေတြ၊ အတူတူကုန္းကုန္းထထ မွ်ေဝခဲ႕သူေတြဟာ ကုမၸဏီကိုအမ်ားပိုင္အစုရွယ္ယာ - IPO ( Initial Public Offering ) ထုတ္ေရာင္းလိုက္တဲ႕အခါ အုပ္စုဝင္အသီးသီး သန္းၾကြယ္သူေ႒းေတြ ေန႕ခ်င္းညခ်င္းျဖစ္ခဲ႕ၾကပါတယ္။ တစ္ဆက္တည္းမွာ ကမၻာ႕ေငြထုတ္ၾကီးေပၚတက္ထုိင္ေနတဲ႕ဘီလ္ဂိတ္စ္တစ္ေယာက္ သူ႕ပိုင္ဆိုင္မႈေတြကိုဘယ္လိုသံုးစြဲသလဲဆိုတာ လူအမ်ားက စိတ္ဝင္စားၾကပါတယ္။
.
အမွန္တကယ္လည္း သူတုိ႕တစ္ေတြ တစ္ေယာက္ခ်င္းစီ၊ အစုစပ္၊ အဖြဲ႕အစည္းေဖာင္ေဒးရွင္းအလိုက္ ပရဟိတေငြလွဴၾကတယ္။ အမ်ားေျပာၾကသလို ဘီလ္ဂိတ္စ္ ဟာ ေငြဘယ္ေလာက္မ်ားမ်ားကို ဘယ္ေနရာမွာလွဴသြားတယ္ဆုိတာ ၾကားေနက်မို႕လို႕ အဆန္းမဟုတ္ေတာ႕ပါဘူး။
.
.
ဒါေပမယ္႕ ေပါလ္အယ္လန္ - Paul Allen နဲ႕ ဘီလ္ဂိတ္စ္ တုိ႕ ပူးေပါင္းလွဴထားတဲ႕ Lakeside က သိပၸံြ႒ာန - Science Center ရဲ႕ နာမယ္ကို Allen/Gates Science Center လို႕ ေခၚတြင္ေစပါတယ္။ ဒီေနရာမွာ ကမၻာ႕အခ်မ္းသာဆံုးျဖစ္လ်က္နဲ႕ ဘီလ္ဂိတ္စ္ရဲ႕နာမယ္က ဘာလို႕အေရွ႕ကမတပ္သလဲဆိုတာ ေမးစရာရွိပါတယ္။
.
အေၾကာင္းကေတာ႕ ကုမၸဏီကိုအတူတူထူေထာင္ခဲ႕ၾကတဲ႕သူငယ္ခ်င္းမ်ားပီပီ သူ နဲ႕  ေပါလ္အယ္လန္ တို႕ ေခါင္းပန္းလွန္ၾကတာမွာ ဘီလ္ဂိတ္စ္ က ရွံုးသြားလုိ႕ပါတဲ႕..။
.
.
ေနာက္ ( ၁၅ ) ႏွစ္အတြင္းမွာ ..
.
1.. Speech Recognition
.
2.. Natural-Language Understanding
.
3.. Automatic Learning
.
4.. Flat-Screen Displays
.
5.. Optic Fiber
.
6.. The Continuation of Moore’s Law ( which states that computers will double in power and speed about every eighteen months ) စတာေတြ ျဖစ္လာမယ္လို႕ ေဟာကိန္းထုတ္ခဲ႕တာကို နည္းပညာတတ္ကြ်မ္းသူေတြ နဲ႕ စာနယ္ဇင္းေတြက ေရးျပၾကိမ္မ်ားေလေတာ႕ မွန္မမွန္ဆိုတာကို စာဖတ္သူမ်ားအကဲျဖတ္ေပးႏိုင္ပါတယ္။ ( အရသာပ်က္မွာစိုးလို႕ ျမန္မာလိုမျပန္ေတာ႕ပါ )
.
.
ေသေသခ်ာခ်ာသံုးသပ္ရရင္ ဘီလ္ဂိတ္စ္ ကို စာဖတ္သူတို႕ ဘယ္လိုျမင္ပါသလဲ?
.
ကြ်န္ေတာ႕လို ဘာမွမဟုတ္တဲ႕ စာတိုမုတ္စေလးေရးတဲ႕သူက ကမၻာ႕အခ်မ္းသာဆံုးပုဂိၢဳလ္ကို ေဝဖန္ဖို႕ရာ အဆင္႕မမွီဘူးလို႕ဝန္ခံပါတယ္။ ဒါေၾကာင္႕ သူ႕ကို အခ်မ္းသာဆံုးပုဂၢိဳလ္ လို႕႔ပဲ အရွိကိုအရွိအတိုင္း ရိုးရိုးေလးျမင္ပါတယ္။
.
သုိ႕ေသာ္လည္း “ ဇာတ္သမားလာရင္ မွတ္သားစရာပါရမယ္ ” ဆုိတဲ႕စကားကို ပံုတူကိုးကားျပီးေျပာရရင္ သူ႕အေၾကာင္းေရးထားတဲ႕စာကို အဂၤလိပ္လိုဖတ္ရတာ ျမန္မာျပန္ဖတ္ရတာနဲ႕မတူပါဘူး။ တစ္ဖက္မ်က္လံုးကဖတ္တဲ႕စာလံုး ေနာက္မ်က္လံုးတစ္ဖက္မေရာက္မွီအေရာင္လြင္႕သြားတတ္သလို ရင္ဘတ္ကုိတန္းကနဲလာရိုက္တဲ႕စာလံုးေတြလည္း ႏွလံုးသားနဲ႕အျပည္႕ပါပဲ။
.
.
ဆက္စပ္ျပီးေျပာရရင္ ဘီလ္ဂိတ္စ္ ခ်မ္းသာတာ “ ေတာ္လို႕ ” ဆုိတာရဲ႕ေနာက္ကြယ္မွာ ေလာကၾကီးကုိမ်က္မွန္တပ္ၾကည္႕တဲ႕သူ႕အျမင္ေတြက အေရာင္အေသြးစံုလွတယ္။ မတူကြဲျပားလွတယ္။ ထူးျခားလွတယ္။ ေရွ႕အနာဂါတ္ကို ေဟာကိန္းထုတ္ႏုိင္စြမ္းတယ္။
.
ပညာေတာ္ေနရံုနဲ႕ မခ်မ္းသာပါဘူး။ ပိုက္ဆံမ်ားမ်ားရေအာင္ပညာတတ္မွ ခ်မ္းသာမွာျဖစ္ပါတယ္။ အဆိုပါပညာေရာင္စံုတတ္ေျမာက္တဲ႕အခါ ေငြက သူ႕အလုိလုိလိုက္လာပါတယ္။ ေနာက္တစ္ခုက ကုိယ္တတ္ထားတဲ႕ပညာအရာမွာ ထိပ္ဆံုးအထိတက္လွမ္းႏုိင္ရင္လည္း ခ်မ္းသာႏုိင္တာပါပဲ။ ဒါေပမယ္႕ အဲဒီအရည္အခ်င္းအားလံုးကို သူ႕ေနရာနဲ႕သူ ေပါင္းစပ္တတ္ဖို႕လိုတယ္။
.
ဘီလ္ဂိတ္စ္ မွာ အဲဒီအရည္အခ်င္းေတြ အလႊာလိုက္ေတြ႕ရတယ္။ အေပၚကေရးခဲ႕သမွ် ေကာင္းသည္ ဆုိးသည္ အားလံုးကို မွန္ကန္ေၾကာင္းေထာက္ျပသြားတဲ႕ ဘီလ္ဂိတ္စ္ ရဲ႕ စကားတစ္ခြန္းထဲနဲ႕တင္ ကြ်န္ေတာ္ ေတာ္ေတာ္တုန္လႈပ္မိပါတယ္။ အဲဒါကေတာ႕ …
.
“ စီးပြားေရးဘက္မွာနားမလည္ဘူးလို႕ ကြ်န္ေတာ႕ကိုယ္ကြ်န္ေတာ္ အျမဲမွတ္ထားတယ္။ အမ်ားဆံုးရွိလွ ကြ်န္ေတာ႕အေတြးေတြရဲ႕ ( ၁ဝ% ) ေလာက္ပဲ စီးပြားေရးဘက္ကိုေရာက္သြားၾကတယ္ ”
.
“ ဒါေပမယ္႕ သခ်ာၤအရာမွာ ခင္မ်ားသိပ္ေတာ္ရင္ေတာ႕ စီးပြားေရးကို အလိုလိုနားလည္သြားလိမ္႕မယ္ ” ဆိုတဲ႕ စကားပါပဲ..။
.
.
စာၾကြင္း ။။။။။။။။။။ ဘီလ္ဂိတ္စ္ ဟာ တက္ခဲ႕ေလသမွ်အတန္းမ်ား၏ သခ်ာၤဘာသာရပ္တို႕တြင္ ( ေတာ္ေတာ္မ်ားမ်ား ) အမွတ္ျပည္႕ရသူဟူ၍ ဖတ္ရႈရပါသည္။
.
ဝန္ခံခ်က္ ။။။။။။။။။။ စာမ်က္ႏွာ (  ၁၂၇ ) မ်က္ႏွာရွိ People in the News: Bill Gates စာအုပ္ကို “ စြမ္း ” သြားငွားေနက် စာၾကည္႕တုိက္မွ ငွားရမ္းဖတ္ရႈခဲ႕ပါသည္။
.
ျပီးပါျပီ
.
ခင္လ်က္
.
ကိုညီညီ ( ေတာင္ၾကီး )
.
09-04-2016
.
.
.
Unicode Version:
.
.
“ လူသိနည်းတဲ့ ဘီလ်ဂိတ်စ် အကြောင်း ။ အပြီးသတ် အပိုင်း ( ၃ ) ”
.
လည်ပတ်မှုစံနစ်ဖြစ်တဲ့ ဆော့ဝဲလ်ရေးသားခြင်းလုပ်ငန်းဟာ အမေရိကန်အကျိုးစီးပွားအတွက် ကျန်းမာရေးဘယ်လောက်ကောင်းတယ်ဆိုတာကို ပြသနေပါတယ်။ အမေရိကန်ရဲ့နိုင်ငံစီးပွားရေးခွင်အရပ်ရပ်ကို အသက်ရှူကြပ်သွားစေဖို့ဝေးစွ .. မိုက်ခရိုဆော့ဖ် ရဲ့ နည်းပညာစံနစ်တွေ နဲ့ ဆော့ဝဲလ်ထွက်ကုန်တွေကြောင့် အလုပ်အကိုင်သစ်တွေတူးဖော်နိုင်ရုံမက  ကုမ္ပဏီသစ်၊ လုပ်ငန်းသစ်များစွာကို ငွေရလမ်း ပြပေးနိုင်ခဲ့တယ် ”
.
ထုံထုံပေပေဖြစ်ရုံမက သုံးမရနိုင်အောင်ဖြစ်သွားစေဖို့ဝေးစွ .. ဆော့ဝဲလ် နဲ့ သူ့ကိုထုတ်ပိုးထားတဲ့ Hardware ပေါင်းစပ်ပြီး ထပ်ဆင့်ထပ်ကဲ တီထွင်နိုင်ကြလို့သာ နည်းပညာနယ်ပယ်ဟာ ပိုမိုအသက်ဝင်လာရတယ်။ ဒီ့အပြင် ရောင်းကုန်တူနေသူအချင်းချင်းပြိုင်ဘက်တွေရဲ့ သူ့ထက်ပိုကောင်းအောင်လုပ်ရမယ်ဆိုတဲ့ တွန်းတွန်းတိုက်တိုက်ပြိုင်ဆိုင်မှုတွေကြောင့် သုံးစွဲသူပြည်သူတွေမှာ ပိုမိုကောင်းမွန်တဲ့ပစ္စည်းတွေကိုရွေးချယ်ခွင့်များလာသလို ဈေးသက်သာတဲ့ပစ္စည်းတွေကို ပိုင်ဆိုင်လာနိုင်ကြပြီ ”
.
စုစုပေါင်းအားဖြင့် အမေရိကန်တစ်ခွင်မှာ အလုပ်သစ်ပေါင်း ( ၁၆ဝဝဝ ) ဟာ ဝင်းဒ်ိုးပေါ်မှီခိုပြီး အဆင့်မြင့်တင်စီးပွားရေးတွေ ဖြစ်ထွန်းလာရတယ်။ အမှန်တကယ်တော့ Windows ဟာ “ အလုပ်သစ်ဖန်တီးတဲ့စက်ကြီး - Job-Creating Machine ” ဆိုတဲ့စက်တစ်လုံးထက် ရာထူးမနိမ့်ပါဘူး  ”
.
.
( ၁၉၉ဝ ) ပြည့်လွန်နှစ်တွေမှာ အစိုးရအရာရှိမင်းများမျက်စိစူးလောက်အောင် မိုက်ခရိုဆော့ဖ် နဲ့ ဘီလ်ဂိတ်စ် တို့ရဲ့ စီးပွားရေး နဲ့ လူမှုရုပ်ပုံလွှာတွေဟာ စီးပွားရေးနယ်ပယ်အသီးသီးမှာ လွှမ်းမိုးလှတယ်။ ဒါကို အင်တာနက် နဲ့ ဆော့ဝဲလ်နယ်ပယ်မှာ ဦးပိုင်ဦးစား လက်ဝါးကြီးအုပ်တယ်ဆိုပြီး အမေရိကန်ကုန်သွယ်ရေးကော်မရှင် - FTC ( Federal Trade Commission  ) က အရေးယူဖို့လုပ်လာတဲ့အတွက် ဘီလ်ဂိတ်စ် က ( ၁၉၉၃ ) ခုနှစ် ဩဂုတ်လအတွင်း မဂ္ဂဇင်းတစ်စောင်ရဲ့အယ်ဒီတာ့အာဘော်မှာ ပြန်လည်ချေပခဲ့တာပဲ ဖြစ်ပါတယ်။
.
.
အရာရှိမင်းတွေက ခေါင်းမာမာနဲ့ဆက်ပြောနေပေမယ့် မိုက်ခရိုဆော့ဖ်ကုမ္ပဏီရဲ့ဦးဆောင်လမ်းပြမှုကြောင့် “ ကမ္ဘာမှာအမေရိကန်ဟေ့ ” လို့ ဆော့ဝဲလ်တီထွင်မှုမှာ အထွဋ်အထိပ်ကိုပို့ပေးခဲ့တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။
.
တစ်ချိန်တည်းမှာ “ အစိုးရက မိုက်ခရိုဆော့ဖ် ကို ကုမ္ပဏီအသေးလေးတွေအဖြစ် ပြည်လည်ဖွဲ့စည်းခိုင်းတာကို မလုပ်နိုင်ပါဘူး။ မူလပုံစံနဲ့ပဲ ဆက်သွားမယ်။ ဒါကိုမှ ဆက်ပြီးတွန်းအားပေးနေဦးမယ်ဆိုရင်တော့ ကုမ္ပဏီကို အမေရိကန်အပြင်ဘက်ကိုရွှေ့သွားရပါလိမ့်မယ် ” လို့ အဲဒီအချိန်က ဒုတိယသမ္မတဖြစ်နေတဲ့ နည်းပညာအရေးနားလည်သူ မစ္စတာအယ်ဂိုးလ် ကို ဘီလ်ဂိတ်က ချက်ကျလက်ချ ပြောလိုက်ပါတယ်။ နောက်ဆုံးတော့ ငွေမျက်နှာထက် အလုပ်အကိုင်အခွင့်အလမ်းတိုးတက်မှုကိုထောက်ရှုပြီး စုံစမ်းစစ်ဆေးမှုကို FTC ဘက်က လက်ပြန်လျှော့သွားပါတော့တယ်။
.
.
ကြင်ယာလောင်း မယ်လင်ဒါဖရန့်ရ် က ဘီလ်ဂိတ်စ် ရဲ့ ချစ်ရေးဆိုမှုကိုလက်ခံလိုက်တဲ့အချိန်မှာ ဒီစုံတွဲဟာ လေယာဉ်ပေါ်ကိုတက်ပြီး အိုဟားမားမြို့ကို တိတ်တဆိတ်သွားကြတယ်။ အဲဒီမှာ ဘီလ်ဂိတ်စ် ရဲ့ သူငယ်ချင်းအရင်းကြီး စတော့ရှယ်ယာသူဋ္ဌေး ဝါရင်းဘတ်ဖက် ရှိတယ်လေ။ .
.
ခရီးမရောက်မဆိုက်မှာပဲ ဝါရင်းဘတ်ဖက်က ဘီလ်ဂိတ်စ် ရဲ့ မယ်လင်ဒါအတွက် စိန်လက်စွပ်တစ်ကွင်းရွေးနိုင်ဖို့ သူပိုင်တဲ့ ရတနာဆိုင်ကို တနင်္ဂနွေပိတ်ရက်ဖြစ်ပေမယ့် ဆိုင်ဖွင့်ပြီးရွေးချယ်စေခဲ့တယ်။
.
မသေခင်ချွေးမမြင်သွားချင်တယ်ဆိုတဲ့ အမေ မယ်ရီဂိတ်စ် ရဲ့ ဆန္ဒအရ တစ်ချိန်လုံးခေါင်းငုံ့အလုပ်လုပ်လာတဲ့ ဘီလ်ဂိတ်စ် ဟာ လက်ထပ်ဖို့ဖြစ်လာတယ်။ ( ၁၉၉၄ ) နှစ်ဆန်းတစ်ရက်နေ့မှာ တွဲတစ်ချီ ခွာတစ်လှည့်ဖြစ်နေတဲ့ ဘီလ်ဂိတ်စ် နဲ့  မယ်လင်ဒါ တို့ ကြီးကျယ်ခန်းနား အကုန်အကျများပြားစွာ လက်ထပ်ခဲ့ကြတယ်။ နောက် ( ၆ ) လ အကြာမှာတော့ ရင်သားကင်ဆာရောဂါနဲ့ အမေအို ကွယ်လွန်အနိစ္စရောက်ပါတယ်။
.
.
အမေရိကန်ဆော့ဝဲလ်လောကကိုလက်ဝါးကြီးအုပ်တာအားမရလို့ ဘီလ်ဂိတ်စ် ဟာ သူ့ရုံးဝန်ထမ်းတွေပေါ်မှာလည်း လက်ဝါးကြီးအုပ်ပါတယ်။ အဲဒါကတော့ ( ၁၉၉ဝ ) ပြည့်လွန်နှစ်တွေမှာ တစ်ရက်ထက်တစ်ရက် သုံးစွဲသူတစ်လှိမ့်လှိမ့်တက်လာတဲ့ “ အင်တာနက်သုံးစွဲမှုလှိုင်း - Internet ” ကို အာရုံမရပဲ အလုပ်ရှုတ်နေခဲ့တာပါ။
.
ပိုဆိုးတာက သူ့ရုံးမှာ မြန်မာနိုင်ငံမှာလို စီစစ်ထားတဲ့ Intranet ကို တင်ထားပေးပြီး ဘယ်ဝန်ထမ်းမှ အပြင်အင်တာနက်မသုံးရပါဘူး။ အကြောင်းပြချက်ကတော့ ပြိုင်ဘက်ကုမ္ပဏီတွေက သူတို့အင်တာနက်ထဲဝင်ပြီး စီးပွားရေးလျို့ဝှက်ချက်တွေ မပေါက်ကြားအောင်လို့ဆိုတာ ဖတ်ရပါတယ်။ ဒါကြောင့် သူ့အလုပ်လုပ်တဲ့ဝန်ထမ်းတွေက အင်တာနက်အချက်အလက်တွေလိုချင်ရင် အလုပ်မလာခင်သူတို့အိမ်ကအင်တာနက်မှာ လိုတာတွေ ကြိုရှာခဲ့ရပါတယ်။
.
အဲဒီရဲ့အကျိုးဆက်အနေနဲ့ သူများနောက်က တကူးတကပြန်လိုက်ရတဲ့ IE – Internet Explorer ဘရောက်ဆာ နဲ့ အွန်လိုင်းစာမျက်နှာ MSN – Microsoft Network တို့ဟာ အောင်မြင်မှုအရှိန်အဝါ မှေးမှိန်ခဲ့တယ်။
.
.
ဘီလ်ဂိတ်စ် နဲ့ ပန်းသီးတည်ထောင်သူ စတိဗ်ဂျော့ခ်ျ တို့ဟာ အင်မတန်ခင်တဲ့သူငယ်ချင်းတွေဖြစ်သလို မျှဝေမျှစား ငယ်ပေါင်းကြီးဖော်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် စီးပွားရေးလုပ်တဲ့အခါ ငွေမျက်နှာမြင်လာတဲ့အခါမှာတော့ ( အမေရိကားမှာတော့ မူပိုင်ခွင့်ဟာ ငွေဖြစ်ပါတယ် ) သူငယ်ချင်းဖြစ်ဖြစ် ဘာဖြစ်ဖြစ် လုပ်ငန်းချင်းတူရင် ပြိုင်ဘက်ဖြစ်လာတာပါပဲ။
.
.
အတိုချုပ်ပြောရရင်  Windows ထဲက Recycle Bin တို့၊ Control Panel တို့ကို အလွယ်တကူမြင်နိုင်တဲ့ Icon လေးထောင့်အကွက်လေးဟာ ဘီလ်ဂိတ်စ်လက်ထွက်တီထွင်မှု မဟုတ်ပါဘူး .. Xerox ကုမၸဏီပိုင္ျဖစ္ျပီး စတိဗ္ေဂ်ာ႕ခ်္က အဆင္႕ျမင္႕တင္ခဲ႕တာပါ။
.
.
စတိဗ်ဂျော့ခ်ျ ရဲ့ မအောင်မြင်သေးတဲ့နေ့ရက်များအတွင်း လုပ်ရင်းကိုင်ရင်း ဘီလ်ဂိတ်စ် ယူသုံးနိုင်တယ်လို့ ပါးစပ်နဲ့ခွင့်ပြုခဲ့ရာက နေ့မခြား ညမခြား ဝင်းဒိုးက အောင်မြင်လာတော့ စတိဂျော့ခ်ျ က ဆက်မသုံးဖို့ ဟန့်တားခဲ့တယ်။ အရှိန်နည်းနည်းလွန်လာတဲ့ ဘီလ်ဂိတ်စ် ကြောင့် သူတို့သူငယ်ချင်းနှစ်ယောက်ရဲ့အခြေအနေက လိပ်ခဲတည်းလည်း ဖြစ်လာပါတယ်။
.
ဒါကြောင့် စတိဂျော့ခ်ျဘက်က တရားစွဲဖို့ ရှေ့နေ ရှေ့ရပ်နဲ့လုပ်နေသံလည်းကြားရော ဘီလ်ဂိတ်စ် က ကိစ္စတစ်ခုကို အမြန်ထလုပ်ပါတယ်။ အဲဒါကတော့ မကျရှူံးဖို့အတော်ရုန်းကန်နေရတဲ့ Apple ရဲ့ စတော့ရှယ်ယာ ( NYSE: AAPL ) ကို ဒေါ်လာ သန်း ( ၁၅ဝ ) ဖိုး ဝယ်ပြီး ပါးစပ်ပိတ်လိုက်တာပါပဲ..။
.
.
ဘီလ်ဂိတ်စ် နဲ့ အတူတူထူထောင်ခဲ့ကြတဲ့သူငယ်ချင်းတွေ၊ ပထမဦးပိုင်းကုမ္ပဏီတည်ထောင်တုန်းကပါခဲ့သူတွေ၊ အတူတူကုန်းကုန်းထထ မျှဝေခဲ့သူတွေဟာ ကုမ္ပဏီကိုအများပိုင်အစုရှယ်ယာ - IPO ( Initial Public Offering ) ထုတ်ရောင်းလိုက်တဲ့အခါ အုပ်စုဝင်အသီးသီး သန်းကြွယ်သူဋ္ဌေးတွေ နေ့ချင်းညချင်းဖြစ်ခဲ့ကြပါတယ်။ တစ်ဆက်တည်းမှာ ကမ္ဘာ့ငွေထုတ်ကြီးပေါ်တက်ထိုင်နေတဲ့ဘီလ်ဂိတ်စ်တစ်ယောက် သူ့ပိုင်ဆိုင်မှုတွေကိုဘယ်လိုသုံးစွဲသလဲဆိုတာ လူအများက စိတ်ဝင်စားကြပါတယ်။
.
အမှန်တကယ်လည်း သူတို့တစ်တွေ တစ်ယောက်ချင်းစီ၊ အစုစပ်၊ အဖွဲ့အစည်းဖောင်ဒေးရှင်းအလိုက် ပရဟိတငွေလှူကြတယ်။ အများပြောကြသလို ဘီလ်ဂိတ်စ် ဟာ ငွေဘယ်လောက်များများကို ဘယ်နေရာမှာလှူသွားတယ်ဆိုတာ ကြားနေကျမို့လို့ အဆန်းမဟုတ်တော့ပါဘူး။
.
.
ဒါပေမယ့် ပေါလ်အယ်လန် - Paul Allen နဲ့ ဘီလ်ဂိတ်စ် တို့ ပူးပေါင်းလှူထားတဲ့ Lakeside က သိပ္ပွံဋ္ဌာန - Science Center ရဲ့ နာမယ်ကို Allen/Gates Science Center လို့ ခေါ်တွင်စေပါတယ်။ ဒီနေရာမှာ ကမ္ဘာ့အချမ်းသာဆုံးဖြစ်လျက်နဲ့ ဘီလ်ဂိတ်စ်ရဲ့နာမယ်က ဘာလို့အရှေ့ကမတပ်သလဲဆိုတာ မေးစရာရှိပါတယ်။
.
အကြောင်းကတော့ ကုမ္ပဏီကိုအတူတူထူထောင်ခဲ့ကြတဲ့သူငယ်ချင်းများပီပီ သူ နဲ့  ပေါလ်အယ်လန် တို့ ခေါင်းပန်းလှန်ကြတာမှာ ဘီလ်ဂိတ်စ် က ရှုံးသွားလို့ပါတဲ့..။
.
.
နောက် ( ၁၅ ) နှစ်အတွင်းမှာ ..
.
1.. Speech Recognition
.
2.. Natural-Language Understanding
.
3.. Automatic Learning
.
4.. Flat-Screen Displays
.
5.. Optic Fiber
.
6.. The Continuation of Moore’s Law ( which states that computers will double in power and speed about every eighteen months ) စတာတွေ ဖြစ်လာမယ်လို့ ဟောကိန်းထုတ်ခဲ့တာကို နည်းပညာတတ်ကျွမ်းသူတွေ နဲ့ စာနယ်ဇင်းတွေက ရေးပြကြိမ်များလေတော့ မှန်မမှန်ဆိုတာကို စာဖတ်သူများအကဲဖြတ်ပေးနိုင်ပါတယ်။ ( အရသာပျက်မှာစိုးလို့ မြန်မာလိုမပြန်တော့ပါ )
.
.
သေသေချာချာသုံးသပ်ရရင် ဘီလ်ဂိတ်စ် ကို စာဖတ်သူတို့ ဘယ်လိုမြင်ပါသလဲ?
.
ကျွန်တော့လို ဘာမှမဟုတ်တဲ့ စာတိုမုတ်စလေးရေးတဲ့သူက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ကို ဝေဖန်ဖို့ရာ အဆင့်မမှီဘူးလို့ဝန်ခံပါတယ်။ ဒါကြောင့် သူ့ကို အချမ်းသာဆုံးပုဂ္ဂိုလ် လို့ပဲ အရှိကိုအရှိအတိုင်း ရိုးရိုးလေးမြင်ပါတယ်။
.
သို့သော်လည်း “ ဇာတ်သမားလာရင် မှတ်သားစရာပါရမယ် ” ဆိုတဲ့စကားကို ပုံတူကိုးကားပြီးပြောရရင် သူ့အကြောင်းရေးထားတဲ့စာကို အင်္ဂလိပ်လိုဖတ်ရတာ မြန်မာပြန်ဖတ်ရတာနဲ့မတူပါဘူး။ တစ်ဖက်မျက်လုံးကဖတ်တဲ့စာလုံး နောက်မျက်လုံးတစ်ဖက်မရောက်မှီအရောင်လွင့်သွားတတ်သလို ရင်ဘတ်ကိုတန်းကနဲလာရိုက်တဲ့စာလုံးတွေလည်း နှလုံးသားနဲ့အပြည့်ပါပဲ။
.
.
ဆက်စပ်ပြီးပြောရရင် ဘီလ်ဂိတ်စ် ချမ်းသာတာ “ တော်လို့ ” ဆိုတာရဲ့နောက်ကွယ်မှာ လောကကြီးကိုမျက်မှန်တပ်ကြည့်တဲ့သူ့အမြင်တွေက အရောင်အသွေးစုံလှတယ်။ မတူကွဲပြားလှတယ်။ ထူးခြားလှတယ်။ ရှေ့အနာဂါတ်ကို ဟောကိန်းထုတ်နိုင်စွမ်းတယ်။
.
ပညာတော်နေရုံနဲ့ မချမ်းသာပါဘူး။ ပိုက်ဆံများများရအောင်ပညာတတ်မှ ချမ်းသာမှာဖြစ်ပါတယ်။ အဆိုပါပညာရောင်စုံတတ်မြောက်တဲ့အခါ ငွေက သူ့အလိုလိုလိုက်လာပါတယ်။ နောက်တစ်ခုက ကိုယ်တတ်ထားတဲ့ပညာအရာမှာ ထိပ်ဆုံးအထိတက်လှမ်းနိုင်ရင်လည်း ချမ်းသာနိုင်တာပါပဲ။ ဒါပေမယ့် အဲဒီအရည်အချင်းအားလုံးကို သူ့နေရာနဲ့သူ ပေါင်းစပ်တတ်ဖို့လိုတယ်။
.
ဘီလ်ဂိတ်စ် မှာ အဲဒီအရည်အချင်းတွေ အလွှာလိုက်တွေ့ရတယ်။ အပေါ်ကရေးခဲ့သမျှ ကောင်းသည် ဆိုးသည် အားလုံးကို မှန်ကန်ကြောင်းထောက်ပြသွားတဲ့ ဘီလ်ဂိတ်စ် ရဲ့ စကားတစ်ခွန်းထဲနဲ့တင် ကျွန်တော် တော်တော်တုန်လှုပ်မိပါတယ်။ အဲဒါကတော့ …
.
စီးပွားရေးဘက်မှာနားမလည်ဘူးလို့ ကျွန်တော့ကိုယ်ကျွန်တော် အမြဲမှတ်ထားတယ်။ အများဆုံးရှိလှ ကျွန်တော့အတွေးတွေရဲ့ ( ၁ဝ% ) လောက်ပဲ စီးပွားရေးဘက်ကိုရောက်သွားကြတယ် ”
.
ဒါပေမယ့် သချာၤအရာမှာ ခင်များသိပ်တော်ရင်တော့ စီးပွားရေးကို အလိုလိုနားလည်သွားလိမ့်မယ် ” ဆိုတဲ့ စကားပါပဲ..။
.
.
စာကြွင်း ။။။။။။။။။။ ဘီလ်ဂိတ်စ် ဟာ တက်ခဲ့လေသမျှအတန်းများ၏ သချာၤဘာသာရပ်တို့တွင် ( တော်တော်များများ ) အမှတ်ပြည့်ရသူဟူ၍ ဖတ်ရှုရပါသည်။
.
ဝန်ခံချက် ။။။။။။။။။။ စာမျက်နှာ (  ၁၂၇ ) မျက်နှာရှိ People in the News: Bill Gates စာအုပ်ကို “ စွမ်း ” သွားငှားနေကျ စာကြည့်တိုက်မှ ငှားရမ်းဖတ်ရှုခဲ့ပါသည်။
.
ပြီးပါပြီ
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
.
09-04-2016









No comments: