ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး) |
ကြ်န္ေတာ္ငယ္ငယ္က စာေရးတာကိုမႏွစ္သက္ဘူး။
ေက်ာင္းစာေတြလုိက္ကူးရင္း လက္ေရးမၾကိဳက္ၾကိဳက္ေအာင္ျပင္ေနတာကုိက (၄) ႏွစ္ေလာက္ၾကာတယ္။
ေကာလိပ္ေရာက္တဲ႕အထိ လက္ေရးကိုျပင္ေကာင္းတုန္း ထြင္ေကာင္းတုန္း။ ေဘာပင္နဲ႕ ေဖာင္တိန္နဲ႕က
အခု ေဇာ္ဂ်ီနဲ႕ ယူနီကုဒ္ ဖ်င္ခ်င္းေဆာင္႕ေနတဲ႕ပဋိပကၡထက္ဆိုးတယ္ . . ေရြးရတာ . . ေရြးေနရတာ။
တကယ္ေျပာတာပါ။ စာေရးသူတစ္ေယာက္ျဖစ္မယ္လို႕ ကြ်န္ေတာ္ဘယ္တုန္းကမွထင္မထားခဲ႕ဘူး။ တကယ္ျဖစ္ခ်င္တာက ဂီတကိုျမတ္ႏိုးသူ၊ ႏွလံုးသားနဲ႕တီးခတ္သူ၊ တိမ္လႊာပြင္႕ေတြၾကား ဖမ္းကစားဖို႕ လမ္းသလားရင္း ေတးသြားေလးေတြဖန္တီးသူ၊ "ပင္လယ္လိႈင္းခတ္သံေတြၾကားက ေက်ာက္ေဆာင္ရိုက္သံေလးကိုထည္႕ေရးစမ္းပါ" လို႕ အုိေအစစ္စတူဒီယိုမွာ ဦးေက်ာ္ဟိန္းက အဆုိေတာ္ ေတးေရးဆရာကိုေဒဗီကုိေျပာလုိက္သလို ေရးဖြဲ႕ခ်င္ခဲ႕သူ။ တကယ္ျဖစ္လာတဲ႕ဘဝက . .စာေရးသူတစ္ေယာက္။
"ဒီဘဝကိုမေက်နပ္ရင္ ေဘးထြက္ထိုင္လုိက္ပါ . . Facebook မွာ လူတစ္ေယာက္ေလ်ာ႕လို႕ဘာမွမျဖစ္သြားဘူး" ဒါက လူတကာေျပာတဲ႕စကား။ ေနာက္ဆံုးထြက္တဲ႕ရထားမို႕လို႕ လူမရွိတဲ႕ အေမွာင္ကမၻာဒီဘူတာထဲမွာ က်န္ေနခဲ႕လုိ႕ဘယ္ျဖစ္ပါ႕မလဲ။ ကြ်န္ေတာ္စာေရးတဲ႕ပလက္ေဖာင္းေတြအေၾကာင္း ဒီကေနေျပာျပမယ္။ အနည္းငယ္ရႈတ္ေထြးေပမယ္႕ ေပြလီေထြလာ ဝဂၤဘာလုိေတာ႕မျဖစ္ေအာင္ေတာ႕ ရွင္းျပၾကည္႕ပါမယ္။
ေနာက္ေတာ႕ အဂၤလိပ္စာသင္တဲ႕ Speaking ေခတ္ေရာက္ေတာ႕ လူက ၾကိဳးမဲ႕ - Cordless ဖုန္းေလးတစ္လံုးနဲ႕ အိပ္ေဆာင္စာအုပ္ေတြ နဲ႕ ခါးၾကားထိုးလို႕ရတဲ႕စာအုပ္ေတြေပၚမွာ အကုန္ေလွ်ာက္ေရးတယ္။ ဆရာသင္ေပးတဲ႕ အဂၤလိပ္မီးနင္းေတြ၊ ဝါက် Sentence ေတြ၊ Phrase ေတြ၊ Clause ေတြ အကုန္ခ်ေရးထားတဲ႕ကြ်န္ေတာ႕စာေတြျပန္ဖတ္ၾကည္႕ေတာ႕ တကယ္ တကယ္ပါ . . တစ္လံုးမွေခါင္းထဲမွာမမွတ္မိဘူး။
မွတ္ဥာဏ္အားနည္းမႈတစ္ခုကုိအေၾကာင္းျပဳလို႕ ဒီဘက္ႏုိ္္င္ငံလာခါနီး ဆရာဦးထြန္းေအာင္ေက်ာ္ (ကြယ္လြန္) ရဲ႕ အဂၤလိပ္သင္တန္းတက္ေတာ႕ ဘာမွလိုက္မမွတ္လို႕ ကိုယ္႕တူ တူမအရြယ္အတန္းေဖာ္ေတြက ေမးေငါ႕ၾကတယ္။ အမွန္ ကိုယ္က အဂၤလိပ္စာကို တစ္ထုိင္တည္းမွတ္ႏုိင္ရင္မွတ္ မမွတ္ႏုိင္ရင္ လက္ေတြ႕ထဲမွာခ်ေရး ခ်ေျပာလုပ္၊ မလုပ္ႏုိင္ရင္မမွတ္ႏုိင္ေတာ႕တာေၾကာင္႕ တစ္ခါတည္းကိုေမ႕ပစ္လိုက္တာ။ အက္ေဆးတင္ေတာ႕ ေရးထားတဲ႕စာအုပ္မပါပဲ ပါးစပ္ကရြတ္ျပလို႕ သူတုိ႕က တစ္မ်ိဳးထင္ၾကတယ္။ အဲဒီကတည္းက တစ္ခုမွတ္ထားတာရွိတယ္။ စာကုိစိတ္နဲ႕ေရးလို႕ရတယ္ ဆိုတာကုိ . .။
ေနာက္ပိုင္းကြန္ပ်ဴတာစကိုင္တဲ႕အခ်ိန္မွာ ကြ်န္္ေတာ႕လက္ေရးေတြဟာ Matrix 19 ဆိုိတဲ႕ေဖာင္႕နဲ႕ လက္ေရးလွလာတယ္ေပါ႕ဗ်ာ။ တိုတုိေျပာရရင္ ေစ်းေရာင္းသမွ်ေဗာက္ခ်ာ၊ မွတ္ထားသမွ်ကုန္လက္က်န္စာရင္း၊ စုေပါင္းခ်ဳပ္သမွ်စာရင္းဇယားေတြအားလံုး လက္ေရးနဲ႕ေရးစရာမလိုပဲ အဲဒီကေန ျမန္မာစာရိုက္တာ ကြ်မ္းက်င္လာတယ္။ ဖုန္းေခတ္မဟုတ္ေသးေတာ႕ ျမန္မာေဖာင္႕ရတဲ႕စက္ဆိုရင္ အင္တာနက္ကေဖးကကြန္ပ်ဴတာနဲ႕ အေမရိကားကအစ္မကုိဝယ္ခိုင္းလုိက္တဲ႕လက္ေတာ႕တစ္လံုးဟာ ေတာင္ၾကီးေစ်းထဲမွာကြ်န္ေတာ္စကိုင္တာေပါ႕။
ဖုန္းေပါတဲ႕ေခတ္ အင္တာနက္ေခတ္ Facebook ေခတ္ေရာက္ေတာ႕ ျမန္မာစာမွန္တယ္ မမွန္ဘူးဆိုတဲ႕ ျပည္တြင္းစစ္ၾကားမွာ ကြ်န္ေတာ္စာစေရးခဲ႕တယ္္။ ဟုိဟာေလး ဒီဟာေလးကေန (၂ဝ၁၃) မွာ ဂ်ာနယ္တိုက္မွာ ေဆာင္းပါးစပါတဲ႕အခါ ရွမ္းရိုးရာမီးရွဴးၾကီးလႊတ္သလို ေန႕ညမျခား တဖြားဖြား စာလႊာပါးလို႕ မရပ္မနား ဆက္တုိက္စာေရးလာတယ္။ ေရးေနရရင္ေပ်ာ္ေနသလို ေလာက နဲ႕ ေသာကတို႕ကုိ အကုန္ေမ႕ျပီး ေမာဟကမၻာထဲကုိ ေျပာျပလို႕ ေဝဒနာကိုအေျဖမပါရေလာက္ေအာင္ နစ္မြန္းျပီး ကီးဘုတ္ကုိတစ္ေဖ်ာက္ေဖ်ာက္ရုိက္ေနခဲ႕တယ္။
စမတ္ဖံုးေတြစေခတ္ေကာင္းေတာ႕ အုိင္ဖုန္းမွာစာေရးတယ္။ ေနာက္ပိုင္း ဆမ္ေဆာင္းဖုန္းေျပာင္းသံုးေတာ႕ ကီးဘုတ္သံုးရတာလြယ္လာတယ္။ ေရွာ႕ပင္းေမာေတြသြားရင္ လက္ေတာ႕ယူသြားတယ္။ အိုင္ဖက္ေပၚမွာ ကီးဘုတ္သြင္းတယ္။ လက္ကိုင္ဖုန္းေပၚကကီးဘုတ္ကေသးေတာ႕ စာရုိက္ရတာလက္မသြက္လို႕ စိတ္ကူးမိသမွ်ကုိ အသံဖိုင္နဲ႕သြင္းထားတယ္။ ကားေမာင္းေနရင္း ေရဒီယိုနားေထာင္ရင္း မရွင္းတာကို ဖုန္းထဲက Google Assistant ကုိ ေအာ္ေမးတယ္။ မီးပြြိဳင္႕မွာကားေစာင္႕ရင္း စိတ္ကူးထားသမွ်ေမ႕သြားမွာစိုးလုိ႕ အတုိေကာက္ေလးေကာက္ရိုက္လိုက္ Comment ေတြေမးလာသမွ်ျပန္လိုက္နဲ႕ ကားေမာင္းရင္းစာေရးတယ္။
ေနာက္ပို္င္း ကြန္ပ်ဴတာက လူၾကားထဲယူသြားရတာမလြယ္ေတာ႕ ေခါက္လို႕ရတဲ႕ၾကိဳးမဲ႕ကီးဘုတ္ပါးပါးေလးနဲ႕စာရုိက္တယ္။ ဖုန္းကိုေထာင္ျပီးစာရိုက္သမွ် လက္ကမလိုက္ႏုိင္။ အားတဲ႕အခ်ိန္ထြက္လာတဲ႕စိတ္ကူးက ဆန္းက်ယ္သေလာက္ ကာရံေတြ နေဘေတြက စိတ္ေလလိႈင္းနဲ႕ရုိင္းပင္းကူညီရင္း တူညီမွ်တစာေရးတဲ႕ခဏေလးမွာ မဆန္းမၾကယ္ေပမယ္႕ ဘဝလမ္းအလည္မွာတစ္ေယာက္တည္းဆိုတဲ႕ခံစားခ်က္မ်ိဳးကို မၾကာခဏရလာတယ္။
ဘယ္လုိပင္နည္းပညာေတြေျပာင္းေစကာမူ ကြ်န္ေတာ္ဟာ ကြန္ပ်ဴတာနဲ႕စာေရးတာကိုခံုမင္ႏွစ္သက္တယ္။ ဒီေနရာကေနရိုက္လိုက္တဲ႕စာကို ေနာက္တစ္ေနရာေရာက္ရင္ဖတ္ႏုိင္ဖို႕ ကြ်န္ေတာ္႕အီးေမးလ္ကို ကြ်န္ေတာ္ျပန္ပို႕တယ္။ ျပန္လည္တည္းျဖတ္ရတာခက္ခဲတာနဲ႕ မူရင္းဖိုင္ကိုျပန္ရွာရခက္ေနခ်ိန္မွာ မိုးတိမ္ ဆုိတဲ႕ Cloud နည္းပညာေပၚလာတယ္။ ဒါေၾကာင္႕ ဒီပလက္ေဖာင္းေပၚမွာ အေျခခိုင္ျပီး အျမဲ ေဖာင္႕အမွန္ျပႏိုင္တဲ႕ Google Drive မွာ စာေတြတက္သိမ္းဆည္းတယ္။
မိတ္ေဆြတစ္ခ်ိဳ႕က အုိင္ဖက္ နဲ႕ ကီးဘုတ္တြဲျပီးရုိက္တာ အင္မတန္ပနံရတာသိရေပမယ္႕ ကြ်န္ေတာ္နဲ႕ iOS က ေရစက္နည္းတယ္ဆိုရမလိုျဖစ္ေနတယ္။ ဒါတင္ဘယ္ကဦးမလဲ . . ကြ်န္ပ်ဴတာနဲ႕ဆို Microsoft Word နဲ႕ေရးျပီး တစ္ျခားဘယ္ကိရိယာေပၚမွ ျပန္တည္းျဖတ္၊ ျဖည္႕စြက္၊ စာလံုးတုိး စာလံုးေလွ်ာ႕လုပ္မရျဖစ္ေနတုန္း ကံေကာင္းေထာက္မစြာ Google Keep ကိုေတြ႕မိတယ္။
ေဆာင္းပါးေတြ အပုဒ္ေရမ်ားလာသလို ကြန္ပ်ဴတာေတြေျပာင္းသံုးမိတဲ႕အခါ ဖိုင္ေတြက လိုခ်င္ရင္ ရွာမရျဖစ္ရျပန္တယ္။ ဒါေၾကာင္႕ Google Drive ကေန ျပန္ဆြဲခ်ျပီး Google Doc နဲ႕ ျပန္တည္းျဖတ္တယ္ . . ဖိုင္အသစ္ျပန္သိမ္းတယ္ . . စာမူတိုက္ကို Word ဖိုင္နဲ႕ပို႕ေပးလုိက္တယ္။ ဒီေနာက္မွာေတာ႕ စာေတြဘယ္နားေရးေရး အျမဲျပန္ရွာႏုိင္မယ္႕နည္းလမ္းကို အေသးစိတ္ေလ႕လာမိလာတယ္။
အခုေနာက္ပိုင္း Microsoft Office လုိင္စင္က ဂဏန္းမ်ားစြာပါတဲ႕ Product Key ဝယ္ရတာမဟုတ္ေတာ႕ပဲ သံုးစြဲသူရဲ႕ User Name နဲ႕ Password နဲ႕သြားတဲ႕အခါ ကိုယ္ေရာက္တဲ႕ေနရာကကြန္ပ်ဴတာမွာျပန္ဖြင္႕လို႕ရေအာင္ မူလကြန္ပ်ဴတာကေန Share လုပ္ထားလို႕ရတာသိလာတယ္။ Microsoft ရဲ႕ လုိင္စင္ေၾကးကို သူ႕တရားဝင္စာမ်က္ႏွာမွာလို (၉၉) ေဒၚလာထက္ အဆေပါင္းမ်ားစြာသက္သာေအာင္ပါ ဝယ္တတ္လာတယ္။
ဒါေတြသိလာမွေတာ႕ လက္ညွိဳးညႊန္ရာ စာျဖစ္ေတာ႕တာေပါ႕ . . မဆန္းေတာ႕ပါဘူး။ အရင္လို စိတ္ကူးနဲ႕သိမ္းထားရတဲ႕ မုိးတိမ္ထဲကအေတြးေတြ၊ လိုင္စင္ၾကားမွာေခ်ာင္ထုိးထားရတဲ႕ Subscription အေတြးအျမင္ေတြ၊ ဖုန္း (၂) လံုးၾကားဗ်ာမ်ားရတဲ႕သံုးစြဲသူတစ္ေယာက္ရဲ႕ ႏႈတ္ကဖြင္႕မခ်ႏုိင္တဲ႕ သံေဝဂေတြအျပင္ တစ္ဆင္႕စကားတစ္ဆင္႕ၾကားတာထက္ သခင္႕အနားကတစ္ဖဝါးမွမခြာခ်င္တဲ႕ ေမာင္ၾကီးတစ္ေယာက္ေတာ႕ အိမ္ထဲမွာျမဲလို႕ အခ်စ္ကေလးနားကေနမခြဲပဲ လက္ေတာ႕ေလးစြဲလို႕ စာေရးျမဲ စာေရးေနပါတယ္ဆိုတဲ႕အေၾကာင္း ေဖာက္သည္ခ်လိုက္ပါတယ္။
ခင္လ်က္
ကုိညီညီ (ေတာင္ၾကီး)
12-20-2018
Unicode Version:
"မရေးရင်မနေနိုင်တာကလွဲလို့"
ကျွန်တော်ငယ်ငယ်က စာရေးတာကိုမနှစ်သက်ဘူး။ ကျောင်းစာတွေလိုက်ကူးရင်း လက်ရေးမကြိုက်ကြိုက်အောင်ပြင်နေတာကိုက
(၄) နှစ်လောက်ကြာတယ်။ ကောလိပ်ရောက်တဲ့အထိ
လက်ရေးကိုပြင်ကောင်းတုန်း ထွင်ကောင်းတုန်း။ ဘောပင်နဲ့ ဖောင်တိန်နဲ့က အခု ဇော်ဂျီနဲ့
ယူနီကုဒ် ဖျင်ချင်းဆောင့်နေတဲ့ပဋိပက္ခထက်ဆိုးတယ် . . ရွေးရတာ . . ရွေးနေရတာ။
တကယ်ပြောတာပါ။ စာရေးသူတစ်ယောက်ဖြစ်မယ်လို့
ကျွန်တော်ဘယ်တုန်းကမှထင်မထားခဲ့ဘူး။ တကယ်ဖြစ်ချင်တာက ဂီတကိုမြတ်နိုးသူ၊
နှလုံးသားနဲ့တီးခတ်သူ၊ တိမ်လွှာပွင့်တွေကြား ဖမ်းကစားဖို့ လမ်းသလားရင်း တေးသွားလေးတွေဖန်တီးသူ၊
"ပင်လယ်လှိုင်းခတ်သံတွေကြားက ကျောက်ဆောင်ရိုက်သံလေးကိုထည့်ရေးစမ်းပါ"
လို့ အိုအေစစ်စတူဒီယိုမှာ ဦးကျော်ဟိန်းက အဆိုတော် တေးရေးဆရာကိုဒေဗီကိုပြောလိုက်သလို
ရေးဖွဲ့ချင်ခဲ့သူ။ တကယ်ဖြစ်လာတဲ့ဘဝက . .စာရေးသူတစ်ယောက်။
"ဒီဘဝကိုမကျေနပ်ရင် ဘေးထွက်ထိုင်လိုက်ပါ
. . Facebook မှာ လူတစ်ယောက်လျော့လို့ဘာမှမဖြစ်သွားဘူး" ဒါက လူတကာပြောတဲ့စကား။ နောက်ဆုံးထွက်တဲ့ရထားမို့လို့
လူမရှိတဲ့ အမှောင်ကမ္ဘာဒီဘူတာထဲမှာ ကျန်နေခဲ့လို့ဘယ်ဖြစ်ပါ့မလဲ။ ကျွန်တော်စာရေးတဲ့ပလက်ဖောင်းတွေအကြောင်း
ဒီကနေပြောပြမယ်။ အနည်းငယ်ရှုတ်ထွေးပေမယ့် ပွေလီထွေလာ ဝင်္ဂဘာလိုတော့မဖြစ်အောင်တော့
ရှင်းပြကြည့်ပါမယ်။
ကွန်ပျူတာကိုမသိခင်က စာအုပ်ထဲမှာ၊ စာအုပ်တောင်မှ
(၂) ကြောင်းမျဉ်းမဟုတ်ဘူး . . ဗြောင်စာအုပ်ကို စိုးရာဇာပုံနှိပ်တိုက်က သတ်သတ်ဝယ်ပြီးရေးတာ။ တစ်ကြောင်းရေးလိုက် တစ်မျက်နှာဖြတ်ထုတ်လိုက်နဲ့ ကိုယ်အင်္ဂါမစုံတဲ့ ဗြောင်ဗလာစာအုပ်တွေ ကျွန်တော့မှာအများကြီးကျန်ခဲ့တယ်။
နောက်တော့ အင်္ဂလိပ်စာသင်တဲ့ Speaking ခေတ်ရောက်တော့
လူက ကြိုးမဲ့ - Cordless ဖုန်းလေးတစ်လုံးနဲ့ အိပ်ဆောင်စာအုပ်တွေ နဲ့ ခါးကြားထိုးလို့ရတဲ့စာအုပ်တွေပေါ်မှာ အကုန်လျှောက်ရေးတယ်။ ဆရာသင်ပေးတဲ့ အင်္ဂလိပ်မီးနင်းတွေ၊
ဝါကျ Sentence တွေ၊ Phrase တွေ၊ Clause တွေ အကုန်ချရေးထားတဲ့ကျွန်တော့စာတွေပြန်ဖတ်ကြည့်တော့
တကယ် တကယ်ပါ . . တစ်လုံးမှခေါင်းထဲမှာမမှတ်မိဘူး။
မှတ်ဉာဏ်အားနည်းမှုတစ်ခုကိုအကြောင်းပြုလို့ ဒီဘက်နို််င်ငံလာခါနီး ဆရာဦးထွန်းအောင်ကျော်
(ကွယ်လွန်) ရဲ့ အင်္ဂလိပ်သင်တန်းတက်တော့ ဘာမှလိုက်မမှတ်လို့
ကိုယ့်တူ တူမအရွယ်အတန်းဖော်တွေက မေးငေါ့ကြတယ်။ အမှန် ကိုယ်က အင်္ဂလိပ်စာကို တစ်ထိုင်တည်းမှတ်နိုင်ရင်မှတ် မမှတ်နိုင်ရင်
လက်တွေ့ထဲမှာချရေး ချပြောလုပ်၊ မလုပ်နိုင်ရင်မမှတ်နိုင်တော့တာကြောင့် တစ်ခါတည်းကိုမေ့ပစ်လိုက်တာ။ အက်ဆေးတင်တော့
ရေးထားတဲ့စာအုပ်မပါပဲ ပါးစပ်ကရွတ်ပြလို့ သူတို့က တစ်မျိုးထင်ကြတယ်။ အဲဒီကတည်းက တစ်ခုမှတ်ထားတာရှိတယ်။ စာကိုစိတ်နဲ့ရေးလို့ရတယ် ဆိုတာကို
. .။
နောက်ပိုင်းကွန်ပျူတာစကိုင်တဲ့အချိန်မှာ ကျွန််တော့လက်ရေးတွေဟာ Matrix 19 ဆိိုတဲ့ဖောင့်နဲ့ လက်ရေးလှလာတယ်ပေါ့ဗျာ။ တိုတိုပြောရရင် စျေးရောင်းသမျှဗောက်ချာ၊ မှတ်ထားသမျှကုန်လက်ကျန်စာရင်း၊
စုပေါင်းချုပ်သမျှစာရင်းဇယားတွေအားလုံး လက်ရေးနဲ့ရေးစရာမလိုပဲ
အဲဒီကနေ မြန်မာစာရိုက်တာ ကျွမ်းကျင်လာတယ်။ ဖုန်းခေတ်မဟုတ်သေးတော့ မြန်မာဖောင့်ရတဲ့စက်ဆိုရင်
အင်တာနက်ကဖေးကကွန်ပျူတာနဲ့ အမေရိကားကအစ်မကိုဝယ်ခိုင်းလိုက်တဲ့လက်တော့တစ်လုံးဟာ တောင်ကြီးစျေးထဲမှာကျွန်တော်စကိုင်တာပေါ့။
ဖုန်းပေါတဲ့ခေတ် အင်တာနက်ခေတ် Facebook ခေတ်ရောက်တော့
မြန်မာစာမှန်တယ် မမှန်ဘူးဆိုတဲ့
ပြည်တွင်းစစ်ကြားမှာ ကျွန်တော်စာစရေးခဲ့တယ််။ ဟိုဟာလေး
ဒီဟာလေးကနေ (၂ဝ၁၃) မှာ ဂျာနယ်တိုက်မှာ ဆောင်းပါးစပါတဲ့အခါ ရှမ်းရိုးရာမီးရှူးကြီးလွှတ်သလို နေ့ညမခြား တဖွားဖွား စာလွှာပါးလို့ မရပ်မနား ဆက်တိုက်စာရေးလာတယ်။ ရေးနေရရင်ပျော်နေသလို လောက
နဲ့ သောကတို့ကို အကုန်မေ့ပြီး မောဟကမ္ဘာထဲကို ပြောပြလို့ ဝေဒနာကိုအဖြေမပါရလောက်အောင်
နစ်မွန်းပြီး ကီးဘုတ်ကိုတစ်ဖျောက်ဖျောက်ရိုက်နေခဲ့တယ်။
စမတ်ဖုံးတွေစခေတ်ကောင်းတော့ အိုင်ဖုန်းမှာစာရေးတယ်။ နောက်ပိုင်း ဆမ်ဆောင်းဖုန်းပြောင်းသုံးတော့ ကီးဘုတ်သုံးရတာလွယ်လာတယ်။
ရှော့ပင်းမောတွေသွားရင် လက်တော့ယူသွားတယ်။
အိုင်ဖက်ပေါ်မှာ ကီးဘုတ်သွင်းတယ်။ လက်ကိုင်ဖုန်းပေါ်ကကီးဘုတ်ကသေးတော့
စာရိုက်ရတာလက်မသွက်လို့ စိတ်ကူးမိသမျှကို အသံဖိုင်နဲ့သွင်းထားတယ်။ ကားမောင်းနေရင်း
ရေဒီယိုနားထောင်ရင်း မရှင်းတာကို ဖုန်းထဲက Google
Assistant ကို အော်မေးတယ်။ မီးပွွိုင့်မှာကားစောင့်ရင်း စိတ်ကူးထားသမျှမေ့သွားမှာစိုးလို့ အတိုကောက်လေးကောက်ရိုက်လိုက်
Comment တွေမေးလာသမျှပြန်လိုက်နဲ့ ကားမောင်းရင်းစာရေးတယ်။
နောက်ပို်င်း ကွန်ပျူတာက လူကြားထဲယူသွားရတာမလွယ်တော့
ခေါက်လို့ရတဲ့ကြိုးမဲ့ကီးဘုတ်ပါးပါးလေးနဲ့စာရိုက်တယ်။ ဖုန်းကိုထောင်ပြီးစာရိုက်သမျှ လက်ကမလိုက်နိုင်။ အားတဲ့အချိန်ထွက်လာတဲ့စိတ်ကူးက
ဆန်းကျယ်သလောက် ကာရံတွေ နဘေတွေက စိတ်လေလှိုင်းနဲ့ရိုင်းပင်းကူညီရင်း တူညီမျှတစာရေးတဲ့ခဏလေးမှာ မဆန်းမကြယ်ပေမယ့် ဘဝလမ်းအလည်မှာတစ်ယောက်တည်းဆိုတဲ့ခံစားချက်မျိုးကို မကြာခဏရလာတယ်။
ဘယ်လိုပင်နည်းပညာတွေပြောင်းစေကာမူ ကျွန်တော်ဟာ
ကွန်ပျူတာနဲ့စာရေးတာကိုခုံမင်နှစ်သက်တယ်။ ဒီနေရာကနေရိုက်လိုက်တဲ့စာကို
နောက်တစ်နေရာရောက်ရင်ဖတ်နိုင်ဖို့ ကျွန်တော့်အီးမေးလ်ကို ကျွန်တော်ပြန်ပို့တယ်။ ပြန်လည်တည်းဖြတ်ရတာခက်ခဲတာနဲ့
မူရင်းဖိုင်ကိုပြန်ရှာရခက်နေချိန်မှာ မိုးတိမ် ဆိုတဲ့ Cloud နည်းပညာပေါ်လာတယ်။ ဒါကြောင့် ဒီပလက်ဖောင်းပေါ်မှာ အခြေခိုင်ပြီး အမြဲ ဖောင့်အမှန်ပြနိုင်တဲ့ Google Drive မှာ စာတွေတက်သိမ်းဆည်းတယ်။
မိတ်ဆွေတစ်ချို့က အိုင်ဖက် နဲ့ ကီးဘုတ်တွဲပြီးရိုက်တာ
အင်မတန်ပနံရတာသိရပေမယ့် ကျွန်တော်နဲ့ iOS က ရေစက်နည်းတယ်ဆိုရမလိုဖြစ်နေတယ်။ ဒါတင်ဘယ်ကဦးမလဲ
. . ကျွန်ပျူတာနဲ့ဆို Microsoft Word နဲ့ရေးပြီး တစ်ခြားဘယ်ကိရိယာပေါ်မှ ပြန်တည်းဖြတ်၊ ဖြည့်စွက်၊
စာလုံးတိုး စာလုံးလျှော့လုပ်မရဖြစ်နေတုန်း ကံကောင်းထောက်မစွာ
Google Keep ကိုတွေ့မိတယ်။
ဆောင်းပါးတွေ အပုဒ်ရေများလာသလို ကွန်ပျူတာတွေပြောင်းသုံးမိတဲ့အခါ
ဖိုင်တွေက လိုချင်ရင် ရှာမရဖြစ်ရပြန်တယ်။ ဒါကြောင့်
Google Drive ကနေ ပြန်ဆွဲချပြီး Google Doc နဲ့ ပြန်တည်းဖြတ်တယ် . . ဖိုင်အသစ်ပြန်သိမ်းတယ်
. . စာမူတိုက်ကို Word ဖိုင်နဲ့ပို့ပေးလိုက်တယ်။ ဒီနောက်မှာတော့
စာတွေဘယ်နားရေးရေး အမြဲပြန်ရှာနိုင်မယ့်နည်းလမ်းကို အသေးစိတ်လေ့လာမိလာတယ်။
အခုနောက်ပိုင်း Microsoft Office လိုင်စင်က
ဂဏန်းများစွာပါတဲ့ Product Key ဝယ်ရတာမဟုတ်တော့ပဲ သုံးစွဲသူရဲ့ User Name နဲ့
Password နဲ့သွားတဲ့အခါ ကိုယ်ရောက်တဲ့နေရာကကွန်ပျူတာမှာပြန်ဖွင့်လို့ရအောင်
မူလကွန်ပျူတာကနေ Share လုပ်ထားလို့ရတာသိလာတယ်။ Microsoft ရဲ့ လိုင်စင်ကြေးကို သူ့တရားဝင်စာမျက်နှာမှာလို (၉၉) ဒေါ်လာထက် အဆပေါင်းများစွာသက်သာအောင်ပါ
ဝယ်တတ်လာတယ်။
ဒါတွေသိလာမှတော့
လက်ညှိုးညွှန်ရာ
စာဖြစ်တော့တာပေါ့ . . မဆန်းတော့ပါဘူး။ အရင်လို စိတ်ကူးနဲ့သိမ်းထားရတဲ့ မိုးတိမ်ထဲကအတွေးတွေ၊
လိုင်စင်ကြားမှာချောင်ထိုးထားရတဲ့ Subscription အတွေးအမြင်တွေ၊
ဖုန်း (၂) လုံးကြားဗျာများရတဲ့သုံးစွဲသူတစ်ယောက်ရဲ့ နှုတ်ကဖွင့်မချနိုင်တဲ့
သံဝေဂတွေအပြင် တစ်ဆင့်စကားတစ်ဆင့်ကြားတာထက် သခင့်အနားကတစ်ဖဝါးမှမခွာချင်တဲ့ မောင်ကြီးတစ်ယောက်တော့ အိမ်ထဲမှာမြဲလို့ အချစ်ကလေးနားကနေမခွဲပဲ လက်တော့လေးစွဲလို့ စာရေးမြဲ စာရေးနေပါတယ်ဆိုတဲ့အကြောင်း
ဖောက်သည်ချလိုက်ပါတယ်။
ခင်လျက်
ကိုညီညီ (တောင်ကြီး)
12-20-2018
No comments:
Post a Comment