ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Sunday, December 15, 2013

မေးခွန်းတစ်ရာတွင်မြန်မာနိုင်ငံနှင့်ကိုက်ညီသမျှ



          သူငယ်ချင်းတစ်ဦးထံမှ သူဖြေထားသော အမေရိကန်-နိုင်ငံသားပြုလက်စွဲစာအုပ် မိမိလက်ထဲကိုရောက်လာသည့်နေ့မှစ၍ အမိမြန်မာနိုင်ငံအတွက်တစ်ခုခုရေးချင်နေမိသည် ၊ အမေရိကန်နိုင်ငံသားပြုလက်စွဲစာအုပ်ကိုအဓိက ( ၃ ) ပိုင်းခွဲပြုစုထားရာ ( A ) အမေရိကန်ဒီမိုကရေစီ၏အခြေခံမူများ ၊ ( B ) အစိုးရစံနစ်တည်ဆောက်ပုံ နှင့် ( C ) နောက်ဆုံးအမေရိကန်သမိုင်းနှုင့်အခြားသမိုင်းဝင်အချက်အလက်များ တို့ပါဝင်ကြသည် ၊ ထိုစာအုပ်တွင် မေးခွန်း ( ၁ဝဝ ) ပါဝင်ပြီး အဖြေများကိုပါ ဖော်ပြပေးထားသည် ၊ ဒီမိုကရေစီဘိုးအေ အမေရိကန်နိုင်ငံ၏ သက်တမ်း ၂၂၆ နှစ်ရှိပြီဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေအကျဉ်းကို လေ့လာမိသောအခါ ထိုအထဲမှ အမိမြန်မာနိုင်ငံနှင့်အသုံးတည့်နိုင်မည့် မေးခွန်း ( ၅ ) ခု ကို ထုတ်နှုတ်ဖော်ပြလိုပါသည် ။


မေးခွန်းနံပါတ် ( ၁ ) အမိမြေ၏အမြင့်ဆုံးဥပဒေမှာအဘယ်နည်း ။

Monday, December 9, 2013

ပြန်ဆုံကြပြီ “ ခန်း အကယ်ဒမီ ”





           စာရေးသူ စက်မှုလက်မှု-Machine Tool Technology တက်နေတုန်းက သူနဲ့ ပထမတစ်ခေါက်ဆုံခဲ့ပါတယ် ၊ လူချင်းတော့မဟုတ်ပါဘူး ၊ သူ့နာမယ်နဲ့တင်ထားတဲ့ အင်တာနက်စာမျက်နှာအောက်က သင်္ချာသင်ခန်းစာကို ဆရာက အိမ်စာပေးလို့ပါ ၊ အစက ဖတ်စာအုပ်သင်ရိုးညွှန်းတမ်းထင်နေတာ ဝက်ဘ်ဆိုဒ်ထဲဝင်ကြည့်လိုက်တော့မှ အကျိုးအမြတ်မယူတဲ့ပညာရေးအဖွဲ့ဖြစ်နေပါတယ် ၊ စာရေးသူစဉ်းစားကြည့်တယ် ကျောင်းနဲ့လဲဘာမှမဆိုင်တဲ့သင်ခန်းစာကိုဘာကြောင့်အိမ်စာအနေနဲ့တင်ရတာလဲလို့ ၊ အဲဒါနဲ့ဆရာ့ကို ပေါ်ပေါ်တင်တင်ဘဲမေးလိုက်တယ် “ ဆရာ ဒီအိမ်စာလုပ်ရင် အမှတ်ရမှာလား ၊ ဒါက ဖတ်စာအုပ်ထဲမှာမှ မပါတာ ” ဆိုတော့ ဆရာက “ သင်ရိုးညွှန်းတမ်းထဲမပါပေမယ့် အမှတ်ပေးပါတယ် ၊ အကြောင်းကတော့ ဖတ်စာအုပ် က သူ့လိုမသင်နိုင်ဘူးလေကွယ် ” တဲ့ဗျာ ၊ သူ့ရဲ့ထာဝရပညာရေးဝန်ဆောင်မှုနာမယ်ကတော့ “ KHAN ACADEMY ”  မြန်မာလို “ ခန်း ” ရဲ့အခမဲ့အကယ်ဒမီပညာသင်စံနစ် ဖြစ်ပြီး  တည်ထောင်သူက အိန္ဒယနဲ့ဘင်္ဂလားဒက်နွယ်ဖွား အမေရိကန် လူဝီစီယားနားပြည်နယ် ၊ နယူးအောလင်းမြို့ဇာတိ ၊ အမေရိကန်နိုင်ငံသား “ ဆယ်လမ်ခန်း ” ဖြစ်ပါတယ် ။

Thursday, December 5, 2013

" အခမဲ့ ကမ္ဘာ့တန်းမီပညာရေး "

                               

                အခြေခံမလို ရိုးရှင်းတဲ့ ပြကွက်ဖြေရှင်းနည်းများ နဲ့ " အခမဲ့ ကမ္ဘာ့တန်းမီပညာရေး "  ပို့ချပေးနေတဲ့ အရင်းအမြစ် တစ်ခုရှိနေပါတယ် ၊

သချာင်္ကို ပုံသေနည်းကျက်စရာမလိုပါ ၊ နားလည်အောင်သာကြည့်လိုက်ပါ ၊

                   အလားတူ ရူပဗေဒ ၊ ဓာတုဗေဒ ၊ ဇီဝဗေဒ ၊ ဆိုရှယ်သမိုင်း ၊ ကွန်ပျူတာသိပ္ပံ တို့လို ခေတ်မီတက္ကသိုလ် ပညာရပ်တွေကို မြန်မာစာဖတ်တတ်ရုံနဲ့ သင်ယူနိုင်ပါပြီ ၊

                လူတိုင်းကိုစာမသင်ပေးနိုင်ပေမယ့် သူတို့ကိုစာသင်တဲ့ဗွီဒီယိုပေးကြည့်နိုင်ပါတယ် ၊မိမိတို့ရဲ့သားသမီးတွေကို ကျောင်းပညာသင်ပေးသလို

             မြန်မာအနာဂါတ်လူငယ်ခေါင်းဆောင်လောင်းတွေကို သိပ်ကောင်းတဲ့ ပညာရေး အခွင့်အရေး တစ်ခု လမ်းညွှန်ပေးလိုက်ပါလားခင်များ ။

www.khanacademyburmese.org

www.facebook.com/KhanAcademyBurmeseTranslation


မြန်မာစာတန်းထိုးကုသိုလ် .... ကိုညီညီ - တောင်ကြီး

Monday, November 25, 2013

အိမ်စာလုပ်ပြီးမှ ဂိမ်းကစားပါ




            “ စွမ်း ” အကြောင်းပြောတာပါ ၊ သူ့ကို စာတော်တယ်/တော်တယ်ဆိုပြီး လွှတ်ထားတာ ၊ အိမ်မှာလူစောင့်မရှိရင် စည်းကမ်းပျက်ချင်တယ် ၊ အကျင့်ပျက်ချင်တယ်ဆိုလို့ အထင်မှားစရာမျိုးမဟုတ်ပါဘူး ၊ အဲဒါမျိုးကတော့ ဘယ်လိုမှ အဖြစ်မခံနိုင်ဘူး ၊ ဟိုးအရင်ကတည်းက သူ့ကို အိမ်ရောက်တာနဲ့ အဝတ်အစားလဲ /ရေသောက်/အကျီင်္လဲ /အိမ်စာလုပ်/ထမင်းစား/မြန်မာစာရိုက်/ပရင်တာနဲ့စာရွက်ထုတ်စရာရှိထုတ် - ပြီးမှ ဂိမ်း ကစားလို့မှာထားတာ ၊ သချာင်္ဖတ်စာအုပ်က ၁၆ ပေါင်လောက်လေးတယ် ၊ စာအုပ်ကိုအွန်လိုင်းမှာတင်ပေးထားတော့ ကျောင်းသွား ကျောင်းပြန် မသယ်ချင်နဲ့အကြိုက်ဖြစ်နေတယ် ၊ ပြီးတော့ တွက်နည်းမသိရင် နည်းလမ်းပြောပြ-Hint ပေးတဲ့ ပရိုဂရမ်လဲပါတော့ သူမသိရင် ကွန်ပျူတာ က ကူပေးတယ် ၊ ဒါနဲ့ကို အခွင့်ကောင်းယူနေတာလေ ၊ အိမ်စာလုပ်ဖို့ ကွန်ပျူတာ ပေးမသုံးလို့မရတာက အကြောင်းရင်းတစ်ခုအပါအဝင်ပါ ။

Saturday, November 23, 2013

ဂျာနယ်ဖတ်ရင်းစာသင်မယ် ၃ ။ အရင်းအနှီးငွေရှာဖွေခြင်း ( Looking for Capital )




     ဒီတစ်ကြိမ် အပတ်စဉ် စာမေးပွဲပြီးရင် မေးခွန်း ( ၁ဝဝ ) ပါတဲ့ အဖြေမှန်ရွေးချယ်-Multiple Choice အတန်းတင်-Final စာမေးပွဲဖြေဖို့ရှိပါတယ် ၊ ဒါပေမဲ့ ဖတ်စာအုပ်ထဲက အခန်းတွေ ဖတ်ပြီးဖြေရသလို မသိတာကို အင်တာနက်မှာရှာဖြေရမှာပါ ၊ ဖြေဆိုချိန်အကန့်အသတ်မရှိတော့ အသက်ရှူချောင်နိုင်ပါတယ် ၊ တစ်ထိုင်တည်းအပြီးမဖြေနိုင်ရင် ရောက်တဲ့နေရာကိုသိမ်း-Save ထားပြီး နောက်ထပ်တဖန် ဆက်ဖြေ-Resume လို့ ရတာ သိပ်ကောင်းပါတယ် ၊ အားတဲ့အချိန်ဖြေရုံဘဲဆိုတော့စိတ်ဖိစီးမှုမရှိလောက်ပါဘူးနော် ။

Friday, November 22, 2013

ဖြေဆိုခဲ့တဲ့ ဒုတိယအင်တာဗျူးအတွေ့အကြုံ



                    
                စာရေးသူဟာ ဒီကနေ့ နေ့လည်ပိုင်း ၄ နာရီ မိနစ် ၄ဝ မှာ ခေါင်းဆောင်ရာထူးအတွက် ဒုတိယအင်တာဗျူးဖြေခဲ့ပါတယ် ၊ ပထမအင်တာဗျူးတုန်းက ဖြေဆိုသူ-Candidates အယောက် ( ၃ဝ ) ကျော် ရှိလို့ ပထမအဆင့်လူတွေ့စစ်ဆေးခြင်း-Screening သွားရမဲ့ရက်ကိုတော့ အီးမေးလ် နဲ့ အခုလိုလက်ခံရရှိခဲ့တာပါ ။ 

Dear Ko Ko,
               Thank you for applying for the Production Lead position.  Because of the large response from current ( Company Name ) employees, we will be starting with brief screening interviews to enable us to match names, faces and resumes.

                Your interview is scheduled for Friday, November 8th at 4:00 p.m. in the Jamie Sommers conference room.   

               Also, please confirm that you received this message, and that this time works for you.

Thanks,
Debbie
Deborah Bain  |  HR Manager 

Friday, November 15, 2013

“ Purpose “




တက္ကသိုလ်ကျောင်းတက်ဖို့ Online ကနေ လျှောက်တဲ့အခါတင်ရတဲ့  “ ငြိမ်း “ ရဲ့ Transcript Essay ပါ





                         “ Purpose “                Nov 15, 2013


  “What water is to the body, purpose is to the mind”, one of the quotes from the book, The Collector, carries a powerful yet straightforward meaning of the importance of the purpose in people’s lives. Living a life without a purpose is the same as getting lost in a desert. Having to face with uncertainty in life is not the end of everything, the most important part is learning how to overcome it and get back on the path again. The same situation happened to me when I was being confronted with a life-changing experience at the age of 16; my family decided to move to the United States. Dealing with difficulties such as having to adapt to new environment and to face with homesickness got me onto the path of uncertainty. Without even realizing, I found myself slowly losing the purpose of my life. After encountering with uncertainty for more than 1 year, I had finally gained my sense again that instead of complaining about the circumstances that cannot be changed, I had to accept reality and move on with my life. That experience made me realize that I am capable of overcoming diversity, obstacles, accepting change and I have found my purpose again.

Sunday, November 10, 2013

နိုင်ငံတည်ဆောက်ရေးမှာ အင်တာနက်လိုအပ်ပါတယ်



ခေတ်အဆက်ဆက် ဓါတ်ခဲထိုးရေဒီယိုလေးကို အားကိုးခဲ့ရတဲ့ ၁၉၈ဝ ပြည့်လွန်က မြန်မာလူထု အခုတော့ လက်ကိုင်ဖုန်းပေါ်မှာ သတင်းနားထောင်နေကြပါပြီ ၊ ဓမ္မစရိယဆရာတော်ဘုရားတွေ နယ်လှည့်ဟောတဲ့တရားတော်တွေကိုလည်း လွယ်လင့်တကူဒေါင်းလော့ဆွဲချပြီး ကိုယ့်ဖုန်းပေါ်မှာကိုယ် သွားရင်းလာရင်း နားကြပ်လေးနဲ့ On The Go နားထောင်နေနိုင်ပါပြီ ၊ ကျောင်းဆင်း/ကျူရှင်ပြန်/အိမ်ရောက်လို့လွယ်အိတ်ကိုပစ်ထားခဲ့တဲ့ကျောင်းသား ချိန်းထားတဲ့နေရာဆီကို အပြေးအလွှားသွားနေတဲ့နေရာဟာ အင်တာနက်ဂိမ်းဆိုင်ဆိုတာသေချာပါတယ် ၊ မအားလပ်လို့ သူငယ်ချင်းမင်္ဂလာဆောင်ကို မသွားဖြစ်ပေမဲ့အရေးအကြီးပါ - နောက်တစ်ရက်မနက်ကျရင် ဖေ့ဘွတ်ပေါ်ကနေ ကော့မက်ဝင်ပေးပြီး ကျေနပ်အောင်မျက်နှာချိုသွေးလိုက်ရင် အဆင်ပြေပါပြီ ၊ လွှတ်တော်နားချိန်မှာ ခရိုနီလွှတ်တော်ကိုယ်စားလှယ်ကြီး  ” အိုင်ဖက် ”ပေါ်မှာ

Thursday, November 7, 2013

" ငြိမ်း " ရဲ့ Essay - The Collector, The Real Prisoner

              
              
                       ခွင့်ပြုချက် အကြာကြီး တောင်းခံခဲ့ရတဲ့ " ငြိမ်း " ရဲ့ ကောလိပ် အက်ဆေး တစ်ပုဒ်ပါ ။



Poe Nyein
English 4
Professor Homeira Foth
November 7th, 2013.
 
                                                        " The Real Prisoner "

Imagine being kidnapped, stuck in a room for a long period of time without anyone’s notice, with no absolute daylight, no one to share the conversations with, and no hope of escape; the madness is intolerable. Being imprisoned in an unknown place is unbearably suffocating but getting trapped in one’s own mind is beyond incurable. Once a person gets drowned in his/her own mind and delusions, it is almost impossible to survive. The same concept applies to Frederick Clegg in the book, The Collector by the author John Fowles. Frederick, a lower class young man who is very fond of collecting butterflies, suddenly gets very rich after winning in the pools. After winning that money, he kidnaps a young beautiful girl named Miranda who he has never even spoken to before and keeps her in his basement as a prisoner. Although Miranda is physically being trapped by Fred, no differences are made between them since Fred is also getting immersed in his dark thoughts and self-centered perspectives. Miranda maybe physically imprisoned but she is the one in possession of her freedom in her own mind; however Fred, who is in possession of his physical freedom, is a prisoner of his own mind. 

Tuesday, October 29, 2013

ကားထုတ်လုပ်သူတွေ ကားပြန်မသိမ်းပါ

2000 Honda Accord LX



                 ဟိုတစ်လောကတည်းက ကားအကြောင်းအဓိကဖော်ပြနေတဲ့ဂျာနယ်ကို စေတနာရှေ့ထားပြီးပြောပြခဲ့ပြီးဖြစ်ပါတယ် ၊ မီဒီယာသမားရဲ့တာဝန်သိစိတ်ဖြစ်တဲ့ မှားရင်ပြင်ရမယ် ၊ အမှားမပြင်မချင်းဆက်မှားနေမယ် ဆိုသလို ကူညီအသိပေးခဲ့တာပါ ၊ RECALL ဆိုတဲ့ အင်္ဂလိပ်စာလုံးရဲ့တိုက်ရိုက်အဓိပ္ပာယ်က “ re-call : to ask people to return ( a product with a defect or problem ) “ ဖြစ်ပါတယ် ၊ ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့တဲ့ Dumex နို့မှုန့်ပြန်သိမ်းပွဲကြီးက မြန်မာနို့မှုန့်ဈေးကွက်ကို အနည်းငယ်လှုပ်ခါသွားပါသေးတယ် ၊ ရှင်းပါတယ်-ထုတ်လုပ်သူကုမ္ပဏီက ကုန်ပစ္စည်းကိုဖြန့်ချိရေးမလုပ်သေးခင် သုတေသနနဲ့ဖွံဖြိုးတိုးတက်ရေးအဖွဲ့- R&D-Research and Development Team ကို ကျော်ဖြတ်ရပါတယ် ၊ ထိုမှတဖန် ကုန်အရည်အသွေးစစ်အဖွဲ့-QC – Quality Control ကိုအောင်မှရောင်းခွင့်ရမှာပါ ၊ လူသုံးကုန် နဲ့  စားသောက်ကုန်အားလုံး RECALL ခေါ်တယ်ဆိုရင်တော့ သေချာပါတယ် ၊ ဈေးကွက်ထဲပါမက စားသုံးသူလက်ရောက်ကုန်တွေကိုပါလိုက်သိမ်းပြီး ရောင်းဈေးအတိုင်းပြန်လိုက်ဝယ်ပါတော့တယ် ၊ ကုန်တိုက်နဲ့ဆိုင်တွေက ဆက်မရောင်းရသလို စားသုံးသူ အန္တရာယ်မရှိအောင် ထုတ်လုပ်တဲ့ကုမ္ပဏီ က အပြည့်အဝ တာဝန်ယူဖြေရှင်းကြရပါတယ် ။

မော်တော်ကားကျတော့ဒီလိုမဟုတ်ပါဘူး ၊ ကားအသစ် ရောင်းထုတ်လိုက်ပြီဆိုကတည်းက ဘာပြသနာမှမရှိလို့ပါ ၊

Sunday, October 27, 2013

ဂျာနယ်ဖတ်ရင်းစာသင်မယ် ၂ ။ ( စီးပွားပြိုင်ဘက်များနှင့်ဆက်ဆံခြင်း )




                  အမေရိကားမှာ အွန်လိုင်းကနေစာသင်တယ်ဆိုတာ အားတဲ့အချိန် ကွန်ပျူတာဖွင့်ပြီး ညွှန်ကြားချက်တွေကိုလုပ်ဆောင်ရတာပါ ၊ ဆရာကိုလဲ မတွေ့ဖူးသလို စာသင်သားကိုလည်း ဆရာကမတွေ့ဖူးပါဘူး ၊ အဲဒါကြောင့် ဆရာ က ၃ ပတ် ကို ၁ ခါ လောက် သူသင်တဲ့စာသင်ခန်းကိုလူကိုယ်တိုင်လာနားထောင်မယ်ဆိုရင် အမှတ်-Credit ဘယ်လောက်ပေးမယ်ဆိုပြီး အီးမေးလ်ပို့တတ်ပါတယ် ၊ စာရေးသူ က ညဘက်အလုပ်လုပ်တာမို့လို့ ပြီးခဲ့တဲ့အပတ်ညနေက ခေါ်တာ မသွားဖြစ်လိုက်ပါဘူး ၊ အမှတ်ပို မရတာကလွဲလို့ တခြားနစ်နာတာမရှိပါဘူးခင်မျာ ။
          ဒီအပတ်မှာတော့ ပုစ္ဆာ 10.1 ပေးထားပြီး ဖြေရမယ့်ပုံစံလေး က ဒီလိုပါ ။

Thursday, October 17, 2013

One Nation ... Under Surveillance ( Swan's Essay )

     

                                  
                         " စွမ်း " ရဲ့ အင်္ဂလိပ်ဆရာ က ဒီတစ်ပတ်စာစီစာကုံးအတွက်  လက်ရှိခေတ်နဲ့လျော်ညီပြီး မကြာသေးခင်က အဖြစ်အပျက် သတင်းအတိုအစမျိုးစုံပါဝင်တဲ့ Guidelines စာရွက် ( ၆ ) ရွက်ပေးပြီး ကိုယ်ပိုင်ခေါင်းစဉ်နဲ့ရေးခိုင်းပါတယ် ။

Swan Ye Htut
Mr. Guarino
English 9, 3rd
October 17, 2013
                                         One Nation …. Under Surveillance?
              There has been a controversial topic being debated across the United States: whether or not the government has gone too far with the use of surveillance. License-plate readers and surveillance alike have spread since it was first introduced in the late 1960’s. We should not keep these cameras and license plate readers because of a variety of reasons.

Monday, October 7, 2013

ကားလမ်းပိတ်တဲ့ဒုက္ခကို တစ်ဖက်တစ်လမ်းက ဖြေရှင်းပေးတဲ့ City FM




             မြို့တော်ဟောင်းရန်ကုန်မှာ ကားအစီးရေများလာတဲ့ကိစ္စ ကိုသာ အပြစ်ဖို့နေသလို အရင်ကတည်းက စည်းကမ်းမရှိခဲ့ကြတဲ့ ယျာဉ်မောင်းတွေကို ပညာပေးမှုနည်းပါးတာကိုလဲ သတိထားမိပါတယ် ၊ နေ့စားပလက်ဖောင်းဈေးသည်တွေရဲ့ တနေ့စာဝမ်းရေး မလွယ်တာကလဲ အဓိကအကြောင်းတစ်ခုပါ ၊ တရုတ်တန်းပတ်လည်မှာလူဦးရေထူထပ်စွာနေထိုင်ကြတာမို့လို့ လမ်းလျှောက်ရတာတောင် ဟိုမလွတ် ဒီတိုက်နဲ့ အောက်က မညီင်္ညာတဲ့ ပလက်ဖောင်းကို ဦးတိုက်ပြီး အရိုအသေပြု လျှောက်လှမ်းရပါသေးတယ် ၊ ၁၇ လမ်း လောက်ကနေ ဆူးလေဘုရားကို ဘတ်စ်ကားစီးသွားတာထက်စာရင် ကျန်းမာရေးလဲကောင်းမယ် ပတ်ဝန်းကျင်ကိုလဲငေးလို့ရမယ် လက်ကိုမြှောက် ချွေးတစိုစိုလက်တန်းမှာခိုပြီး လောင်ပိတ်နေရမယ့်ဒုက္ခကလဲသက်သာမယ့် လမ်းလျှောက်သွားတာကမှ ပိုပြီးအလုပ်ဖြစ်ပါအုံးမယ် ၊ အိမ်ကထွက်ကတည်းက ဒီနေ့ အခေါက်ရေပြည့်ပါ့မလား  ဆီဖိုးကိုက်ပါ့မလား အုံနာခရောကျေပါ့မလား လို့ တွေးနေရတဲ့ ဘစ်စ်ကား နဲ့ တက္ကစီသမားတွေကလဲ အတွေးကိုယ်စီနဲ့ပါ ၊ အစိုးရယန္တရားကြီး ဒီရန်ကုန်ကနေ တစ်စိတ်တစ်ပိုင်းပြောင်းရွှေ့သွားတာ ကျေးဇုးတင်ရမယ့်အထဲမှာ တစ်ခုအပါအဝင်ပါ ၊ ဘာဘဲပြောပြော အနားမရတဲ့ ဒဏ်ရာဟောင်း ဒဏ်ချက်သစ်များနဲ့ ညည်းညူနေရတဲ့ဒဂုံမြို့တော် အားလုံးရဲ့ရန်ကုန်ပါ ။

Friday, October 4, 2013

အိုဘားမားကျန်းမာရေးစောင့်ရှောက်မှုအကြောင်း

      


            ObamaCare - အိုဘားမားကဲ ကျန်းမာရေးစောင့်ရှောက်မှုအကြောင်းကို
ရေးပြတာထက်စာရင် RFA အသံလွှင့်ဌာန ရဲ့ တက္ကဆက်ပြည်နယ် က ဒေါက်တာဦးခွန်ကြည်ထွန်း နဲ့ အင်တာဗျူး က ပိုမိုပြည့်စုံတာမို့လို့ အသံဖိုင် နဲ့ Video Clip တင်ဆက်ပေးလိုက်ပါတယ် ။

 ဗီဒီယိုဖိုင် 

Tuesday, October 1, 2013

မှတ်တမ်းတင်အပ်ပါသည်




၂ဝ၁၃ စက်တင်ဘာ လကုန်အထိ Hot News Journal တွင်ဖော်ပြပါရှိခဲ့သော ဆောင်းပါး ( ၁၄ ) ပုဒ် အတွက် စာမူခ ( ၉၄ဝဝဝ ) ကျပ် 



ကို နာမှုကူညီရေးအသင်း - ရန်ကုန်

Thursday, September 26, 2013

မြန်မာပြောသော အမေရိကရောက် တရုတ်များအကြောင်း



 
       
             အတော်လေးတော့စိတ်ဝင်စားဖို့ကောင်းပါတယ် ၊ အိမ်နီးနားချင်း ပေါက်ဖော်နိုင်ငံကြီးအကြောင်းကို မြန်မာပြည်မှာရှိနေစဉ်တုန်းကတော့သိပ်စိတ်မဝင်စားမိခဲ့ ၊ နေရာတကာ သူ့နိုင်ငံထုတ်ပစ္စည်းတွေချည်းဖြစ်နေတာကိုတော့ သတိထားမိပါတယ် ၊ ဒီထက်ထူးခြားတာက လူချမ်းသာတွေ ကုန်သည်ကြီးတွေ စီးပွားရေးသမားတွေကိုကြည့်လိုက်ရင်လဲ အများစုက တရုတ်လူမျိုးတွေဘဲဖြစ်နေပြန်ပါတယ် ၊ မြို့လယ်ခေါင် အချက်အချာကျတဲ့နေရာတွေကို အင်နဲ့အားနဲ့ ဦးထားကြတာလဲ ကိုရွှေတရုတ်ကြီးများဘဲဆိုတာ အားလုံးမျက်မြင်ဘဲမဟုတ်လား ။

Saturday, September 21, 2013

ကိုဘမောင် နဲ့ အမေး အဖြေ


Indianapolis





 ကိုဘိုတင့် Sep 1 to me

ကိုညီညီ စာတွေဖတ်ရတာ ဗဟုသုတလည်းရပါတယ်.....
 သိချင်နေတာတွေလည်းသိရလို့ ကျေးဇူလည်းတင်ပါတယ်.
        ကျနော် Refugee နဲ့ရောက်လာပါတယ်....Indiana မှာပါ...
        အဲတာ ခနလောက်ပြန်ချင်တယ်ဗျာ...ပြန်မရောက်တာ
        အနှစ် ၂ဝ လောက်ရှိသွားပြီ........              
        Green Card လည်းရပြီးပါပြီ..ရောက်တာလည်း ၅ နှစ်လောက်
        ဆိုတော့..အိမ်လေးတလုံးလည်းဝယ်ပြီးပါပြီ....
        ဒါပေမယ့်သိစရာတွေက အများကြီးကျန်သေးတယ်ခင်ဗျ..

Thursday, September 19, 2013

နားတစ်ရာ က စ ပြောင်းသင့်ပါပြီ




                 ဒီနေ့ အလုပ်ကပြန်တော့ နားတစ်ရာ ကို ဖုန်းဆက်ကြည့်ပါတယ် ၊ ပထမ ၅ဝ၄xxx ဖုန်းဆက်တော့ အမျိုးသမီးလေး တစ်ယောက်က ၄၂၁၁xxxxx ကိုထပ်ဆက်ခိုင်းပါတယ် ၊ အမျိုးသား တစ်ယောက်နဲ့တွေ့ပြီး သူက စ နားထောင်ပေးပါတယ် ၊ စာရေးသူက စပြီး ဂျာနယ်တွေ ထင်သာမြင်သာမရှိတာပြောပြချင်လို့ပါ ၊ စာမူတွေအီးမေးလ် နဲ့ ပို့တာ အကြောင်းမပြန်လို့ ၊ ဂျာနယ်မှာ ပါမပါ ကို မေးတဲ့အီးမေးလ်တွေဆိုလဲ မပြန်လို့ ၊ ဒီလိုဖြစ်နေတာက ဒီမိုကရေစီ စံချိန် စံညွှန်းနဲ့ လဲမကိုက်ညီပါဘူးလို့ ပြောလိုက်ပါတယ် ၊ နားတစ်ရာ က အမေရိကားက ဆက်တာမို့လို့ပြောပြရအုံးမယ် ၊ မြန်မာပြည် မပြောင်းသေးပါခင်များ ၊ တချို့ဆို မရှိစု ရှိစု လူ နှစ်ယောက်ထဲနဲ့ ဂျာနယ်ကိုလုပ်နေရရှာတာ လို့ စဖြေပါတယ် ၊

Wednesday, September 18, 2013

ကြည့်ပါအုံး - ၉ တန်းကျောင်းသားကိုပေးတဲ့ စာစီစာကုံးခေါင်းစဉ်




              ဒီတစ်ပတ်တော့ စာရေးဆရာတစ်ယောက်လဲဖြစ်တဲ့ စွမ်းရဲ့ အင်္ဂလိပ်ဆရာ ပေးတဲ့ စာစီစာကုံးခေါင်းစဉ် နဲ့ ကိုးကားရန်စာရွက် Nonfiction Worksheet ကို ပြောပြသွားမလို့ပါ ။
 *************************************************************************************************************    
                                                             Nonfiction Worksheet

1. Title:

 2. Author:

3. Topic:

4. Audience:

5. Author's purpose: ( Persuade , Inform , Entertain , Publicize , Inspire )

Tuesday, September 17, 2013

ကျေးဇူးတင်လွှာ

              မိမိ ရဲ့ ရည်မှန်းချက်သို့ တစ်ရက်ထက် တစ်ရက် ပိုမို ခရီးရောက်နိုင်အောင် အင်အားဖြည့် ပေးလိုပါတယ် ၊ ဒီ စာလေးတွေကို ဖတ်ပြီး ဘဝအတွက် အကျိုးရှိတာ တစ်ခုခု ရရှိသွားနိုင်တဲ့ ၊ တိုးတက်လမ်းအတွက် အထောက်အကူရမယ့် မေးခွန်းများ ဖြေကြားပေးလိုပါတယ် ၊ ကိုယ်ကိုယ်တိုင်လဲ တကယ် အခက်အခဲ ရောက်ခဲ့ရတာမို့လို့် ကိုယ်ချင်းစာမှုကို မျှဝေချင်လို့ပါ ၊ အခုဘဲ မေးခွန်း တစ်ခု ကို   koko2yeye@gmail.com သို့ email ပို့လိုက်ပါ ။



         










                အထူးတလည် စိတ်ဝင်စားပြီး ဝင်ရောက်လည်ပတ်သော စာဖတ်သူများကို လေးစားစွာအကြံပေးပါရစေ ၊ ဒီ ဘလော့ ကလေးမှ စ နေရာဌာနမတူသော်လည်း အားပေးမှုအထူးတူညီကြတဲ့ မိတ်ဆွေ အပေါင်းအသင်းများနဲ့ စာဖတ်ပရိသတ်များအားလုံးတို့ကို ကျေးဇူးတင်ပါတယ်လို့ ဒီစာမျက်နှာငယ်လေးကနေ မှတ်တမ်းတင်အပ်ပါတယ် ။ အားနည်းချက် ၊ လိုအပ်ချက်များ ကို ထောက်ပြတဲ့ ဘယ်လို ဝေဖန်ရေးသားချက်များကိုမဆို ဖတ်ကြည့်ချင်လို့ comment များ ဝင်ရောက်ရေးသားနိုင်ပါတယ် ။

အထူး ကျေးဇူးတင်ပါတယ် ....!

ကိုညီညီ - တောင်ကြီး


စာဖတ်ပရိသတ်များတည်ရှိရာနိုင်ငံများ :


United States
Taiwan
Myanmar [Burma]
Russia
Thailand
Germany
Singapore
Canada
Australia
United Kingdom
Malaysia
Jamaica

South Korea
Sweden
Bangladesh
Austria
China
France
Vietnam
Italy
India 

Switzerland
Ireland
Japan
Cambodia
Guinea
Indonesia
Philippine
Sri Lanka
Nepal
Czech Republic
Netherlands
Denmark
United Arab Emirates
Oman
Hong Kong
Macau
Dubai
Norway
Luxembourg
Ukraine
Qatar
Lao
Brazil
Lithuania
Peru
Egypt

-----------------------------------------------------------------------------------


မမျှော်လင့်ဘဲ လာရောက်လည်ပတ်သွားသူများ ရှာဖွေခဲ့သော စကားလုံးများ ။



-----------------------------------------------------------------------------------
တောင်ကြီးtimes
Mortgage အိမ်
တရားတော်များစုစည်းမှု
ဖုန်စုတ်စက်
အိမ်ရောင်း အိမ်ဝယ်
ဆရာတော်ဦးဇောတိက Mp3
လောကအကြောင်း
www.baidu.com
www.bing.com
Cambodia သမိုင်း
လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာ
အလုပ် အင်တာဗျူး အဖြေ
ဦးဇောတိက
Taunggyi Ko Ko Lwin
အဖြေ
www.flikr.com
အမေးအဖြေ
ဘန်ကောက်ဆေးရုံ
မူလတန်း
ဆွဲကား
America က
မြေစမ်းခရမ်းပျိုး
မေးခွန်းဟောင်းများ
အိမ်ရှင်
ကားအကြောင်း
အလုပ်လျှောက်လျှင်
စွမ်ြး
မြင်းခြံမြို့
ပါကင်15
တောင်ကြီး အိမ်ရောင်း
ကိုကိုညီ
ပြင်ဦးလွင်မြို့
အင်ဂျင်ဝိုင်
အိုဘားမားကဲ
စနွင်းမကင်း
ဘဏ် Interview မေးခွန်းများ
အိမ်ခြံမြေဈေးကွက်
ဝှီးတက်

**********************************************

ဖုန်းပေါ်မှာ စာဖတ်ရင်း မျက်နှာပြင်အောက်ဆုံး HOME ခလုတ် ရဲ့
ညာဘက်ဘေး က မြှား ကိုနှိပ်ပြီး အရှေ့စာမျက်နှာများ ကို
အလွယ်တကူ ရှာနိုင်ပါတယ် ။

*********************************************

Friday, September 13, 2013

အခြေခံအထက်တန်းလွှတ်တော်ပညာရေး




         
               သင်ရိုးညွှန်းတမ်းတွေပြင်မယ်လို့ ကြားရ သိရ လို့ မြန်မာ့အခြေခံပညာရေးတိုးတက်မှာကို ကြိုပြီးဝမ်းသာမိပါတယ် ၊ တစ်ခုရှိတာက အရင်လို မြေစမ်းခရမ်းပျိုး ပညာရေးမျိုး ၊ တစ်ဗိုလ်တက် တစ်မျိုးပြောင်း စံနစ်မျိုးဆိုရင်တော့ ကြာကြာခံမယ်မထင်ပါ ၊ အစမ်းသပ်ခံ ကျောင်းသားကျောင်းသူများကိုလဲ ကိုယ်ချင်းစာသင့်ပါတယ် ၊ ကိုယ့်အလှည့်ကျမှ သင်ရိုညွှန်းတမ်းအသစ်နဲ့တိုးရတာ ဆရာ/ဆရာမတွေက မသိတာကို လေ့လာတုန်း ၊ ကျောင်းသူ/ကျောင်းသားတွေကလဲ ကိုယ်နဲ့မရင်းနှီးတဲ့စာတွေကို မသိ တသိ စမ်းတဝါးဝါးလိုက်ရင်း စာသင်နှစ်သာကုန်ဆုံးသွားတယ် ဘာတွေသင်လိုက်မှန်းမသိလိုက်ဖူးဆိုတာမျိုးကို ကိုယ်တိုင်ကြုံဖူးကြသူတိုင်း မှတ်မိကြမှာပါ ၊ သင်ရိုးမြှင့်လိုက်တာနဲ့ စာပေမြင့်ဖို့ဆိုတာချက်ချင်းလက်ငင်း ထဖြစ်လာမယ့်ကိစ္စတော့မဟုတ်ပါ ၊

Saturday, September 7, 2013

ဂျာနယ်ဖတ်ရင်း စာသင်မယ် ၁ ။ ( Southwest Airline )



               အွန်လိုင်းကောလိပ်သင်ခန်းစာလို့ဆိုလိုက်ရင် တော်ရုံတန်ရုံ တွန့်သွားကြပြီး အရမ်းကိုကြီးကျယ်ခမ်းနားတဲ့ စာသင်စံနစ်လို့ထင်မိကြမှာပါ ၊ အမှန်က အင်္ဂင်္လိပ်လို ဖတ်ရ သင်ရ ဖြေရတာမို့လို့် တစ်ကယ်တမ်းမလုပ်ကြည့်ဘဲနဲ့ကြောက်နေကြတာဖြစ်ပါတယ် ၊ စာရေးသူဟာ ကလေးပညာရေးအတွက် အမေရိကားကို ခေတ္တရောက်နေတာဖြစ်ပြီး ဒီနှစ်မှာ အွန်လိုင်းသင်ကြားခြင်းကနေ ဈေးကွက်ကွင်းဆင်းခြင်း - Marketing ဘာသာရပ်ကို သင်ယူနေပါတယ် ၊ မြန်မာပြည်သူ စာဖတ်သူများနဲ့ ဒီလိုစာသင်ယူမှုများဟာ ထင်သလောက်မခက်ဘူးဆိုတာပြောပြရင်း စာရေးသူနဲ့ စာမေးပွဲအတူတူဖြေကြရအောင်လားဗျာ ။

Friday, August 30, 2013

Math Essay

 စွမ်း ရဲ့ ၉ တန်းတက် သင်္ချာဆရာအတွက်ရေးထားတဲ့ စာစီစာကုံး


                             
Taking Photo ID at Gym

          I think that my determination and will to improve is a characteristic about me that affects not only myself but the environment around me. I like to help others and sometimes even ask for help myself if the situation deems necessary.

Thursday, August 29, 2013

အမေရိကားမှာ အိမ်တစ်လုံးရဖို့ခက်တယ်



         

              နားခိုရာ အိမ်လေးတစ်လုံးကတော့ရှိမှဖြစ်မယ်ဗျ ၊ သူများအိမ်မှာ ငှားနေရတာ ရေရှည်ကျတော့မလွယ်ဘူး - ထိတယ် ၊ ကိုယ်ငှားထားတဲ့အိမ်ကကောင်းနေလို့တော်သေးတယ် ၊ အိမ်က စုတ်နေရင်ပိုဆိုး ၊ အိမ်လခ ပေးရတာကိုဘဲ ၁ လ ၁ဝဝဝ လေ ၊ အိမ်ဝယ်ပြီး အဲဒီငွေကို လစဉ်အိမ်ကြွေးဆပ်လိုက်ရင် ၁ နှစ် ကို ဒေါ်လာ ၁၂ဝဝဝ ၊ ၅ နှစ်ဆိုရင်ဘဲ ဒေါ်လာ ၆ သောင်းရှိနေပြီ ၊ အချိန်တန်ရင် အိမ်ဖိုးကျေသွားတာပေါ့ - ဒီလိုတွေးလာတာဘဲ ၄ နှစ်ရှိနေပြီ  အမေရိကားမှာ အိမ်မပိုင်သေးတာ အမှန်ပါခင်မျာ ။

Wednesday, August 21, 2013

ဒီမိုကရက်တစ် ဂျာနယ်လစ်ဇင် အက်ဆေး




               တိုးတက်ပြောင်းလဲလာသော ဒီမိုကရေစီလျှောက်လမ်းတွင် ဒီမိုကရက်တစ် ဂျာနယ်သမား တစ်ယောက်အဖြစ်ပါဝင်ခွင့်ရသည့်အတွက် လက်ရှိခေတ်ကို ကျေးဇူးတင်မိပါသည် ၊ အသွင်သစ် အမြင်သစ်ဖြင့် ပါဝင်ပြောဆိုကြသည့် သုတ ၊ ရသ ၊ ဒီမိုကရက်တစ်သုံးသပ်ချက် ( သို့ ) အမှားအမှန်ခွဲခြားသိနိုင်သည့်ထောက်ကွက် ( Concept ) တို့ဖြင့် ဆင်ယင်ထုတ်ဝေခွင့်ရနေကြပြီဖြစ်သည် ၊ ကလောင်ရှင်သည် အရမ်းကြီး သတင်းရေးသားတတ်ဖို့မလို  အတွေ့အကြုံသာလိုသည် ၊ ရသစာပေ သင်ပြတတ်ဖို့မလို ပြောပြတတ်ဖို့သာလိုသည် ။

Monday, August 12, 2013

အမြဲပြောရသော လုပ်ငန်းခွင်စကားစုများ




လုပ်ငန်းခွင်တွင် ပြောရသော အင်္ဂလိပ်စကားအများစုမှာ မိမိတို့ နေ့စဉ်ပြောနေကျ စကားများသာဖြစ်သည် ၊ သို့ရာတွင် အမေရိကားရောက်မြန်မာများ မည်သည့်အတွက်ကြောင့် ပြောဆိုဆက်ဆံရေး ( Communication ) ခက်ခဲနေကြရပါသနည်း ၊

Saturday, August 3, 2013

အသုံးဝင်သော နှုတ်ဆက်စကားစုများ



          မြန်မာနိုင်ငံ၏ပြောင်းလဲလာသော မူဝါဒ နှင့် နိုင်ငံရေးပြုပြင်မှုများနှင့်အညီ အမိမြန်မာနိုင်ငံသို့ ဝင်ရောက်လာမည့် နိုင်ငံခြားသားများနှင့် ပြောဆိုဆက်ဆံရန် မိမိတို့၏အင်္ဂလိပ်စာအပြောအဆို အရေးအသားတိုးတက်ရန်မှာ များစွာလိုအပ်လျက်ရှိသည်မှာ အားလုံးအမြင်ပင်ဖြစ်သည် ၊

Sunday, July 28, 2013

ဒီမှာလဲ ကားကောင်းရွေးတတ်ဖို့လိုတယ်

Car Sales
           

                 မော်တော်ကားကောင်း / မကောင်း ကြည့်တတ်အောင် သင်ပေးခဲ့သော မြန်မာနိုင်ငံမှ ရွေညီအစ်ကိုများကို ကျေးဇူးမမေ့ပါ ၊ အွန်လိုင်းပေါ်မှာ ကား၏အချက်အလက်တော်တော်များများကို ကြည့်ခဲ့ပြီးဖြစ်သော်လည်း ပါးခြမ်း ၂ ဖက်ကို လက်ဆစ်လေးနှင့် တောက်၍ ပတ်တီးရိုက်ထားသည့်နေရာကို ရှာဖွေနေမိသည် ၊ ဓါတ်ပုံအရလည်း သိပ်မဆိုးဟုယူဆ၍သာ ဤနေရာကို ရောက်လာခဲ့ပါပြီ ၊

Saturday, July 27, 2013

အိမ်ငှား အိမ်ရှင် အမေရိကားတခွင်

          


                  အမေရိကားမှာ အိမ်ငှားနေထိုင်ဖို့အတွက် အိမ်ပွဲစား ( Agent ) မလိုပါ ၊ ကိုယ်လိုချင်တဲ့အခန်း ( Apartment ) တွေ့တာနဲ့ ငှားပေးမယ့်ကုမ္ပဏီမှာ လိုအပ်တဲ့စာရွက်စာတမ်းဖြည့်စွက်ပြီး ကိုက်ညီတာနဲ့ ငွေရှင်းပြီး သော့အပ်မှာပါ ၊ အိမ်ငှားခလစဉ်မှန်မှန်ပေးနိုင်ကြောင်း အတည်တကျအလုပ်ရှိတဲ့ အထောက်အထား တော့ပြနိုင်ဖို့လိုပါတယ် ၊ လုံးချင်းအိမ် ( Single House ) ရဖို့

Sunday, July 21, 2013

မပျက်ရင် ကောင်းတယ်

        
Engine Check Light


                   အင်ဂျင်ဝိုင်မှန်မှန်လဲပေးသောကားသည် ပြသနာမရှိ ၊ ခက်သည်က ဒိုင်ခွက်တွင် ဘုံပိုင်ခေါင်းပုံ ( Engine Check Light ) ပေါ်လာမှ လမ်းဘေးကိုဘဲ ချရပ်ရတော့မလိုလို ၊ ဆက်မောင်း၍ မရတော့သလိုလို စိုးရိမ်လွန်ကဲစွာ ခြေမနင်းမိ လက်မကိုင်မိဖြစ်ကြသည်မှာ အမေရိကန်ရှိ ယျာဉ်မောင်းများ၏ သရုပ်မှန်ုဟုဆို ရမလိုဖြစ်နေသည် ၊ ဘာမဆို မီတာ ( Monitor ) ပြမှ သိကြသည်မှာ
နည်းပညာမြင့်မားမှု၏ သားကောင်များဖြစ်နေကြပြီလား

Saturday, July 20, 2013

ရေးဖြေ ပြီးရင် မောင်းဖြေ

          
 
Traffic Signs
                အမှန်အတိုင်း ဝန်ခံရလျှင် ရေခြား မြေခြားရောက်သည့်အခါ ဘယ်နေရာသွားသွား သူများက လိုက်ပို့ပေးရသည်ကို လွန်စွာအားနာမိသည် ၊ ကားလမ်းပေါ်မှာ လူမရှိ ၊ လမ်းဘေး ပလက်ဖောင်းမှာ လမ်းလျှောက်သွားလာသူခပ်ရှားရှား ၊ ရံဖန်ရံခါ အားကစားလုပ် ၊ လေ့ကျင့်ခန်းလုပ် ပြေးလွှားသူများကိုသာ

Tuesday, July 16, 2013

ကြာရင်မေ့သွားမှာ



                " ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် အဓိပ္ပါယ်ကို ရှာတွေ့နိုင်ပါတယ် ၊ အဆိုးဆုံးလို့ဆိုရတဲ့ အခြေအနေမျိုးမှာတောင် တွေ့နိုင်တယ် ။ ( Meaning is available under any conditions, even the worst conceivable ones. ) “ ( ချီးမွမ်းခြင်း ၊ ကဲ့ရဲ့ခြင်း - စာမျက်နှာ ၁၅၂ - ၁၅၃ ) ….. ကျေးဇူးရှင် မဟာမြိုင်တောရ ဆရာတော်ဦးဇောတိက တရားခွေဖွင့်ထားတာ မဟုတ်ပါဘူး ၊ “ စွမ်းစွမ်း “ မြန်မာစာ

Saturday, July 13, 2013

ပျော်စရာကောင်းတဲ့သောကြာနေ့လေးပါ ( Happy Friday ....! )


ဤစာကိုရေးနေသည့်အချိန် စာရေးသူအလွန်ပျော်နေပါသည် ၊ အကြောင်းရင်းမှာ ယနေ့သည် သောကြာနေ့ဖြစ်သောကြောင့်ဖြစ်သည် ၊ ထို့အပြင် စာရေးမည့်အကြောင်းအရာမှာလည်း တစ်ပတ်၏နောက်ဆုံးအလုပ်တက်ရက်ဖြစ်သော သောကြာနေ့ဖြစ်နေပြန်လေသည်

Tuesday, July 9, 2013

အပြစ်မပြောပါ ၊ အကြံပေးခြင်းသာ




          ထိန်းချုပ်မှုဧ။်နောက်ကွယ်တွင် ပေါက်ကွဲမှုရှိသည် ၊ အလှစစ်နောက်တွင် အကျည်းတန်တရားရှိသည် ၊ လွတ်လပ်မှုဧ။်နောက်ကွယ်တွင်တော့ ပရမ်းပတာစည်းကမ်းပျက်မှုများသည် ထပ်ချပ်မကွာလိုက်လာပေလိမ့်မည် ၊ သို့သော် လူချထားသောမူ နှင့် မူနောက်လိုက်သောသူ လိုက်လျောညီထွေသောအခါ အားလုံးသည်ဖြေရှင်းရလွယ်ကူသည်သာ ။



        

Thursday, July 4, 2013

ကျောင်းပြန်တက်ခွင့်ပေးပါ



     



                    
                    ပိတ်ထားခဲ့သည်မှာကြာမြင့်လှပြီမို့ အဓိပတိလမ်းဂိတ်ပေါက်တံခါးများ သံချေးတက်နေပြီလော ၊ မဖွင့်တာကြာပြီမို့လို့ သော့ပျောက်နေပြီလော ၊ အရေးမကြီးပါ ၊ ယခင် ၂၄ နှစ်ကျော်ကတည်းက လူဝင်ပေါက်သေးမှ ဝင်နေကျ ၊ မြင်သာမြင် ဝင်ခွင့်မရသည်မှာ နှစ်ကာလကြာပြီ ၊ မထူးဆန်းတော့ပါ ၊ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း ပညာဆည်းပူးခဲ့သော ပဲခူးဆောင်ကိုလည်းမရောက်တာကြာပြီ မင်းကိုနိုင်တို့ဧ။်ကျောင်းတော်ကြီး

Sunday, June 30, 2013

Apple co-founder, Steve Jobs

                        
               I'm honestly proud of Apple co-founder, Steve Jobs, who believed in Buddhism after his way back from India. Let me share something remarkable monologue with his interviewer.


Steve Jobs  ( 1955-2011 )
                    

Saturday, June 29, 2013

သစ်ပေါင်းသားနဲ့ ဆောက်တဲ့အိမ်များ


မြန်မာနိုင်ငံက အိမ်ခြံမြေဈေးကွက် ဈေးကြီးမြင့်နေတယ်လို့ဝေဖန်ခံနေရတာ တကယ်ဘဲ ဈေးကြီးနေတာလား “ မဆွေးနွေးခင် အမေရိကန်ရှိအိမ်များအကြောင်းတစေ့တစောင်း ပြောပြချင်ပါတယ် ။


Single House in America
       

                   ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စ္စစကိုတစ်ဝိုက်ကို  ငလျင်ကြောဒေသလို့ပြောကြပါတယ်၊ မြေနေရာကျယ်တဲ့မြို့တွေမှာဆို အထပ်မြင့် အဆောက်အအုံတွေ မတွေ့ရပါဘူး ၊ ဆန်ဖရန်မြို့ကတော့ နာမည်ကြီးခရီးသွားမြို့ဖြစ်တာတင်မကပါဘူး လူနေမှုသိပ်သည်းပြီး ကားရပ်နားရန်နေရာ အလွန်ခက်ခဲပါတယ် ၊ တိုးပွားလာတဲ့မြို့လူထုတွေဟာ

ခေတ်သစ်အင်တာဗျူးနှင့်အခြေခံအလုပ်သမားအခွင့်အရေး


                            
ခေတ်သစ်အင်တာဗျူး
         

               ယခုတလော မလေးရှားပြန်မြန်မာလုပ်သားများကို အရည်အချင်းအလိုက် အလုပ်ခွင်ခေါ်ယူမည်ဟု ကြားသိရသဖြင့် လွန်စွာဝမ်းမြောက်မိပါသည် ၊ အထူးသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ လုပ်သားများပိုမိုအဆင်ပြေစေပါလိမ့်မည် ၊ တန်းတူညီမျှရေး ကို လျစ်လျူရှုခံရသော မြန်မာလုပ်သားများဧ။်အခွင့်အရေးများကို တစ်ဖက်တစ်လမ်းမှ

Promotion Speech 06-12-2013

Washington Manor Middle School ၈ တန်း အောင် နောက်ဆုံးနေ့ Promotion နေ့တွင် စွမ်းစွမ်း ပြောမယ့် Speech သူ့ကိုယ်သူရေးထားတာ ( စင်ပေါ်မှာ အကုန်လုံးမပြောသွားပါ :0)









                                       Promotion Speech 06-12-2013

                  Hello ladies and gentlemen,

Thursday, June 27, 2013

နေရာသစ်မှသင်ယူခြင်း ၁၁

 
ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

  
           မြန်မာနိုင်ငံမှာပုဂ္ဂလိကဘဏ်လုပ်ငန်းများတွင်ကျယ်လာတာနဲ့အမျှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကို အခုမျက်မြင်ကြုံတွေ့နေရပါပြီ။ နေရာတိုင်း ငွေသားလက်ငင်းပေးချေစံနစ်ကနေ ဒစ်ဂျစ်တယ်ဘဏ်စံနစ် (Digital Banking) ကို အကျွမ်းဝင်လာနိုင်ဖို့အတွက် အသွင်ကူးပြောင်းရေးကာလတစ်ခုကိုကျွန်တော်တို့အားလုံးစောင့်မျှော်နေခဲ့ကြရတာပါ။
        
       ရော့နဂါး - ရော့ပတ္တမြား ငွေချေစံနစ် (Physical Payment) အရ ငွေသားသယ်ယူပေးချေမှုဟာလုပ်ငန်းရှင်တွေနဲ့ကုမ္ပဏီတွေအတွက် စွန့်စားမှု (Risk) တစ်ခုဖြစ်လာနေတာဟာ ကာလကြာရှည်လှပါပြီ။ ဒီနေရာမှာ နည်းစံနစ်ကောင်း နဲ့ နည်းပညာအသစ်တွေကို ကိုးကားလိုသူတွေအတွက် ဗဟုသုတရစေဖို့အမေရိကားကဘဏ်စံနစ် (Banking System) အကြောင်းကို ကျွန်တော်သိထားသမျှ ရှင်းလင်းတင်ပြပေးပါမယ်။

နေရာသစ်မှသင်ယူုခြင်း ၁ဝ



       မြန်မာနိုင်ငံမှာအင်တာနက်နဲ့လက်ကိုင်ဖုံးတွေတွင်တွင်ကျယ်ကျယ်သုံးလာတဲ့ခေတ်နဲ့လျော်ညီအောင်အမေရိကားကဖုန်းကုမ္ပဏီတွေအလုပ်လုပ်ပုံကိုရှင်းပြချင်ပါတယ်။



          အမေရိကန်တယ်လီဖုန်းဆက်သွယ်ရေးမှာအဓိကစိုးမိုးထားတာက
ဗရိုင်ဇွန်ဝါယာလက်စ် (Verizon Wireless) ၊ အေတီအန်တီ (AT&T) ၊ စပရင့်နက်စတယ် (Sprint Nextel) နဲ့ တီမိုလ်ဘိုင်း (T-Mobile)  တို့ဖြစ်ကြပါတယ်။ အရင်းရှင်စံနစ်အစ အားကြီးသူနိုင်စတမ်းခေတ်ကနေ ဒီမိုကရေစီစံနစ်အရောက် နည်းပညာဦးသူအရင်စားစတမ်းခေတ်ကို ပြောင်းလဲလာကြပြီမို့လို့ ပြိုင်ဆိုင်မှုအလွန်အမင်းကြီးထွားပါတယ်။

          သူ့ထက်ငါ ဘယ်လိုဝန်ဆောင်မှု (Customer Service) တွေသာအောင်လုပ်ပေးမယ်ဆိုပြီးအဓိကယှဉ်ပြိုင်ကြပါတယ်။ သုံးစွဲသူဖောက်သည်ကိုရုန်းမထွက်နိုင်အောင်ချည်နှောင်တုတ်ပြီးဖုန်းရောင်းတဲ့နာမည်ကြီးစံနစ်အရ  (၂) နှစ်စာချုပ်နဲ့ဝယ်ယူတဲ့အလေ့အထကိုရုန်းထွက်နိုင်သူရှားပါးခဲ့ပါတယ်။

နေရာသစ်မှသင်ယူခြင်း ၉

 

          ဒီဆောင်းပါးမှာ နေ့တိုင်းကြုံတွေ့နေရတဲ့အမေရိကန်ယဉ်ကျေးမှု နဲ့ပေါင်းသင်းဆက်ဆံရေးအကြောင်းကိုတင်ပြချင်ပါတယ်။ 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

          ဒီအပိုင်းကိုရေးဖို့ဖြစ်လာတဲ့အကြောင်းကရိုးရှင်းပါတယ်။ လူကိုဦးစားပေးတဲ့စံနစ်ကိုအကျွမ်းမဝင်သေးတဲ့မြန်မာတစ်ယောက်အဖို့ အမေရိကားမှာရုန်းကန်ရတာစိမ်ခေါ်မှုဘယ်လောက်ကြီးမားတယ်ဆိုတာ အထူးပြောစရာမလိုပါ။ မရိုးနိုင်အောင်ပဲမတူတဲ့အတွေ့အကြုံတွေက နေ့စဉ်နဲ့အမျှပါ။ 

          အမိမြန်မာနိုင်ငံက ဒီမိုကရေစီလမ်းစဉ်နဲ့ရှေ့ရှုလျှောက်လှမ်းနေပြီဖြစ်လို့ တစ်ခြားနိုင်ငံတွေရဲ့ လူမှုရေး နဲ့ ယဉ်ကျေးမှုတွေကို မပြတ်လေ့လာသင့်တယ်လို့ခံယူမိတာကြောင့် လေ့လာကြုံဆုံခဲ့သမျှကို ပြန်လည်ဖောက်သည်ချလိုက်ပါတယ်။

နေရာသစ်မှသင်ယူခြင်း ၈ ( အွန်လိုင်းရှော့ပင်းဈေးကွက် )

                
ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
လက်ရှိမြန်မာနိုင်ငံအတွင်းမှာ ဖေ့စ်ဘွတ်လူမှုစာမျက်နှာကနေ Online အသုံးပြုပြီးကုန်ပစ္စည်းတွေရောင်းချမှုတွေ တွင်တွင်ကျယ်ကျယ်တွေ့နေရပါပြီ။ ကြိုတင်မှာ - Pre Order လုပ်လို့ရပြီး ကုန်ပစ္စည်းကိုယ့်ဆီရောက်မှငွေသားပေးချေရတယ်လို့ဆိုပါတယ်။  တကယ်တော့ အွန်လိုင်းဘဏ်စံနစ်ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးခင်စပ်ကြားဈေးကွက်အခင်းအကျင်းကိုမြန်မာ့နည်းမြန်မာ့ဟန်နဲ့ကြိုတင်ပျိုးထောင်နေကြတာအားတက်စရာပါ။ အနောက်နိုင်ငံတွေထဲကမှ Uncle Sam - အမေရိကန်နိုင်ငံရဲ့ ခေတ်အစားဆုံး အွန်လိုင်းဈေးသည်ကြီးတွေအကြောင်းကိုတစေ့တစောင်းဖော်ပြလိုက်ပါတယ်။

နေရာသစ်မှသင်ယူခြင်း ၇

          အခုတစ်ခေါက်မှာတော့ အမေရိကန်အလုပ်သမားလောက နဲ့ အင်တာနက်အသုံးပြုပုံတွေကိုရေးသားဖော်ပြလိုပါတယ်

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
             အမေရိကားမှာ အလုပ်ရှင်ကအလုပ်ခန့်ပြီဆိုပါစို့ . . အလုပ်တက် အလုပ်ဆင်းကဒ်ပြား (Punch) တစ်ခု ပေးပါလိမ့်မယ်။ ဥပဒေအရ (၁) ရက် ပုံမှန်အလုပ်ချိန်ကို (၈) နာရီသတ်မှတ်ထားပြီး (၁) ပါတ်ကို နာရီ (၄ဝ) လုပ်ခွင့်ရှိပါတယ်။ (၂) နာရီအလုပ်လုပ်ပြီးတိုင်း အားလပ်ချိန် (Break) ယူခိုင်းပါတယ်။ အလုပ်စချိန်ကနေ နောက် (၆) နာရီမကျော်ခင်မှာထမင်းစားချိန်ယူရပါတယ်။ Break ကြာချိန်ကအလုပ်ခွင်တစ်ခုနဲ့တစ်ခုမတူပါဘူး။ မဖြစ်မနေ (၁ဝ) မိနစ်နားချိန်ပေးရပါတယ်။ 

          အလုပ်ပေါ်မူတည်ပြီး နာရီဝက် (သို့) တစ်နာရီ ထမင်းစားချိန်မှာ အဝင်အထွက်ကဒ်ပြား (Time Card) ရိုက်ရပါတယ်။  ဥပမာ - မနက် (၇) နာရီစတဲ့ အလုပ်ချိန်တစ်ခုမှာ (၉) နာရီ Break တစ်ချိန်ရပြီးတော့ (၁၁) နာရီခွဲမှာထမင်းစားဖို့ အထွက်ရိုက် (Punch Out) လိုက်ပြီး (၁၂) နာရီမှာ အဝင် (Punch In) ပြန်ရိုက်ရမှာပါ။ Break ရဲ့သဘောသဘာဝ ဒီ (၁ဝ) မိနစ် (သို့) (၁၅) မိနစ်ကိုအလုပ်ရှင်ရဲ့ငွေနဲ့နားရတာဖြစ်ပါတယ်။ ထမင်းစားချိန်နာရီဝက်ကိုတော့လုပ်အားခမရပါဘူး။ နေ့လည် (၂) နာရီမှာ ဒုတိယ Break ထပ်ရကြပြီး ညနေ (၃) နာရီခွဲမှာအလုပ်ဆင်းပါတယ်။ (အလုပ်ခွင်အမျိုးအစားအလိုက် အလုပ်တက်ချိန်၊ နားချိန်၊ ထမင်းစားချိန် နှင့် အလုပ်ဆင်းချိန်မတူသည်ကိုသတိပြုပါရန်)

နေရာသစ်မှသင်ယူခြင်း ၆


                 မြန်မာပြည်ကပြောင်ရွှေ့ နေထိုင်သူအများစုစိတ်ပူတာတစ်ခုရှိပါတယ်။ အဲဒါကတော့ သူတို့ ရဲ့သားသမီးတွေကိုမေရိကားမှာကျောင်းဘယ်လိုထားရမလဲဆိုတာကိုသိချင်နေကြတာကို ဒီဆောင်းပါးလေးမှာရှင်းပြပါမယ်




  • (၁) တန်းကနေ (၅) တန်း ကို မူလတန်
  • (၆) တန်းကနေ (၈) တန်း ကို အလယ်တန်
  • (၉) တန်းကနေ (၁၂) တန်း အထိကို အထက်တန်းဆိုပြီး အမေရိကားရဲ့အခြေခံပညာရေးကို (၃) ပိုင်း ခွဲပြီးတည်​​ဆောက်ထားပါတယ်
     မူကြိုတန်းက ကလေးစာသင်နှစ်ကုန်ခါနီး (၂) လလောက်အလိုမှာ မိဘတွေဆီကို သူအတန်းတက်ရမယ့်မူလတန်ကျောင်းက ကြိုဆိုတဲ့စာပို့ပါတယ်။ ဒီအတိုင်းပဲ (၅) တန်းကျောင်းသား က (၆) တန်းတက်ခါနီးအချိန်မှာရော အလယ်တန်းကျောင်းက စာပို့ပါတယ်။ ဒီနေရာမှာ တစ်ခုအလေးပေးပြောပြချင်တာက ကျောင်းသားတစ်ယောက်ရဲ့ပညာရေးစိတ်ဝင်စားမှုအလှည့်အပြောင်းကို အလယ်တန်းမှာ ဇောင်းတင်ပေးထားတဲ့အကြောင်းဖြစ်ပါတယ်။ ဒီအရွယ်ဆက်ကျော်သက်ဝင်ခါစ လူငယ်တွေဟာအရာရာကိုစူးစမ်းလေ့လာလိုစိတ်ပြင်းပြခါစအချိန်တွေမှာသိပ်အရေးကြီးပါတယ်။

 ထိုနည်းတူစွာ စာသင်တဲ့စံနစ် နဲ့ သင်ရိုးညွှန်းတမ်းပုံစံ (Curriculum) ကို တစ်ဆင့်မြှင့်ထားတာကထူးခြားပါတယ်။ အလယ်တန်းမှာ အဓိကခွဲထားပေးတဲ့ဘာသာတွဲ (၄) မျိုးကတော့
  • အင်္ဂလိပ်စာတွဲ (Language Art Class)
  • သင်္ချာတွဲ (Math Class)
  • သမိုင်း နှင့်ပထဝီတွဲ (Social Study Class) နဲ့
  • သိပ္ပံတွဲ (Science Class) တို့ဖြစ်ကြပါတယ်။
      ကျောင်းတက်ချိန်မနက် (၈:ဝ၅) နာရီ ကနေ ကျောင်းဆင်းချိန် (၃:၁ဝ) နာရီအထိ အတန်း (Period) (၈) ခု ရှိပါတယ်။ မေဂျာ (၄) ခု က အခန်း (၄) ခု ယူ၊ အားကစားနဲ့ကာယလေ့ကျင့်ခန်း (P.E Class) တစ်ကြိမ် နဲ့ ထမင်းစားချိန်နာရီဝက်ကို အခန်းတစ်ခန်းအနေနဲ့ အားလုံးပေါင်းလိုက်ရင် (၆) ခန်း ရှိနေပါပြီ။ နောက်လိုတဲ့ (၂) ခန်းအတွက်ကျောင်းသားကို စိတ်ကြိုက်ရွေးချယ်မှုအတန်း (Elective Class) တွေထဲက (၂) ခန်းယူခိုင်းပါတယ်။