ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, March 26, 2017

ျမန္မာျပည္ၾကီးကိုလြမ္းတဲ႕အခါ

ေဆာင္းပါးရွင္ - ကုိညီညီ ( ေတာင္ၾကီး )

. “ မင္းတို႕ျမန္မာျပည္ကုိလြမ္းရင္ဘာလုပ္သလဲ? ” လို႕ အရင္တုန္းက ႏုိင္ငံျခားေရာက္ေနသူေတြကို ေမးဖူးတယ္။ အဲဒီတုန္းက ကြ်န္ေတာ႕အေမးကုိေျဖေပးဖို႕ ဘယ္ႏုိင္ငံျခားေရာက္သူမွ မအားၾကဘူးေလ။ ျပီးေတာ႕ တစ္ေယာက္နဲ႕တစ္ေယာက္ေတြ႕ဖို႕ဆုိတာ အင္တာနက္ဆုိတာေဝးစြ၊ ဖုန္းနဲ႕ရင္လည္း ေခၚမွ၊ စာနဲ႕ရင္လည္း ေရးမွ ေရာက္မွာဆုိေတာ႕ ပိုလို႕သာဆုိးေတာ႕တာေပါ႕။
.
. ( ၆ ) တန္းေလာက္တုန္းက ငယ္သူငယ္ခ်င္းတစ္ေယာက္က သူနဲ႕စာတုိက္ကေနမိတ္ဖြဲ႕ရတဲ႕ ဘုိ မိန္းကေလးတစ္ေယာက္နဲ႕မိတ္ေဆြျဖစ္ၾကတယ္။ သူတုိ႕သိကြ်မ္းပံုကအဆန္းၾကီး။ အဲဒီေခတ္တုန္းက “ စာတိုက္ၾကီးသာအမိ စာတုိက္ၾကီးသာအဖ ” ဆိုေတာ႕ သူက အေမရိကန္သံရံုးကေန Pen Pal ဆုိျပီးထည္႕လိုက္တာ ဟုိဘက္က သူ႕နာမယ္ကိုေရြးျပီးစာျပန္တဲ႕သူနဲ႕ စာသြား၊ စာျပန္လုပ္ရင္း ေဘာပင္သူငယ္ခ်င္း - Pen Pal သူငယ္ခ်င္းျဖစ္ၾကတာ။ ကြ်န္ေတာ္က သူ႕မိတ္ေဆြမိန္းကေလးရဲ႕အဂၤလိပ္စာအေရးအသားကုိဖတ္ရင္း ဒီ အဂၤလိပ္စာကိုၾကိဳက္လုိက္တာေလ . . ငယ္ငယ္တုန္းကမက္လို႕မျပီးခဲ႕တဲ႕အိပ္မက္တစ္ခုေပါ႕။
.
.
. အခုေရာက္ေနတဲ႕သူမ်ားႏုိင္ငံဆိုတာလည္း ကြ်န္ေတာ္ ( ၁၄ ) ႏွစ္သားကတည္းက သိပ္ျဖစ္ခ်င္ခဲ႕တဲ႕ ေခတ္မီပညာေရးစံနစ္ကိုသင္ခ်င္ခဲ႕တဲ႕ မျပီးဆံုးေသးတဲ႕အိပ္မက္ရွည္ကို သမီး နဲ႕ သားတို႕ကုိ မက္ခုိင္းရတဲ႕ဘဝ၊ ပုခံုးေျပာင္းတာဝန္ေပးေနရတဲ႕တခဏ ျဖစ္ေနျပန္တယ္။ 

.
. ဒီအတြက္ အဲဒီတုန္းက ရွိရင္းစြဲစီးပြားေရးအေျခအေနေတြအားလံုး စြန္႕ခဲ႕ရတယ္။ လည္ပတ္ေနတဲ႕ ေခ်ာင္ေခ်ာင္ခ်ိခ်ိ အံဆြဲဖြင္႕-လိုခ်င္တာဝယ္-စားခ်င္တာစား ဘဝကေန ကမၻာၾကီးတစ္ပတ္လွည္႕သြားေတာ႕ နာရီစားဘဝ တစ္ပတ္လည္ယႏၱရားထဲ ေရာက္သြားတယ္။ ဒါလည္း ေပ်ာ္ပါတယ္။ ကိုယ္သိခ်င္ ကိုယ္တတ္ခ်င္တဲ႕အဂၤလိပ္စကားေျပာတဲ႕ေနရာ ေရာက္ေနတာပဲ မဟုတ္လား?
.
.
. လူ႕စိတ္ဆိုတာက ေျပာရေတာ႕ အခက္သား . .။ မေရာက္ဖူးရင္ ေရာက္ခ်င္တယ္။ ေရာက္ေနရင္ မူရင္းေနရာ ျပန္ခ်င္တယ္ . . ဘယ္လိုမွ ေက်နပ္မယ္ဆိုတာ အတိုင္းအဆမရွိဘူး။ ဒီေတာ႕ အဂၤလိပ္စကားတစ္ခ်ိန္လံုးေျပာေနတဲ႕တုိင္းျပည္မွာ ကြ်န္ေတာ႕အဖို႕ေတာ႕ ေရနစ္တုန္းေရတြင္းတင္မကဘူး ပင္လယ္ၾကီးထဲပါက်ေနရသလို ေမာေန ပမ္းေနလို႕ တစ္ခ်က္တစ္ခ်က္ အသက္ရွဴမဝခ်င္ဘူး။ တစ္ခါတစ္ေလ ေရနံ႕ရေနလို႕ ေရမြန္းေနခ်င္သလုိေတာ႕ျဖစ္မိသား . .။
.
.
. ( ၂ဝ၁ဝ ) ခုႏွစ္က မိသားစု ( ၃ ) ေယာက္ ျမန္မာႏိုင္ငံျပန္သြားတဲ႕အခါ ကြ်န္ေတာ္ဘာလုပ္သလဲသိလား? သမီးကို ဆန္ဖရန္စစၥကိုဘက္အျခမ္းကိုလွမ္းျမင္ရတဲ႕ ေလတုိက္ၾကမ္းတဲ႕ပင္လယ္ကမ္းေျခကို ေခၚသြားျပတယ္။ သမီးတို႕ခရီးသြားေနတုန္း သတိရလို႕ လြမ္းရရင္ ဒီေနရာကေန စကားေတြေျပာလိုက္မယ္ . . ပစိဖိတ္သမုဒၵရာဟုိတစ္ဖက္ကေန နားေထာင္လုိ႕ . . မွာလုိက္တယ္။ အဲဒီမွာ ကြ်န္ေတာ႕ရင္ပတ္အေအးပတ္ေတာ႕တာပါပဲ။
.
. ေနာက္ပိုင္း ( ၂ဝ၁၂ ) ခုႏွစ္မွာ မေမွ်ာ္လင္႕တဲ႕အေၾကာင္းအရာတစ္ခုနဲ႕ ျမန္မာႏုိင္ငံျပန္ရတယ္။ စားလိုက္တဲ႕အစာတုိင္း ေကာင္းလိုက္တာ၊ အေမ႕ကိုျမင္ရတာလည္း စိတ္ခ်မ္းသာ၊ အားလံုးဟာ မဂၤလာရွိခဲ႕တယ္။ သုိ႕ေသာ္လည္း ေျမေျပာင္း ေရေျပာင္းတာၾကာလို႕လား မသိဘူး . . ေနာက္ပိုင္း စားသမွ်ဟာ သိပ္အရသာမေတြ႕သလုိခံစားရတယ္။ ၾကက္တူေရြးျငဳပ္ဆီကအစ၊ ေရႊြေတာင္တန္းေၾကးအိုးအဆံုး၊ လမ္းမေတာ္မုန္႕ဟင္းမက်န္ မူရင္းအရသာေမ႕ျပီး အေမရိကန္ဗားရွင္းနဲ႕ ႏွစ္ပါးသြားရေလတယ္။
.
.
. ဒီဘက္ေရာက္လာတဲ႕ေဆြမ်ိဳးေတြစံုတဲ႕အခါ စုၾက စားၾက ဧည္႕ခံၾကေတာ႕လည္း ျမန္မာ႕အစားအစားေတြပါပဲ။ ရွမ္းေခါက္ဆြဲပါတယ္၊ ထုိဟူးေႏြးပါတယ္၊ မုန္႕ဟင္းခါးပါတယ္၊ အသုပ္စံုပါတယ္၊ အားလံုးနီးပါး ျမန္မာမႈခ်ည္းပဲ။ ဒါေပမယ္႕ ခ်က္ရျပဳတ္ရတာေတြအမ်ားစုက Globalization သေဘာတရားအရ မကၠဆီကုိျပည္ထြက္အသီးအရြက္ေတြကုိ အေမရိကန္စကားေျပာတဲ႕ တရုတ္ဆုိင္က ဝယ္ရတာ။
.
. ဒါေၾကာင္႕ လူတစ္ေယာက္နဲ႕တစ္ေယာက္ ျမန္မာျပည္ၾကီးကိုသတိရပံုခ်င္းမတူၾကဘူး။ 
.
တစ္ခ်ိဳ႕က ျမန္မာျပည္ကုိသတိရလို႕ အင္တာနက္မွာ မႈန္မႈန္ခ်ိခ်ိ ျမန္မာကားၾကည္႕တယ္။
.
တစ္ခ်ိဳ႕က ျမန္မာျပည္ကိုသတိရလို႕ ျမန္မာေတြစုျပီး ျမန္မာမႈ ခ်က္စားၾကတယ္။
.
တစ္ခ်ိဳ႕က ျမန္မာျပည္ကိုသတိရလို႕ ေလယာဥ္လက္မွတ္ေစ်းေလွ်ာ႕တဲ႕အခါ လနဲ႕ခ်ီေစာျပီး တေသာေသာ ဝယ္ၾကတယ္။
.
တစ္ခ်ိဳ႕က်ေတာ႕ ျမန္မာျပည္ကုိလြမ္းလွခ်ည္ရဲ႕ဆုိျပီး အပတ္စဥ္ ဘုန္းၾကီးေက်ာင္း နဲ႕ အထိမ္းအမွတ္ပြဲေတြမွာ ျမန္မာစာ လုိက္စားတယ္။
.
တစ္ခ်ိဳ႕က ျမန္မာျပည္ကိုသတိရလို႕ လြမ္းစရာေလးေတြရွာျပီး ကမ္းေျခရာေလးေတြမွာ ေတြးတယ္။
.
ကြ်န္ေတာ္ကေတာ႕ ကုိယ္သိပ္သိခ်င္ တတ္ခ်င္တဲ႕အေၾကာင္းအရာေတြကို ငယ္ငယ္တုန္းကလို ျမန္မာဘာသာျပန္ျပီးသားကို ရွာဖတ္စရာမလုိလို႕ ေက်နပ္တယ္။ အဲဒါထက္သတိရရင္ စာတစ္စ ထေရးတယ္။ ေဆာင္းပါတစ္ပုဒ္ ခ်ေရးတယ္။ ျမန္မာႏိုင္ငံကသယ္လာခဲ႕တဲ႕ ရင္ပတ္ၾကီး သဲၾကီးမဲၾကီး ေအးခဲျပီး မလဲခင္အထိေပါ႕။
.
. ခင္လ်က္
.
. ကိုညီညီ ( ေတာင္ၾကီး )
. 03-21-2017
.
.
Unicode Version:
.
.
. “ မြန်မာပြည်ကြီးကိုလွမ်းတဲ့အခါ ”
. “ မင်းတို့မြန်မာပြည်ကိုလွမ်းရင်ဘာလုပ်သလဲ? ” လို့ အရင်တုန်းက နိုင်ငံခြားရောက်နေသူတွေကို မေးဖူးတယ်။ အဲဒီတုန်းက ကျွန်တော့အမေးကိုဖြေပေးဖို့ ဘယ်နိုင်ငံခြားရောက်သူမှ မအားကြဘူးလေ။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်တွေ့ဖို့ဆိုတာ အင်တာနက်ဆိုတာဝေးစွ၊ ဖုန်းနဲ့ရင်လည်း ခေါ်မှ၊ စာနဲ့ရင်လည်း ရေးမှ ရောက်မှာဆိုတော့ ပိုလို့သာဆိုးတော့တာပေါ့။
.
. ( ၆ ) တန်းလောက်တုန်းက ငယ်သူငယ်ချင်းတစ်ယောက်က သူနဲ့စာတိုက်ကနေမိတ်ဖွဲ့ရတဲ့ ဘို မိန်းကလေးတစ်ယောက်နဲ့မိတ်ဆွေဖြစ်ကြတယ်။ သူတို့သိကျွမ်းပုံကအဆန်းကြီး။ အဲဒီခေတ်တုန်းက “ စာတိုက်ကြီးသာအမိ စာတိုက်ကြီးသာအဖ ” ဆိုတော့ သူက အမေရိကန်သံရုံးကနေ Pen Pal ဆိုပြီးထည့်လိုက်တာ ဟိုဘက်က သူ့နာမယ်ကိုရွေးပြီးစာပြန်တဲ့သူနဲ့ စာသွား၊ စာပြန်လုပ်ရင်း ဘောပင်သူငယ်ချင်း - Pen Pal သူငယ်ချင်းဖြစ်ကြတာ။ ကျွန်တော်က သူ့မိတ်ဆွေမိန်းကလေးရဲ့အင်္ဂလိပ်စာအရေးအသားကိုဖတ်ရင်း ဒီ အင်္ဂလိပ်စာကိုကြိုက်လိုက်တာလေ . . ငယ်ငယ်တုန်းကမက်လို့မပြီးခဲ့တဲ့အိပ်မက်တစ်ခုပေါ့။
.
.
. အခုရောက်နေတဲ့သူများနိုင်ငံဆိုတာလည်း ကျွန်တော် ( ၁၄ ) နှစ်သားကတည်းက သိပ်ဖြစ်ချင်ခဲ့တဲ့ ခေတ်မီပညာရေးစံနစ်ကိုသင်ချင်ခဲ့တဲ့ မပြီးဆုံးသေးတဲ့အိပ်မက်ရှည်ကို သမီး နဲ့ သားတို့ကို မက်ခိုင်းရတဲ့ဘဝ၊ ပုခုံးပြောင်းတာဝန်ပေးနေရတဲ့တခဏ ဖြစ်နေပြန်တယ်။ 
.
. ဒီအတွက် အဲဒီတုန်းက ရှိရင်းစွဲစီးပွားရေးအခြေအနေတွေအားလုံး စွန့်ခဲ့ရတယ်။ လည်ပတ်နေတဲ့ ချောင်ချောင်ချိချိ အံဆွဲဖွင့်-လိုချင်တာဝယ်-စားချင်တာစား ဘဝကနေ ကမ္ဘာကြီးတစ်ပတ်လှည့်သွားတော့ နာရီစားဘဝ တစ်ပတ်လည်ယန္တရားထဲ ရောက်သွားတယ်။ ဒါလည်း ပျော်ပါတယ်။ ကိုယ်သိချင် ကိုယ်တတ်ချင်တဲ့အင်္ဂလိပ်စကားပြောတဲ့နေရာ ရောက်နေတာပဲ မဟုတ်လား?
.
.
. လူ့စိတ်ဆိုတာက ပြောရတော့ အခက်သား . .။ မရောက်ဖူးရင် ရောက်ချင်တယ်။ ရောက်နေရင် မူရင်းနေရာ ပြန်ချင်တယ် . . ဘယ်လိုမှ ကျေနပ်မယ်ဆိုတာ အတိုင်းအဆမရှိဘူး။ ဒီတော့ အင်္ဂလိပ်စကားတစ်ချိန်လုံးပြောနေတဲ့တိုင်းပြည်မှာ ကျွန်တော့အဖို့တော့ ရေနစ်တုန်းရေတွင်းတင်မကဘူး ပင်လယ်ကြီးထဲပါကျနေရသလို မောနေ ပမ်းနေလို့ တစ်ချက်တစ်ချက် အသက်ရှူမဝချင်ဘူး။ တစ်ခါတစ်လေ ရေနံ့ရနေလို့ ရေမွန်းနေချင်သလိုတော့ဖြစ်မိသား . .။
.
.
. ( ၂ဝ၁ဝ ) ခုနှစ်က မိသားစု ( ၃ ) ယောက် မြန်မာနိုင်ငံပြန်သွားတဲ့အခါ ကျွန်တော်ဘာလုပ်သလဲသိလား? သမီးကို ဆန်ဖရန်စစ္စကိုဘက်အခြမ်းကိုလှမ်းမြင်ရတဲ့ လေတိုက်ကြမ်းတဲ့ပင်လယ်ကမ်းခြေကို ခေါ်သွားပြတယ်။ သမီးတို့ခရီးသွားနေတုန်း သတိရလို့ လွမ်းရရင် ဒီနေရာကနေ စကားတွေပြောလိုက်မယ် . . ပစိဖိတ်သမုဒ္ဒရာဟိုတစ်ဖက်ကနေ နားထောင်လို့ . . မှာလိုက်တယ်။ အဲဒီမှာ ကျွန်တော့ရင်ပတ်အအေးပတ်တော့တာပါပဲ။
.
. နောက်ပိုင်း ( ၂ဝ၁၂ ) ခုနှစ်မှာ မမျှော်လင့်တဲ့အကြောင်းအရာတစ်ခုနဲ့ မြန်မာနိုင်ငံပြန်ရတယ်။ စားလိုက်တဲ့အစာတိုင်း ကောင်းလိုက်တာ၊ အမေ့ကိုမြင်ရတာလည်း စိတ်ချမ်းသာ၊ အားလုံးဟာ မင်္ဂလာရှိခဲ့တယ်။ သို့သော်လည်း မြေပြောင်း ရေပြောင်းတာကြာလို့လား မသိဘူး . . နောက်ပိုင်း စားသမျှဟာ သိပ်အရသာမတွေ့သလိုခံစားရတယ်။ ကြက်တူရွေးငြုပ်ဆီကအစ၊ ရွှွေတောင်တန်းကြေးအိုးအဆုံး၊ လမ်းမတော်မုန့်ဟင်းမကျန် မူရင်းအရသာမေ့ပြီး အမေရိကန်ဗားရှင်းနဲ့ နှစ်ပါးသွားရလေတယ်။
.
.
. ဒီဘက်ရောက်လာတဲ့ဆွေမျိုးတွေစုံတဲ့အခါ စုကြ စားကြ ဧည့်ခံကြတော့လည်း မြန်မာ့အစားအစားတွေပါပဲ။ ရှမ်းခေါက်ဆွဲပါတယ်၊ ထိုဟူးနွေးပါတယ်၊ မုန့်ဟင်းခါးပါတယ်၊ အသုပ်စုံပါတယ်၊ အားလုံးနီးပါး မြန်မာမှုချည်းပဲ။ ဒါပေမယ့် ချက်ရပြုတ်ရတာတွေအများစုက Globalization သဘောတရားအရ မက္ကဆီကိုပြည်ထွက်အသီးအရွက်တွေကို အမေရိကန်စကားပြောတဲ့ တရုတ်ဆိုင်က ဝယ်ရတာ။
.
. ဒါကြောင့် လူတစ်ယောက်နဲ့တစ်ယောက် မြန်မာပြည်ကြီးကိုသတိရပုံချင်းမတူကြဘူး။ 
.
တစ်ချို့က မြန်မာပြည်ကိုသတိရလို့ အင်တာနက်မှာ မှုန်မှုန်ချိချိ မြန်မာကားကြည့်တယ်။
.
တစ်ချို့က မြန်မာပြည်ကိုသတိရလို့ မြန်မာတွေစုပြီး မြန်မာမှု ချက်စားကြတယ်။
.
တစ်ချို့က မြန်မာပြည်ကိုသတိရလို့ လေယာဉ်လက်မှတ်စျေးလျှော့တဲ့အခါ လနဲ့ချီစောပြီး တသောသော ဝယ်ကြတယ်။
.
တစ်ချို့ကျတော့ မြန်မာပြည်ကိုလွမ်းလှချည်ရဲ့ဆိုပြီး အပတ်စဉ် ဘုန်းကြီးကျောင်း နဲ့ အထိမ်းအမှတ်ပွဲတွေမှာ မြန်မာစာ လိုက်စားတယ်။
.
တစ်ချို့က မြန်မာပြည်ကိုသတိရလို့ လွမ်းစရာလေးတွေရှာပြီး ကမ်းခြေရာလေးတွေမှာ တွေးတယ်။
.
ကျွန်တော်ကတော့ ကိုယ်သိပ်သိချင် တတ်ချင်တဲ့အကြောင်းအရာတွေကို ငယ်ငယ်တုန်းကလို မြန်မာဘာသာပြန်ပြီးသားကို ရှာဖတ်စရာမလိုလို့ ကျေနပ်တယ်။ အဲဒါထက်သတိရရင် စာတစ်စ ထရေးတယ်။ ဆောင်းပါတစ်ပုဒ် ချရေးတယ်။ မြန်မာနိုင်ငံကသယ်လာခဲ့တဲ့ ရင်ပတ်ကြီး သဲကြီးမဲကြီး အေးခဲပြီး မလဲခင်အထိပေါ့။
.
. ခင်လျက်
.
. ကိုညီညီ ( တောင်ကြီး )
. 03-21-2017

No comments: