ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, July 25, 2018

တစ္မနက္တည္း ဘဏ္ (၃) ဘဏ္တြင္ စာရင္းဖြင္႕လွစ္ျခင္း

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး) 

. ဒီဘဏ္ကဒ္ေတြလုပ္ရမယ္ဆိုတဲ႕အသိဟာ အြန္လုိင္းမွာ အဆိုေတာ္ေတြရဲ႕သီခ်င္းဝယ္ခ်င္တာကေန စရခဲ႕ပါတယ္။ အမ်ိဳးမ်ိဳးေသာ ခုိးကူးေတြၾကားမွာ လူးလြန္႕ေနရတဲ႕ ေတးဂီတတို႕ပံုေဖာ္သူေတြကို ကိုယ္႕ရဲ႕နည္းပါးလွစြာေသာေငြေလးနဲ႕ဝယ္ယူအားေပးခ်င္တဲ႕အခါ ေငြေပးေခ်ျခင္း - Payment ဟာ ႏုိင္ငံရပ္ျခားကုိေရာက္ေနသူအဖို႕ အနည္းငယ္ အခက္အခဲရွိပါတယ္။ (ဒါကို အက်ယ္ဖြင္႕မေရးေတာ႕ပါ)
.
. မူလရည္ရြယ္ခ်က္အတုိင္း ဒီေန႕ ဘဏ္ (၃) ခု ကို အေကာင္႕အသစ္ (၃) ခု ဖြင္႕ဖုိ႕ ကြ်န္ေတာ္ထြက္လာပါတယ္။ ပထမေရာက္တဲ႕ဘဏ္က KBZ ကေမၻာဇဘဏ္ ပါ။ အျပီးအစီးၾကာခ်ိန္ (၄၉) မိနစ္
.
.
KBZ Bank ဧည္႕ဝတ္ေက်ပြန္မႈ (⭐⭐⭐⭐)
.
ေရာက္ေရာက္ခ်င္း လူမေစာင္႕ရတာက ဘဏ္ရဲ႕ဧည္႕သည္အရည္အတြက္အေပၚမူတည္ပါလိမ္႕မယ္။ ကြ်န္ေတာ္ကေမးေတာ႕ သိပ္မၾကာဘူးဆိုေပမယ္႕ စုစုေပါင္း (၄၉) မိနစ္ၾကာတာက အခ်ိန္လုျပီးလုပ္ရမယ္႕သူေတြအတြက္ အေကာင္႕အသစ္ဖြင္႕ဖို႕ဆိုရင္ စဥ္းစားစရာပါ။
.
တာဝန္ခံထဲကအၾကီးဆံုးလို႕ယူဆရတဲ႕ မိန္းကေလးက လုပ္ပံုကိုင္ပံု နဲ႕ လုိအပ္ခ်က္ေတြရွင္းျပပါတယ္။ ကြ်န္ေတာ္က မသိတာေတြေမး၊ သူက ကြန္ပ်ဴတာရိုက္ရင္း ကြ်န္ေတာ႕အေကာင္႕ေဟာင္းကိုျပန္ရွာ၊ အခ်က္အလက္ေတြ ခြဲျခမ္းစိတ္ျဖာ နဲ႕ ဝင္လာတဲ႕ဖုန္းကို လက္ခံေျပာလုိက္ေသးတယ္။ ဘက္စံုလုပ္ႏုိင္တဲ႕တာဝန္ခံမိန္းကေလးက တစ္ခ်က္စိတ္မပ်က္တာကုိ ေက်နပ္မိပါတယ္။.
.
KBZ Mobile Banking မိုဘိုင္းဘဏ္စံနစ္ (⭐⭐⭐⭐)
.
ခံုမွာထိုင္ေစာင္႕ေနတုန္းမွာပဲ မိုဘုိင္းစံနစ္အတြက္ ေနာက္ေကာင္တာတစ္ခုကေန ေနာက္တစ္ေယာက္က လုပ္ေဆာင္ပါတယ္။ အခ်က္အလက္ေတြျဖည္႕သြင္းျပီးျပီဆုိတာနဲ႕ မိုဘုိင္းအပလီေကးရွင္းမွာဖြင္႕ဖို႕ လိ်ဳ႕ဝွက္နံပါတ္ - Password က စာတုိ - SMS နဲ႕ လက္ကိုင္ဖုန္းဆီကုိ အရင္ဝင္လာပါတယ္။
.
ကုိယ္ပိုင္နာမယ္ - Username ကုိေတာ႕ email ကေန တစ္ဆင္႕သာ ပို႕လာမွာျဖစ္ျပီး ကိုယ္ၾကိဳက္တဲ႕နာမယ္ကုိထပ္မံေျပာင္းလဲခြင္႕မရွိဘူးဆုိတာ တာဝန္ခံက ဖုန္းတစ္လံုးေျပာေနရင္း ကြ်န္ေတာ႕ကိုရွင္းျပေနပါတယ္။ (အေကာင္႕လံုျခံဳေရးအတြက္ျဖစ္ႏိုင္ပါတယ္)
.
ဒီကိစၥအားလံုးဟာ ေကာင္တာကေန မထြက္ခြာခင္ အားလံုးျပီးေျမာက္ခဲ႕တာပါ။ ကြ်န္ေတာ္သြင္းမယ္႕ ေငြ (၅ဝဝဝဝ) ကိုလည္း ေကာင္တာမွာသြင္းေပးရင္း ဖုန္းအခ်င္းခ်င္း Mobile App ကေန ေငြလႊဲခကုိ ရွင္းျပပါတယ္။
.
.
KBZ Mobile Banking မိုဘိုင္းေငြလႊဲခ (⭐⭐⭐)
.
KBZ မုိဘုိင္းအေကာင္႕ပိုင္ရွင္ေနာက္တစ္ေယာက္ကုိလႊဲဖို႕ သိန္း (၂ဝ) မေက်ာ္ခင္အထိ လႊဲေျပာင္းခ တစ္ၾကိမ္တုိုင္းကုိ (၅ဝဝ) က်ပ္ နဲ႕ သိန္း (၂ဝ) အထက္က်ေတာ႕ ေငြလႊဲခပံုစံ ေငြက်ပ္ (၁ဝဝ) ကို (၂ ျပား ခြဲ) ေကာက္မယ္ဆုိတာသိရတယ္။ ဒီပမာဏဟာ ကားၾကပ္လို႕ ဘဏ္ကုိသြားျပီး အခ်င္းခ်င္းေငြမလႊဲႏုိင္သူေတြအတြက္ သင္႕ေတာ္တဲ႕ႏႈန္းထားျဖစ္ပါတယ္။
.
.
KBZ Mobile Banking App မိုဘိုင္းအပလီေကးရွင္း (⭐⭐⭐⭐)
.
KBZ Mobile Banking App ကုိ ဖုန္းအလိုက္ App Store ကေန ေဒါင္းေလာ႕ဒ္ ဆြဲခ်ရပါလိမ္႕မယ္။ Android ဖုန္းအတြက္ App က အျမင္ရွင္းျပီး သံုးစြဲရတာလြယ္ကူပါတယ္။ သူတုိ႕ေပးတဲ႕ Username ဟာ ထူးျခားလွတာေတာ႕မဟုတ္ပါဘူး။ ကုိညီညီ ရဲ႕ဖုန္းက 091234567 နဲ႕ မိုဘိုင္းအေကာင္႕ဆုိရင္ ထိပ္ဆံုးနာမည္ေတြရဲ႕ထိပ္စီးစာလံုးေတြကိုတန္းစီျပီး 09 မပါတဲ႕နံပါတ္ေနာက္ကလိုက္တဲ႕စံနစ္ဆိုတာ သိရတယ္။
.
.
KBZ Mobile Banking App မိုဘိုင္းလံုျခံဳေရး (⭐)
.
ဥပမာ - ကြ်န္ေတာ႕ Username ဆုိရင္ KNN1234567 ျဖစ္သြားတာေပါ႕။ နာမည္ကုိသိျပီး ကြ်န္ေတာ္နဲ႕ဖုန္းအျမဲေျပာေနသူေတြရွိေနႏိုင္တဲ႕အတြက္ (email ကုိပါသိရွိသူဆုိရင္) ဒီ လံုျခံဳေရးစံနစ္ဟာစိတ္မခ်ရလုိ႕ Username စံနစ္ကို ၾကယ္တစ္ပြင္႕ထဲ ေပးျပီး ေလွ်ာ႕ခ်ပါရေစ။



.
. ေနာက္ထပ္ ကြ်န္ေတာ္ AYA ဧရာဝတီဘဏ္ကုိသြားပါတယ္။ အျပီးအစီးၾကာခ်ိန္ (၂၉) မိနစ္
.
.
AYA Bank ဧည္႕ဝတ္ေက်ပြန္မႈ (⭐⭐⭐⭐)
.
ဝန္ေဆာင္မႈေကာင္းပါတယ္။ ေစာင္႕ေနရတဲ႕လူမမ်ားလို႕ စကၠန္႕ပိုင္းအတြင္းမွာ ေကာင္တာအျပင္ဘက္က ဒိုင္ခံစကားေျပာေပးမယ္႕သူက ေစာင္႕ၾကိဳပါတယ္။ ကြန္ပ်ဴတာကိုင္သူက အလုပ္မ်ားေနရင္းစကားေျပာရတာ စိတ္ရွည္ဟန္သိပ္မေတြ႕တာကို ေဖာင္ျဖည္႕ေပးမယ္႕ဝန္ထမ္းတစ္ေယာက္က လက္ခံစကားေျပာရင္း ေဖာက္သည္ကို ေကာင္းမြန္စြာဆက္ဆံပါတယ္။
.
ကြ်န္ေတာ္ေမးတဲ႕ေမးခြန္းေတြၾကား ဗ်ာမ်ားလာတဲ႕ဝန္ထမ္းကို အထက္လူၾကီး ႒ာနခြဲမန္ေနဂ်ာက ဝင္ေထာက္ေပးတာ ေတာ္ေတာ္အကူအညီရပါတယ္။ စုစုေပါင္းၾကာခ်ိန္ (၂၉) မိနစ္က အခ်ိန္ကုန္သက္သာတယ္ဆုိေသာ္ျငားလည္း ကိစၥအားလံုးဟာ တစ္ထုိင္တည္းျပီးခဲ႕တာမဟုတ္လို႕ ဘဏ္ရဲ႕တင္းၾကပ္ထားတဲ႕ ဗဟုိကေန ထိန္းခ်ဳပ္တဲ႕စံနစ္ကို ေမးခြန္းထုတ္စရာရွိေနပါတယ္။
.
.
AYA mBanking မိုဘိုင္းဘဏ္စံနစ္ (⭐⭐)
.
AYA ရဲ႕ မိုဘုိင္းဘဏ္စံနစ္အသက္ဝင္ဖို႕ တစ္ထုိင္ထဲနဲ႕မရတာက ကြ်န္ေတာ႕ကုိဆြဲေဆာင္မႈေလ်ာ႕နည္းေစပါတယ္။ သူတုိ႕ရွင္းျပတဲ႕အထဲမွာ ကိုယ္ပိုင္နံမယ္ - Username ကုိ ကိုယ္႕စိတ္ၾကိဳက္ထပ္ေျပာင္းခြင္႕မရွိဘူးဆိုတာ လံုျခံဳေရးအတြက္လို႕ အကာအကြယ္ယူေျပာတာကုိ ကြ်န္ေတာ္ၾကားဖူးခဲ႕ျပီမို႕ မဆန္းေတာ႕ပါဘူး။
.
ကြ်န္ေတာ႕ရဲ႕အခ်က္အလက္ေတြကုိ သူတုိ႕ AYA ရံုးခ်ဳပ္ကိုပို႕ျပီး အတည္ျပဳရဦးမွာျဖစ္လို႕ Username ေရာ Password ေရာ ေနာက္ထပ္ နာရီေတာ္ေတာ္ၾကာမွ email ထဲမွာ အကုန္ထည္႕သြင္းပို႕လႊတ္လာမယ္လို႕ရွင္းျပေတာ႕ ကြ်န္ေတာ္စိတ္ပ်က္မိတယ္။
.
ဒီလိုဆိုေတာ႕ ကြ်န္ေတာ္သြင္းသမွ်ေငြဟာ ေကာင္တာကထြက္ခြာသြားျပီးရင္ ခ်က္ခ်င္းစစ္ေဆးႏုိင္မွာမဟုတ္လို႕ ကြ်န္ေတာ္မၾကိဳက္ပါဘူး။ ဒါေၾကာင္႕ အေကာင္႕အသက္ရွင္ဖို႕ အနည္းဆံုးခ်န္ေငြ (၁ဝဝဝ) နဲ႕ ဖုန္းေဘ (၅ဝဝဝ) က်ပ္ေလာက္ျဖည္႕ဖို႕အတြက္ စုစုေပါင္း ေငြ (၆ဝဝဝ) သြင္းျပီး ေငြစုစာအုပ္ကုိထုတ္ခဲ႕တယ္။
.
.
AYA Mobile Banking မိုဘိုင္းေငြလႊဲခ (⭐⭐⭐⭐)
.
AYA မုိဘုိင္းအေကာင္႕ပိုင္ရွင္ေနာက္တစ္ေယာက္ကုိလႊဲဖို႕ (၁) ရက္ကုိ (၁ဝ) သိန္းမေက်ာ္ခင္အထိ ျမိဳ႕တူရင္ လႊဲေျပာင္းခ အခမဲ႕ဆုိတာက မက္စရာပါ။ အေကာင္႕ဖြင္႕တဲ႕ျမိဳ႕မတူတာနဲ႕ ေငြတစ္ၾကိမ္လႊဲေျပာင္းတုိုင္း ေငြလႊဲခပံုစံ ေငြက်ပ္ (၁ဝဝ) ကို (၃ ျပား) ေကာက္ခံမယ္ဆုိတာသိရတယ္။
.
ဒီပမာဏဟာ "အခမဲ႕" ရဲ႕ ေနာက္တစ္ဆင္႕ေရြးခ်ယ္စရာျဖစ္လို႕ ေက်နပ္စရာအမ်ားၾကီးရွိပါတယ္။ မိုဘုိင္းေငြလႊဲေျပာင္းမႈအတြက္ (၁ဝ) သိန္းေက်ာ္ခ်င္ရင္ေတာ႕ မတူတဲ႕ရက္ေတြမွာ ဆက္ခါ ဆက္ခါလႊဲရင္လႊဲ၊ ဒါမွမဟုတ္ရင္ ကြန္ပ်ဴတာရဲ႕ Browser ေပၚကေန ပမာဏၾကီးၾကီးကို လႊဲလို႕ရတယ္လို႕ မန္ေနဂ်ာက ဆက္ရွင္းျပတယ္။
.
.
AYA Mobile Banking App မိုဘိုင္းအပလီေကးရွင္း (⭐⭐)
.
အခုစာေရးေနတဲ႕အခ်ိန္ဟာ ဘဏ္ကျပန္လာျပီး နာရီမ်ားစြာၾကာလာသည္႕တုိင္ေအာင္ ဘာ email ၊ ဘာ SMS မွမေရာက္လာလုိ႕ Play Store ကေန AYA App ကုိ ဆြဲခ်ျပီး ျမင္ႏုိင္တဲ႕ Font စာလံုးၾကီးၾကီး User Interface ကုိသာေငးၾကည္႕ရင္း အားနာနာနဲ႕ ၾကယ္္ (၂) ပြင္႕ ေပးလုိက္ပါရေစ။
.
.
AYA Mobile Banking App မိုဘိုင္းလံုျခံဳေရး (⭐⭐⭐⭐)
.
Username နဲ႕ Password တို႕ကိုမစမ္းသပ္ရေသးေပမယ္႕ mBanking နဲ႕ ေငြ (၁) ခါလႊြဲတုိင္း စာတို - SMS နဲ႕ လ်ိဳ႕ဝွက္နံပါတ္ကုိ (၁) ၾကိမ္ ပို႕မယ္လို႕ဆုိပါတယ္။ ဟာ . . ဒါဆို မဂၤလာဒံုေလယာဥ္ကြင္းကေနထြက္ခြာသြားျပီဆိုတာနဲ႕ ကြ်န္ေတာ႕ဖုန္း 091234567 ကို AYA က SMS ဘယ္ပို႕လုိ႕ရပါေတာ႕မလဲ။
.
ဒီေနရာမွာ OTP - One Time Password ဆိုတဲ႕ကိရိယာကိုေရာင္းမယ္႕ကိစၥက ဝင္လာပါတယ္။ သူက Mp3 Player အေဟာင္းေလးလုိ Pager ပံုစံ ဂဏန္းဖတ္ႏုိင္တဲ႕ ပစၥည္းေလးပါ။ ခလုတ္ (၁) ၾကိမ္ႏွိပ္ရင္ ဂဏန္းစဥ္ - Combination တစ္ခုေပၚလာမွာျဖစ္ျပီး မိနစ္ပုိင္းအတြင္းမွာ ထပ္ေျပာင္းလဲသြားမွာပါ။ ဒါကို ဖုန္းထဲမွာကူးယူျပီး ေငြလႊဲတာကို ျပီးေအာင္လုပ္ရမယ္႕ ခပ္သြက္သြက္အေျခအေနကုိ သံုစြဲသူက ကြ်မ္း္က်င္ရပါဦးမယ္။
.
ေမးလိုက္ေတာ႕ ဒီ ကိရိယာက ႏုိင္ငံရပ္ျခားကိုယူသြားလို႕ရတဲ႕အျပင္ ပစၥည္းဖုိး (၅ဝဝဝ) က်ပ္ကလည္း မမ်ားလွေပမယ္႕ ကြ်န္ေတာ႕အတြက္ ပစၥည္းတစ္ခုမေပ်ာက္ဖို႕ ထိန္းသိမ္းဖို႕လုိအပ္လာမွာေၾကာင္႕ မဝယ္ျဖစ္ခဲ႕ပါဘူး။
.
ၾကည္႕ရတာ AYA mBanking ကိုေရးဆြဲသူေတြက လံုျခံဳေရးကိုအစိုးရိမ္လြန္ျပီး ယံုၾကည္ရတဲ႕ Cloud Security ပလက္ေဖာင္းကို စမ္းမသံုးရဲဘူးလုိ႕ ျမင္မိတယ္။ ကြ်န္ေတာ႕အတြက္ေတာ႕ ေငြတစ္ခါလႊဲတိုင္း SMS တစ္ေခါက္ေစာင္႕ရမွာ၊ ျပန္ရုိက္သြင္းရမွာ၊ ျပည္ပမွာဆိုရင္ OTP က ေပၚလာမယ္႕ နံပါတ္စဥ္ကုိ ရုိက္သြင္းဖို႕ စိတ္ရႈတ္ေနရမယ္႕အျပင္ အဲဒီ OTP Device ကို မေပ်ာက္ေအာင္သိမ္းရဦးမွာျဖစ္လို႕ အမ်ားအတြက္ ၾကယ္ (၄) ပြင္႕ေပးလုိက္ေပမယ္႕ အန္ကယ္ကေတာ႕ "NO" ပါပဲ။



.
. ေနာက္ထပ္ ကြ်န္ေတာ္ CB ဘဏ္ကုိသြားပါတယ္။ အျပီးအစီးၾကာခ်ိန္ (၉) မိနစ္
.
.
CB Bank ဧည္႕ဝတ္ေက်ပြန္မႈ (Minus ⭐)
.
လံုျခံဳေရးဝန္ထမ္းကတံခါးဖြင္႕ေပးျပီးထုိင္ခံုမွာထုိင္မိတဲ႕ကြ်န္ေတာ္ဟာ တံုကင္ယူရမယ္႕စံနစ္ကိုမသိတဲ႕အမွားကေန CB ဘဏ္မွာအေကာင္႕ဖြင္႕ျခင္းကို စတင္လိုက္ပါတယ္။ လံုျခံဳေရးက တံုကင္ျဖတ္ျပီးလာေပးတဲ႕အခါ နံပါတ္က (၇ဝ) ပါ။ ဘဏ္ဝန္ထမ္းအားလံုးနီးပါး ကြန္ပ်ဴတာတစ္လံုးစီရဲ႕ေရွ႕မွာထုိင္ေနၾကသလို လြတ္ေနတဲ႕ေနရာေတြမွာ ဧည္႕သည္ေတြကို လက္ခံစကားမေျပာၾကပါ။
.
(၃) မိနစ္ခန္႕ ေစာင္႕ေနရင္း "ဗုိင္း" ကနဲ အသံၾကားလို႕ၾကည္႕လုိက္ေတာ႕ . . သိန္းရာခ်ီပါတဲ႕ ဘဏ္ကဒ္ေငြထုတ္ဆာလာအိတ္ၾကီးကိုထမ္းလာတဲ႕ဘဏ္ဝန္ထမ္းက ၾကမ္းျပင္ကို ၾကမ္းၾကမ္းတမ္းတမ္းပစ္ခ်လိုက္တဲ႕အသံပါလား။ လက္ထဲမွာလဲ သိန္းရာဂဏန္းထည္္႕ထားတဲ႕ AYA စာသား နဲ႕ ၾကြတ္ၾကြတ္အိတ္အနီေရာင္လည္း ပါလိုက္ေသးတယ္။



.
.
နံပါတ္ (၇ဝ) ကုိင္ျပီးေစာင္႕ေနတဲ႕ ကြ်န္ေတာ္ဟာမ်က္ႏွာငယ္ရသလို ခဏေနေတာ႕ ေငြထုတ္နဲ႕ဝင္လာတဲ႕ (၇၁) ကို ေက်ာ္ျပီးေခၚပါေတာ႕တယ္။ ဒီအခါမွာ ဘဏ္ဝန္ထမ္းဟာ ေငြထုတ္
ေကာင္တာအထိေတာင္ ေငြထုတ္ကုိမသယ္သြားပဲ အထုတ္ၾကီးထဲကေငြေရာ အထုတ္ငယ္ထဲကေငြေတြကိုပါ ေဆာင္႕ေဆာင္႕ေအာင္႕ေအာင္႕ ပစ္ခ် သြန္ခ်ေနတာ ဝင္ေပါက္ရဲ႕ေျခနင္းဖတ္ၾကီးမွာပါ။ ဒါ ထားလိုက္ဦး . ။
.
ကြ်န္ေတာ႕အလွည္႕ (၇ဝ) ကို မီးအနီေလးလင္းလို႕ ခံုနံပါတ္ (၂) ကို လွမ္းရွာျပီးထအသြားမွာ ထုိင္ခံုမွာလူေတြရွိေနပါေသးတယ္။ ဘယ္လို? . . လက္ခံစကားေျပာတဲ႕လူမထေသးဘူး ငါ႕ကို ဘာလို႕ေခၚတာလဲေပါ႕။
.
.
ဒီအခါမွာ မ်က္ႏွာၾကီးတစ္ခြဲသား နဲ႕ ဝန္ထမ္းက "ဘာလုပ္မလုိ႕လဲ?" လို႕ေမးေတာ႕ ကြ်န္ေတာ္ ရင္ဘတ္ေတာင္႕သြားပါျပီ။ ထုိင္ခံုမွာလဲ မထုိင္ခ်င္ေတာ႕ပဲ မတ္တပ္ရပ္ျပီးေမးလိုက္တယ္။ သိခ်င္တာလည္းမရွိေတာ႕သလို သူျပန္ေျပာတာေတြလည္း နားထဲမဝင္ေတာ႕ပါဘူး။
.
အဲဒီ ဆူပုတ္ေနတဲ႕ဝန္ထမ္းကပဲ "အေကာင္႕က ဖြင္႕မွာလား မဖြင္႕ဘူးလား?" လုိ႕ေမးေတာ႕ ေအးေဆးပဲ ေကာင္တာကေန ကြ်န္ေတာ္စတင္ထြက္ခြာေနပါျပီ။ ေနာက္ဆံုးကြ်န္ေတာ္ေကာင္းေကာင္းမြန္မြန္ေျပာႏုိင္ခဲ႕တာက "ရတယ္ မဖြင္႕ေတာ႕ဘူး" ဆိုတာကုိပါ။
.
.
တံခါးဖြင္႕ျပီးဝင္လာတဲ႕သံုးစြဲသူရဲ႕ရင္ဝကုိေဆာင္႕ကန္တဲ႕ဘဏ္စံနစ္မ်ား ျမန္မာ႕ေျမကေန ရွင္းထုတ္ႏုိင္ပါေစလို႕သာ ဆုေတာင္းေပးလိုက္ပါတယ္။
.
မွတ္ခ်က္ ။။။။။။။။။။ AYA ရဲ႕ Username နဲ႕ Password တို႕ဟာ ဘဏ္ကအျပန္ (၆) နာရီအၾကာမွာေတာ႕ email နဲ႕ မဟုတ္ပဲ SMS အေနနဲ႕ ဖုန္းထဲကိုေအာင္ျမင္စြာဝင္ေရာက္လာပါေတာ႕တယ္။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. ရန္ကုန္တြင္ေရးသည္
. 07-25-2018
.
.
Unicode Version:
.
.
. "တစ်မနက်တည်း ဘဏ် (၃) ဘဏ်တွင် စာရင်းဖွင့်လှစ်ခြင်း"
. ဒီဘဏ်ကဒ်တွေလုပ်ရမယ်ဆိုတဲ့အသိဟာ အွန်လိုင်းမှာ အဆိုတော်တွေရဲ့သီချင်းဝယ်ချင်တာကနေ စရခဲ့ပါတယ်။ အမျိုးမျိုးသော ခိုးကူးတွေကြားမှာ လူးလွန့်နေရတဲ့ တေးဂီတတို့ပုံဖော်သူတွေကို ကိုယ့်ရဲ့နည်းပါးလှစွာသောငွေလေးနဲ့ဝယ်ယူအားပေးချင်တဲ့အခါ ငွေပေးချေခြင်း - Payment ဟာ နိုင်ငံရပ်ခြားကိုရောက်နေသူအဖို့ အနည်းငယ် အခက်အခဲရှိပါတယ်။ (ဒါကို အကျယ်ဖွင့်မရေးတော့ပါ)
.
. မူလရည်ရွယ်ချက်အတိုင်း ဒီနေ့ ဘဏ် (၃) ခု ကို အကောင့်အသစ် (၃) ခု ဖွင့်ဖို့ ကျွန်တော်ထွက်လာပါတယ်။ ပထမရောက်တဲ့ဘဏ်က KBZ ကမ္ဘောဇဘဏ် ပါ။ အပြီးအစီးကြာချိန် (၄၉) မိနစ်
.
.
KBZ Bank ဧည့်ဝတ်ကျေပွန်မှု (⭐⭐⭐⭐)
.
ရောက်ရောက်ချင်း လူမစောင့်ရတာက ဘဏ်ရဲ့ဧည့်သည်အရည်အတွက်အပေါ်မူတည်ပါလိမ့်မယ်။ ကျွန်တော်ကမေးတော့ သိပ်မကြာဘူးဆိုပေမယ့် စုစုပေါင်း (၄၉) မိနစ်ကြာတာက အချိန်လုပြီးလုပ်ရမယ့်သူတွေအတွက် အကောင့်အသစ်ဖွင့်ဖို့ဆိုရင် စဉ်းစားစရာပါ။
.
တာဝန်ခံထဲကအကြီးဆုံးလို့ယူဆရတဲ့ မိန်းကလေးက လုပ်ပုံကိုင်ပုံ နဲ့ လိုအပ်ချက်တွေရှင်းပြပါတယ်။ ကျွန်တော်က မသိတာတွေမေး၊ သူက ကွန်ပျူတာရိုက်ရင်း ကျွန်တော့အကောင့်ဟောင်းကိုပြန်ရှာ၊ အချက်အလက်တွေ ခွဲခြမ်းစိတ်ဖြာ နဲ့ ဝင်လာတဲ့ဖုန်းကို လက်ခံပြောလိုက်သေးတယ်။ ဘက်စုံလုပ်နိုင်တဲ့တာဝန်ခံမိန်းကလေးက တစ်ချက်စိတ်မပျက်တာကို ကျေနပ်မိပါတယ်။
.
.
KBZ Mobile Banking မိုဘိုင်းဘဏ်စံနစ် (⭐⭐⭐⭐)
.
ခုံမှာထိုင်စောင့်နေတုန်းမှာပဲ မိုဘိုင်းစံနစ်အတွက် နောက်ကောင်တာတစ်ခုကနေ နောက်တစ်ယောက်က လုပ်ဆောင်ပါတယ်။ အချက်အလက်တွေဖြည့်သွင်းပြီးပြီဆိုတာနဲ့ မိုဘိုင်းအပလီကေးရှင်းမှာဖွင့်ဖို့ လျို့ဝှက်နံပါတ် - Password က စာတို - SMS နဲ့ လက်ကိုင်ဖုန်းဆီကို အရင်ဝင်လာပါတယ်။
.
ကိုယ်ပိုင်နာမယ် - Username ကိုတော့ email ကနေ တစ်ဆင့်သာ ပို့လာမှာဖြစ်ပြီး ကိုယ်ကြိုက်တဲ့နာမယ်ကိုထပ်မံပြောင်းလဲခွင့်မရှိဘူးဆိုတာ တာဝန်ခံက ဖုန်းတစ်လုံးပြောနေရင်း ကျွန်တော့ကိုရှင်းပြနေပါတယ်။ (အကောင့်လုံခြုံရေးအတွက်ဖြစ်နိုင်ပါတယ်)
.
ဒီကိစ္စအားလုံးဟာ ကောင်တာကနေ မထွက်ခွာခင် အားလုံးပြီးမြောက်ခဲ့တာပါ။ ကျွန်တော်သွင်းမယ့် ငွေ (၅ဝဝဝဝ) ကိုလည်း ကောင်တာမှာသွင်းပေးရင်း ဖုန်းအချင်းချင်း Mobile App ကနေ ငွေလွှဲခကို ရှင်းပြပါတယ်။
.
.
KBZ Mobile Banking မိုဘိုင်းငွေလွှဲခ (⭐⭐⭐)
.
KBZ မိုဘိုင်းအကောင့်ပိုင်ရှင်နောက်တစ်ယောက်ကိုလွှဲဖို့ သိန်း (၂ဝ) မကျော်ခင်အထိ လွှဲပြောင်းခ တစ်ကြိမ်တိုုင်းကို (၅ဝဝ) ကျပ် နဲ့ သိန်း (၂ဝ) အထက်ကျတော့ ငွေလွှဲခပုံစံ ငွေကျပ် (၁ဝဝ) ကို (၂ ပြား ခွဲ) ကောက်မယ်ဆိုတာသိရတယ်။ ဒီပမာဏဟာ ကားကြပ်လို့ ဘဏ်ကိုသွားပြီး အချင်းချင်းငွေမလွှဲနိုင်သူတွေအတွက် သင့်တော်တဲ့နှုန်းထားဖြစ်ပါတယ်။
.
.
KBZ Mobile Banking App မိုဘိုင်းအပလီကေးရှင်း (⭐⭐⭐⭐)
.
KBZ Mobile Banking App ကို ဖုန်းအလိုက် App Store ကနေ ဒေါင်းလော့ဒ် ဆွဲချရပါလိမ့်မယ်။ Android ဖုန်းအတွက် App က အမြင်ရှင်းပြီး သုံးစွဲရတာလွယ်ကူပါတယ်။ သူတို့ပေးတဲ့ Username ဟာ ထူးခြားလှတာတော့မဟုတ်ပါဘူး။ ကိုညီညီ ရဲ့ဖုန်းက 091234567 နဲ့ မိုဘိုင်းအကောင့်ဆိုရင် ထိပ်ဆုံးနာမည်တွေရဲ့ထိပ်စီးစာလုံးတွေကိုတန်းစီပြီး 09 မပါတဲ့နံပါတ်နောက်ကလိုက်တဲ့စံနစ်ဆိုတာ သိရတယ်။
.
.
KBZ Mobile Banking App မိုဘိုင်းလုံခြုံရေး (⭐)
.
ဥပမာ - ကျွန်တော့ Username ဆိုရင် KNN1234567 ဖြစ်သွားတာပေါ့။ နာမည်ကိုသိပြီး ကျွန်တော်နဲ့ဖုန်းအမြဲပြောနေသူတွေရှိနေနိုင်တဲ့အတွက် (email ကိုပါသိရှိသူဆိုရင်) ဒီ လုံခြုံရေးစံနစ်ဟာစိတ်မချရလို့ Username စံနစ်ကို ကြယ်တစ်ပွင့်ထဲ ပေးပြီး လျှော့ချပါရစေ။
.
.
. နောက်ထပ် ကျွန်တော် AYA ဧရာဝတီဘဏ်ကိုသွားပါတယ်။ အပြီးအစီးကြာချိန် (၂၉) မိနစ်
.
.
AYA Bank ဧည့်ဝတ်ကျေပွန်မှု (⭐⭐⭐⭐)
.
ဝန်ဆောင်မှုကောင်းပါတယ်။ စောင့်နေရတဲ့လူမများလို့ စက္ကန့်ပိုင်းအတွင်းမှာ ကောင်တာအပြင်ဘက်က ဒိုင်ခံစကားပြောပေးမယ့်သူက စောင့်ကြိုပါတယ်။ ကွန်ပျူတာကိုင်သူက အလုပ်များနေရင်းစကားပြောရတာ စိတ်ရှည်ဟန်သိပ်မတွေ့တာကို ဖောင်ဖြည့်ပေးမယ့်ဝန်ထမ်းတစ်ယောက်က လက်ခံစကားပြောရင်း ဖောက်သည်ကို ကောင်းမွန်စွာဆက်ဆံပါတယ်။
.
ကျွန်တော်မေးတဲ့မေးခွန်းတွေကြား ဗျာများလာတဲ့ဝန်ထမ်းကို အထက်လူကြီး ဋ္ဌာနခွဲမန်နေဂျာက ဝင်ထောက်ပေးတာ တော်တော်အကူအညီရပါတယ်။ စုစုပေါင်းကြာချိန် (၂၉) မိနစ်က အချိန်ကုန်သက်သာတယ်ဆိုသော်ငြားလည်း ကိစ္စအားလုံးဟာ တစ်ထိုင်တည်းပြီးခဲ့တာမဟုတ်လို့ ဘဏ်ရဲ့တင်းကြပ်ထားတဲ့ ဗဟိုကနေ ထိန်းချုပ်တဲ့စံနစ်ကို မေးခွန်းထုတ်စရာရှိနေပါတယ်။
.
.
AYA mBanking မိုဘိုင်းဘဏ်စံနစ် (⭐⭐)
.
AYA ရဲ့ မိုဘိုင်းဘဏ်စံနစ်အသက်ဝင်ဖို့ တစ်ထိုင်ထဲနဲ့မရတာက ကျွန်တော့ကိုဆွဲဆောင်မှုလျော့နည်းစေပါတယ်။ သူတို့ရှင်းပြတဲ့အထဲမှာ ကိုယ်ပိုင်နံမယ် - Username ကို ကိုယ့်စိတ်ကြိုက်ထပ်ပြောင်းခွင့်မရှိဘူးဆိုတာ လုံခြုံရေးအတွက်လို့ အကာအကွယ်ယူပြောတာကို ကျွန်တော်ကြားဖူးခဲ့ပြီမို့ မဆန်းတော့ပါဘူး။
.
ကျွန်တော့ရဲ့အချက်အလက်တွေကို သူတို့ AYA ရုံးချုပ်ကိုပို့ပြီး အတည်ပြုရဦးမှာဖြစ်လို့ Username ရော Password ရော နောက်ထပ် နာရီတော်တော်ကြာမှ email ထဲမှာ အကုန်ထည့်သွင်းပို့လွှတ်လာမယ်လို့ရှင်းပြတော့ ကျွန်တော်စိတ်ပျက်မိတယ်။
.
ဒီလိုဆိုတော့ ကျွန်တော်သွင်းသမျှငွေဟာ ကောင်တာကထွက်ခွာသွားပြီးရင် ချက်ချင်းစစ်ဆေးနိုင်မှာမဟုတ်လို့ ကျွန်တော်မကြိုက်ပါဘူး။ ဒါကြောင့် အကောင့်အသက်ရှင်ဖို့ အနည်းဆုံးချန်ငွေ (၁ဝဝဝ) နဲ့ ဖုန်းဘေ (၅ဝဝဝ) ကျပ်လောက်ဖြည့်ဖို့အတွက် စုစုပေါင်း ငွေ (၆ဝဝဝ) သွင်းပြီး ငွေစုစာအုပ်ကိုထုတ်ခဲ့တယ်။
.
.
AYA Mobile Banking မိုဘိုင်းငွေလွှဲခ (⭐⭐⭐⭐)
.
AYA မိုဘိုင်းအကောင့်ပိုင်ရှင်နောက်တစ်ယောက်ကိုလွှဲဖို့ (၁) ရက်ကို (၁ဝ) သိန်းမကျော်ခင်အထိ မြို့တူရင် လွှဲပြောင်းခ အခမဲ့ဆိုတာက မက်စရာပါ။ အကောင့်ဖွင့်တဲ့မြို့မတူတာနဲ့ ငွေတစ်ကြိမ်လွှဲပြောင်းတိုုင်း ငွေလွှဲခပုံစံ ငွေကျပ် (၁ဝဝ) ကို (၃ ပြား) ကောက်ခံမယ်ဆိုတာသိရတယ်။
.
ဒီပမာဏဟာ "အခမဲ့" ရဲ့ နောက်တစ်ဆင့်ရွေးချယ်စရာဖြစ်လို့ ကျေနပ်စရာအများကြီးရှိပါတယ်။ မိုဘိုင်းငွေလွှဲပြောင်းမှုအတွက် (၁ဝ) သိန်းကျော်ချင်ရင်တော့ မတူတဲ့ရက်တွေမှာ ဆက်ခါ ဆက်ခါလွှဲရင်လွှဲ၊ ဒါမှမဟုတ်ရင် ကွန်ပျူတာရဲ့ Browser ပေါ်ကနေ ပမာဏကြီးကြီးကို လွှဲလို့ရတယ်လို့ မန်နေဂျာက ဆက်ရှင်းပြတယ်။
.
.
AYA Mobile Banking App မိုဘိုင်းအပလီကေးရှင်း (⭐⭐)
.
အခုစာရေးနေတဲ့အချိန်ဟာ ဘဏ်ကပြန်လာပြီး နာရီများစွာကြာလာသည့်တိုင်အောင် ဘာ email ၊ ဘာ SMS မှမရောက်လာလို့ Play Store ကနေ AYA App ကို ဆွဲချပြီး မြင်နိုင်တဲ့ Font စာလုံးကြီးကြီး User Interface ကိုသာငေးကြည့်ရင်း အားနာနာနဲ့ ကြယ်် (၂) ပွင့် ပေးလိုက်ပါရစေ။
.
.
AYA Mobile Banking App မိုဘိုင်းလုံခြုံရေး (⭐⭐⭐⭐)
.
Username နဲ့ Password တို့ကိုမစမ်းသပ်ရသေးပေမယ့် mBanking နဲ့ ငွေ (၁) ခါလွှွဲတိုင်း စာတို - SMS နဲ့ လျို့ဝှက်နံပါတ်ကို (၁) ကြိမ် ပို့မယ်လို့ဆိုပါတယ်။ ဟာ . . ဒါဆို မင်္ဂလာဒုံလေယာဉ်ကွင်းကနေထွက်ခွာသွားပြီဆိုတာနဲ့ ကျွန်တော့ဖုန်း 091234567 ကို AYA က SMS ဘယ်ပို့လို့ရပါတော့မလဲ။
.
ဒီနေရာမှာ OTP - One Time Password ဆိုတဲ့ကိရိယာကိုရောင်းမယ့်ကိစ္စက ဝင်လာပါတယ်။ သူက Mp3 Player အဟောင်းလေးလို Pager ပုံစံ ဂဏန်းဖတ်နိုင်တဲ့ ပစ္စည်းလေးပါ။ ခလုတ် (၁) ကြိမ်နှိပ်ရင် ဂဏန်းစဉ် - Combination တစ်ခုပေါ်လာမှာဖြစ်ပြီး မိနစ်ပိုင်းအတွင်းမှာ ထပ်ပြောင်းလဲသွားမှာပါ။ ဒါကို ဖုန်းထဲမှာကူးယူပြီး ငွေလွှဲတာကို ပြီးအောင်လုပ်ရမယ့် ခပ်သွက်သွက်အခြေအနေကို သုံစွဲသူက ကျွမ်း်ကျင်ရပါဦးမယ်။
.
မေးလိုက်တော့ ဒီ ကိရိယာက နိုင်ငံရပ်ခြားကိုယူသွားလို့ရတဲ့အပြင် ပစ္စည်းဖိုး (၅ဝဝဝ) ကျပ်ကလည်း မများလှပေမယ့် ကျွန်တော့အတွက် ပစ္စည်းတစ်ခုမပျောက်ဖို့ ထိန်းသိမ်းဖို့လိုအပ်လာမှာကြောင့် မဝယ်ဖြစ်ခဲ့ပါဘူး။
.
ကြည့်ရတာ AYA mBanking ကိုရေးဆွဲသူတွေက လုံခြုံရေးကိုအစိုးရိမ်လွန်ပြီး ယုံကြည်ရတဲ့ Cloud Security ပလက်ဖောင်းကို စမ်းမသုံးရဲဘူးလို့ မြင်မိတယ်။ ကျွန်တော့အတွက်တော့ ငွေတစ်ခါလွှဲတိုင်း SMS တစ်ခေါက်စောင့်ရမှာ၊ ပြန်ရိုက်သွင်းရမှာ၊ ပြည်ပမှာဆိုရင် OTP က ပေါ်လာမယ့် နံပါတ်စဉ်ကို ရိုက်သွင်းဖို့ စိတ်ရှုတ်နေရမယ့်အပြင် အဲဒီ OTP Device ကို မပျောက်အောင်သိမ်းရဦးမှာဖြစ်လို့ အများအတွက် ကြယ် (၄) ပွင့်ပေးလိုက်ပေမယ့် အန်ကယ်ကတော့ "NO" ပါပဲ။
.
.
. နောက်ထပ် ကျွန်တော် CB ဘဏ်ကိုသွားပါတယ်။ အပြီးအစီးကြာချိန် (၉) မိနစ်
.
.
CB Bank ဧည့်ဝတ်ကျေပွန်မှု (Minus ⭐)
.
လုံခြုံရေးဝန်ထမ်းကတံခါးဖွင့်ပေးပြီးထိုင်ခုံမှာထိုင်မိတဲ့ကျွန်တော်ဟာ တုံကင်ယူရမယ့်စံနစ်ကိုမသိတဲ့အမှားကနေ CB ဘဏ်မှာအကောင့်ဖွင့်ခြင်းကို စတင်လိုက်ပါတယ်။ လုံခြုံရေးက တုံကင်ဖြတ်ပြီးလာပေးတဲ့အခါ နံပါတ်က (ရဝ) ပါ။ ဘဏ်ဝန်ထမ်းအားလုံးနီးပါး ကွန်ပျူတာတစ်လုံးစီရဲ့ရှေ့မှာထိုင်နေကြသလို လွတ်နေတဲ့နေရာတွေမှာ ဧည့်သည်တွေကို လက်ခံစကားမပြောကြပါ။
.
(၃) မိနစ်ခန့် စောင့်နေရင်း "ဗိုင်း" ကနဲ အသံကြားလို့ကြည့်လိုက်တော့ . . သိန်းရာချီပါတဲ့ ဘဏ်ကဒ်ငွေထုတ်ဆာလာအိတ်ကြီးကိုထမ်းလာတဲ့ဘဏ်ဝန်ထမ်းက ကြမ်းပြင်ကို ကြမ်းကြမ်းတမ်းတမ်းပစ်ချလိုက်တဲ့အသံပါလား။ လက်ထဲမှာလဲ သိန်းရာဂဏန်းထည့််ထားတဲ့ AYA စာသား နဲ့ ကြွတ်ကြွတ်အိတ်အနီရောင်လည်း ပါလိုက်သေးတယ်။
.
.
နံပါတ် (ရဝ) ကိုင်ပြီးစောင့်နေတဲ့ ကျွန်တော်ဟာမျက်နှာငယ်ရသလို ခဏနေတော့ ငွေထုတ်နဲ့ဝင်လာတဲ့ (၇၁) ကို ကျော်ပြီးခေါ်ပါတော့တယ်။ ဒီအခါမှာ ဘဏ်ဝန်ထမ်းဟာ ငွေထုတ်
ကောင်တာအထိတောင် ငွေထုတ်ကိုမသယ်သွားပဲ အထုတ်ကြီးထဲကငွေရော အထုတ်ငယ်ထဲကငွေတွေကိုပါ ဆောင့်ဆောင့်အောင့်အောင့် ပစ်ချ သွန်ချနေတာ ဝင်ပေါက်ရဲ့ခြေနင်းဖတ်ကြီးမှာပါ။ ဒါ ထားလိုက်ဦး . ။
.
ကျွန်တော့အလှည့် (ရဝ) ကို မီးအနီလေးလင်းလို့ ခုံနံပါတ် (၂) ကို လှမ်းရှာပြီးထအသွားမှာ ထိုင်ခုံမှာလူတွေရှိနေပါသေးတယ်။ ဘယ်လို? . . လက်ခံစကားပြောတဲ့လူမထသေးဘူး ငါ့ကို ဘာလို့ခေါ်တာလဲပေါ့။
.
.
ဒီအခါမှာ မျက်နှာကြီးတစ်ခွဲသား နဲ့ ဝန်ထမ်းက "ဘာလုပ်မလို့လဲ?" လို့မေးတော့ ကျွန်တော် ရင်ဘတ်တောင့်သွားပါပြီ။ ထိုင်ခုံမှာလဲ မထိုင်ချင်တော့ပဲ မတ်တပ်ရပ်ပြီးမေးလိုက်တယ်။ သိချင်တာလည်းမရှိတော့သလို သူပြန်ပြောတာတွေလည်း နားထဲမဝင်တော့ပါဘူး။
.
အဲဒီ ဆူပုတ်နေတဲ့ဝန်ထမ်းကပဲ "အကောင့်က ဖွင့်မှာလား မဖွင့်ဘူးလား?" လို့မေးတော့ အေးဆေးပဲ ကောင်တာကနေ ကျွန်တော်စတင်ထွက်ခွာနေပါပြီ။ နောက်ဆုံးကျွန်တော်ကောင်းကောင်းမွန်မွန်ပြောနိုင်ခဲ့တာက "ရတယ် မဖွင့်တော့ဘူး" ဆိုတာကိုပါ။
.
.
တံခါးဖွင့်ပြီးဝင်လာတဲ့သုံးစွဲသူရဲ့ရင်ဝကိုဆောင့်ကန်တဲ့ဘဏ်စံနစ်များ မြန်မာ့မြေကနေ ရှင်းထုတ်နိုင်ပါစေလို့သာ ဆုတောင်းပေးလိုက်ပါတယ်။
.
မှတ်ချက် ။။။။။။။။။။ AYA ရဲ့ Username နဲ့ Password တို့ဟာ ဘဏ်ကအပြန် (၆) နာရီအကြာမှာတော့ email နဲ့ မဟုတ်ပဲ SMS အနေနဲ့ ဖုန်းထဲကိုအောင်မြင်စွာဝင်ရောက်လာပါတော့တယ်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. ရန်ကုန်တွင်ရေးသည်
. 07-25-2018

No comments: