ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Friday, October 3, 2014

ပျော်စရာမြေ နော်ဝေ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ဘဝရဲ့အချိန်တွေကို ပျော်ရွှင်စွာကုန်ဆုံးဖို့ အသင့်တော်ဆုံးတိုင်းပြည်အဆင့်အဖြစ် ( ၁၉၈ ) နိုင်ငံထဲမှ နော်ဝေနိုင်ငံကို သတ်မှတ်ကြောင်း Global AgeWatch ရဲ့ အညွှန်းကိန်း - Index အရ သိရပါတယ်။ စကင်ဒီနေးဗီးယန်းနွယ်ဝင် ( ၅ ) သန်းခန့်နေထိုင်တဲ့ နိုင်ငံကို ဘယ်လိုအချက်တွေနဲ့အိုမင်းမစွမ်းအရွယ်အထိ နေပျော်တဲ့တိုင်းပြည်အဖြစ် တွက်ချက်သတ်မှတ်ပါသလဲ?
.
.
( ၄ ) ချက်ရှိပါတယ်။
.
ဝင်ငွေ လုံလောက်မှု ရှိတယ်။
.
ကျန်းမာရေး စိတ်ချရမှု ရှိတယ်။
.
ပျော်ရွှင်စရာ ပတ်ဝန်းကျင် ရှိပါတယ်။
.
ထို့အပြင် ပြည်သူတွေဟာ မိမိကိုယ်ကို စွမ်းဆောင်ရည် ပြည့်ဝကြပါတယ်။

Monday, September 29, 2014

ကားတော့ကား ဒါပေမယ့် စင်းလုံးငှား Rent-A-Car

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ရဲမင်း ။          ။ ရဲသွေးရေ.. ဒီတစ်ပတ်ရုံးပိတ်ရက်ရှည်မှာ ဘယ်ကို အပန်းဖြေခရီးသွားမယ် စိတ်ကူးထားလဲ?
.
ရဲသွေး ။          ။ ငါက အိမ်ရှင်းရဦးမယ်ကွ။ အဝတ်တွေလည်းလျှော်ရဦးမယ်။ ကားတွေလည်း ညစ်ပတ်နေတာပဲ။ လုပ်စရာကများနေတယ်။ ဘယ်မှ မသွားနိုင်ဘူးထင်ပါတယ်။
.
.
ရဲမင်း ။          ။ ငါက ညအိပ်ညနေ ခပ်ဝေးဝေး တစ်နေရာကို သွားမလားလို့၊ L.A ဖြစ်ဖြစ် San Diego ဖြစ်ဖြစ်ပေါ့။ ငါ့ကားက ဖင်္ရီးဝေးမှာ ခရီးဝေးမောင်းလို့ စိတ်မချရဘူး။
.
ရဲသွေး ။          ။ အေး သွားတာကောင်းပါတယ်။ မင်းမှာ ကားအသစ်စက်စက် တစ်စီးရှိသေးတယ် မဟုတ်လား ... အဲဒါ မောင်းသွားပေါ့၊ မိသားစုက ဘယ်နှစ်ယောက် သွားမှာတုန်း။
.
.
ရဲမင်း ။          ။ ရှိတယ်၊ ကားက ဝယ်ထားတာမကြာသေးလို့ အသစ်နဲ့တော့မသွားချင်ဘူး။ အဟောင်းကျတော့လည်း စိတ်မချဘူး။ အားလုံး ( ၆ ) ယောက်သွားမှာ။ အဲဒါ မင်းလိုက်ငှားပေးပါလား?
.
ရဲသွေး ။          ။ မင်းက အခုမှ လာပြီးကြီးကျယ်နေတယ်။ မြန်မာနိုင်ငံမှာတုန်းကရော ဘာကားစီးပြီး ကြီးလာလို့လဲ။ အသစ်ပဲဖြစ်ဖြစ်၊ Used ကားပဲဖြစ်ဖြစ် ကားက ကားပါပဲကွာ။ မင်းတို့က ( ၆ ) ယောက်ဆိုတော့ ဆလွန်း - Sedan ကား နဲ့ မဆန့်ဘူး။ မင်းဝယ်ထားတဲ့ ကား ( ၂ ) စီးလုံးလည်း ဆလွန်း ဖြစ်နေပြန်။ အဲဒါ ဘယ်လိုလုပ်ကြမလဲ .. ခက်တော့ ခက်နေပြီ။

ဈေးကွက်ရှယ်ယာ ဖဲ့ပေးလာရတဲ့ Adidas

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
   Adidas  ( အဒီးဒက်စ် ဟု ဖတ်ပါသည် ) က အရေးပေါ် ကမ္ဘာ့အဆင့်မီ ဒီဇိုင်နာတွေလိုနေပါတယ်။ နည်းပညာ ကျွမ်းကျင်သူတွေ နဲ့ ကုန်အမှတ်တံဆိပ်ပညာရှင်တွေကိုလည်း ခေါ်ယူနေပါတယ်။ အမေရိကားဈေးကွက်ရဲ့ အဓိကပြိုက်ဖက် နိုက်ကီ - Nike ကို အနိုင်တိုက်ဖို့ စည်းရုံးခေါ်ယူနေပေမယ့် မိခင်ရုံးချုပ်ဖြစ်တဲ့ ဂျာမဏီ မှာ အလုပ်တက်ဖို့အတွက် မပြေမလည်ဖြစ်နေကြတယ်။
.
.
အော်ရီဂွန်ပြည်နယ်၊ ပေါ့လန်မြို့အခြေစိုက် အစစ အရာရာ ဒီဇိုင်းတွေပိုမိုက်တဲ့ နိုက်ကီကို မယှဉ်သာလာတဲ့ အဒီးဒက်စ် ဟာ ဈေးကွက်ပိုင်ဆိုင်မှုတွေ လက်လွှတ်ဆုံးရှူံးလာတယ်။ နိုက်ကီ ရဲ့ တိုးတက်လာတဲ့ရောင်းအားရဲ့နောက်မှာ အဒီးဒက်စ် နဲ့ ဒုတိယနေရာကို အစားဝင်ရောက်လာတာက အမ်ဒါအာမာ - Under Armour ဖြစ်ပြီး နောက်ပိုင်းနာမည်ကြီး အားစကားအကျော်အမော်တွေ နိုက်ကီ ကိုကျော်ပြီး ရွေးချယ်လာတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

Sunday, September 28, 2014

စိတ်လက်သက်သာ အင်္ဂလိပ်စာလေ့လာ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
TOEFL, IELTS, SAT, GMAT, GRE စတဲ့ အခေါ်အဝေါ်တွေကြောင့် စိတ်မရှုပ်သွားစေလိုပါ။ အဓိက အင်္ဂလိပ်စာ နဲ့ ကမ္ဘာမြေရဲ့ဘယ်နေရာရောက်ရောက် မလွဲမနေ ပတ်သက်နေရမယ့် သချာင်္ဘာသာရပ်တွေကို နိုင်ငံတကာတန်းဝင် လေ့လာနိုင်ပြီး အဆိုပါနိုင်ငံတွေရဲ့ ကျောင်းတွေကို တက်ဖို့ အရည်အချင်းစစ်စာမေးပွဲတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ နိုင်ငံခြားကျောင်း ဘာဖြစ်လို့ သွားတက်ချင်တာပါလဲ? ရှင်းပါတယ် .. သူတို့လို သင်ကြားပို့ချမှုမျိုး မြန်မာနိုင်ငံမှာ မရှိလို့ပါ။ ကိုယ့်ဘဝနဲ့ ယှဉ်ပြီး စဉ်းစားကြည့်လိုက်တဲ့အခါ တစ်ကယ်လို့ ဒီလိုပညာရပ်တွေကို မြန်မာလို သင်ယူရမယ်ဆိုပါတော့၊ ကမ္ဘာမှာ မြန်မာလူမျိုးထက်တော်တာ ရှိပါဦးမလား။ ဒီလို အကွက်စိတ်စိတ်လေးကိုမြင်ပြီး ဘာသာစကားကို မိမိစကားဖြစ်အောင် အသွင်ပြောင်းယူစေချင်ပါတယ်။
.
.
အင်္ဂလိပ်စာကို ဘဝထဲရောက်အောင်ဘယ်လို သွတ်သွင်းရမလဲဆိုတာ မေးခွန်းတွေတော့ ရှိလာနိုင်တာပေါ့။ ကျွန်တော်တို့မှာ နည်းလမ်းရှိပါတယ်။ နေ့စဉ်သုံးစကားတွေကို နည်းနည်းချင်း ဘာသာပြန်တွေးကြည့်မယ်ဆိုရင် မရနိုင်ဘူးလား။ ကြားဖြတ်အနေနဲ့ ကျွန်တော်တို့ အလယ်တန်း မြန်မာစာမှာ ခက်ဆစ်အဓိပ္ပာယ် ကျက်ခဲ့ရတာ မှတ်မိကြမှာပေါ့။