ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, August 29, 2019

စာမဖတ္ႏိုင္ရင္ ဂ်ာနယ္ေရးပါ

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
              လူေတြက စာဖတ္ပါ စာဖတ္ပါ လို႕ ေတြ႕တဲ႕လူတုိင္းကိုတိုက္တြန္းတတ္ၾကတယ္။ လူတစ္ဦးတစ္ေယာက္အခက္အခဲျဖစ္ျပီး အမ်ားလက္ခံေနက်ရလဒ္မ်ိဳးမရတဲ႕အခါတုိင္းလည္း “ျဖစ္မွာေပါ႕ ပညာမွမတတ္တာ” ၊ “အသိဥာဏ္ကဒီေလာက္ပဲရွိတာကိုး စာမွမဖတ္တာ” ဆုိျပီး ကဲ႕ရဲ႕တတ္ၾကတယ္။ လူဆိုတာက အခက္သား။ မလုပ္ေစခ်င္တာကိုမွလုပ္ခ်င္တယ္။ လုပ္ခုိင္းတာဆုိရင္ မလုပ္ခ်င္ဘူး။

              ကြ်န္ေတာ္ဟာ အခ်ိန္အမ်ားစုမွာ ကိုယ္တိုုင္စာအုပ္ကိုင္ဖတ္ဖို႕မအားလပ္တာေၾကာင္႕ ၾကံရည္ဖန္ရည္ထုတ္ျပီး အသံနဲ႕နားေထာင္တာတို႕၊ အသံစာအုပ္နားေထာင္တာတုိ႕၊ အားတက္ေစမယ္႕ခြန္အားျပည္႕ေဟာေျပာမႈေတြနားေထာင္တာတုိ႕တစ္နည္းနည္းနဲ႕ တစ္မ်ိဳးအသြင္ေျပာင္းျပီးလုပ္ေနရတာ အားလပ္ခ်ိန္နည္းပါးတဲ႕အခက္အခဲကုိေကာင္းေကာင္းသိသူတစ္ေယာက္ပါ။

              လူတစ္ေယာက္မွာ သူ႕အသိဥာဏ္ဖြံ႕ျဖိဳးတယ္္ မဖြံ႕ျဖိဳးဘူးဆုိတာေပၚမူတည္ျပီး သူဆံုးျဖတ္ရတဲ႕အရာေတြရဲ႕အေျဖေတြကကြာျခားတတ္ပါတယ္။ အျမဲလုိလို လူမႈကြန္ယက္မွာတင္ေနက်အတုိင္း လူ႕ဘဝက အျပင္မွာတစ္ထပ္တည္းမက်ႏုိင္ပါဘူး။ အခက္အခဲဆုိရင္ ဖံုးထား ဖိထားတယ္။ ေပ်ာ္စရာ နဲ႕ ေအာင္ျမင္မႈေတြကုိ လူေရွ႕ထုတ္ျပတတ္ၾကတာ လူတုိင္းသံုးတဲ႕လူမႈကြန္ယက္မွာ ပလူပ်ံလို႕ပါ။ ဒါေတြနဲ႕ စာဖတ္တာ ဘယ္လိုဆက္စပ္ေနပါသလဲ? ဆက္လက္သံုးသပ္ၾကည္႕ရေအာင္။

              “သုတစာေပဟာ ဦးေႏွာက္ကိုဖြံ႕ျဖိဳးေစတယ္။ ရသစာေပဟာ ႏွလံုးသားကုိႏူးညံ႕ေစတယ္” လို႕ စာေရးဆရာအမ်ားစုက ေရးၾက ေျပာၾက ေဟာၾကားၾကတယ္။ ဒီလိုစကားမ်ိဳးကုိၾကားရေပါင္းမ်ားလို႕ Facebookers ေတြ ရုိးေနၾကျပီ အီေန ထံုေနၾကျပီ။ အခ်ိန္မအားလုိ႕ ျမန္မာလိုမဖတ္ဘူး။ မတတ္လို႕ အဂၤလိပ္လိုမဖတ္ဘူး။ အခ်ိန္မရလို႕ Facebook သံုးတာကလြဲျပီး ဘာမွကိုမလုပ္ေတာ႕ပါဘူးဆုိသူေတြ မိတ္ေဆြသူငယ္ခ်င္းေတြၾကားထဲမွာ အမ်ားၾကီးေတြ႕ရတယ္။
              ဒါေၾကာင္႕ အခု ကြ်န္ေတာ္ဟာ လူေတြကိုစာဖတ္ဖို႕မတုိက္တြန္းခ်င္ေတာ႕ဘူး။ ေနာက္တစ္မ်ိဳးစဥ္းစားျပီး စာမဖတ္ႏုိင္သူေတြကို “စာမဖတ္ႏုိင္ရင္ ဂ်ာနယ္ေရးပါ” လို႕ ေျပာျပခ်င္တယ္။ အဲဒီလုိက်ေတာ႕ “မင္းကလည္းကြာ စာေတာင္ေကာင္းေကာင္းမဖတ္ႏုိင္ပါဘူးဆုိေနမွ ဘယ္လုိလုပ္ ဂ်ာနယ္တစ္ေစာင္လံုးကိုေရးမွာလဲ ၾကည္႕လည္းလုပ္ပါဦး” လို႕ ေမတၱာနဲ႕ခ်စ္စရာၾကားထဲက ထူးထူးျခားျခားအျငင္းပြားၾကလိမ္႕ဦးမယ္။


              ဂ်ာနယ္ဆုိတာ အဂၤလိပ္စာလံုး-Journal ကေနေမြးစားထားတာပါ။ မွန္ပါတယ္ ကြ်န္ေတာ္တို႕မနက္ခင္းဝယ္ဖတ္တဲ႕ဂ်ာနယ္နဲ႕စာလံုးေပါင္းအတူတူပါပဲ။ အဂၤလိပ္အဘိဓာန္မွာ ဂ်ာနယ္ေရးျခင္း-Journaling ကုိ A personal record of occurrences, experiences, and reflections kept on a regular basis; a diary လို႕ ဘာသာျပန္ထားတာရွိတယ္။ သူရွင္းျပထားတာက လူတစ္ေယာက္ရဲ႕ဘဝမွာျဖစ္ခဲ႕ရ၊ ၾကံဳခဲ႕ရ၊ အရာထင္ခဲ႕ရတာေတြကို ပံုမွန္မွတ္တမ္းတင္တဲ႕ ဒိုင္ယာရီေရးျခင္းကုိ “ဂ်ာနယ္ေရးျခင္း-Journaling” လို႕ အက်ယ္ဖြင္႕ထားပါတယ္။

              ဒီအပိုင္းက ရွင္းျပရတာသိပ္လြယ္တယ္။ ဘာျဖစ္လုိ႕လည္းဆုိေတာ႕ လူတစ္ေယာက္ေန႕စဥ္ၾကံဳေနတဲ႕အရာေတြ မွတ္သားထား၊ မွတ္တမ္းထားမွ ဆင္႕ပြားေတြးေတာႏုိင္ျပီး ကုိယ္႕အခက္လုိ မခက္ရေအာင္၊ ကိုယ္ေအာင္ျမင္သလို ေအာင္ျမင္ေစေအာင္၊ ကုိယ္ထားခဲ႕တဲ႕စိတ္ထားနဲ႕ အၾကပ္အတည္းေတြကုိေျဖရွင္းတတ္ေလေအာင္ ေနာက္မ်ိဳးဆက္ကိုခ်န္ထားခဲ႕ႏုိင္မွာ မဟုတ္လား။ နာမည္ၾကီးစိတ္ပညာရွင္ေကာင္ဆယ္လာဘေလာ႕ဂါတစ္ေယာက္ျဖစ္တဲ႕ ေဒါက္တာေရခ်ယ္လုိဟန္-Raychelle C. Lohmann ရွင္းျပတဲ႕ ဂ်ာနယ္ေရးျခင္းကမွ ရွင္းျပရတာခက္တာ။

                  Journaling is a vehicle of emotional exploration, a way to channel difficult feelings into healthy and creative outcomes.

              It is a form of free self-expression that leads to exploration and personal growth. By writing down your thoughts and feelings, you are forced to slow down and pay attention to everything that is going on in your life.

              You have to listen rather than run away from your feelings.

              “ဂ်ာနယ္ေရးျခင္းဟာ စိတ္ကူးလႊင္႕ေမွ်ာရာေနာက္ရွာေဖြေတြ႕ရွိျခင္းရဲ႕ယာဥ္ရထားျဖစ္တယ္။ ခက္ခဲၾကမ္းတမ္းတဲ႕ခံစားခ်က္ေတြကုိက်န္းမာသန္းစြမ္းျပီးတီထြင္ဆန္းသစ္မႈရွိတဲ႕လမ္းေၾကာင္းတစ္ခုေပၚေရာက္ေအာင္လုပ္ေပးႏုိင္တယ္။

ဂ်ာနယ္ေရးျခင္းဟာ မိမိကိုယ္ကုိယ္ရွာေဖြေတြ႕ရွိျခင္းနဲ႕မိမိကိုယ္ကုိယ္တိုးတက္ေစျခင္းတုိ႕ဆီကုိေခၚေဆာင္သြားႏုိ္င္တဲ႕ကိုယ္ပုိင္ပံုေဖာ္မႈတစ္ခုျဖစ္ပါတယ္။

မိမိရဲ႕အေတြးနဲ႕ခံစားခ်က္ေတြကုိေရးခ်ျခင္းအားျဖင္႕အလုပ္ေတြကုိျဖည္းညွင္းသက္သာစြာလုပ္ကိုု္င္ရင္း မိမိဘဝမွာျဖစ္ပ်က္ေနတဲ႕အရာေတြကုိ အာရံုစုိက္လာႏုိင္မွာျဖစ္ပါတယ္။

ဒီလုိခံစားခ်က္ေတြဆီက ေျပးထြက္သြားမယ္႕အစား ခံစားခ်က္ေတြကေနပြင္႕ထြက္လာတဲ႕အသံေတြကုိနားေထာင္ရပါမယ္” ဒီမွတ္ခ်က္ကုိဖတ္ၾကည္႕ျပီး ေကာင္စယ္လာေရးထားတဲ႕အဓိပၸာယ္ဖြင္႕ဆိုခ်က္မွာ အႏွစ္အရသာဘယ္ေလာက္ေလးနက္စြာထည္႕သြင္းထားတယ္ဆုိတာကုိသိရွိႏုိ္င္ပါတယ္။

              ဂ်ာနယ္ေရးတယ္ဆုိတုိင္း သတင္းစာမွာပါသလို စာစကား၊ Facebook မွာေရးေနသလို က်ိဳးပဲ႕ပြန္းရွလြယ္တဲ႕အသုံးအႏႈန္းတုိ႕နဲ႕မဟုတ္ဘဲ ႏွလံုးသားနဲ႕ေရးဖို႕အၾကံေပးခ်င္ပါတယ္။ တစ္ခ်ိန္တုန္းကေတာ႕ မွတ္ေရးမွတ္ရာ ဒုိင္ယာရီဆိုတာ စာအုပ္ေတြမွာ ဘယ္ေန႕မွာ ဘာလုပ္ခဲ႕တယ္၊ ဘယ္သူနဲ႕ေတြ႕ခဲ႕လို႕ ဘာေတြေျပာခဲ႕တယ္ဆုိတာမ်ိဳးေရးတာေတြက မွတ္တမ္းတစ္ခုအေနနဲ႕ ျပန္အသံုးခ်ရလြယ္ေအာင္ ေရးမွတ္ထားတတ္ၾကတာမ်ိဳးပါ။

              အခုေခတ္မွာေတာ႕ လူမႈကြန္ယက္ၾကီးစုိးမႈရဲ႕အက်ိဳးဆက္အေနနဲ႕ ေပါက္ကြဲလြယ္တဲ႕ခံစားခ်က္ေတြကုိေရးၾကတယ္။ တစ္ခ်ိဳ႕ဆိုရင္ နက္နက္နဲနဲေတြးျပီး ဖတ္သူေတြအေတြးအမွန္ေပၚေအာင္ ေဖာ္ေဆာင္ေရးတတ္လွတယ္။ အဓိက စာေရးတယ္ဆုိတာ ေတြးျပီးေရးရင္ ျပီးတာပါပဲ။ ဒါမွလည္း မွတ္တမ္းဆိုတာၾကီးထက္ တစ္ဆင္႕တက္လွမ္းႏိုင္မွာပါ။

              ဒီေနရာမွာ အေမရိကားမွာနာမယ္ၾကီးတဲ႕ တရားေဟာဆရာ ေဒါက္တာတစ္ေယာက္ရဲ႕ေဟာေျပာမႈက နားထဲဝင္လာတယ္။ “မိမိသိထားတာကုိ ေနာက္လူ ေနာက္မ်ိဳးဆက္ေတြဖတ္ဖို႕ စာအုပ္မေရးခဲ႕ဘူးဆိုရင္ လူေသေကာင္နဲ႕အတူ သခ်ိၤဳင္းကုန္းထဲယူသြားပါ” ဆုိတာေလးက တရားက်စရာေကာင္းတယ္။ သူဟာ သူေဟာတဲ႕ အမွန္တရားေတြကုိအသံသြင္းထားတယ္။ ေနာက္ပိုင္းမ်ားလာေတာ႕ စာအုပ္အေနနဲ႕ထုတ္ေဝတယ္။ နာမည္ၾကီးေဝဖန္ေရးဆရာရဲ႕မွတ္ခ်က္ေတာင္းျပီး ျဖန္႕ခ်ိတယ္။ သန္းနဲ႕ခ်ီေရာင္းရတဲ႕စာအုပ္ေတြရဲ႕ေနာက္ကြယ္မွာ သူ႕ရဲ႕ျဖဴစင္တဲ႕ႏွလံုးသားနဲ႕ရုိးသားတဲ႕ေစတနာကိုအတိုင္းသားေတြ႕ရပါတယ္။

              လက္ကိုင္ဖုန္းေပါမ်ားတဲ႕ ဒစ္ဂ်စ္တယ္ေခတ္မွာ လူေတြက ဖုန္းတံဆိပ္မ်ိဳးစံုသံုးၾကတယ္။ ဖုန္းထုတ္လုပ္တဲ႕ကုမၸဏီအားလံုးနီးပါး သူတုိ႕ေဆာ႕ဝဲလ္နဲ႕သူတုိ႕ကုိယ္ပုိင္ဟန္နဲ႕ စာအၾကမ္းေရးတဲ႕-Note ေတြ ထည္႕သြင္းေပးၾကတယ္။ မွတ္စရာရွိသလား? ခ်က္ခ်င္းသတိရတယ္၊ မေမ႕ခင္ Note ဖြင္႕တယ္၊ စာရုိက္တယ္၊ မွတ္ထားတယ္၊ Journaling လုပ္တယ္၊ သိပ္အဆင္ေျပတာပဲ။ အဆင္မေျပတာက လက္ရွိဖုန္းနဲ႕ေနာက္ဖုန္းတစ္လံုးေျပာင္းကုိင္တဲ႕အခါ Note ေတြကအမ်ားၾကီးျပန္႕က်ဲလို႕ ပရင္႕ထုတ္ျပီးျပန္ကူးရမလိုလို၊ အကုန္လံုးပဲဆံုးရွံဴးရေတာ႕မလိုလို။

                  တကယ္ေတာ႕ စာရြက္နဲ႕ခဲတံသံုးျပီး လက္ေရးနဲ႕ခ်ေရးမယ္ဆုိရင္ အေကာင္းဆံုးပါ။ နည္းပညာပါတဲ႕ပစၥည္းကိရိယာသံုးမယ္ဆုိရင္ေတာ႕ ဖုန္းထဲမွာမသိမ္းပဲ အြန္လိုင္း Cloud ေပၚမွာသိမ္းတဲ႕ Journaling App (Free Version) ေတြ အမ်ားၾကီးရွိပါတယ္ (https://play.google.com/store/search…) ဒီဟာေတြသံုးရင္လည္း သူတုိ႕ App ကို သံုးစြဲသူနာမည္ နဲ႕ လွ်ိဳ႕ဝွက္နံပါတ္တို႕ထည္႕လုိက္ရင္ သံုးသမွ်ကိရိယာ၊ ကြန္ပ်ဴတာ၊ တက္ဘလက္ေတြေပၚမွာ အကုန္ျပန္ရ- Synchronization လုပ္ေပးသလားဆိုတာ စသံုးခ်ိန္ကတည္းက စစ္ေဆးသင္႕ပါတယ္။

              နာမည္ရထားျပီး အထင္ကရကုမၸဏီေတြျဖစ္တဲ႕ Google ရဲ႕ Google Keep ၊ Microsoft ရဲ႕ OneNote နဲ႕ Apple ရဲ႕ Notes တို႕မွာေရးျပီးသိမ္းမယ္ဆိုရင္ ဖုန္းေျပာင္းေပမယ္႕ ကုိယ္ေရးခဲ႕တဲ႕ဂ်ာနယ္ေတြက ကိုယ္႕ေနာက္လိုက္လာမွာေသခ်ာပါတယ္။

              ဒီစာေတြဟာ မိတ္ေဆြတုိ႕ ကြ်န္ေတာ္တို႕ရဲ႕အေတြ႕အၾကံဳနဲ႕ရင္းျပီးရယူခဲ႕တာျဖစ္လုိ႕အတန္းပညာျမင္႕ျမင္႕မားမားၾကီးတတ္ထားမွ ေရးႏုိင္မွာမဟုတ္ပါဘူး။

              ဒီစာေတြဟာ မိတ္ေဆြတုိ႕ ကြ်န္ေတာ္တုိ႕ရဲ႕ဆံုးရွံဴးမႈေတြနဲ႕ရင္းႏွီးစေတးခဲ႕ရတာျဖစ္လုိ႕ တန္ဖိုးျဖတ္လို႕မရပါဘူး။

              ဒီစာေတြဟာ မိတ္ေဆြတုိ႕ ကြ်န္ေတာ္တို႕ရဲ႕ေအာင္ျမင္မႈေတြကုိမွတ္တမ္းတင္လက္ဆင္႕ကမ္းေပးမွာျဖစ္လို႕ အနာဂါတ္သစ္ပင္အတြက္ ေနေရာင္ျခည္ျဖာေအာင္ ေဆာင္းက်ဥ္းေပးေနတာျဖစ္ပါတယ္။

              သုတပေဒသာနဲ႕ေဒသႏၱတရဗဟုသုတကိုေပးတဲ႕စာဟာ ဦးေႏွာက္ကိုအသိဖြင္႕ေပးတယ္။

              ခံစားမႈ၊ ကုိယ္ခ်င္းစာတရား နဲ႕ စဥ္းစားဆင္ျခင္ဥာဏ္ကုိတုိးေစတဲ႕ ရသစာေပဟာ ႏွလံုးသားကုိေသြးေၾကာဖြင္႕ေပးတယ္။

              အေတြ႕အၾကံဳနဲ႕ေနာက္မ်ိဳးဆက္ကုိမွ်ေဝလိုတဲ႕စာေရးမွတ္တမ္းတင္ျခင္း-Journaling ကေတာ႕ အသိဥာဏ္ေလာကၾကီးတစ္ခုလံုးကို အလင္းတံခါးဖြင္႕ေပးပါတယ္။
ဒီ (၃) ခုလံုးမွာ ဘံုတူညီခ်က္-One Thing in Common တစ္ခုကေတာ႕ စာေရးသားသူရဲ႕ႏွလံုးသားမွာရွိတဲ႕ ေစတနာအရင္းခံတဲ႕ "ရုိးသားမႈ" ျဖစ္ပါတယ္ခင္ဗ်ား။

ခင္လ်က္
ကုိညီညီ (ေတာင္ၾကီး)
08-29-2019

Unicode Version:

"စာမဖတ်နိုင်ရင် ဂျာနယ်ရေးပါ"

               လူတွေက စာဖတ်ပါ စာဖတ်ပါ လို့ တွေ့တဲ့လူတိုင်းကိုတိုက်တွန်းတတ်ကြတယ်။ လူတစ်ဦးတစ်ယောက်အခက်အခဲဖြစ်ပြီး အများလက်ခံနေကျရလဒ်မျိုးမရတဲ့အခါတိုင်းလည်း “ဖြစ်မှာပေါ့ ပညာမှမတတ်တာ” ၊ “အသိဉာဏ်ကဒီလောက်ပဲရှိတာကိုး စာမှမဖတ်တာ” ဆိုပြီး ကဲ့ရဲ့တတ်ကြတယ်။ လူဆိုတာက အခက်သား။ မလုပ်စေချင်တာကိုမှလုပ်ချင်တယ်။ လုပ်ခိုင်းတာဆိုရင် မလုပ်ချင်ဘူး။


              ကျွန်တော်ဟာ အချိန်အများစုမှာ ကိုယ်တိုုင်စာအုပ်ကိုင်ဖတ်ဖို့မအားလပ်တာကြောင့် ကြံရည်ဖန်ရည်ထုတ်ပြီး အသံနဲ့နားထောင်တာတို့၊ အသံစာအုပ်နားထောင်တာတို့၊ အားတက်စေမယ့်ခွန်အားပြည့်ဟောပြောမှုတွေနားထောင်တာတို့တစ်နည်းနည်းနဲ့ တစ်မျိုးအသွင်ပြောင်းပြီးလုပ်နေရတာ အားလပ်ချိန်နည်းပါးတဲ့အခက်အခဲကိုကောင်းကောင်းသိသူတစ်ယောက်ပါ။


              လူတစ်ယောက်မှာ သူ့အသိဉာဏ်ဖွံ့ဖြိုးတယ်် မဖွံ့ဖြိုးဘူးဆိုတာပေါ်မူတည်ပြီး သူဆုံးဖြတ်ရတဲ့အရာတွေရဲ့အဖြေတွေကကွာခြားတတ်ပါတယ်။ အမြဲလိုလို လူမှုကွန်ယက်မှာတင်နေကျအတိုင်း လူ့ဘဝက အပြင်မှာတစ်ထပ်တည်းမကျနိုင်ပါဘူး။ အခက်အခဲဆိုရင် ဖုံးထား ဖိထားတယ်။ ပျော်စရာ နဲ့ အောင်မြင်မှုတွေကို လူရှေ့ထုတ်ပြတတ်ကြတာ လူတိုင်းသုံးတဲ့လူမှုကွန်ယက်မှာ ပလူပျံလို့ပါ။ ဒါတွေနဲ့ စာဖတ်တာ ဘယ်လိုဆက်စပ်နေပါသလဲ? ဆက်လက်သုံးသပ်ကြည့်ရအောင်။


              “သုတစာပေဟာ ဦးနှောက်ကိုဖွံ့ဖြိုးစေတယ်။ ရသစာပေဟာ နှလုံးသားကိုနူးညံ့စေတယ်” လို့ စာရေးဆရာအများစုက ရေးကြ ပြောကြ ဟောကြားကြတယ်။ ဒီလိုစကားမျိုးကိုကြားရပေါင်းများလို့ Facebookers တွေ ရိုးနေကြပြီ အီနေ ထုံနေကြပြီ။ အချိန်မအားလို့ မြန်မာလိုမဖတ်ဘူး။ မတတ်လို့ အင်္ဂလိပ်လိုမဖတ်ဘူး။ အချိန်မရလို့ Facebook သုံးတာကလွဲပြီး ဘာမှကိုမလုပ်တော့ပါဘူးဆိုသူတွေ မိတ်ဆွေသူငယ်ချင်းတွေကြားထဲမှာ အများကြီးတွေ့ရတယ်။


              ဒါကြောင့် အခု ကျွန်တော်ဟာ လူတွေကိုစာဖတ်ဖို့မတိုက်တွန်းချင်တော့ဘူး။ နောက်တစ်မျိုးစဉ်းစားပြီး စာမဖတ်နိုင်သူတွေကို “စာမဖတ်နိုင်ရင် ဂျာနယ်ရေးပါ” လို့ ပြောပြချင်တယ်။ အဲဒီလိုကျတော့ “မင်းကလည်းကွာ စာတောင်ကောင်းကောင်းမဖတ်နိုင်ပါဘူးဆိုနေမှ ဘယ်လိုလုပ် ဂျာနယ်တစ်စောင်လုံးကိုရေးမှာလဲ ကြည့်လည်းလုပ်ပါဦး” လို့ မေတ္တာနဲ့ချစ်စရာကြားထဲက ထူးထူးခြားခြားအငြင်းပွားကြလိမ့်ဦးမယ်။


              ဂျာနယ်ဆိုတာ အင်္ဂလိပ်စာလုံး-Journal ကနေမွေးစားထားတာပါ။ မှန်ပါတယ် ကျွန်တော်တို့မနက်ခင်းဝယ်ဖတ်တဲ့ဂျာနယ်နဲ့စာလုံးပေါင်းအတူတူပါပဲ။ အင်္ဂလိပ်အဘိဓာန်မှာ ဂျာနယ်ရေးခြင်း-Journaling ကို A personal record of occurrences, experiences, and reflections kept on a regular basis; a diary လို့ ဘာသာပြန်ထားတာရှိတယ်။ သူရှင်းပြထားတာက လူတစ်ယောက်ရဲ့ဘဝမှာဖြစ်ခဲ့ရ၊ ကြုံခဲ့ရ၊ အရာထင်ခဲ့ရတာတွေကို ပုံမှန်မှတ်တမ်းတင်တဲ့ ဒိုင်ယာရီရေးခြင်းကို “ဂျာနယ်ရေးခြင်း-Journaling” လို့ အကျယ်ဖွင့်ထားပါတယ်။


              ဒီအပိုင်းက ရှင်းပြရတာသိပ်လွယ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူတစ်ယောက်နေ့စဉ်ကြုံနေတဲ့အရာတွေ မှတ်သားထား၊ မှတ်တမ်းထားမှ ဆင့်ပွားတွေးတောနိုင်ပြီး ကိုယ့်အခက်လို မခက်ရအောင်၊ ကိုယ်အောင်မြင်သလို အောင်မြင်စေအောင်၊ ကိုယ်ထားခဲ့တဲ့စိတ်ထားနဲ့ အကြပ်အတည်းတွေကိုဖြေရှင်းတတ်လေအောင် နောက်မျိုးဆက်ကိုချန်ထားခဲ့နိုင်မှာ မဟုတ်လား။ နာမည်ကြီးစိတ်ပညာရှင်ကောင်ဆယ်လာဘလော့ဂါတစ်ယောက်ဖြစ်တဲ့ ဒေါက်တာရေချယ်လိုဟန်-Raychelle C. Lohmann ရှင်းပြတဲ့ ဂျာနယ်ရေးခြင်းကမှ ရှင်းပြရတာခက်တာ။


                  Journaling is a vehicle of emotional exploration, a way to channel difficult feelings into healthy and creative outcomes.


              It is a form of free self-expression that leads to exploration and personal growth. By writing down your thoughts and feelings, you are forced to slow down and pay attention to everything that is going on in your life.


              You have to listen rather than run away from your feelings.


              “ဂျာနယ်ရေးခြင်းဟာ စိတ်ကူးလွှင့်မျှောရာနောက်ရှာဖွေတွေ့ရှိခြင်းရဲ့ယာဉ်ရထားဖြစ်တယ်။ ခက်ခဲကြမ်းတမ်းတဲ့ခံစားချက်တွေကိုကျန်းမာသန်းစွမ်းပြီးတီထွင်ဆန်းသစ်မှုရှိတဲ့လမ်းကြောင်းတစ်ခုပေါ်ရောက်အောင်လုပ်ပေးနိုင်တယ်။


ဂျာနယ်ရေးခြင်းဟာ မိမိကိုယ်ကိုယ်ရှာဖွေတွေ့ရှိခြင်းနဲ့မိမိကိုယ်ကိုယ်တိုးတက်စေခြင်းတို့ဆီကိုခေါ်ဆောင်သွားနို်င်တဲ့ကိုယ်ပိုင်ပုံဖော်မှုတစ်ခုဖြစ်ပါတယ်။


မိမိရဲ့အတွေးနဲ့ခံစားချက်တွေကိုရေးချခြင်းအားဖြင့်အလုပ်တွေကိုဖြည်းညှင်းသက်သာစွာလုပ်ကိုု်င်ရင်း မိမိဘဝမှာဖြစ်ပျက်နေတဲ့အရာတွေကို အာရုံစိုက်လာနိုင်မှာဖြစ်ပါတယ်။


ဒီလိုခံစားချက်တွေဆီက ပြေးထွက်သွားမယ့်အစား ခံစားချက်တွေကနေပွင့်ထွက်လာတဲ့အသံတွေကိုနားထောင်ရပါမယ်” ဒီမှတ်ချက်ကိုဖတ်ကြည့်ပြီး ကောင်စယ်လာရေးထားတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အနှစ်အရသာဘယ်လောက်လေးနက်စွာထည့်သွင်းထားတယ်ဆိုတာကိုသိရှိနို်င်ပါတယ်။


              ဂျာနယ်ရေးတယ်ဆိုတိုင်း သတင်းစာမှာပါသလို စာစကား၊ Facebook မှာရေးနေသလို ကျိုးပဲ့ပွန်းရှလွယ်တဲ့အသုံးအနှုန်းတို့နဲ့မဟုတ်ဘဲ နှလုံးသားနဲ့ရေးဖို့အကြံပေးချင်ပါတယ်။ တစ်ချိန်တုန်းကတော့ မှတ်ရေးမှတ်ရာ ဒိုင်ယာရီဆိုတာ စာအုပ်တွေမှာ ဘယ်နေ့မှာ ဘာလုပ်ခဲ့တယ်၊ ဘယ်သူနဲ့တွေ့ခဲ့လို့ ဘာတွေပြောခဲ့တယ်ဆိုတာမျိုးရေးတာတွေက မှတ်တမ်းတစ်ခုအနေနဲ့ ပြန်အသုံးချရလွယ်အောင် ရေးမှတ်ထားတတ်ကြတာမျိုးပါ။


              အခုခေတ်မှာတော့ လူမှုကွန်ယက်ကြီးစိုးမှုရဲ့အကျိုးဆက်အနေနဲ့ ပေါက်ကွဲလွယ်တဲ့ခံစားချက်တွေကိုရေးကြတယ်။ တစ်ချို့ဆိုရင် နက်နက်နဲနဲတွေးပြီး ဖတ်သူတွေအတွေးအမှန်ပေါ်အောင် ဖော်ဆောင်ရေးတတ်လှတယ်။ အဓိက စာရေးတယ်ဆိုတာ တွေးပြီးရေးရင် ပြီးတာပါပဲ။ ဒါမှလည်း မှတ်တမ်းဆိုတာကြီးထက် တစ်ဆင့်တက်လှမ်းနိုင်မှာပါ။


              ဒီနေရာမှာ အမေရိကားမှာနာမယ်ကြီးတဲ့ တရားဟောဆရာ ဒေါက်တာတစ်ယောက်ရဲ့ဟောပြောမှုက နားထဲဝင်လာတယ်။ “မိမိသိထားတာကို နောက်လူ နောက်မျိုးဆက်တွေဖတ်ဖို့ စာအုပ်မရေးခဲ့ဘူးဆိုရင် လူသေကောင်နဲ့အတူ သချိင်္ုင်းကုန်းထဲယူသွားပါ” ဆိုတာလေးက တရားကျစရာကောင်းတယ်။ သူဟာ သူဟောတဲ့ အမှန်တရားတွေကိုအသံသွင်းထားတယ်။ နောက်ပိုင်းများလာတော့ စာအုပ်အနေနဲ့ထုတ်ဝေတယ်။ နာမည်ကြီးဝေဖန်ရေးဆရာရဲ့မှတ်ချက်တောင်းပြီး ဖြန့်ချိတယ်။ သန်းနဲ့ချီရောင်းရတဲ့စာအုပ်တွေရဲ့နောက်ကွယ်မှာ သူ့ရဲ့ဖြူစင်တဲ့နှလုံးသားနဲ့ရိုးသားတဲ့စေတနာကိုအတိုင်းသားတွေ့ရပါတယ်။


              လက်ကိုင်ဖုန်းပေါများတဲ့ ဒစ်ဂျစ်တယ်ခေတ်မှာ လူတွေက ဖုန်းတံဆိပ်မျိုးစုံသုံးကြတယ်။ ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီအားလုံးနီးပါး သူတို့ဆော့ဝဲလ်နဲ့သူတို့ကိုယ်ပိုင်ဟန်နဲ့ စာအကြမ်းရေးတဲ့-Note တွေ ထည့်သွင်းပေးကြတယ်။ မှတ်စရာရှိသလား? ချက်ချင်းသတိရတယ်၊ မမေ့ခင် Note ဖွင့်တယ်၊ စာရိုက်တယ်၊ မှတ်ထားတယ်၊ Journaling လုပ်တယ်၊ သိပ်အဆင်ပြေတာပဲ။ အဆင်မပြေတာက လက်ရှိဖုန်းနဲ့နောက်ဖုန်းတစ်လုံးပြောင်းကိုင်တဲ့အခါ Note တွေကအများကြီးပြန့်ကျဲလို့ ပရင့်ထုတ်ပြီးပြန်ကူးရမလိုလို၊ အကုန်လုံးပဲဆုံးရှံူးရတော့မလိုလို။


                  တကယ်တော့ စာရွက်နဲ့ခဲတံသုံးပြီး လက်ရေးနဲ့ချရေးမယ်ဆိုရင် အကောင်းဆုံးပါ။ နည်းပညာပါတဲ့ပစ္စည်းကိရိယာသုံးမယ်ဆိုရင်တော့ ဖုန်းထဲမှာမသိမ်းပဲ အွန်လိုင်း Cloud ပေါ်မှာသိမ်းတဲ့ Journaling App (Free Version) တွေ အများကြီးရှိပါတယ် (https://play.google.com/store/search…) ဒီဟာတွေသုံးရင်လည်း သူတို့ App ကို သုံးစွဲသူနာမည် နဲ့ လျှို့ဝှက်နံပါတ်တို့ထည့်လိုက်ရင် သုံးသမျှကိရိယာ၊ ကွန်ပျူတာ၊ တက်ဘလက်တွေပေါ်မှာ အကုန်ပြန်ရ- Synchronization လုပ်ပေးသလားဆိုတာ စသုံးချိန်ကတည်းက စစ်ဆေးသင့်ပါတယ်။


              နာမည်ရထားပြီး အထင်ကရကုမ္ပဏီတွေဖြစ်တဲ့ Google ရဲ့ Google Keep ၊ Microsoft ရဲ့ OneNote နဲ့ Apple ရဲ့ Notes တို့မှာရေးပြီးသိမ်းမယ်ဆိုရင် ဖုန်းပြောင်းပေမယ့် ကိုယ်ရေးခဲ့တဲ့ဂျာနယ်တွေက ကိုယ့်နောက်လိုက်လာမှာသေချာပါတယ်။


              ဒီစာတွေဟာ မိတ်ဆွေတို့ ကျွန်တော်တို့ရဲ့အတွေ့အကြုံနဲ့ရင်းပြီးရယူခဲ့တာဖြစ်လို့အတန်းပညာမြင့်မြင့်မားမားကြီးတတ်ထားမှ ရေးနိုင်မှာမဟုတ်ပါဘူး။


              ဒီစာတွေဟာ မိတ်ဆွေတို့ ကျွန်တော်တို့ရဲ့ဆုံးရှံူးမှုတွေနဲ့ရင်းနှီးစတေးခဲ့ရတာဖြစ်လို့ တန်ဖိုးဖြတ်လို့မရပါဘူး။


              ဒီစာတွေဟာ မိတ်ဆွေတို့ ကျွန်တော်တို့ရဲ့အောင်မြင်မှုတွေကိုမှတ်တမ်းတင်လက်ဆင့်ကမ်းပေးမှာဖြစ်လို့ အနာဂါတ်သစ်ပင်အတွက် နေရောင်ခြည်ဖြာအောင် ဆောင်းကျဉ်းပေးနေတာဖြစ်ပါတယ်။


              သုတပဒေသာနဲ့ဒေသန္တတရဗဟုသုတကိုပေးတဲ့စာဟာ ဦးနှောက်ကိုအသိဖွင့်ပေးတယ်။


              ခံစားမှု၊ ကိုယ်ချင်းစာတရား နဲ့ စဉ်းစားဆင်ခြင်ဉာဏ်ကိုတိုးစေတဲ့ ရသစာပေဟာ နှလုံးသားကိုသွေးကြောဖွင့်ပေးတယ်။


              အတွေ့အကြုံနဲ့နောက်မျိုးဆက်ကိုမျှဝေလိုတဲ့စာရေးမှတ်တမ်းတင်ခြင်း-Journaling ကတော့ အသိဉာဏ်လောကကြီးတစ်ခုလုံးကို အလင်းတံခါးဖွင့်ပေးပါတယ်။


ဒီ (၃) ခုလုံးမှာ ဘုံတူညီချက်-One Thing in Common တစ်ခုကတော့ စာရေးသားသူရဲ့နှလုံးသားမှာရှိတဲ့ စေတနာအရင်းခံတဲ့ "ရိုးသားမှု" ဖြစ်ပါတယ်ခင်ဗျား။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
08-29-2019

No comments: