ခရီးသြားေနသူ - ကုိညီညီ ( ေတာင္ၾကီး ) |
.
ေရႊျပည္ၾကီးျပန္ေရာက္ေတာ႕ လုပ္ငန္းအတူတူလုပ္ခဲ႕သူမ်ားနဲ႕
စကားေျပာျဖစ္တယ္။ တစ္ခ်ိဳ႕ေတြရဲ႕စီးပြားေရးက အံ႕မခမ္းၾကီးထြားေနတာ မ်က္စိနဲ႕ျမင္မွ
ၾကိတ္မွိတ္ယံုလိုက္ရတယ္။ ရန္ကုန္ကလုပ္ငန္းျဖစ္ပါေစ၊ နယ္မွာေနသူျဖစ္ပါေစ လုပ္ငန္းတည္ရွိရာေနရာေဒသကြာျခားေပမယ္႕
ညည္းညဴတာခ်င္းကေတာ႕ တူေနတယ္ “ အေရာင္းအဝယ္ပါးတယ္ ” တဲ႕..။ ဒါေပမယ္႕ သူတုိ႕ရဲ႕ပိုင္ဆုိင္မႈေတြက
ျမည္လို႕ .. ဟီးလို႕ ..။
.
ေမြးရပ္ေျမျပန္ေရာက္ေတာ႕ ပိုျပီးေစ႕ေစ႕ငုံငံုေလ႕လာၾကည္႕တယ္။
ျမိဳ႕လည္ဓမၼာရံုကေန လမ္းေလွ်ာက္ျပီး ညေစ်းတစ္ပတ္ နဲ႕ ျမိဳ႕မေစ်းကို ေကြ႕ကာဝိုက္ကာ ဓါတ္ပံုလိုက္ရိုက္တဲ႕အခါ
ျမိဳ႕ေနလူထုဟာ စီးပြားဝမ္းစာတစ္ခုတည္းသာၾကပ္တည္းေနရံုမကပဲ ကားလမ္းေတြေပၚက အၾကပ္အတည္းကိုလည္း
ပူပူခါးခါး ခံစားေနရတာပါလား ဆုိတာ မ်က္စိတစ္ဖက္မွိတ္ လက္ခံလိုက္ရတယ္။ တစ္ကယ္ေတာ႕ ကိုယ္လည္း
ဘာမွမတတ္ႏုိင္တာပဲေလ။
.
.
ရန္ကုန္မွာက ကားသြားတဲ႕လမ္းေပၚမွာေစ်းဆင္းေရာင္းတာ
ကိစၥကတစ္ခုတည္း..။ ေတာင္ၾကီးမွာ ကားသြားတဲ႕လမ္းေပၚကုိ ေစ်းဆိုင္ေတြေဆာက္၊ ျမိဳ႕အလွဆင္ဖို႕
က်ယ္က်ယ္ဝန္းဝန္းေနရာေတြကုိ ဆိုင္ကယ္ပါကင္ေတြလုပ္၊ ကားက ရပ္စရာမရွိေတာ႕ လမ္းအလည္မွာရပ္၊
ဒီၾကားထဲ ျမိဳ႕လည္ေခါင္မင္းလမ္းအလယ္တည္႕တည္႕ကေန စတီးပိုက္ေတြနဲ႕ ထက္ျခမ္းခြဲကာလိုက္ေတာ႕
ဘယ္ဘက္လွည္႕လွည္႕ ျငိဖို႕သာျပင္ေနတဲ႕ လည္သူေမာင္းစတမ္း ယာဥ္စည္းကမ္းကို အနီးကပ္ေလ႕လာခြင္႕ရခဲ႕တယ္။
.
အမွန္က ျမန္မာႏုိင္ငံတစ္ဝွမ္း ကုန္သည္ၾကီးေတြေစ်းေရာင္းပါးေနတာထက္
မရွိလုပ္စာ ရွာစားေနတဲ႕ အေျခခံလူတန္းစားရဲ႕ ေစ်းေရာင္းပါးမႈက သူတုိ႕ရဲ႕ဘဝကုိ ေတာ္ေတာ္ခက္ခဲေစပါတယ္။
က်န္းမာေရး၊ သားသမီးေရး၊ ေက်ာင္းပညာအေရး တစ္ေနေနရာမွာ တစ္ခုခုနဲ႕ ခလုတ္မတိုက္မိလိုက္နဲ႕
.. ျဖစ္လုိက္ရင္ သူတို႕ရဲ႕ၾကပ္တည္းမႈက ကားလမ္းပိတ္တာထက္ အဆေပါင္းမ်ားစြာဆိုးေစတယ္။
ေန႕စဥ္ဘဝကိုေျဖရွင္းလုိ႕မႏုိင္ေတာ႕ ေပါင္ႏွံေခ်းငွား၊ ေၾကြးထူထပ္တင္၊ မပ်က္ခင္ေလးစီးေနရတဲ႕
ဆိုင္ကယ္စုတ္ေလးအတြက္ ဓါတ္ဆီဖိုးမရွိေတာ႕ေပမယ္႕ COC ေဆာ႕ဖို႕ ေငြၾကိဳျဖည္႕ထားမိတာကို
သူတုိ႕ကုိယ္သူတုိ႕ ကံေကာင္းတယ္လို႕ ထင္ေနၾကတဲ႕ေခတ္ေလ။
.
.
ျမိဳ႕တစ္ျမိဳ႕ရဲ႕စီးပြားေရးဟာ ဒီျမိဳ႕ကုိ “ လူေတြ ” ဘယ္ဝင္ထြက္သြားလာေနထိုင္ဆယ္ဆိုတာထက္ “
ဝင္ေငြ ” ဘယ္ေလာက္အထိသင္႕တင္႕မွ်တတယ္ဆိုတဲ႕အေပၚမွာ အေျခခံတြက္ခ်က္သင္႕ပါတယ္။ လူဝင္မ်ားျပီး
အလုပ္အကိုင္ပြင္႕လင္းမႈမရွိတဲ႕အခါ ပုိမုိၾကပ္တည္းလာတဲ႕အျပင္ ေငြရလြယ္တဲ႕မသမာမႈမ်ိဳးကိုက်ဴးလြန္ဖို႕
အားေပးရာေရာက္ေစပါတယ္။ ဒါေၾကာင္႕မုိ႕ မေကာင္းမႈရဲ႕သားေကာင္အျဖစ္လူငယ္ေတြကိုပစ္မွတ္ထားလာတဲ႕အခါ
ကုန္သည္ေသာ၊ ဝန္ထမ္းေသာ၊ ဆိုင္ရာပုိင္ရာေသာ မခြဲျခားႏုိင္ေတာ႕ပဲ မည္းမည္းျမင္ရင္ပစ္တဲ႕အဆင္႕ေရာက္လာတဲ႕တစ္ေန႕မွာ
စားသံုးသူလူတန္းစားရဲ႕ အသိပညာတန္ဖိုးဟာ နိမ္႕က်မွန္းမသိ က်လာရပါတယ္္။
.
ဒီအျဖစ္သႏွစ္ရဲ႕အက်ိဳးဆက္ကိုခံစားရသူဟာ
ခုနကေျပာခဲ႕တဲ႕ ေစ်းေရာင္းမေကာင္းဘူးဆိုတဲ႕ ေငြပံုေငြရင္းနဲ႕အလုပ္လုပ္သူမ်ားမဟုတ္ပဲ
အလယ္အလတ္လူတန္းစား နဲ႕ မေလာက္ငတဲ႕အေျခခံလူတန္းစားတုိ႕သာ ခါးစီးခံရတာပါ။ ကုမၸဏီေတြရဲ႕
ဆိုင္ေရွ႕ေရာက္ ဒိုးယိုေပါက္ေရာင္းခ်မႈ နဲ႕ ကုန္ပစၥည္းျဖဳန္းအားအေပၚတြက္ခ်က္ေပးတဲ႕
ေကာ္မရွင္ေလွ်ာ႕ေစ်းေတြေၾကာင္႕ လက္လီဆိုင္ေတြဟာဘယ္ေနရာ ဘယ္႒ာနကိုမွသြားဝယ္စရာမလိုေလာက္ေအာင္
စံနစ္ေတြကေျပာင္းလဲလာခဲ႕တယ္။ ဒါေၾကာင္႕ ၾကားခံကုန္သည္အလတ္တန္းစားေတြဟာ ရပ္တန္႕သူကရပ္၊
လုပ္ငန္းသိမ္းသူကသိမ္း နဲ႕ ၾကည္႕မေပ်ာ္ ရႈမလွျဖစ္ေနရတဲ႕ ေတာင္ၾကီးျမိဳ႕ၾကီးပါ။
.
.
တစ္ေလာကျဖစ္ခဲ႕တဲ႕ ဆုေၾကးကိစၥေတြေၾကာင္႕
ေငြလြန္ျပီးဆံုးရွံဴးသူမ်ားက အခုထိအိပ္မက္ဆိုးမက္ေနသလို ဒုိင္လုပ္ခဲ႕တဲ႕သူေတြဆိုတာလည္း
လူစင္မီွေအာင္ မနည္းၾကီးျပန္ကုန္းထေနရပါတယ္။ အဲဒီေရပြက္ေၾကာင္႕ မက္ခဲ႕ရတဲ႕ အိမ္ျခံေျမေစ်းကြက္ဟာလည္း
တည္တည္တံ႕တံ႕မျဖစ္ႏိုင္ေတာ႕ပဲ ဝယ္သူတစ္ေယာက္ေရာင္းသူတစ္ရာဘဝ တဖန္ေရာက္လာရျပန္တယ္။ ဒါေၾကာင္႕
ေဟာတစ္လံုး ဟုိးတစ္လံုး တစ္ေနရာျပီးတစ္ေနရာ အိမ္သစ္ေဆာက္ေနသူေတြရဲ႕ ၾကီးပြားမႈကံဇာတာကိုလည္း
ေတာင္ၾကီးသားကြ်န္ေတာ္ဟာ အထူးအံ႕ၾသမိတယ္။
.
အရင္တစ္ေခတ္က မိဘဘိုးဘြားပိုင္ေျမကိုမေရာင္းခဲ႕သူမ်ားက
အခ်ိန္တန္ေငြေဖာင္းပြမႈေနာက္မွာ တန္ေၾကးတက္ျပီး အဆင္ေျပခဲ႕ၾကတယ္ေလ။ အခုေခတ္က်ေတာ႕ အိမ္ရွင္ေတာင္ၾကီးျမိဳ႕ခံေတြက
ခ်ိဳ႕တဲ႕သထက္ခ်ိဳ႕တဲ႕လာျပီး လူမ်ိဳးေပါင္းစံု၊ အေရာင္အေသြးေပါင္းစံု ဧည္႕သည္မ်ားကသာ
တစ္ႏွစ္ ႏွစ္ႏွစ္အတြင္း “ မည္ကဲ႕သုိ႕လုပ္လုိက္သည္မသိ ” ဆိုတဲ႕ သိုင္းေလာကစကား ငွားသံုးေလာက္ရေအာင္
အရင္းမျမစ္မဲ႕ခ်မ္းသာေနၾကတာကို ကြ်န္ေတာ္မ်ိဳးလည္း မေလွ်ာက္တတ္ေတာ႕ပါဘူး။
.
ဘယ္သူေတြဘာျဖစ္ေနျဖစ္ေန ကြ်န္ေတာ္တုိ႕ဟာ
အြန္လိုင္း Facebook ေပၚမွာ ကုိယ္ဝါသနာပါတဲ႕စာကိုဖတ္ေနရရင္ေက်နပ္စြာေနႏုိင္ပါျပီ။ ဘယ္သူေတြဘာလုပ္ေနလုပ္ေန
အခ်ိန္တန္ ေရႊဖီ COC အသီးခူးဆြတ္ႏုိင္ရင္ေတာ္ပါျပီ။ ဘယ္လူမ်ိဳးေတြဘယ္ေလာက္ပင္ခ်မ္းသာေနပါေစ
.. အိုးထဲမွာထမင္းၾကမ္း မရွိခ်င္ေနပါေစ .. ကြ်န္ေတာ္တုိ႕ဟာ စည္ဘီယာဆိုင္မွာ အသဲအျမစ္ကင္ေလးစားေနႏိုင္တဲ႕ဒီေတာင္ေပၚေဒသထက္
ဘယ္ေနရာကသာပါလိမ္႕လို႕သာ ေတြးေနမိပါေတာ႕တယ္။
.
ခင္လ်က္
.
02-03-2016
.
.
.
Myanmar Unicode Version:
.
.
“ ဈေးပွက်တစ်ခုရဲ့မာယာ ”
ခရီးသွားနေသူ - ကိုညီညီ ( တောင်ကြီး
)
.
ရွှေပြည်ကြီးပြန်ရောက်တော့ လုပ်ငန်းအတူတူလုပ်ခဲ့သူများနဲ့
စကားပြောဖြစ်တယ်။ တစ်ချို့တွေရဲ့စီးပွားရေးက အံ့မခမ်းကြီးထွားနေတာ မျက်စိနဲ့မြင်မှ
ကြိတ်မှိတ်ယုံလိုက်ရတယ်။ ရန်ကုန်ကလုပ်ငန်းဖြစ်ပါစေ၊ နယ်မှာနေသူဖြစ်ပါစေ လုပ်ငန်းတည်ရှိရာနေရာဒေသကွာခြားပေမယ့်
ညည်းညူတာချင်းကတော့ တူနေတယ် “ အရောင်းအဝယ်ပါးတယ် ” တဲ့..။ ဒါပေမယ့် သူတို့ရဲ့ပိုင်ဆိုင်မှုတွေက
မြည်လို့ .. ဟီးလို့ ..။
.
မွေးရပ်မြေပြန်ရောက်တော့ ပိုပြီးစေ့စေ့ငုံငုံလေ့လာကြည့်တယ်။
မြို့လည်ဓမ္မာရုံကနေ လမ်းလျှောက်ပြီး ညဈေးတစ်ပတ် နဲ့ မြို့မဈေးကို ကွေ့ကာဝိုက်ကာ ဓါတ်ပုံလိုက်ရိုက်တဲ့အခါ
မြို့နေလူထုဟာ စီးပွားဝမ်းစာတစ်ခုတည်းသာကြပ်တည်းနေရုံမကပဲ ကားလမ်းတွေပေါ်က အကြပ်အတည်းကိုလည်း
ပူပူခါးခါး ခံစားနေရတာပါလား ဆိုတာ မျက်စိတစ်ဖက်မှိတ် လက်ခံလိုက်ရတယ်။ တစ်ကယ်တော့ ကိုယ်လည်း
ဘာမှမတတ်နိုင်တာပဲလေ။
.
.
ရန်ကုန်မှာက ကားသွားတဲ့လမ်းပေါ်မှာဈေးဆင်းရောင်းတာ
ကိစ္စကတစ်ခုတည်း..။ တောင်ကြီးမှာ ကားသွားတဲ့လမ်းပေါ်ကို ဈေးဆိုင်တွေဆောက်၊ မြို့အလှဆင်ဖို့
ကျယ်ကျယ်ဝန်းဝန်းနေရာတွေကို ဆိုင်ကယ်ပါကင်တွေလုပ်၊ ကားက ရပ်စရာမရှိတော့ လမ်းအလည်မှာရပ်၊
ဒီကြားထဲ မြို့လည်ခေါင်မင်းလမ်းအလယ်တည့်တည့်ကနေ စတီးပိုက်တွေနဲ့ ထက်ခြမ်းခွဲကာလိုက်တော့
ဘယ်ဘက်လှည့်လှည့် ငြိဖို့သာပြင်နေတဲ့ လည်သူမောင်းစတမ်း ယာဉ်စည်းကမ်းကို အနီးကပ်လေ့လာခွင့်ရခဲ့တယ်။
.
အမှန်က မြန်မာနိုင်ငံတစ်ဝှမ်း ကုန်သည်ကြီးတွေဈေးရောင်းပါးနေတာထက်
မရှိလုပ်စာ ရှာစားနေတဲ့ အခြေခံလူတန်းစားရဲ့ ဈေးရောင်းပါးမှုက သူတို့ရဲ့ဘဝကို တော်တော်ခက်ခဲစေပါတယ်။
ကျန်းမာရေး၊ သားသမီးရေး၊ ကျောင်းပညာအရေး တစ်နေနေရာမှာ တစ်ခုခုနဲ့ ခလုတ်မတိုက်မိလိုက်နဲ့
.. ဖြစ်လိုက်ရင် သူတို့ရဲ့ကြပ်တည်းမှုက ကားလမ်းပိတ်တာထက် အဆပေါင်းများစွာဆိုးစေတယ်။
နေ့စဉ်ဘဝကိုဖြေရှင်းလို့မနိုင်တော့ ပေါင်နှံချေးငှား၊ ကြွေးထူထပ်တင်၊ မပျက်ခင်လေးစီးနေရတဲ့
ဆိုင်ကယ်စုတ်လေးအတွက် ဓါတ်ဆီဖိုးမရှိတော့ပေမယ့် COC ဆော့ဖို့ ငွေကြိုဖြည့်ထားမိတာကို
သူတို့ကိုယ်သူတို့ ကံကောင်းတယ်လို့ ထင်နေကြတဲ့ခေတ်လေ။
.
.
မြို့တစ်မြို့ရဲ့စီးပွားရေးဟာ ဒီမြို့ကို “ လူတွေ ” ဘယ်ဝင်ထွက်သွားလာနေထိုင်ဆယ်ဆိုတာထက်
“ ဝင်ငွေ ” ဘယ်လောက်အထိသင့်တင့်မျှတတယ်ဆိုတဲ့အပေါ်မှာ အခြေခံတွက်ချက်သင့်ပါတယ်။ လူဝင်များပြီး
အလုပ်အကိုင်ပွင့်လင်းမှုမရှိတဲ့အခါ ပိုမိုကြပ်တည်းလာတဲ့အပြင် ငွေရလွယ်တဲ့မသမာမှုမျိုးကိုကျူးလွန်ဖို့
အားပေးရာရောက်စေပါတယ်။ ဒါကြောင့်မို့ မကောင်းမှုရဲ့သားကောင်အဖြစ်လူငယ်တွေကိုပစ်မှတ်ထားလာတဲ့အခါ
ကုန်သည်သော၊ ဝန်ထမ်းသော၊ ဆိုင်ရာပိုင်ရာသော မခွဲခြားနိုင်တော့ပဲ မည်းမည်းမြင်ရင်ပစ်တဲ့အဆင့်ရောက်လာတဲ့တစ်နေ့မှာ
စားသုံးသူလူတန်းစားရဲ့ အသိပညာတန်ဖိုးဟာ နိမ့်ကျမှန်းမသိ ကျလာရပါတယ်။
.
ဒီအဖြစ်သနှစ်ရဲ့အကျိုးဆက်ကိုခံစားရသူဟာ
ခုနကပြောခဲ့တဲ့ ဈေးရောင်းမကောင်းဘူးဆိုတဲ့ ငွေပုံငွေရင်းနဲ့အလုပ်လုပ်သူများမဟုတ်ပဲ
အလယ်အလတ်လူတန်းစား နဲ့ မလောက်ငတဲ့အခြေခံလူတန်းစားတို့သာ ခါးစီးခံရတာပါ။ ကုမ္ပဏီတွေရဲ့
ဆိုင်ရှေ့ရောက် ဒိုးယိုပေါက်ရောင်းချမှု နဲ့ ကုန်ပစ္စည်းဖြုန်းအားအပေါ်တွက်ချက်ပေးတဲ့
ကော်မရှင်လျှော့ဈေးတွေကြောင့် လက်လီဆိုင်တွေဟာဘယ်နေရာ ဘယ်ဋ္ဌာနကိုမှသွားဝယ်စရာမလိုလောက်အောင်
စံနစ်တွေကပြောင်းလဲလာခဲ့တယ်။ ဒါကြောင့် ကြားခံကုန်သည်အလတ်တန်းစားတွေဟာ ရပ်တန့်သူကရပ်၊
လုပ်ငန်းသိမ်းသူကသိမ်း နဲ့ ကြည့်မပျော် ရှုမလှဖြစ်နေရတဲ့ တောင်ကြီးမြို့ကြီးပါ။
.
.
တစ်လောကဖြစ်ခဲ့တဲ့ ဆုကြေးကိစ္စတွေကြောင့်
ငွေလွန်ပြီးဆုံးရှူံးသူများက အခုထိအိပ်မက်ဆိုးမက်နေသလို ဒိုင်လုပ်ခဲ့တဲ့သူတွေဆိုတာလည်း
လူစင်မှီအောင် မနည်းကြီးပြန်ကုန်းထနေရပါတယ်။ အဲဒီရေပွက်ကြောင့် မက်ခဲ့ရတဲ့ အိမ်ခြံမြေဈေးကွက်ဟာလည်း
တည်တည်တံ့တံ့မဖြစ်နိုင်တော့ပဲ ဝယ်သူတစ်ယောက်ရောင်းသူတစ်ရာဘဝ တဖန်ရောက်လာရပြန်တယ်။ ဒါကြောင့်
ဟောတစ်လုံး ဟိုးတစ်လုံး တစ်နေရာပြီးတစ်နေရာ အိမ်သစ်ဆောက်နေသူတွေရဲ့ ကြီးပွားမှုကံဇာတာကိုလည်း
တောင်ကြီးသားကျွန်တော်ဟာ အထူးအံ့ဩမိတယ်။
.
အရင်တစ်ခေတ်က မိဘဘိုးဘွားပိုင်မြေကိုမရောင်းခဲ့သူများက
အချိန်တန်ငွေဖောင်းပွမှုနောက်မှာ တန်ကြေးတက်ပြီး အဆင်ပြေခဲ့ကြတယ်လေ။ အခုခေတ်ကျတော့
အိမ်ရှင်တောင်ကြီးမြို့ခံတွေက ချို့တဲ့သထက်ချို့တဲ့လာပြီး လူမျိုးပေါင်းစုံ၊ အရောင်အသွေးပေါင်းစုံ
ဧည့်သည်များကသာ တစ်နှစ် နှစ်နှစ်အတွင်း “ မည်ကဲ့သို့လုပ်လိုက်သည်မသိ ” ဆိုတဲ့ သိုင်းလောကစကား
ငှားသုံးလောက်ရအောင် အရင်းမမြစ်မဲ့ချမ်းသာနေကြတာကို ကျွန်တော်မျိုးလည်း မလျှောက်တတ်တော့ပါဘူး။
.
ဘယ်သူတွေဘာဖြစ်နေဖြစ်နေ ကျွန်တော်တို့ဟာ
အွန်လိုင်း Facebook ပေါ်မှာ ကိုယ်ဝါသနာပါတဲ့စာကိုဖတ်နေရရင်ကျေနပ်စွာနေနိုင်ပါပြီ။
ဘယ်သူတွေဘာလုပ်နေလုပ်နေ အချိန်တန် ရွှေဖီ COC အသီးခူးဆွတ်နိုင်ရင်တော်ပါပြီ။ ဘယ်လူမျိုးတွေဘယ်လောက်ပင်ချမ်းသာနေပါစေ
.. အိုးထဲမှာထမင်းကြမ်း မရှိချင်နေပါစေ .. ကျွန်တော်တို့ဟာ စည်ဘီယာဆိုင်မှာ အသဲအမြစ်ကင်လေးစားနေနိုင်တဲ့ဒီတောင်ပေါ်ဒေသထက်
ဘယ်နေရာကသာပါလိမ့်လို့သာ တွေးနေမိပါတော့တယ်။
.
ခင်လျက်
.
02-03-2016
No comments:
Post a Comment