ေဆာင္းပါးရွင္ - ကုိညီညီ ( ေတာင္ၾကီး ) |
( ၁
)
.
ကြ်န္ေတာ္ေက်ာင္းသားအရြယ္က ထိပ္ဆံုးခရီးသြားဖူးတာကို
သတိရမိတယ္။ ေတာ္ေတာ္ေလးငယ္တုန္းက အေဖ နဲ႕ ရန္ကုန္သြားတာ၊ အစ္ကို႕ကားနဲ႕ မႏၱေလးလိုက္သြားတဲ႕အခါတုိင္း
ခရီးပန္းရတာက ခပ္မ်ားမ်ား။ ဘယ္ေနရာကိုသြားခ်င္တယ္၊ ဘာကိုစားျပီး ဘယ္နားေတာ႕ေရာက္ေအာင္သြားလိုက္ခ်င္တယ္ဆုိတဲ႕
“ ဆႏၵ ” တစ္ခုမွ ထားခြင္႕မရွိခဲ႕ဘူး။
.
အေဖဆို ပူလြန္းတဲ႕ရန္ကုန္တိုက္ခန္းေတြၾကားထဲမွာ
သူ႕အသိမိတ္ေဆြေတြနဲ႕ တရုတ္လိုစကားေဖာင္ဖြဲ႕တာ တစ္နာရီ၊ ႏွစ္နာရီမဟုတ္ဘူး .. တစ္ခ်ိဳ႕ရက္ေတြဆို
ေန႕တစ္ဝက္ကုန္တယ္။ တစ္ခါတစ္ေလဆို ညေမွာင္မွျပန္ရတယ္။
.
အစ္ကိုနဲ႕ခရီးလိုက္သြားတဲ႕အခါ ကားေပၚပါလာသူထဲမွာ
ကြ်န္ေတာ္ကအငယ္ဆံုး..။ ဒတ္ဆန္း ၁၅ဝဝ ပစ္ကပ္ကားေနာက္ခန္းမွာ ေမ႕ေလာက္ေအာင္ ကားထုိင္ေစာင္႕ရတဲ႕အခါေတြ
ရွိခဲ႕တယ္။ အစ္ကိုတို႕တစ္ဖြဲ႕လံုး ထမင္းဆုိင္သြားတဲ႕အခါ တစ္ခါမွမစားဖူးတဲ႕ ၾကက္ေတာင္ပံခ်ိဳခ်ဥ္ေၾကာ္
တုိ႕၊ ဝက္သားေတာက္ေတာက္ေၾကာ္ တုိ႕၊ ေဒၚလွၾကည္ဟင္းတို႕စားရတဲ႕အခါ ကေလးသဘာဝ အင္မတန္ေပ်ာ္ရတယ္။
အခုလုိ တခုတ္တရျပန္ေရးျဖစ္ေနတာကိုပဲ ၾကည္႕ေလ..။
.
( ၂
)
.
ဆိုလိုတာက ကြ်န္ေတာ႕ကေလးဘဝမွာ မနက္ေစာ
အိမ္အလုပ္ကူ၊ ေက်ာင္းတက္၊ က်ဴရွင္သြား၊ အိမ္စာလုပ္ ဆုိတာေတြနဲ႕ ပတ္ခ်ာလည္ဝိုင္းေနခဲ႕တယ္။
ေႏြရာသီေက်ာင္းပိတ္လို႕ သူငယ္ခ်င္းနဲ႕လည္ရမယ္၊ ပတ္ရမယ္လို႕ေတာ႕မထင္နဲ႕ .. ဒီေန႕အတန္းတင္စာေမးပြဲေန႕
.. ေနာက္တစ္ေန႕ ခဏနား .. ေနာက္ရက္ေတြမွာ ေစ်းထဲကဆုိင္လိုက္ထြက္ .. ဒါပဲ။ ဒီလို သင္တန္းတက္ခဲ႕ရတာ
ဆယ္တန္းအထိပဲ။
.
ဒီလိုနဲ႕ ဆယ္တန္းျပီးလို႕ ကုိယ္႕ဟာကိုယ္
ရန္ကုန္တကၠသိုလ္မွာတက္ဖို႕သြားရေတာ႕ သူငယ္ခ်င္း ( ၂ ) ေယာက္နဲ႕ ကေမၻာဇ BM ကားၾကီးကုိ
နာရီ ( ၂ဝ ) ေလာက္စီးျပီး ရန္ကုန္ေမာင္ေထာ္ေလးလမ္း ဂိတ္ဆံုးအထိ စြန္႕စားျပီး သြားရတယ္။
အဲဒီအခါက်မွ ျမိဳ႕ျပဆုိတာကို နဖူးေတြ႕ ဒူးေတြ႕ ေရာက္ဖူးတာပါ။
.
.
အဲဒီမွာ ဘာျဖစ္လာသလဲဆုိေတာ႕ “ မျမင္ဖူး
မူး ျမစ္ထင္ ” ဆိုသလို ခံစားရသလို “ ေတာသားျမိဳ႕ေရာက္ ဖာလူဒါေသာက္ ” လုိ႕လည္း အေငါ႕ခံရတယ္။
ဘားလမ္းမွာ အဂၤလိပ္လက္ေရြးစင္သီခ်င္းေခြသြားဝယ္တဲ႕အခါ ေရာင္းတဲ႕သူ လူလည္ရန္ကုန္သား
က ေဗာက္ခ်ာမွာနာမယ္ဘယ္လုိေရးမလဲ? “ ေမာင္စိုင္း -- -- -- ” လို႕ အေမးခံရတယ္။
.
လူကိုၾကည္႕လုိက္တာနဲ႕ ျမိဳ႕ျပနဲ႕အေနနီးသူေတြက
ကြ်န္ေတာ႕ကို လူသားေတြနဲ႕အေရာဝင္လို႕မရတဲ႕၊ ဘာမွမသိ ဘာမွနားမလည္တဲ႕ ျမိဳ႕မွားျပီးေရာက္လာတဲ႕
ရွမ္းရိုးမပန္းကန္ျပားပ်ံေပၚကေန ေျခေခ်ာ္က်လာတဲ႕ ရွမ္းေဘာင္းဘီဝတ္ထားတဲ႕ျဂိဳဟ္သား လို႕
ထင္ၾကတယ္ေလ..။
.
( ၃
)
.
အခု ဒီဘက္အေမရိကားေရာက္ေတာ႕ ကြ်န္ေတာ္ငယ္ငယ္ကတက္ခ်င္တဲ႕
အလယ္တန္း၊ အထက္တန္းေက်ာင္းကို ကြ်န္ေတာ႕သား တက္ရတယ္။ ကြ်န္ေတာ္တကၠသိုလ္တုန္းက အရမ္းတက္ခ်င္တဲ႕
ေကာလိပ္ နဲ႕ အဆင္႕ျမင္႕တကၠသိုလ္ ကို ကြ်န္ေတာ႕သမီးတက္ခြင္႕ရတယ္။ ဒါေတြက ကြ်န္ေတာ္မစားလိုက္ရေပမယ္႕
ေတာ္ေတာ္အရသာရရွိလိုက္တဲ႕ ခံစားမႈတစ္မ်ိဳးဆိုတာ ခ်စ္စာဖတ္မိတ္ေဆြေတြကို ေျပာျပခ်င္မိတယ္။
.
ပင္လယ္ေအာ္ေဒသဘက္မွာေနတာ ႏွစ္အနည္းငယ္ရွိလာေတာ႕
ဘယ္ေနရာမွာ ဘာရွိတယ္၊ အဝယ္အျခမ္းကိုဘယ္လုိလုပ္ရတယ္ဆုိတာ နဲ႕ လူမႈဆက္ဆံေရးေတြဟာ ေနာက္ပိုင္းမွာ
အဆင္ေျပလာတယ္။ ဒါေပမယ္႕ ကြ်န္ေတာ္တို႕မိသားစုေနဖူးတာက ကယ္လီဖုိးနီးယား ဆန္ဖရန္စစၥကိုျမိဳ႕
ကေန နည္းပညာေတာင္ၾကား ဆီလီကြန္ေတာင္ၾကားအထိ သြားသာ လာသာ လက္လွမ္းမွီပါတယ္။
.
.
“ ေက်ာင္း ” ဆုိရင္ ဆန္ဖရန္စစၥကိုျမိဳ႕ေတာ္ေကာလိပ္
ရွိတယ္။ ဘားကေလျမိဳ႕မွာ နာမည္ၾကီးဘားကေလတကၠသိုလ္ ရွိတယ္။ နည္းပညာျမိဳ႕ဘက္မွာ ဆန္ဟုိေဆးတကၠသိုလ္
ရွိတယ္။ အဲဒီတစ္ဝုိက္ရဲ႕အသည္းႏွလံုးမွာေတာ႕ Apple ၊ Facebook ၊ Google တို႕နဲ႕အတူ ေက်ာင္းသားတုိင္းတက္ခ်င္တဲ႕
စတင္းဖို႕ဒ္တကၠသိုလ္ - Stanford University ရွိပါတယ္။
.
ေက်ာင္းေတြ၊ နည္းပညာကုမၸဏီေတြသိရံုနဲ႕
မျပီးေသးဘူး .. အေမရိကားရဲ႕အေရွ႕ဘက္ကမ္းေျခကိုက်ေတာ႕ ေရာက္လည္းမေရာက္ဖူးသလို ဘာမွလည္းမသိျပန္ဘူး။
တစ္နည္းအားျဖင္႕ေတာ႕ အေမရိကားမွာ ေတာသားထပ္ျဖစ္မွာ ေၾကာက္ေနမိတယ္။
.
( ၄
)
.
ျပီးခဲ႕တဲ႕ တစ္ႏွစ္ခြဲေလာက္က သမီးက အဲဒီဘက္မွာေက်ာင္းတက္မယ္ဆုိလို႕
ကြ်န္ေတာ္က လႊတ္လိုက္တယ္။ သူ႕ဟာသူ ေက်ာင္းရွာတယ္။ သူ႕ဟာသူ အေဆာင္ရွာတယ္။ သြားရတယ္
.. လာရတယ္ .. သူကြ်မ္းက်င္လာတယ္။ သူေက်ာင္းသြားတက္လိုက္ကတည္းက အေရွ႕တစ္ႏွစ္မွာတစ္ေခါက္သာ
မိသားစုလူစံု ျပန္ေတြ႕ရတယ္။ ဒါေၾကာင္႕ ကြ်န္ေတာ႕စိတ္မွာ ေဘာ္စတြန္ျမိဳ႕ နဲ႕ အနီးတစ္ဝုိက္ကို
ေလ႕လာလိုစိတ္ေတြ တဖြားဖြားေပၚလာတယ္။
.
တစ္ဆက္တည္းစဥ္းစားမိတာက သားက ဒီႏွစ္
( ၁၁ ) တန္းေျဖျပီးသြားျပီ .. ေနာက္ႏွစ္က်ရင္ တက္ရမယ္႕တကၠသုိလ္ကို မျဖစ္မေနေရြးရေတာ႕မယ္။
ဒီအခါမွာ ကယ္လီဖိုးနီးယားျပည္နယ္သားမို႕လုိ႕ ဒီဘက္က တကၠသိုလ္ေက်ာင္းတစ္ခုခုကိုပဲတက္မလား?
သူ႕အစ္မလို အေရွ႕ဘက္ျခမ္းကိုသြားတက္မလား? မမွန္းတတ္ေသးဘူး။ ေမးၾကည္႕ေတာ႕ သူကိုယ္တုိင္အပါအဝင္
သူ႕သူငယ္ခ်င္းေတြလည္း မေရြးရေသးတဲ႕သူေတြ ရွိေနၾကတယ္။
.
.
တစ္ကယ္လို႕ ဒီဘက္မွာဆို အေၾကာင္းမဟုတ္ဘူး
.. တစ္ျခားခပ္ေဝးေဝးျမိဳ႕မွာဆို အသက္ ( ၁၆ ) ႏွစ္ကေလးတစ္ေယာက္အတြက္ ဝန္ေတြ သိပ္ပုိေနမလား?
.. ကြ်န္ေတာ္ဆက္စဥ္းစားမိတယ္။ ျပီးေတာ႕ အေဖကုိယ္တိုင္ကလည္း အ,တတ နဲ႕မို႕ သူ႕အလွည္႕က်မွ
အခက္မေတြ႕ေစခ်င္ဘူး .. သူ႕ကုိသင္ေပးရမယ္။ ျမိဳ႕ၾကီးျပၾကီးကိုေရာက္မွ
သူ႕ကို ကြ်န္ေတာ႕လို အူတူတူမျဖစ္ေစလိုဘူး။
.
ဒီေတာ႕ ကြ်န္ေတာ္ဆံုးျဖတ္လိုက္တယ္ .. သမီးဆီကို ကြ်န္ေတာ္သြားလည္မယ္႕အစား
အေမရိကားအေရွ႕ဘက္ျခမ္း - East Coast ကို “ စြမ္း ” ကို တစ္ေယာက္တည္းလႊတ္လိုက္ေတာ႕မယ္။
.
( ၅
)
.
ကြ်န္ေတာ္ အြန္လုိင္းမွာ ေလယာဥ္ပ်ံလက္မွတ္
လိုက္ဝယ္တယ္။ အသြားအျပန္ နဲ႕ အသြားတစ္ေၾကာ / အျပန္တစ္ေၾကာ ဘယ္ဟာက ရက္ပိုေနရမယ္ဆုိတာကို
ေသေသခ်ာခ်ာတြက္ၾကည္႕တယ္။ သူ သူ႕အစ္မဆီေရာက္ျပီး ႏွစ္ရက္ေလာက္နား .. လည္စရာရွိ လည္
.. နာမည္ၾကီးေက်ာင္းေတြေလ႕လာျပီး “ တုိး - Tour ” ခရီးစဥ္တစ္ခု ကြ်န္ေတာ္ထပ္ဝယ္ေပးလိုက္တယ္။
.
ခရီးစဥ္အရ ေဘာ႕စတြန္ကေနထြက္တဲ႕ေန႕မွာ
ေဝါ႕ရွင္တန္ဒီစီ - Washington D.C ကိုသြားရာလမ္းတစ္ေလွ်ာက္မွာ ဘယ္တီမိုး၊ ဖိလက္ဒဲဖီးယား
တုိ႕ကေနတစ္ဆင္႕ နယူးဂ်ာစီကို လမ္းမွာျဖတ္မယ္။ အဲဒီမွာ U.S Capitol အေဆာက္အဦ တုိ႕၊
အိမ္ျဖဴေတာ္ တုိ႕၊ ေသာမတ္ဂ်က္ဖာဆန္ေအာက္ေမ႕ဘြယ္ တုိ႕ ေရာက္မယ္။ ညစာစားျပီး ခရီးစဥ္ကေပးတဲ႕
ဟိုတယ္မွာ ညအိပ္ျပီး မနက္ေစာေစာက်ရင္ ေနာက္တစ္ေက်ာ႕ျပန္ထြက္မယ္။
.
.
ေနာက္တစ္ရက္မနက္ ( ၇ ) နာရီေက်ာ္ မွာ
သေဘာၤၾကီးစီးျပီး ပင္တဂြန္စစ္႒ာနခ်ဳပ္ကိုလွမ္းျမင္ႏုိင္တဲ႕ေနရာကေန ျဖတ္မယ္။ ျငိမ္းခ်မ္းေရးေခါင္းေလာင္း
- Liberty Bell ေရာက္မယ္။ လြတ္လပ္ေရးခန္းမ - Independence Hall ေရာက္မယ္။ ေနာက္က်ေတာ႕
အမ်ိဳးသားေလေၾကာင္းႏွင္႕အာကာသျပတုိက္ - National Air and Space museum စတာေတြ ေရာက္မယ္။
.
တတိယရက္က်မွာ နယူးေယာက္ျမိဳ႕ကို စတင္ထြက္ခြာျပီ။
အဲဒီမွာနာမယ္ၾကီးတဲ႕ အင္ပါယာစတိတ္အေဆာက္အဦ၊ ကုလသမဂၢ၊ မဒမ္တူးေဆာ႕ဖေယာင္းျပတုိက္၊ တိုင္းရင္ျပင္
- Times Square နဲ႕ လစ္ဘာတီရုပ္တု ကူး သေဘာၤခရီးစဥ္ေတြ ပါဝင္ပါတယ္။ ဒါေတြက တိုးခရီးစဥ္ရဲ႕လမ္းေၾကာင္းအရ
ျပန္ေရးျပတာပါ။
.
( ၆
)
.
ဒီစီ - နယူးေယာက္ ( ၃ ) ရက္ခရီးစဥ္ျပီးလို႕
ေဘာ႕စတြန္ သမီးေနတဲ႕အေဆာင္ျပန္ေရာက္ျပီးရင္ မိဘအိမ္မျပန္ခင္ အခ်ိန္ ( ၃ ) ရက္ေလာက္အတြင္းမွာ
အေရွ႕ပိုင္းကလည္ျပီးခဲ႕တဲ႕ Northeastern University နဲ႕ ဟားဗတ္တကၠသိုလ္ - Harvard University
တုိ႕အျပင္ ေနာက္ထပ္မေရာက္ေသးတဲ႕ေနရာေတြကို သြားခုိင္းထားတယ္။ ကြ်န္ေတာ္ဒီလိုစီစဥ္ရတဲ႕ရည္ရြယ္ခ်က္က
ရိုးရုိးစင္းစင္းေလးပါပဲ။
.
၁.. အစ္မ နဲ႕ ခြဲခြါေနရတဲ႕ေမာင္ေလးတစ္ေယာက္အတြက္
ေမာင္ႏွမႏွစ္ေယာက္ ေႏြးေထြးမႈေမတၱာ နဲ႕ ခ်စ္ခ်င္ခင္ခင္ျပန္လည္ဆံုေတြ႕ႏုိင္ဖို႕
.
၂.. ေက်ာင္းကေန အိမ္၊ အိမ္ကေန ေက်ာင္း
.. လုပ္အားေပး .. အားကစားလုပ္ .. စာက်က္ .. ဘဝကေန အျပင္ေလာကၾကီးကုိ ရွာေဖြေတြ႕ရွိဖို႕
.
၃.. သူကုိယ္တုိင္ တစ္ေယာက္တည္းခရီးသြားဖူးျပီး
ၾကံဳေတြ႕ရမယ္႕အခက္အခဲအားလံုးကို ငယ္ရြယ္သူတစ္ေယာက္အေနနဲ႕ ေျဖရွင္းတတ္ဖို႕
.
၄.. လြတ္လပ္ေရးသမိုင္းဝင္ျမိဳ႕ တစ္ျဖစ္လဲ
ေက်ာင္းသား နဲ႕ တကၠသိုလ္ျမိဳ႕ေတာ္ ေဘာ႕စတြန္ျမိဳ႕ ရဲ႕ အထင္ကရေနရာမ်ား နဲ႕ အေကာင္းစားေက်ာင္းၾကီးေတြကို
ေလ႕လာခဲ႕ဖို႕
.
၅.. အေမရိကန္အစုိးရရံုးစိုက္ရာ နဲ႕ ဝန္ထမ္းယႏၱရားကုိ
ေဝါ႕ရွင္တန္ဒီစီျမိဳ႕တစ္ဝိုက္မွာ ေလ႕လာခဲ႕ဖို႕
.
၆.. ဖက္ရွင္ေလာက၊ နည္းပညာေလာကထိပ္သီး၊
တစ္ေရးမွမအိပ္တဲ႕ ကမၻာ႕ထိပ္တန္း နယူးေယာက္ျမိဳ႕မွာ ဘာအရာေတြ ဘယ္လုိရွိတယ္ဆုိတာကို မ်က္စိတစ္ဆံုး
ၾကည္႕ခဲ႕ဖို႕ … စသျဖင္႕ မွာလိုက္ပါတယ္။
.
( ၇
)
.
ဒါေၾကာင္႕ “ စြမ္း ” အခု တစ္ေယာက္တည္း
ေလယာဥ္စီးဖူးျပီ။ ေလဆိပ္မွာ ကိုယ္တိုင္ Check In ဝင္ဖူးျပီ။ လံုျခံဳေရးစစ္တဲ႕ေနရာမွာ
လြယ္အိပ္ထဲကေရဗူးထဲ မသိပဲေရထည္႕သြားမိလို႕ ျပန္လွည္႕လာရျပီး ေရျပန္သြန္ရ .. အစကေန ျပန္တန္းစီရတာကို
သူသိျပီ။ ဒါေတြကို ကြ်န္ေတာ္လိုခ်င္တာ..။ သူ႕ကို ကြ်န္ေတာ္ ဒါေတြ သင္ေပးခ်င္တာ..။
.
သမီး ဆိုရင္လည္း ေက်ာင္းပိတ္လို႕ နားေနရတုန္း
သူ႕ေမာင္ေလး လာလည္လို႕ ေပ်ာ္ေနလိုက္တာ..။ ကိုယ္တုိင္ ထမင္း ဟင္း ခ်က္ေကြ်း၊ ကိုယ္တိုင္
ေစ်းဝယ္ေပး၊ ေက်ာင္းေတြ လုိက္ပို႕ေပး၊ အဝတ္ ေလွ်ာ္ေပး၊ ေဘာ႕စတြန္တရုတ္တန္း လိုက္ပို႕ေပး၊
ကိုးရီးယားစားေသာက္ဆုိင္ လုိက္ေကြ်း .. နဲ႕
သူတို႕ေမာင္ႏွမႏွစ္ေယာက္ခ်စ္ခင္ၾကည္သာေနၾကတာကိုၾကည္႕ျပီး မိဘေတြအေနနဲ႕ မ်က္ရည္ေတာင္ဝဲမိတယ္။
.
.
သူတုိ႕ႏွစ္ေယာက္က ေရွ႕တန္းမွာ ဘဝအတြက္
ခရီးသြား .. မိဘႏွစ္ပါးက ေနာက္တန္းမွာ ဝမ္းစာအတြက္ အလုပ္သြား .. သူတုိ႕ကုိ အားလပ္ခ်ိန္
Break Time ေတြမွာ လက္ကိုင္ဖုန္း နဲ႕ စာေတြရုိက္ .. Facebook Messenger က Group
Chat ထဲမွာ သူတို႕ပို႕လာတဲ႕ဓါတ္ပံုေတြကို လည္ပင္းရွည္ျပီးေမွ်ာ္ .. ဘယ္ေလာက္သာယာလွတဲ႕ေလာကၾကီးပါလဲ?
.
ကြ်န္ေတာ္ အ, သလို ကြ်န္ေတာ႕သမီး မအ,
ေစရဘူး။ ေတာသားလို႕အေျပာခံခဲ႕ရတဲ႕ကြ်န္ေတာ႕လုိ ကြ်န္ေတာ႕သား အေျပာမခံေစရဘူး။ သူတို႕ေရာက္တဲ႕ေနရာတုိင္း၊
ေနတဲ႕ျမိဳ႕တုိင္း၊ တက္တဲ႕ေက်ာင္းတုိင္း အကြ်မ္းဝင္ေနေစရမယ္။
.
.
“ ေရအိုင္ထဲကဖားသူငယ္ေလး ” လို သူတို႕က်င္လည္ရာေလာကကို
မိုးကုတ္စက္ဝုိင္းၾကီးတစ္မွ် ထင္ေနသူေတြလို အေတြးမတိမ္ေစရဘူး။
.
ဒါေၾကာင္႕ ခရီးထြက္ျပီး သူတုိ႕ကို ေျခေထာက္နဲ႕စာဖတ္ခုိင္းလိုက္တယ္။
.
.
အခု ခရီးထြက္တယ္ဆုိတာ သူတုိ႕ဘဝရဲ႕ ပိုးသားနဲ႕ေရးထားတဲ႕
လူ႕ေလာက ႏွလံုးသားဖတ္စာကုိ တစ္ရြက္ခ်င္းလွန္ေလာဖတ္ရႈေနတာနဲ႕ အတူတူပါပဲ။
.
သူတို႕ေလးေတြ ပညာတတ္ဖို႕၊ အသိပညာၾကြယ္ဖို႕၊
ေလာကအေၾကာင္းသိဖို႕ အခုအခ်ိန္မွာ ကြ်န္ေတာ္ဘာလုပ္ရ လုပ္ရ တန္ပါတယ္..။
.
ခင္လ်က္
.
06-17-2016
.
.
.
Myanmar Unicode Version:
.
.
“ ဒေသန္တရခရီးသွားပြီး ခြေထောက်နဲ့စာဖတ်နေတဲ့မောင်နှမနှစ်ယောက် ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
( ၁ )
.
ကျွန်တော်ကျောင်းသားအရွယ်က ထိပ်ဆုံးခရီးသွားဖူးတာကို
သတိရမိတယ်။ တော်တော်လေးငယ်တုန်းက အဖေ နဲ့ ရန်ကုန်သွားတာ၊ အစ်ကို့ကားနဲ့ မန္တလေးလိုက်သွားတဲ့အခါတိုင်း
ခရီးပန်းရတာက ခပ်များများ။ ဘယ်နေရာကိုသွားချင်တယ်၊ ဘာကိုစားပြီး ဘယ်နားတော့ရောက်အောင်သွားလိုက်ချင်တယ်ဆိုတဲ့
“ ဆန္ဒ ” တစ်ခုမှ ထားခွင့်မရှိခဲ့ဘူး။
.
အဖေဆို ပူလွန်းတဲ့ရန်ကုန်တိုက်ခန်းတွေကြားထဲမှာ သူ့အသိမိတ်ဆွေတွေနဲ့ တရုတ်လိုစကားဖောင်ဖွဲ့တာ
တစ်နာရီ၊ နှစ်နာရီမဟုတ်ဘူး
.. တစ်ချို့ရက်တွေဆို နေ့တစ်ဝက်ကုန်တယ်။ တစ်ခါတစ်လေဆို ညမှောင်မှပြန်ရတယ်။
.
အစ်ကိုနဲ့ခရီးလိုက်သွားတဲ့အခါ ကားပေါ်ပါလာသူထဲမှာ ကျွန်တော်ကအငယ်ဆုံး..။ ဒတ်ဆန်း
၁၅ဝဝ ပစ်ကပ်ကားနောက်ခန်းမှာ
မေ့လောက်အောင် ကားထိုင်စောင့်ရတဲ့အခါတွေ ရှိခဲ့တယ်။
အစ်ကိုတို့တစ်ဖွဲ့လုံး ထမင်းဆိုင်သွားတဲ့အခါ တစ်ခါမှမစားဖူးတဲ့ ကြက်တောင်ပံချိုချဉ်ကြော် တို့၊ ဝက်သားတောက်တောက်ကြော်
တို့၊ ဒေါ်လှကြည်ဟင်းတို့စားရတဲ့အခါ
ကလေးသဘာဝ အင်မတန်ပျော်ရတယ်။ အခုလို တခုတ်တရပြန်ရေးဖြစ်နေတာကိုပဲ ကြည့်လေ..။
.
( ၂ )
.
ဆိုလိုတာက ကျွန်တော့ကလေးဘဝမှာ မနက်စော အိမ်အလုပ်ကူ၊ ကျောင်းတက်၊
ကျူရှင်သွား၊ အိမ်စာလုပ် ဆိုတာတွေနဲ့
ပတ်ချာလည်ဝိုင်းနေခဲ့တယ်။ နွေရာသီကျောင်းပိတ်လို့ သူငယ်ချင်းနဲ့လည်ရမယ်၊ ပတ်ရမယ်လို့တော့မထင်နဲ့
.. ဒီနေ့အတန်းတင်စာမေးပွဲနေ့ .. နောက်တစ်နေ့ ခဏနား .. နောက်ရက်တွေမှာ ဈေးထဲကဆိုင်လိုက်ထွက် .. ဒါပဲ။
ဒီလို သင်တန်းတက်ခဲ့ရတာ ဆယ်တန်းအထိပဲ။
.
ဒီလိုနဲ့ ဆယ်တန်းပြီးလို့ ကိုယ့်ဟာကိုယ်
ရန်ကုန်တက္ကသိုလ်မှာတက်ဖို့သွားရတော့
သူငယ်ချင်း ( ၂ ) ယောက်နဲ့ ကမ္ဘောဇ BM ကားကြီးကို နာရီ ( ၂ဝ ) လောက်စီးပြီး ရန်ကုန်မောင်ထော်လေးလမ်း
ဂိတ်ဆုံးအထိ စွန့်စားပြီး သွားရတယ်။ အဲဒီအခါကျမှ မြို့ပြဆိုတာကို နဖူးတွေ့ ဒူးတွေ့ ရောက်ဖူးတာပါ။
.
.
အဲဒီမှာ ဘာဖြစ်လာသလဲဆိုတော့ “ မမြင်ဖူး မူး မြစ်ထင် ” ဆိုသလို ခံစားရသလို
“ တောသားမြို့ရောက် ဖာလူဒါသောက် ” လို့လည်း အငေါ့ခံရတယ်။ ဘားလမ်းမှာ အင်္ဂလိပ်လက်ရွေးစင်သီချင်းခွေသွားဝယ်တဲ့အခါ
ရောင်းတဲ့သူ လူလည်ရန်ကုန်သား က ဗောက်ချာမှာနာမယ်ဘယ်လိုရေးမလဲ?
“ မောင်စိုင်း -- -- -- ” လို့ အမေးခံရတယ်။
.
လူကိုကြည့်လိုက်တာနဲ့ မြို့ပြနဲ့အနေနီးသူတွေက
ကျွန်တော့ကို လူသားတွေနဲ့အရောဝင်လို့မရတဲ့၊ ဘာမှမသိ ဘာမှနားမလည်တဲ့
မြို့မှားပြီးရောက်လာတဲ့ ရှမ်းရိုးမပန်းကန်ပြားပျံပေါ်ကနေ ခြေချော်ကျလာတဲ့
ရှမ်းဘောင်းဘီဝတ်ထားတဲ့ဂြိုဟ်သား
လို့ ထင်ကြတယ်လေ..။
.
( ၃ )
.
အခု ဒီဘက်အမေရိကားရောက်တော့ ကျွန်တော်ငယ်ငယ်ကတက်ချင်တဲ့
အလယ်တန်း၊ အထက်တန်းကျောင်းကို ကျွန်တော့သား တက်ရတယ်။ ကျွန်တော်တက္ကသိုလ်တုန်းက အရမ်းတက်ချင်တဲ့
ကောလိပ် နဲ့ အဆင့်မြင့်တက္ကသိုလ် ကို ကျွန်တော့သမီးတက်ခွင့်ရတယ်။ ဒါတွေက ကျွန်တော်မစားလိုက်ရပေမယ့်
တော်တော်အရသာရရှိလိုက်တဲ့ ခံစားမှုတစ်မျိုးဆိုတာ ချစ်စာဖတ်မိတ်ဆွေတွေကို
ပြောပြချင်မိတယ်။
.
ပင်လယ်အော်ဒေသဘက်မှာနေတာ နှစ်အနည်းငယ်ရှိလာတော့ ဘယ်နေရာမှာ ဘာရှိတယ်၊
အဝယ်အခြမ်းကိုဘယ်လိုလုပ်ရတယ်ဆိုတာ နဲ့ လူမှုဆက်ဆံရေးတွေဟာ
နောက်ပိုင်းမှာ အဆင်ပြေလာတယ်။
ဒါပေမယ့် ကျွန်တော်တို့မိသားစုနေဖူးတာက ကယ်လီဖိုးနီးယား ဆန်ဖရန်စစ္စကိုမြို့ ကနေ နည်းပညာတောင်ကြား
ဆီလီကွန်တောင်ကြားအထိ သွားသာ လာသာ လက်လှမ်းမှီပါတယ်။
.
.
“ ကျောင်း
” ဆိုရင် ဆန်ဖရန်စစ္စကိုမြို့တော်ကောလိပ် ရှိတယ်။ ဘားကလေမြို့မှာ
နာမည်ကြီးဘားကလေတက္ကသိုလ် ရှိတယ်။
နည်းပညာမြို့ဘက်မှာ ဆန်ဟိုဆေးတက္ကသိုလ်
ရှိတယ်။ အဲဒီတစ်ဝိုက်ရဲ့အသည်းနှလုံးမှာတော့ Apple ၊ Facebook ၊
Google တို့နဲ့အတူ ကျောင်းသားတိုင်းတက်ချင်တဲ့ စတင်းဖို့ဒ်တက္ကသိုလ် - Stanford
University ရှိပါတယ်။
.
ကျောင်းတွေ၊ နည်းပညာကုမ္ပဏီတွေသိရုံနဲ့
မပြီးသေးဘူး .. အမေရိကားရဲ့အရှေ့ဘက်ကမ်းခြေကိုကျတော့
ရောက်လည်းမရောက်ဖူးသလို ဘာမှလည်းမသိပြန်ဘူး။
တစ်နည်းအားဖြင့်တော့ အမေရိကားမှာ
တောသားထပ်ဖြစ်မှာ ကြောက်နေမိတယ်။
.
( ၄ )
.
ပြီးခဲ့တဲ့ တစ်နှစ်ခွဲလောက်က သမီးက အဲဒီဘက်မှာကျောင်းတက်မယ်ဆိုလို့ ကျွန်တော်က
လွှတ်လိုက်တယ်။ သူ့ဟာသူ ကျောင်းရှာတယ်။ သူ့ဟာသူ အဆောင်ရှာတယ်။ သွားရတယ် .. လာရတယ် .. သူကျွမ်းကျင်လာတယ်။
သူကျောင်းသွားတက်လိုက်ကတည်းက အရှေ့တစ်နှစ်မှာတစ်ခေါက်သာ
မိသားစုလူစုံ ပြန်တွေ့ရတယ်။ ဒါကြောင့် ကျွန်တော့စိတ်မှာ ဘော်စတွန်မြို့ နဲ့ အနီးတစ်ဝိုက်ကို လေ့လာလိုစိတ်တွေ တဖွားဖွားပေါ်လာတယ်။
.
တစ်ဆက်တည်းစဉ်းစားမိတာက သားက ဒီနှစ် ( ၁၁ ) တန်းဖြေပြီးသွားပြီ ..
နောက်နှစ်ကျရင် တက်ရမယ့်တက္ကသိုလ်ကို
မဖြစ်မနေရွေးရတော့မယ်။ ဒီအခါမှာ
ကယ်လီဖိုးနီးယားပြည်နယ်သားမို့လို့ ဒီဘက်က တက္ကသိုလ်ကျောင်းတစ်ခုခုကိုပဲတက်မလား? သူ့အစ်မလို
အရှေ့ဘက်ခြမ်းကိုသွားတက်မလား?
မမှန်းတတ်သေးဘူး။ မေးကြည့်တော့
သူကိုယ်တိုင်အပါအဝင် သူ့သူငယ်ချင်းတွေလည်း မရွေးရသေးတဲ့သူတွေ ရှိနေကြတယ်။
.
.
တစ်ကယ်လို့ ဒီဘက်မှာဆို အကြောင်းမဟုတ်ဘူး .. တစ်ခြားခပ်ဝေးဝေးမြို့မှာဆို အသက် ( ၁၆ ) နှစ်ကလေးတစ်ယောက်အတွက် ဝန်တွေ သိပ်ပိုနေမလား?
.. ကျွန်တော်ဆက်စဉ်းစားမိတယ်။ ပြီးတော့ အဖေကိုယ်တိုင်ကလည်း အ,တတ နဲ့မို့ သူ့အလှည့်ကျမှ အခက်မတွေ့စေချင်ဘူး .. သူ့ကိုသင်ပေးရမယ်။ မြို့ကြီးပြကြီးကိုရောက်မှ သူ့ကို ကျွန်တော့လို အူတူတူမဖြစ်စေလိုဘူး။
.
ဒီတော့ ကျွန်တော်ဆုံးဖြတ်လိုက်တယ် .. သမီးဆီကို ကျွန်တော်သွားလည်မယ့်အစား
အမေရိကားအရှေ့ဘက်ခြမ်း -
East Coast ကို “ စွမ်း ” ကို တစ်ယောက်တည်းလွှတ်လိုက်တော့မယ်။
.
( ၅ )
.
ကျွန်တော် အွန်လိုင်းမှာ လေယာဉ်ပျံလက်မှတ် လိုက်ဝယ်တယ်။ အသွားအပြန် နဲ့ အသွားတစ်ကြော
/ အပြန်တစ်ကြော ဘယ်ဟာက ရက်ပိုနေရမယ်ဆိုတာကို သေသေချာချာတွက်ကြည့်တယ်။ သူ သူ့အစ်မဆီရောက်ပြီး
နှစ်ရက်လောက်နား .. လည်စရာရှိ လည် .. နာမည်ကြီးကျောင်းတွေလေ့လာပြီး
“ တိုး - Tour ” ခရီးစဉ်တစ်ခု ကျွန်တော်ထပ်ဝယ်ပေးလိုက်တယ်။
.
ခရီးစဉ်အရ ဘော့စတွန်ကနေထွက်တဲ့နေ့မှာ ဝေါ့ရှင်တန်ဒီစီ - Washington D.C ကိုသွားရာလမ်းတစ်လျှောက်မှာ ဘယ်တီမိုး၊ ဖိလက်ဒဲဖီးယား
တို့ကနေတစ်ဆင့် နယူးဂျာစီကို လမ်းမှာဖြတ်မယ်။
အဲဒီမှာ U.S Capitol အဆောက်အဦ
တို့၊ အိမ်ဖြူတော် တို့၊ သောမတ်ဂျက်ဖာဆန်အောက်မေ့ဘွယ် တို့ ရောက်မယ်။ ညစာစားပြီး ခရီးစဉ်ကပေးတဲ့
ဟိုတယ်မှာ ညအိပ်ပြီး မနက်စောစောကျရင်
နောက်တစ်ကျော့ပြန်ထွက်မယ်။
.
.
နောက်တစ်ရက်မနက် ( ၇ ) နာရီကျော် မှာ သဘောၤကြီးစီးပြီး ပင်တဂွန်စစ်ဋ္ဌာနချုပ်ကိုလှမ်းမြင်နိုင်တဲ့နေရာကနေ ဖြတ်မယ်။
ငြိမ်းချမ်းရေးခေါင်းလောင်း - Liberty Bell ရောက်မယ်။ လွတ်လပ်ရေးခန်းမ -
Independence Hall ရောက်မယ်။ နောက်ကျတော့ အမျိုးသားလေကြောင်းနှင့်အာကာသပြတိုက် - National Air
and Space museum စတာတွေ ရောက်မယ်။
.
တတိယရက်ကျမှာ နယူးယောက်မြို့ကို စတင်ထွက်ခွာပြီ။ အဲဒီမှာနာမယ်ကြီးတဲ့ အင်ပါယာစတိတ်အဆောက်အဦ၊
ကုလသမဂ္ဂ၊ မဒမ်တူးဆော့ဖယောင်းပြတိုက်၊ တိုင်းရင်ပြင် - Times Square နဲ့ လစ်ဘာတီရုပ်တု
ကူး သဘောၤခရီးစဉ်တွေ ပါဝင်ပါတယ်။ ဒါတွေက တိုးခရီးစဉ်ရဲ့လမ်းကြောင်းအရ ပြန်ရေးပြတာပါ။
.
( ၆ )
.
ဒီစီ - နယူးယောက် ( ၃ ) ရက်ခရီးစဉ်ပြီးလို့
ဘော့စတွန် သမီးနေတဲ့အဆောင်ပြန်ရောက်ပြီးရင် မိဘအိမ်မပြန်ခင် အချိန် ( ၃ ) ရက်လောက်အတွင်းမှာ အရှေ့ပိုင်းကလည်ပြီးခဲ့တဲ့ Northeastern University နဲ့ ဟားဗတ်တက္ကသိုလ်
- Harvard University တို့အပြင် နောက်ထပ်မရောက်သေးတဲ့နေရာတွေကို သွားခိုင်းထားတယ်။
ကျွန်တော်ဒီလိုစီစဉ်ရတဲ့ရည်ရွယ်ချက်က ရိုးရိုးစင်းစင်းလေးပါပဲ။
.
၁.. အစ်မ နဲ့ ခွဲခွါနေရတဲ့မောင်လေးတစ်ယောက်အတွက်
မောင်နှမနှစ်ယောက် နွေးထွေးမှုမေတ္တာ နဲ့ ချစ်ချင်ခင်ခင်ပြန်လည်ဆုံတွေ့နိုင်ဖို့
.
၂.. ကျောင်းကနေ အိမ်၊ အိမ်ကနေ ကျောင်း
.. လုပ်အားပေး .. အားကစားလုပ် .. စာကျက် .. ဘဝကနေ အပြင်လောကကြီးကို ရှာဖွေတွေ့ရှိဖို့
.
၃.. သူကိုယ်တိုင် တစ်ယောက်တည်းခရီးသွားဖူးပြီး
ကြုံတွေ့ရမယ့်အခက်အခဲအားလုံးကို ငယ်ရွယ်သူတစ်ယောက်အနေနဲ့ ဖြေရှင်းတတ်ဖို့
.
၄.. လွတ်လပ်ရေးသမိုင်းဝင်မြို့ တစ်ဖြစ်လဲ
ကျောင်းသား နဲ့ တက္ကသိုလ်မြို့တော် ဘော့စတွန်မြို့ ရဲ့ အထင်ကရနေရာများ နဲ့ အကောင်းစားကျောင်းကြီးတွေကို
လေ့လာခဲ့ဖို့
.
၅.. အမေရိကန်အစိုးရရုံးစိုက်ရာ နဲ့ ဝန်ထမ်းယန္တရားကို
ဝေါ့ရှင်တန်ဒီစီမြို့တစ်ဝိုက်မှာ
လေ့လာခဲ့ဖို့
.
၆.. ဖက်ရှင်လောက၊ နည်းပညာလောကထိပ်သီး၊ တစ်ရေးမှမအိပ်တဲ့ ကမ္ဘာ့ထိပ်တန်း နယူးယောက်မြို့မှာ ဘာအရာတွေ ဘယ်လိုရှိတယ်ဆိုတာကို မျက်စိတစ်ဆုံး ကြည့်ခဲ့ဖို့
… စသဖြင့် မှာလိုက်ပါတယ်။
.
( ၇ )
.
ဒါကြောင့် “ စွမ်း ” အခု တစ်ယောက်တည်း
လေယာဉ်စီးဖူးပြီ။ လေဆိပ်မှာ
ကိုယ်တိုင် Check In ဝင်ဖူးပြီ။ လုံခြုံရေးစစ်တဲ့နေရာမှာ လွယ်အိပ်ထဲကရေဗူးထဲ မသိပဲရေထည့်သွားမိလို့ ပြန်လှည့်လာရပြီး ရေပြန်သွန်ရ .. အစကနေ
ပြန်တန်းစီရတာကို သူသိပြီ။ ဒါတွေကို ကျွန်တော်လိုချင်တာ..။ သူ့ကို ကျွန်တော် ဒါတွေ
သင်ပေးချင်တာ..။
.
သမီး ဆိုရင်လည်း ကျောင်းပိတ်လို့ နားနေရတုန်း
သူ့မောင်လေး လာလည်လို့ ပျော်နေလိုက်တာ..။ ကိုယ်တိုင် ထမင်း ဟင္း ချက်ကျွေး၊ ကိုယ်တိုင်
ဈေးဝယ်ပေး၊ ကျောင်းတွေ လိုက်ပို့ပေး၊ အဝတ် လျှော်ပေး၊ ဘော့စတွန်တရုတ်တန်း လိုက်ပို့ပေး၊ ကိုးရီးယားစားသောက်ဆိုင်
လိုက်ကျွေး .. နဲ့ သူတို့မောင်နှမနှစ်ယောက်ချစ်ခင်ကြည်သာနေကြတာကိုကြည့်ပြီး
မိဘတွေအနေနဲ့ မျက်ရည်တောင်ဝဲမိတယ်။
.
.
သူတို့နှစ်ယောက်က ရှေ့တန်းမှာ
ဘဝအတြက္ ခရီးသွား .. မိဘနှစ်ပါးက
နောက်တန်းမှာ ဝမ္းစာအတြက္ အလုပ်သွား
.. သူတို့ကို အားလပ်ချိန် Break Time တွေမှာ
လက်ကိုင်ဖုန်း နဲ့ စာတွေရိုက် .. Facebook Messenger က Group Chat ထဲမှာ သူတို့ပို့လာတဲ့ဓါတ်ပုံတွေကို လည်ပင်းရှည်ပြီးမျှော် .. ဘယ်လောက်သာယာလှတဲ့လောကကြီးပါလဲ?
.
ကျွန်တော် အ, သလို ကျွန်တော့သမီး မအ,
စေရဘူး။ တောသားလို့အပြောခံခဲ့ရတဲ့ကျွန်တော့လို ကျွန်တော့သား အပြောမခံစေရဘူး။ သူတို့ရောက်တဲ့နေရာတိုင်း၊
နေတဲ့မြို့တိုင်း၊ တက်တဲ့ကျောင်းတိုင်း အကျွမ်းဝင်နေစေရမယ်။
.
.
“ ရေအိုင်ထဲကဖားသူငယ်လေး
” လို သူတို့ကျင်လည်ရာလောကကို မိုးကုတ်စက်ဝိုင်းကြီးတစ်မျှ ထင်နေသူတွေလို အတွေးမတိမ်စေရဘူး။
.
ဒါကြောင့် ခရီးထွက်ပြီး သူတို့ကို ခြေထောက်နဲ့စာဖတ်ခိုင်းလိုက်တယ်။
.
.
အခု ခရီးထွက်တယ်ဆိုတာ သူတို့ဘဝရဲ့ ပိုးသားနဲ့ရေးထားတဲ့
လူ့လောက နှလုံးသားဖတ်စာကို တစ်ရွက်ချင်းလှန်လောဖတ်ရှုနေတာနဲ့ အတူတူပါပဲ။
.
သူတို့လေးတွေ ပညာတတ်ဖို့၊ အသိပညာကြွယ်ဖို့၊
လောကအကြောင်းသိဖို့ အခုအချိန်မှာ
ကျွန်တော်ဘာလုပ်ရ လုပ်ရ တန်ပါတယ်..။
.
ခင်လျက်
.
06-17-2016
No comments:
Post a Comment