ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, July 24, 2018

ေက်းဇူးရွိေသာေမြးရပ္ေျမကသင္ေပးေသာပညာမ်ား

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)

.
. ကြ်န္ေတာ္ ျမန္မာႏိုင္ငံမွာၾကီးခဲ႕တယ္။ ဒီေျမမွာေသာက္လို႕ ဒီေျမမွာေပါက္ခဲ႕တဲ႕ပင္စည္အတုိင္း ဘဝခရီးကို ေလွ်ာက္ခဲ႕ပါတယ္။ ေက်ာင္းတက္တယ္၊ စီးပြားေရးလုပ္တယ္၊ အိမ္ေထာင္ျပဳတယ္၊ အလွဴဒါနလုပ္တယ္၊ သာသနာျပဳတယ္၊ မိသားစုေကာင္းဖို႕ အမ်ားၾကီးလုပ္ခဲ႕တယ္။ ထိုနည္းတူစြာ အေဆာင္ေနဖူးေတာ႕ မဟုတ္တာေတြတတ္ခဲ႕တယ္၊ ဘူဇြာလို စီးပြားရွာတတ္တယ္၊ သူမ်ားနဲ႕တိုက္ခုိက္ျပီး ေစ်းအျပိဳင္အဆိုင္ေရာင္းတတ္တယ္ဆိုတဲ႕ မရုိးႏုိင္တဲ႕အတတ္ေတြလည္း တတ္ခဲ႕ဖူးတာ ဝန္ခံပါတယ္။
.
. ဘဝေပးအေျခအေနအရ ေနရာသစ္ကိုေျခဆန္႕ရတဲ႕အခါ ျမန္မာႏုိင္ငံကမသင္ေပးႏိုင္ခဲ႕တဲ႕ ဘဝသင္ခန္းစာေတြ သင္ယူရျပန္တယ္။ ဒီေနရာမွာအေသးစိတ္မေရးလိုေပမယ္႕ ခ်ံဳ႕ေျပာရရင္ တန္ဖိုးရွိတဲ႕သင္တန္းပို႕ခ်ခ်က္ - Proficiency Training လို႕ဆိုရမလား . .
.
"လူကိုလူခ်င္း တန္ဖိုးထားတတ္ျခင္း"
.
"ေက်းဇူးျပဳသူကို ေက်းဇူးတင္တတ္ျခင္း" နဲ႕
.
"အမ်ားအက်ိဳးေဆာင္ရြက္တတ္ျခင္း" တုိ႕ က ကြ်န္ေတာ္႕အေတြးအျမင္ေတြကို ပြင္႕လင္းသြားေစပါတယ္။
.
.
. အခုလို ေမြးရပ္ေျမကို အပန္းေျဖခရီးျပန္လာေတာ႕ တစ္ခ်ိဳ႕စာဖတ္ပရိသတ္ေတြက ခရီးသြားေဆာင္းပါးေတြေရးေလမလား လို႕ ေမွ်ာ္လင္႕ၾကတယ္။ စာေရးမမ်ားေပမယ္႕ တတ္သိနားလည္ပညာရွိသူေတြထံက ေျပာစကားေတြကို ျပန္နားေထာင္ႏုိင္တဲ႕အင္တာဗ်ဴးေတြအတြက္အခ်ိန္ေပးရလုိ႕ သူတုိ႕လည္း ေက်နပ္ၾကပါတယ္။
.
. ေနာက္ျပီး ေက်ာင္းသားေတြနဲ႕ စကားေျပာထားတဲ႕ ကြ်န္ေတာ္တုိ႕သားအဖ ရဲ႕ ဗီဒီယိုဖုိင္ေတြ အမည္မသိလူတစ္စုရဲ႕အဖ်က္အသိမ္းခံလုိက္ရသည္႕တုိင္ ကူညီရွာေဖြျပီး ျပန္မွ်ေဝေပးၾကတာ ျမန္မာေတြရဲ႕ခ်စ္စရာေကာင္းတဲ႕ အြန္လိုင္းေလးစားမႈလို႕ ေက်းဇူးတင္ရင္း မွတ္တမ္းတင္ခ်င္ပါတယ္။
.
. ဒီတစ္ေခါက္ ကြ်န္ေတာ႕ကိုႏႈတ္ဆက္ေနတာက ေျပာင္းလဲလာတဲ႕က႑အသီးသီးက မားကက္တင္းဗ်ဴဟာအဆင္႕ဆင္႕ နဲ႕ ေစ်းသံုးမလြယ္တဲ႕ ေရွးထံုးေတြလို႕ ဆိုရမယ္ထင္ပါတယ္။ အရင္ကမလုပ္တတ္ခဲ႕ေပမယ္႕ ကြ်န္ေတာ္ဟာ အခုဆိုရင္ . .
.
"ကားေတြအျမန္ေမာင္းေနတဲ႕လမ္းကို
အသက္လုျပီး ျဖတ္ကူးတတ္ပါျပီ"
.
"ထမင္းဆိုင္ကေပးတဲ႕ ဟင္းေအးေအးကုိ
ျပန္မွေအးေပမယ္႕ မတန္တဆေပး ဝယ္တတ္ေနျပီ"
.
"ထည္႕ေပးတဲ႕အစားေသာက္နည္းပါးသေလာက္
မတန္တဲ႕ေစ်းကုိ လမ္းေဘးမွာထိုင္စားတတ္ေနျပီ"
.
"ဆပ္ျပာသည္ - င္ေပ်ာက္သလို ဖုန္းကုမၸဏီ (၄) ခုၾကား
မရပ္မနား ဗ်ာမ်ားတတ္ေနပါျပီ"
.
"ကားလမ္းမထက္မွာ ထမင္းတစ္အိုးက်က္ေလာက္ေအာင္
ၾကားက်ပ္ပိတ္ေနေပမယ္႕မိမိရဲ႕ဘဝအခ်ိန္ေတြကို
Facebook ေပၚမွာ အသက္မွ်ဥ္းမွ်ဥ္းကုန္ဆံုးတတ္ေနျပီ"
.
.
. မင္းညီမင္းသားေတြေတာင္ ေက်ာင္းျပီးသြားေပမယ္႕ တတ္ရမယ္႕အတတ္ပညာမကုန္ႏုိင္သလို ေစတနာထားတဲ႕ ဒိသာပါေမာကၡ ကဲ႕သုိ႕ေစတနာရွိတဲ႕ ျမန္မာျပည္သားမ်ားက ကြ်န္ေတာ႕ကို သင္တန္းေပးေနသမွ်ကာလပတ္လံုး ျမန္ျပည္ၾကီးတစ္ေခါက္ ရြာရုိးကုိးပတ္ေလွ်ာက္ရင္း နာယူေနပါမယ္႕အေၾကာင္း . .။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. ရန္ကုန္တြင္ေရးသည္
. 07-24-2018
.
.
Unicode Version:
.
.
. "ကျေးဇူးရှိသောမွေးရပ်မြေကသင်ပေးသောပညာများ"
. ကျွန်တော် မြန်မာနိုင်ငံမှာကြီးခဲ့တယ်။ ဒီမြေမှာသောက်လို့ ဒီမြေမှာပေါက်ခဲ့တဲ့ပင်စည်အတိုင်း ဘဝခရီးကို လျှောက်ခဲ့ပါတယ်။ ကျောင်းတက်တယ်၊ စီးပွားရေးလုပ်တယ်၊ အိမ်ထောင်ပြုတယ်၊ အလှူဒါနလုပ်တယ်၊ သာသနာပြုတယ်၊ မိသားစုကောင်းဖို့ အများကြီးလုပ်ခဲ့တယ်။ ထိုနည်းတူစွာ အဆောင်နေဖူးတော့ မဟုတ်တာတွေတတ်ခဲ့တယ်၊ ဘူဇွာလို စီးပွားရှာတတ်တယ်၊ သူများနဲ့တိုက်ခိုက်ပြီး စျေးအပြိုင်အဆိုင်ရောင်းတတ်တယ်ဆိုတဲ့ မရိုးနိုင်တဲ့အတတ်တွေလည်း တတ်ခဲ့ဖူးတာ ဝန်ခံပါတယ်။
.
. ဘဝပေးအခြေအနေအရ နေရာသစ်ကိုခြေဆန့်ရတဲ့အခါ မြန်မာနိုင်ငံကမသင်ပေးနိုင်ခဲ့တဲ့ ဘဝသင်ခန်းစာတွေ သင်ယူရပြန်တယ်။ ဒီနေရာမှာအသေးစိတ်မရေးလိုပေမယ့် ချုံ့ပြောရရင် တန်ဖိုးရှိတဲ့သင်တန်းပို့ချချက် - Proficiency Training လို့ဆိုရမလား . .
.
"လူကိုလူချင်း တန်ဖိုးထားတတ်ခြင်း"
.
"ကျေးဇူးပြုသူကို ကျေးဇူးတင်တတ်ခြင်း" နဲ့
.
"အများအကျိုးဆောင်ရွက်တတ်ခြင်း" တို့ က ကျွန်တော့်အတွေးအမြင်တွေကို ပွင့်လင်းသွားစေပါတယ်။
.
.
. အခုလို မွေးရပ်မြေကို အပန်းဖြေခရီးပြန်လာတော့ တစ်ချို့စာဖတ်ပရိသတ်တွေက ခရီးသွားဆောင်းပါးတွေရေးလေမလား လို့ မျှော်လင့်ကြတယ်။ စာရေးမများပေမယ့် တတ်သိနားလည်ပညာရှိသူတွေထံက ပြောစကားတွေကို ပြန်နားထောင်နိုင်တဲ့အင်တာဗျူးတွေအတွက်အချိန်ပေးရလို့ သူတို့လည်း ကျေနပ်ကြပါတယ်။
.
. နောက်ပြီး ကျောင်းသားတွေနဲ့ စကားပြောထားတဲ့ ကျွန်တော်တို့သားအဖ ရဲ့ ဗီဒီယိုဖိုင်တွေ အမည်မသိလူတစ်စုရဲ့အဖျက်အသိမ်းခံလိုက်ရသည့်တိုင် ကူညီရှာဖွေပြီး ပြန်မျှဝေပေးကြတာ မြန်မာတွေရဲ့ချစ်စရာကောင်းတဲ့ အွန်လိုင်းလေးစားမှုလို့ ကျေးဇူးတင်ရင်း မှတ်တမ်းတင်ချင်ပါတယ်
.
. ဒီတစ်ခေါက် ကျွန်တော့ကိုနှုတ်ဆက်နေတာက ပြောင်းလဲလာတဲ့ကဏ္ဍအသီးသီးက မားကက်တင်းဗျူဟာအဆင့်ဆင့် နဲ့ စျေးသုံးမလွယ်တဲ့ ရှေးထုံးတွေလို့ ဆိုရမယ်ထင်ပါတယ်။ အရင်ကမလုပ်တတ်ခဲ့ပေမယ့် ကျွန်တော်ဟာ အခုဆိုရင် . .
.
"ကားတွေအမြန်မောင်းနေတဲ့လမ်းကို
အသက်လုပြီး ဖြတ်ကူးတတ်ပါပြီ"
.
"ထမင်းဆိုင်ကပေးတဲ့ ဟင်းအေးအေးကို
ပြန်မှအေးပေမယ့် မတန်တဆပေး ဝယ်တတ်နေပြီ"
.
"ထည့်ပေးတဲ့အစားသောက်နည်းပါးသလောက်
မတန်တဲ့စျေးကို လမ်းဘေးမှာထိုင်စားတတ်နေပြီ"
.
"ဆပ်ပြာသည် - င်ပျောက်သလို ဖုန်းကုမ္ပဏီ (၄) ခုကြား
မရပ်မနား ဗျာများတတ်နေပါပြီ"
.
"ကားလမ်းမထက်မှာ ထမင်းတစ်အိုးကျက်လောက်အောင်
ကြားကျပ်ပိတ်နေပေမယ့်မိမိရဲ့ဘဝအချိန်တွေကို
Facebook ပေါ်မှာ အသက်မျှဉ်းမျှဉ်းကုန်ဆုံးတတ်နေပြီ"
.
.
. မင်းညီမင်းသားတွေတောင် ကျောင်းပြီးသွားပေမယ့် တတ်ရမယ့်အတတ်ပညာမကုန်နိုင်သလို စေတနာထားတဲ့ ဒိသာပါမောက္ခ ကဲ့သို့စေတနာရှိတဲ့ မြန်မာပြည်သားများက ကျွန်တော့ကို သင်တန်းပေးနေသမျှကာလပတ်လုံး မြန်ပြည်ကြီးတစ်ခေါက် ရွာရိုးကိုးပတ်လျှောက်ရင်း နာယူနေပါမယ့်အကြောင်း . .။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. ရန်ကုန်တွင်ရေးသည်
. 07-24-2018

No comments: