ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, October 11, 2018

သင္ယူခ်င္တဲ႕စိတ္နဲ႕ျပင္ဆင္တတ္တဲ႕အက်င္႕

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
.
. ႏို္င္ငံျခားမွာေက်ာင္းတက္ႏုိင္ဖို႕ တူငယ္ တူမငယ္ေတြျပင္ဆင္ထားဖို႕အခ်က္ေတြကသိပ္အမ်ားၾကီးမရွိပါဘူး။ အဓိက ေငြေၾကး၊ အဓိက မိဘအေထာက္အပံ႕၊ အဓိက စေကာလားရွစ္ လို႕ ေျပာေနၾကေပမယ္႕ ပိုမုိအဓိကက်တာကေတာ႕ "သင္ယူခ်င္တဲ႕စိတ္" ပါ။ ေမြးကတည္းကျမန္မာစကားေျပာလာသူတစ္ေယာက္က အဂၤလိပ္လိုေျပာတဲ႕ႏုိင္ငံမွာ ေက်ာင္းလာတက္တာ ဘယ္အရာမွလြယ္လြယ္ေလးနဲ႕ခ်က္ခ်င္းၾကီးျဖစ္လာမွာမဟုတ္တာ ေသခ်ာပါတယ္။
.
. ဒါေၾကာင္႕ တူငယ္ တူမငယ္ေတြကိုအမ်ားကေျပာၾကသလို "ျပင္ဆင္ထားရမယ္ - Be Prepared" လို႕ဆုိတာထက္ ေက်ာင္းသားတစ္ေယာက္ဘယ္လိုေတြျပင္ဆင္လာခဲ႕ရင္ ဒီဘက္အေမရိကန္ေျမေပၚမွာ လြယ္လင္႕တကူထြန္းေပါက္ေအာင္ျမင္ႏုိင္မယ္ဆိုတာကုိ ခြဲျခမ္းျပခ်င္ပါတယ္။ ကနဦးေလ႕လာမႈထဲမွာ ကိုယ္သြားမယ္႕ႏုိင္ငံက အဂၤလိပ္စကားေျပာတဲ႕ႏိုင္ငံဆိုရင္ အဂၤလိပ္စာကို ေဒသခံနဲ႕မျခားေျပာႏုိင္ရင္အေကာင္းဆံုးပါ။ ဒါက မျဖစ္မေနလိုအပ္ခ်က္မဟုတ္ေပမယ္႕ ဆရာေတြကကိုယ္႕ကုိလမ္းညႊန္ခ်က္ေတြေပးတဲ႕အခါ နားမလည္ရင္ က်ဴရွင္မရွိတဲ႕အေနာက္တုိင္းျပည္မွာ အခက္မေတြ႕ရေလေအာင္ သတိေပးရတာျဖစ္ပါတယ္။
.
.
. ဦးညီ သိတာက အေမရိကန္ေက်ာင္းေတြျဖစ္လို႕ အေမရိကန္ယဥ္ေက်းမႈကေန စျပီး နံပါတ္စဥ္တပ္ပါရေစ။ ျမန္မာႏုိင္ငံကေနဘယ္ေလာက္ပဲၾကိဳေမးေမး အေမရိကားရဲ႕လူေနမႈ နဲ႕ မတူကြဲျပားတဲ႕ယဥ္ေက်းမႈေတြအေၾကာင္းေတြဟာ ဒီဘက္ေျမေရာက္ရင္ ကြဲျပားေလ႕ ကြဲျပားထ ရွိပါတယ္။ ထံုးတမ္းအစဥ္အလာတို႕၊ အထိမ္းအမွတ္ေန႕တုိ႕၊ ရံုးပိတ္ရက္တုိ႕ စတာေတြကုိ မွတ္စရာလိုတယ္လုိ႕ ဦးညီ မထင္ပါ။ ဒါေတြက ဒီေျမေရာက္လို႕ ဒီေရေသာက္ရင္ အလိုလိုသိသြားႏုိင္တဲ႕ ဦးေႏွာက္မွတ္ဥာဏ္သိပ္သံုးစရာမလိုတဲ႕ အေလ႕အထေတြျဖစ္ပါတယ္။
.
. အားစိုက္ျပီးေလ႕လာသင္႕တာကေတာ႕ အေမရိကန္ေကာလိပ္ေတြရဲ႕စာသင္ခန္းယဥ္ေက်းမႈကိုပါ။ တကယ္လို႕ တူငယ္ တူမငယ္တို႕ ေက်ာင္းေလွ်ာက္ျပီးလို႕ အေရြးခံရျပီဆုိရင္ အီးေမးလ္နဲ႕စာေရးျပီး ေမးခ်င္တာေမးလို႕ရပါတယ္။ ေနာက္ပုိင္းမွာေတာ႕ စာသင္ခန္းေတြနဲ႕ေက်ာင္းပတ္ဝန္းက်င္ေတြအေၾကာင္းေလ႕လာႏုိင္မယ္႕ မိတ္ဆက္ျခင္း - Orientation ဆုိတာကုိ ထိေတြ႕ရပါမယ္။
.
.
. အခု တူငယ္ တူမငယ္တုိ႕က ျမန္မာႏိုင္ငံကေန မထြက္ခြာလာရေသးခင္ေတာ႕ ေက်ာင္းရဲ႕အင္တာနက္စာမ်က္ႏွာ နဲ႕ Google အင္တာနက္ရွာေဖြအင္ဂ်င္ကိုအသံုးျပဳျပီး ေဒသႏၱရဗဟုသုတနဲ႕ ေက်ာင္းေနအေဆာင္၊ ကိုယ္ပုိင္အရပ္ဖက္ေဘာ္ဒါ - Home Stay နဲ႕ တက္မယ္႕ေက်ာင္းတုိ႕ရဲ႕ ရာသီဥတု၊ မႈခင္းျဖစ္ပြားႏုိင္မႈ - Crime Rate တို႕အျပင္ မူးယစ္ေဆးဝါးျပန္႕ပြားမႈအေနအထားတို႕ကိုပါ ေလ႕လာထားသင္႕ပါတယ္။ (The U.S Culture)
.
. ေက်ာင္းစာကုိအဂၤလိပ္လိုသင္ယူႏုိင္ဖို႕နဲ႕ အခ်ိန္မွန္အိမ္စာတင္ႏုိင္ဖို႕က တူငယ္ တူမငယ္တုိ႕မွာ လံုေလာက္တဲ႕အခ်ိန္ရွိဖို႕လိုပါတယ္။ မအားတဲ႕ၾကားက ထမင္းခ်က္ဦးဟ၊ ဟင္းအိုးတူးကုန္လို႕ကြ ဆုိရင္ အခက္အခဲေတြမ်ားတတ္တယ္။ ဒီဘက္ေရာက္လာတဲ႕ျမန္မာေတြကလည္း ဆန္ကုိအဓိကထားရွာေဖြစားေသာက္တတ္ၾကတာဆိုေတာ႕ တကယ္လို႕သာ မိမိေနတဲ႕အိမ္မွာထမင္းအိုးတည္ျပီး တစ္မယ္ျပီးဟင္းေလးေတြခ်က္စားႏုိင္ရင္ ေငြကုန္ေၾကးက်သက္သာျပီး ျမန္မာလွ်ာနဲ႕မႏွစ္သက္ေလာက္တဲ႕ ဘုိစာေတြကုိ အခါမလင္႕ေရွာင္လြဲႏုိင္မွာျဖစ္ပါတယ္။ ေက်ာင္းအေဆာင္ကေကြ်းရင္ေတာ႕ အဲဒီဒုကၡေတြကေနကင္းေဝးေစေတာ႕တာေပါ႕။ (Cooking Skills)


.
.
. တစ္ခ်ိဳ႕က အေမရိကားမွာသြားေနရင္ ဟုိသြား ဒီသြား လႈပ္ရွားႏုိင္ဖို႕ ျမန္မာႏိုင္ငံမွာကားေမာင္းသင္သြားသင္႕တယ္လုိ႕ေျပာၾကတယ္။ မွန္ပါတယ္ . . ကားေမာင္းတာတတ္လာရင္ေတာ႕ ပိုေကာင္းတာေပါ႕။ သို႕ေသာ္ အေမရိကန္ယာဥ္စည္းကမ္းနဲ႕ ျမန္မာႏိုင္ငံကသင္လာခဲ႕တာ ကြက္တိတူညီသလားဆိုတာက ေျပာစရာရွိပါတယ္။
.
. မွ်စီးတကၠစီ - Ride Sharing ကားေတြစီးႏုိင္တဲ႕ အေမရိကန္ျမိဳ႕ေတြမွာ ကားေမာင္းတတ္မွရမယ္ဆိုတဲ႕အရည္အခ်င္းဟာ လက္ရွိမွာ မရွိမျဖစ္လုိအပ္ခ်က္တစ္ခုမဟုတ္ေတာ႕ပါဘူး။ လူေနထူထပ္တဲ႕ျမိဳ႕ေတြမွာ ရထားစီးႏုိင္တယ္။ ကားငွားစီးဖို႕ဆုိရင္ Uber X ၊ Uberpool ၊ Uber Express နဲ႕ Lyft တုိ႕ရွိတယ္။ ဒါ႕အျပင္ ေက်ာင္းကေပးတဲ႕အေဆာင္ - Dorm မွာ ေနရင္ ကိုယ္ပိုင္ကားရွိဖို႕မလို၊ ကားငွားစီးဖို႕အျမဲမလို၊ လမ္းေလွ်ာက္သြားဖို႕သာ အျမဲလိုတဲ႕ေက်ာင္းပတ္ဝန္းက်င္ထဲေရာက္ေနရင္ ဒီအေၾကာင္းအရာဟာ ေဆြးေႏြးစရာကိစၥတစ္ခုမဟုတ္ေတာ႕ပါဘူး။ (Driving Skills)
.
.
. အေမရိကန္ပညာေရးဟာ ေငြကုန္ေၾကးက်မ်ားပါတယ္။ ဒါေၾကာင္႕ မိသားတစ္စုမွာ အျပည္ျပည္ဆုိင္ရာေက်ာင္းသားတစ္ေယာက္ပါလာရင္ အဲဒီမိသားစုမွာ ဝန္ထုတ္ဝန္ပိုးျဖစ္တတ္တယ္။ ဒါေပမယ္႕ အေမရိကားမွာေက်ာင္းျပီးတယ္ဆုိတဲ႕ဂုဏ္ကိုရယူဖို႕ ျမန္မာႏုိင္ငံကသာမက ကမၻာအရပ္ရပ္က ေက်ာင္းသားေတြတက္ဖို႕ အလႊာအသီးသီးကကမၻာ႕မိဘေတြဟာ အေမရိကားကို ေဒၚလာေတြစုျပံဳေပးေနၾကတာ ေတြ႕ၾကတဲ႕အတုိင္းပါပဲ။
.
. ေက်ာင္းေတြကေပးတဲ႕ စာသင္ဆု - Scholarship ေတြက မိဘေတြကိုအသက္ရွဴေခ်ာင္ေစတာအမွန္ပါ။ ေက်ာင္းသားရဲ႕တာဝန္အရ ယူထားတဲ႕သာသာရပ္ရဲ႕စံခ်ိန္ကိုျပည္႕မွီဖို႕လုိအပ္တာနဲ႕အညီ ႏွစ္ျပည္႕လို႕ တူငယ္ တူမငယ္တုိ႕လာခဲ႕တဲ႕ႏုိင္ငံကိုမျပန္ခင္ အေမရိကားမွာေနထုိင္ခြင္႕ - Immigration ကုိ ရွာေဖြႏုိင္ဦးမွာျဖစ္ပါတယ္။ ဒါေတြကိုမျပည္႕မွီခဲ႕ပဲ ဘြဲ႕မရ-ျပန္-ျပည္ေတာ္ဝင္ခဲ႕ရင္ေတာ႕ ကုန္ထားသမွ် ေငြေၾကးအရေရာ စိတ္ႏွလံုးသားပါ ရင္ကြဲခံစားရမယ္႕ မိဘေတြကိုစာနာရင္း အေမရိကန္စာသင္ခန္းေတြမွာ အမိအရလိုက္လုပ္ဖို႕ ျပင္ဆင္ခဲ႕သင္႕ပါတယ္။ (Financial Preparation)
.
.
. တူငယ္ တူမငယ္ေတြကုိ အထူးတလည္တိုက္တြန္းခ်င္တဲ႕သတင္းစကားကေတာ႕ "စိတ္
ဓါတ္ခြန္အားအျပည္႕သြင္းခဲ႕ဖို႕" ပါပဲ။ အရာရာဟာ အသစ္ျဖစ္မယ္၊ ရုပ္ရွင္ထဲမွာျမင္ခဲ႕ရတာနဲ႕ ကြဲျပားမယ္၊ တူငယ္ တူမငယ္ေတြထင္ေလာက္ လူေတြဟာ မပ်ဴငွာဘူး . .
ဒီခံစားခ်က္ေတြျဖစ္လာမယ္။ ဒါ႕အျပင္ မိဘအိမ္မွာ ေျခေမႊးမီးမေလာင္ လက္ေမႊးမီးမေလာင္ေနခဲ႕သမွ် ဒီမွာ အဝတ္ေလွ်ာ္၊ ပစၥည္းသိမ္း၊ အစားအစာဝယ္ စတာေတြကုိ ခပ္သြက္သြက္ လက္ပါေဆာင္ရြက္ႏုိင္ပါမွ အဆင္ေျပပါမယ္။
.
. ေနာက္တစ္ခုအေရးပါျပန္တာက တူငယ္ တူမငယ္တုိ႕ရဲ႕တစ္ကိုယ္ေရက်န္းမာေရးနဲ႕အစားအေသာက္စံနစ္ေတြကို ထုိက္သင္႕တဲ႕ဗဟုသုတနဲ႕လိုက္ေလ်ာညီေထြေအာင္ေနမယ္ဆုိတဲ႕ စိတ္ဓါတ္ကို အပါယူခဲ႕ဖို႕ပါပဲ။ ေက်ာင္းေလွ်ာက္ကတည္းက က်န္းမာေရးအာမခံမဝယ္မေနရထည္႕ထားေပမယ္႕ အာေရာဂ်ံ ပရမံ လာဘံဟာ တူငယ္ တူမငယ္တုိ႕ရဲ႕ရည္မွန္းခ်က္ကိုေရာက္ဖုို႕ "ခႏၶာရဲ႕ခြန္အား" ကို ေပးေနတာ မေမ႕သင္႕ပါ။ (Mental Preparation)
.
.
. အိမ္လြမ္းတဲ႕စိတ္ဟာ အျပစ္ကင္းပါတယ္။ ဒါကိုေျပလည္ဖို႕ အခုေခတ္လူငယ္ေတြရဲ႕လက္ထဲမွာ လက္ကုိင္ဖုန္းတစ္လံုးဟာ အင္တာနက္နဲ႕အျမဲထိေတြ႕ေနတယ္။ ဒါေၾကာင္႕ ကမၻာသာမက ျမန္မာပါ က်ံဳ႕လာတဲ႕ေနာက္ တူငယ္ တူမငယ္တုိ႕ရဲ႕ ေက်ာင္းအခ်ိန္ဇယားကေနလြတ္တာနဲ႕ မိဘေဆြမ်ိဳးေတြကိုဆက္သြယ္လို႕လြယ္ပါတယ္။ သူငယ္ခ်င္းအသစ္ေတြရဖို႕ဟာလည္း တူငယ္ တူမငယ္တို႕ရဲ႕လုိအပ္တဲ႕အရည္အခ်င္းျဖစ္သလို ေက်ာင္းပိတ္ရက္ေတြမွာ နားနားေနေန ေနရာသစ္ေတြကိုေလ႕လာေရးအျဖစ္လည္ပတ္ဖို႕ကိုပါ ေငြေၾကးအရ၊ အခ်ိန္ဇယားအရ နဲ႕ လူမႈေရးအရတုိ႕ပါ ထည္႕တြက္ထားသင္႕ပါတယ္။
.
. အျပင္မထြက္ခ်င္တဲ႕တူငယ္ တူမငယ္တို႕အတြက္ ၾကံဳလာႏုိင္တဲ႕အခက္အခဲတစ္ခုကေတာ႕ ေက်ာင္းသက္တမ္းၾကာလာတာနဲ႕အမွ် အထီးက်န္ဆန္လာတာပါပဲ။ ဒါေပမယ္႕ အေမရိကားဆုိတာ မတူကြဲျပားသူေတြ၊ အဆင္႕အတန္းအမ်ိဳးမ်ိဳးရွိသူေတြ နဲ႕ ဘာသာစကား၊ ကုိးကြယ္မႈဘာသာ၊ အရည္အခ်င္းအသီးသီးရွိၾကသူေတြစုေပါင္းေနထုိင္တဲ႕ႏုိင္ငံျဖစ္တယ္ဆုိတာ မေမ႕ေစခ်င္ပါ။
.
.
. တူငယ္ တူမငယ္တို႕မွာ ဘယ္လိုအေျခအေနပဲရွိရွိ ကူညီမယ္႕သူငယ္ခ်င္းဆုိတာ အျမဲရွိေနပါတယ္။ ဒီ႕အျပင္ ကုိယ္က ကြ်မ္းက်င္လို႕ စာေတာ္လို႕ သူမ်ားေတြကိုလည္း ျပန္ကူညီႏုိင္ပါတယ္။ တူငယ္ တူမငယ္တုိ႕ၾကံဳထားတဲ႕ျပသနာေတြကိုေျဖရွင္းပံုေျဖရွင္းနည္းေတြကို ေနာက္သူငယ္ခ်င္းေတြကို ျပန္လည္မွ်ေဝႏုိင္တယ္။ သတိထားစရာ ဆင္ျခင္စရာေတြကို လက္ဆင္႕ကမ္းႏုိင္ပါတယ္။ (Social Preparation)
.
. Globalization သေဘာအရ ကမၻာျဂိဳဟ္ဟာျပားလာေပမယ္႕ ျမန္မာေတြပါဝင္ပတ္သက္ဖို႕ ပုိမုိလိုအပ္ေနပါတယ္။ ေနာက္ပိုင္းမ်ိဳးဆက္ေတြ စာတတ္မွ တိုင္းျပည္မွာ အမွန္ကုိအမွန္အတိုင္းျမင္ႏုိင္သူမ်ားလာမယ္႕အျပင္ တူငယ္ တူမငယ္တုိ႕ရဲ႕ဘဝကိုျမွင္႕တင္ဖို႕ ကိုယ္ပိုင္အစြမ္းအစေတြရွိလာမွာျဖစ္ပါတယ္။ ဒါေၾကာင္႕ ဘယ္ႏုိ္င္ငံကိုပဲေက်ာင္းသြားတက္တက္ တူငယ္ တူမငယ္တုိ႕ရဲ႕ ပညာေရႊအိုးထမ္းလာျပီး အိမ္ျပန္အလာကိုေစာင္႕ေနတဲ႕ မိသားစုတစ္စုရွိေနေသးတယ္ဆိုတာကုိသတိရျပီး ၾကိဳးစားၾကဖို႕ ဦးညီတိုက္တုိက္တြနး္တြန္းေရးသားလိုက္ပါတယ္။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 10-11-2018
.
.
Unicode Version:
.
.
. "သင်ယူချင်တဲ့စိတ်နဲ့ပြင်ဆင်တတ်တဲ့အကျင့်"
. နို်င်ငံခြားမှာကျောင်းတက်နိုင်ဖို့ တူငယ် တူမငယ်တွေပြင်ဆင်ထားဖို့အချက်တွေကသိပ်အများကြီးမရှိပါဘူး။ အဓိက ငွေကြေး၊ အဓိက မိဘအထောက်အပံ့၊ အဓိက စကောလားရှစ် လို့ ပြောနေကြပေမယ့် ပိုမိုအဓိကကျတာကတော့ "သင်ယူချင်တဲ့စိတ်" ပါ။ မွေးကတည်းကမြန်မာစကားပြောလာသူတစ်ယောက်က အင်္ဂလိပ်လိုပြောတဲ့နိုင်ငံမှာ ကျောင်းလာတက်တာ ဘယ်အရာမှလွယ်လွယ်လေးနဲ့ချက်ချင်းကြီးဖြစ်လာမှာမဟုတ်တာ သေချာပါတယ်။
.
. ဒါကြောင့် တူငယ် တူမငယ်တွေကိုအများကပြောကြသလို "ပြင်ဆင်ထားရမယ် - Be Prepared" လို့ဆိုတာထက် ကျောင်းသားတစ်ယောက်ဘယ်လိုတွေပြင်ဆင်လာခဲ့ရင် ဒီဘက်အမေရိကန်မြေပေါ်မှာ လွယ်လင့်တကူထွန်းပေါက်အောင်မြင်နိုင်မယ်ဆိုတာကို ခွဲခြမ်းပြချင်ပါတယ်။ ကနဦးလေ့လာမှုထဲမှာ ကိုယ်သွားမယ့်နိုင်ငံက အင်္ဂလိပ်စကားပြောတဲ့နိုင်ငံဆိုရင် အင်္ဂလိပ်စာကို ဒေသခံနဲ့မခြားပြောနိုင်ရင်အကောင်းဆုံးပါ။ ဒါက မဖြစ်မနေလိုအပ်ချက်မဟုတ်ပေမယ့် ဆရာတွေကကိုယ့်ကိုလမ်းညွှန်ချက်တွေပေးတဲ့အခါ နားမလည်ရင် ကျူရှင်မရှိတဲ့အနောက်တိုင်းပြည်မှာ အခက်မတွေ့ရလေအောင် သတိပေးရတာဖြစ်ပါတယ်။
.
.
. ဦးညီ သိတာက အမေရိကန်ကျောင်းတွေဖြစ်လို့ အမေရိကန်ယဉ်ကျေးမှုကနေ စပြီး နံပါတ်စဉ်တပ်ပါရစေ။ မြန်မာနိုင်ငံကနေဘယ်လောက်ပဲကြိုမေးမေး အမေရိကားရဲ့လူနေမှု နဲ့ မတူကွဲပြားတဲ့ယဉ်ကျေးမှုတွေအကြောင်းတွေဟာ ဒီဘက်မြေရောက်ရင် ကွဲပြားလေ့ ကွဲပြားထ ရှိပါတယ်။ ထုံးတမ်းအစဉ်အလာတို့၊ အထိမ်းအမှတ်နေ့တို့၊ ရုံးပိတ်ရက်တို့ စတာတွေကို မှတ်စရာလိုတယ်လို့ ဦးညီ မထင်ပါ။ ဒါတွေက ဒီမြေရောက်လို့ ဒီရေသောက်ရင် အလိုလိုသိသွားနိုင်တဲ့ ဦးနှောက်မှတ်ဉာဏ်သိပ်သုံးစရာမလိုတဲ့ အလေ့အထတွေဖြစ်ပါတယ်။
.
. အားစိုက်ပြီးလေ့လာသင့်တာကတော့ အမေရိကန်ကောလိပ်တွေရဲ့စာသင်ခန်းယဉ်ကျေးမှုကိုပါ။ တကယ်လို့ တူငယ် တူမငယ်တို့ ကျောင်းလျှောက်ပြီးလို့ အရွေးခံရပြီဆိုရင် အီးမေးလ်နဲ့စာရေးပြီး မေးချင်တာမေးလို့ရပါတယ်။ နောက်ပိုင်းမှာတော့ စာသင်ခန်းတွေနဲ့ကျောင်းပတ်ဝန်းကျင်တွေအကြောင်းလေ့လာနိုင်မယ့် မိတ်ဆက်ခြင်း - Orientation ဆိုတာကို ထိတွေ့ရပါမယ်။
.
.
. အခု တူငယ် တူမငယ်တို့က မြန်မာနိုင်ငံကနေ မထွက်ခွာလာရသေးခင်တော့ ကျောင်းရဲ့အင်တာနက်စာမျက်နှာ နဲ့ Google အင်တာနက်ရှာဖွေအင်ဂျင်ကိုအသုံးပြုပြီး ဒေသန္တရဗဟုသုတနဲ့ ကျောင်းနေအဆောင်၊ ကိုယ်ပိုင်အရပ်ဖက်ဘော်ဒါ - Home Stay နဲ့ တက်မယ့်ကျောင်းတို့ရဲ့ ရာသီဥတု၊ မှုခင်းဖြစ်ပွားနိုင်မှု - Crime Rate တို့အပြင် မူးယစ်ဆေးဝါးပြန့်ပွားမှုအနေအထားတို့ကိုပါ လေ့လာထားသင့်ပါတယ်။ (The U.S Culture)
.
. ကျောင်းစာကိုအင်္ဂလိပ်လိုသင်ယူနိုင်ဖို့နဲ့ အချိန်မှန်အိမ်စာတင်နိုင်ဖို့က တူငယ် တူမငယ်တို့မှာ လုံလောက်တဲ့အချိန်ရှိဖို့လိုပါတယ်။ မအားတဲ့ကြားက ထမင်းချက်ဦးဟ၊ ဟင်းအိုးတူးကုန်လို့ကွ ဆိုရင် အခက်အခဲတွေများတတ်တယ်။ ဒီဘက်ရောက်လာတဲ့မြန်မာတွေကလည်း ဆန်ကိုအဓိကထားရှာဖွေစားသောက်တတ်ကြတာဆိုတော့ တကယ်လို့သာ မိမိနေတဲ့အိမ်မှာထမင်းအိုးတည်ပြီး တစ်မယ်ပြီးဟင်းလေးတွေချက်စားနိုင်ရင် ငွေကုန်ကြေးကျသက်သာပြီး မြန်မာလျှာနဲ့မနှစ်သက်လောက်တဲ့ ဘိုစာတွေကို အခါမလင့်ရှောင်လွဲနိုင်မှာဖြစ်ပါတယ်။ ကျောင်းအဆောင်ကကျွေးရင်တော့ အဲဒီဒုက္ခတွေကနေကင်းဝေးစေတော့တာပေါ့။ (Cooking Skills)
.
.
. တစ်ချို့က အမေရိကားမှာသွားနေရင် ဟိုသွား ဒီသွား လှုပ်ရှားနိုင်ဖို့ မြန်မာနိုင်ငံမှာကားမောင်းသင်သွားသင့်တယ်လို့ပြောကြတယ်။ မှန်ပါတယ် . . ကားမောင်းတာတတ်လာရင်တော့ ပိုကောင်းတာပေါ့။ သို့သော် အမေရိကန်ယာဉ်စည်းကမ်းနဲ့ မြန်မာနိုင်ငံကသင်လာခဲ့တာ ကွက်တိတူညီသလားဆိုတာက ပြောစရာရှိပါတယ်။
.
. မျှစီးတက္ကစီ - Ride Sharing ကားတွေစီးနိုင်တဲ့ အမေရိကန်မြို့တွေမှာ ကားမောင်းတတ်မှရမယ်ဆိုတဲ့အရည်အချင်းဟာ လက်ရှိမှာ မရှိမဖြစ်လိုအပ်ချက်တစ်ခုမဟုတ်တော့ပါဘူး။ လူနေထူထပ်တဲ့မြို့တွေမှာ ရထားစီးနိုင်တယ်။ ကားငှားစီးဖို့ဆိုရင် Uber X ၊ Uberpool ၊ Uber Express နဲ့ Lyft တို့ရှိတယ်။ ဒါ့အပြင် ကျောင်းကပေးတဲ့အဆောင် - Dorm မှာ နေရင် ကိုယ်ပိုင်ကားရှိဖို့မလို၊ ကားငှားစီးဖို့အမြဲမလို၊ လမ်းလျှောက်သွားဖို့သာ အမြဲလိုတဲ့ကျောင်းပတ်ဝန်းကျင်ထဲရောက်နေရင် ဒီအကြောင်းအရာဟာ ဆွေးနွေးစရာကိစ္စတစ်ခုမဟုတ်တော့ပါဘူး။ (Driving Skills)
.
.
. အမေရိကန်ပညာရေးဟာ ငွေကုန်ကြေးကျများပါတယ်။ ဒါကြောင့် မိသားတစ်စုမှာ အပြည်ပြည်ဆိုင်ရာကျောင်းသားတစ်ယောက်ပါလာရင် အဲဒီမိသားစုမှာ ဝန်ထုတ်ဝန်ပိုးဖြစ်တတ်တယ်။ ဒါပေမယ့် အမေရိကားမှာကျောင်းပြီးတယ်ဆိုတဲ့ဂုဏ်ကိုရယူဖို့ မြန်မာနိုင်ငံကသာမက ကမ္ဘာအရပ်ရပ်က ကျောင်းသားတွေတက်ဖို့ အလွှာအသီးသီးကကမ္ဘာ့မိဘတွေဟာ အမေရိကားကို ဒေါ်လာတွေစုပြုံပေးနေကြတာ တွေ့ကြတဲ့အတိုင်းပါပဲ။
.
. ကျောင်းတွေကပေးတဲ့ စာသင်ဆု - Scholarship တွေက မိဘတွေကိုအသက်ရှူချောင်စေတာအမှန်ပါ။ ကျောင်းသားရဲ့တာဝန်အရ ယူထားတဲ့သာသာရပ်ရဲ့စံချိန်ကိုပြည့်မှီဖို့လိုအပ်တာနဲ့အညီ နှစ်ပြည့်လို့ တူငယ် တူမငယ်တို့လာခဲ့တဲ့နိုင်ငံကိုမပြန်ခင် အမေရိကားမှာနေထိုင်ခွင့် - Immigration ကို ရှာဖွေနိုင်ဦးမှာဖြစ်ပါတယ်။ ဒါတွေကိုမပြည့်မှီခဲ့ပဲ ဘွဲ့မရ-ပြန်-ပြည်တော်ဝင်ခဲ့ရင်တော့ ကုန်ထားသမျှ ငွေကြေးအရရော စိတ်နှလုံးသားပါ ရင်ကွဲခံစားရမယ့် မိဘတွေကိုစာနာရင်း အမေရိကန်စာသင်ခန်းတွေမှာ အမိအရလိုက်လုပ်ဖို့ ပြင်ဆင်ခဲ့သင့်ပါတယ်။ (Financial Preparation)
.
.
. တူငယ် တူမငယ်တွေကို အထူးတလည်တိုက်တွန်းချင်တဲ့သတင်းစကားကတော့ "စိတ်
ဓါတ်ခွန်အားအပြည့်သွင်းခဲ့ဖို့" ပါပဲ။ အရာရာဟာ အသစ်ဖြစ်မယ်၊ ရုပ်ရှင်ထဲမှာမြင်ခဲ့ရတာနဲ့ ကွဲပြားမယ်၊ တူငယ် တူမငယ်တွေထင်လောက် လူတွေဟာ မပျူငှာဘူး . .
ဒီခံစားချက်တွေဖြစ်လာမယ်။ ဒါ့အပြင် မိဘအိမ်မှာ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်နေခဲ့သမျှ ဒီမှာ အဝတ်လျှော်၊ ပစ္စည်းသိမ်း၊ အစားအစာဝယ် စတာတွေကို ခပ်သွက်သွက် လက်ပါဆောင်ရွက်နိုင်ပါမှ အဆင်ပြေပါမယ်။
.
. နောက်တစ်ခုအရေးပါပြန်တာက တူငယ် တူမငယ်တို့ရဲ့တစ်ကိုယ်ရေကျန်းမာရေးနဲ့အစားအသောက်စံနစ်တွေကို ထိုက်သင့်တဲ့ဗဟုသုတနဲ့လိုက်လျောညီထွေအောင်နေမယ်ဆိုတဲ့ စိတ်ဓါတ်ကို အပါယူခဲ့ဖို့ပါပဲ။ ကျောင်းလျှောက်ကတည်းက ကျန်းမာရေးအာမခံမဝယ်မနေရထည့်ထားပေမယ့် အာရောဂျံ ပရမံ လာဘံဟာ တူငယ် တူမငယ်တို့ရဲ့ရည်မှန်းချက်ကိုရောက်ဖိုု့ "ခန္ဓာရဲ့ခွန်အား" ကို ပေးနေတာ မမေ့သင့်ပါ။ (Mental Preparation)
.
.
. အိမ်လွမ်းတဲ့စိတ်ဟာ အပြစ်ကင်းပါတယ်။ ဒါကိုပြေလည်ဖို့ အခုခေတ်လူငယ်တွေရဲ့လက်ထဲမှာ လက်ကိုင်ဖုန်းတစ်လုံးဟာ အင်တာနက်နဲ့အမြဲထိတွေ့နေတယ်။ ဒါကြောင့် ကမ္ဘာသာမက မြန်မာပါ ကျုံ့လာတဲ့နောက် တူငယ် တူမငယ်တို့ရဲ့ ကျောင်းအချိန်ဇယားကနေလွတ်တာနဲ့ မိဘဆွေမျိုးတွေကိုဆက်သွယ်လို့လွယ်ပါတယ်။ သူငယ်ချင်းအသစ်တွေရဖို့ဟာလည်း တူငယ် တူမငယ်တို့ရဲ့လိုအပ်တဲ့အရည်အချင်းဖြစ်သလို ကျောင်းပိတ်ရက်တွေမှာ နားနားနေနေ နေရာသစ်တွေကိုလေ့လာရေးအဖြစ်လည်ပတ်ဖို့ကိုပါ ငွေကြေးအရ၊ အချိန်ဇယားအရ နဲ့ လူမှုရေးအရတို့ပါ ထည့်တွက်ထားသင့်ပါတယ်။
.
. အပြင်မထွက်ချင်တဲ့တူငယ် တူမငယ်တို့အတွက် ကြုံလာနိုင်တဲ့အခက်အခဲတစ်ခုကတော့ ကျောင်းသက်တမ်းကြာလာတာနဲ့အမျှ အထီးကျန်ဆန်လာတာပါပဲ။ ဒါပေမယ့် အမေရိကားဆိုတာ မတူကွဲပြားသူတွေ၊ အဆင့်အတန်းအမျိုးမျိုးရှိသူတွေ နဲ့ ဘာသာစကား၊ ကိုးကွယ်မှုဘာသာ၊ အရည်အချင်းအသီးသီးရှိကြသူတွေစုပေါင်းနေထိုင်တဲ့နိုင်ငံဖြစ်တယ်ဆိုတာ မမေ့စေချင်ပါ။
.
.
. တူငယ် တူမငယ်တို့မှာ ဘယ်လိုအခြေအနေပဲရှိရှိ ကူညီမယ့်သူငယ်ချင်းဆိုတာ အမြဲရှိနေပါတယ်။ ဒီ့အပြင် ကိုယ်က ကျွမ်းကျင်လို့ စာတော်လို့ သူများတွေကိုလည်း ပြန်ကူညီနိုင်ပါတယ်။ တူငယ် တူမငယ်တို့ကြုံထားတဲ့ပြသနာတွေကိုဖြေရှင်းပုံဖြေရှင်းနည်းတွေကို နောက်သူငယ်ချင်းတွေကို ပြန်လည်မျှဝေနိုင်တယ်။ သတိထားစရာ ဆင်ခြင်စရာတွေကို လက်ဆင့်ကမ်းနိုင်ပါတယ်။ (Social Preparation)
.
. Globalization သဘောအရ ကမ္ဘာဂြိုဟ်ဟာပြားလာပေမယ့် မြန်မာတွေပါဝင်ပတ်သက်ဖို့ ပိုမိုလိုအပ်နေပါတယ်။ နောက်ပိုင်းမျိုးဆက်တွေ စာတတ်မှ တိုင်းပြည်မှာ အမှန်ကိုအမှန်အတိုင်းမြင်နိုင်သူများလာမယ့်အပြင် တူငယ် တူမငယ်တို့ရဲ့ဘဝကိုမြှင့်တင်ဖို့ ကိုယ်ပိုင်အစွမ်းအစတွေရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် ဘယ်နို်င်ငံကိုပဲကျောင်းသွားတက်တက် တူငယ် တူမငယ်တို့ရဲ့ ပညာရွှေအိုးထမ်းလာပြီး အိမ်ပြန်အလာကိုစောင့်နေတဲ့ မိသားစုတစ်စုရှိနေသေးတယ်ဆိုတာကိုသတိရပြီး ကြိုးစားကြဖို့ ဦးညီတိုက်တိုက်တွနး်တွန်းရေးသားလိုက်ပါတယ်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 10-11-2018

No comments: