ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, August 26, 2015

ဇာတ္ၾကမ္းထလာတဲ႕အေမရိကားကဘိန္းျဖဴအႏၱရာယ္

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
အေမရိကန္ႏုိင္ငံ၊ ပင္ဆန္ေဗးနီးယားျပည္နယ္က ဝါရွင္တန္ေကာင္တီ ( တုိက္နယ္ ) ဟာ တစ္ဖက္မွာ ဗာဂ်ီးနီးယားျပည္နယ္နဲ႕ နယ္နိမိတ္ခ်င္းထိစပ္လ်က္ရွိပါတယ္။ တစ္ေလာေလးကမွ လူဦးေရ ( ၂ဝဝဝဝဝ ) ေက်ာ္စျပဳလာတဲ႕ ဒီေဒသမွာ ဘိန္းျဖဴအထိုးလြန္လို႕ ေဆးရုံေရာက္လာသူ တစ္ေန႕ကုိ ( ၅ ) ဦးကေန ( ၈ ) ဦးအထိ ရွိလာေနပါတယ္။
.
ျပီးခဲ႕တဲ႕သီတင္းပတ္ ( ၂ဝ၁၅ ၾသဂုတ္လလည္ ) က ဆိုရင္ ဝါရွင္တန္ပို႕စ္သတင္းစာရဲ႕အဆုိအရ ( ၂၄ ) နာရီအတြင္း ဘိန္းျဖဴအထိုးလြန္ျပီး လူ ( ၁၆ ) ဦး ဒုကၡေရာက္ၾကရပါတယ္။ တစ္ပတ္လံုးစာရင္းအရေတာ႕ ေဆးလြန္ျပီးေရာက္လာတဲ႕ ( ၂၅ ) ေယာက္ထဲမွာ ( ၃ ) ေယာက္ရဲ႕အသက္ကိုကယ္လို႕မမွီခဲ႕ဘူးလို႕ သိရပါတယ္။ အေမရိကန္တစ္ႏုိင္ငံလံုးစာရင္းအထိျဖန္႕ၾကည္႕လိုက္ရင္ လူအေယာက္ ( ၁၁ဝ ) ဟာ တရားဝင္ေဆးမ်ားအရေရာ၊ တရားမဝင္မူးယစ္ေဆးမ်ားပါ အသံုးလြန္ျပီးေသပြဲဝင္ေနၾကတယ္။
.
.
ဝါရွင္တန္ေကာင္တီက အေရးေပၚလူနာတင္ကားမ်ားေပၚမွာ နယ္လိုစံုး - Naloxone လို႕ေခၚတဲ႕ မူးယစ္ေျဖေဆးေဆာင္ထားလို႕ လြန္ေနတဲ႕ေဆးရဲ႕အသက္ႏႈတ္ယူမႈကေန တစ္ခ်ိဳ႕ေသာ မူးယစ္ေဆးဝါးကြ်န္မ်ားကို ကယ္တင္ႏိုင္ခဲ႕တယ္။ ဒီေဒသမွာ ဘိန္းျဖဴထုိးျပီး ေဆးလြန္တဲ႕ျဖစ္ရပ္မ်ားဟာ ( ၂ ) ႏွစ္အတြင္း သိသိသာသာတုိးပြားလာတယ္လုိ႕ ရစ္ရလပ္သ္ - Rick Gluth ဆိုတဲ႕ ယစ္မ်ိဴးကာကြယ္ေရးစံုေထာက္က ဝါရွင္တန္ပုိ႕စ္သတင္းစာကုိ ေျပာၾကားထားလည္း ရွိေနပါေသးတယ္။

.
“ ကြ်န္ေတာ္ ရဲအရာရွိလုပ္လာတာ ( ၂၇ ) ႏွစ္ရွိျပီ။ မူးယစ္ေဆးဝါးထိန္းခ်ဳပ္ေရးကိုကိုယ္တြယ္ခဲ႕တာပဲ ( ၁၅ ) ႏွစ္ၾကာတယ္။ အခုေလာက္ဆိုးဝါးတာ မၾကံဳခဲ႕ဖူးေသးဘူး။ ဒီပံုအတုိင္းသာဆက္သြားေနမယ္႕အစား အရင္တုန္းက ကိုကင္းျပန္႕ပြားေရးကိုထိန္းခ်ဳပ္ရတာကမွ ေတာ္ပါေသးရဲ႕ ” လုိ႕ ညည္းတြားပါတယ္။
.
.
ဆယ္စုႏွစ္အတြင္းမွာ တိတ္တိတ္ပုန္းဘိန္းျဖဴစြဲသူ တရိပ္ရိပ္တက္လာတာနဲ႕အတူ ေဆးကြ်ံမရဏသားေကာင္မ်ားလည္း မ်ားျပားလာတယ္။ အမွန္က ဘိန္းျဖဴသံုးစြဲမႈဟာ အေမရိကားမွာ ဆယ္ႏွစ္အတြင္း ( ၂ ) ဆ ရွိလာခဲ႕တယ္လို႕ ေရာဂါကာကြယ္ေရးနဲ႕ထိန္းခ်ဳပ္ေရးစင္တာ - Centers for Disease Control and Prevention ရဲ႕ ထုတ္ျပန္ခ်က္အရသိရပါတယ္။
.
တစ္ခ်ိဳ႕သိပ္ဆိုးတဲ႕နယ္ေတြမွာဆိုရင္ ကိုယ္ဝန္ေဆာင္မိခင္ေတြဟာ ဘိန္းျဖဴစြဲေနလို႕ ေမြးလာမယ္႕ကေလးမထိခိုက္ရေအာင္ အထူးၾကပ္မတ္ကုသေပးတဲ႕ Special Unit ေတြဖြင္႕ျပီး မ်ိဳးဆက္မတံုးေအာင္ ကာကြယ္ေနရပါတယ္။
.
.
ဘိန္းျဖဴဆိုတာ ေသြးထဲကိုထုိးလိုက္တဲ႕အခါ ေမာ္ဖင္း - Morphine ဘဝကို ေရာက္သြားတာပါ။ အဲဒီဓါတ္က လူ႕ခႏၶာကိုယ္ကို ေအးေဆးသက္သာ - Relax ျဖစ္သြားေစတယ္။ တစ္ဆက္တည္း နာက်င္မႈဒဏ္ရာေဝဒနာကို သက္သာသေယာင္ခံစားမႈကို ေပးေနျပန္တယ္။ ဘိန္းျဖဴေၾကာင္႕ အသက္ေသရတဲ႕အထိျဖစ္ရတဲ႕အဓိကအေၾကာင္းရင္းကေတာ႕ “ ဘိန္းျဖဴဝေနတဲ႕ခႏၶာကုိယ္ဟာ အသက္ဆက္ရွဴဖို႕ ေမ႕သြားျခင္း ” ပါပဲ။
.
ဘိန္းျဖဴဟာ လူကိုအနည္းငယ္တည္ျငိမ္သြားေစသလို ေနာက္ဆက္တြဲအေနနဲ႕ အိပ္ငိုက္လာေစတယ္။ အမ်ားၾကီးသံုးမိသူ ဒိုးသမားတစ္ေယာက္ဟာ ခဏကေလးနဲဲ႕ အိပ္ခ်င္လာတယ္။ အိပ္ေပ်ာ္သြားတဲ႕ေနာက္ အသက္ရွဴလမ္းေၾကာင္း နဲ႕ ျပန္ရွဴထုတ္တဲ႕ေလျပြန္ေတြပိတ္သြားျပီး တစ္ဆက္တည္းမွာ “ သူ႕ကို ဘိန္းျဖဴက သတ္လိုက္ပါျပီ ”။
.
.
ဘိန္းျဖဴအထုိးလြန္ျခင္းဟာ ႏွလံုးကုိဘုန္းဘုန္းလဲေစျပီး ေသြးေပါင္ခ်ိန္အဆမတန္ ထိုးက်ေစတယ္။ အေမရိကန္မွာ ဘိန္းျဖဴသံုးစြဲသူေတြဟာ ေဒသႏၱရေနရာအစံု ေရႊ႕ေျပာင္းေနထုိင္လာၾကတယ္။ အလယ္အလတ္လူတန္းစားေတြ မတရားစြဲလမ္းေနတဲ႕ အကိုက္အခဲေပ်ာက္ေဆး Opioids လိုေဆးမ်ိဳးသံုးရာကေန ဘိန္းျဖဴသံုးတဲ႕အထိ အတင္႕ရဲလာခဲ႕တယ္လို႕ စစ္တမ္းတစ္ခုက ေရးျပန္ပါတယ္။ ဒီကိစၥေတြရဲ႕ ဆုိးက်ိဳးကေတာ႕ မူးယစ္ေဆးဝါးကို အရက္ဆုိင္ေတြမွာ၊ ညကလပ္ေတြမွာ နဲ႕ အိမ္ေတြမွာ ေပၚေပၚတင္တင္ေရာင္းခ်လာခဲ႕ၾကတဲ႕အထိျဖစ္လာၾကတာပါပဲ။
.
စံုေထာက္ၾကီး Rick Gluth ထပ္ေျပာတာက ဘိန္းျဖဴက တစ္ခ်ိဳ႕ေနရာေတြမွာ ေစ်းပိုေပါေနတယ္။ “ အေမရိကားမွာ ဆရာဝန္လက္မွတ္နဲ႕ဝယ္ရတဲ႕အကိုက္အခဲေပ်ာက္ေဆးက ေဒၚလာ ( ၂ဝ ) ေပးရတဲ႕အခ်ိန္မွာ တံဆိပ္ေခါင္းအရြယ္ဘိန္းျဖဴတစ္ထုတ္ကို ( ၈ ) ေဒၚလာဆိုေတာ႕ လူေတြလမ္းေၾကာင္းမွားၾကတာလည္း မေျပာပါေတာ႕နဲ႕ဗ်ာ ” ဟူ၍ျဖစ္ပါတယ္။
.
.
ဒါေၾကာင္႕ ငယ္ငယ္တုန္းကလုိ “ ေရွာင္ေလေဝးေဝး မူးယစ္ေဆး ” လို႕သတိေပးရံုနဲ႕မလံုေလာက္ေတာ႕ပါ။  “ ဘိန္းျဖဴသံုးရင္ ေသမယ္ ” လို႕ပဲ ေခါင္းေလာင္းတီးသတိေပးလုိက္ပါရေစ။
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
08-26-2015
.
ရည္ညႊြန္းကိုးကား - Business Insider
.
.
Myanmar Unicode Version:
.
.
“ ဇာတ်ကြမ်းထလာတဲ့အမေရိကားကဘိန်းဖြူအန္တရာယ် ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
အမေရိကန်နိုင်ငံ၊ ပင်ဆန်ဗေးနီးယားပြည်နယ်က ဝါရှင်တန်ကောင်တီ ( တိုက်နယ် ) ဟာ တစ်ဖက်မှာ ဗာဂျီးနီးယားပြည်နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်လျက်ရှိပါတယ်။ တစ်လောလေးကမှ လူဦးရေ ( ၂ဝဝဝဝဝ ) ကျော်စပြုလာတဲ့ ဒီဒေသမှာ ဘိန်းဖြူအထိုးလွန်လို့ ဆေးရုံရောက်လာသူ တစ်နေ့ကို ( ၅ ) ဦးကနေ ( ၈ ) ဦးအထိ ရှိလာနေပါတယ်။
.
ပြီးခဲ့တဲ့သီတင်းပတ် ( ၂ဝ၁၅ ဩဂုတ်လလည် ) က ဆိုရင် ဝါရှင်တန်ပို့စ်သတင်းစာရဲ့အဆိုအရ ( ၂၄ ) နာရီအတွင်း ဘိန်းဖြူအထိုးလွန်ပြီး လူ ( ၁၆ ) ဦး ဒုက္ခရောက်ကြရပါတယ်။ တစ်ပတ်လုံးစာရင်းအရတော့ ဆေးလွန်ပြီးရောက်လာတဲ့ ( ၂၅ ) ယောက်ထဲမှာ ( ၃ ) ယောက်ရဲ့အသက်ကိုကယ်လို့မမှီခဲ့ဘူးလို့ သိရပါတယ်။ အမေရိကန်တစ်နိုင်ငံလုံးစာရင်းအထိဖြန့်ကြည့်လိုက်ရင် လူအယောက် ( ၁၁ဝ ) ဟာ တရားဝင်ဆေးများအရရော၊ တရားမဝင်မူးယစ်ဆေးများပါ အသုံးလွန်ပြီးသေပွဲဝင်နေကြတယ်။
.
.
ဝါရှင်တန်ကောင်တီက အရေးပေါ်လူနာတင်ကားများပေါ်မှာ နယ်လိုစုံး - Naloxone လို့ခေါ်တဲ့ မူးယစ်ဖြေဆေးဆောင်ထားလို့ လွန်နေတဲ့ဆေးရဲ့အသက်နှုတ်ယူမှုကနေ တစ်ချို့သော မူးယစ်ဆေးဝါးကျွန်များကို ကယ်တင်နိုင်ခဲ့တယ်။ ဒီဒေသမှာ ဘိန်းဖြူထိုးပြီး ဆေးလွန်တဲ့ဖြစ်ရပ်များဟာ ( ၂ ) နှစ်အတွင်း သိသိသာသာတိုးပွားလာတယ်လို့ ရစ်ရလပ်သ် - Rick Gluth ဆိုတဲ့ ယစ်မျိူးကာကွယ်ရေးစုံထောက်က ဝါရှင်တန်ပို့စ်သတင်းစာကို ပြောကြားထားလည်း ရှိနေပါသေးတယ်။
.
ကျွန်တော် ရဲအရာရှိလုပ်လာတာ ( ၂၇ ) နှစ်ရှိပြီ။ မူးယစ်ဆေးဝါးထိန်းချုပ်ရေးကိုကိုယ်တွယ်ခဲ့တာပဲ ( ၁၅ ) နှစ်ကြာတယ်။ အခုလောက်ဆိုးဝါးတာ မကြုံခဲ့ဖူးသေးဘူး။ ဒီပုံအတိုင်းသာဆက်သွားနေမယ့်အစား အရင်တုန်းက ကိုကင်းပြန့်ပွားရေးကိုထိန်းချုပ်ရတာကမှ တော်ပါသေးရဲ့ ” လို့ ညည်းတွားပါတယ်။
.
.
ဆယ်စုနှစ်အတွင်းမှာ တိတ်တိတ်ပုန်းဘိန်းဖြူစွဲသူ တရိပ်ရိပ်တက်လာတာနဲ့အတူ ဆေးကျွံမရဏသားကောင်များလည်း များပြားလာတယ်။ အမှန်က ဘိန်းဖြူသုံးစွဲမှုဟာ အမေရိကားမှာ ဆယ်နှစ်အတွင်း ( ၂ ) ဆ ရှိလာခဲ့တယ်လို့ ရောဂါကာကွယ်ရေးနဲ့ထိန်းချုပ်ရေးစင်တာ - Centers for Disease Control and Prevention ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
.
တစ်ချို့သိပ်ဆိုးတဲ့နယ်တွေမှာဆိုရင် ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဘိန်းဖြူစွဲနေလို့ မွေးလာမယ့်ကလေးမထိခိုက်ရအောင် အထူးကြပ်မတ်ကုသပေးတဲ့ Special Unit တွေဖွင့်ပြီး မျိုးဆက်မတုံးအောင် ကာကွယ်နေရပါတယ်။
.
.
ဘိန်းဖြူဆိုတာ သွေးထဲကိုထိုးလိုက်တဲ့အခါ မော်ဖင်း - Morphine ဘဝကို ရောက်သွားတာပါ။ အဲဒီဓါတ်က လူ့ခန္ဓာကိုယ်ကို အေးဆေးသက်သာ - Relax ဖြစ်သွားစေတယ်။ တစ်ဆက်တည်း နာကျင်မှုဒဏ်ရာဝေဒနာကို သက်သာသယောင်ခံစားမှုကို ပေးနေပြန်တယ်။ ဘိန်းဖြူကြောင့် အသက်သေရတဲ့အထိဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့ “ ဘိန်းဖြူဝနေတဲ့ခန္ဓာကိုယ်ဟာ အသက်ဆက်ရှူဖို့ မေ့သွားခြင်း ” ပါပဲ။
.
ဘိန်းဖြူဟာ လူကိုအနည်းငယ်တည်ငြိမ်သွားစေသလို နောက်ဆက်တွဲအနေနဲ့ အိပ်ငိုက်လာစေတယ်။ အများကြီးသုံးမိသူ ဒိုးသမားတစ်ယောက်ဟာ ခဏကလေးနဲ့ အိပ်ချင်လာတယ်။ အိပ်ပျော်သွားတဲ့နောက် အသက်ရှူလမ်းကြောင်း နဲ့ ပြန်ရှူထုတ်တဲ့လေပြွန်တွေပိတ်သွားပြီး တစ်ဆက်တည်းမှာ “ သူ့ကို ဘိန်းဖြူက သတ်လိုက်ပါပြီ ”။
.
.
ဘိန်းဖြူအထိုးလွန်ခြင်းဟာ နှလုံးကိုဘုန်းဘုန်းလဲစေပြီး သွေးပေါင်ချိန်အဆမတန် ထိုးကျစေတယ်။ အမေရိကန်မှာ ဘိန်းဖြူသုံးစွဲသူတွေဟာ ဒေသန္တရနေရာအစုံ ရွှေ့ပြောင်းနေထိုင်လာကြတယ်။ အလယ်အလတ်လူတန်းစားတွေ မတရားစွဲလမ်းနေတဲ့ အကိုက်အခဲပျောက်ဆေး Opioids လိုဆေးမျိုးသုံးရာကနေ ဘိန်းဖြူသုံးတဲ့အထိ အတင့်ရဲလာခဲ့တယ်လို့ စစ်တမ်းတစ်ခုက ရေးပြန်ပါတယ်။ ဒီကိစ္စတွေရဲ့ ဆိုးကျိုးကတော့ မူးယစ်ဆေးဝါးကို အရက်ဆိုင်တွေမှာ၊ ညကလပ်တွေမှာ နဲ့ အိမ်တွေမှာ ပေါ်ပေါ်တင်တင်ရောင်းချလာခဲ့ကြတဲ့အထိဖြစ်လာကြတာပါပဲ။
.
စုံထောက်ကြီး Rick Gluth ထပ်ပြောတာက ဘိန်းဖြူက တစ်ချို့နေရာတွေမှာ ဈေးပိုပေါနေတယ်။ “ အမေရိကားမှာ ဆရာဝန်လက်မှတ်နဲ့ဝယ်ရတဲ့အကိုက်အခဲပျောက်ဆေးက ဒေါ်လာ ( ၂ဝ ) ပေးရတဲ့အချိန်မှာ တံဆိပ်ခေါင်းအရွယ်ဘိန်းဖြူတစ်ထုတ်ကို ( ၈ ) ဒေါ်လာဆိုတော့ လူတွေလမ်းကြောင်းမှားကြတာလည်း မပြောပါတော့နဲ့ဗျာ ” ဟူ၍ဖြစ်ပါတယ်။
.
.
ဒါကြောင့် ငယ်ငယ်တုန်းကလို “ ရှောင်လေဝေးဝေး မူးယစ်ဆေး ” လို့သတိပေးရုံနဲ့မလုံလောက်တော့ပါ။  “ ဘိန်းဖြူသုံးရင် သေမယ် ” လို့ပဲ ခေါင်းလောင်းတီးသတိပေးလိုက်ပါရစေ။
.
ခင်မင်ခြင်းများစွာဖြင့်
.
08-26-2015
.
ရည်ညွန်းကိုးကား - Business Insider
.
ဇာတ္ၾကမ္းထလာတဲ႕အေမရိကားကဘိန္းျဖဴအႏၱရာယ္ စာမူသည္ ၂ဝ၁၅ ခုႏွစ္၊ ေအာက္တိုဘာလ ( ၂၄ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၇ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link: http://www.mediafire.com/download/jbyel19grqxsf5g/NetGuide+Vol.4%2C+No.7.pdf







No comments: